← Chapters

ကြေးမုံ၏အရှိန်အဝါ

Vol. 104 Ch. 1446

ကြေးမုံ၏အရှိန်အဝါ

Vol. 104 Ch. 1446

မန်ဟို့အတွက် အအံ့ဩစရာအကောင်းဆုံးမှာတော့  .... လူပေါင်းမရေမတွက်နိုင်အောင် မြင်နေရခြင်းပင်။

ယောက်ျားမိန်းမ၊ ကလေးလူကြီးမရွေး ကျင့်ကြံသူများစွာ ရှိနေသည်။ ဤလူများအတွက် သာမန်နေ့လေးတစ်နေ့အလား နိစ္စဒူဝကိစ္စများကို လုပ်ဆောင်ရင်း သွားလာနေကြလေသည်။

ခေါင်းလောင်းသံများ တဒေါင်ဒေါင်မြည်နေပြီး စကားသံများ ဆူညံနေသည်။ တာအိုဆရာများသည် တောင်ထိပ်ရှိ ဂိုဏ်းများတွင် တရားဟောနေကြ၏။

ဤနေရာတွင် သေမျိုးမရှိပေ။ ကျင့်ကြံသူများသာ မြေထုတစ်ခုလုံးအပြည့် နေထိုင်နေကြသည်။ ဤနေရာရှိလူတိုင်းသည် မည်သည့်အဆင့်အတန်းပင်ဖြစ်စေ ကျင့်ကြံခြင်းကို လိုက်စားကြ၏။

ဤလူများသည် နွေးထွေးဖော်ရွေကြ၏။ ရက်စက်ကြမ်းကြုတ်မှုမရှိ။ လူတိုင်းလူတိုင်း ပြုံးပျော်ရွှင်နေကြသည်။ တိုက်ပွဲရန်ပွဲများ၊ ရန်ငြိုးများ သို့မဟုတ် သဘောထားမတိုက်ဆိုင်မှုများ ရှိကောင်းရှိလိမ့်မည်၊ သို့သော် တစ်နေရာလုံးသည် စည်ကားသိုက်မြိုက်နေ၏။

အရည်အသွေးမြင့်သော အင်မော်တယ်ချီများလည်း သိပ်သည်းနေပြီး ဧရိယာတစ်ခုဆိုလျှင် အဖိုးထိုက်ဆုံးပစ္စည်းများကို စိုက်ပျိုးဖို့ သီးသန့်ပင် ဖယ်ခံထားရကြောင်း မန်ဟို တွေ့လိုက်ရသည်။

မရေမတွက်နိုင်သော အင်မော်တယ်တယ်သတ္တဝါများသည် ကောင်းကင်ထက်၌ မြူးထူးပျော်ပါးနေပြီး ရယ်မောပျော်ရွှင်သံများကား ပျံ့လွင့်လျက်ရှိချေ၏။ တစ်နေရာတွင် အင်မော်တယ်ကြိုးကြာတစ်ကောင်က မန်ဟို့ဘေးမှ ဖြတ်ပျံသွားပြီး.... သူ့ကို စပ်စပ်စုစု လှည့်ကြည့်လေသည်။

ထိုအကြည့်တစ်ချက်က သူ့စိတ်အား ချာချာလည်သွားစေသည်။

“ဒါက ပုံရိပ်‌ယောင်မဟုတ်ဘူး။ ငါ မြင်နေရတာက သွေးလေချောက်ချားနေတာမဟုတ်ဘဲ ... အစစ်အမှန်တဲ့လား။ ငါ တကယ်ပဲ ဒီမြေထုနဲ့အတူ ရှေးခေတ်ကို ပြန်ရောက်သွားတာလား” မန်ဟို အံ့ဩနေသည့်အချိန်မှာပင် ကျန်ကျင့်ကြံသူများလည်း အလားတူအံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေကြသည်။

ပတ်ပတ်လည်ရှိ အရာအားလုံးသည် သာယာလှပပုံ‌ပေါ်သော်လည်း ထိုအလှတရား၏အတွင်း၌ အလွန်ကြီးမားသောအန္တရာယ်ကြီး ငုပ်လျှိုးနေကြောင်း မန်ဟို ခံစားနေရ၏။

