← Chapters

အပိုင်း(၃၁၀)

Vol. 21 Ch. 310

အပိုင်း(၃၁၀)

Vol. 21 Ch. 310

အချိန်များတရွေ့ရွေ့ကုန်ဆုံး

သွားပြီးသည့်နောက်  သွေးနီရောင်အလင်း၏ အောက်တွင်  နတ်ဆိုးနတ်ဘုရား လက်ချောင်း၏ တစ်ဝက်မှာ  အရည်ပျော်လာသည်။ လက်ချောင်းတစ်ဝက်ခန့်က

အနက်ရောင် အရည်အဖြစ်သို့ပြောင်း

လဲသွားစဉ်တွင်  အခြားတစ်ဝက်ကတော့ အကြွင်းအကျန် အနက်ရောင်လက်ချောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏

ဝိညာဉ်စွမ်းအားက နတ်ဆိုးနတ်ဘုရားလက်ချောင်းအတွင်း ပုန်းအောင်းနေသည့်  အကြွင်းအကျန်ဝိညာဉ်အား  စတင်၍ရှာဖွေနေသည်။

ယင်းမှာရှစ်ဖုန့်၏ မူလအစီအစဉ်ဖြစ်သည်။ နတ်ဆိုးနတ်ဘုရားလက်ချောင်း၌ ကိုယ်ပိုင်အသိစိတ်တစ်ခုရှိ

နေခြင်းကြောင့်  ၎င်းအတွင်းပုန်းအောင်းနေသော အကြွင်းအကျန်  ဝိညာဉ်တစ်ခုရှိနေလိမ့်မည်ဖြစ်သည်။ အကြွင်းအကျန်ဝိညာဉ်

တစ်ကြိမ်ဖျက်ဆီးခြင်းခံလိုက်ရသည်နှင့်  နတ်ဆိုးနတ်ဘုရားလက်ချောင်းမှာ ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်သို့ လုံးဝရောက်ရှိလာလိမ့်မည်ဖြစ်သည်။

သွေးနီရောင်အလင်းထဲတွင်

လက်‌ချောင်းက အရည်ဆက်ပျော်၍နေသည်။ နတ်ဆိုးနတ်ဘုရားလက်ချောင်းက တုန်ခါရုန်းကန်ပြီး ခုခံနေရာမှ ဖြည်းဖြည်းချင်းအားနည်းလာသည်။

ဖြည်းညှင်းစွာဖြင့် ရှစ်ဖုန့်၏ မရပ်မနား ကြိုးစားအားထုတ်မှုအောက်တွင်  နတ်ဆိုးနတ်ဘုရားလက်ချောင်း

တစ်ခုလုံးမှာ  နောက်ဆုံးတွင် အနက်ရောင်  အရည်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး အနက်ရောင်တီကောင်တစ်ခုကဲ့သို့ ဖြည်းညှင်းစွာတွန့်လိမ်နေသည်။

ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက အနက်ရောင်အရည်အတွင်း

နက်ရှိုင်းစွာဝင်ရောက်သွားပြီး  ဆက်လက်၍ ၎င်းအတွင်းပုန်အောင်းနေသော  အကြွင်းအကျန်ဝိညာဉ်အား ဆက်လက်၍ ရှာဖွေနေသည်။ သို့သော် ရှစ်ဖုန့်ထပ်ကာတလဲလဲ

ရှာဖွေနေသော်လည်း အကြွင်းအကျန်ဝိညာဉ်၏ ဘာသဲလွန်စကိုမှ ရှာတွေ့ခြင်းမရှိချေ။

ရှစ်ဖုန့်၏စိတ်ကို လှုပ်ရှားလိုက်ပြီး  ဤနေရာရှိစွမ်းအားအား ကြိုးကိုင်ခြယ်လှယ်လိုက်သည်။

ရုတ်ခြည်းပဲ  သွေးနီရောင်အလင်းတန်းအတွင်းရှိ အနက်ရောင်အရည်တို့မှာ

မရေတွက်နိုင်သော ဆန်စေ့အ

ရွယ်အစားရှိသည့် အနက်ရောင်ရေစက်များအဖြစ်သို့ ပြန့်ကျဲသွားသည်။

ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားအား  ဤအနက်ရောက်ရေစက်များအပေါ်တွင် သိပ်သည်းလိုက်ပြီး   အနက်ရောင်အရည်အတွင်းရှိ ပြောင်းလဲမှုများအား ဂရုတစိုက် အာရုံခံလိုက်သည်။

