တိုက်ခိုက်ခြင်း
Vol. 86 Ch. 1213
ရွှေရောင်အလင်းရဲ့အရှိန်က အလွန်အမင်းမြန်တယ်။
ဒါပေမယ့် လီဖူချန်းက ရှောင်တိမ်းဖို့ အစီအစဉ်မရှိပါဘူး။ ရန်သူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်သလို သူကလဲ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်တိုက်ခိုက်ရေးစွမ်းအားရှိတယ်။ သူက မတိုက်ခိုက်ဘဲနဲ့ ဘယ်သူက ပိုသန်မာလဲ သိနိုင်မှာလဲ။
မူလအဆုံးစွန်းခုတ်ချက်။
လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အနက်ရောင်ဓားချီက ရွှေရောင်အလင်းဆီ ရိုက်ခတ်သွားတယ်။
ဝုန်း.......
ကြီးမားတဲ့ပတ်ဝန်းကျင်ဧရိယာကို ရွှေရောင်နဲ့အနက်ရောင်အရောင်နှစ်ရောင်နဲ့ ဖုံးလွှမ်းနေတော့တယ်။
ဒီနှစ်ရောင်က ဒီဧရိယာကို ကမ္ဘာနှစ်ခုအဖြစ် ခွဲခြားထားတယ်၊ ဒါက ခမ်းနားကြီးကျယ်လှတယ်။
"အရမ်းသန်မာတာပဲ"
လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်မိတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆိုတဲ့အတိုင်းပဲ ရန်သူရဲ့ခွန်အားက အလွန်အမင်းအားကောင်းတယ်။
ရန်သူရဲ့သတ္တုတာအိုနတ်ဘုရားစွမ်းအားက ဆဌမအဆင့်ရှိမှန်းသိသာတယ်၊ သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားထက် လုံးဝမနိမ့်ကျပါဘူး။
"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်လား"
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကျင်ဖုန်းလင်က မျက်မှောင်ကြုတ်လိုက်တယ်။ လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်မယ်လို့ သူက မမျှော်လင့်ထားခဲ့ပါဘူး။ ဘယ်အချိန်တုန်းကများ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို တွေ့ဖို့ ဒိီလောက် လွယ်ရတာလဲ။
"ဒင်းက မောက်မာနေတာ အံ့ဩစရာမရှိဘူးပဲ" စိတ်ဝိညာဥ်နတ်ဘုရားဆရာသခင်ကျင်ဖုန်းလင်ရဲ့အမူအရာက အေးစက်သွားတော့တယ်။ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကိုသတ်ရတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။ မင်းမှာ အားသာချက်အလုံအလောက်မရှိရင် အလွန်အမင်းခက်ခဲတယ်လို့ ပြောနိုင်ပါတယ်။
"ဒီလိုဆိုပေမယ့် တစ်ဖက်လူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုမှတော့ သူ့ရဲ့အသားတင်ကြွယ်ဝမှုက ငါ ထင်ထားတာထက် ပိုများမှာပဲ။ သူ့ကို သတ်ဖြတ်ခြင်းက ငါ့ကို ကြွယ်ဝမှုအမြောက်အများချက်ချင်းပေးမှာပဲ" စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့အသားတင်ကြွယ်ဝမှုက ဘယ်လောက်လဲ။ ထရီလီယံအနည်းငယ်ဖြစ်နိုင်တယ်၊ ဆယ်ထရီလီယံဖြစ်နိုင်တယ်၊ ထရီလီယံတစ်ရာဖြစ်နိုင်တယ်။
လီဖူချန်းကို သတ်မလားမသတ်ဘူးလားဆိုတာကိုတော့ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က မစဉ်းစားပါဘူး။
သူက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်မဟုတ်ဘူး။ သူဖန်တီးခဲ့တဲ့အဆင့်မြင့်သတ္တုတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကြားမှာ သတ္တုတာအိုဖျက်ဆီးခြင်းမဲ့ခန္ဓာကိုယ်လို့ခေါ်တဲ့နတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရာအတတ်တစ်ခုရှိတယ်။
"သေစမ်း၊ အပ်မိုးများ........"
