← Chapters

ကျင်းဖုန်းလင်

Vol. 86 Ch. 1212

ကျင်းဖုန်းလင်

Vol. 86 Ch. 1212

"ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေအများကြီးပဲ"

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက သဲအပိုင်းအစတစ်ခုဆီ ရောက်ရှိလာခဲ့တယ်။

ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲများစွာက သဲပေါ်မှာ ပြန့်ကျဲနေတယ်။

သူက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေမရေမတွက်နိုင်လောက်အောင် စုဆောင်းခဲ့ပေမယ့် အများစုက အဆင့်နိမ့်နဲ့အလယ်ဆင့်တွေပါပဲ။ အခု၊ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတစ်ရာလောက်က သူ့ရှေ့မှာ ရှိနေပြီ။ တစ်ခုက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံရှိပြီး အခုတစ်ရာဆိုရင် တစ်ထရီလီယံပေါ့။ လီဖူချန်းအတွက်တော့ ဒါက ကြီးမားတဲ့ပမာဏတစ်ခုပါပဲ။

ဒါပေမယ့် သဲတွေက သာမန်ပုံပေါ်ပေမယ့် ကမ္ဘာဆွဲအားက အလွန်သန်မာတယ်။ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက သူတို့အားလုံးကို တစ်ကြိမ်တည်းနဲ့ မစုဆောင်းနိုင်ဘူး၊ ဒါကြောင့် သူက တစ်ခုပြီးတစ်ခုကောက်ယူနေခဲ့ရတယ်။

"မဟုတ်ဘူး၊ ဘာလို့ ဒီသဲက ရွေ့လျားနေရတာလဲ"

ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲအားလုံးနီးပါးကို ယူပြီးတဲ့အခါမှ သဲတွေက ဗဟိုဆီ စုဝေးလာတာကို လီဖူချန်းက တွေ့ရှိခဲ့တယ်။

သန်မာတဲ့သေရေးရှင်ရေးအာရုံတစ်ခုက ရိုက်ခတ်လာပြီး လီဖူချန်းက ကျန်ရှိနေတဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတွေကို မကောက်နိုင်တော့ဘဲ သူ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားကာ သဲမှ အဝေးကို ရောက်ရှိသွားခဲ့တယ်။

ဝုန်း......

လီဖူချန်းက သဲကနေ ထွက်ခွာသွားတဲ့အခိုက်အတန့်မှာ သဲက သဲလူသားတစ်ယောက်အဖြစ် စုပေါင်းသွားခဲ့တယ်။

လက်ရွေးစင်အဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသား။

သူက လှုပ်ရှားတာ မြန်သွားတာကြောင့်မဟုတ်ရင် လက်ရှိအချိန်မှာ သူက ရစ်ပတ်ခံရကာ သေသွားလောက်ပြီ။

ပြေးတော့.....

ဘာအတွေးမှ မရှိတော့ဘဲ လီဖူချန်းရဲ့တစ်ခုတည်းသောအတွေးက ပြေးဖို့ပါပဲ။

လက်ရွေးစင်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားရဲ့ခွန်အားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ရှိတယ်။ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတွေက ဉာဏ်ရည်မကောင်းဘူး၊ သူတို့ရဲ့တိုက်ခိုက်ရေးနည်းလမ်းတွေက အလွန်ရိုးရှင်းပေမယ့် အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားရဲ့စွမ်းအားက အရာအားလုံးကို ပြုလုပ်ဖို့အတွက် လုံလောက်တယ်။

အုန်း......

လက်ရွေးစင်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားက လီဖူချန်းကို လက်သီးနဲ့ ထိုးထည့်လိုက်တယ်။

လက်သီးတစ်ချက်နဲ့အတူ ဟင်းလင်းပြင်က မီးခိုးရောင်သမ်းသွားတယ်။

အုန်း......