“ဒီမှာပဲ”

ရှစ်ဖုန့်က အော်ပြောလိုက်သည်။ အနက်ရောင်ရေစက်များက တုန်ခါနေသေးသော်လည်း ၎င်းတို့ထဲကတစ်ခုဆီမှ ဝိညာဉ်တစ်ခု၏ စွမ်းအင်အတက်အကျအား  ရှစ်ဖုန့်ခံစားမိသည်။ရှစ်ဖုန့်က ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးဖြင့်အနက်

ရောင်ရေစက်ထံသို့ အလျှင်အမြန်လှုပ်ခတ်စေလိုက်သည်။

“အား”

ရုတ်တရက် သတ္ထုပွတ်တိုက်သံကဲ့သို့နား

မချမ်းမသာဖြစ်စေသော စူးရှရှ အက်ကွဲကွဲ အသံတစ်ခုကထို အနက်ရောင်ရေစက်ထံမှ ထွက်ပေါ်လာသည်။ ထို့နောက်တွင်  အနက်ရောင်လက်ချောင်းအရွယ် မွန်းစတားအရိပ်တစ်ခုက ထိုအနက်ရောင်ရေစက်ထံမှထွက်ပေါ်လာ၏။

ဤမွန်းစတား၏ပုံသဏ္ဍန်က လူသားတစ်ယောက်နှင့်ဆင်တူသော်လည်း ၎င်း၏ဦးခေါင်းထက်၌ ကွေးနေသော ဦးချိုတစ်ခု ပါရှိသည်။ ဤအနက်ရောင်ဦးချိုက ရှစ်ဖုန့်လုံအောင်၏ဦးခေါင်း၌ နောက်ဆုံးတစ်ခေါက်ကမြင်တွေ့ခဲ့သောဦးချိုနှင့်အတိအကျတူညီသည်ဖြစ်သည်။

ထိုထက်ပိုသည်ကား ၎င်း၏ကိုယ်ပေါ်တွင် လုံအောင်၏ကိုယ်ကဲ့သို့ပင် သိပ်သည်းသော  အနက်ရောင်နတ်ဆိုးအမှတ်အသားများဖုံးလွှမ်းနေခြင်းဖြစ်သည်။

“မင်းဘယ်လိုတောင်လုပ်ရဲတာလဲကွ…စက်ဆုပ်ဖို့ကောင်းတဲလူသား..ငါကိုယ်တော်

ကိုဘယ်လိုတောင်ဒီလိုမျိုးရိုင်း

ပြစော်ကားရဲတာလဲ”

အနက်ရောင်နတ်ဆိုးသက်ရှိက ရှစ်ဖုန့်အားလက်ညိုးငေါက်ငေါက်ထိုး၍  ဒေါတကြီးအော်ဟစ်လိုက်သည်။

အသံက ယခင်ကကဲ့သို့ နားကလောပြီး စိတ်မချမ်းမသာဖြစ်စေသော်လည်း  ဤအသံကရှစ်ဖုန့်အား  မိစ္ဆာဝိညာဉ်၏ ပိုင်ဆိုင်ခြင်းကိုခံထားရသည့် လီရူအား  သတိရမိစေသည်။အသံနှစ်ခုက

အတိအကျကို တူညီသည်ဖြစ်သည်။

ထို့ကြောင့်  ၎င်းတို့ကြားထဲတွင်  ဆက်နွယ်မှုအချို့ရှိနေလိမ့်မည်ဖြစ်သည်။

“အကြွင်းအကျန်ဝိညာဉ်လေးတစ်ခုကများ  ဒီသခင်လေးရဲ့ အကျဉ်းသား

ဖြစ်နေတာတောင် အရမ်းကိုမောက်မာပြရဲသေးတယ်လား”

ရှစ်ဖုန့်က ဒေါသထွက်သွားသည်။သူက

စကားပြောရင်း ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အားမွန်းစတား၏  အကြွင်းအကျန်ဝိညာဉ်ထံသို့ နောက်တစ်ကြိမ်လှုပ်ခတ်စေလိုက်သည်။

“အား”