ကျင်းဖုန်လင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်တဲ့ရွှေရောင်အပ်တွေက လီဖူချန်းကို ပစ်ခတ်လာတယ်။
"မရပ်တန့်နိုင်ဘူးပဲ"
ရွှေရောင်အပ်တွေ များလွန်းတယ်။ လီဖူချန်းက ဓားတာအိုခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို မဖန်တီးထားခဲ့ဘူး၊ ဒါက ခုခံရတာ ခက်ခဲတယ်။
မူလအဆုံးစွန်းခုတ်ချက်ကို အသုံးပြုလျက် အနက်ရောင်ဓားချီက ပိုက်ကွန်တစ်ခုပမာ ပြန့်ကျဲသွားတယ်။
မည်သို့ပင်ဆိုစေကာမူ အနက်ရောင်ဓားချီကို ချိုးဖြတ်ကာ လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်လာခဲ့တဲ့ ရွှေရောင်အပ်တွေ အများကြီးရှိသေးတယ်။
လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်ဓားချီကို အချိန်အကြာကြီးမဖန်တီးထားခဲ့ရင် ဒိီအချိန်မှာ သူ့ခန္ဓာကိုယ်ထဲရှိဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက သေချာပေါက် အမြောက်အများချေမှုန်းခံလိုက်ရလိမ့်မယ်။
"ဟာ၊ နတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်လား"
ကျင်ဖုန်းလင်က မျက်မှောင်ကြုတ်လိုက်တယ်။
ဒါကလဲ နတ်ဘုရားအတတ်တစ်ခုဖြစ်ပေမယ့် ကွဲပြားချက်တွေ ရှိတယ်။ အချို့က ခံစစ်ကို အလေးပေးပြီး အချို့က ထာဝရတည်မြဲခြင်းကို အလေးပေးတယ်။ လီဖူချန်းရဲ့နတ်ဘုရားအတတ်က အနောက်တစ်ခုကို ပိုင်ဆိုင်ထားမှန်းသိသာတယ်။
"ဒါက အနည်းငယ်ဒုက္ခများပေမယ့် ပြဿနာတော့မဟုတ်ဘူး။ ငါ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက တစ်ဖက်လူရဲ့နှစ်ဆနီးပါးရှိတာပဲ" ကျင်ဖုန်းလင်က ရွှေရောင်အပ်မိုးတွေကို ထပ်လွှတ်လိုက်ပြန်တယ်။
ခန္ဓာကိုယ်ကို ရွှေရောင်အပ်တွေက ချက်ချင်းထိုးဖောက်သွားပေမယ့် လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားသုံးစွဲမှုက အလွန်သေးငယ်တယ်၊ သူက အချိန်အကြာကြီး တောင့်ခံနိုင်ပါတယ်။
"မင်းလဲ ငါ့ရဲ့ဓားကို လက်ခံလိုက်စမ်း"
စပ်ကြောင်းမဲ့ခုတ်ချက်ကို အသုံးပြုကာ လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်တယ်။
မူလအဆုံးစွန်းခုတ်ချက်က ပတ်ဝန်းကျင်ရှိကောင်းကင်ဘုံနဲ့မြေကြီးဥပဒေသကို ဓားတာအိုဥပဒေသအဖြစ် ပြောင်းလဲနိုင်ရင် စပ်ကြောင်းမဲ့ခုတ်ချက်က ပြောင်းပြန်ဖြစ်တယ်၊ ၎င်းကိုယ်တိုင်က ကောင်းကင်ဘုံနဲ့မြေကြီးဥပဒေသအဖြစ် ပြောင်းသွားပြီး မမြင်နိုင်တဲ့သန့်စင်တဲ့ဓားချီအရိပ်အယောင်တစ်ခုသာ ချန်ထားရစ်တယ်။
ဝှစ်.......