လီဖူချန်းက ဒဏ်ရာမရခဲ့ပါဘူး၊ ရွှေခေါင်းလောင်းအကာက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။

ကြယ်လေးလုံးအဆင့်နိမ့်ခံစစ်အဆောင်-ရွှေခေါင်းလောင်းအဆောင်။

အစက လီဖူချန်းက ကြယ်လေးလုံးအလယ်ဆင့်အဆောင်နှစ်ခုနဲ့ကြယ်လေးလုံးအဆင့်နိမ့်အဆောင်ရှစ်စ်ခုကို ခရမ်းနေကြယ်မြို့မှာ ဝယ်ခဲ့တယ်။ ကြယ်လေးလုံးအလယ်ဆင့်အဆောင်နှစ်ခုလုံးကို အသုံးပြုပြီးပါပြီ။ ကြယ်လေးလုံးအဆင့်နိမ့်အဆောင်ရှစ်ခုထဲမှသုံးခုက ခံစစ်အဆောင်တွေပဲ။ သူတို့က ရွှေခေါင်းလောင်းအကာအဆောင်နှစ်ခုနဲ့ရေနဂါးလက်ရွေးစင်ခန္ဓာကိုယ်အဆောင်တစ်ခုတို့ပါပဲ။ ရွှေခေါင်းလောင်းအကာအဆောင်တစ်ခုနဲ့ရေနဂါးလက်ရွေးစင်ခန္ဓာကိုယ်အဆောင်တစ်ခုတို့ကို အသုံးပြုခဲ့ပြီးနောက် လီဖူချန်းမှာ ရွှေခေါင်းလောင်းအကာအဆောင်တစ်ခုပဲ ကျန်တော့တယ်၊ အဲဒါကို စောနလေးတင် အသုံးပြုခဲ့ပြီလေ။

လက်ရွေးစင်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတွေက အားကောင်းပေမယ့် သူတို့က ရွှေခေါင်းလောင်းအကာအဆောင်ကို လက်သီးတစ်ချက်နဲ့ မဖျက်ဆီးနိုင်ပါဘူး။ သူတို့က ရွှေခေါင်းလောင်းအကာအဆောင်ကို အနည်းငယ်တုန်ခါစေရုံမျှသာတတ်နိုင်ခဲ့တယ်။

လီဖူချန်းက မြန်လွန်းတာကြောင့် သူက အပေါက်မှ လျင်မြန်စွာ ပြေးထွက်လာနိုင်ခဲ့တယ်။

တကယ်‌တော့ သူ့မှာ ကြယ်လေးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးအဆောင်တွေရှိပါသေးတယ်၊ ဒါပေမယ့် ဒီအဆောင်တွေကို သုံးပြီး လက်ရွေးစင်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားကို သတ်ဖို့ သူက မမျှော်မှန်းထားပါဘူး။ ကြယ်လေးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးအဆောင်တွေက ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ သူတို့က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေနဲ့ ညီမျှတယ်။ ခွန်အားပြည့်တိုက်ခိုက်မှူတစ်ခုက လက်ရွေးစင်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားကို လုံးဝမနာကျင်စေနိုင်ပါဘူး၊ ပြီးတော့ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတွေမှာ မသေမျိုးခန္ဓာကိုယ်တစ်ခုရှိတယ်ဆိုတာ သိထားရမယ်။

ဒါကြောင့် သူ့မှာ ကြယ်လေးလုံးအဆင့်နိမ့်တိုက်ခိုက်ရေးအဆောင်တွေရှိပေမယ့် သူက ပြေးဖို့ပဲ စဉ်းစားခဲ့တာပါ။

လီဖူချန်းက ထွက်သွားနိုင်ခဲ့ပေမယ့် အခြားစိတ်ဝိညာဉ်နတ်ဘုရားတွေက ကံမကောင်းလှပါဘူး။ လက်ရွေးစင်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားရဲ့တိုက်ခိုက်မှုအောက်မှာ သူတို့က သေသွားခဲ့ကြတယ်။

ဒီတော့ ဒါက ကြွယ်ဝခြင်းနဲ့စွန့်စားခြင်းရဲ့တန်ဖိုးပဲလို့ဆိုရမှာပေါ့။

"စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တာရကိုလာတာ တကယ်ကို မှန်သွားတာပဲ။ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးဆယ်ထရီလီယံကျော် ရရှိထားနေပြီ"

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိစိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေနဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတို့ရဲ့စုစူပေါင်းတန်ဖိုးက ထရီငါးဆယ်ကို ရောက်ရှိထားပြီး သူက လက်သည်းမိုးကြိုးနတ်ဘုရားထံမှ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးထရီအနည်းငယ်ကို ရရှိခဲ့တာလေ။

