အပိုင်း(၃၀၈)
Vol. 21 Ch. 308
ရှစ်ဖုန့်အတွက်မူ လုံမုန့်၏ ကျင့်ကြံမှု အမြန်နှုန်းက ဘာမှမဟုတ်ပေ။
တကယ်တော့ ဤကဲ့သို့သောလူထူးဆန်းမျိုး
ဖြစ်သည့်ရှစ်ဖုန့်နှင့် မည်သူကမျှ နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။
သို့သော်လုံမုန့်အတွက်ကတော့ယင်းက ကွဲပြားလေသည်။ သူမကြယ်ခုနစ်ပွင့်ဘုရင်နယ်
ပယ်အဆင့်သို့ဝင်ရောက်ခဲ့သည်မှ အနည်းဆုံးဆယ်ရက်အောက်
ထစ်တွင်သာရှိသေးသည်ဖြစ်သည်။
သူမသည် ယခင်ယွင်လိုင်အင်ပါယာ
တွင်လျှင်သေချာပေါက် ကောင်းကင်ဘုံအားဆန့်ကျင်
သောတည်ရှိမှုတစ်ခုဖြစ်လေသည်။
ဤနေရာရှိပေါကြွယ်ဝလှသော
မူလချီများအား ပေါင်းထည့်ပြီး သွေးနီရောင်ကမ္ဘာမှရရှိခဲ့သော သွေးပုတီးစေ့များအား
အဓိကမှီခိုအားထား၍
ရှစ်ဖုန့်ထားခဲ့သော ဓားအမှတ်အသားမှ စိတ်ဆန္ဒတို့အားသူမအနေဖြင့် နားလည်သဘောပေါက်ရန်
ဆင်ခြင်ခဲ့သည်ဖြစ်သည်။
“ကြိုးကြိုးစားစားလေ့ကျင့် လျှောက်ကစားမနေနဲ့…
အင်ပါယာနယ်ပယ်ကို ဖြစ်နိုင်သမျှမြန်မြန်ချိုးဖျက်ချေ.”
ရှစ်ဖုန့်က လုံမုန့်အား ပြောလိုက်သည်။
“ကောင်းပါပြီ”
လုံမုန့်က ပြေတည်တည်မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက်
သူမက ရှစ်ဖုန့်နှင့် ရှစ်လင်အားပြောလိုက်သည်။
“ညီမလေးသွာ့းပြီး လေ့ကျင့်တော့မယ်..လင်အာလေး မမကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်
ချိုးဖျက်ပြီးတဲ့အထိစောင့်ပေး ပြီးရင် မမညီမလေးနဲ့ကစားမယ်.. “
လုံမုန့်ကစကားပြောပြီးသည့်နောက် သူမ၏လက်မောင်းတို့အား ဖြန့်ကား၍ ပျံသန်းသွားသည်။ သူမက လေထဲတွင်တင်ပျဉ်ခွေထိုင်လိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ သွေးပုတီးစေ့တစ်ခုကိုထုတ်ယူလိုက်သည်။ သူမက ၎င်းအား သူမ၏လက်ဖဝါးထဲတွင်ကိုင်ဆောင်ထားပြီး ကျင့်ကြံမှုကိုစတင်လိုက်သည်။
“လင်အာလည်းနောက်ကျရင် သိုင်းပညာကို စပြီးကျင့်ကြံလေ့ကျင့်ရမယ်နော်”
ရှစ်ဖုန့်က ရှစ်လင်လက်တို့၏ ပွေ့ဖက်ထားခြင်းကို ပြေလျော့စေလိုက်ပြီး သူမ၏ချစ်ဖို့ကောင်းသောခေါင်းလေးအား ချစ်ခင်ကြင်နာမှုအပြည့်ဖြင့်
ပွတ်သပ်လိုက်ကာပြောလိုက်သည်။
“လင်အာက သိုင်းပညာကိုမကျင့်ကြံချင်ပါဘူး
..အရမ်းပျင်းဖို့ကောင်းတယ်.. ဒီမှာကိုကြီးရှိနေတာပဲဟာ အခုကစပြီး လင်အာကို ကိုကြီးက ကာကွယ်ပေးလို့ရတာပဲ…”
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်လင်က နှုတ်ခမ်းလေး
ကိုစူလိုက်ပြီး ကလူ၏သို့ မြှူ၏သို့ဖြင့်ပြောလိုက်သည်။
ရှစ်လင်နှင့်သူမ၏စူထားသော
နှုတ်ခမ်းလေးအားကြည့်၍ ရှစ်ဖုန့်တွေးလိုက်သည်။
“မွေးရာပါစိတ်ဝိညာဉ်ခန္ဓာ …သူမသာ သိုင်းပညာကို မကျင့်ကြံဘူးဆိုရင် အရမ်း ဖြုန်းတီးမှုကြီးဖြစ်နေလိမ့်မယ်”
သို့သော် ဤအသေးလေးကျင့်ကြံရန်အတွက် မည်ကဲ့သို့သိုင်းပညာရပ်မျိုး
အားကျင့်ကြံသင့်သနည်း
ဆိုသည်ကိုလည်းရှစ်ဖုန့်တွေးနေမိသည်။ သူ၏ငရဲဘုံကိုး ခုပညာရပ်က အရမ်းကို ပြင်းထန်ဆိုးဝါးလွန်းသည်ဖြစ်သည်။ သိုင်းပညာ၏အထွတ်အထိပ်
သို့ရောက်ရှိရန်အတွက် သူ့အနေဖြင့် အရိုးများအားတောင်လိုပုံနေ
အောင်နင်းဖြတ်ဖို့လိုသည်။
ရှစ်ဖုန့်အနေဖြင့် ဤအသေးလေးအားသူကဲ့
သို့သိုင်းပညာလမ်းကြောင်းပေါ်၌ လျှောက်လှမ်းစေလိုစိတ်မရှိပေ။
“ကိုကြီး ဘာလို့ဘာမှမပြော
တော့တာလဲ..”
ရှစ်ဖုန့်ကတစ်စုံတစ်ခုအား
တေွးတောနေသကဲ့သို့ တွေဝေစွာရပ်နေသည်ကိုတွေ့
ရသောအခါတွင် ရှစ်လင်ကမေးလိုက်သည်။
ရှစ်လင်၏ခေါ်သံအားကြား
လိုက်ရသောအခါတွင် ရှစ်ဖုန့်ကအသိပြန်ဝင်လာပြီး ရှစ်လင်ကိုပြောလိုက်သည်။
“အိုးဘာမှဟုတ်ပါဘူး..ကိုကြီးက လင်အာလေးရဲ့ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ ပါရမီရယ်ဆိုရင် ကျင့်ကြံခြင်းကိုမလုပ်တာက နှမြောဖို့ကောင်းတယ်လို့
ကိုကြီးတွေးနေတာပါ…လင်အာလေးအတွက် ဘယ်လိုသိုင်းပညာမျိုးက
များသင့်တော်ပါ့မလဲ”
“လင်အာမှာ ကျင့်ကြံခြင်းပညာရပ်တစ်ခုရှိတယ်”
ရှစ်လင်ကပြောလိုက်သည်။ ရှစ်လင်က ငယ်သေးသော်လည်း သူမသည်ဖျောင်ရှဂိုဏ်းတွင် အချိန်အတော်ကြာနေထိုင်ခဲ့သည်ဖြစ်သည်။ ပင်ကိုယ်အားဖြင့်သူမသည် သိုင်းပညာရပ်များနှင့်ကျင့်ကြံခြင်းပညာရပ်များအားနားလည်သည်ဖြစ်သည်။
ထိုထက်ပိုသည်ကား ရှစ်လင်ကိုယ်တိုင်က ဖျောင်ရှဂိုဏ်း၌ အတင်းအကျပ်ကျင့်ကြံမှု
ကိုပြုလုပ်ခဲ့ရသည်ဖြစ်သည်။
ရှစ်လင်၏စကားတို့အားကြား
ရသောအခါတွင် ရှစ်ဖုန့်က ခေါင်းအနည်းငယ်ခါယမ်းပြလိုက်ပြီး ပြောလိုက်သည်။
“အဲ့တာတွေကို မလေ့ကျင့်နဲ့
ဖျောင်ရှဂိုဏ်းရဲ့ အဆင့်နိမ့်ပညာရပ်တွေက ကိုကြီးလင်အာလေးနဲ့ မထိုက်တန်ဘူး”
“ကိုကြီး အဲ့တာက ဖျောင်ရှဂိုဏ်းကပညာရပ်မဟုတ်ဖူး.
မေမေညီမလေးကိုပေးထားတဲ့ ကျင့်ကြံခြင်းပညာရပ်ပဲ”
ရှစ်လင်က သူမ၏မျက်လုံးရွဲကြီးတို့အား
ပုတ်ခတ်ပုတ်ခတ်လုပ်၍ အရမ်းကိုလေးနက်စွာပြောလိုက်သည်။
“အမေကလင်အာလေးကိုပေးထားတဲ့ ကျင့်ကြံခြင်းနည်းလမ်းလား”
ရှစ်လင်၏စကားတို့အားကြား
ရသောအခါတွင်ရှစ်ဖုန့်မှ
သံသယအပြည့်ဖြစ်သွားရသည်။
ဘယ်လိုဖြစ်ပြီး သူ၏အမေဖြစ်သူက သူမအတွက်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ချန်ထားရစ်ခဲ့နိုင်ပါမည်နည်း။
“ကိုကြီး အဲ့တာကဒါပဲ”
ရှစ်လင်ကသေးသွယ်သောလက်လေးကို ဆန့်ထုတ်ပြီး သူမရင်ဘက်ပေါ်ရှိ
မိုးပြာရောင် ကျောက်စိမ်းဆွဲသီးလေးအား ဆုပ်ကိုင်၍ပြလိုက်သည်။၎င်းအား ရိုးစင်းသောစကားလုံးများဖြင့်
ထွင်းထားလေသည်။ သူမက၎င်းအား သူမ၏ရှေ့တွင်ထားလိုက်ပြီး ရှစ်ဖုန့်ကိုပြသလိုက်သည်။
“ဒီကျောက်စိမ်းဆွဲသီးလား…
ကိုကြီးတစ်ချက်ကြည်ပါရစေ”
ရှစ်ဖုန့်ကပြောလိုက်သည်။ ရှစ်လင်၏စကားများအရ ဤကျောက်စိမ်းဆွဲသီးအတွင်းတွင် ကျင့်ကြံခြင်းပညာရပ်အမျိုးအစား အချို့များရှိနေနိုင်မည်လား။ ဤကျောက်စိမ်းဆွဲသီးက ရှစ်လင်၏ ရင်ဘက်ပေါ်တွင်ဝတ်ဆင်ထားခဲ့သည်မှာ သူမကလေး ဘဝတည်းကဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် သူ၏ယခင်ဘဝမှမှတ်ဉာဏ်တို့အား ပြန်လည်၍ရရှိခဲ့ပြီးသည့်နောက်တွင် ၎င်းနှင့်ပက်သက်၍ ဘယ်တုံးကမှများစွာအာရုံစိုက်ခဲ့ခြင်းမရှိပေ။
“ကောင်းပါပြီ”
ရှစ်လင်က နာခံစွာဖြင့် ခေါင်းညိိမ့်လိုက်သည်။ ထို့နောက် သူမက ကျောက်စိမ်းဆွဲသီးအားဆွဲဖြုတ်လိုက်ပြီး ရှစ်ဖုန့်ထံသို့လွှဲပေးလိုက်သည်။
ရှစ်ဖုန့်က ကျောက်စိမ်းဆွဲသီးကို
ယူလိုက်ပြီး သူ၏လက်ထဲတွင်ကိုင်ထားလိုက်သည်။
ထို့နောက်သူ၏မျက်လုံးတို့အား
ပိတ်၍ သူ၏ ဝိညာဉ်အသိအား ကျောက်စိမ်းဆွဲသီးအတွင်းသို့ နစ်မြုပ်စေလိုက်ပြီး စူးဆန်းလေ့လာလိုက်သည်။
“သေချာတယ်…..အထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့
တစ်စုံတစ်ခုရှိနေတယ်”