သူ့ရဲ့ဖျက်ဆီးခြင်းမဲ့ခန္ဓာကိုယ်ကို အမှန်တကယ်ချိုးဖြတ်သွားခဲ့တယ်ဆိုတာ ကျင်ဖုန်းလင်က ရှာတွေ့ခဲ့တယ်။ အတိအကျပြောရရင် ရန်သူရဲ့ဓားချီက သူ့ရဲ့ခံစစ်ကို လစ်လျူရှုနိုင်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်တယ်။
ကျင်ဖုန်းလင်ရဲ့နတ်ဘုရားစွမ်းအားသေးငယ်တဲ့ပမာဏတစ်ခုက ချေမှုန်းခံလိုက်ရပြီး ကျင်ဖုန်းလင်ရဲ့မျက်နှာက ရုပ်ဆိုးသွားတော့တယ်။
သူ့ရဲ့သတ္တုတာအိုဖျက်ဆီးခြင်းမဲ့ခန္ဓာကိုယ်က အလုပ်မလုပ်ရင် သူ့ရဲ့အသာစီးရမှုက ထက်ဝက်လျော့ကျသွားလိမ့်မယ်။
ဒိီအတိုင်းဆိုရင် သူတို့က တစ်ယောက်ကိုတစ်ယောက်သတ်ဖို့ မဖြစ်နိုင်ဘူး။
"အရမ်းကောင်းတယ်၊ ငါ မင်းကို အထင်သေးမိတယ်ဆိုတာ ဝန်ခံရမှာပဲ" ကျင်ဖုန်းလင်က ထွက်ခွာသွားတော့မှာပါ၊ သူက သူ့ရဲ့အချိန်တွေကို အဓိပ္ပါယ်မရှိတဲ့ကိစ္စတွေမှာ မဖြုန်းချင်ပါဘူး။
"မင်း ထွက်သွားချင်ရင် ငါ သဘောတူမတူ မေးအုံး"
ကျင်ဖုန်းလင်က သူ့ရဲ့ကြွယ်ဝမှုကို မျက်စိကျခဲ့သလို သူကရော ကျင်ဖုန်းလင်ရဲ့ကြွယ်ဝမှုကို ဘာလို့မျက်စိမကျရမှာလဲ။
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့ကြွယ်ဝမှုက အနည်ဆုံးဆယ်ထရိီလီယံရှိတယ်။
"ဘာ၊ မင်းက ငါ့ကို ထိန်းထားနိုင်မယ်ထင်နေတာလား" ကျင်ဖုန်းလင်က နှာခေါင်းရှုံ့လိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"ငါဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့၊ မိုမို၊ ထွက်လာစမ်း။ မင်းရဲ့လက်က ယားနေတယ်ဆိုတာ ငါ သိတယ်"
"အကို၊ ငါ မင်း အခေါ်ကို စောင့်နေတာ"
မိုမိုက ပျံသန်းထွက်လာပြီး နတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တယ်၊ ကျင်ဖုန်းလင်ရဲ့အရှေ့မှာ ရုတ်ချည်းထွက်ပေါ်လာပြီး ငါးရောင်စုံနတ်ဘုရားအလင်းကို ချက်ချင်းပေါက်ကွဲထွက်စေကာ ရန်သူကို တိုက်ခိုက်လိုက်တယ်။
"ဘယ်လိုငရဲလဲ" ကျင်ဖုန်းလင်က မှင်တက်နေလေတယ်၊ သတ္တုတာအိုဖျက်ဆီးခြင်းမဲ့ခန္ဓာကိုယ်ကို အကန့်အသတ်အထိ တွန်းပို့ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထူထဲတဲ့ရွှေရောင်အလင်းတစ်ခုကို ထုတ်ဖော်ထားခဲ့တယ်။
ဝှစ်.......
