ငွေရောင်တူ
Vol. 86 Ch. 1214
အုန်း အုန်း အုန်း......
ကြီးမားတဲ့ချော်ရည်အစုအပုံတွေက ကြီးမားတဲ့ဧရိယာတစ်ခုကို ဖုံးအုပ်ထားတယ်။
တိုက်ခိုက်နေတဲ့နှစ်ယောက်ကတော့ လီဖူချန်းနဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ပဲ။
လီဖူချန်းကပဲ ကံကောင်းနေသလား ဒါမှမဟုတ် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေပဲ အမြောက်အများရှိနေသလားတော့ မသိဘူး။ ကျင်ဖုန်းလင်ပြီးနောက် လီဖူချန်းက ရက်အနည်းငယ်အတွင်းမှာ နောက်ထပ်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ထပ်တွေ့ခဲ့တယ်။
ဒီစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့အတွေးက ကျင်ဖုန်းလင်နဲ့အတူတူပါပဲ။ သူက လီဖူချန်းကို သတ်ပြီး လီဖူချန်းရဲ့ကြွယ်ဝမှုတွေကို ယူချင်ခဲ့တယ်။
ကံမကောင်းစွာနဲ့ သူတွေ့ခဲ့တာ လီဖူချန်းဖြစ်နေတာပဲ။
ဒီစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ခွန်အားက ကျင်ဖုန်းလင်ထက် အနည်းငယ်ဆိုးတယ်၊ သူ့အဓိကဥပဒေသကတော့ ပိုအားကောင်းပြီး ချော်ရည်ဥပဒေသကို ပိုင်ဆိုင်တယ်။
အနက်ရောင်ဓားချီက ရိုက်ခတ်လာတယ်၊ ချော်ရည်အပိုင်းအစတွေကို ချေမှုန်းသွားခဲ့ပြီး အနက်ရောင်ဓားချီက မလျော့စဲဘဲ ကျန်ရှိနေကာ ရန်သူကို ဆက်လက်တိုက်ခိုက်နေခဲ့တယ်၊ ရန်သူကို အေးခဲရပ်တန့်စေတဲ့အထိ ဖိအားပေးခဲ့ပြီး အနက်ရောင်ဓားချီကို ခုခံဖို့ ခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို အသုံးပြုခဲ့ရတယ်။
မည်သို့ပင်ဆိုစေကာမူ၊ ၎င်းခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက အနက်ရောင်ဓားချီရဲ့သက်ရောက်မှုကို မရင်ဆိုင်နိုင်ပါဘူး။
"ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာရတာလဲ"
ဟော်ယန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အရမ်းနောင်တရမိတယ်။ လီဖူချန်းက ဒီလောက်သန်မာမှန်း သူသိရင် သူက တစ်ဖက်လူကို ဘယ်တော့မှ ရန်စမှမဟုတ်ပါဘူး။
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေမှာလဲ အဆင့်တွေရှိတယ်ဆိုတာ သိရမယ်။
သူက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်မျှသာဖြစ်ပြီး အထက်မှာ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တို့ရှိတယ်။
လီဖူချန်းက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုတာ သံသယရှိစရာမလိုပါဘူး။
"ချော်ရည်နယ်မြေ"
ဟော်ယန်က ကြီးမားတဲ့ကန္တာရတစ်ခုကို ချော်ရည်နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းခဲ့ပြီးနောက် ထွက်ပြေးဖို့အတွက် လူတစ်ကိုယ်လုံးက အထဲသို့ ဝင်ရောက်ခဲ့တယ်။
ကံမကောင်းစွာနဲ့ လီဖူချန်းက သူ ဆန္ဒရှိသလို လုပ်ခွင့်မပေးပါဘူး။ မူလအဆုံးစွန်းခုတ်ချက်ကို ထုတ်ဖော်လိုက်ရာ ကြီးမားတဲ့ချော်ရည်ဧရိယာတစ်ခုက ဓားတာအိုဥပဒေသအဖြစ် တိုက်ရိုက်ပြောင်းလဲသွားခဲ့တယ်။
