← Chapters

နှလုံးသားထဲမှ ဓား

Vol. 1 Ch. 14

နှလုံးသားထဲမှ ဓား

Vol. 1 Ch. 14

အဖိုးအိုက သုန်မှုန်သောအမူအရာဖြင့် ပြောသည်။

ထိုအဖြစ်က ဟန်မူယဲ့အား အနည်းငယ် စိုးရိမ်စေ၏။

ဝိညာဉ်ကျောက်တုံး ၁၀ တုံးမျှဖြင့် ထိုမျှ အလေးအနက်ထားနေစရာ လိုပါသလား။

သို့မဟုတ်လျှင် အဖိုးအိုမှာ အံ့ဖွယ်ကိုးပါးဂိုဏ်း၏ဆရာကြီးတစ်ပါးဖြစ်ပြီး သူ့ကို တပည့်အဖြစ် လက်ခံရန် သဘောကျသောကြောင့် သူ့အမွေကို ဆက်ခံစေလိုနေသည်များလား။

ဤသည်က ကံကြမ္မာလည်း ဖြစ်နိုင်သည်။

လေးစားသောအမူအရာဖြင့်ပင် ဟန်မူယဲ့က ဆိုသည်။

“ကျုပ် သင်ချင်ပါတယ်”

အဖိုးအို၏အမူအရာ မပြောင်းလဲပါ။ သူက ဟန်မူယဲ့ကို ပြောသည်။

“ကောင်းပြီ။ ဒါဆိုလည်း ငါမေးတဲ့မေးခွန်းနည်းနည်းကို ဖြေပေးဖို့လိုတယ်။ မင်းက အမှန်အတိုင်း ဖြေပေးရမယ်”

ဖြစ်စဉ်ကား အမွေအနှစ်ကို ဆက်ခံခိုင်းသော ပုံစံမျိုးနှင့် ဆင်တူလှ၏။

ဟန်မူယဲ့က စိတ်လှုပ်ရှားမှုကို ချုပ်တီးကာ လေးနက်စွာ ခေါင်းညိတ်သည်။

“ကောင်းပြီ… ငါမင်းကို မေးမယ်။ မင်းက ဘာလို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ရောက်လာတာလဲ”

အဖိုးအိုက မျက်လုံးများ စူးရှစွာဖြင့် မေးသည်။

သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ အဘယ်ကြောင့် ရောက်လာရသနည်း။

ဟန်မူယဲ့က ပြန်တွေးလျှင် သူ့အာရုံထဲတွင် ဓားစံအိမ်မှ ဓားအလင်းများ တဖျတ်ဖျတ်လက်သွား၏။

“ဓားတွေအတွက်…”

ဟန်မူယဲ့က ထပ်ပြောသည်။

“ဓားကို ကိုင်စွဲပြီးတော့ လောကထိပ်ဆုံးမှာ ရပ်ချင်တာ”

သူက ပြန်လည်မွေးဖွားလာပြီးမှတော့ ရည်မှန်းချက် နည်းနည်းရှိရန် လိုသည်။

သူ၏စကားကိုကြားလျှင် အဖိုးအိုက ဝမ်းသာစွာ ရေရွက်သည်။

“အရမ်းကောင်းတယ်”

“မင်းက တစ်လောကလုံးကို မင်းရဲ့ဓားနဲ့ အုပ်စိုးဖို့ စိတ်ကူးမရှိရင် ငါ့ဓားပညာကို သင်ဖို့ မထိုက်တန်ဘူး”

ဟန်မူယဲ့ ဝမ်းသာသွားသည်။ သူက မှန်ကန်သော အလောင်းအစားကို ပြုလုပ်ခဲ့၏။

သူက ဦးညွှတ်အရိုအသေပေးရန် ဟန်ပြင်လိုက်စဉ်မှာပင် အဖိုးအိုက သူ့လက်ကို ဝှေ့ယမ်းသည်။

“မင်းကို ထပ်မေးမယ်။ မင်းရဲ့ဗီဇပါရမီက ပဥ္စမအဆင့်နဲ့အထက်မှာလား”

