← Chapters

အပိုင်း (၃၀၆)

Vol. 21 Ch. 306

အပိုင်း (၃၀၆)

Vol. 21 Ch. 306

“မင်းကတော့သေချင်နေတာပဲ”

“မင်းတော့သေချင်နေတာပဲကွ”

ထျန်းရီမြို့ငယ်လေး၏ အစောင့်များက ရှစ်ဖုန့်၏ ပြောစကားအား ကြားလိုက်ရသောအခါတွင်  ချက်ချင်းပဲ တင်းမာခက်ထန်သောအသံများဖြင့် အော်ပြောလိုက်ကြသည်။ ရှစ်ဖုန့်ပြောဆိုသောစကားများ

၏အဓိပ္ပါယ်ကသူတို့အား  ခွေးများဟု  နှိမ့်ချလိုက်ခြင်းပင်ဖြစ်သည်။

ရှစ်ဖုန့်က သွေးဆာသော သက်ရှိအား ဆွဲဆောင်နိုင်ရန်အတွက် သူ၏ သိုင်းကျင့်ကြံခြင်းအား တမင်သက်သက်ဖုံးကွယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤလူများ၏မျက်

လုံးအတွင်းတွင်  ဤလူငယ်လေးက သာမန်လူတစ်ယောက်သာဖြစ်နေသည်။

သူတို့က ဂုဏ်သရေရှိကျင့်ကြံသူများ

ဖြစ်ကြသော်လည်း သာမန်လူတစ်ယောက်၏ ရိုင်းပျစော်ကားခြင်းကိုခံနေရသည်။ ထိုထက်ပိုသည်ကား ဤလူမှာ ပြင်ပမှလာသောသူဖြစ်နေသည်။

ဤလူက သေခြင်းတရားကိုတောင့်

တနေခြင်းပင်ဖြစ်၏။

“ကောင်းပြီ..သူက ရေတွင်းအောက်ခြေက ဖားသူငယ်လေးသက်သက်ပဲ..”

သူ၏အဖော်ဖြစ်သူများ၏ အေးစက်စွာနှာခေါင်းရှုံ့သံအား ကြားလိုက်ရသောအခါတွင်

ခေါင်းဆောင်လီက သူ၏လက်ကိုဝေ့ယမ်းလိုက်ပြီး  သူ့နောက်တွင်ရှိနေသောသူ

ကိုပြောလိုက်သည်။

“ရှောင်ယွီ…မင်းသူ့ကိုသင်ခန်း

စာပေးသင့်တယ်…သူ့ကိုပါး

ဆယ်ကြိမ်ရိုက်ပြီးတော့ ငါတို့ရဲ့ဒေါသတရားတွေကို ဖြေဖျောက်ဖို့အတွက် ခြေထောက်တွေကိုချိုးလိုက်”

“ပြဿနာမရှိဘူး”

ငယ်ရွယ်သောအသံတစ်ခုက ထိုလူအုပ်ကြားထဲမှထွက်ပေါ်လာသည်။ ထို့နောက် အသက်နှစ်ဆယ်

အရွယ်ခန့်ရှိသော  လူငယ်တစ်ယောက်က လျှောက်လှမ်း၍ထွက်လာသည်။

ဤလူငယ်က  ကြယ်သုံးပွင့် စစ်သည်တော်နယ်ပယ်တစ်ယောက်ဖြစ်သည်။ ၎င်းကရှစ်ဖုန့်ထံသို့လျှောက်လှမ်းလာ၏။ သူသည် ဤကျင့်ကြံသူအုပ်စုတွင် အငယ်ဆုံးဖြစ်ပြီး  ကျင့်ကြံမှုနယ်ပယ် အနိမ့်ဆုံးသောသူလည်းဖြစ်သည်။

သို့သော် သာမန်လူတစ်ယောက်ကိုတော့  လက်ဖျောက်တီးရသကဲ့သို့ သူရင်ဆိုင်နိုင်စွမ်းရှိသည်။ သူ၏မျက်လုံးထဲတွင်တော့ ရှစ်ဖုန့်က သူဖြတ်ပစ်နိုင်သော ပုရွက်ဆိတ်နှင့်မခြားပေ။

“ဟမ့်..ငါကတော့သူ့ကို တောင်တန်းကြီးတစ်ခုကလာ

တဲ့သူလို့ယူဆတယ်…သူလာတဲ့နေရာမှာဆို စစ်သည်ဆိုတာတောင်ရှိမှာမဟုတ်ဖူး… စစ်သည်တစ်ယောက်နဲ့ သိုင်းသမားကျင့်ကြံသူတစ်ယောက်က ဘာလဲဆိုတာတောင်သူနား

လည်မှာမဟုတ်ဖူး…”

ကျင့်ကြံသူအစောင့်များကြားထဲတွင်

အချို့က ရှစ်ဖုန့်ထံသို့  လူငယ်လျှောက်လှမ်းသွားနေ

သည်ကိုကြည့်နေကြသည်။ သူတို့၏အေးစက်ပြီးဒေါသ

ထွက်နေသောမျက်နှာများက

ဖြည်းဖြည်းချင်း လှောင်ပြောင်သရော်သော အမူအယာအဖြစ်သို့ပြောင်းလဲသွားသည်။

“ဒီသခင်လေးကို ဆယ်ကြိမ်လောက်ရှိခိုးလိုက်…

ပြီးရင်ဒီသခင်လေးက မင်းကိုပါးဆယ်ကြိမ်ရိုက်တာနဲ့ ခြေထောက်တွေကိုချိုးပစ်မှာကနေ လွတ်ငြိမ်းခွင့်ပေးမယ်… “

ရှောင်ယွီအမည်ရသောလူငယ်

ကျင့်ကြံသူက  လက်ညိုးထိုး၍

ရှစ်ဖုန့်ထံသို့ ချဉ်းကပ်လာသည်။ သူ၏မျက်နှာပေါ်တွင် မာနကြီး

မောက်မာသော အသွင်အပြင်တစ်ခုရှိပြီး ရှစ်ဖုန့်အားပြောနေသည်။ သူ၏လေသံကသူ့အနေဖြင့်ငြင်း

ဆန်ခွင့်မပြုကြောင်းကိုပြသနေ၏။

ဤသည်က ပုရွတ်ဆိတ်တစ်ကောင်သာဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ၎င်းနှင့်ဘာအရည်မရအဖတ်မရများအား ပြောချင်စိတ်မရှိပေ။ သူ၏လက်ချောင်းအားသာမန်

ကာလျှံကာလှစ်ခနဲလှုပ်ရှားလိုက်သည်။ ရုတ်တရက်အဖြူရောင် အလင်းတန်းလေးတစ်ခုက သူ၏လက်ချောင်းထိပ်မှာ ရွှတ်ခနဲထွက်သွားသည်။ ၎င်းက လေကိုထိုးခွင်းဖြတ်သန်းသွားပြီး လူငယ်ကျင့်ကြံသူ၏နဖူးတည့်တည့်သို့ ရွှတ်ခနဲဝင်ရောက်သွားသည်။

လူငယ်ကျင့်ကြံသူတုံ့ပြန်ချိန်

မရလိုက်ခင်မှာပင်  သိပ်သည်းသောအဖြူရောင်အလင်းက   လူငယ်၏နဖူးအားထိမှန်သွားပြီးဖြစ်သည်။  လူငယ်ကျင့်ကြံသူ၏မျက်နှာထက်၌ မြင့်မားပြီးအရှိန်အဝါကြီးမားသော ဟန်ပန်တို့ရှိနေဆဲဖြစ်သည်။

သူ၏လက်ချောင်းကရှစ်ဖုန့်အား ထိုးညွှန်ထားဆဲဖြစ်သော်လည်း  သူ၏ကိုယ်ကတော့ ထပ်မံ၍လှုပ်ရှားခြင်းမရှိတော့ချေ။ သူမျက်နှာထက်ရှိအမူအယာမှာလည်း ထိုအမူအယာတိုင်းသာဖြစ်ပေါ်လျှက် အေးခဲတောင့်တင်းသလိုဖြစ်နေပြီး  လုံးဝတော့လှုပ်ရှားခြင်းမရှိတော့ပေ။

အကယ်၍တစ်ယောက်ယောက်

ကသာနီးနီးကပ်ကပ် အာရုံစိုက်ကြည့်မည်ဆိုလျှင်   ရှောင်ယွီဟုခေါ်သော် လူငယ်ကျင့်ကြံသူ၏ နဖူးအလယ်ဗဟိုတည့်တည့်၌ စပါးစေ့အရွယ်အပေါက်လေးရှိနေပြီး ၎င်းမှသွေးစသွေးနတို့စီးဆင်းနေသည်ကို သတိပြုမိလိမ့်မည်ဖြစ်သည်။

ဤလူမှာတကယ့်ကိုရှစ်ဖုန့်၏

လက်ချောင်းဖြင့်အသတ်ခံ

လိုက်ရခြင်းပင်ဖြစ်သည်။

“ဘာဖြစ်နေတာလဲ..ဘာလို့ ရှောင်ယွီမလှုပ်ရှားတော့တာလဲ”

“သူဘာလုပ်နေတာလဲ…ဒီသာမန်

လူတွေရဲ့ရှေ့မှာ သူပွဲတစ်ခုပြသချင်နေတာမဟုတ်ဖူးလား.. ဘာလို့ဒီလူငယ်ကဒီလိုမျိုးဖြစ်နေရတာလဲ”

ပြောရမည်ဆိုလျှင်  သူတို့အနေဖြင့် ရှစ်ဖုန့်လက်ချောင်း၏ လှုပ်ရှားမှုအားသတိမပြုမိခဲ့ပေ။ အဖြူရောင်အလင်းတန်းကလည်း သူ၏မျက်စိထက် ရွေ့လျားမှုက ပို၍ မြန်ဆန်သည်ဖြစ်သည်။

“ဟမ်..တစ်ခုခုတော့မှားနေပြီ…”

ခဏကြာမြင့်ပြီးသည့်နောက်တွင် ကျင့်ကြံသူများမှာတစ်စုံတစ်ခု

မှားယွင်းနေသည်ကို သဘော

ပေါက်လိုက်သည်။ ရှောင်ယွီအမည်နှင့်လူငယ်မှာ

ရပ်နေဆဲဖြစ်သော်လည်း အရမ်းကို ငြိမ်သက်လွန်းနေသည်။

“ငါတို့တွေ သံမဏိပြားတစ်ခုကိုသွားကန်

မိတာများဖြစ်နေနိုင်မလား”

“ဒါပေမဲ့………..သူကသာမန်လူတစ်ယောက်မဟုတ်ဖူးလား”

သို့သော်ဤအခိုက်အတန့်တွင်ရှစ်ဖုန့်က သူ၏ခေါင်းအားနည်းငယ်မော့လိုက်သည်။ အရှိန်အဝါတစ်ခုက သူ့ထံသို့တစ်ဟုန်ထိုးချဉ်းကပ်လာသည်ကို သူအာရုံခံမိသောကြောင့်ဖြစ်သည်။ မကြာခင်တွင် “ဘန်း”ဟူသောအသံကိုကြားလိုက်ရသည်။ မကြာခင်တွင် ပုံရိပ်တစ်ခုက တည်းခိုးခန်းမှ တိုက်ရိုက်ပင် ဦးတည်ရောက်ရှိလာသည်။ အုပ်ကြွပ်ပြားများက နေရာအနှံ့ကိုပြန့်ကျဲသွားပြီး   တည်းခိုခန်းအတွင်းရှိလူများ

အားလုံးအားတုန်လှုပ်သွားစေသည်။

အားလုံး၏ မျက်လုံးများက ထိုပုံရိပ်ပေါ်သို့စုစည်းကျရောက်သွားသည်။

တည်းခိုခန်းအထက်တွင် လူတစ်ယောက်စာအရွယ်

အစားအပေါက်တစ်ခုပေါ်လာသည်။

အစိမ်းရောင်ဝတ်ရုံအားဝတ်

ဆင်ထားသောလူအိုကြီး တစ်ယောက်က  အပေါက်အောက်ဘက်တွင်လွင့်မျောနေ၏။

“သူကလေကိုထိုးခွင်းပျံသန်းလာတာပဲ..

အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပဲ”

အစိမ်းရောင်ဝတ်ရုံနှင့်လူအိုကြီး

အားတွေ့လိုက်ရသောအခါတွင် သူတို့၏မျက်နှာများက ရုတ်ခြည်းပြောင်းလဲသွားပြီး  အံ့အားသင့်မှုများဖြင့်အော်ပြောလိုက်ကြသည်။

အစိမ်းရောင်ဝတ်ရုံနှင့်လူအိုကြီးက သူ့မျက်လုံးထဲရှိ  ပုရွတ်ဆိတ်နှင့်တူသောဤလူများအား လျစ်လျူရှုထားလိုက်သည်။ ထို့အစားကသူ ကတည်းခိုခန်းသို့ ထူးမခြားနားစွာဖြင့်ပြောလိုက်သည်။

“စားပွဲထိုး ငါ့အတွက် ဝိုင်ကောင်းတစ်အိုးလောက်ပြင်ဆင်ပေးစမ်း… ငါ့သွားရမဲ့ခရီးအတွက်အလျှင်

လိုနေတယ်..မြန်မြန်လေးလုပ်”

“ဟုတ်ကဲ့..ဟုတ်ကဲ့. ..အခုပဲပြင်ဆင်လိုက်ပါ့မယ်..အခုပဲ  ပြင်ဆင်လိုက်ပါ့မယ်…ကျေးဇူးပြုပြီးတော့ ခဏလောက်စောင့်ပေးပါ”

လေထဲတွင်ပျံသန်းနိုင်သော

ကျွမ်းကျင်သူတစ်ယောက်က ဤမြို့ငယ်လေးတွင်ရှိသောသူများအတွက် ဒဏ္ဍာရီကဲ့သို့တည်ရှိိမှုတစ်ခုဖြစ်သည်။ စားပွဲထိုးမှာ ဂရုမစိုက်ပဲမထားရဲဘဲ အလျှင်အမြန် တုံ့ပြန်ဖြေကြားလိုက်သည်။

“ကောင်းပြီ”

အစိမ်းရောင်ဝတ်ရုံနှင့်လူအိုကြီးက  အနည်းငယ်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူက အောက်တွင်ရှိနေသောလူ

အုပ်အားကြည့်လိုက်သည်။သိုသော် အောက်ဖက်တွင်ရှိနေသော

အနက်ရောင်ပုံရိပ်ပေါ်သို့ လူအိုကြီး၏မျက်လုံးတို့ကျ

ရောက်သွားချိန်တွင် သူ၏မျက်နှာက ရုတ်ခြည်းပြောင်းလဲသွားသည်။

“ဘုရားရေ..ငါဒီရူးနေတဲ့နတ်ဆိုးဆီကိုမှ ပြေးလာခဲ့တာလား…ငါက

တကယ်ကိုသူ့ခေါင်းထက်မှာ ပျံဝဲနေမိတာပဲ”

သူ၏စိတ်ထဲတွင်ဖျောင်ရှဂိုဏ်း၏မြင်ကွင်းများကပေါ်လာသည်။ သူ့အနေဖြင့် ဖျောင်ရှဂိုဏ်း၏ညာလက်ရုံး ကြယ်ခုနှစ်ပွင့်ဘိုးဘေဘေးနယ်ပယ် ဝေ့ဖန့်၏ စူးစူးဝါးဝါးငယ်သံပါအော် အော်ဟစ်သံကိုပြန်လည်၍ ကြားယောင်လာသည်။ လူအိုကြီးများချက်ချင်းပဲ ချွေးစေးများပင်ထွက်လာခဲ့သည်။

ဤလူအိုကြီးက ဖျောင်ရှတောင်ဆီမှ ပြန်လာခဲ့ခြင်းဖြစ်သည်။

သူ၏လမ်းကြောင်းပေါ်ရှိ ဤမြို့ငယ်လေးအားတွေ့သောအခါတွင်  ဤတည်းခိုခန်းဆီသို့ အပြင်းဝင်ရောက်လာခဲ့သည်။

သို့သော်သူ့အနေဖြင့် ဤနတ်ဆိုးရူးကြုံရာဝင်ရောက်နေသော တည်းခိုခန်းဆီသို့မှာတည့်တည့် ဝင်ရောက်လာမိလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လူအိုကြီးအနေဖြင့်

သူ့ကိုယ်အပြစ်တင်၍ မရဟုခံစားမိသည်။ သူကဲ့သို့သော နတ်ဆိုးရူးက ဤကဲ့သို့ အနိုပ်စုပ်ကုတ်စုတ်နေရာနှင့်အနုတ်စုတ်ဂုတ်စုတ်တည်းခိုးခန်းသို့ ရောက်ရှိနေမည်ဟု မည်သူကများ သိနိုင်ပါမည်နည်း။ သူ၏လက်ရှိအဆင့်အတန်းမျိုးဖြင့်ဆိုလျှင် အကယ်၍ အင်ပါယာမြို့တော်၏ ရာဇပလ္လင်ခန်းမအတွင်း၌ ထိုင်နေခဲ့လျှင်ပင်  သူ့အားမည်သူကမျှဘာမှပြောရဲမည်မဟုတ်ပေ။

ထို့နောက်တွင်လူအိုကြီးက လျှင်မြန်စွာရှစ်ဖုန့်၏ရှေ့၌ ဆင်းသက်လိုက်သည်။ သူကဦးညွှတ်လိုက်ပြီးသူ၏ကိုယ်က ထိန်းမထားနိုင်ဘဲ တုန်ယင်စွာဖြင့်ပြောလိုက်သည်။

“ဖုန့်…ဖုန့်..သခင်လေးဖုန့်..ဟုတ်….

ကျွန်တော်တောင်းပန်ပါတယ်..လူအိုကြီး…………………….ကျွန်တော်…

သခင်လေးဒီမှာရှိနေတာကို မသိလို့ပါ…”

အစိမ်းရောင်ဝတ်ရုံနှင့်လူအိုကြီးက

ရှစ်ဖုန့်အား မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏ကိုယ်သည်သာမက သူ၏အသံပင်ထိန်းထားနိုင်ခြင်းမရှိဘဲ တုန်ယင်နေသည်။

“ဟမ်”

ရှစ်ဖုန့်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး   ရုတ်တရက်သူ့အားဦးညွှတ်

ဂါရဝပြုနေသည့်သူ့နှင့် ရင်းနှီးခြင်းမရှိသော  လူအိုကြီးအား ကြည့်လိုက်သည်။

“အား”

သို့သော်လူအိုကြီးမှာ အစကတည်းက ထိတ်လန့်နေပြီဖြစ်သည်။

ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်

သည်အားတွေ့လိုက်ရသောအခါတွင် အစောပိုင်းက သူ၏အပြုအမူအားဒေါသထွက်

သွားသည်ဟုထင်သွားသည်။ ချက်ချင်းပဲသူ၏ဒူးတို့က ပျော့ခွေသွားပြီး  “ဖန်း” ဆိုသောအသံနှင့်အတူ ဒူးထောက်ချလိုက်သည်။ သူရှစ်ဖုန့်အား ဆက်တိုက် ဦးခိုက်တောင်းပန်ရင်း ပြောနေသည်။

“ဟုတ်ကဲ့ ကျွန်တော်တောင်းပန်ပါတယ် သခင်လေးဖုန့် ကျွန်တော်တောင်းပန်ပါတယ်…

ကျွန်တော်မှားတာကျွန်တော်သိပါပြီ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

“ဟစ်..ဟစ်…ဟစ်..ဟစ်..ဟစ်”

ရှစ်ဖုန့်၏ဘက်ခြမ်းရှိမြင်ကွင်းက  တည်းခိုခန်းအတွင်းရှိလူအားလုံးအား ပင့်သက်ရှိုက်မိသွားစေသည်။

ဒဏ္ဍာရီကဲ့သို့သော တည်ရှိမှုဖြစ်သည့် ပျံသန်းနိုင်သည့်ကျင့်ကြံသူတစ်ယောက်က  ဤလူငယ်လေး၏ရှေ့မှောက်တွင် တကယ်ကိုဒူးထောက်နေ၏။ ဤသို့ဆိုလျှင် ဤလူငယ်၏သရုပ်မှန်နှင့် ကျင့်ကြံမှုနယ်ပယ်က အရမ်းကိုမြင့်မားလွန်းနေရမည်သာဖြစ်သည်။

အထူးသခင်းလီဦးဆောင်သော အစောင့်များဖြစ်သည်။ သူတို့မှာအရမ်းထိတ်လန့်မိသောကြောင့် ထိန်းမထားနိုင်ဘဲ တုန်ယင်နေမိကြသည်။ သူတို့၏မျက်လုံးများမှာ သူငယ်အိမ်အတွင်းမှ ခုန်ပေါက်ထွက်ကျလာတော့မည်သကဲ့သို့ ပြူးကျယ်နေသည်။

အားလုံးကတစ်ယောက်ကိုယ်

တစ်ယောက်ကြည့်လိုက်ကြပြီး  တစ်ယောက်ချင်းစီ၏မျက်နှာထက်တွင်  တုန်လှုပ်အံ့အားသင့်မှု၊နောင်တရမှုနှင့်ထိတ်လန့်မှုများဖြစ်ပေါ်နေသည်ကို တွေ့လိုက်ကြရသည်။ ဤတစ်ကြိမ်တွင်သူတို့အနေဖြင့် တကယ့်သံမဏိပြားစစ်စစ်ကိုမှ သွားကန်မိခြင်းပင်ဖြစ်သည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters