← Chapters

သန့်စင်ခြင်း

Vol. 5 Ch. 72

သန့်စင်ခြင်း

Vol. 5 Ch. 72

အခန်း(၇၂) - သန့်စင်ခြင်း

ယဲ့ရှောင်ချန်းက စိတ်ဝိညာဥ်ပါရမီကို အသုံးပြုပြီး ပျားလေးနောက်သို့လိုက်ကာ တောင်ပေါ်သို့ ဦးတည်လိုက်သည်။

ကံကောင်းစွာဖြင့် ပျားလေးက သူ့အနားသို့ ခဏခဏ ပြန်လာသည်။ မဟုတ်လျှင် ပျားလေးအား ခြေရာခံဖို့ လွယ်ကူမည်မဟုတ်ပါ။

ထိုအချက်က ပျားအုံရှာရသည့် အခက်အခဲတစ်ခုလည်းဖြစ်သည်။

အတွေ့အကြုံအရှိဆုံး ပျားမုဆိုးများပင် မကြာခဏ လက်ဗလာဖြင့် ပြန်လာရတတ်၏။

ပျားမုဆိုးများက နေရာတစ်ခုတွင် ထောင်ချောက်တစ်ခု ဆင်လေ့ရှိပြီး ပျားများ ဝင်ရောက်ဖို့ မျှားခေါ်တတ်သည်။

ယဲ့ရှောင်ချန်းတွင် စိတ်ဝိညာဥ်ပါရမီရှိသည်။ သို့သော် ဒီနယ်ပယ်က ပြဿနာမရှိပေ။ ထို့ကြောင့် ပျားအမဲလိုက်ရသည်က ပိုမို လွယ်ကူပေလိမ့်မည်။

ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရင်း သူသည် ပျားလေးနောက်သို့ တစ်လမ်းလုံး လိုက်လာခဲ့သည်။ ၁၀ မိနစ်ခန့် ကြာသောအခါ ကျောက်မိုင်းတွင်းနှင့် သိပ်မဝေးသော နေရာတစ်ခုတွင် ပျားလေးက ရုတ်တရက် လေထဲတွင် တဝဲလည်လည် လုပ်နေသည်။

ပျားအုံက ဒီအနီးအနားတွင် ရှိနေမှန်း ယဲ့ရှောင်ချန်း သိလိုက်ရသည်။

လည်ကာပတ်ကာဖြင့် ပျံသန်းပြီးနောက်တွင် ပျားလေးက ရုတ်တရက် သစ်ပင်တစ်ပင်ဘေးရှိ ကျောက်ပုံကြီးတစ်ပုံ၏ ညာဘက် အခြမ်းသို့ ပျံထွက်သွားသည်။

ယဲ့ရှောင်ချန်းက ပျားနောက်သို့ အလျင်အမြန် လိုက်ပါသွားပြီး ပျားလေးက သစ်ကိုင်းကျိုး တစ်ချောင်းပေါ်တွင် နားလိုက်သည်။ ထို့နောက် သစ်ကိုင်းများအပေါ် တွယ်တက်သွားပြီး အမြစ်များနှင့် ကျောက်အက်ကြောင်းများအကြား ပေါ်နေသော အပေါက်ထဲဝင်သွားသည်ကို မြင်လိုက်ရသည်။

"လခွမ်း၊ ဘာလို့ ဒီလိုနေရာကြီးမှာလဲ။"

ယဲ့ရှောင်ချန်း အနည်းငယ် စိတ်ရှုပ်သွားသည်။

ပျားအုံရှိသော နေရာသို့ ရောက်ဖို့က အတော်လေး ဒုက္ခများလိမ့်မည်။

ကျောက်တုံးများနှင့် သစ်မြစ်များက အဟန့်အတားများဖြစ်နေသည်။

တကယ် တူးဆွဖို့ဆိုလျှင် အတော်လုပ်ရမည်ဖြစ်သည်။

"ဟုတ်သား ငါ့မှာ အင်မော်တယ်ပေါက်ပြားရှိတာပဲ၊ အင်မော်တယ်ပေါက်ပြားရှိမှတော့ အမြစ်နဲ့ ကျောက်တုံးတွေက ဘာပြဿနာရှိမှာလဲ။"

ယဲ့ရှောင်ချန်းက သူ့လက်ထဲရှိ ရတနာ အကြောင်းကို ရုတ်တရက် တွေးလိုက်မိသည်။

ချက်ချင်းဆိုသလို သိုလှောင်နေရာကွက်မှ အင်မော်တယ်ပေါက်ပြားကို ထုတ်လိုက်ပြီး စတူးလေသည်။

ပျားအုံကို မထိခိုက်စေဖို့အတွက် အလွန် ဂရုတစိုက် တူးနေရပြီး ဘေးဘက်က အရာများကို စတင်ရှင်းလင်းလေသည်။

အင်မော်တယ်ပေါက်ပြား၏ ရှေ့မှောက်တွင် သန်မာသော ကျောက်တုံးကလည်း တိုဟူးတစ်တုံးလောက် မမာပေ။ အမြစ်များကလည်း ပြဿနာမရှိပါ။

ကျောက်တုံးအစအနများကို ဖယ်ထုတ်ပြီး အမြစ်များကိုလည်း ရှင်းလင်းလိုက်သည်။

အချိန် မိနစ်သုံးဆယ်ခန့် ကြာမြင့်သွားခဲ့သည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်းရှေ့တွင် ပျားအုံ ပေါ်လာသည်။

အင်မော်တယ်ပေါက်ပြားသာ မလေးလျှင် ဒီလောက် ကြာစရာအကြောင်းမရှိပေ။

ယဲ့ရှောင်ချန်းက ဝါးချွန်ခမောက်ကို ပြင်ဆင်ထားလိုက်ပြီး ပျားအုံအပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။ ထို့နောက် မြက်ခြောက်တချို့ကို အသုံးပြုပြီး ပျားများကို ညင်ညင်သာသာဖြင့် မောင်းလိုက်သည်။

ဂျီ...

ပျားများစွာ ပျံတက်သွားပြီး ဝါးချွန်ခမောက်အထဲသို့ ဝင်ရောက်သွားကြသည်။

ဝါးချွန်ခမောက်ထဲက ပျားအရေအတွက်များက ပိုပိုပြီး များလာပြီဖြစ်သည်။ ပျားအုံထဲက ပျားအရေအတွက်ကတော့ ဖြည်းဖြည်းချင်း လျော့နည်းလာလေသည်။

ရုတ်တရက် သာမန်ပျားများထက် အများကြီး ပိုကြီးသော ပျားတစ်ကောင်ကို ယဲ့ရှောင်ချန်း တွေ့လိုက်ရသည်။

ပျားဘုရင်မ

ယဲ့ရှောင်ချန်း၏ မျက်လုံးဝိုင်းသွားပြီး လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။

တချိန်တည်းမှာပင် စိတ်ဝိညာဉ်ပါရမီကိုလည်း အသုံးပြုလိုက်သည်။

ပုံမှန်ဆို ပျားဘုရင်မတစ်ကောင်ကို လက်ဖြင့်ဖမ်းဖို့က အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။ ပျားအုံတိုက်ခိုက်သည်ကို အလွယ်တကူ ခံရနိုင်သည်။

ပျားများ၏ ရန်လိုမှုကို လျှော့ချနိုင်သော စိတ်ဝိညာဥ်ပါရမီ ရှိနေသောကြောင့်သာ ဖြစ်သည်။

သူ့လက်များက ပျားဘုရင်မကို ထိတွေ့လိုက်သောအခါ ချက်ချင်းဆိုသလို ပျားဘုရင်မ၏ အသိစိတ်ကို အာရုံခံလိုက်မိသည်။

ပျားဘုရင်မကို ညင်ညင်သာသာ ဖမ်းယူပြီး လက်ဖဝါးပေါ်တွင် တင်ထားလိုက်သောအခါ ပျားဘုရင်မက မရုန်းကန်ပေ။

ပျားဘုရင်မအား လူလုပ်ပျားအုံထဲတွင် ထည့်ပြီးသွားသောအခါ သူစိတ်အေးလက်အေး သက်ပြင်းချနိုင်သွားသည်။

ဝါးချွန်ခမောက်ကို ယူလိုက်ပြီး ပျားများကို လူလုပ် ပျားအုံထဲသို့ မောင်းထည့်လိုက်သည်။

ယဲ့ရှောင်ချန်းက အဖုံးကို ပိတ်လိုက်၏။ အသိုက်ကို ဖွင့်လိုက်ပြီး မူရင်းပျားအုံမှ ကျန်နေသော ပျားများကို မောင်းလိုက်သည်။

မူလပျားအုံထံသို့ ပြန်မည့်အစား ပျားများက ပျားဘုရင်မ အနံ့နောက်သို့လိုက်ကာ လူလုပ် ပျားအုံထဲသို့ ဝင်သွားကြသည်။

ပျားများအားလုံး နေရာပြောင်းပြီးသွားသောအခါ ပျားအုံကို ယဲ့ရှောင်ချန်းတစ်ယောက် ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။

အထဲတွင် ပျားရည်များလည်း မနည်းမနော ရှိနေသည်။

ဆောင်းဦးကာလအစဖြစ်သဖြင့် ပျားများမှာ ဆောင်းရာသီအတွက် ပြင်ဆင်ကြရမည် ဖြစ်သည်။

သစ်သီးလှီးဓားကို အသုံးပြုပြီး အသိုက်၏ အစိတ်အပိုင်းများကို ဖြတ်ထုတ်ကာ သန့်စင်သော ပလတ်စတစ်အိတ်ထဲသို့ ထည့်လိုက်၏။

သူ အိမ်သို့ ပြန်ရောက်သောအခါ နေ့လယ်ခင်း ၄နာရီပင် ရှိနေပြီဖြစ်သည်။

ပထမဆုံး ပျားရည်ပါသော ပျားအုံအပိုင်းများကို ဖြတ်ထုတ်သည်။

ကျန်တာကိုတော့ အသိုက်အဖြစ် ပြန်သုံးမည်ဖြစ်ပြီး ပျားအုံထဲပြန်ထည့်မည်ဖြစ်သည်။

အလွန်သန့်စင်သော ပျားရည်ကို လိုအပ်သောကြောင့် ပုံမှန်နည်းလမ်းကိုပဲ အသုံးပြုခဲ့သည်။ ပျားအုံခွက်များမှ ပျားရည်များက အလိုအလျောက် စီးကျလာမည်ဖြစ်သည်။

ထိုအခါ ပျားရည်က အညစ်အကြေး သိပ်မပါတော့ပေ။

ဤကဲ့သို့ ပုံမှန်နည်းလမ်းဖြင့် ပျားအုံများကို ထိုနေရာတွင် ယဲ့ရှောင်ချန်း အခြေချစေလိုသည်။

သူ့စိုက်ပျိုးရေးခြံတွင် ပျားများဖြင့် ဝတ်မှုန်ကူးရန် လိုအပ်သည့် ဟင်းသီးဟင်းရွက်အပင်များစွာ ရှိသည်။ အားလုံးကလည်း အရည်အသွေးကောင်းသော ဟင်းသီးဟင်းရွက်များ ဖြစ်သည်။ ထိုဟင်းသီးဟင်းရွက်များမှ စုဆောင်းသော ဝတ်ရည်များက သေချာပေါက် ကောင်းမွန်မည်ဖြစ်သည်။

ထိုအခါ ဝတ်မှုန်ကူး ပျားများအတွက် ပျားရည်ကို ဆက်လက်ထောက်ပံ့နေမည်ဖြစ်သည်။

ပုံမှန်နည်းလမ်းဖြင့် ရရှိသော ပျားရည်က သန့်စင်ဖို့ လိုအပ်ဦးမည်ဖြစ်ပြီး ရရှိလာသော ပျားရည်အသန့်ကလည်း အများကြီးရှိမည်မဟုတ်ပါ။

ပျားတွေ ထပ်စုဆောင်းဖို့ သူအချိန်ယူခဲ့သည်။

ရက်ပေါင်းများစွာ ယဲ့ရှောင်ချန်းတစ်ယောက် ပျားအုံများကို လိုက်ရှာဖို့ အချိန်အများကြီး ကုန်ဆုံးခဲ့သည်။

ရလဒ်ကလည်း ကောင်းမွန်ပါသည်။

ယဲ့ရှောင်ချန်းသည် ပျားအုံ ၅ အုံရခဲ့သည်။

ထိုအချိန်တောအတွင်း အွန်လိုင်းပေါ်က အော်ဒါများစွာကိုလည်း ရှင်းရသေးသည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက ယခင် ဝယ်သူများအကြား လူပြောများလာကြပြီဟု ထင်သည်။ ယခုဆို အွန်လိုင်စတိုးဆိုင်၏ ရောင်းအားက ပိုပိုပြီး ကောင်းမွန်လာပြီဖြစ်သည်။ နေ့တိုင်း အော်ဒါအနည်းငယ် ရှိနေတတ်ပါသည်။

အော်ဒါများက နည်းသော်လည်း စျေးက ကြီးသည်။

အော်ဒါတစ်ခုကို ယွမ် ၄၀၀ ကျော်သဖြင့် တစ်ရက်ကို ဆိုင်၏ ဝင်ငွေက ယွမ် ၁၀၀၀ - ၂၀၀၀ ခန့်ရှိသည်။

လုံးဝ အမြတ်ကြီးမြတ်သည်။ ကုန်ကြမ်းများကလည်း သူ့ကိုယ်ပိုင်ခြံထွက်များဖြစ်သဖြင့် ကုန်ကျစရိတ် အများကြီး မရှိပေ။ ထို့အပြင် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ထုတ်လုပ်မှုကလည်း အားအများကြီး စိုက်ထုတ်စရာမလိုပေ။

ထိုနည်းလမ်းဖြင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ၏ ဝင်ငွေဖြင့် တစ်လကို ယွမ် ၄၀,၀၀၀ ကျော်ရဖို့က ပြဿနာမရှိတော့ပေ။

စိုက်ပျိုးရေးခြံတွင်။

ပျားအုံ ၅ခုကို ရုံတစ်ခုထဲတွင် တန်းစီ နေရာချထားသည်။

မကြာခဏဆိုသလို ပျားများက ပျံသန်းသွားကြပြီး အလုပ်အလွန်ရှုပ်နေကြသည်။

ရရှိသော ပျားရည်က ၃ ကျင်း (၁ ကျင်း = ၅၀၀ ဂရမ်) နီးပါးရှိသည်။

ယခုတော့ သွပ်အိမ်ထဲတွင် ဖြစ်သည်။

ယဲ့ရှောင်ချန်းက ပျားရည်များကို သန့်စင်နေ၏။

ပုံမှန်အခြေအနေအောက်တွင် ပျားရည်များကို လုံးဝ မသန့်စင်နိုင်ပါ။ အများဆုံး အညစ်အကြေးများကိုသာ လျှော့ချနိုင်သည်။

ယဲ့ရှောင်ချန်းအတွက်တော့ မခက်ခဲလှပါ။

ဘွိုင်လာအိုးထဲသို့ အဝါရောင်ဖျော့ဖျော့ ပျားရည်များဖြင့် ဖြည့်လိုက်သည်။ အလွန်ကြည်လင်နေပြီး မွှေးရနံ့သင်းသင်းလေးထွက်လာသည်။

အောက်ဘက်တွင် မီးဖိုအား ဖွင့်ထားပြီးဖြစ်ပြီး အပြာရောင်မီးတောက်များက အပေါ်ဘက် ပုံစံကွက်များကို လင်းသွားစေသည်။

ပျားရည်သည် ပူနွေးလာပြီဖြစ်သည်။

ပျားရည်ကို ၅၀ ဒီဂရီဆဲဆီးရပ်စ်ထက် အပူမပေးသင့်ပေ။ မဟုတ်လျှင် အာဟာရဓာတ်တွေ ပျက်စီးသွားနိုင်သည်။

ယဲ့ရှောင်ချန်းသည် ပျားရည်၏ အပူချိန်ကို ထိန်းချုပ်ကာ နွေးရုံသာ နွေးအောင် ထားလိုက်သည်။

ဖန်ပုလင်းကိုထုတ်ပြီး အဖြူရောင်အမှုန့်များကို မီလီဂရမ်အထိ အတိအကျ ချိန်တွယ်ပြီးနောက် လောင်းထည့်လိုက်သည်။

ပျားရည်ထဲသို့ အဖြူရောင်အမှုန့်များကို တိုက်ရိုက်လောင်းထည့်လိုက်ပြီး ဇွန်းတစ်ချောင်းနှင့် မွှေလိုက်သည်။

သာမန်မျက်လုံးနှင့် မြင်နိုင်သော အရှိန်ဖြင့် ပျားရည်၏ အရောင်သည် ပိုမို ဖျော့လာသည်။ အဖြူရောင် နို့နှင့် သဏ္ဌာန်တူသော သိပ်သည်းသည့် အရည်များက အောက်ခြေတွင် စတင် စုစည်းပေါ်ပေါက်လာသည်။

ခဏကြာသောအခါ ပျားရည်၏ အရောင်သည် လုံးဝ ပျောက်ကွယ်သွားပြီး အဝါဖျော့ဖျော့အရည်တစ်မျိုးသာ ကျန်ခဲ့တော့သည်။

ပျားရည်ကဲ့သို့ စေးကပ်ကပ် ခံစားမှုမျိုးလည်း လုံးဝ မရတော့ပေ။

အဲဒီအစား ဇွန်းပေါ်တွင် နို့ရည်လို၊ ပျစ်ပျစ်ခဲခဲ အရာတစ်မျိုးရှိနေပြီး အပ်ချည်ကြိုးများဖြင့် ဆွဲလိုက်လျှင်တောင် ပျက်စီးမသွားနိုင်ပါ။

ထိုအရာကိုမြင်သောအခါ နောက်ဆုံးတော့ ယဲ့ရှောင်ချန်း ပြုံးနိုင်ပြီဖြစ်သည်။

မကြာမီ နို့ရည်လို အရည်ကို အဝါရောင်အရည်ထဲမှ ခွဲထုတ်လိုက်သည်။

နို့ရည်ပမာအရည်က မကြာမီ သကြားခဲလို ပုံဆောင်ခဲများအဖြစ် ပြောင်းလဲသွားသည်။

ယဲ့ရှောင်ချန်းက အဖြူရောင် ပုံဆောင်ခဲများကို ယူလိုက်ပြီး အလေးချိန်ကို တိုင်းကြည့်လိုက်သည်။ ၁၄၀ ဂရမ် မကျော်ပါ။

"မလွယ်ကူပါလား"

အလွန်နည်းပါးသော သန့်စင်သည့် ပျားရည်ကို တွေ့ရသဖြင့် ယဲ့ရှောင်ချန်း သက်ပြင်းချမိသည်။

ဝတ်မှုန်ကူး ပျားဥကို အစာကျွေးဖို့က မလွယ်ကူပေ။

သန့်စင်ထားသော ပျားရည်သည် ဝတ်မှုန်ကူး ပျားအစာပြုလုပ်ရန် ပါဝင်ပစ္စည်းများထဲမှ တစ်ခုသာဖြစ်သည်။

ထို့နောက် ဝတ်မှုန်ကူး ပျားအစာအစစ်ကို ပြင်ဆင်ရသည်။

အခြား ကုန်ကြမ်းများလည်း အသင့်ဖြစ်နေပြီဖြစ်သည်။

ဘွိုင်လာအိုး၏ အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ပြီးနောက်တွင် ၎င်းကို စတင်ပြင်ဆင်ခဲ့သည်။

All Chapters