မည်သည့်အရာက အလွန်အန္တရာယ်များနေမှန်း သူ မသိသော်လည်း စဉ်းစားနေရန် အချိန်မရပေ။ သူသည် အသက်ပြင်းပြင်းရှူရင်း အရှိန်တင်ကာ အနှစ်သာရ ၈ ခုပါရာဂွန်များကို ဖြတ်ကျော်သွား၏။

အကုန်လုံး တတ်နိုင်သမျှအရှိန်တင်ဖို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ထုတ်နေကြသည်။ အချိန်တစ်ခုအထိ သူတို့ ပျံသန်းနေပြီးနောက် ပတ်ဝန်းကျင်ရှိ အဆောက်အဦးအားလုံး အကောင်းပကတိပြန်ဖြစ်သွားသည်။ တောင်များမြစ်များသာမက မြေထုတစ်ခုလုံး၏အရှိန်အဝါပင်လျှင် ရှေးခေတ်၏အရှိန်အဝါ ဖြစ်သွား၏။ ဤကမ္ဘာရှိ လူတိုင်းအား မျက်ဝါးထင်ထင်မြင်လာရလေသည်။ ဤအခိုက်အတန့်တွင် မန်ဟိုတို့ကား တံတား၏အစပ်ကို လှမ်းမြင်လိုက်ရချေပြီ။

ယခင်က တံတားသည် အသွေးအသားအဖြစ် တည်ရှိခဲ့သော်လည်း ယခုမူ အင်မော်တယ်ချီများ စိမ့်ဝင်ပြည့်သျှံနေလျက် အင်မော်တယ်တံတားတစ်စင်းဖြစ်နေ၏။ တံတားပေါ်တွင် ရယ်ရယ်မောမော စကားပြောကြသူများရှိပြီး သူတို့က မန်ဟိုတို့ကို သတိထားမိလျှင် ရပ်၍ လှမ်းကြည့်ကြသည်။

သူတို့ထဲမှ တစ်ယောက်က လူငယ်လေးတစ်ဦး ဖြစ်လေသည်။ သူ စကားပြောလိုက်သောအခါ သူ့အသံသည် ကြည်လင်ပြတ်သားပြီး တည်ကြည်မှုအပြည့်ရှိ၏။ “တဆိတ်လောက်ပါခင်ဗျာ ။ တာအိုရောင်ရင်းတို့ ဘာကြောင့် ဒီလောက်အလောတကြီးဖြစ်နေတာလဲ ကျုပ် မေးလို့ရမလား”

သူ၏စကားက မန်ဟို့မျက်နှာကို ခက်ထန်သွားစေသည်။ ကျင်ယွင်ရှန်း၏မျက်လုံးများ မှေးကျဉ်းသွားပြီး ရှကျုံတုံးနှင့် ဂိုဏ်းချုပ်၏မျက်နှာများလည်း ရိပ်ခနဲ ဖြစ်သွား၏။ လူတိုင်း ပင့်သက်ရှိုက်ကုန်ကြလေသည်။

သူတို့ရောက်နေသော မြေထုသည် အတိတ်ခေတ်သို့ ပြန်ရောက်သွားခဲ့ပြီး သူတို့တဟုန်ထိုး ပျံသန်းနေသည်ကို အထူးအဆန်းသဖွယ် ကြည့်နေခဲ့သောလူများကို မြင်ခဲ့သော်လည်း .... ထင်ယောင်ထင်မှားမျှသာဟု မျှော်လင့်ထားခဲ့၏။

သို့သော် ယခုတော့ ဤကမ္ဘာ၏လူများက သူတို့ကို အမှန်တကယ် စကားပြောနေကြရာ ရှေးခေတ်သို့ အမှန်တကယ်ပြန်ရောက်သွားကြောင်း သဘောပေါက်လိုက်တော့သည်။