လက်ချောင်းတစ်ချောင်းစာ

အရွယ်အစားသာရှိသော အနက်ရောင်မွန်းစတားမှာ တုန်ယင်သွားသည်။ ၎င်းက၎င်း၏ခေါင်းအား လက်နှစ်ဖက်ဖြင့် အုပ်ကာလိုက်ပြီး  ငယ်သံပါအောင်အော်ဟစ်လိုက်သည်။

ထို့နောက်တွင်ရှစ်ဖုန့်က ငရဲဘုံကိုးခု ဝိညာဉ်ဝါးမျိုပညာရပ်အား အသက်သွင်းလိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားထဲတွင် မမြင်နိုင်သော ဝိညာည်စုပ်ဝဲလ်တစ်ခုက ဖြစ်ပေါ်လာပြီး  မွန်းစတား၏  အကြွင်းအကျန်ဝိညာဉ်အား ဝါးမျိုရန်အတွက်  အားကောင်းသောစုပ်ယူအား

တစ်ခုကိုထုတ်လွှတ်နေသည်။

ရှစ်ဖုန့်ဝိညာဉ်၏  ထိန်းချုပ်မှုအောက်တွင်  အနက်ရောင်နတ်ဆိုးသက်ရှိမှာ  ရုတ်ခြည်းမမြင်နိုင်သော ဝိညာဉ်စုပ်ဝဲလ်ထံသို့  ပျံသန်းလာ၏။ဤအချိန်တွင်

နတ်ဆိုးသက်ရှိက ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်၏ တိုက်ခိုက်မှုမှ ပြန်လည်၍ ကောင်းမွန်လာသည်။

မမြင်နိုင်သော ဝိညာဉ်စုပ်ဝဲလ်အတွင်းတွင် ၎င်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။

“စပ်ဆုပ်ဖို့ကောင်းတဲလူသား ..

ငါကိုယ်တော်က အင်မော်တယ်ဝိညာဉ်ကွ…

မင်းရဲဝိညာဉ်စွမ်းအားလောက်လေးနဲ့များ ငါ့ကိုယ်တော်ကို ခြေမွပစ်နိုင်မယ်လို့ထင်နေတာလား”

“အင်မော်တယ်ဝိညာဉ်လား”

မွန်းစတား၏  အော်ဟစ်သံကိုကြားလိုက်ရပြီး  မွန်းစတား၏ဝိညာဉ်က ဝိညာဉ်စုပ်ဝဲလ် ဝါးမျိုးခြင်းပညာရပ်၏ သက်ရောက်မှုအား ခံရခြင်းမရှိသည်ကို ရှစ်ဖုန့် တကယ်ခံစားမိလိုက်သည်။  ယင်းမှာ ၎င်းအား ဝါးမျိုရန်အတွက် မဖြစ်နိုင်ခြင်းဖြစ်သည်။

အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်က မွန်းစတား၏ အကြွင်းအကျန်ဝိညာဉ်အားဝါးမျိုနေခြင်းကို အတင်းအကျပ်ရပ်တန့်လိုက်သည်။

“ဟမ့်”

မွန်းစတား၏ အကြွင်းအကျန်ဝိညာဉ်က  ရှစ်ဖုန့်အား ဟန်ကြီးပန်ကြီးပုံစံဖြင့် ထပ်မံလက်ညိုးထိုး၍  ရှစ်ဖုန့်အား အော်ပြောလိုက်သည်။ သူကထပ်မံ၍ပြောဆိုလိုက်၏။

“စပ်ဆုပ်ဖို့ကောင်းတဲ့လူသား…

မင်းရဲ့ဝိညာဉ်ကို လက်လွှတ်လိုက်ပြီးတော့ ငါကိုယ်တော်ရဲ့ ကျွန်ဖြစ်လာစမ်း..ငါကိုယ်တော်

မင်းကိုသာလွန်မြင့်မားတဲ့ ဂုဏ်ကျတ်သရေကိုပေးမယ်…

ငါကိုယ်တော်မင်းကို ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားကိုပေးမယ်..အဲ့လိုမှမဟုတ်ရင် မင်းငါ့ကိုစော်ကားခဲ့တဲ့အတွက် ဖျက်ဆီးခံရလိမ့်မယ်”

“မင်းနှမကြီးကိုသွားဖျက်ဆီး”

မွန်းစတားအကြွင်းအကျန်ဝိညာဉ်၏ စကားများအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က  ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလက်ကို ထပ်မံ၍အသက်သွင်းလိုက်သည်။ ၎င်းက အင်မော်တယ်ဝိညာဉ်တစ်ခုဖြစ်ပြီး

မွန်းစတား၏ အကြွင်းအကျန်ဝိညာဉ်အား ဝါးမျိုနိုင်ခြင်းမရှိသော်လည်း  ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကတော့

မွန်းစတား၏ ဝိညာဉ်များ များစွာနာကျင်မှုကိုဖြစ်စေသည်ဖြစ်သည်။

“အား..စပ်ဆုပ်ဖို့ကောင်းတာ….အား”

မွန်းစတား၏ အကြွင်းအကျန်ဝိညာဉ်က ထပ်မံ၍ နာကျင်စွာအော်ဟစ်လိုက်သည်။

“မင်းနှမကြီးကိုသွားစက်ဆုပ်”

ရှစ်ဖုန့်က ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား ထပ်မံ၍ အသက်သွင်းလိုက်ပြန်သည်။

“အား..အား..”

“မင်းနှမကြီးကိုအား..”

“မင်းနောင်တရလိမ့်မယ်..

ငါကိုယ်တော်ကိုဒီလိုဆက်ဆံတဲ့အတွက် မင်းနောင်တရရလိမ့်မယ်”

“မင်းနှမကြီးကိုပဲ နောင်တသွားရ”

“အား..နေပါအုံး..နေပါအုံး.. ငါကိုယ်တော် ကိုထပ်ပြီးမတိုက်ခိုက်ပါနဲ့တော့..

ကောင်းကောင်းမွန်မွန်စကားပြေတာပေါ့…

ငါ…ငါကိုယ်တော်တို့က ယဉ်ကျေးတဲ့သူတွေပဲဟာ”

ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် မွန်းစတား၏ အကြွင်းအကျန်ဝိညာဉ်မှာ ဖြည်းဖြည်းချင်းရိုကျိုးနာခံလာသည်။

“မင်းကိုယ်မင်း ထပ်ပြီးတော့

“ငါကိုယ်တော်”လို့ ထပ်ပြီးသုံးအုံးမှာလား”

ရှစ်ဖုန့်က အေးစက်စွာမေးလိုက်သည်။

“အကယ်၍ မင်းစိတ်မရှိဘူးဆိုရင် ..ငါကိုယ်တော်လည်း..”

မွန်းစတား၏ အကြွင်းအကျန်ဝိညာဉ်မှာ  ရှစ်ဖုန့်၏မျက်နှာက အေးစက်မှုအဖြစ်ပြောင်းသွားသည်ကို  မြင်တွေ့လိုက်ရသောအခါတွင်  ချက်ချင်းပဲ သူ၏စကားလုံးတို့ကို ပြောင်းလဲလိုက်သည်။

“ငါ့ကိုယ်ငါ  “ငါကိုယ်တော်” လို့ထပ်ပြီးမသုံးတော့ဘူး..

ငါလို့ပဲသုံးတာက  တို့ကို ပိုပြီးတော့ရင်းနှီးစေတယ်လို့ငါထင်တယ်”

“မင်းက ဘယ်လိုတည်ရှိမှုမျိုးလဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

“နတ်ဆိုး”

မွန်းစတားအကြွင်းအကျန်ဝိညာဉ်က ဖြေလိုက်သည်။

“ပိုပြီးအသေးစိတ်ဖြေ”

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

“ငါက  အကြွင်းအကျန်ဝိညာဉ်တစ်ခုပဲ..

နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ   ငါ့ရဲ့မှတ်ဉာဏ်တွေအများကြီးက ဝေဝါးကုန်ပြီ….ငါကမြင့်မား

အရှိန်အဝါကြီးမားပြီးအင်မော်တယ်

နဲ့ဖျက်ဆီးမရနိုင်တဲ့ ကြီးမြတ်တဲ့ နတ်ဆိုးတစ်ပါးဆိုတာကိုပဲမှတ်မိတယ်…ငါက ဒီကမ္ဘာကြီးထဲမှာ ရှေးပဝေသဏီအချိန်ကတည်းက တည်ရှိနေခဲ့တာ”

နတ်ဆိုးက ဖြေလိုက်သည်။

“ဒါဆို မင်းကဘာလို့ဒီလိုမျိုးဖြစ်သွားရတာလဲ…

မင်းကိုယ်ရဲ့ တစ်ခြားအစိတ်အပိုင်းတွေ

ကရောဘယ်မှာလဲ….ဘာလို့လက်ချောင်းတစ်ချောင်းတည်း ကျန်နေခဲ့တာလဲ”

ရှစ်ဖုန့်ကထပ်မံမေးလိုက်သည်။

ရှစ်ဖုန့်၏စကားတို့အားကြား

လိုက်ရသောအခါတွင် နတ်ဆိုးက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပဲ  ခေါင်းခါယမ်း၍ ပြောလိုက်သည်။

“ငါမမှတ်မိဘူး”

နတ်ဆိုး၏ “ငါမမှတ်မိဘူး” ဟူသောစကားအား ကြားလိုက်ရသောအခါတွင်   ရှစ်ဖုန့်၏ မျက်နှာက ဖြည်းဖြည်းချင်းထပ်မံ၍ အေးစက်လာပြန်သည်။ ဤအရာအား မြင်လိုက််ရသောအခါတွင်  နတ်ဆိုးက ရှစ်ဖုန့် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အားထပ်မံ၍ အသုံးပြုမည်ကိုကြောက်ရွံ့ပြီး အလျှင်အမြန်ပြောလိုက်သည်။

“ငါတကယ်မမှတ်မိတာ”

ထိုသို့ပြောပြီးသည့်နောက် နတ်ဆိုးက သက်ပြင်းချလိုက်သည်။

“ဟူး… စဉ်းစားကြည့်လိုက်ရင် ငါလိုမြင့်မားပြီး အရှိန်အဝါကြီးမားတဲ့သူတစ်ယောက်က ဒီလိုအခြေအနေမျိုးကို ကျဆင်းသွားရတယ်.. ဘယ်လိုဖြစ်ပြီးတော့များလူသားသာသာလေးတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကိုတောင် ခံနေရတာလဲ”

ထိုသို့ပြောပြီးသည့်နောက် နတ်ဆိုး၏ မျက်နှာထက်တွင် နာကြည်းချက်များဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာမွန်းစတား၏  အကြွင်းအကျန်ဝိညာဉ်တစ်ခုသာဖြစ်သည်။

သူ့အားကြည့်၍ တကယ်မမှတ်မိခြင်းဖြစ်ပုံရလေသည်။

ထို့နောက်ရှစ်ဖုန့်၏ စိတ်အားထပ်မံလှုပ်ရှားလိုက်ပြီး  စွမ်းအားကြီးအားတစ်ခုကကောင်း

ကင်ထဲမှကျဆင်းလာကာ မွန်းစတား၏ အကြွင်းအကျန်ဝိညာဉ်အား ထိန်းချုပ်ကန့်သတ်ထားလိုက်သည်။

“မင်း…မင်းဘာလုပ်တာလဲကွ..

ငါတို့ကယဉ်ကျေးတဲလူတွေလေ…

.မင်းပြောစရာတစ်ခုခုရှိတယ်ဆိုရင် စကားနဲပဲပြောပါလား….

မင်းတို့ရဲ့ရှေးဦးသူတော်စင်တွေက ရိုးသားပြီးကတိတည်ရမယ်ဆိုတာကို မသင်ပေးခဲ့ဘူးလား… ငါမင်းကိုငါသိတာအားလုံးကို

ပြောပြီးပြီးနေပြီ..မင်းငါ့ကိုလွှတ်ပေးပြီးတော့ ဒီသောက်နေရာစုတ်ကနေ ထွက်သွားခွင့်ပေးသင့်တယ်”

“မင်းတွေးတာအရမ်းများနေပြီ”

ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် သွေးချပ်ဝတ်မှထုတ်လွှတ်နေသော ပြင်းထန်သည့်သွေးနီရောင်

အလင်းကပျောက်ကွယ်သွားပြီး  သွေးချပ်ဝတ်သည်လည်း

ပျောက်ကွယ်သွားသည်။

သူ့ကိုယ်ပေါ်တွင် အနက်ရောင်ဝတ်ရုံကပြန်

ပေါ်လာပြီး ရှစ်ဖုန့်က သူ၏ အကြည့်တို့အားသေးငယ်

သောရေစက်များပေါ်သို့ပြောင်းရွှေ့လိုက်သည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters