← Chapters

အပိုင်း (၃၀၉)

Vol. 21 Ch. 309

အပိုင်း (၃၀၉)

Vol. 21 Ch. 309

“လင်အာမှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုရှိတယ်လို့ ကိုကြီးပြောခဲ့တယ်လေ… အမြင်ကျဉ်းတဲ့သူတွေက

ဘယ်လိုဖြစ်ပြီးတော့ လင်အာရဲ့ ကောင်းကင်ဘုံကိုတောင်ဆန့်ကျင်နေတဲ့ ပါရမီကိုမြင်နိုင်မှာတဲ့လဲ…. လင်အာက ကိုကြီးပြောတာကိုပဲနားထောင်ဖို့လိုတာ…. လင်အာကိုယ်လင်အာ ယုံကြည်နေဖို့လိုတယ်..”

ရှစ်လင်က ငယ်သေးသည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့်သူမအား သိုင်းပညာ၏ ခက်ခဲကြမ်းတမ်းသော

လမ်းကြောင်းပေါ်၌ လျှောက်လှမ်းပြီး  ဒုက္ခများအာခံစားစေလိုခြင်းမရှိပေ။

သို့သော်သူ့အနေဖြင့် ငယ်ရွယ်သောအချိန်မှ စတင်၍ သူမကိုယ်သူမယုံကြည်ချက်ရှိစွာဖြင့် သိုင်းပညာအာကျင့်ကြံစေနိုင်သည်ဖြစ်သည်။

“ကောင်းပါပြီ….ညီမလေး

ကိုကြီးပြောတာကိုနားထောင်ပါ့မယ်”

ရှစ်လင်က ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင် လေးနက်စွာခေါင်းညိမ့်၍ ပြောလိုက်သည်။ ထို့နောက်သူမကဆိတ်ငြိမ်

စွာကျင့်ကြံနေကြသော  သူများအားကြည့်လိုက်သည်။

ရှစ်လင်က ရှစ်ဖုန့်ကို ပြောလိုက်သည်။

“ဒါဆိုကိုကြီး  ညီမလေးလည်း

သွားပြီးတော့ ကျင့်ကြံတော့မယ်….ညီမလေးအမေ့ကို မကြာခင်တွေ့ချင်နေပြီ”

“ကောင်းပြီ..သွားတော့…မှတ်ထားနော် ဖျောင်ရှဂိုဏ်းရဲ့ ကျင့်ကြံခြင်း

ပညာရပ်တွေကို မကျင့်ကြံနဲ့ ကျောက်စိမ်းဆွဲသီးထဲက ကျင့်ကြံခြင်းပညာရပ်ကိုပဲ ကျင့်ကြံ..”

ရှစ်ဖုန့်က ပြောလိုက်သည်။

ရှစ်ဖုန့်က ရှစ်လင်၏ အခြေအနေအား စစ်ဆေးပြီးပြီဖြစ်သည်။ သူမကိုယ်အတွင်းရှိစုဆောင်းထားသော ယွမ်ချီပမာဏကို အခြေခံ၍ ယင်းမှာသာမန်လူတစ်ယောက်သာဆိုလျှင် သိုင်းလက်သင်နယ်ပယ်သို့မဟုတ် ကြယ်သုံးပွင့်အဆင့်လောက်အထိကို ချိုးဖြတ်ဝင်ရောက်သွားလိမ့်မည်ဖြစ်သည်။

သို့သော် မွေးရာပါစိတ်ဝိညာဉ်ခန္ဓာ

ကိုယ်ပိုင်ရှင်တစ်ယောက်အတွက်  ကျင့်ကြံသူသိုင်းပညာရှင်တစ်

ယောက်ဖြစ်လာရန် သူမလိုအပ်သောယွမ်ချီပမာဏက  သာမန်လူတစ်ယောက်နှင့်

သွားနှိုင်းယှဉ်၍မရပေ။ သူမတကယ့်အစစ်အမှန်

ကျင့်ကြံသူတစ်ယောက်ဖြစ်လာသောအခါတွင် သူမ၏ပါရမီနှင့်ကျင့်ကြံမှု အမြန်နှုန်းတို့အား ထိုသာမန်လူများအနေဖြင့် ဘယ်လိုမှနှိုင်းယှဉ်ယှဉ်ပြိုင်

နိုင်လိမ့်မည်မဟုတ်ပေ။

ရှစ်လင်က တင်ပျဉ်ခွေထိုင်

လိုက်ပြီးသည့်နောက် စတင်၍ ကျင့်ကြံလိုက်သည်။ ရှစ်ဖုန့်က ညာလက်အားလှည့်လိုက်သောအခါတွင်  အနက်ရောင်လက်ချောင်းတစ်ခုကသူ၏ လက်ဖဝါးအတွင်းတွင်ပေါ်လာသည်။

ဤလက်ချောင်းက ဖျောင်ရှတောင်ထိပ်ပေါ်မှ ရှစ်ဖုန့်ရရှိခဲ့သော နတ်ဆိုးနတ်ဘုရား၏ လက်ချောင်းပင်ဖြစ်လေသည်။ နတ်ဆိုးနတ်ဘုရား၏ လက်ချောင်းက ပေါ်လာပြီးပြီးခြင်း  ၎င်းကစတင်၍ သိပ်သည်းသော အနက်ရောင်

နတ်ဆိုးချီတို့ကို စတင်၍ထုတ်လွှတ်လိုက်သည်။ သို့သော် ဤအချိန်၌ ရှစ်ဖုန့်မှာ ဤနေရာ၏နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။ အတွေးတစ်ချက်ဖြင့် မမြင်နိုင်သော အားတစ်ခုနတ်ဆိုးနတ်ဘုရား၏အပေါ်၌ ပေါ်လာပြီး  နတ်ဆိုးနတ်ဘုရားလက်ချောင်းအတွင်းရှိ သိပ်သည်းသော အနက်ရောင်နတ်ဆိုးချီတို့ပေါ်သို့ ဖိနှိပ်ကျရောက်လာသည်။

ထို့နောက်တွင် နတ်ဆိုးနတ်ဘုရားလက်ချောင်းက

ရုတ်တရက် တုန်ယင်သွားပြီး ကောင်းကင်ထက်သို့ထိုးတက်

တော့မည့်သကဲ့သို့ဖြစ်လာသည်။  ရှစ်ဖုန့်ကအေးစက်စွာနှာ

ခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

“မင်းကများဒီသခင်လေးရဲ့ နေရာမှာ ခုခံချင်နေသေးတာလား”

ရှစ်ဖုန့်ထိုသို့ပြောပြီးသည့်နောက်  မမြင်နိုင်သောအား က  နောက်တစ်ကြိမ်ထပ်မံ၍  နောက်ဆိုးနတ်ဘုရားလက်

ချောင်းပေါ်သို့ကျရောက်လာပြီး  ရွေ့လျားမှုကိုပြုလုပ်တော့မည့် နတ်ဆိုးနတ်ဘုရားလက်ချောင်းအား ဖိနှိပ်လိုက်သည်။

“မင်းကိုယ်ကိုလက်လွှတ်လိုက်စမ်း.

မင်းဝိညာဉ်ကိုလက်လွှတ်လိုက်စမ်း ..ငါမင်းကိုပြိုင်ဘက်ကင်းစွမ်းအားကြီးခွန်အားကိုပေးမယ်”

“မင်းကိုယ်ကိုလက်လွှတ်လိုက်စမ်း.

မင်းဝိညာဉ်ကိုလက်လွှတ်လိုက်စမ်း ..ငါမင်းကိုပြိုင်ဘက်ကင်းစွမ်းအားကြီးခွန်အားကိုပေးမယ်”

…………..

ထို့နောက် ဖျောင်ရှတောင်ထိပ်ပေါ်မှာတုံးကကဲ့သို့ပင် ညို့ယူသော နတ်ဆိုးအသံတစ်ခုက ထပ်တလဲလဲ ရှစ်ဖုန့်၏စိတ်ထဲတွင်ထွက်ပေါ်လာသည်။

“မင်းထပ်ပြီးတော့ဒီသခင်လေးကို စိတ်ညို့ရဲတယ်ဆိုရင် အခုချက်ချင်းဒီသခင်လေးမင်းကို

အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်…. မင်းကဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာကို ကြည့်ကြသေးတာပေါ့”

ရှစ်ဖုန့်၏ မျက်လုံးတို့က

ကျဉ်းမြောင်းသွားပြီး  မျက်လုံးတို့အတွင်းရှိသတ်ဖြတ်

ခြင်းစိတ်ဆန္ဒတစ်ခုနှင့်ကြည့်၍  နတ်ဆိုးနတ်ဘုရားလက်ချောင်းအား  အေးစက်စွာအော်ပြောလိုက်သည်။

ဤခြိမ်းခြောက်မှုအောက်တွင် ရုတ်တရက်တုန်ခါနေခဲ့သောနတ်ဆိုးနတ်ဘုရားလက်ချောင်းမှာ ငြိမ်ကျသွားသည်။  ရှစ်ဖုန့်၏စိတ်ထဲမှာ ညို့ယူနေသော နတ်ဆိုးအသံမှာလည်း   ရုတ်ခြည်းပျောက်ကွယ်သွား၏။

ထို့နောက်တွင် ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး  သရော်ပြုံးပြုံးလိုက်သည်။သူက

နတ်ဆိုးနတ်ဘုရားလက်ချောင်းအား ပြောလိုက်သည်။

“ဒါပေမဲ့ မင်းဒီသခင်လေးကို စိတ်မညို့ဘူးဆိုရင်တောင် ဒီသခင်လေးက မင်းကိုအပိုင်းပိုင်းလုပ်ပစ်ပြီးတော့ မင်းက ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာကို ကြည့်ချင်သေးတယ်”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း အစောပိုင်းက ငြိမ်ကျသွားသော နတ်ဆိုးနတ်ဘုရားလက်ချောင်းက

ရုတ်တရက် ထပ်မံ၍ တုန်ခါလာပြန်သည်။ ဤလက်ချောင်းက ဝိညာဉ်တစ်ခုရှိနေသည့်ပုံပေါ်ပြီး ယင်းကရှစ်ဖုန့်အား ပို၍ပို၍ သိချင်စိတ်ဖြစ်လာစေသည်။ သူက၎င်းအားပို၍ပို၍

စိတ်ဖြာလေ့လာလိုသည်။

အတွေးတစ်ချက်ဖြင့် ရှစ်ဖု့်၏လက်အတွင်း သွေးနီရောင်အလင်းတစ်ချက်လင်းလက်သွားမှုနှင့်အတူ သွေးဓားကပေါ်လာသည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းရှိ ကောင်းကင်မီးတောက်က

လည်းပြောလိုက်သည်။

“ငါလဲဒီအရာကဘယ်လိုမျိုး

တည်ရှိမှုလဲဆိုတာကို  သိချင်မိတယ်….လက်ချောင်းတစ်ချောင်းက ကိုယ်ပိုင် အသိစိတ်ကိုထုတ်လွှတ်နိုင်ပြီးတော့  ဒီလိုမျိုးအားကောင်းတဲ့နတ်ဆိုးချီကိုထုတ်လွှတ်နိုင်တယ်…သူ့ရဲ့ အပြည့်အစုံကိုယ်န္ဓာသာဆိုရင် ဘယ်လိုပုံစံမျိုးများရှိနေမလဲ….ဘယ်လိုတည်ရှိမှုအမျိုးအစားများဖြစ်နေမလဲ”

“ကောင်းပြီ”

ကောင်းကင်မီးတောက်၏ စကားအား ကြားရသောအခါတွင် ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ ချက်ချင်းပဲ

သွေးဓားက အဖြူရောင်တို့စွန်းထင်းသွားသည်။ ထို့နောက်သူက နတ်ဆိုးနတ်ဘုရားလက်ချောင်းထံသို့ ရုတ်တရက်ခုတ်ပိုင်းချလိုက်သည်။

“ဘန်း”

ကြွပ်ဆပ်ဆပ်အသံနှင့်အတူ မီးပွားတို့ လွင့်စင်ထွက်သွားသည်။ ရှစ်ဖုန့်၏

မျက်လုံးတို့ ပြူးကျယ်သွားရသည်။ ဤကဲ့သို့ရုတ်တရက်တိုက်ခိုက်လိုက်မှု၏ အောက်တွင် သူ၏ဓားက နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်အောင်မာကျောသော  သတ္ထုတစ်ခုအား ခုတ်ပိုင်းလိုက်ရသကဲ့သို့ဖြစ်သွားသည်။ ၎င်းက လက်ချောင်းအားလုံးဝမထိခိုက်သွားမိစေပေ။

“သေစမ်း..ဒါကကဘယ်လိုအရာမျိုးလဲဟ…ဘယ်လိုဖြစ်ပြီးတော့ အရမ်းမာကျောနေရတာလဲ”

သူလက်ထဲရှိသွေးဓားအားကြည့်လိုက်ပြီးနောက် လက်ချောင်းအားကြည့်လိုက်ပြီး ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ သူ၏တိုက်ခိုက်မှုအားလုံးက  ၎င်းအားချိုးဖျက်ခြင်းပင်မပြုလုပ်နိုင်ခဲ့ပေ။

“ငါဒီရတနာကိုသုံးဖို့လိုနေသေးတဲ့ပုံပဲ”