သတ္တုတာအိုဖျက်ဆီးခြင်းမဲ့ခန္ဓာကိုယ်ကို ချိုးဖောက်သွားပြီး ကြီးမားတဲ့အပေါက်တစ်ခုက ကျင်ဖုန်းလင်ရဲ့ရင်ဘက်မှာ ထွက်ပေါ်လာတယ်။
"မဖြစ်နိုင်ဘူးပဲ"
ကျင်ဖုန်းလင်က သေမတတ်ကြောက်ရွံ့သွားတယ်။
ရန်သူရဲ့ခွန်အားက ဒီလောက်တောင်သန်မာတာလား။
သူ့ရဲ့သတ္တုတာအိုနတ်ဘုရားစွမ်းအားက တစ်ဝက်ထိုးကျသွားတော့တယ်။
မိုမိုက အဓိကတိုက်ခိုက်သူဖြစ်ပြီး လီဖူချန်းက ထောက်ပံသူဖြစ်တယ်။ တစ်ခဏကြာပြီးနောက် ကျင်ဖုန်းလင်ရဲ့သတ္တုတာအိုနတ်ဘုရားစွမ်းအားက ကိုးဆယ်ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့တယ်။
"မဟုတ်ဘူး၊ ငါ ဒိီလိုမဖြစ်ချင်ဘူး "
ကျင်ဖုန်းလင်က အော်ဟစ်လိုက်တယ်၊ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းအဖြစ် ပြောင်းသွားပြီး သူက ထွက်ပြေးလွတ်မြောက်ချင်ခဲ့တယ်။
ကံမကောင်းစွာနဲ့ သူ့ရဲ့အရှိန်က ဘယ်လောက်ပဲမြန်မြန်၊ မိုမိုရဲ့နတ်ဘုရားအတတ်လောက် ဘယ်မြန်ပါ့မလဲ၊ အချိန်တိုင်းမှာ တားဆီးခံခဲ့ရတယ်။
အဆုံးမှာ ကျင်ဖုန်းလင်က ရွှေရောင်ဖုန်မှုန့်အဖြစ်သို့ ပြောင်းကာ ဗလာနတ္ထိဖြစ်သွားတော့တယ်၊ နေရာလပ်လက်စွပ်တစ်ကွင်းကိုပဲ ချန်ထားရစ်ခဲ့လေတယ်။
နေရာလပ်လက်စွပ်ကို ဖွင့်ပြီးနောက် ကြည့်လိုက်တယ်၊ အိုး၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေသန်းချီနဲ့ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲအမြုတေနဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲတို့က အမြောက်အများရှိတယ်။ အခြားရတနာတွေကတော့ တစ်ခုချင်းစီရေတွက်ဖို့ မဖြစ်နိုင်ဘူး၊ လီဖူချန်းက အကြမ်းဖျင်းတွက်ချက်ခဲ့ပြီး တစ်ဖက်လူရဲ့ကြွယ်ဝမှုက အနည်းဆုံးနှစ်ရာထရီလီယံရှိတာကို တွေ့ရှိခဲ့တယ်။
ဒါပေမယ့် ဒါက ပုံမှန်ပါပဲ။ တကယ်တော့ တစ်ဖက်လူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်လေ။ နှစ်ပေါင်းမရေမတွက်များစွာစုဆောင်းပြီးနောက် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က ကြွယ်ဝမှုများစွာကို စုဆောင်းနိုင်မှာပဲလေ။
အချို့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေရဲ့ကြွယ်ဝမှုက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအများစုထက်တောင် ပိုကြီးမားတယ်။
"ငါ့ကို စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အနည်းငယ်က လာရန်စကြပါ" အတွေးတစ်ခုက လီဖူချန်းရဲ့စိတ်ထဲမှ လက်သွားတယ်။
သူနဲ့မိုမိုရဲ့ခွန်အားနဲ့ဆိုရင် သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို ရင်ဆိုင်ရတာ အားတောင်စိုက်ဖို့မလိုလောက်ဘူး။
"ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအညွှန်းကိန်းကို အရင်တိုးတက်အောင်လုပ်ရအောင်"
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးထရီလီယံချီနဲ့ဆိုရင် လီဖူချန်းက ထိန်းသိမ်းစရာမလိုဘဲ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို တိုးမြှင့်နိုင်တယ်။
တစ်ခဏကြာပြီးနောက် လီဖူချန်းက တောင်နောက်ကျောပိုင်းကို ရှာကာ တင်ပျဉ်ခွေထိုင်ပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေထဲရှိအသက်အား(ချီ)ကို စတင်စုပ်ယူခဲ့တယ်။
၁.၆ဘီလီယံ၊ ၁.၇ဘီလီယံ၊ ၁.၈ဘီလီယံ........
၂.၅ဘီလီယံ၊ ၂.၆ဘီလီယံ။
သုံးဘီလီယံ။
နောက်ဆုံးမှာ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သုံးဘီလီယံကို ရောက်ရှိလာတယ်၊ ဒါက မပြီးသေးပါဘူး၊ သူက ဆက်လက်တိုးတက်နိုင်သေးတယ်။
၃.၁ဘီလီယံ၊ ၃.၂ဘီလီယံ။
၃.၃ဘီလီယံ။
အဆုံးမှာတော့ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၃.၅ဘီလီယံမှာ ငြိမ်နေခဲ့တယ်။
ယခင်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်း၁.၅ဘီလီယံနဲ့ယှဉ်ရင် ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်း၃.၅ဘီလီယံက လီဖူချန်းရဲ့ခွန်အားကို အကြီးအကျယ်တိုးစေခဲ့တယ်။
နတ်ဘုရားစွမ်းအားအညွှန်းကိန်းနှစ်ဆဖြစ်ရင် ခွန်အားက ဆယ်ဆတိုးတယ်။ ၃.၅ဘီလီယံက ၁.၅ဘီလီယံရဲ့နှစ်ဆကျော်ရှိတယ်။ လီဖူချန်းရဲ့ခွန်အားက ဆယ်ဆကျော်တိုးလာတာပေါ့။
အရင်က လီဖူချန်းက သန်မာတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဖြစ်နေခဲ့ပေမယ့် သူ့ခွန်အားက ဆယ်ဆကျော်တိုးလာတာကြောင့် သူက အားကောင်းတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်နေပါပြီ။
ကျင်ဖုန်းလင်မပြောနဲ့၊ မိုမိုကတောင် လီဖူချန်းရဲ့ပြိုင်ဘက်မဟုတ်တော့ဘူးလို့ ခန့်မှန်းထားခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တိုက်ခိုက်ပြီးနောက် မိုမိုက လီဖူချန်းကို ရှုံးနိမ့်သွားခဲ့တယ်။
တစ်ဖက်လူရဲ့ငါးရောင်စုံနတ်ဘုရားအလင်းက လီဖူချန်းရဲ့ဓားချီကို လုံးဝမချိုးဖြတ်နိုင်ခဲ့ဘူး။ တစ်ဘက်မှာတော့ လီဖူချန်းရဲ့ဓားချီက မိုမိုကို နာကျင်စေနိုင်တယ်။
"မဟုတ်ဘူး၊ ငါ ပိုကြိုးစားရမယ်"
လီဖူချန်းကို ရှုံးနိမ့်သွားပြီးနောက် မိုမိုက အလွန်ဝမ်းနည်းနေတော့တယ်။
တကယ်တော့ သူက လီဖူချန်းထက် အမြဲတမ်းပိုသန်မာခဲ့တာလေ။
"ငါ မင်းကို လိုက်မိီနိုင်ပေမယ့် မင်းက ငါ့ကို လိုက်မီဖို့ဆိုတာ မလွယ်ဘူးနော်" လီဖူချန်းက ပြုံးလိုက်တယ်။
ရွှေရောင်အဆောင်ကို ရရှိပြီးကတည်းက သူကပဲ အခြားသူတွေကို ကျော်ဖြတ်ခဲ့တာ၊ အခြားဘယ်သူမှ သူ့ကို မကျော်ဖြတ်နိုင်တော့ဘူး။
"ဒီလိုဖြစ်လို့မရဘူး၊ ငါ မိုမိုက ရောင်စုံလိပ်ပြာတစ်ကောင်ပဲ" မိုမိုက သူ့ရာသူရေရွတ်လိုက်တယ်။
သူက အဆင့်မြင့်ကြယ်သုံးလုံးအဆင့်ကို ရောက်ရှိတာနဲ့ သူ့ခွန်အားက ချက်ချင်းအဆများစွာ တိုးလာပါလိမ့်မယ်။ လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိတဲ့အခါမှာ သူ့ခွန်အားက ချက်ချင်းအဆများစွာတိုးလာမယ်လို့ မိုမိုက မယုံကြည်ပါဘူး။
"ဒါဆိုလဲ ငါ တစ်ချက်စောင့်ကြည့်ရတာပေါ့" လီဖူချန်းက ဂရုမစိုက်ပါဘူး။
ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၃.၅ဘီလီယံကို ရောက်ရှိခဲ့ပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးစွဲမှုက နှစ်ဆယ်မဟုတ်ဘဲ သုံးဆယ်ထရီလီယံဖြစ်တယ်။
"အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဘယ်လောက်ပဲသုံးစွဲရပါစေ၊ ဒါက ထိုက်တန်တယ်"
ခွန်အားကို ဆယ်ဆတိုးစေနိုင်တယ်ဆိုတာက မှင်တက်စရာပါပဲ၊ လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုတာ ဖော်ပြစရာမလိုပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကြောက်စရာကောင်းပုံကို စဉ်းစားကြည့်ရအောင်။ တကယ်တော့ ခွန်အားက ပိုသန်မာလေ၊ တိုးတက်ဖို့က ပိုခက်လေပဲ။ နှောင်းပိုင်းအခြေအနေတွေမှာ တစ်ဆယ်ရာခိုင်နှုန်းတိုးတာကတင် အရမ်းကောင်းနေပါပြီ။
"ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက မလုံလောက်ဘူးပဲ"
ကျင်ဖုန်းလင်နဲ့တိုက်ပွဲကို အမှတ်ရလျက် လီဖူချန်းက သူ့ရဲ့အားနည်းချက်တွေနဲ့ပတ်သက်ပြီး တွေးလိုက်တယ်။
သူ့ရဲ့အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက နည်းလွန်းတယ်၊ ထာဝရတည်မြဲခြင်းဓားချီ၊ မူလအဆုံးစွန်းခုတ်ချက်နဲ့ စပ်ကြောင်းမဲ့ခုတ်ချက်၊ သုံးခုသာ ရှိတယ်။
နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုနဲ့ တိုက်ခိုက်ရေးနတ်ဘုရားအတတ်နှစ်ခု။
လီဖူချန်းရဲ့အမြင်အရ အနည်းဆုံးအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဥ်နတ်ဘုရားအတတ်နှစ်ခုကို လိုအပ်သေးတယ်။
ဒီအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဥ်နတ်ဘုရားအတတ်နှစ်ခုထဲမှာ တစ်ခုက ပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်ပြီး အခြားတစ်ခုက ခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တယ်။
သူ့မှာ အဆင့်မြင့်ဓားတာအိုပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ရှိရင် ကျင်ဖုန်းလင်နဲ့ရင်ဆိုင်ရတဲ့အခါ ပိုလွယ်ကူပါလိမ့်မယ်။ ပိုင်နက်က ရန်သူကို ဖုံးအုပ်မိတာနဲ့ ရန်သူရဲ့ခွန်အားကို အကြီးအကျယ်လျော့ချစေနိုင်ပြီး ရန်သူရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို အဆက်မပြတ်ချေမှုန်းစေနိုင်တယ်။
ပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်နဲ့ဆိုရင် သူက ရန်သူကို သူ လိုချင်သလို သတ်နိုင်တယ်၊ မိုမိုရဲ့အကူအညီတောင် မလိုတော့ပါဘူး။
အဆင့်မြင့်ဓားတာအိုခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကလဲ မရှိမဖြစ်လိုအပ်တယ်။ မင်းက မင်းထက်ပိုသန်မာတဲ့ရန်သူတစ်ယောက်နဲ့တွေ့ရင် ဒါမှမဟုတ် ရန်သူရဲ့တိုက်ခိုက်ရေးစွမ်းအားက မင်းထက် ပိုသန်မာရင် ခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုက ထိခိုက်မှုတော်တော်များများကို ခုခံစေနိုင်တယ်။
အဆင့်မြင့်ဓားတာအိုခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက ဖန်တီးရတာ လွယ်ကူပေမယ့် အဆင့်မြင့်ဓားတာအိုပိုက်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက ဖန်တီးရတာ ခက်ခဲတယ်။ အနည်းဆုံးတော့ လီဖူချန်းအတွက်လဲ ချွင်းချက်မရှိပါဘူး။
"ငါ ဒီတစ်ကြိမ်အပြင်ထွက်ပြီးရင် ဓားတာအိုစိတ်ဝိညာဥ်နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့ အချိန်အချို့ပေးရမယ်"
လီဖူချန်းက တိတ်တဆိတ်ပြောလိုက်တယ်။
ထွက်သွားဖို့ အလျင်မလိုပါဘူး။ လီဖူချန်းက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရမှာ ဆက်လက်လှည့်လည်နေခဲ့တယ်။ ရံဖန်ရံခါမှာ သူက အလွန်အားကောင်းတဲ့အလယ်ဆင့်စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားအချို့ကို ကြုံတွေ့ခဲ့ရတယ်၊ လီဖူချန်းက မိုမိုကို အကူအညီခေါ်ခဲ့တာပေါ့၊ သူ့ဘဝက ပျင်းစရာကောင်းမနေပါဘူးလေ။