← Chapters

ဂိုဏ်းချုပ်၊ ဂိုဏ်းသားရဲ့ အဆိပ်ကရော..

Vol. 6 Ch. 83

ဂိုဏ်းချုပ်၊ ဂိုဏ်းသားရဲ့ အဆိပ်ကရော..

Vol. 6 Ch. 83

သူ ပထမဆုံးခြေလှမ်းလှမ်းလိုက်သည်တွင် သွေးနှင့်ချီတို့ တပွက်ပွက်ဆူလာပြီး သူသည် သက်လတ်ပိုင်းအရွယ် မဟုတ်တော့ဘဲ ဆယ်ကျော်သက်တစ်ဦးဖြစ်သွားကာ ယခင်ကထက် သုံးဆပို၍ မြန်ဆန်နေချေသည်။

သူက ဒုတိယခြေလှမ်းကို လှမ်းပြီး သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။ သူကား မွေးကင်းစကလေးငယ်တစ်ဦးအသွင် ပြောင်းသွားခဲ့သဖြင့် သူ၏ဝတ်ရုံများ ပြုတ်ကျလာသည်။ ထပ်မံ၍ သူ၏မြန်နှုန်းသည်  သုံးဆတိုးသွားသည်။ သူ၏ခန္ဓာကိုယ်မှာ ဤအချိန်တွင် ထိုးဖောက်မြင်ရလုနီးပါးဖြစ်နေပြီး သုံးရောင်ခြယ်အလင်းရောင်က သူ့ကို လွှမ်းခြုံထားသည်။

တတိယခြေလှမ်းတွင် သူ၏မွေးကင်းစကလေးခန္ဓာကိုယ်သည် လည်နေသော အမြုတေအဖြစ်သို့ ကျုံ့ဝင်သွားခဲ့လေပြီ။ နောက်တစ်ဖန် သူ၏ အမြန်နှုန်း သုံးဆတိုးသွားကာ သူက ဝဲဂယက်ထွက်ပေါက်ထံသို့ ပြေးဝင်သွားသည်။

ဤလူသုံးဦးလုံးသည် အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်များ ဖြစ်ကြသည်။ သိသာထင်ရှားစွာပင် သူတို့သည် ကြိုတင်ပြင်ဆင်မှုများ အသေအချာမပြုလုပ်ထားဘဲ ဤမျှ အန္တရာယ်ရှိသည့်နေရာသို့ လာမည် မဟုတ်ပေ။ သေဆုံးခဲ့ပြီးသောအခြားသူများအတွက်မူ အရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းသာ ဖြစ်သည်။ ဤသုံးဦးမှ တစ်ဦးသာ လွတ်မြောက်ခဲ့လျှင်တောင်မှ သူသည် တောင်ပိုင်းဒေသရှိ ဂိုဏ်းကြီးများမှ အဆင့်မြင့်ပညာရှင်များထံ သတင်းဖြန့်နိုင်ပြီး သူတို့က မှီခိုရာဂိုဏ်းချုပ်ကို သတ်ဖြတ်ရန် လာရောက်ကြမည်ဖြစ်သည်။

ဤအရာအားလုံး ဖော်ပြရန်အချိန်အနည်းငယ်ယူရသော်လည်း အလွန့်အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ သူတို့သုံးယောက် လွတ်မြောက်ရန်ကြိုးစားနေစဉ် ထျန်ကျီးအရှင်က မျက်လုံးတဖျပ်ဖျပ်လက်နေရင်း မလှုပ်မယှက်နေရစ်ခဲ့ရန် ရွေးချယ်လိုက်သည် ။ သူ၏ ညာလက်က ဂါထာမန္တယားဆိုင်ရာ မုဒြာဟန်တစ်ခု လက်သွားသည်။ သူ၏ဝတ်ရုံပေါ်ရှိ မျက်လုံးကြီး ရုတ်တရက်အသက်ဝင်လာ၏။ ၄င်းထံမှ အလင်းတန်းသည် မှီခိုရာဂိုဏ်းချုပ်မဟုတ်ဘဲ ထွက်ပြေးနေသော အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူသုံးယောက်အား ပစ်မှတ်ထား၍ ပြေးဝင်သွားသည်။

“မင်း ဘောင်ကျော်လိုက်ပြီ” မှီခိုရာဂိုဏ်းချုပ်က အံ့သြတုန်လှုပ်ဖွယ် အသံနက်ကြီးဖြင့် ပြောသည်။ သူက မြေကြီးပေါ် ခြေဆောင့်လိုက်သဖြင့် လှိုင်းဂယက်များ ပျံ့နှံ့သွားသည်။ ထွက်ပြေးလွတ်မြောက်ခါနီးဖြစ်သော ချွိရွှယ်ဂိုဏ်းကျင့်ကြံသူမှာ ရုတ်တရက် စတုတ္ထဆီမီးအိမ်အတွင်းသို့ ဖိချခံလိုက်သဖြင့် ထိတ်လန့်ချောက်ချားဖွယ်အော်သံကြီး လေတွင် ပြည့်နှက်သွား၏။

တစ်ချိန်တည်းမှာပင် မှီခိုရာဂိုဏ်းချုပ် ၏ညာလက်က မြေပြင်ကို ရိုက်ချလိုက်သည်။ မြေပြင်ကား တသိမ့်သိမ့်တုန်ခါသွားပြီး တားမြစ်မန္တန်တစ်ခု ထွက်ပေါ်လာပြီး ၄င်းထံမှ ပါးလှပ်သော အနက်ရောင်အလင်းစုတစ်စု ပျံထွက်လာကာ အနက်ရောင် ဦးခေါင်းခွံအဖြစ် ပြောင်းသွားသည်။ ဦးခေါင်းခွံသည် မှီခိုရာဂိုဏ်းချုပ်ပတ်လည်တွင် စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေပြီး နောက် နေရာရွှေ့ပြောင်းရေး ကျောက်စိမ်းပြား မှတစ်ဆင့် လွတ်မြောက်ရန်ကြိုးစားနေသော ကျင့်ကြံသူထံသို့ ပြေးဝင်သွားသည်။

နေရာရွှေ့ပြောင်းခြင်း လှိုင်းဂယက်များပျံ့နှံ့လာစဥ် အနက်ရောင် ဦးခေါင်းခွံသည် ကောက်ကျစ်စွာ ရယ်ပြီးနောက် ပျောက်ကွယ်သွားသည်။

ထို့နောက် မှီခိုရာဂိုဏ်းချုပ်က သူ၏ဘယ်လက်ကို ဝဲဂယက်ဆီ ဦးတည်သွားနေသော အမြုတေထံသို့ မြှောက်လိုက်သည်။ ၄င်း ဝဲဂယက်ထဲသို့ ဝင်ရောက်တော့မည်ဟုထင်ရချိန်မှာပင် သွေးပျက်ဖွယ်အသံနက်ကြီး ထွက်ပေါ်လာပြီး အမြုတေ ပေါက်ကွဲသွားသည်။ သို့သော် ပေါက်ကွဲမှုစွမ်းအားကား မှီခိုရာဂိုဏ်းချုပ််ဆီသို့ ပြန်လည်ပျံသန်းလာသည်။

သူက ၄င်းကို ဆတ်ခနဲဖမ်းဆုပ်လိုက်ရာ အဖြူရောင်အလင်းအတွင်း၌ အကြောက်အကန် ရုန်းကန်နေသော ကျင့်ကြံသူ ၏ခန္ဓာကိုယ်သဏ္ဍာန်ကို မြင်နိုင်လေသည် ။ မှီခိုရာဂိုဏ်းချုပ် က အဖြူရောင်အလင်းကို ဖိညစ်လိုက်၍ ၄င်းသည် သုံးရောင်ခြယ် အမြုတေအဖြစ် တဖြေးဖြေး စုခဲသွားသည်။ သူက အင်္ကျီလက်စကိုဝှေ့ယမ်းပြီး ၄င်းကို ပဉ္စမဆီမီးအိမ်ထံ ပို့လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် လောလောဆယ် ထျန်ကျီးအရှင်၏ဝတ်ရုံပေါ်ရှိ မျက်လုံး မှ ပစ်လွှတ်နေသော အလင်းကို ဝင်တိုက်ရင်း ဘယ်လက်ကို ဝှေ့ယမ်းလိုက်သည်။

ပေါက်ကွဲသံတစ်သံ လေတွင် ပြည့်နှက်သွားပြီး မြေပြင်ကို ဖုံးအုပ်နေသည့် တားမြစ်မန္တန်အပေါ်တွင် အက်ကြောင်း များစွာ ပေါ်လာသည်။ ထျန်ကျီးအရှင်၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာပြီး မျက်နှာဖြူဆုပ်သွားသော်လည်း သူ၏မျက်လုံးများတွင် ကြောက်ရွံ့ထိတ်လန့်မှု စိုးစဉ်းမျှပင် မရှိရပေ။ ထိုအစား သူလျင်မြန်စွာ နောက်ဆုတ်သွားချိန် ၄င်းတို့သည် ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေ၏။

အသက်စွမ်းအား အမြောက်အမြား မှီခိုရာဂိုဏ်းချုပ်ဆီ စီးဆင်းသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက် သွားသည်။ သူ၏မျက်နှာသည် အလုံးစုံနီးပါး ပြန်လည်ကောင်းမွန်လာလေပြီ။ သူက လက်နှစ်ဖက်ကျောနောက်ပစ်ရင်း ထျန်ကျီးအရှင်ကို ရပ်ကြည့်နေသည်။

“မင်းက ဘယ်သူ့ရဲ့ အနုသုခုမရုပ်ခန္ဓာအဆင့် ကိုယ်ပွားလဲ။ ငါ့ကို အကောက်ကြံတဲ့ အမြုတေဖြစ်တည်မှုအဆင့် ခွေးကောင်တွေနဲ့ ရောနေရဲတယ်ပေါ့”

“ မှီခိုရာဂိုဏ်းချုပ် ခင်ဗျားတကယ် ခင်ဗျားဂုဏ်သတင်းအတိုင်းပါပဲ “ ထျန်ကျီးအရှင် က ပြုံးရင်း အက်ကွဲသံဖြင့် ဆိုသည်။ “တစ်ချက်ကြည့်ရုံနဲ့ ကျုပ်က ကိုယ်ပွားဆိုတာ ပြောနိုင်တာပဲ။ ဒါပေမဲ့ ကျုပ် အခု ခင်ဗျားကို အကောက်ကြံဖို့ လာတာမဟုတ်ဘူး ။ ကျုပ်မပါဘဲ ဒီ အမြုတေ ဖြစ်တည်မှုအဆင့်ကျင့်ကြံသူတွေ ဒီကိုလာရဲမှာ မဟုတ်ဘူး။ တကယ်တော့ ကျုပ် ခင်ဗျားနဲ့ဆွေးနွေးချင်တဲ့ မိုးကောင်းကင်ကံကြမ္မာနဲ့ဆက်စပ်နေတဲ့ ကိစ္စတစ်ခုရှိလို့ပါ “ သူစကားပြောနေစဥ် သူ၏နှုတ်ခမ်း အနည်းငယ်တုန်သွားသည်။

မှီခိုရာဂိုဏ်းချုပ်က အတွေးနက်နေသောအကြည့်ဖြင့် မျက်မှောင်ကြုတ်သွားသည်။

ရုတ်တရက် သူတို့အပေါ်တွင် အနက်ရောင် ရှိသော အရာတစ်ခု ရိပ်ခနဲ လှုပ်ရှားသွား၏။ အရိုးခေါင်းပျံကြီး ပြန်ပေါ်လာလေပြီ။ ၎င်း၏ပါးစပ်ထဲတွင်ကား သုံးရောင်ခြယ် အမြုတေတစ်ခု။ ၄င်းက မှီခိုရာဂိုဏ်းချုပ် ၏ ဘေးသို့ ပျံသန်းသွားသည်။ သူက အင်္ကျီလက်ကို ခါလိုက်သောအခါ အမြုတေသည် ဆဋ္ဌမဆီမီးအိမ်ကို လင်းသွားစေ၏။။

အဖြစ်အပျက်အလုံးစုံကို ကြည့်နေရင်း မန်ဟိုမှာ ရင်တဒိန်းဒိန်းခုန်နေသည်။ သူက ထျန်ကျီးအရှင်ကို ကြည့်လိုက်သည်။ တကယ်တမ်း ထျန်ကျီးအရှင်မှာ ကိုယ်ပွားတစ်ခုသာ ဖြစ်သည့်တိုင် ထိုကိုယ်ပွားက အနုသုခုမရုပ်ခန္ဓာအဆင့်တွင်ဖြစ်နေချေသည်။ သူ၏ပြောစကားကို ကြားလိုက်ရသည့်အခါ ဤနေရာရှိ အဖြစ်အပျက်များမှာ သူထင်ထားသည်ထက်ပိုပြီး ရှုပ်ထွေးကြောင်း မန်ဟို သဘောပေါက်သွား၏။

