← Chapters

အဆိပ်ပြင်းသော ကျိန်ဆိုချက်

Vol. 5 Ch. 67

အဆိပ်ပြင်းသော ကျိန်ဆိုချက်

Vol. 5 Ch. 67

အခန်း(၆၇) - အဆိပ်ပြင်းသော ကျိန်ဆိုချက်

ယခုတော့ ဝမ်ဖျင်ဟွေ့တစ်ယောက် ဂနာမငြိမ်တော့ဘဲ ဒေါသထွက်နေတော့သည်။ ရည်းစားနှစ်ယောက် အတူတူနေခါနီးမှ ဓမ္မတာလာနေသည်ဟု ပြောခံလိုက်ရသလိုပင်။

သူအမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သော ပါဆယ်ထုတ်ကို ပြန်သွားကောက်လိုက်သည်။

ကြမ်းကြမ်းတမ်းတမ်း ဆုတ်ဖြဲထားမှုကြောင့် အပေါ်ဘက် ဒလီဘာရီ အချက်အလက်က မပြည့်မစုံ ဖြစ်နေသည်။

"ယဲ့၏ ဆားရည်စိမ်ဟင်းသီးဟင်းရွက်ဘုရင် ဘာဆိုလားပဲ။"

ဝမ်ဖျင်ဟွေ့သည် အချိန်အကြာကြီး ဖတ်နိုင်အောင် ကြိုးစားကြည့်သော်လည်း ဘာရေးထားမှန်း မသိနိုင်ခဲ့ပါ။

ဖုန်းနံပါတ်ကလည်း ဆုတ်ပြဲနေလေပြီ။

ဖုန်းဆက်ပြီး စုံစိမ်းဖို့ နည်းလမ်းမရှိတော့ပါ။

"ဘုရားရေ ဘယ်လိုဖြစ်တာလဲ။"

ကမ္ဘာကြီး အမှောင်ကျသွားသလို ဝမ်ဖျင်ဟွေ့ ခံစားလိုက်ရသည်။ စားစရာ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ မရှိတော့ပါက သူဘယ်လို အသက်ဆက်ရှင်ရတော့မည်နည်း။

"မဟုတ်ဘူး၊ ငါ ရှာရမယ်။ တာ့ပေါင်ဆိုင်တစ်ဆိုင်က ပို့လိုက်တာ ငါအဲဒီဆိုင်ကို ရှာဖို့ပဲလိုတယ်။"

ဝမ်ဖျင်ဟွေ့သည် ထိုသို့တွေးလိုက်ပြီး အလျင်အမြန် ဆုံးဖြတ်ချက် ချလိုက်သည်။

ချက်ချင်း တာ့ပေါင်ထဲသို့ လော့အင်ဝင်ပြီး ဆားရည်စိမ် ဟင်းသီးဟင်းရွက်နှင့် ပတ်သက်သော အချက်အလက်များကို ရှာဖွေဖို့ ကြိုးစားရှာဖွေလိုက်သည်။

ဆားရည်စိမ်ဟင်းသီးဟင်းရွက်ဘုရင်ဟူသော စာလုံးများကို ရိုက်ရှာခဲ့သည်။

တစ်မျက်နှာလုံး ဆားရည်စိမ်ဟင်းသီးဟင်းရွက်ဘုရင်များစွာဖြင့် ပြည့်နှက်သွားသောအခါ သူ ကြောင်အသွားရသည်။ သူ တစ်ဆိုင်ချင်းစီ လိုက်စစ်ကြည့်ရတော့မည် ထင်သည်။

တကယ်တော့ ထိုကဲ့သို့ ရိုးရှင်းသော ထုပ်ပိုးမှုပုံစံကို မှတ်မိဖို့က မခက်ခဲလှပါ။ သာမန်ဆိုင်များကတော့ ထိုကဲ့သို့ မထုပ်ပိုးမှန်း ခန့်မှန်းနိုင်သည်။

ယခုခေတ် တာ့ပေါင်တွင် မည်သူက အသေးစိတ်ကျသော အပြင်အဆင် မလုပ်ဘဲ နေမည်နည်း။

ဒါက ဆိုင်မျက်နှာစာ စကေးတစ်ခုဖြစ်သည်။

"မဟုတ်ဘူး။"

"ဒါလည်း မဟုတ်ဘူး။"

"လုံးဝကို မဟုတ်တာ။ ဒီလောက် လှလှပပ ထုပ်ပိုးထားတာ။ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ဘုရင်အစစ် မဖြစ်နိုင်ဘူး။"

"ရိုးရှင်းမှုကသာ ဘုရင်အစစ်"

ဝမ်ဖျင်ဟွေ့၏ မျက်လုံးများ ခြောက်သွေ့နေလေပြီ။ သူစာမျက်နှာ ဘယ်လောက် လှန်ပြီးမှန်း မမှတ်မိတော့ပေ။

သူ့မှာ မျှော်လင့်ချက်တွေ ကုန်ဆုံးနေပြီဖြစ်သည်။

သူလက်လျှော့လုနီးပါး အခိုက်အတန့်တွင် သူရှာနေသော ထုပ်ပိုးမှုပုံစံနှင့်တူသော ရိုးရိုးရှင်းရှင်း ဓာတ်ပုံတစ်ပုံကို မြင်လိုက်ရသည်။

"ယဲ့၏ စူပါဆားရည်စိမ်ဟင်းသီးဟင်းရွက်ဘုရင်"

ဝမ်ဖျင်ဟွေ့ မျက်ရည်ပင် ကျလုနီးပါးဖြစ်သွားသည်။

ဒီဆိုင်ဆိုတာ ရာနှုန်းပြည့် သေချာနေပြီဖြစ်သည်။

လုံးဝမမှားနိုင်ပါ။

သူ ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

ရိုးရှင်းလိုက်တဲ့ ဆိုင်

ဒါ ပထမဆုံး ခံစားလိုက်ရသော ခံစားချက်ဖြစ်သည်။

ဘာဆို ဘာမှကို မရှိပေ။

အညွှန်း စာလုံးတစ်လုံးနှစ်လုံးသာရှိသည်။

ရောင်းအားကလည်း ၇ ခုသာ ရှိသေးသည်။

တန်ဖိုးဖြတ်ခြင်းလည်း မရှိသေးပေ။

ထိုဆိုင်က တင်ထားသည့် ပုံများကြောင့်သာ မဟုတ်လျှင် ဒီဆိုင်က ဆိုင်အစစ်ကော ဟုတ်ပါ့မလား ဟုပင် သူတွေးနိုင်လောက်သည်။

"စျေးက ကြီးလှကြီးလားဟ"

စျေးနှုန်းကို မြင်ပြီးနောက် သူ ကြက်သေ သေသွားရသည်။

ပထမတစ်ထုပ်မှာ ပို့ဆောင်ခသာ ပေးရန်လိုပြီး အခမဲ့ဖြစ်သည်။ ဒုတိယအထုပ် စျေးက ၁၈၈ ယွမ်အထိ တက်သွားပြီး တတိယအထုပ် စျေးက ပိုမိုပင် တရားလွန်ပြီး ၂၈၈ ယွမ်ဖြစ်သည်။

လခွမ်း ရွှေနဲ့များလုပ်ထားတာလား။

တစ်လကို သုံးထုပ်ပဲ ရမှာလား။ ဒါပဲလား။

ဝမ်ဖျင်ဟွေ့က  မဝယ်ချင်တော့သော ခံစားချက်ပင် ခံစားလိုက်ရသည်။

သို့သော် ပါးစပ်ထဲတွင် ကျန်နေသော အရသာများကြောင့်ပင် တံတွေးများ ပြန်လျှံလာပြန်သည်။

"ဝယ်ကွာ"

ခက်ခဲသော ဆုံးဖြတ်ချက်ဖြင့် အော်ဒါ ချက်ချင်းတင်လိုက်သည်။

သူ ၃ ထုပ်စလုံး တန်းမှာလိုက်သည်။

၄၈၃ ယွမ်တော့ ပလုံသွားလေပြီ။

ယဲ့ရှောင်ချန်းထံ အော်ဒါရောက်လာတော့ ယန်ရှစ်မြို့တော်ရှိ တရုတ်ဆေးဝါးဆိုင်ကြီး တစ်ဆိုင်တွင် စျေးဝယ်နေခြင်းဖြစ်သည်။

ဝတ်မှုန်ကူး ပျားဥကို ကြီးထွားစေရန်အတွက် အရည်တစ်မျိုး ဖန်တီးမည်ဖြစ်သည်။

သူဝယ်ယူသောအရာများ အားလုံးက တန်ဖိုးကြီး ဆေးပင်များဖြစ်ကြသည်။

ယွမ် ၁၀,၀၀၀ ကျော် ကုန်ကျခဲ့ရသည်။

ယဲ့ရှောင်ချန်းလည်း မနေနိုင်ဘဲ သက်ပြင်းသာချမိတော့သည်။ အစပိုင်း ရင်းနှီးမြှုပ်နှံရခြင်းသာ ဖြစ်ပြီး အရင်ကလည်း အများကြီး သုံးခဲ့ပြီးပြီဖြစ်သည်။ အောင်မြင်ဖို့ပဲ မျှော်လင့်မိသည်။ မဟုတ်ပါက ရေကို ဝါးခြင်းတစ်ခြင်းဖြင့် ခပ်နေသကဲ့သို့ ဖြစ်သွားမည်။

ဆေးဆိုင်မှ ပစ္စည်းများ ပြန်သယ်လာပြီး လမ်းဘေးပါကင်နေရာတွင် ရပ်ထားသော ကားပေါ်သို့ ပြန်လာခဲ့သည်။ ထို့နောက် ဖုန်း ဖွင့်ကြည့်လိုက်၏။

"ဟ အော်ဒါ နောက်တစ်ခုပါလား"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားရ၏။

လိပ်စာမှာ အနည်းငယ် ဆင်တူနေသည်ဟုပင် ခံစားလိုက်ရသည်။

"ဟားဟား အဲဒီလူကိုး။"

ယဲ့ရှောင်ချန်း ရယ်မောလိုက်၏။

"ဟီးဟီး ခင်ဗျားကို တစ်ထုပ် အလကား ပေးပြီးပြီလေ။ အခု နောက်တစ်ထုပ် အလကား လိုချင်နေသေးတာလား။ စိတ်ကူးလာယဥ်နေတယ်။ တာ့ပေါင်အကောင့်ပြောင်းလိုက်ရုံနဲ့ ရမယ်မထင်နဲ့။"

ယဲ့ရှောင်ချန်းက တစ်ဖက်လူ၏ ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးမည် မဟုတ်ပါ။

စည်းကမ်းက စည်းကမ်းပဲဖြစ်သည်။

သူ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို မှော်ဆားရည်စိမ်ပုလင်း၊ အင်မော်တယ်စမ်းရေ၊ အင်မော်တယ် စမ်းရေဟင်းသီးဟင်းရွက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အလွန်ထူးခြားသည်။

လက်ရှိစျေးနှုန်းက နည်းပင်နည်းသေးသည်ဟု တွေးမိသည်။

သို့သော်လည်း ကိစ္စမရှိပေ။ နာမည်ကြီးလာသည်နှင့် ချက်ချင်း စျေးကို မြှင့်တင်ပေးနိုင်သည်။

ချက်ချင်း ထိုလူ့ထံ မက်ဆေ့ချ်ပို့လိုက်၏။

"ဟယ်လို၊ ကျွန်တော် ခင်ဗျားကို တစ်ထုပ် အခမဲ့ ပေးပြီးသွားပြီဖြစ်လို့ လျှော့စျေး မရနိုင်တော့ပါဘူးနော်။ ဒီလထဲ ၂ထုပ်ပဲ ထပ်ဝယ်နိုင်ပါတော့မယ်။"

ဆိုင်ရှင်ထံမှ မက်ဆေ့ချ်ကို မြင်သောအခါ တစ်ဖက်က ဝမ်ဖျင်ဟွေ့လည်း အံ့အားသင့်သွားရသည်။

ဘယ်တုန်းက သူ ဝယ်လိုက်တာလဲ။ မှားပို့တာမဟုတ်ဘူးလား။

ချက်ချင်း စာပြန်လိုက်သည်။

"ဘာ ဒီလူက ငါ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို မဝယ်ဖူးဘူးလို့ ပြောချင်တယ်ပေါ့။ ဟာသပဲ၊ ဒီလူ ဝန်မခံသေးဘူး။"

ယဲ့ရှောင်ချန်း လှောင်ပြောင်လိုက်သည်။

ဒီလူ့ကို သူ တော်တော်လေး သဘောမကျပါ။

အခမဲ့အထုပ်ကိုတောင် အခွင့်ရေးယူချင်နေသည်။ ကမ္ဘာပေါ်မှာဒီလောက်ကောင်းသည့် အရာမျိုး မရှိနိုင်ပါ။

"ဟယ်လို ကျွန်တော်တို့ အရင်တစ်ခေါက်က သီးသန့် စကားပြောခဲ့ကြတယ်လေ။ ပို့ဆောင်ခတောင် မတောင်းဘဲ အခမဲ့ ပို့ပေးလိုက်ရတယ်။"

ယဲ့ရှောင်ချန်း မက်ဆေ့ချ်ပို့လိုက်သည်။

"ငါတကယ်မဝယ်ဘူး၊ ပြီးတော့ အရင်ကလည်း ဆားရည်စိမ် ဟင်းသီးဟင်းရွက် စားလေ့မရှိဘူး။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ တစ်ထုပ်မှ မဝယ်ထားတာကို အံ့သြနေတာ၊ မင်းက ဘာလို့ ငါ့ဆီ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တစ်ထုပ် ပို့လိုက်တာလဲ။"

ဝမ်ဖျင်ဟွေ့က အလွန်မှားယွင်းနေသလို ခံစားနေရ၏။

"ဟင်း ဖင်ပိတ်ငြင်းနေတယ်ပေါ့ ဒီလူက သိက္ခာကို မရှိပါလား။"

ယဲ့ရှောင်ချန်းကလည်း အလွယ်တကူ မယုံကြည်နိုင်ပေ။

"ကျွန်တော့်မှာ စာပို့ထားတဲ့ မှတ်တမ်းရှိတယ်။ စခရင်ရှော့ ရိုက်ပို့ပေးလိုက်မယ်။"

ဒီလူ ဆွံ့အသွားစေရန် သက်သေပြရတော့မည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလို စာပို့ထားသည့် စခရင်ရှော့ ဓာတ်ပုံကို ပို့ပေးလိုက်သည်။

ဆိုင်ရှင်ပို့လိုက်သော မှတ်တမ်းကို ဝမ်ဖျင်ဟွေ့ မြင်သောအခါ အနည်းငယ် ကြောင်သွားမိသည်။ ရိုးသားသော ဓားပြတဲ့လား။ ဒီအကောင့်နာမည်ကို ဘာလို့ အရမ်းရင်းနှီးနေပါလိမ့်။

ဒါသူ့သူငယ်ချင်း လင်ချမ်း၏ အကောင့်နာမည်မဟုတ်လား။

ကျူကျူဖြစ်စေ၊ ဝီချက်ဖြစ်စေ၊ တာ့ပေါင်ဖြစ်စေ နာမည်တစ်မျိုးတည်းသာ သူသုံးသည်။

သူနားလည်သွားသည်။ ဒီဆိုင်မှ ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ထုပ်ကို လင်ချမ်း ဝယ်ယူပြီး လိပ်စာ၊ လက်ခံသူအမည်နှင့် ဖုန်းနံပါတ်ကိုတော့ သူ့အချက်အလက်များ ဖြည့်လိုက်ခြင်း ဖြစ်မည်။