"မိတ်ဆွေလေး၊ ငါ အရင်က မှားခဲ့ပါတယ်။ ငါ မင်းကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံကို အလျော်ပေးဖို့ ဆန္ဒရှိပါတယ်၊ မင်း ငါ့ကို သွားခွင့်ပေးနိုင်မလား" ဟော်ယန်က တောင်းပန်လိုက်တယ်။
"အခုမှ လာညှာတာခိုင်းနေတာလား၊ နောက်ကျသွားပြီ"
လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။
"မင်း၊ ငါ့ကို ဖိအားမပေးနဲ့နော်၊ "ငါလဲ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ပဲ။ မင်း ငါ့ကို သောကပေးသလို မင်းလဲ ကောင်းကောင်းနေရမှာမဟုတ်ဘူး" ဟော်ယန်က တင်းမာခက်ထန်စွာ ပြောလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်" ဒါဆိုလဲ မင်း ငါ့ကို ဘယ်လိုလုပ်မလဲ ကြည့်ရတာပေါ့"
"မင်း ငါ့ကို ချော်ရည်လောင်ကျွမ်းဖို့ ဖိအားပေးခဲ့တာပဲ"
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဖြစ်လာတဲ့မည်သူမဆို အားကောင်းတဲ့နည်းလမ်းတွေရှိတယ်။ ဟော်ယန်ရဲ့ခန္ဓာကိုယ်က ချော်ရည်အဖြစ် ရုတ်တရက် ပြောင်းသွားပြီး မီးလျှံတစ်ခုကို ထုတ်လွှတ်ခဲ့တယ်။ တစ်ချိန်တည်းမှာ ၎င်းရဲ့ချီအရှိန်အဝါက အဆအနည်းငယ်တိုးလာတယ်။
"နတ်ဘုရားခန္ဓာကိုယ်လောင်ကျွမ်းခြင်းနတ်ဘုရားအတတ်ကို တကယ်ဖန်တီးထားခဲ့တာပဲ"
လီဖူချန်းက တစ်ဖက်လူကို အနည်းငယ်လေးစားမိပါတယ်။ နတ်ဘုရားခန္ဓာကိုယ်ကို လောင်ကျွမ်းတာက ပုံမှန်ဖြစ်ပေမယ့် နတ်ဘုရားခန္ဓာကိုယ်လောင်ကျွမ်းခြင်းနတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်တစ်ခုမဟုတ်ဘူး။ နတ်ဘုရားခန္ဓာကိုယ်လောင်ကျွမ်းခြင်း၊ လောင်ကျွမ်းခြင်းအရှိန်က ပိုမြန်ပြီးပိုပြင်းထန်လေ၊ ခွန်အားက ပိုသန်မာလေပဲ။
ယခင်က ဟော်ယန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုရင် ယခု ၎င်းက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်နီးပါးဖြစ်နေပါပြီ။
"ချော်ရည်လက်သီး"
ဟော်ယန်က လီဖူချန်းထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်တယ်။
မီးလျှံတောင်တစ်ခုပမာကြီးမားတဲ့လက်သီးတစ်လုံးက လီဖူချန်းအရှေ့ရှိဟင်းလင်းပြင်ကို ဝန်းရံသွားတယ်၊ ဘယ်လောက်ထိလွှမ်းမိုးနိုင်သလဲ၊ ပြင်းထန်လှသလဲ။
"ပြေးချင်နေတာလား"
လီဖူချန်းက တစ်ဖက်လူကို မကြောက်ပါဘူး။ ဟော်ယန်က ထွက်ပြေးချင်ခဲ့တာကို သူက ချက်ချင်းမြင်ခဲ့တယ်။ ဒါက တစ်ဖက်လူရဲ့လှည့်ကွက်တစ်ခုမျှပါပဲ။
ဓားက ချော်ရည်လက်သီးကို ခွဲဖြတ်ပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်က ဓားချီအမျှင်တန်းတစ်ခုအဖြစ် ပြောင်းကာ နောက်မှ လိုက်သွားတယ်။
ထာဝရတည်မြဲခြင်းဓားချီ။ ၎င်းက နတ်ဘုရားခန္ဓာကိုယ်ကို ဓားချီအဖြစ် ပြောင်းလဲနိုင်တယ်။ ဓားချီက စုစည်းနိုင်တယ်ဒါမှမဟုတ်ပျံ့နှံ့သွားနိုင်ပြီး အရှိန်က အဆများစွာ ပိုမြန်လာလိမ့်မယ်။
အသက်ရှုချိန်အနည်းငယ်ပြီးနောက် လီဖူချန်းက ဟော်ယန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို လိုက်မီလာခဲ့တယ်။
ဝှစ်.....
မမြင်နိုင်တဲ့ဓားချီက ဟော်ယန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး ဟော်ယန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက သေးငယ်တဲ့ပမာဏတစ်ခုကို ရုတ်တရက် ဆုံးရှုံးသွားတယ်။
ဟော်ယန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ကျိန်ဆဲသံတွေကို လစ်လျူရှုလျက် လီဖူချန်းက သူ့ကို သတ်ဖြတ်ခဲ့တယ်။
"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ကြွယ်ဝမှုက တကယ်ပါပဲ"
ဟော်ယန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ကြွယ်ဝမှုက ကျင်ဖုန်းလင်လောက် မကောင်းပေမယ့် အရမ်းမဆိုးပါဘူး။ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ခုတည်းကတင် ငါးဆယ်ထရီလီယံရှိတယ်၊ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲ၊အမြုတေစိတ်ဝိညာဉ်ဝါးမျိုခြင်းသဲပုံဆောင်ခဲနဲ့အခြားရတနာတွေပါ ပေါင်းလိုက်ရင် စုစုပေါင်းအသားတင်ကြွယ်ဝမှုက မနည်းမနောပါပဲ။
အချိန်တွေ ကုန်ဆုံးသွားတယ်၊ လဝက်အတွင်းမှာ လီဖူချန်းက တတိယမြောက်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို တွေ့ဆုံခဲ့တယ်။
ဒါက ကံကောင်းမှုတစ်ခုမဟုတ်ဘူးဆိုတာ လီဖူချန်းက အခုတော့ နားလည်လာပြီ။ သူ ထင်တာ မှန်ရင် သူက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရရဲ့အနက်ပိုင်းထဲသို့ ထိုးဖောက်လာခဲ့ပြီး စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရရဲ့အလယ်ဧရိယာသို့ ရောက်လာခဲ့ပြီ။
အန္တရာယ်အဆင့်အရ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရကို ဗဟိုဧရိယာ၊ အတွင်းဧရိယာ၊ အလယ်ဧရိယာနဲ့ အပြင်ပိုင်းဧရိယာ ဆိုပြီး ခွဲခြားထားတယ်။
လက်ရွေးစင်အထက် စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲလူသားတွေက ဗဟိုဧရိယာနဲ့အတွင်းဧရိယာမှာပဲ ယေဘျအားဖြင့် ထွက်ပေါ်ကြတယ်။ အပြင်ဧရိယာမှာ ထွက်ပေါ်တာ ရှားပါတယ်၊ အလယ်ဧရိယာမှာ ထွက်ပေါ်လာနိုင်ချေကတော့ နည်းနည်းမြင့်ပါတယ်။
စိတ်ဝိညာဉ်နတ်ဘုရားတွေကြားထိပ်တန်းတည်ရှိမှုတွေအနေနဲ့ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အပြင်ဧရိယာမှာ နေဖို့ ဆန္ဒမရှိပါဘူး၊ လူတိုင်းက အလယ်ဧရိယာသို့ လာကြတယ်။ ဒီနေရာမှာ အခွင့်အလမ်းတွေက ပိုများပြီး နတ်ဘုရားကျောက်တုံးတွေရရှိဖို့က ပိုလွယ်ကူတယ်။
စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရမှ ဘယ်လိုထွက်ခွာသွားရမလဲဆိုတာကတော့ ပိုင်နက်နတ်ဘုရားတွေက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရကို ဝင်လာရင်တောင် ထွက်သွားဖို့ အချိန်အချို့ပေးရပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကတော့ စိုးရိမ်စရာမလိုပါဘူး။
ပထမ၊ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရက အလွန်ထူးခြားတယ်။ ခွန်အားက ပိုသန်မာလေ၊ ဖိနှိပ်ခံရဖို့က ပိုလွယ်ကူလေပဲ။
ဒုတိယ၊ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရကနေ ထွက်ခွာနိုင်မလားဆိုတာကတော့ မင်းရဲ့ခွန်အားနဲ့ တိုက်ရိုက်မဆက်စပ်ပါဘူး။ မင်းက အချိန်အချို့အသုံးချနိုင်သရွေ့ မင်းက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရမှ ထွက်ခွာနိုင်ပါသေးတယ်။
"ကြည့်ရတာ ငါက ကံကောင်းနေပုံပဲ" သူက သားကောင်ကို ကြည့်နေသလို ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က လီဖူချန်းကို ကြည့်လိုက်တယ်။
"မင်းက ဆန့်ကျင်ဘက်တွေ ပြောနေတာပဲ"
လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ဘယ်လောက်ထိ အာရုံခံနိုင်လဲ၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ဟော်ယန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်လို သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်သာဖြစ်ပြီး နတ်ဘုရားစိတ်ဝိညာဥ်စွမ်းအားအညွှန်းကိန်းက အတူတူပဲဆိုတာကို မြင်နိုင်တယ်။
"ဒါဆိုလဲ မင်း ငါ့ကို သတ်နိုင်မလား ကြည့်ရတာပေါ့"
ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က တူကို ဝှေ့ယမ်းလိုက်တယ်၊ ကြောက်စရာကောင်းတဲ့ဖိအားက ကျဆင်းလာပုံရတယ်။ လီဖူချန်းအောက်ဘက်ရှိသဲကန္တာရက ကြီးမားတဲ့ဧရိယာတစ်ခုအဖြစ် ပျက်ဆီးယိုယွင်းသွားပြီး တိမ်သောတွင်းချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
"ကောင်းတယ်၊ လာပြီ"
အနက်ရောင်ဓားချီက ရိုက်ခတ်လာပြီး လီဖူချန်းက ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့တူစွမ်းအားကို တစ်ချက်တည်းနဲ့ ချိုးဖြတ်လိုက်တယ်၊ ကျန်ရှိနေတဲ့အနက်ရောင်ဓားချီက ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ထံ ပျံသန်းနေတဲ့နဂါးရိုင်းတစ်ကောင်အလား ပျံ့နှံ့လာခဲ့တယ်။
ဝှစ်.......
ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့စိတ်ဝိညာဉ်စွမ်းအားက ရုတ်တရက် သေးငယ်တဲ့ပမာဏတစ်ခုကို ဆုံးရှုံးသွားတယ်၊ ဒါက သူ့ကို ထိတ်လန့်သွားစေခဲ့တယ်။
"ဒီလောက်တောင်သန်မာတယ်"
ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က မျက်မှောင်ကြုတ်လိုက်ပေမယ့် သူက ဘာအမူအရာတစ်ခုမှ မပြပါဘူး။ သူက လီဖူချန်းကို အနိင်ယူဖို့ ယုံကြည်ချက်အချို့ ရှိနေသေးပုံရတယ်။
"မင်းမှာ ဘာနည်းလမ်းတွေရှိလဲ၊ ထုတ်သုံးလိုက်စမ်းပါ" ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်မှာ ဝှက်ဖဲတစ်ခုသေချာပေါက်ရှိမှန်း လီဖူချန်းက မြင်နိုင်ပါတယ်၊ မဟုတ်ရင်၊ သူတို့နှစ်ယောက်ကြားကွာဟချက်ကို သူက မမြင်နိုင်စရာလား။
"လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကဆိုရင်တော့ ငါက သေချာပေါက် ရှောင်သွားရမှာပါ၊ ဒါပေမယ့် မခုတော့ မင်း သေဖို့သာ ပြင်ပေးတော့" ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့လက်ထဲရှိငွေတူက သန်မာတဲ့ဖိအားတစ်ခုကို ရုတ်တရက် ထုတ်လွှတ်ကာ လီဖူချန်းကို ထပ်မံရိုက်ချလာတယ်။
အုန်း.......
ဒီတစ်ခါမှာတော့ လီဖူချန်းက တုံ့ပြန်ဖို့ အချိန်မရှိခဲ့ဘဲ တိုက်ရိုက်ထိမှန်သွားခဲ့တယ်။
အဝေးမှာ ဓားချီက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့ သိပ်သည်းသွားခဲ့တယ်။
"ခွန်အားက ဆယ်ဆကျော်တိုးလာတယ်၊ ဖိအားက ငါမရှောင်တိမ်းနိုင်လောက်အောင်ပဲ"
လီဖူချန်းရဲ့မျက်နှာက တည်ငြိမ်လာတယ်၊ သူ့မျက်လုံးတွေက ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့လက်ထဲရှိငွေတူပေါ်မှာပဲ ကျရောက်နေတော့တယ်။
သူက မှန်းတာ မမှားရင် ရန်သူရဲ့လက်ထဲရှိငွေတူက ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲဖြစ်ရမယ်။
အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးထရီလီယံအနည်းငယ်ပတ်လည်ရှိပေမယ့် ပုံမှန်အခြေအနေအောက်မှာ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အဆင့်နိမ့်နန်ဘုရားကျောက်တုံးမဟုတ်ဘဲ အလယ်ဆင့်နတ်ဘုရားကျောက်တုံးနဲ့ အရောင်းအဝယ်လုပ်ကြတယ်။
ထပ်ပြောရရင် ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ဈေးကွက်ထဲမှာ မတင်ပါဘူး၊ သူတို့က ထွက်ပေါ်လာရင် လေလံပွဲတွေမှာပဲ ထွက်ပေါ်လာလိမ့်မယ်။
ဒါကြောင့် စိတ်ဝိညာဉ်နတ်ဘုရားအနည်းငယ်ကလွဲပြီး အများစုက ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို မပိုင်ဆိုင်ပါဘူး။ သို့မဟုတ်ရင် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့ကြွယ်ဝမှုနဲ့ဆိုရင် ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ဖို့က မခက်ပါဘူး။
ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဘယ်နေရာကလာသလဲကို လီဖူချန်းက မသိပါဘူး။ သူ သိတာကတော့ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရှိတဲ့ရန်သူက သူ့ခွန်အားကို ဆယ်ဆကျော် ရုတ်တရက် တိုးစေခဲ့ပြီး ဒါက အရေးကြီးဆုံးအရာမဟုတ်ပါဘူး။ ဆန်းကြယ်နတ်ဘုရားလက်နက်တွေမှာ ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေရှိတယ်၊ ဥပမာအားဖြင့် ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့လက်ထဲရှိငွေရောင်တူလိုပေါ့၊ ၎င်းမှထုတ်လွှတ်နေတဲ့ဖိအားက သူ့ကို မရှောင်တိမ်းနိုင်ဖြစ်စေပြီး ခုခံရုံသာ တတ်နိုင်စေတယ်။
"စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအရိပ်အယောင်တစ်ခုမျှပဲ ဆုံးရှုံးသွားခဲ့တာလား" ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အနည်းငယ်အံ့အားသင့်သွားတယ်။ သူ့ရဲ့ငွေရောင်တူမှာ ကြောက်စရာကောင်းတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားပါဝင်တယ်။ သူက ဆန်းကြယ်နတ်ဘုရားစွမ်းအားကို အပြည့်အဝအသုံးမချနိုင်ပေမယ့် အမျှင်တန်းလောက်တော့ အသုံးချနိုင်ပါတယ်၊ ဒါပေမယ့် ဒါက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အများစုကို ဒဏ်ရာအပြင်းအထန်ရစေဖို့ လုံလောက်ပါတယ်။
"တူတစ်ချက်က မလုံလောက်ဘူးဆိုရင်လဲ တူအချက်တစ်ရာကို တားနိုင်မလား ကြည့်ရတာပေါ့"
ငွေရောင်တူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က လီဖူချန်းကို တူနဲ့ ရိုက်ချလိုက်တယ်။
လီဖူချန်းက အရင်က သတိပေါ့လျော့ခဲ့ပေမယ့် ယခု ကြိုတင်ပြင်ဆင်ထားခဲ့တယ်၊ သူက အနက်ရောင်ဓားချီကို ချက်ချင်းနိုးဆွကာ တိုက်ခိုက်ခဲ့တယ်။
အုန်း အုန်း အုန်း......
နှစ်ယောက်ရဲ့တိုက်ခိုက်ရေးစွမ်းအားက တူပေမယ့် ငွေရောင်တူရဲ့ဖိအားက လီဖူချန်းကို အနည်းငယ်သက်သောင့်သက်သာမရှိဖြစ်စေတယ်။ ထာဝရတည်မြဲခြင်းဓားချီစိတ်ဝိညာဉ်နတ်ဘုရားအတတ်နဲ့ဆိုရင် အကြိမ်ရာအနည်းငယ်အထိ သူက ရင်ဆိုင်နိုင်ပါသေးတယ်။
အချို့ကွာဟချက်တွေကို ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ မဖြည့်ဆည်းနိုင်ပါဘူး။
ငွေရောင်တူက လီဖူချန်းကို သတ်ဖို့အသာထား၊ အနိုင်ယူဖို့တောင် မလုံလောက်တာကို ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က သိသိသာသာမြင်ခဲ့တယ်၊ ဒါကြောင့် သူက ပြန်ဆုတ်ရတော့မှာပါ။
"မိုမို၊ သူ့ကို တားစမ်း"
လီဖူချန်းက တစ်ဖက်လူကို ဘယ်လိုလုပ်သွားခွင့်ပြုရမှာလဲ၊ ဒါကြောင့် သူက တစ်ဖက်လူရဲ့လက်ထဲရှိဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းထံ တစ်ဟုန်ထိုးပြေးဝင်သွားခဲ့တယ်။