ရှစ်ဖုန့်က ဤသို့ပြောလိုက်ပြီး

သည့်နောက်တွင် သူ၏အတွေးကိုထပ်မံ၍ ပြောင်းလဲလိုက်သည်။  သွေးဓားက ဓားအမှတ်အသားအဖြစ်ပြန်လည်၍ ပြောင်းလဲသွားပြီး  သူ့ညာလက်ရှိ လက်ခလယ်အတွင်းဝင်ရောက်

ပျောက်ကွယ်သွားသည်။ သွေးနီရောင်အလင်းတစ်ချက်

လင်းလင်လာခြင်းနှင့်အတူ  သွေးနီရောင်ချပ်ဝတ်က သူ၏ ကိုယ်ပေါ်တွင်ပေါ်လာသည်။

သွေးနီရောင်ချပ်ဝတ်ပေါ်လာသောအခါတွင်  နတ်ဆိုးနတ်ဘုရားလက်ချောင်း

မှာရုတ်တရက်တုန်ခါလာသည်။ ၎င်းမှာမမြင်နိုင်သောအားဖြင့်ဖိနှိပ်ထားခြင်းမှ လွတ်မြောက်ချင်သကဲ့သို့ အပြင်းအထန်ရုန်းကန်နေ၏။ နတ်ဆိုးနတ်ဘုရားလက်ချောင်းက ရှစ်ဖုန့်တစ်ယောက် သွေးချပ်ဝတ်အားဝတ်ဆင်

လိုက်သည်ကိုတွေ့ရသောအခါတွင် ကြောက်ရွံ့နေသည်ကို မြင်နိုင်လေသည်။

“ဒီသခင်လေးက ခုခံပါအုံးလို့ပြောချင်တယ်”

နတ်ဆိုးနတ်ဘုရားလက်ချောင်း၏ အကြောက်တရားအား အာရုံခံမိသောအခါတွင် ရှစ်ဖုန့်က ပို၍ ပင်သရော်လိုက်သည်။

ချက်ချင်းပဲ သူ့ကိုယ်ပေါ်ရှိ  သွေးနီရောင်ချပ်ဝတ်က အားကောင်းသော သွေးနီရောင်အလင်းတစ်ခု တောက်ပလာသည်။

“ငါ့ကိုလွှတ်ပေးပါ… ငါမင်းကို အန္တိမ ဂုဏ်ကျတ်သရေနဲ့ ကြီးမားတဲ့စွမ်းအားတွေကိုပေးနိုင်တယ်”

နတ်ဆိုးနတ်ဘုရားလက်ချောင်းက

ရှစ်ဖုန့်အား ချမ်းသာပေးရန်တောင်းပန်ပြီး ၎င်း၏ညို့ယူသောအသံက ရှစ်ဖုန့်၏ စိတ်ထဲတွင် ထပ်မံ၍ ပေါ်ထွက်လာသည်။

ရှစ်ဖုန့်ကသရော်ပြုံးသာပြုံးနေသည်။သူက  ၎င်း၏အသံအားဂရုစိုက်ခြင်းမရှိပေ။

ချက်ချင်းပဲ သူ့ကိုယ်ပေါ်ရှိ အားကောင်းစွာတောက်ပနေသော နတ်ဆိုးနတ်ဘုရားလက်ချောင်းက နတ်ဆိုးနတ်ဘုရားလက်ချောင်းပေါ်တွင်တောက်ပသွားပြီး၎င်းအားလွှမ်းခြုံသွားသည်။

သွေးနီရောင်အလင်းထဲတွင် နတ်ဆိုးနတ်ဘုရားလက်ချောင်းက  ရုန်းကန်လှုပ်ရှားနေပြီး အပြင်းအထန် ခုခံနေဆဲဖြစ်သည်။ ဖြည်းဖြည်းချင်း သူ၏ခွန်အားအပြည့်တိုက်ခိုက်မှုအောက်တွင် ဘာထိခိုက်မှုမှမရှိခဲ့သောနတ်ဆိုးနတ်ဘုရား လက်ချောင်းက ပြင်းထန်သောမီးတောက်အတွင်းရှိ သံမဏိကဲ့သို့ စတင်၍ အရည်

ပျော်လာသည်ကို ရှစ်ဖုန့် မြင်တွေ့လိုက်ရသည်။

အရည်ပျော်နေသောအမြန်နှုန်းက နှေးကွေးသော်လည်း  အကယ်၍ဆက်လက်လုပ်ဆောင်

နေမည်ဆိုလျှင် မကြာခင်သို့မဟုတ်နောက်ပိုင်းကြ ၎င်းအနေဖြင့် လုံးဝအရည်ပျော်သွားလိမ့်မည်ဖြစ်လေသည်။

သွေးနတ်ဆိုးက ဤသွေးချပ်ဝတ်အားပြုလုပ်ရန်အတွက် လျှို့ဝှက်နည်းလမ်းအချို့အား အသုံးပြုခဲ့သည်ဖြစ်သည်။

ဤဧကရာဇ်အဆင့် အံ့ဖွယ်လက်နက်အား သွေးပန်းခက်ကလန်အား ရင်ဆိုင်ရန်အတွက် ပြုလုပ်ခဲ့သည်ဟု သွေးနတ်ဆိုးတစ်ခါပြောဖူးသည်ဖြစ်သည်။

သို့သော်ယခုအခါ၌ ဤအဆင့်ကိုး ဧကရာဇ်အဆင့်  အံ့ဖွယ်လက်နက်ဖြစ်သော ချပ်ဝတ်က ဤကဲ့သို့ဆန်းကြယ်နတ်ဆိုးသက်ရှိအား ထိန်းချုပ်ရန်အတွက်

အထူးပြုလုပ်ထားသည်ဟု ရှစ်ဖုန့်ခံစားရသည်။

ရှစ်ဖုန့်က ဖြည်းဖြည်းမှန်မှန်ပင်လုပ်ဆောင်လိုက်သည်။ ရှစ်ဖုန့်၏မောင်းနှင်မှုအောက်တွင် သွေးနီရောင်အလင်းကပို၍ပို၍ ပြင်းထန်လာသည်။အနက်ရောင်

နတ်ဆိုးနတ်ဘုရားလက်ချောင်း၏ငါးပုံတစ်ပုံခန့်က အရည်ပျော်လုနီးပါးဖြစ်လာသည်။ အရည်ပျော်သောအပိုင်းက အနက်ရောင်အရည်တစ်ခု

အဖြစ်သို့ပြောင်းလဲသွားသည်။ သို့သော် အရည်ပျော်နေသောအနက်ရောင်အရည်က ဖြည်းဖြည်းချင်းစီးဆင်း

နေသည်ကိုရှစ်ဖုန့်တွေ့ရသည်။

“ထားလိုက်တော့ကောင်လေး..

ဒီလိုသာဆက်သွားနေမယ်ဆိုရင် ဒီအရာကို ရင်ဆိုင်ဖို့အတွက်  စွမ်းအင်တွေဘယ်လောက်များများအထိ လိုမလဲဆိုတာကို ငါတို့မသိနိုင်ဘူး…

ပြီးတော့ ဒီနတ်ဆိုးနတ်ဘုရားလက်

ချောင်းကိုကြည့်ရတာ သူ့ကိုယ်သူပြန်ပြီးတော့ ကုသနိုင်စွမ်းရှိတဲ့ပုံပဲ….မင်းဒါကိုလုံးဝအရည်ပျော်စေနိုင်ခဲ့ရင်တောင် သွေးနီရောင်အလင်းမရှိတာနဲ့ ဒါက ပြန်ပြီးကောင်းလာလိမ့်မယ်….အကယ်၍ ဒီအရာကိုသာဖျက်ဆီးပစ်လို့ရခဲ့ရင်  သွေးနီရောင်ကမ္ဘာမှာ ဆီးလ်ခတ်ခံထားရတဲ့  နတ်ဆိုးနှလုံးသားက  သွေးနတ်ဆိုးကလန်ရဲ့ ဖျက်ဆီးတာကို ခံခဲ့ရတာ

ကြာပြီးနေလောက်ပြီ”

သွေးနီရောင်အလင်းအတွင်းရှိ နတ်ဆိုးနတ်ဘုရားလက်ချောင်း၏ အခြေအနေအားကြည့်၍ ကောင်းကင်မီးတောက်က ရှစ်ဖုန့်အား သတိပေးလိုက်သည်။

သို့သော် ရှစ်ဖုန့်မှာကောင်း

ကင်မီးတောက်၏ စကားတို့အားကြားသော်လည်း နတ်ဆိုးနတ်ဘုရားလက်ချောင်းအား အရည်ပျော်စေသောသွေးနီ

ရောင်အလင်းကို ရပ်တန့်ခြင်းမရှိသေးပေ။

ထိုအစားသူကအေးစက်စွာပြောလိုက်သည်။

“ဒီသခင်လေးက ဒီပစ္စည်းကိုဖျက်ဆီးဖို့ တစ်ခါမှ မတွေးဘူးဖူး… ဒီသခင်လေးက ဒါကို အရည်ပျော်စေပြီးတော့ ထိန်းချုပ်ချင်တာ ..ဒါကိုသခင်လေးအတွက် အသုံးပြုမလို့”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters