အပိုင်း (၃၀၇)
Vol. 21 Ch. 307
“ထွက်သွား”
ရှစ်ဖုန့်က အေးအေးဆေးဆေးပင် အစိမ်းရောင်နှင့်လူအိုကြီး
အားပြောလိုက်သည်။
ပျံသန်းနိုင်စွမ်းရှိကြသော
ကျင့်ကြံသူများမှာ အနည်းဆုံး အင်ပါယာနယ်ပယ်အဆင့်ရှိသည်ဖြစ်သည်။ သူတို့၌ မြင့်မားသော အဆင့်အတန်းများရှိကြပြီး
မရေတွက်နိုင်သော လူများက လေးစားကြရသည်။ သို့သော်ဤအခိုက်အတန့်တွင်
ဤကဲ့သို့ အစွမ်းထက်သောကျင့်ကြံသူ
တစ်ယောက်က ရှစ်ဖုန့်၏ “ထွက်သွား” ဟူသောစကားအား ကြားလိုက်ရသောအခါ သူ့အနေဖြင့်ကြီးမားသော ပြစ်ဒဏ်ကြီးတစ်ခု လွတ်ငြိမ်းချမ်းသာခွင့်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူကအလျှင်အမြန်ရှစ်ဖုန့်အား ဦးညွှတ်ဂါရဝပြုလိုက်ပြီး
ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်… သခင်လေးဖုန့်….ကျေးဇူးတင်ပါတယ်… သခင်လေးဖုန့်..”
ချက်ချင်းပဲ အစိမ်းရောင်
ဝတ်ရုံနှင့်လူအိုကြီးက လှုပ်ရှားလိုက်ပြီး သူအမြဲသုံးနေကျထက် အမြန်ဆုံးသော လှုပ်ရှားမှုပညာရပ်အားအသုံးပြုလိုက်သည်။ သူကစောတလျှင်ပဲလေကို
ထိုးခွင်းပျံသန်းလိုက်ပြီး ဤနေရာမှ ထွက်ပြေးသွားခဲ့သည်။
သို့သော် အကယ်၍ယင်းက အခြားသောအချိန်များဖြစ်နေခဲ့မည်ဆိုလျှင် အစိမ်းရောင်ဝတ်လူအိုကြီးမှာ သေချာပေါက် သူ၏ပင်ကိုယ်အသိစိတ်
နောက်ကိုလိုက်၍ သူထွက်ပြေးသော
အချိန်တွင် သူ့အားပိတ်ကာဆီးထားသော ခေါင်မိုးအားတိုက်ရိုက်ပင် အပေါက်တစ်ခုဖြစ်အောင်
ဖောက်ထွင်းသွားလိမ့်မည်ဖြစ်သည်။
သို့သော်ယခုအခါတွင်လူအိုကြီးက တစ်ရှိန်ထိုးဦးတည်လိုက်ပြီး ခေါင်မိုးနားသို့နီးကပ်လာသောအခါ သူကသူ၏ကိုယ်အား အနည်းငယ်လှုပ်ရှားလိုက်ပြီး
သူဝင်ရောင်စဉ်က ပြုလုပ်ခဲ့သော အပေါက်အတွင်းမှသာ ပြန်လည်၍ပျံသန်းထွက်သွားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းသူ၏ ပုံရိပ်က ဘာအစအနမှ ကျန်ရစ်နေခြင်းမရှိအောင် ပျောက်ကွယ်သွားသည်။
ရှစ်ဖုန့်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့်
နေနေဆဲဖြစ်သော်လည်း ဤအချိန်၌ အစောင့်အုပ်စုအား တစ်ချက်ဖျက်ခနဲကြည့်လိုက်သည်။
ရှစ်ဖုန့်၏အကြည့်အားမြင်
တွေ့လိုက်ရသောအခါတွင် သူတို့မှာ အရမ်းကြောက်ရွံ့သွားပြီး ရေခဲတိုက်တစ်ခုအတွင်း
ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ဒူးများက ပျော့ခွေသွားပြီး အလျှင်အမြန်မြေပြင်ပေါ်သို့ဒူး
ထောက်ချလိုက်သည်။
သူတို့ကရှစ်ဖုန့်အား
ဦးခိုက်လိုက်ကြပြီး ပြောလိုက်သည်။
“အရှင် ကျေးဇူးပြုပြီးကျွန်တော်မျိုးတို့ရဲ့ အသက်တွေကိုချမ်းသာပေးတော်မူပါ..”
“ကျွန်တော်အမှားကို ကျွန်တော်သိပါပြီ…
အရှင် ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ တန်ဖိုးမရှိတဲ့အသက်လေးကို
ချမ်းသာပေးတော်မူပါ….
အရမ်းကိုအမြင်ကန်းခဲ့တဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ”
“မင်းတို့အားလုံးထွက်သွားကြ”
ရှစ်ဖုန့်က အေးအေးဆေးဆေးပင်ပြောလိုက်သည်။
“ဟုတ်..ဟုတ်ကဲ့”
“ဟုတ်ကဲ့”
ကျင့်ကြံသူများမှာ လွတ်ငြိမ်းချမ်းခွင့်ရသွားကြသကဲ့သို့ အလျှင်အမြန််ခေါင်းညိမ့်
တုံ့ပြန်လိုက်ကြသည်။ ထို့နောက်တွင်တစ်ယောက်ပြီး
တစ်ယောက်မြေပြင်ပေါ်တွင်လှဲ၍ သူတို့၏ ကိုယ်များအားလှိမ့်ကာထွက်သွားကြသည်။ ကျန်နေသောလူဆယ့်နှစ်ယောက်မှာ တည်းခိုခန်းအတွင်းရှိ အားလုံး၏အလွန်အံ့အားသင့်နေသော မျက်လုံးများအောက်တွင်ပင် တည်းခိုခန်းအပြင်ဘက်သို့ လှိမ့်ထွက်သွားကြခြင်းဖြစ်သည်။
အစောင့်များက တည်းခိုခန်းအပြင်ဘက်သို့
လှိမ့်ထွက်သွားကြပြီးသည့်နောက်တွင် ဆိတ်ငြိမ်စွာထိုင်နေဆဲဖြစ်သော အနက်ရောင်ဝတ်ရုံနှင့်လူငယ်
ထံသို့သူတို့အားလုံးကြည့်လိုက်ကြသည်။
ဤကဲ့သို့သော ကြီးမားသော
ရိုက်ချက်တစ်ခုက ဤကဲ့သို့သောမြို့သေးသေးလေး
နှင့်နုံချာစုတ်ပြတ်သောတည်းခိုခန်းလေး၌ ပေါ်လာလိမ့်မည်ဟု သူတို့မျှော်လင့်ထားခြင်းမှရှိပေ။ ဒဏ္ဍာရီတစ်ခုကဲ့သို့ ပျံသန်းနိုင်သောပုဂ္ဂိုလ်က ကြောင်တစ်ကောင်အား မြင်တွေ့ရသော ကြွက်လေးတစ်ကောင်ကဲ့သို့ဖြစ်နေခဲ့သည်။
ထို့နောက်တုန်လှုပ်အံ့အားသင့်နေကြသော အကြည့်များအားရင်ဆိုင်ရ ရှစ်ဖုန့်က ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး အော်ပြောလိုက်သည်။
“စားပွဲထိုး”
“ဒီမှာ…ဒီမှာရှိပါတယ်”
စားပွဲထိုးဖြစ်သူမှာ ရှစ်ဖုန့်၏ခေါ်သံအား ကြားလိုက်ရသောအခါတွင်
လန့်ဖျပ်သွားပြီး အလျှင်အမြန်ပဲ တုံ့ပြန်ဖြေဆိုလိုက်သည်။ သူကအားနည်း တိုးဖျော့ လေးစားစွာဖြင့် ခေါ်လိုက်သည်။
“အရှင်”
“ငါ့ကိုငါ့အခန်းဆီကိုခေါ်သွားပေး”
ရှစ်ဖုန့်က စားပွဲပေါ်ရှိ အခန်း
ကဒ်အား ယူ၍ စားပွဲထိုးဖြစ်သူကိုပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်..ဒီဘက်ကိုကြွပါ”
စားပွဲထိုးဖြစ်သူက ရှစ်ဖုန့်အား ဒုတိယအလွှာသို့ခေါ်ဆောင်သွားသည်။ ကောင်တာရှိလူအုပ်အား ရှစ်ဖုန့်ကျောက်ဖြတ်သွားချိန်တွင် အစောပိုင်းက ဝမ်းနည်းပူဆွေးမှုများဖြင့် ငိုကြးချက်မဖြစ်နေခဲ့သော သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးက ရုတ်တရက် ရှုံ့တွနေသောသူမယောက်ျားဖြစ်သူ၏ အလောင်းအား ထားခဲ့ပြီး လူအုပ်ထဲမှ ထွက်လာခဲ့သည်။
“အရှင်..အရှင် အရှင့်ရဲ့စွမ်းအားက အကန့်အသတ်မဲ့ပါပဲ…အရှင် ကျွန်မယောက်ျားအတွက် လက်စားချေပေးရမယ်…အရှင် ကျွန်မယောက်ျားက အရမ်းကိုစိတ်မချမ်းမြေ့ဖွယ်
ကောင်းအောင် သေဆုံးခဲ့ရတာပါ…ကျွန်မအရှင့်
ကိုတောင်းပန်ပါတယ်… အရှင့်အနေနဲ့ ကျွန်မယောက်ျားကိုသတ်သွားတဲ့ နတ်ဆိုးကို စုံစမ်းပေးပြီး သတ်ဖြတ်ပေးတော်မူပါ”
“အရှင်ကသေချာပေါက် ကျုပ်တို့ကိုနတ်ဆိုးကိုသတ်ဖြတ်
ဖို့အတွက်ကူညီပေးမှာပါ… စိတ်မပူပါနဲ့ ..အရှင့်ရဲ့လမ်းကို ပိတ်မထားပါနဲ့… အရှင့်ရဲ့ အနားယူခြင်းကို မနှောက်ယှက်ကြပါနဲ့… “
ရှစ်ဖုန့်က ဘာမှပြောကြား ခြင်းမရှိပေ။ စားပွဲထိုးဖြစ်သူက လျှောက်လှမ်းသွားလိုက်ပြီး အမျိုးသမီးဖြစ်သူအား နှစ်သိမ့်လိုက်သည်။
စားပွဲထိုးက သူမား နှစ်သိမ့်လိုက်သည်။ ဒုတိယအကြောင်းပြချက်အ
နေဖြင့်ကသူ့အနေဖြင့် ဤပုဂ္ဂိုလ်ဒေါသထွက်သွားမည်ကို ကြောက်လန့်မိ၍ဖြစ်သည်။ ထိုသို့သာဖြစ်လာပါက ဖြစ်လာမည့်အကျိုးဆက်မှာ စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။ ရှောင်ယွီအနေဖြင့် ကျင့်ကြံသူမှာ ထိုနေရာတွင်ရပ်နေဆဲဖြစ်သော်လည်း
ထိုအသက်မဲ့နေသလိုဖြစ်နေသော သူက ဤပုဂ္ဂိုလ်အား ဒေါသထွက်စေခဲ့၍ သေဆုံးခဲ့ပြီးဖြစ်သည်ကို အားလုံးသိကြလေသည်။
အထူးသဖြင့် စားပွဲထိုးဖြစ်သူရှစ်ဖုန့်ထံသို့
ပြေးလာသောအခါတွင် ရှောင်ယွီဟူသော လူငယ်ကျင့်ကြံသူ၏မျက်နှာထက်တွင် တောက်ပနီရဲသောသွေး
များဖြင့်ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။သူ၏ပုံစံမှာ
မကောင်းဆိုးဝါးတစ္ဆေတစ်ကောင်
နှင့်ပင်တူညီလေသည်။
စားပွဲထိုးဖြစ်သူက ညိမ်ကျသွားသောအခါတွင် မျက်ရည်လည်ရွှဲဖြစ်နေသော အမျိုးသမီးမှာ ငြိမ်ကျသွားသည်။ သူကခေါင်းညိမ့်ပြီး တိုးဖျော့စွာပြောလိုက်သည်။
“ဟုတ်ကဲ့”
သို့သော်သူမက ရှစ်ဖုန့်အား မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေသော
မျက်နှာထားဖြင့် ကြည့်နေဆဲဖြစ်သည်။
စားပွဲထိုးဖြစ်သူ၏ ဦးဆောင်မှုဖြင့်ရှစ်ဖုန့်က သစ်သားလှေကားအတိုင်း
တက်သွားပြီး ဒုတိယ ထပ်အလည်ရှိအခန်းတစ်ခုဆီ
သို့ရောက်လာသည်။စားပွဲထိုးဖြစ်သူက အခန်းအားဖွင့်လိုက်သောအခါတွင် ရှစ်ဖုန့်မှာအခန်း၏ဖွဲ့စည်းပုံကို မြင်တွေ့လိုက်ရသည်။
အခန်းကအရမ်းရိုးရှင်းသည်ဖြစ်သည်။ ကုတင်တစ်လုံး၊ နီညိုရောင် လေးထောင့်စားပွဲတစ်လုံး၊ နီညိုရောင်ခွေးခြေနှစ်လုံး၊ရေချိုးကန်တစ်ခု၊ကိုယ်သုတ်ပဝါများနှင့် အခန်းထောင့်ရှိ နေ့စဉ်သုံးမဖြစ်မနေလိုအပ်
သောပစ္စည်းအချို့သာရှိလေသည်။
“ဒီဘက်ကိုကြွပါအရှင်”
စားပွဲထိုးကဦးညွှတ်လိုက်ပြီး လက်ဟန်ခြေဟန်ဖြင့် ရှစ်ဖုန့်ကို ဖိတ်ခေါ်လိုက်သည်။
ရှစ်ဖုန့်ကခေါင်းညိမ့်ပြပြီး အခန်းအတွင်းသို့လျှောက်လှမ်း၍
ဝင်လိုက်သည်။ စားပွဲထိုးက ရှစ်ဖုန့်အတွက် အခန်းတံခါးအားညင်သာစွာပိတ်လိုက်သည်။
တံခါးအားပိတ်ပြီးသည့်နောက်တွင်
ရှစ်ဖုန့်က အခန်းအတွင်းရိုးရှင်းသော အစီအရင်တစ်ခုကို စီစဉ်လိုက်သည်။
ထို့နောက် အတွေးတစ်ချက်ဖြင့် သူ၏လက်အတွင်းရှိ သွေးနီရောင်ကျောက်ပြားအား သူ၏လက်ဖဝါးအတွင်းမှ ပျံသန်းထွက်လာစေပြီး ရှစ်ဖုန့်၏ရှေ့တွင် လွင့်မျောနေစေလိုက်သည်။ ထို့နောက် သွေးနီရောင်အလင်းတစ်ခုက ဖျက်ခနဲလင်းလက်လာပြီး ရှစ်ဖုန့်က ကျောက်ပြားအတွင်းရှိ အမှောင်နေရာလွတ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် များပြားလှသော အလင်ပုလဲလုံးများက အမှောင်နေရာလွတ်အတွင်း၌ လွင့်မျောနေသည်။ ပုလဲလုံးများ၏ထွန်းလင်းမှုအောက်တွင် ရှစ်ဖုန့်ပေါ်လာသော ဧရိယာတစ်ဝိုက်က နေ့အလင်းရောင်ကဲ့သို့ လင်းထိန်နေသည်။
ဝူရှောင်းယွင်နှင့်ယဲ့ဝူရှင်းတို့မှာ မူလစွမ်းအင်များဖြင့်ပြည့်နှက်နေသည့် ဤနေရာလွတ်ထဲတွင်လွင့်
မျောရပ်တည်နေကြဆဲဖြစ်သည်။ သူတို့အနေဖြင့်ဤပေါကြွယ်လှသော မူလစွမ်းအင်များနှင့် အချိန်တို့အား ဖြုန်းတီးမပစ်လိုကြချေ။ သူတို့ကတင်ပျဉ်ခွေ၍ကျင့်ကြံနေကြသည်။
သိပ်မဝေးလှသောနေရာတွင်
မိန်းကလေးများ၏ ရယ်မောသောအသံကိုကြားနိုင်လေသည်။
လုံမုန့်နှင့် စံပယ်လေးတို့က လောလောဆယ်တွင် ရှစ်လင်နှင့်အတူ ကစားနေကြသည်။ ဤနေရတွင်မြေထုလွှာမရှိခြင်းကြောင့် မြေဆွဲအားလည်းရှိမနေပေ။
မိန်းကလေးကြီးနှစ်ယောက်နှင့်မိန်းမငယ်လေးတစ်ယောက်တို့က လောလောဆယ်တွင် ဤနေရာလွတ်ထဲ၌ ပျံသန်းနေကြပြီးသူတို့၏လက်များအား ငှက်များကဲ့သို့ဖြန့်ထားကြသည်။
ဟုန်ယွဲ့မှာမူ သူမသည်လည်းလေ ထဲတွင်လွင့်မျောလျက်ရှိသည်။ သူမက အပ်တစ်ချောင်းနှင့်ချုပ်
လုပ်မှုကိုပြုလုပ်နေသည်။ သူမ၏လက်ထဲတွင်အဝါရောင်
အင်္ကျီလေးတစ်ထည်ရှိနေပြီးယင်းက ရှစ်လင်အတွက်ပြုလုပ်ထားသည့်ပုံပေါ်သည်။
ရှစ်လင်မှာမူ မိန်းကလေးများ၏ ဂရုစိုက်မှုအောက်တွင် ညစ်ပေနေသောရှစ်လင်၏ကိုယ်
အားသန့်စင်ပေးထားပြီး သူမအားသေးငယ်ပြီး အလွန်လှပလက်ရာမြောက်သော ပန်းရောင်အင်္ကျီလေးတစ်ထည်ကို ဝင်ဆင်ပေးထားသည်။ သူမမှာ ပန်းရောင် ကြွေထည်အရုပ်မလေးတစ်ခုနှင့်တူပြီး အရမ်းကိုချစ်ဖို့ကောင်းနေလေသည်။ သူမကလေထဲတွင်ပျံသန်းနေပြီး ခြေဗလာဖြင့် သူမ၏လက်မောင်းတို့အား ဖြန့်ကားထားသည်။ ရှစ်ဖုန့်ပေါ်လာသည်ကို မြင်တွေ့ရသောအခါတွင် ရုတ်ခြည်းပဲ ပျော်ရွှင်စွာဖြင့် အော်ပြောလိုက်သည်။
“ကိုကြီး”
ထို့နောက်တွင် ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာပျံသန်းလာပြီး သူမကိုယ်သူမရှစ်ဖုန့်၏
လက်မောင်းများအတွင်းသို့ပစ်ဝင်လိုက်သည်။
ရှစ်ဖုန့်က သူ့ညီမလေးအား ပွေ့ဖက်လိုက်ပြီးခေါင်းလေးအား ချစ်ခင်ကြင်နာယုယစွာဖြင့် ပွတ်သပ်လိုက်သည်။ သူက ညင်သာစွာမေးလိုက်သည်။
“ညီမလေး ပျော်ရဲ့လား”
“ဟီးဟီး ..ပျော်တာပေါ့… ညီမလေးရဲ့ မမတွေက ကစားပေးကြတယ်လေ”
ရှစ်လင်က ခေါင်းလေးကိုမော့ကာ ပြုံးလိုက်ပြီး ရှစ်ဖုန့်အား ပြန်ဖြေလိုက်သည်။
“ကိုကြီးရှစ်ဖုန့်”
ရှစ်ဖုန့်ပေါ်လာသည်ကို တွေ့ရသောအခါတွင် လေထဲတွင်ပျံသန်းနေသောလုံမုန့်က ချိုသာစွာခေါ်လိုက်ပြီး ရှစ်ဖုန့်ထံသို့ပျံသန်းလာသည်။
သို့သော် စံပယ်လေးနှင့် ဟုန်ယွဲ့တို့က တော့ ရှစ်လင်နှင့်လုံမုန့်တို့ထက်စာလျှင် အနည်းငယ်လှမ်းသောနေရာ၌နေကြသည်။ သူမတို့ကအနီးသို့မလာဘဲ အဝေးမှသာစောင့်ကြည့်နေကြသည်။ သူတို့ကရှစ်ဖုန့်အား ပြုံး၍ ခေါင်းညိမ့်ပြလိုက်ကြသည်။
“ကိုကြီးရှစ်ဖုန့် ညီမလေးအတွက် ကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်
ကိုချိုးဖြတ်ဖို့သိပ်ကြာတော့မှာမဟုတ်ဖူး… ညီမလေးအင်ပါယာနယ်ပယ်ကိုဝင်ရောက်ဖို့အတွက် ခြေလှမ်းနီးကပ်လာနေပြီ”
လုံမုန့်ကရှစ်ဖုန့်၏ရှေ့သို့
ရောက်သောအခါတွင် ပျော်ရွှင်စွာဖြင့်သတင်းကောင်း
ကိုပြောပြလိုက်သည်။
ရှစ်ဖုန့်က လုံမုန့်အားကြည့်လိုက်ပြီး
ရယ်မော၍ ခေါင်းညိမ့်ပြလိုက်သည်။ ဤမိန်းကလေးတွင်သန့်စင်ယန်ခန္ဓာကိုယ်ရှိပြီး ပါရမီကောင်းလည်းရှိသည်ဖြစ်သည်။ သွေးပုတီးစေ့များ၏သိုင်း
တာအိုစိတ်ဆန္ဒနှင့်အတူ မူလချီပေါကြွယ်ဝသော
ဤနေရာမျိုးတွင်ကျင့်ကြံခြင်းက ဤအခိုက်အတန့်တွင် အဆင့်ချိုးဖြတ်လုနီးနီသို့
ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သုံးရက်အတွင်းသူမအနေ
ဖြင့်ကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။
ဆက်ရန်..
ဘာသာပြန်သူ- ARISE