“ရှေးခေတ်... ရှေးခေတ်....” မန်ဟို ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် တစ်စုံတစ်ခုကို တွေးမိလိုက်သည်.... ပန်းချီများမှတစ်ဆင့် မြင်ခဲ့ရသော မြင်ကွင်း။ သူ့မှာ ရုတ်တရက် အသက်ရှူသံများ မြန်လာတော့သည်။ ထို့နောက် သူသည် ကောင်းကင်ကို မော့ကြည့်၍ မျက်နှာပျက်သွား၏။

“ဒီက အခုချက်ချင်း ရအောင်ထွက်ကြ” သူက ကျယ်‌လောင်စွာ အော်သည်။ “ဘာနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ထွက်ကြ... မဟုတ်ရင် ငါတို့ သေရလိမ့်မယ်” စကားလုံးများ ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် သူသည် လက်ဝှေ့ယမ်းရင်း သူ၏ငယ်သား အနှစ်သာရ ၈ ခုပါရာဂွန်နှစ်ယောက်အား သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

သူ၏ငယ်သားနှစ်ယောက်မှာ သူ ယခုလိုပြုမူသည်ကို တစ်ခါမှမမြင်ခဲ့ဖူး၍ မရုန်းကန်ကြပေ။ မန်ဟိုက သူတို့ကို သိုလှောင်အိတ်ထဲ ထည့်ပြီးနောက် လျှာထိပ်ကိုက်ကာ သွေးတစ်ပွက်ထွေးသည်။ ထို့နောက် ရွှေတုန်းလျှို၏အမွေမှ ရရှိခဲ့သော ထွက်ပြေးခြင်းမှော်အစွမ်းတစ်ခုက သူ၏အရှိန်ကို ကြောက်ခမန်းလိလိ မြှင့်တင်ကာ သူ့အား တံတားအပေါ် ချက်ချင်း ရောက်ရှိသွားစေသည်။ သူ တဟုန်ထိုး ထွက်သွားသဖြင့် လေပြင်းတစ်ချက်ပင် တိုက်ခတ်သွားလေသည်။

မန်ဟို့စကားက ကျန်ရှိသူတိုင်းအား ရင်ထဲထိတ်ခနဲ ဖြစ်သွားစေ၏။ သူ သူတို့ကို လှည့်စားနေသည်လား စဉ်းစားနေရန် အချိန်မရှိပေ။ ဖြစ်ပျက်နေသောအရာအားလုံးက ထူးဆန်းလွန်းသည်မဟုတ်ပါလော။ သူတို့လည်း တံတားဆီ ရောက်ဖို့ မည်သည့်အရာကိုထိမ်ချန်မထားဘဲ သူတို့၏နတ်ဘုရားစွမ်းရည်များကို ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏။

တံတားပေါ်ရှိ လူငယ်က မျက်မှောင်ကြုတ်လျက် အေးစက်စက်နှာမှုတ်သည်။ သူသည် လက်နှစ်ဖက်လုံးကို ဆန့်တန်းပြီးနောက် လမ်းအား တားရန်ပြင်လိုက်စဉ်မှာပဲ မိုးခြိမ်းသံကဲ့သို့ အသံတစ်သံ ပဲ့တင်ထပ်လာ၏။

မိုးခြိမ်းသံက ကျင့်ကြံသူအားလုံးကို ချာချာလည်သွားစေပြီး သူတို့၏ခန္ဓာကိုယ်များကို တဆတ်ဆတ် တုန်လာစေသည်။ မန်ဟိုလည်း ထိုနည်းတူပင်။ သူ၏သံသယအားလုံး ခိုင်မာသွားသဖြင့် သူ့မျက်နှာပျက်သွားသည်။

ယနေ့က .... လောကပါလနတ်မင်း၏လက်ချောင်း ဤကမ္ဘာကို ဖျက်စီးခဲ့သောနေ့ဖြစ်ကြောင်း သူ သေချာသွားလေပြီ။

စောစောက နဝမမြေထုမှလည်း တစ်စုံတစ်ယောက် ပြစ်ဒဏ်တစ်ခုအား ရင်ဆိုင်နေသကဲ့သို့ အခိုးအငွေ့များကို သူ ခံစားခဲ့ရ၏။

ရုတ်တရက် မိုးကောင်းကင်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လာပြီး မိုးခြိမ်းသံသည် တဂျိန်းဂျိန်းမြည်ဟည်းလာ၏။ မိုးနှင့်မြေမှာ ပြင်းထန်စွာ တုန်ရီနေပြီး ဤကမ္ဘာထဲရှိ သက်ရှိအားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။ တံတားပေါ်ရှိ လူငယ်လည်း မန်ဟိုတို့ကို အရေးမလုပ်တော့ဘဲ မိုးကောင်းကင်အား တအံ့တဩ မော့ကြည့်လိုက်သည်။

မန်ဟိုက လူငယ်၏ဘေးမှ လျှပ်စီးလို ဖြတ်သွားပြီး သူ တံတား၏အဆုံးသို့ ရောက်သွားသည့်အချိန်မှာပင် အအေးဓာတ်သည် စိမ့်အေးလာ၏။

တွေးပင်မတွေးမိလိုက်ဘဲ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ .... မြေထုအားလုံး တသိမ့်သိမ့်တုန်ခါနေသည်ကို သူ မြင်လိုက်ရသည်။ ဧရာမလက်ချောင်းကြီးက အပေါ်မှ ကျဆင်းလာနေသဖြင့် .... တောင်တန်းမြစ်ချောင်းအားလုံး တဝုန်းဝုန်းလှုပ်ခတ်နေချေပြီ။

လက်ချောင်းသည် မိုးကောင်းကင်တစ်ခုလုံးအပြည့် နေရာယူထားသည့်တိုင်အောင် ကြီးမားလှ၏။ သက်ရှိသတ္တဝါအားလုံး၏မျက်လုံးထဲတွင် ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည်။

မန်ဟို့အတွက်လည်း လက်ချောင်းကို ကြည့်ရုံလိုက်ရုံလေးကတင် သူ့အပေါ် ဖိအားသက်ရောက်လာစေသည်။ သူ့ခေါင်းမှာ ဆူးအပ်များဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ နာကျင်နေပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်သွား၏။

“ဒီစွမ်းအားရဲ့အဆင့်က စောစောက လောကပါလနတ်မင်းကို ငါ ရင်ဆိုင်ခဲ့တုန်းကထက် အများကြီးပိုမြင့်တယ်။ ပန်းချီတွေကနေတစ်ဆင့် ငါ မြင်ခဲ့ရတာတွေအပေါ် အခြေခံရင် ဒီအချိန်အပိုင်းအခြားက ... လောကပါလနတ်မင်း စွမ်းအားအမြင့်ဆုံးအဆင့်မှာ ရှိနေတဲ့အချိန်ပဲဖြစ်ရမယ်”

သူသည် သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏အမြန်နှုန်းကို ပို၍ပင်တွန်းတင်လိုက်နိုင်၏။ သူ တံတားကို ဖြတ်သွားသည့်အချိန်မှာပင် ဂိုဏ်းချုပ်၊ ကျင်ယွင်ရှန်း၊ ဒုတိယပါရာဂွန်၊ ရှကျုံတုံးနှင့် ကျန်ရှိသူတိုင်းလည်း တံတားအပေါ် နင်းလိုက်ကြသည်။

မည်သူမှစကားမပြော။ သူတို့သည် တံတားကို ဖြတ်၍ သင်္ချိုင်း၏ထွက်ပေါက်ထံ ရောက်ဖို့ အရှိန်အသားကုန်တင်နေကြ၏။

ကျင်ယွင်ရှန်းက ချက်ချင်းဆိုသလို ရွှေရောင်နေတစ်စင်းအသွင် ပြောင်းကာ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ထွက်သွားသဖြင့် သူ့အနောက်၌ ပုံရိပ်များသာ ကျန်ခဲ့လေသည်။ ရှကျုံတုံးက ကိုယ်ကိုကျုံ့လျက် သဲစီးကြောင်းတစ်ကြောင်းဖြစ်လာပြီး လေနှင့်အတူ တဟုန်ထိုးထွက်သွားတော့သည်။

ဂိုဏ်းချုပ်သည် အသက်ပြင်းပြင်းရှူ၍ ခြေတစ်လှမ်းလှမ်း၏။ ထိုခြေလှမ်းက သူ့အား အရှေ့မီတာအနည်းငယ်မျှသာ ခေါ်ဆောင်သွားခဲ့သယောင်ထင်ရသော်လည်း အမှန်တွင် မီတာ ၃၀၀၀၀ တိတိ ရောက်ရှိသွားခြင်းဖြစ်သည်။ သူကား မြေထုတစ်ခုလုံး၏အကွာအဝေးကို ချုံ့နိုင်ခဲ့သည့်အလားပင်။

လူတိုင်း နည်းလမ်းပေါင်းစုံသုံးလျက် ထွက်ပေါက်ထံ အမြန်ဆုံးသွားနေကြသည်။ ဤအခိုက်အတန့်တွင် သူတို့အနောက်၌ လက်ချောင်းကြီးသည် ပထမမြေထုအပေါ် ရောက်ရှိလာခဲ့လေပြီ။

ထိုလက်ချောင်းက ကမ္ဘာကြီးတစ်ကမ္ဘာသဖွယ် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ကျဆင်းလာရင်း မီးတောက်လာသည်။ မီးတောက်များသည် လက်ချောင်းထိပ်မှ စတောက်လာပြီး ထိုအချိန်မှာပဲ ဒေါသတကြီးဟိန်းဟောက်သံတစ်သံက အဝေးမှ ပဲ့တင်ထပ်လာ၏။

“လောကပါလနတ်မင်း” အသံသည် အမျက်လည်းထွက်၊ နာလည်းနာကျင်နေပုံရ၏။ ၎င်း ပဲ့တင်ထပ်နေစဉ် လက်ချောင်းကား ... မြေထုနှင့် ထိသွားလေပြီ။

မြေထု၏မျက်နှာပြင်တစ်ခုလုံး စိစိညက်ညက်ကြေသွားသည်။ ဂိုဏ်းများ ဖိခြေခံလိုက်ရပြီး တောင်များ ပြားပြားဝပ်ကုန်သည်။ မြို့များ၊ ရုပ်တုများ ပြိုလဲသွားပြီး သစ်ပင်အားလုံး ပြာကျကုန်သည်။

ထိုမြေထုပေါ်တွင် နေထိုင်သူများလည်း ထိုအခိုက်အတန့်မှာပင် အသတ်ခံလိုက်ကြရသည်။ သူတို့အားလုံး ပြန်တိုက်ခိုက်ဖို့ အသာထား၊ အသက်ထွက်လို့ထွက်မှန်းမသိ ထွက်သွားကြလေသည်။ သူတို့ခန္ဓာကိုယ်များသည် ... ချက်ချင်းဆိုသလို မှုန့်မှုန့်ညက်ညက် ကြေကုန်၏။

ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း မြေထုတစ်ခုလုံးမှာ ... သုဿန်တစပြင်ပမာ ဖြစ်လာတော့သည်။ အင်မော်တယ်သတ္တဝါများ ၊ အဖိုးထိုက်ပစ္စည်းများ၊ အရာအားလုံး ပျောက်ကွယ်ကုန်သည်။

လူငယ်အပါအဝင် တံတားပေါ်ရှိ အုပ်စုမှာလည်း အပိုင်းပိုင်းပြတ်ထွက်ကုန်သည်။ သူတို့၏အသွေးအသားတို့က တဖွားဖွားလွင့်စင်ထွက်သွား၍ တံ့တားအား အသားစများ၊ ကလီစာများအပြည့်ဖြင့် နီရဲသွားစေသည်။

မမြင်ရသောတုန်ခါလှိုင်းတစ်လှိုင်း ထိလိုက်သမျှ အရာအားလုံးကို ဖျက်စီးရင်း ဖြာထွက်နေသည့်အလားပင်။