ရှစ်ဖုန့်၏ ဝိညာဉ်အသိက ကျောက်စိမ်းဆွဲသီးအတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားပြီးသောအခါတွင် ပထမဆုံးသူမြင်တွေ့ရသောအရာက အမှောင်ထုဖြစ်သည်။ ထို့နောက်အမှောင်ထုအတွင်း ထူးဆန်းပြီးရိုးစင်းသော မိုးပြာရောင်စာလုံးများက
ရုတ်တရက်ရှစ်ဖုန့်၏ စိတ်ထဲတွင်ပေါ်လာသည်။
“စိတ်ဝိညာဉ်သိုင်းပညာရပ်”
တွန့်လိမ်ရိုးစင်းသော ဤစကားလုံးတို့အားမြင်တွေ့
လိုက်ရသောအခါတွင် ရှစ်ဖုန့်၏နှလုံးခုန်သံတို့မြန်သွားရသည်။ သို့သော် ကျယ်လောင်သောပေါက်ကွဲသံ
ကဲ့သို့အသံတစ်ခု လျှင်မြန်စွာနောက်ကလိုက်ပါလာ၏။
ရုတ်တရက်ပေါက်ကွဲမှုနှင့်အတူ
ထူးဆန်းပြီး မမြင်နိုင်သော အားတစ်ခုက ရုတ်တရက် သူ၏ဝိညာဉ်ထံသို့ တလိပ်လိပ်ဦးတည်လာသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။
၎င်းမှာရှစ်ဖုန့်၏ ဝိညာဉ်အသိအား ဝါးမျိုပစ်ချင်သော ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
ဤအရာအားမြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်က ကျောက်စိမ်းဆွဲသီးအတွင်းမှ
သူ၏ဝိညာဉ်အသိအားဒီရေကဲ့သို့ အလျှင်အမြန်ပြန်ရုတ်သိမ်းလိုက်ပြီး မမြင်နိုင်သောအား၏ သက်ရောက်မှုအား ရှောင်တိမ်းလိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏
မျက်နှာထက်၌ ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေသည်။
သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“စိတ်ဝိညာဉ်သိုင်းပညာရပ်”
ရှစ်ဖုန့်၏ မျက်နှာထက်ရှိ ကြီးစွာသော ပြောင်းလဲမှုအား မြင်တွေ့လိုက်ရသောအခါတွင် ရှစ်လင်က စိုးရိမ်ပူပန်စွာဖြင့် အလျှင်အမြန်မေးလိုက်သည်။
“ကိုကြီး ဘာဖြစ်လို့လဲကိုကြီး…
လင်အာကိုလန့်အောင်မလုပ်ပါနဲ့”
ရှစ်လင်၏အသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် က သူ၏တုန်လှုပ်အံ့အားသင့်နေမှုမှ အသိပြန်ဝင်လာသည်။သူကရှစ်လင်အားထပ်မံ၍ကြည့်လိုက်ပြီးနောက်သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲသီးအားကြည့်လိုက်သည်။ ကျောက်စိမ်းဆွဲသီးအတွင်းရှိနေသော ကျင့်ကြံခြင်းပညာရပ်မှာ ဒဏ္ဍာရီလာ စိတ်ဝိညာဉ်သိုင်းပညာရပ်ဖြစ်သည်။
ယင်းမှာ လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းခန့်က နေထိုင်ခဲ့သော ပြိုင်ဘက်ကင်းကျွမ်းကျင်သူ စိတ်ဝိညာဉ်သိုင်းပညာရပ် ဧကရာဇ်၏ ကျင့်ကြံမှုနည်းလမ်းပင်ဖြစ်လေသည်။
ဤအသေးလေးတွင် မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သိုင်းဧကရာဇ် ၏ ကျင့်ကြံခြင်းပညာရပ်ရှိနေသည်။
ဤသို့ဆိုလျှင် သူမသည် စိတ်ဝိညာဉ်သိုင်းဧကရာဇ် ၏ အမွေဆက်ခံသူတစ်ယောက်ဖြစ်ရပေမည်။
ရှစ်ဖုန့်က ရှစ်လင်အား ကျောက်စိမ်းဆွဲသီးကိုပေး
လိုက်ပြီးသူမက၎င်းအားထိတွေ့
ဆုပ်ကိုင်လိုက်သည်။ ထို့ထက်ပိုသည်ကား ကျောက်စိမ်းဆွဲသီးအတွင်းရှိ
စွမ်းအားကြီးပြီး မမြင်နိုင်သောအားက သူ့အားတိုက်ခိုက်သကဲ့သို့ ရှစ်လင်အားတိုက်ခိုက်သည့်ပုံမပေါ်ပေ။
“ရှစ်လင် နောက်ကျရင် ညီမလေးဒီကျောက်စိမ်းဆွဲသီးကို ကောင်းကောင်းဂရုစိုက်ရမယ်နော်…
.ဒီလျှို့ဝှက်ချက်နဲ့ပက်သက်ပြီးတော့ဘယ်သူ့ကိုမှ မပြောပြနဲ့…မှတ်ထားနော်
ဘယ်သူ့ကိုမှမပြောပြရဘူး…
အဲ့တာထက် ညီမလေး ဒီကျောက်စိမ်းဆွဲသီးထဲက စိတ်ဝိညာဉ်သိုင်းပညာရပ်ကို လေ့ကျင့်ရမယ်….မပျင်းရဘူး..”
ရှစ်ဖုန့်က ရှစ်လင်အား လေးနက်သောမျက်နှာထားဖြင့်ပြောသည်။ အကယ်၍ အခြားသောသူများကသာ လွန်ခဲ့သောနှစ်ပေါင်းတစ်
သောင်းခန့်လောက်က ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့သော ပြိုင်ဘက်ကင်းကျွမ်းကျင်
သူတစ်ယောက်ဖြစ်သည့် စိတ်ဝိညာဉ်သိုင်းဧကရာဇ် ၏ ကျင့်ကြံခြင်းနည်းလမ်းအကြောင်း
အားသိသွားခဲ့လျှင် ၎င်းက မရေတွက်နိုင်သောရန်သူများအား
စွွဲဆောင်မိစေနိုင်ပြီး ပြဿနာများဖြစ်လာလိမ့်မည်ဖြစ်သည်။ လက်ရှိတွင် ရှစ်ဖုန့်အနေဖြင့် ၎င်းအခြင်းအရာအား ကိုင်တွယ်မဖြေရှင်းနိုင်သေးပေ။
လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းခန့်က စိတ်ဝိညာဉ်သိုင်းဧကရာဇ်မှာ နတ်ဘုရား နယ်ပယ်သို့ရောက်ရှိခဲ့ဖူးသည်ဟု ပြောကြသည်။ ဤမက်လုံးတစ်ခုတည်းပင်လျှင် ဧကရာဇ်နယ်ပယ်အားလုံး၏ အာရုံအားစွဲဆောင်ရန်
လုံလောက်သည်ဖြစ်သည်။
ဤစိတ်ဝိညာဉ်သိုင်ပညာရပ်က မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် ရှစ်လင်အတွက် အံဝင်ခွင်ကျဖန်တီးထားသော
ပညာရပ်ဖြစ်သည်။ ၎င်းက လက်ရှိကမ္ဘာတွင်ရှိနေသော မည်သည့်ကျင့်ကြံခြင်းနည်း
လမ်းထက်ကိုမဆိုသာလွန်သည်ဖြစ်သည်။
“ညီမလေး ကိုကြီး ပြောတာကိုနားထောင်ပါ့မယ်”
ရှစ်လင်က နာခံစွာခေါင်းညိမ့်ပြီးပြောလိုက်သည်။ ဤအချိန်၌ ရှစ်လင်က လှည့်လိုက်ပြီး သူမနှင့်ရှစ်ဖုန့်မှလွဲ၍ ဟုန်ယွဲနှင့်စံပယ်လေးအပါအဝင်အားလုံးက တင်ပျဉ်ခွေထိုင်နေကြပြီး ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်နေကြသည်ကို တွေ့လိုက်ရသည်။
အသေးလေးက ကျင့်ကြံခြင်းကိုပြုလုပ်နေကြသော
လူအားလုံးအားကြည့်လိုက်ပြီး
နောက်သူမခေါင်းလေးကိုလှည့်၍ ရှစ်ဖုန့်ထံကြည့်လိုက်သည်။
အနည်းငယ်အရွယ်ရောက်ရင့်ကျတ်သော အသွင်အပြင်မျိုးဖြင့် သူမကသက်ပြင်းချ၍ပြောလိုက်သည်။
“ဟူး…ကျင့်ကြံရတာက တကယ်ပဲ အရမ်းပျင်းဖို့ကောင်းလွန်းတယ်”
အသေးလေး၏ ဝမ်းနည်းနေသောမျက်နှာအား
မြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က သူမအားနှစ်သိမ့်လိုက်သည်။
“လင်အာက လိမ္မာတဲ့ကောင်မလေးပါ… ညီမလေး သိုင်းလက်သင်အဆင့်ကိုဝင်ရောက်ပြီးတော့ တကယ့်ကျင့်ကြံသူတစ်
ယောက်ဖြစ်လာတဲ့အချိန်ကြရင်
ညီမလေးကို အမေနဲ့တွေ့ဖို့ခေါ်သွားပေးမယ်…
ညီမလေးအမေ့ကိုမတွေ့ရတာအရမ်းကြာနေပြီ…လင်အာ အမေ့ကိုလွမ်းနေတာမလား”
“ဟုတ်တယ်..လင်အာမေမေ့ကိုလွမ်းတယ်”
ရှစ်လင်ကရိုးသားစွာခေါင်းညိမ့်လိုက်သည်။
ထို့နောက်သူမကတစ်စုံ
တစ်ခုအားတွေးမိသွားပြီးပြောလိုက်သည်။
“ကိုကြီး..အဲ့လူတွေက လင်အာဟာ ကျင့်ကြံဖို့ မထိုက်တန်ဘူးလို့ပြောကြတယ်…သိုင်းပညာမှာ အမှိုက်လိုဖြစ်နေတဲ့သူက လက်သင်နယ်ပယ်အဆင့်ကို
တောင်မဝင်ရောက်နိုင်ရင် သူတို့ဘဝတစ်လျှောက်လုံးကျင့်ကြံရင်တောင် အလကားပဲတဲ့ အကယ်၍ လင်အာသာသူတို့ပြောသလိုမျိုးတကယ်ဖြစ်လာခဲ့ရင် လင်အာ အမေ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလားဟင်”
ဆက်ရန်…
ဘာသာပြန်သူ-ARISE