← Chapters

ယဲ့ယင်

Vol. 5 Ch. 73

ယဲ့ယင်

Vol. 5 Ch. 73

အခန်း(၇၃) - ယဲ့ယင်

နှစ်နာရီကြာပြီးသောအခါ ငွေဖြူရောင် အရာဝတ္ထုများစွာကို ယဲ့ရှောင်ချန်း ဖော်စပ်ပြီးဖြစ်သည်။

ထိုအရာဝတ္ထုက ပုံဆောင်ခဲလို အခဲမဟုတ်ဘဲ အမှုန့်များဖြစ်သည်။ ညင်ညင်သာသာ ဖိလိုက်ပါက သန့်စင်သော အမှုန့်များ ဖြစ်သွားကြသည်။

နို့မှုန့်နှင့်တူသော်လည်း သတ္တုရောင်တောက်ပြောင်သော ငွေဖြူရောင်ဖြစ်သည်။

ပျားရည်၏ ရင့်မှည့်ပြီး မွှေးပျံ့သော ရနံ့တစ်ခုကို ပေးစွမ်းကာ အတော် ထူးခြားလှသည်။

"အင်း ဒီအင်မော်တယ်စမ်းရေ ပျားရည်မှုန့်ရဲ့ အာဟာရတန်ဖိုးက ပုံမှန် နို့မှုန့်နဲ့ ယှဥ်ရင် အဆ ထောင်ပေါင်းများစွာ ပိုများတယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။

ဒါကို သေမျိုးများ စားလို့မရတာတော့ နှမြောစရာကောင်းလှသည်။ ဘာပဲဖြစ်ဖြစ် အင်မော်တယ် စမ်းရေကို ထည့်ခဲ့တယ် မဟုတ်လား။ ထုတ်လုပ်ခြင်းနှင့် သန့်စင်ခြင်း လုပ်ငန်းစဥ်များ ဆောင်ရွက်ပြီးစီးသွားသောအခါ အင်မော်တယ်ချီအား ပျားရည်မှုန့်ထဲသို့ ထည့်သွင်းပြီးဖြစ်သည်။

ကံဆိုးစွာဖြင့် အမှုန့်ပမာဏက အများကြီးမဟုတ်ဘဲ ၃၀၀ ဂရမ်ဝန်းကျင်သာ ရှိသည်။

ဖန်ပုလင်းသန့်သန့် တစ်ပုလင်းကို ယူလိုက်ပြီး အင်မော်တယ်စမ်းရေ ပျားရည်မှုန့်များကို လောင်းထည့်ကာ အဖုံးပိတ်ထားလိုက်သည်။

ဖန်ပုလင်းကို ပြန်သိမ်းထားလိုက်ပြီးနောက် ယဲ့ရှောင်ချန်းသည် အထူးရေဖျန်းဘူးကို ထုတ်လိုက်သည်။

ပျားရည်မှုန့်ကို ထုတ်လုပ်ဖို့ ဘွိုင်လာကို လိုအပ်သလို ဝတ်မှုန်ကူး ပျားဥကို ပျိုးထောင်ရန် လိုအပ်သည့် အထူးပျော်ရည်ကို အထူးရေဖျန်းဘူးထဲသို့ ထည့်လိုက်သည်။

အခြားနည်းလမ်း မရှိချေ။ အင်မော်တယ်စမ်းရေ၏ ရေများကို သိုလှောင်နိုင်သည့် ပစ္စည်းများများစားစား မရှိပေ။ အထူးဘွိုင်လာအိုးနှင့် အထူးရေဖျန်းဘူးသာရှိသည်။

အခြားဘူးများထဲတွင် အရည်ထဲရှိ အင်မော်တယ်ချီ ပျောက်ကွယ်သွားဖို့က လွယ်ကူသည်။ ထို့နောက် ဝတ်မှုန်ကူး ပျားဥ၏ ပျိုးထောင်သည့် လုပ်ငန်းစဥ်ကို အနှောင့်အယှက်ဖြစ်စေမည်။

ဖော်စပ်ထားသော အထူးအရည်တစ်မျိုးနှင့် ဝတ်မှုန်ကူး ပျားဥကို သန့်စင်သော ဘွိုင်လာအိုးထဲတွင် ထည့်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် ကျေနပ်သွားပါသည်။

ယခု ဝတ်မှုန်ကူး ပျားဥ၏ သားဖောက်လုပ်ငန်းစဥ်က သာမန်အတိုင်းသာဖြစ်သည်။ ပျားဥထဲက သွေးကြောများက ပိုပိုပြီးတိုးလာပြီဖြစ်သည်။

ဥထဲက သားလောင်း တဖြည်းဖြည်း ပုံပေါ်လာသည်ကို ပြသနေခြင်းဖြစ်သည်။

ထိုသွေးကြောများက ဥ၏ သားလောင်းများ အာဟာရဓာတ်ကို စုပ်ယူနိုင်ရန် ဆက်သွယ်ပေးထားခြင်း ဖြစ်သည်။ သွေးကြော ပိုများလေလေ သားလောင်း၏ အာဟာရ လိုအပ်ချက် ပိုများလေလေ ဖြစ်သည်။

ဝတ်မှုန်ကူး ပျား မွေးဖွားသောအခါ ထိုသွေးကြောများက တဖြည်းဖြည်း ခြောက်သွေ့သွားမည် ဖြစ်သည်။

သားလောင်းများ ပုံပေါ်လာသည့် ဖြစ်စဥ်တွင် ထိုသွေးကြောများ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေပါက ဝတ်မှုန်ကူး ပျားဥ ဖြစ်ပေါ်သည့်နေရာတွင် ပြဿနာရှိနေကြောင်း ဆိုလိုခြင်းဖြစ်သည်။

ဘွိုင်လာအိုးကို သိုလှောင်နေရာကွက်ထဲ ထည့်ထားလိုက်ပြီး ဝါးကုတင်တစ်လုံးပေါ်တွင် ယဲ့ရှောင်ချန်း လှဲလျောင်းလိုက်သည်။ ဖုန်းကို ထုတ်လိုက်ပြီး ဆိုင်၏ အော်ဒါများကို စစ်ကြည့်လိုက်၏။

ဒီနှစ်ရက်အတွင်း အော်ဒါများ ပိုများလာပြီး အင်မော်တယ် စမ်းရေ ပျားရည်မှုန့် ထုတ်လုပ်မှုနှင့် ဟင်းသီးဟင်းရွက်များ ပို့ဆောင်နေရသောကြောင့် အော်ဒါများကို စစ်ကြည့်ဖို့ အချိန်မရှိခဲ့ပါ။

ယခုတော့ အင်မော်တယ်ပျားရည်မှုန့် ထုတ်လုပ်ခြင်း ပြီးဆုံးသွားပြီဖြစ်သဖြင့် အော်ဒါများကို စတင်စစ်ဆေးသည်။

ယဲ့ရှောင်ချန်း ကြည့်လိုက်တော့ စုစုပေါင်း အော်ဒါ ၁၂ ခုရှိသည်။

အားလုံးက ၃ ထုပ်စီ မှာယူထားခြင်း ဖြစ်သည်။

မက်ဆေ့ချ်များကတော့ အများကြီး ဝင်နေသည်။ ဆိုင်ရှင် ယဲ့ရှောင်ချန်းက သူတို့ကို အထုပ်နည်းနည်းလောက် ပိုရောင်းမလားဟူသော မျှော်လင့်ချက်ဖြင့်ဖြစ်သည်။

ယဲ့ရှောင်ချန်းက အလွန်စည်းစနစ်ရှိသောလူဖြစ်သဖြင့် အထုပ်များကို ဘယ်တော့မှ ပိုမရောင်းပါ။

သူ့မှာ ဆားရည်စိမ် ဟင်းသီးဟင်းရွက် အများအပြားရှိသော်လည်း စည်းကမ်း ဖောက်ဖျက်မည် မဟုတ်ပေ။ ဒါက ရေရှည် အစီအစဥ်အတွက်ဖြစ်သည်။

မှော်ဆားရည်စိမ် ပုလင်းက ဆာရည်စိမ် ထုတ်လုပ်နိုင်သောနှုန်း အကန့်အသတ်ရှိသည်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တစ်ပုလင်းကို တစ်ရက်တွင် ဆားရည်စိမ် ဟင်းသီးဟင်းရွက် ၇ ထုပ်မှ ၈ ထုပ်အထိသာ ထည့်နိုင်သည်။

ပြီးတော့ အခမဲ့ ပေးသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်အထုပ်များလည်း ပါသေးပြီး တစ်ထုပ်တွင် ပဲစေ့ တစ်စေ့၊ သခွားသီး တစ်စိတ်နှင့် ငရုတ်သီး တစ်တောင့်တို့သာ ပါသည်။

ဆိုလိုသည်က တစ်ရက်တွင် စျေးဝယ်သူ အယောက် ၃၀ ထက် သူပိုမရောင်းနိုင်ပါ။

တကယ်တော့ အခုတောင် အများကြီး ဖြစ်နေပြီ။ အားလုံးကို အကုန်ရောင်းချနိုင်ပါက ယွမ် ၁၀, ၀၀၀ ကျော်ရမည်ဖြစ်သည်။

တစ်လကို ယွမ် ၃၀,၀၀၀ ကျော်ရဖို့က လွယ်ပါသည်။

အခုတော့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ရောင်းချဖို့ ယဲ့ရှောင်ချန်း ယုံကြည်ချက် ပြည့်ဝသွားပြီဖြစ်သည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ပိုမထုတ်လုပ်နိုင်သဖြင့် သူစိတ်ပျက်မိသည်။

စတိုးဆိုင်တွင် ဆားရည်စိမ်ပုလင်းကို ဝယ်ယူနိုင်သော်လည်း စျေးက မနည်းပေ။

အနည်းဆုံးတော့ လောလောဆယ် ဝယ်ဖို့ ပိုက်ဆံ အပိုမရှိသေးပေ။

........

နောက်တစ်နေ့၊ ယဲ့ရှောင်ချန်း ဟင်းသီးဟင်းရွက်များ ပို့ဆောင်ပြီးသည့်နောက်တွင် ယန်ရှစ်ရထားဘူတာသို့ သူ့ကားဖြင့် မောင်းထွက်လာခဲ့၏။

ဒီနေ့ သူ့ညီမ ယဲ့ယင်က ရှရှီမှ ပြန်လာမည်ဖြစ်သည်။

ယဲ့ယင်က ရှရှီတွင် တောင်ပိုင်းတက္ကသိုလ် ကျောင်းသူတစ်ယောက်ဖြစ်ခဲ့သည်။ နွေရာသီ အားလပ်ရက်တွင် သူမ အိမ်သို့ပြန်မလာခဲ့ဘဲ ရှရှီမြို့တွင်သာ မိသားစုကို ထောက်ပံ့ဖို့ ငွေရှာခဲ့သည်။

ဒီနေ့တော့ နှုတ်ထွက်ပြီး အိမ်ပြန်လာခဲ့သည်။ အိမ်တွင် ရက်အနည်းငယ်လောက် နေမည်ဖြစ်သည်။ စက်တင်ဘာမှာ ကောလိပ်များ ပြန်မဖွင့်ခင် အချိန်သိပ်မကျန်တော့ဘူး။

ဆယ်နာရီခွဲအချိန်တွင် ဘူတာထွက်ပေါက်မှ ခရီးသည်တစ်အုပ် ထွက်လာသည်။

အချိန်အရ သူ့ညီမ ယဲ့ယင်၏ ရထားလည်း ရောက်လောက်ပြီဖြစ်သည်။

လူအပ်ထဲသို့ သူကြည့်လိုက်ပြီး မကြာခင် ငယ်ငယ်ရွယ်ရွယ်၊ ဆံပင်စည်းထားပြီး ကျောပိုးအိတ်ကို လွယ်ထားသော ကောင်မလေး တစ်ယောက်ကို မြင်လိုက်သည်။ သူမက တစ်ဖက်တွင် ပလတ်စတစ်အိတ်တစ်လုံးကိုင်ကာ နောက်တစ်ဖက်တွင် ခရီးဆောင်အိတ်ကို ကိုင်ထား၏။

ယဲ့ရှောင်ချန်းက သူမတို့တွေ့ဖို့ အမြန်သွားလိုက်၏။

"ယင်လေး"

"ကိုကြီး"

ယဲ့ယင်က ယဲ့ရှောင်ချန်းကို မြင်သောအခါ ချက်ချင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။

ယဲ့ရှောင်ချန်းက သူမ၏ ခရီးဆောင်အိတ်နှင့် ကျောပိုးအိတ်တို့ကို ကူသယ်ပေးလိုက်သည်။

"ကိုကြီး သမီး သယ်နိုင်ပါတယ်၊ မလေးပါဘူး။"

ယဲ့ယင်က ပြုံးလိုက်သည်။

"နွေရာသီကြီး အလုပ်လုပ်ရတာ အရမ်းပင်ပန်းနေမှာပေါ့။"

ယဲ့ရှောင်ချန်းက သူ့ညီမ အတော်လေး ဝိတ်ကျသွားသည်ကိုမြင်သောအခါ စိတ်မကောင်း ဖြစ်သွား၏။

ယဲ့ယင်က ကျောင်းတွင် ရေပန်းစားသော ကောင်မလေးမျိုး မဟုတ်သော်လည်း အလွန်ကြည့်ကောင်းပါသည်။ သာမည မိသားစု တစ်စုမှ လှပသော သမီးတစ်ယောက်  ဖြစ်သည်။

"ဘယ်လိုလုပ် ပင်ပန်းမှာလဲ အစ်ကိုကြီး ခြံက အခု အခြေအနေအရမ်းကောင်းနေတယ်လို့ အမေ့ဆီကကြားတယ်နော်"

ယဲ့ယင်က ယဲ့ရှောင်ချန်းနှင့် စတင်စကားပြောလိုက်သည်။

"သြော် မဆိုးပါဘူး ပြန်ရောက်ရင် ကြည့်လိုက်ပေါ့။"

မောင်နှမနှစ်ယောက် လမ်းတစ်လျှောက်လုံး စကားပြောလာခဲ့သည်။

ကားပါကင်ထိုးသည့် နေရာသို့ ရောက်လာ၏။

"ကိုကြီးဝယ်ထားတဲ့ ကားကြီးက အသစ်အတိုင်းပဲ။"

ယဲ့ယင်က ကလေးလေးတစ်ယောက်လို ထရပ်ကားကြီးကို လှည့်ပတ်ကာ ကြည့်လိုက်သည်။

"အဟောင်းကြီးပါ အထဲဝင်တော့။ ကိုကြီး ပိုက်ဆံစုနေတယ်၊ ညီမလေး ခဏပဲစောင့်။ နောက်ကျရင် အစ်ကိုကြီးက ကိုယ်ပိုင်အိမ်စီးကား တစ်စီး ဝယ်မယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"တစ်ပတ်ရစ်ကားလည်း ကားပါပဲ။ သမီးမှာတောင် ကိုယ်ပိုင်ကား မရှိဘူး။"

သို့သော်လည်း ယဲ့ယင်က အလွန်ပျော်ရွှင်နေသည်။

ပုံမှန်ဆို တခြားသူများ၏ ကားဖြင့်သာ အိမ်သို့ ပြန်ရသည်။ သို့သော် ဒီတစ်ခေါက်တော့ မတူညီတော့ပေ။

ကိုယ့်ကားပေါ်တွင် ကိုယ်ထိုင်ရသည့် အရသာက မတူညီပါ။

သူတို့အိမ်ပြန်ရောက်သောအခါ အမေက ဟင်းကောင်းများချက်ထားပြီးပြီ ဖြစ်သည်။

"အင်း မွှေးနေတာပဲ။ အမေ့လက်ရာ မစားရတာ တော်တော်ကြာပြီ။"

ယဲ့ယင်က ကျောပိုးအိတ်ကို ဖယ်ကာ တူတစ်ချောင်း ကိုင်လိုက်သည်။

"အရမ်းအရသာရှိတာပဲ။ အမေ့ဟင်းချက်လက်ရာ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကောင်းလာတာလဲ။"

"စားလို့ အရမ်းကောင်းတာပဲ"

...............

ယဲ့ယင်က စားသောက်ရင်း မနားတမ်း စကားများ ပြောနေခဲ့သည်။

"ယင်လေး ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်ဟင်း စားကြည့်"

ယဲ့ရှောင်ချန်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက်ဟင်း တစ်ပန်းကန် ချပေးလိုက်သည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို ကျွေးလိုက်သောအခါတွင် ယဲ့ယင်လည်း သွားရည်များ ကျနေပြီဖြစ်သည်။

ဘာလို့လဲဆိုတော့ အနံ့က မွှေးပျံ့ပြီး ဆွဲဆောင်မှု ရှိလွန်းလှသည်။

စားပွဲပေါ်က အခြား ဟင်းလျာများကလည်း မွေးပျံ့ပါသည်။ သို့သော် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ၏ ရနံ့ကြောင့် ဖုံးလွှမ်းခံလိုက်ရ၏။

"ဒါ ဘယ်လို ဆားရည်စိမ် ဟင်းသီးဟင်းရွက်မျိုးလဲ။ မွှေးနေတာပဲ။"

ယဲ့ယင်က အနံ့ရှူကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင်လည်း ယစ်မူးသွားသော မျက်နှာထား တစ်ခု ပေါ်လာသည်။

"ဟားဟား... နင့်အစ်ကိုကြီး လုပ်ထားတာပေါ့။ ငါ ဂရုတစိုက် လေ့ကျင့်ပြီးတော့ ဒီစူပါဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို ပြုလုပ်နိုင်ခဲ့တာလေ။”

ယဲ့ရှောင်ချန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"ဒါဆိုလည်း တစ်ကိုက်လောက် စားကြည့်လိုက်ဦးမယ်။"

ယဲ့ယင်က ချက်ချင်း ငရုတ်တစ်တောင့်ကို ယူစားလိုက်သည်။

ထိုကောင်မလေးက အစပ်ကြိုက်တတ်၏။

"ဝါးး တကယ်အရသာရှိတာပဲ"

ယဲ့ယင်က အလျှင်အမြန် ငရုတ်နီတောင့်ကို စားပစ်လိုက်၏။ မွှေးရနံ့များဖြင့် ပြည့်ဝနေပြီး ၎င်း၏ ချဥ်ချဥ်ချိုချို အရသာဖြင့် လူတိုင်းကို စွဲလမ်းသွားစေနိုင်သည်။

ငရုတ်သီးတစ်တောင့်က ဒီလောက် အရသာရှိလိမ့်မည်ဟု သူမတစ်ခါမှထင်မထားခဲ့ပေ။

ထို့နောက် ဆားရည်စိမ်ပဲများ၊ ဆားရည်စိမ် သခွားသမီးများ၊ ဆားရည်စိမ်မုန်လာဥလုံးများ၊ ဆားရည်စိမ် မုန်လာဥများ အစရှိသဖြင့် မနားတမ်းစားသောက်တော့သည်။

အရသာတစ်ခုချင်းစီတိုင်းက အမှတ်ရစရာကောင်းလှသည်။

နောက်ဆုံးတော့ ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ပန်ကန် ပြောင်စင်သွားလေပြီ။ အားလုံးကို ယဲ့ယင်တစ်ယောက်တည်း မထင်ထားလောက်အောင် စားခဲ့တာ ဖြစ်သည်။

"အစ်ကိုကြီး သမီးစားချင်သေးတယ်"

ယဲ့ရှောင်ချန်းကို ယဲ့ယင် ကြည့်လိုက်လေသည်။

All Chapters