ပဥ္စမအဆင့်နှင့်အထက်လား…

ဓား ၁၀၀၀၀ တို့အိမ်အပြန် နည်းစနစ်ကို ကျင့်ကြံရန် သူက ထိုသို့သော ဗီဇပါရမီ လိုအပ်သည်လား။

မှန်သည်၊ ထိုမျှ ခမ်းနားသောနာမည်ဖြင့်ဆိုပါက အနည်းဆုံး ပဥ္စမအဆင့် ဗီဇပါရမီ လိုအပ်ပေသည်။

ဟန်မူယဲ့ တောင့်တင်းသွားကာ ခေါင်းယမ်းသည်။

“မဟုတ်ပါဘူး”

သူက သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ သူ့တွင် ထိုပြိုင်စံရှားကျင့်ကြံနည်းစနစ်ကို လေ့ကျင့်ရန် အခွင့်အလမ်း ရှိဟန်မတူတော့။

“ကောင်းပြီ…”

ရှေ့မှ အဖိုးအိုက စိတ်အားထက်သန်စွာ အော်လိုက်လျှင် ဟန်မူယဲ့ ထိတ်လန့်သွား၏။

“မင်းရဲ့ ဗီဇပါရမီက အရမ်းကောင်းနေရင် ငါ့ပညာကို သင်စရာမလိုဘူး။ တခြားကောင်းတဲ့နည်းစနစ်တွေကို ရှာပြီး သင်သင့်တယ်”

အဖိုးအိုက ဟန်မူယဲ့အား လှပသော ကျောက်ရိုင်းတစ်တုံးကို တွေ့သကဲ့သို့ စိုက်ကြည့်နေ၏။

“လောကကို အုပ်စိုးချင်တဲ့စိတ်နှလုံးရှိပေမဲ့ ဗီဇပါရမီနဲ့ အရင်းအမြစ်မရှိဘူး”

“လောကမှာ ဒီလိုလူတွေ အများကြီးပဲ”

“ဒီလိုလူတွေက ကံကြမ္မာကိုပဲ အပြစ်ဖို့ပြီး တစ်ဘဝလုံး အရှုံးပေးသွားရတော့မှာလား”

အဖိုးအိုက မျက်နှာကြီးနီမြန်းလျှက် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရုန့်ရမ်းသော အရှိန်အဝါများ ဖြစ်ပေါ်လာ၏။

အဖိုးအိုမှာ အနည်းငယ် ရူးနေဟန်ရသည်။

‘ဆရာကြီးတွေက ဒီလိုပဲလား’

ဟန်မူယဲ့က ထိုသို့တွေးသော်လည်း ပါးစပ်ကို ပိတ်ထားသည်။

ထိုသို့အော်ဟစ်လိုက်ပြီးနောက် အဖိုးအို၏အမူအရာက ပုံမှန် ဖြစ်သွားသည်။ သူက ပြောသည်။

“ဒီနေ့ ငါမင်းကို ဓားသိုင်းတစ်ခုသင်ပေးမယ်။ သတိရပါ… မင်းက သာမန်လူတွေအားလုံးအတွက် ကောင်းကင်လမ်းစဉ်ကို လျှောက်လှမ်းနေတာပဲ။ မင်း နားလည်လား”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

တာဝန်က အနည်းငယ် ကြီးလေးသည်ဟု မထင်ဘူးလား…

ဟန်မူယဲ့ ခေါင်းညိတ်လျှင် အဖိုးအိုက လက်တစ်ဖက်ကို နောက်တွင်ပိုက်ကာ ရှေ့ကို တစ်လှမ်းလှမ်းသည်။

“ငါ မော့ယွမ်… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို စဝင်ကတည်းက နှစ်တစ်ရာအတွင်းမှာ ဓားသိုင်း ၃၆၀ ကို လေ့လာခဲ့တယ်။ ဒါပေမဲ့ ငါ အဲဒါတွေကို မတတ်မြောက်ခဲ့ဘူး”

“ဓားစံအိမ်က အကြီးအကဲသုံးယောက် တိုက်ခိုက်တာကို မြင်တဲ့အခါ ဓားချီဟာ ပေ ၃၀၀၀ အကွာအဝေးကို ဖြတ်သန်းပြီးတော့ တောင်ကုန်းနဲ့ ပင်လယ်ကို ဓားတစ်ချက်တည်းနဲ့ ခွဲခြမ်းသွားတယ်။ အဲဒီတော့မှ ငါဟာ ကိုယ်ပိုင်ဓားသိုင်းတစ်ခုကို နားလည်ခဲ့တယ်”

“ဓားချီတစ်စကို ကျင့်ကြံပါ။ သန့်စင်ပြီးတော့ အဲဒါကို ၁၂၈၀၀၀ သော အပိုင်းအစတွေအဖြစ် ခွဲထုတ်ပြီးတော့ ဓားဆန္ဒအဖြစ် ပြန်စုစည်းပါ”

{ဒီနေရာမှာ ဓားဆန္ဒအဖြစ် စုစည်းတာက ပိုသိပ်သည်းအောင် ဖိနှိပ်တဲ့သဘောကို ပြောတာပါ၊ ဒါပေမဲ့ မြန်မာစာမှာ အဲဒီသဘောကို အပြည့်အဝ သဘောပေါက်စေမယ့် စကားလုံး မရှိတာမို့လို့ စုစည်းကိုပဲ သုံးလိုက်ပါတယ်။ ဒါပေမဲ့ သဘောတရားကတော့ ဖိနှိပ်ခြင်း ကျုံ့ခြင်း၊ သိပ်သည်းစေခြင်း ဖြစ်ပါတယ်}

“ဓားဆန္ဒဟာ အဆတစ်ရာခန့် သိပ်သည်းသွားပြီးတော့ သံမဏိလို မာသွားလိမ့်မယ်။ အဲဒါက မင်းလက်ချောင်းတွေမှာ လှည့်ပတ်နေတဲ့အခါ ဓားဆန္ဒ သုံးထောင်ကို စုဆောင်းပြီးတော့ လောကစွမ်းအား အဖြစ် ပြောင်းလဲလိုက်ပါ…”

“ပြီးတော့…”

အဖိုးအိုက သူ၏ညာလက်မှ လက်ချောင်းငယ်နှစ်ခုအား ရှေ့ကို ညွှန်ပြလိုက်သည်။

“ဓား ၁၀၀၀၀ တို့… အိမ်… အ… ပြန်…”

သူ၏အကြည့်က ခိုင်မာသည်။ သူ့ကိုယ်ဟန်သည် ဖြောင့်မတ်ကာ ဓားတစ်လက်နှင့်ဆင်တူ၏။

၎င်းသည်သာ ထောင်ပေါင်းများစွာသော ဓားပျံများနှင့် အဆုံးမရှိသော ဓားအလင်းများဖြင့်သာ ဆိုပါက ကောင်းကင်သည် အမှန်တကယ် ဓား ၁၀၀၀၀ တို့၏အိမ်အပြန် ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း သရုပ်ပြခန်းဆောင်တွင်ကား အရှိန်အဝါမှာ အားနည်း၏။

အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဟန်မူယဲ့က တီးတိုးပြောသည်။

“ဒါပဲလား…”

အဖိုးအိုက လက်များကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက ထပ်မေးသည်။

“မင်း ဘယ်လောက် နားလည်လိုက်လဲ”

‘နားလည်သည်လား…’

‘ဒီတစ်ကွက်တည်းလား…’

ဟန်မူယဲ့ မျက်လုံးများကို မှိတ်လိုက်ကာ အဖိုးအိုက လက်ဆန့်တန်းလျှက် ရပ်နေသော ပုံရိပ် သူ့အာရုံ၌ ပေါ်လာသည်။