တုန်ခါလှိုင်းသည် မြေထု၏နယ်စပ်များကို ဖြတ်ကျော်ကာ အပြင်တွင် ပျံဝဲနေသော မြို့များထံ ရောက်ရှိသွား၏။ ၎င်းတို့အားလုံး ပျက်စီးသွားပြီး လူတိုင်း သေဆုံးကုန်ကြလေသည်။

မန်ဟိုနှင့် အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများလည်း အသက်လုပြေးနေကြသည်။

အနှစ်သာရ ၈ ခုပါရာဂွန်တစ်ယောက်မှာ အတန်ငယ်နှေးသွား၍ တုန်ခါလှိုင်း၏ ရိုက်ခတ်ခြင်းခံလိုက်ရသည်။ သူ့မှာ တုန်ရီလာပြီးနောက် ပြာကျသွား၏။ ကျန်ရှိသူများမှာ ထိုအခြင်းအရာကို မြင်လျှင် ကြောက်ဒူးတုန်သွားကြသည်။ လာနေသောတုန်ခါလှိုင်းကို လှည့်ကြည့်ရင်း အကုန်လုံး အရှိန်တင်ဖို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထုတ်ကာ မှော်ပစ္စည်းများကိုပင် ဖောက်ခွဲလိုက်ကြ၏။

မန်ဟိုကတော့ အမြန်ဆုံးဖြစ်သည်။ ထွက်ပေါက်အနားရောက်လာစဉ် အဝေးရှိ မြေထုတစ်ခုမှ စူးစူးဝါးဝါးအော်သံနောက်တစ်သံကို သူ ကြားလိုက်ရ၏။

“လောကပါလနတ်မင်း” ဤတစ်ခေါက် လေသံက မတူ။ ၎င်းတွင် ဝမ်းနည်းမှု၊ ခံပြင်းမှုနှင့် ကမ္ဘာမကြေသော အငြိုးတို့ ပါရှိနေသည်။ ထိုအခိုက်၌ တစ်ကမ္ဘာလုံးကား အေးစိမ့်လာလေသည်။

ထိုစကားလုံးများက တစ်ကမ္ဘာလုံးတွင် ဘယ်တော့မှ အခဲကြေမည်မဟုတ်သော အမုန်းတရားတို့ ပြည့်နှက်သွားစေသည်။

မန်ဟိုက ပြန်လှည့်မကြည့်ဘဲ ထွက်ပေါက်ထဲ ဝင်လိုက်၏။ သင်္ချိုင်းမှ သူ ထွက်သွားတော့မည့်အချိန်မှာပဲ အလွန်ရင်းနှီးသောအငွေ့အသက်များကို သူ ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူသည် ခြေစုံရပ်ကာ ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်၏။

ထိုသို့လှည့်ကြည့်လိုက်သောအခါ နဝမမြေထုမှအလင်းတန်းတစ်တန်းသည် ဧရာမလက်ချောင်းကြီးထံ တဟုန်ထိုးသွားနေသည်ကို တွေ့လိုက်ရ၏။ ထိုအလင်းတန်းထဲတွင် ... ကြေးမုံတစ်ချပ် ရှိနေသည်။

ထိုကြေးမုံအတွင်းတွင်တော့ မျက်လုံးများ လျှပ်စီးသဖွယ်လင်းလက်နေသော ရောင်စုံကြက်တူရွေးတစ်ကောင်ကို မြင်ရလိမ့်မည်။ ကြက်တူရွေးက လောကပါလနတ်မင်း၏လက်ချောင်းအား ခေါင်းဖြင့် ဝင်တိုက်လိုက်လေသည်။ ထိုမြင်ကွင်းသည် အမှန်တကယ် ရင်သပ်ရှုမောဖွယ်‌ ကောင်းပေ၏။

“ကြေးမုံ...” မန်ဟို ချာချာလည်သွားသည်။ ကြေးမုံကို ဤနေရာတွင် မြင်ရလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။

All Chapters