"ဟားဟား.... လင်ချမ်း.... သြော်... လင်ချမ်း၊ ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်က အရမ်း အရသာရှိမှန်းသာ မင်းသိရင် သေချာပေါက် နောင်တရတော့မှာပဲ။"

ဝမ်ဖျင်ဟွေ့က လင်ချမ်းကျေးဇူးကြောင့် ရုတ်တရက် ဝမ်းသာသွားရသည်။

မဟုတ်လျှင် ဒီလိုအရသာရှိသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်မျိုးကို စားဖူးမှာ မဟုတ်ပေ။

"ဘော့စ် နောက်ဆုံးတော့ ငါနားလည်သွားပြီ အရင်တစ်ခေါက် မင်းနဲ့ စာပို့ခဲ့တဲ့လူက ငါမဟုတ်ဘူး ငါ့သူငယ်ချင်းတစ်ယောက် သူက..."

ဝမ်ဖျင်ဟွေ့ အလျင်အမြန် ရှင်းပြလိုက်သည်။

စာများကို ဖတ်ပြီး ယဲ့ရှောင်ချန်း အနည်းငယ် အံ့သြသွားမိသည်။ ဒီလိုဖြစ်ခဲ့တာလား။

"သေချာရဲ့လား"

သူမေးလိုက်သည်။

"ငါကတိပေးတယ်၊ ငါကတိပေးတယ်။ ငါမင်းကို လိမ်ခဲ့သည်ရှိသော် ကောင်းကင်ဘုံ မိုးကြိုးပစ်ပြီး ငါသေပါစေကွာ။"

ဝမ်ဖျင်ဟွေ့က ကျိန်ဆိုလိုက်သည်။

သူ မတတ်နိုင်ပေ။ အထုပ်တစ်ထုပ်လောက် လိုနေပါက သူငိုရင်းသေသွားနိုင်သည်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက အရသာရှိလွန်းသောကြောင့် လောဘဖြင့် သေရမည်ထက် ယခုကဲ့သို့ အန္တရာယ်များသော ကျိန်ဆိုမှုမျိုးက ပိုကောင်းပါသေးသည်။

ယဲ့ရှောင်ချန်းက မျက်ခုံးပင့်မိသွားသည်။ အန္တရာယ်များသော ကျိန်ဆိုမှုပင် လုပ်လိုက်သေးသည်။ ဒီလူ ဘယ်လိုပါလိမ့်။

"ဟုတ်ပါပြီ၊ ဒီတစ်ခေါက်တော့ ငါ ယုံပေးလိုက်ပါ့မယ်။"

ယဲ့ရှောင်ချန်း စာပြန်လိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ် ဘော့စ်ရယ်"

ဝမ်ဖျင်ဟွေ့က အံ့အားသင့်သွားသည်။

နောက်ဆုံးတော့ သူ တစ်ထုပ် ပိုစားနိုင်ပြီဖြစ်သည်။

စာပို့ပြီးနောက် ဝမ်ဖျင်ဟွေ့က လင်ချမ်းကို ဖုန်းခေါ်ပြီး အွန်လိုင်းရှော့ပင်တွင် သူ့အချက်အလက်များ ဖြည့်ခဲ့ရသည့် အကြောင်းအရင်းကို မေးကြည့်ချင်မိသည်။

သို့သော် ခေါင်းကိုချက်ချင်း ခါလိုက်ပြီးဆုံးဖြတ်ချက်ကို ဆန့်ကျင်လိုက်သည်။

"ဟဟ သူဘာတွေလုပ်လိုက်မိလဲသာ သိသွားရင် သူ့မျက်နှာ ဘယ်လိုဖြစ်သွားမလဲ သိချင်လိုက်တာ ကြည့်ကောင်းတော့မှာပဲ"

ဝမ်ဖျင်ဟွေ့မျက်လုံးများ အရောင်လက်သွားသည်။ ရုတ်တရက် သူအကြံတစ်ခု ရသွား၏။

All Chapters