ဒါက အတော်လေးကြောက်စရာကောင်းတဲ့ပမာဏတစ်ခုပဲ။ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအများစုရဲ့အသားတင်ကြွယ်ဝမှုကတောင် ဆယ်ဘီလီယံမျှပဲရှိတာ။

ဒါပေမယ့် ဒါက မလုံလောက်ဘူးလို့ လီဖူချန်းက ခံစားမိတယ်။

တကယ်တော့ သူ့ရဲ့ဓားတာအိုနဲ့ဖျက်ဆီးခြင်းတာအိုတို့ရဲ့သုံးစွဲမှုက နတ်ဘုရားကျောက်တုံးတွေများစွာ လိုအပ်တယ်လေ။

ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အကန့်အသတ်ကို ရောက်ရှိဖို့ဆိုရင် အနည်းဆုံးအဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံကို လိုအပ်တယ်။ ဒါက ခန့်မှန်းခြေတစ်ခုမျှသာဖြစ်ပြီး ပိုတောင်ပိုနိုင်တယ်။

ပြီးတော့ ဒါက ဒီအချိန်မှာပဲ။ သူ့ရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားပြီဖြစ်တယ်။ ဒါကြောင့် အသက်နယ်ပယ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်အထိ တိုးလာရင် သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ချက်ချင်းတိုးသွားပေလိမ့်မယ်။ ဒါပေမယ့် အဲဒါကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ထရီ‌လီယံလောက်နဲ့ လုပ်လို့မရဘူး၊ အနည်းဆုံးထရီလီယံတစ်ရာရှိဖို့လိုလောက်တယ်။

လက်ရှိမှာ နတ်ဘုရားကျောက်တုံးတွေ လိုသလောက်ရနေတဲ့အချိန်မှာ အခွင့်အရေးမယူရင် ထိုအချိန်ကျရင် နတ်ဘုရားကျောက်တုံးတွေမလုံလောက်မှာကို လီဖူချန်းက ကြောက်ရွံ့မိတယ်။

စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရက ကျယ်ပြန့်ကာ အဆုံးမဲ့တယ်။

တစ်လ၊ နှစ်ဝက်။

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရမှာ ရှိတာ နှစ်ဝက်ရှိပါပြီ။

နှစ်ဝက်အတွင်းမှာ လီဖူချန်းက အရင်ကလို ကံကောင်းမှုတွေရရှိခဲ့ပြီး စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲအမြောက်အများကို ရရှိခဲ့တယ်။ နောက်နှစ်ဝက်အတွင်းမှာ သူရရှိခဲ့တဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေနဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတို့က သုံးဆယ်ထရီလီယံကျော်ရှိတယ်၊ အရင်ကလောက်တော့ မများဘူးပေါ့လေ။

ဒါပေမယ့် သုံးဆယ်ထရီလီယံကျော်က မများပါဘူး၊ သို့ပေမယ့် လီဖူချန်းက မကျေမနပ်ဖြစ်သလို ထွက်ခွာဖို့အစီအစဉ်လဲ မရှိပါဘူး။

အုန်း......

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်ရှိတဲ့ အလယ်ဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတစ်ယောက်ကို ရင်ဆိုင်ပြီးနောက် လီဖူချန်းက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေသုံးဆယ်ကျော်ကို ရရှိခဲ့ပြီး သေးငယ်တဲ့အကျိုးအမြတ်တစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်။

ဒီနေ့မှာတော့ လီဖူချန်းက မြင့်မားတဲ့တောင်ကုန်းတစ်ခုကို ဖြတ်ခဲ့တယ်၊ ထိုအချိန်မှာ ရွှေရောင်အလင်းတစ်ခုက ရုတ်တရက် လင်းလက်လာတယ်။

အုန်း......

တောင်ကုန်းက ရွှေရောင်အလင်းထိမှန်သွားပြီး ကောင်းကင်က သဲတွေ၊ ဖုန်တွေနဲ့ ပြည့်သွားတယ်။

"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်"

လီဖူချန်းက မေးငေါ့လိုက်တယ်၊ ရွှေရောင်အလင်းမှာ သတ္တုတာအိုဥပဒေသတွေနဲ့သတ္တုတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားတို့ပါဝင်တယ်။ သူ့ကို တိုက်ခိုက်ခဲ့တဲ့သူက သတ္တုတာအိုဥပဒေသကို အထူးပြုတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်မှန်း သိသာတယ်။

“

"မင်းက တကယ်ရှောင်နိုင်တာပဲ၊ မင်းခွန်အားက ကောင်းတယ်၊ မင်းက ငါ့ရဲ့ပထမဆုံးတိုက်ခိုက်မှုကို ရှောင်နိုင်တယ်ဆိုတော့ မင်း အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ခုပေးမယ်။ နေရာလပ်လက်စွပ်ကို ချန်ပြီး ချက်ချင်းထွက်သွားလိုက်" မျက်စိတစ်မှတ်အတွင်းမှာ သူက လီဖူချန်းနဲ့ မဝေးတော့ပါဘူး။

"မင်းက ငါ့ရဲ့နေရာလပ်လက်စွပ်ကို လိုချင်ရင် မင်းရဲ့စွမ်းရည်အပေါ်မှာပဲ မူတည်တယ်"

လီဖူချန်းက တစ်ဖက်လူကို ကြည့်လိုက်တယ်။ ဒါက ရွှေရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ရွှေရောင်မျက်ခုံးနဲ့ ရွှေရောင်မျက်လုံး‌တွေရှိတဲ့လူရွယ်တစ်ယောက်ပါပဲ။ သူ့ခန္ဓာကိုယ်က သန်မာတဲ့ရွှေရောင်ချီတစ်ခုကို ထုတ်လွှတ်ထားတယ်။ လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ရိုက်ခတ်သွားပြီး သူက တစ်ဖက်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို တွေ့ရှိခဲ့တယ်။ အနည်းဆုံးနှစ်ဘီလီယံကျော်ပြီး အဲဒါက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းရဲ့နှစ်ဆရှိတယ်။

"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆိုတဲ့အတိုင်းပါပဲလား"

ဒါက လီဖူချန်းအနေနဲ့ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို ပထမဆုံးမြင်ဖူးတဲ့အကြိမ်ဖြစ်တယ်။

အလယ်ဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတွေမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်တိုက်ခိုက်ရေးစွမ်းအားတွေရှိပေမယ့် စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတွေက စစ်မှန်တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေနဲ့ယှဉ်ရင် ဉာဏ်တုံးလွန်းပါတယ်။

"ကံကောင်းစွာနဲ့ ငါ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၅ဘီလီယံကို ‌ ရောက်ရှိထားလို့ပဲ"

လက်သည်းမိုးကြိုးနတ်ဘုရားမှ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးထရီလီယံအချို့ကို ရရှိပြီးနောက် လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အနည်းငယ်တိုးတက်ခဲ့ပြီး အခု ၁.၅ဘီလီယံကျော်ရှိတယ်၊ သူ့ခွန်အားကတော့ အမြောက်အများတိုးတက်လာခဲ့တယ်။

သို့မဟုတ်ရင် နတ်ဘုရားစွမ်းအားအညွှန်းကိန်းနှစ်ဘီလီယံ‌ကျော်ရှိတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို ရင်ဆိုင်ရတာ အနည်းငယ်ခက်ခဲပါလိမ့်မယ်။

တစ်ဖက်လူရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက သူ့ထက် ပိုအားနည်းမယ်လို့တော့ သူက မထင်ပါဘူး။

"ရဲတင်းလွန်းတာပေါ့လေ၊ ဒါဆိုလဲ ငါ့ရဲ့သတ္တုတာအိုဖြတ်တောက်ခြင်းကို အရင်မြည်းကြည့်လိုက် " ကျင်းဖုန်းလင်က နှာခေါင်းရှုံ့ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ရွှေရောင်အလင်းတစ်ခုက ဓားတစ်လက်ပမာ လီဖူချန်းဆီ ခုတ်ပိုင်းလာခဲ့တယ်။

အဆင့်မြင့်သတ္တုတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်-သတ္တုတာအိုဖြတ်တောက်ခြင်း၊ ကျင်းဖုန်းလင်ကိုယ်တိုင်ဖန်တီးထားတဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခု။

All Chapters