သူက ငွေတူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို ဖြေရှင်းနိုင်မလားဆိုတာကတော့ လီဖူချန်းက လုံးဝမစိုးရိမ်ပါဘူး။
ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရှိတဲ့ရန်သူက သူ့လို တူညီတဲ့တိုက်ခိုက်ရေးစွမ်းအားတစ်ခုရှိတယ်၊ ဒါကြောင့် ထိမှန်မှုနှုန်းက အနည်းငယ်မြင့်ပြီး သူက သူ့ကိုယ်သူ အကြိမ်အနည်းငယ်ထိမှန်စေနိုင်ပါတယ်။
ထာဝရတည်မြဲခြင်းဓားချီက သူ့ကို ဘယ်အချိန်မှာမဆို ဓားချီအဖြစ် ပြောင်းလဲခွင့်ပြုပြီး ထိခိုက်မှုကို လွှဲပြောင်းစေတယ်။
ဒါ့အပြင် ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်း၃.၅ဘီလီယံနဲ့အတူ သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ရန်သူရဲ့ငါးဆနီးပါးရှိတယ်။
တစ်ဖက်လူရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ကုန်ဆုံးတဲ့အထိ လီဖူချန်းက တစ်ဖက်လူကို အချိန်ဆွဲထားနိုင်ပါတယ်။
တစ်ဖက်လူကို ကြည့်လေ၊ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကလွဲပြီး ဘာနည်းလမ်းမှ မရှိတာလေ။
မိုမိုရဲ့တားဆီးမှုအောက်မှာ ငွေရောင်တူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က လုံးဝမလွတ်မြောက်နိုင်တော့ပါဘူး။
သူ့ရဲ့ငွေရောင်တူက မိုမိုရဲ့ခွန်အားအချို့ကိုပဲ လျော့စေနိုင်ပြီး မိုမိုရဲ့ရင်းမြစ်ကို မနာကျင်စေနိုင်ပါဘူး။
ဒီတစ်ကြိမ်မှာတော့ သူက သံပြားကို ကန်မိခဲ့တယ်ဆိုတာ ငွေရောင်တူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က သိခဲ့တယ်။
"လွှမ်းမိုးခြင်းစွမ်းအား......."
အခြားအရာတွေကို လစ်လျူရှုကာ ငွေရောင်တူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားရင်းမြစ်ကို လောင်ကျွမ်းခဲ့ပြီး ငွေရောင်တူရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ပိုနိုးဆွကာ လီဖူချန်းကို တိုက်ခိုက်ခဲ့တယ်။
ဒိီတစ်ခါမှာတော့ လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ယခင်ကထက် အဆဒါဇင်ကျော်ပိုချေမှုန်းခံလာရတယ်၊ ဒါပေမယ့် ဒီလောက်က ဘာပြဿနာမှ မရှိပါဘူး၊ ရန်သူက ဒီလိုတိုက်ခိုက်ရေးစွမ်းအားတစ်ခုကို အမြဲတမ်းမထုတ်ဖော်နိုင်ဘူးလေ။
မျှော်လင့်ထားသလိုပဲ၊ တူတိုက်ကွက်ဒါဇင်ကျော်ကို ထုတ်ဖော်ပြီးနောက် ငွေရောင်တူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ထပ်မတိုက်ခိုက်နိုင်တော့ပါဘူး။ သူက ငွေရောင်တူရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ဆက်တိုက်နိုးဆွရင် လီဖူချန်းက သူ့ကို မတိုက်ခိုက်ခင် သူ့ခန္ဓာကိုယ်က ပျက်ဆီးယိုယွင်းကာ သေဆုံးသွားရလိမ့်မယ်။
အဆုံးမှာတော့ ငွေရောင်တူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က လီဖူချန်းနဲ့မိုမိုတို့ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့တယ်။
"ဒါ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလား"
ငွေရောင်တူထဲရှိစွမ်းအားကို ခံစားရင်း လီဖူချန်းက အတော်လေးထိတ်လန့်သွားမိတယ်။
ဆန်းကြယ်နတ်ဘုရားလက်နက်တစ်ခုအနေနဲ့ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းမှာ ဆန်းကြယ်နတ်ဘုရားစွမ်းအားပါဝင်တယ်။
ဆန်းကြယ်နတ်ဘုရားစွမ်းအားက ဘယ်လောက်သန်မာသလဲ၊ ငွေရောင်တူမှ ထုတ်လွှတ်နေတဲ့ဖိအားကို မြင်နိုင်ပေတယ်။