သည်တစ်ကြိမ်ကား သူ့လှုပ်ရှားဟန်မှာ အလွန်နှေးကွေး၏။

သို့သော်လည်း ဟန်မူယဲ့က ပုံရိပ်ထဲမှ သဘောတရားကို ခံစားမိသည်။

ပုံရိပ်ထဲမှ အဖိုးအို၏မျက်လုံးများထဲမှ ခံစားချက်များကို သူ အသေအချာကြည့်သည်။ သူက လက်ညိုးကို ရှေ့သို့ညွှန်လျှက် အော်လိုက်၏။

“ဓား ၁၀၀၀၀ တို့၏အိမ်… အ… ပြန်…”

သူ မသိလိုက်ခင်တွင် ကွဲပြားခြားနားမှုကို ခံစားရ၏။

လေးနက်မှု…

ဆုံးဖြတ်ချက် ခိုင်မာမှု…

အဖိုးအို၏မျက်လုံးများထဲတွင် ခိုင်မာသော စိတ်ဆန္ဒရှိနေသည်။

ပုံရိပ်များ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားကာ အဖိုးအို၏အရှိန်အဝါမှာလည်း ပိုမို၍ လေးလံလာပြီးနောက်ဆုံး ပြိုကွဲသွား၏။

ဟန်မူယဲ့ မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် ‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’ အား နားလည်တတ်မြောက်ခဲ့သည်။

သူက ထိုပညာရပ်ကို နားလည်သွားသည်နှင့် သူ၏ပုံရိပ်ယောင်နေရာလွတ်မှ ဓားချီများမှာ အဆက်မပြတ်တုန်ခါကာ အပြင်သို့ ထွက်လာတော့မလို ခံစားရ၏။

သူသည် ခန္ဓာကိုယ်မှ ဓားချီများအား ထိန်းချုပ်နိုင်၏။

ဓား ၁၀၀၀၀ တို့အိမ်အပြန် ပညာရပ်မှာ အမှန်အကန် ဖြစ်သည်။

ဓား ၁၀၀၀၀ တို့အိမ်အပြန် ပညာရပ်သည် လောကမှ ဓားသိုင်းများအားလုံးကို စုစည်းနိုင်၏။ ဓားတစ်လက်သည် တစ်လောကလုံးကို ဖျက်ဆီးနိုင်သည်။

သူ့ရှေ့မှ အဖိုးအိုအား ဟန်မူယဲ့က အလွန်လေးစားစွာ ကြည့်သည်။ ထို့နောက် သူက ဦးညွှတ်သည်။

“ညွှန်ကြားပြသပေးတဲ့အတွက် ကျေးဇူးပါ စီနီယာ… ကျွန်တော် နားလည်သွားပါပြီ”

ဤသို့သော ကျင့်ကြံနည်းစနစ်အား ဖန်တီးခဲ့သော ပုဂ္ဂိုလ်မှာ လေးစားဖွယ်ကောင်းပေသည်။

“မင်း နားလည်တာလား”

အဖိုးအိုက ဟန်မူယဲ့၏ပုံစံကိုမြင်လျှင် အံ့အားသင့်သွားသည်။

“မင်း ဘာကို နားလည်သွားတာလဲ”

ဤသည်က နောက်ဆုံး စမ်းသပ်မှုလား။

ဟန်မူယဲ့က ခါးမတ်မတ်ထားကာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်၍ ပြောသည်။

“ဓားသာ လက်ထဲမှာရှိရင် လောကဟာ ကျုပ်လက်အောက်မှာပဲ”

အဖိုးအိုက မျက်မှောင်ကြုတ်ကာ စကားပြောရန်ဟန်ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့က ထပ်ပြောသည်။

“ဓားဟာ လက်ထဲမှာမဟုတ်ဘူး၊ နှလုံးသားထဲမှာ ရှိတာ”

“ဓားက လက်ထဲမှာမဟုတ်၊ နှလုံးသားထဲမှာ”

အဖိုးအိုက မှင်တက်သွားသည်။

“ဟဟ… ဓားဟာ လက်ထဲမှာမဟုတ်… နှလုံးသားထဲမှာ…”

အဖိုးအိုက ကျယ်လောင်စွာ ရယ်မောလျှက် ထွက်သွားသည်။

သူထွက်သွားတော့မှ ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံး ၁၀တုံးကို မပေးရသေးကြောင်း သိလိုက်သည်။

‘တပည့်လက်ခံတာကရော…’

ဓား ၁၀၀၀၀ တို့အိမ်အပြန် ကဲ့သို့ ထူးခြားလေးနက်သည့် ပညာရပ်ကို တစ်ကြိမ်တည်းနှင့် နားလည်ခဲ့လျှင်ပင် ဆရာကြီးက သူ့အား တပည့်အဖြစ် လက်ခံမသွားခဲ့ပါ။

ဤသည်က လမ်းတွင် သွားလာနေရင်း သင်ယူ၍ရသော ပညာရပ် ဟုတ်ပါ။ သူက အဘယ်ကြောင့် ထိုမျှ အလေးအနက် မထားရသနည်း။

ခေါင်းယမ်းကာ ဟန်မူယဲ့က စာအုပ်များကို သိမ်းလိုက်ကာ အခန်းထဲမှ ထွက်လာသည်။

ဤသည်ကပင် ကံကြမ္မာ ဖြစ်ပေမည်။ သူက ထိုဆရာကြီး၏တပည့်ဖြစ်ရန် ကံမပါပေ။

ထိုစဉ် သူ့ရှေ့နံရံ၌ စာလုံးတချို့ ဖြတ်ပြေးသွားသည်။

“အာ…”

နံရံမှ စာလုံးများက သူ့အား စိတ်လှုပ်ရှားသွားစေသည်။

“အခန်း ၈၅ က နံပါတ် ၂ အံ့ဖွယ်ဓားသိုင်း၊ ရေပြာလှိုင်းဓားသိုင်းအတွက် ဝိညာဉ်ကျောက်တုံး ၅၀၀ သုံးပါမယ်”

‘ရေပြာလှိုင်း…’

သူက ထိုဓားသိုင်းကို ယမန်နေ့က တတ်မြောက်ခဲ့သည်။

သူက ထိုစာတန်းအား သွားရောက်ကာ လက်ဖြင့် ထိလိုက်လျှင် စာတန်းမှာ ပျောက်ကွယ်သွား၏။ ဆိုလိုသည်က သူက ထိုတာဝန်ကို လက်ခံလိုက်သည်။

ဟန်မူယဲ့သည် အခန်းနံပါတ် ၈၅ ရှေ့သို့ ရောက်လာကာ တံခါးကို တွန်းဖွင့်လိုက်၏။

အခန်းထဲတွင် အတွင်းစည်းဂိုဏ်းဝတ်စုံဖြင့် လူငယ်တစ်ယောက် ဟန်မူယဲ့အား လှမ်းကြည့်ကာ မျက်မှောင်ကြုတ်သည်။

“စီနီယာအစ်ကို… ခင်ဗျားကို အတွင်းစည်းဂိုဏ်းထဲမှာ မမြင်ဖူးပါဘူး”

ဟန်မူယဲ့က အသာအယာပြောသည်။

“မင်းက အတွင်းစည်းဂိုဏ်းသား ၃၀၀၀ကျော်လုံးကို သိတာလား”

“အဲလိုမဟုတ်…”

လူငယ်၏အမူအရာက စိုးရိမ်ဟန် ပေါက်နေသည်။ သူက ဆက်မပြောရသေးခင်ပင် ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ပြောသည်။

“မင်းက ရေပြာလှိုင်းဓားသိုင်းကို သရုပ်ပြစေချင်တာမလား”

လူငယ်က ခေါင်းညိတ်သည်။

ဟန်မူယဲ့က လူငယ်၏လက်ထဲမှ ဓားကို တစ်ချက်ကြည့်ကာ လက်ဆန့်တန်းသည်။

“ငါ့ကို ဓားပေး…”

All Chapters