“သူ့ကိုယ်ပွားက အနုသုခုမရုပ်ခန္ဓာအဆင့်ဆိုရင် .... ကိုယ်အစစ်က ဘယ်အဆင့်လဲ” မန်ဟိုမှာ မျက်နှာကြီးရှုံ့မဲ့လျက် သုံးရောင်ခြယ်အဆိပ်ဆေးလုံးကို ပြန်စဥ်းစားရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။

မှီခိုရာဂိုဏ်းချုပ် ထျန်းကျီးအရှင် က အပြုံးတစ်ခုဖြင့် ဆိုသည်။ “တောင်ပိုင်းဒေသ ရုန့်ရင်းဆန်ခတ်ဖြစ်ပြီး ပျက်ကိန်းရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်လဲ”

“မင်း ဖွတ်ကြားအင်မိုတယ်လီနဲ့ပတ်သက်တာကို ဆိုလိုတာလား။ ငါ နည်းနည်းလေးတောင် ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းက မင်းရဲ့ အနုသုခုမရုပ်ခန္ဓာနဲ့ ဒီရောက်နေပြီဆိုတော့ ငါလဲ ငါကိုယ်ငါ အားနည်းနည်းဖြည့်ပေးဖို့ အခွင့်အရေးယူရမယ်” သူသည် မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း ရှေ့တစ်လှမ်းတိုးကာ ထျန်ကျီးအရှင်ထံ လက်မြှောက်လိုက်သည်။

“ မှီခိုရာဂိုဏ်းချုပ်၊ ခင်ဗျား တကယ် ရှင်းရှင်းလင်းလင်းတွေးသင့်တယ်နော်။ ခင်ဗျားက သာမန် စိတ်ဝိညာဉ် ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်။ အင်မိုတယ်လီကို တကယ် ဆန့်ကျင်ရဲတယ်လား” မှီခိုရာဂိုဏ်းချုပ် သူ၏လက်ညှိုးအား မြှောက်နေသည်ကို ကြည့်ရင်း ထျန်ကျီးအရှင် မျက်နှာပျက်သွားသည်။ အားကောင်းသောမြူထုတစ်ခု ဖြစ်တည်လာပြီး သူ့ကို ဝန်းရံလိုက်စဥ် ပေါက်ကွဲသံကြီးရိုက်ခတ်သွသည်။ မှီခိုရာဂိုဏ်းချုပ်က အေးစက်စက်နှာမှုတ်လိုက်သည်။

မြူများ ဖွေးဖွေးလှုပ်သွားပြီး ထျန်ကျီးအရှင်၏ဟိန်းဟောက်သံများနှင့်အတူရောနေသော ထစ်ခြုန်းသံသည် ကျင့်ကြုံခြင်းဂူပြိုကျတော့မည့်ပုံပေါ်သည့်တိုင်အောင် မြည်ဟည်းသွား၏။ စစချင်း အနီးအနားရှိ တားမြစ်မန္တန်များ လွင့်စင်ပြိုကွဲတော့မည်ထင်ရသော်လည်း ထိုသို့မဖြစ်နိုင်ခင် ၄င်းတို့က အလိုအလျောက်ပြန်လည်ပြုပြင်လာ၏။

မန်ဟိုမှာ တားမြစ်မန္တန်များ ပြိုပျက်ခြင်းနှင့်ပြုပြင်ခြင်းအကြား မတည်မငြိမ်ဖြစ်နေသည် တအံ့တသြကြည့်နေမိသည်။ မြူငွေ့များက ထျန်ကျီးအရှင်ကို လေထဲ မြင့်မြင့်မြှင့်တက်လိုက်သည်။ မြူခိုးများက တိုးဝှေ့ဝင်ရောက်ပြီး သူ၏ခန္ဓာကိုယ်မှ သွေးများပန်းထွက်လာကာ အဝတ်အစားများအား သွေးသံရဲရဲဖြစ်နေသဖြင့် သူ့မှာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

“မိစ္ဆာအတတ်၊ ဝံပုလွေမီးခိုး” မှီခိုရာဂိုဏ်းချုပ်၏တင်းမာခက်ထန်သောအသံကြီးသည် မြူထုအတွင်း ပျံ့လွင့်လာသည်။ မြူများက ထျန်ကျီးအရှင်ကို ဝါးမြိုနေသယောင်ပင်။ အတွင်းတွင် စူးရှသောအလင်းရောင်တစ်ခု ဖြာထွက်လာပြီး မီးတောက်၊မီးခိုးများ၏ ဝိုးတိုးဝါးတားပုံရိပ်များ မြင်နိုင်သည်။ သို့သော် မည်သည့်အရာကိုမှ သဲသဲကွဲကွဲမမြင်ရ၊ သွေးပျက်ချောက်ချားဖွယ် အော်သံများသာ ကြားနိုင်သည်။

“မှီခိုရာဂိုဏ်းချုပ်၊ ငါ ဒီကိုယ်ပွားမပါဘဲ လုပ်နိုင်ပေမယ့် ငါ့ကိုဝါးမြိုဖို့တော့ လွယ်မယ်မထင်နဲ့”

ပုံရိပ်များနှင့်ခံစားချက်များက မန်ဟို့ကို ပြင်းထန်ရိုက်ခတ်သွားပုံရသည်။ ဤတိုက်ပွဲအား မှော်အတတ်များအဖြစ် ထပ်မံဖော်ပြ၍မရနိုင်တော့ပေ။ ဖော်ပြနိုင်သည့် စကားလုံးများကိုပင် သူမစဥ်းစားနိုင်တော့။ မှီခိုရာဂိုဏ်းချုပ်၏ ထည်ဝါသောအသံကြီးနှင့် ထျန်းကျီးအရှင်၏ ဟိန်းဟောက်သံများက မန်ဟိုအား ဤတိုက်ပွဲသည် အမြုတေ ဖြစ်တည်မှု အဆင့်ထက် မည်မျှကျော်လွန်နေကြောင်း သဘောပေါက်သွားစေသည်။

သူ့မှာ တွေတွေကြီး စိုက်ကြည့်နေမိသည်။ သူ၏စိတ်အစဥ်မှာ ချာချာလည်မူးနောက်နေပြီး လျှောက်လှမ်းရမည့် ဘဝလမ်းကြောင်းတစ်လျှောက် တံခါးအသစ်တစ်ချပ်ပွင့်သွားသည့်အလားပင်။ ဤသည်က စစ်မှန်သောကျင့်ကြံသူဖြစ်ခြင်း။ ဤသည်က မိုးကောင်းကင်ကို ဆန့်ကျင်ဖီဆန်သည့် လမ်းကြောင်းအစစ်အမှန်။ ဤသည်ကား ကျင့်ကြံသူတစ်ယောက်၏ စစ်မှန်သော အစွမ်းသတ္တိ။

ပေါက်ကွဲသံများ ဆက်လက်မြည်ဟည်းနေသည့်အတောအတွင်း အချိန်အနည်းငယ်ကုန်လွန်သွားလေပြီ။ မြူထုသည် ရုတ်တရက် ကျုံ့ပြီးနောက် မှီခိုရာဂိုဏ်းချုပ်ဆီ ပြန်ရောက် ဝန်းရံလိုက်သည်။  နီးနီးကပ်ကပ် ကြည့်ရှုလိုက်သောအခါ မှီခိုရာဂိုဏ်းချုပ်၏ရုပ်သွင်မှာ ထျန်းကျီးအရှင် နှင့် ဆင်နေသည်ကို မြင်လိုက်သဖြင့် မန်ဟို အံ့အားသင့်သွားလေသည်။

မှီခိုရာဂိုဏ်းချုပ်က ထျန်ကျီးအရှင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသယောင်ပင်။ ထို့နောက် ထျန်းကျီးအရှင်၏ရုပ်သွင်မှာ စတင်ပျော်ကျလာကာ နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်အထိ စုပ်ယူခံလိုက် ရသည်။

တိုင်းတာ၍မရလောက်အောင် အနက်ရောင် ချုပ်နှောင်အမှတ်အသားများစွာ  မှီခိုရာဂိုဏ်းချုပ်ပတ်လည််တွင် လှည့်ပတ်နေသည်။ သူက ထိုနေရာတွင် မျောနေစဥ် အတိုင်းထက်အလွန် ထူးခြားဆန်းကြယ်သော လေကို ထုတ်လိုက်သည်။

သူ့လက်ထဲ၌ လူတစ်ယောက်၏ သေးငယ်သောပုံရိပ်ကို ကိုင်ထားသည်။ ၄င်း၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းစွာ တွန့်လိမ်ရှုံ့တွနေသော်လည်း မျက်လုံးများ ပိတ်ထား၏။ ၄င်းက..... ထျန်ကျီးအရှင်နှင့်ဆင်လေသည်။

ဤသည်ကား သူ၏ အနုသုခုမရုပ်ခန္ဓာ ပင်။

မြူခိုးများ လွင့်စင်ပျောက်ကွယ်သွားပြီး အားလုံးတိတ်ဆိတ်သွားသည်။ တားမြစ်မန္တန်များအပေါ်တွင် အက်ကွဲမှုများ မရှိတော့ပေ။ ၄င်းတို့၏ အလိုအလျောက် ပြုပြုခြင်းလုပ်ငန်းကား အလွန်မြန်ဆန်ပုံရသည်။ ၄င်းတို့ အကောင်းပကတိအတိုင်း ပြုပြင်ပြီးရန် သိပ်မကြာတော့ဟန်တူသည်။ မှီခိုရာဂိုဏ်းချုပ်က အင်္ကျီလက်စကို ခါလိုက်ရာ ထျန်ကျီးအရှင်၏ အနုသုခုမရုပ်ခန္ဓာသည် သတ္တမဆီမီးအိမ်ထံ ပြေးဝင်သွား၏။ အနုသုခုမရုပ်ခန္ဓာ သည် လောင်စာအဖြစ် ပြုမူပြီး ထျန်းကျီးအရှင် ၏ အသက်စွမ်းအားက တရိပ်ရိပ်လှုပ်ရှားနေသောမီးတောက်များ ဖြစ်လာသည်။

ဆီမီးအလင်းသည် ထိတ်လန့်ချောက်ချားဖွယ်ရာ ခံစားချက်ပေးစွမ်းနိုင်သော တရိပ်ရိပ်လှုပ်နေသည့်အလင်းရောင်ဖြင့် အရာအားလုံးကို အလင်းပေးရင်း ကျင့်ကြံခြင်းဂူတစ်ခုလုံး ပြည့်နှက်သွားသည်။

မှီခိုရာဂိုဏ်းချုပ်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး သူ့အကြည့်သည် မန်ဟို့အပေါ်ကျရောက်လာ၏။ သူက သူ့ကို ခေါင်းညိတ်အနည်းငယ်ညိတ်ပြပြီးနောက် မြေကြီးထဲရှိ အက်ကြောင်းကြီးထံသို့ လှည့်ထွက်သွားသည်။

မန်ဟိုက ရင်တုန်ပန်းတုန်ဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်သည်။ သူက လက်နှစ်ဖက်ကိုယှက်ရင်း ဦးညွှတ်ကာ ကျယ်လောင်စွာပြောသည်။ “ ဂိုဏ်းချုပ် ဒီလူတွေကို ခေါ်လာဖို့အတွက်၊ ဂိုဏ်းသား အဆိပ်ဆေးလုံးတချို့ စားခဲ့ရပါတယ်။ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး အဆိပ်ကိုဖယ်ပေးလို့ရမလား”

“ဒါက မဖြစ်စလောက် အဆိပ်လေးပဲ၊ ငါအသက်ရှူသလိုမျိုး အေးဆေးဖယ်ပေးနိုင်တယ်။ ခဏစောင့်ပေး။ ငါ ဒီ အနုသုခုမရုပ်ခန္ဓာနဲ့ ဒီလူရဲ့ကိုယ်အစစ်ကိုကော စုပ်ယူဖို့ လိုတယ်။ ပြီးရင် ငါက မင်းအဆိပ်ကို ဖယ်ပေးမယ်။ စိတ်မပူပါနဲ့ကွာ။ အိုး၊ မင်းကောင်းကောင်းလုပ်ခဲ့တာပဲ။ ငါမင်းကို ဆုချရမှာပေါ့။ ဒါကို ယူလိုက်။ ဒါမင်းရဲ့ဆုပဲ” မှီခိုရာဂိုဏ်းချုပ်သည် လှည့်ပင်မကြည့်ဘဲ အင်္ကျီလက်ကိုဝှေ့ယမ်းရင်း အဆိပ်နိမ့်ဝိညာဥ်ကျောက်တုံးတစ်တုံးအား မန်ဟိုထံ စေလွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ် ဆင်းသက်ပြီးဖြစ်ပြီး သူက အက်ကြောင်းထဲဝင်ရန်ပြင်နေချေပြီ။

မန်ဟို့မှာတော့ သာမန်အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးကို ကြောင်တောင်တောင်ငေးကြည့်နေမိသည်။ သူကအံကြိတ်ပြီး နောက်တစ်ခါ ထပ်ပြောသည်။

“ဆုက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးလား”

“ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး” မှီခိုရာဂိုဏ်းချုပ်က အေးအေးဆေးဆေးပြောသည်။ “ဟုတ်တယ်။ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတစ်တုံးပဲ။ ဒါပေမယ့် မင်း အနီးကပ်ကြည့်ကြည့်ရင်ကော တကယ်ပဲ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးလား” သူကအက်ကြောင်းထဲ ခုန်ချလိုက်၏။

မန်ဟိုမှာ သူ့လက်ထဲက ဝိညာဥ်ကျောက်တုံးကို ပြန်ကြည့်ရင်း အံ့အားသင့်ကာ ပါးစပ်အဟောင်းသားဖြစ်နေ၏။ မှီခိုရာ ဂိုဏ်းချုပ်က အက်ကွဲကြောင်းထဲ ဝင်ရောက် ပျောက်ကွယ်သည်ကို မြင်လိုက်သည်နှင့် သူက နောက်တစ်ဖန်ပြောပြန်သည်။ “ ဂိုဏ်းချုပ် ခင်ဗျား..ဂိုဏ်းသားရဲ့အဆိပ်ကိုဖယ်ရှားပေးဖို့ ဘယ်လောက်ကြာမှာမလဲ”

“ သိပ်မကြာပါဘူးကွာ။ မကြာခင်ပေါ့။ နှစ်သုံးရာ၊ နှစ်ငါးရာစာ လုပ်စရာအလုပ်တွေ ရှိလောက်တယ်။ကဲ၊ အခုတော့ ငါတံခါးပိတ် တရားကျင့်ကြံဖို့ လိုတယ်” သူက အဆိပ်ဖယ်ရှားခြင်း၏ အခက်အခဲနှင့် သူ၏ကျင့်ကြံခြင်းအခြေခံ အပြည့်အဝပြန်မသက်သာသေးသည့်အကြောင်းကို တစ်ယောက်တည်း ညည်းလိုက်သည်။ ၄င်း မည်မျှကုန်ကျမည်ကို ထည့်တွက်လျှင် သူ့အတွက် တွက်ချေမကိုက်ပေ။ ထို့အပြင် သူတွင် စဥ်းစားရမည့် မဟာအကြံအစည်ကြီးရှိသေးသည်။ ဝိညာဉ်ကျောက်တုံးကတော့.... တကယ့်ကို သာမန် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်တုံးသာ ဖြစ်သည်။ သူသည် ဂျူနီယာမျိုးဆက်များအား လှည့်စားခြင်းနှင့်ပတ်သက်၍ တစ်ခါမှ စနိုးစနောင့်မဖြစ်ဖူးပေ။ သူသည် ဤကဲ့သို့အရာများကို ယခင်က ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ဖူး၏။ သူသည် မိစ္ဆာချုပ်နှောင်ဂိုဏ်းရှိနေ့ရက်များမှာတုန်းက များစွာသော ကျင့်ကြံသူများ ပြန် တစ်ပတ်ရိုက်ခဲ့ဖူးသည်။ သူက ထိုအရာအားလုံးဖုံးကွယ်ရင် ချောင်းဟန့်ရင်း ခေါင်းငုံ့ကာ အက်ကြောင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ သူဝင်ရောက်သွားနှင့်တစ်ပြိုင်နက် အက်ကြောင်းက သူ့နောက်တွင် ပိတ်သွားတော့သည်။

***

All Chapters