အပိုင်း(၃၁၁)
Vol. 21 Ch. 311
ရှစ်ဖုန့်က နတ်ဆိုးနတ်ဘုရား
လက်ချောင်း၏ ပြန့်ကျဲနေသောအနက်ရောင်
အရည်စက်များအား ကြည့်နေသည်ကို တွေ့လိုက်ရသောအခါတွင် နတ်ဆိုး၏ အကြွင်းအကျန်ဝိညာဉ်က စိတ်လေးထင့်သွားပြီး အော်ပြောလိုက်သည်။
“လူသားကောင်လေး မင်းငါတို့ကိုဘာလို့ ဖော်ရွေမှုမရှိတဲ့ အကြည့်မျိုးနဲ့ကြည့်နေတာလဲ…
မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်း၌ရှိနေသော ကောင်းကင်မီးတောက်ကလည်း ရှစ်ဖုန့်ပြုလုပ်မည့်အရာအား ပုံဖော်မိပုံပေါ်သည်။ သူကပြောလိုက်သည်။
“ကောင်လေး မင်းထပ်ပြီး တော့ အရှုပ်အယှက်တွေလုပ်အုံးမလိုလား”
“နတ်ဆိုးနတ်ဘုရားလက်ချောင်း”
ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်က
ဖြည်းဖြည်းချင်းတွန့်ကွေးသွားပြီး အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
ထိုနောက်တွင် သူ၏ညာလက်ညိုးအား
ရှေ့သို့ ထိုးညွှန်လိုက်၏။ ချက်ချင်းပဲ လေထဲတွင်ပြန့်ကျဲနေသည့် များပြားလှသောသေးငယ်သည့်
အနက်ရောင်နေစက်များက ရှစ်ဖုန့်၏အတွေးဖြင့်ထိန်းချုပ်မှုအောက်တွင် ရှစ်ဖုန့်၏လက်ညိုးထံသို့ စတင်၍ တလိပ်လိပ်ဦးတည်လာသည်။
“တော်လောက်ပြီ”
ကောင်းကင်မီးတောက် သက်ပြင်းချပြီးပြောလိုက်သည်။
“ဒါက နတ်ဆိုးနတ်ဘုရားလက်ချောင်းပဲ..
မင်းကလူသားကလန်ကဖြစ်တယ်.
အဆင်ပြေပါ့မလား”
“ကိစ္စမရှိဘူး…ဒါလက်ချောင်း
လေးတစ်ခုသက်သက်ပဲ… ဒါဖျက်ဆီးခံရရင်လည်းကိစ္စမရှိဘူး…”
ရှစ်ဖုန့်က ကောင်းကင်မီးတောက်အား သဘောမကျန်ဟန်ဖြင့်ပြောလိုက်သည်။
အကယ်၍ ဤလက်ချောင်းဖျက်ဆီးခ
ံလိုက်ရလျှင်ပင် သူ၏ကာယခန္ဓာခွန်အားက အဆင့်ကိုး ဧကရာဇ်နယ်ပယ်သို့ရောက်ရှိပြီး ငရဲဘုံကိုးခု ခန္ဓာအားသူ ကြိုးပမ်းအောင်မြင်နိုင်လျှင်
သူ၏လက်ချောင်းက ပြန်လည်၍ကြီးထွားလာနိုင်သည်ဖြစ်သည်။
“လူသားမျိုးနွယ်… မင်းဘာတွေလုပ်နေတာလဲ..ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားလက်ချောင်း
ကိုမထိနဲ့…ဒါက ငါ့ရဲ့နတ်ဆိုးနတ်ဘုရားလက်ချောင်းကွ..
မင်းလုပ်နေတာက လုယက်တာနဲဘာမှာ မခြားနားတော့ဘူး…လူသားကလန်က ရှေးဦးဘိုးဘေးတွေသာ မင်းဒီလိုလုပ်နေတာကိုမြင်ရင်
သူတို့ရဲ့ အခေါင်းထဲနေပြီးတော့ တွားသွားထွက်လာလိမ့်မယ်”
ရှစ်ဖုန့်၏အပြုအမူအားမြင်
တွေ့လိုက်ရသောအခါတွင် နတ်ဆိုးအကြွင်းအကျန်ဝိညဉ်က ကျယ်လောင်စွာအော်ပြောလိုက်သည်။
ယခုအချိန်၌ နတ်ဆိုးအကြွင်း
အကျန်ဝိညာဉ်မှာ ဤနတ်ဆိုးနတ်ဘုရားလက်ချောင်း၏ တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်သည်။
ရှစ်ဖုန့်၏ အပြုအမူများမြင်တွေ့
လိုက်ရသောအခါတွင် သူမည်ကဲ့သို့ စိတ်မတုန်လှုပ်ပဲနေပါမည်နည်း။
ရှစ်ဖုန့်က နတ်ဆိုးအကြွင်းအကျန်ဝိညာဉ်၏ စကားတို့အား လျှစ်လျူရှုထားလိုက်သည်။ တလိပ်လိပ်လာနေသော အနက်ရောင်စေးပျစ်သည့်
အရည်စက်များက ရှစ်ဖုန့်လက်ချောင်းပေါ်တွင် လျှင်မြန်စွာသိပ်သည်းသွားသည်။ စေးပျစ်သောအနက်ရောင်
နတ်ဆိုးအရည်တို့က ရှစ်ဖုန့်၏ လက်ညိုးတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
“ပေါင်းစည်းမယ်”
ရှစ်ဖုန့်က အသံတိုးတိုးဖြင့်အော်ပြောလိုက်သည်။ သူကသူ၏ဘယ်လက်ဖြင့်
လက်ပုံရိပ်တစ်ခုကို ပုံဖော်လိုက်သည်။
သူ၏ ဘယ်လက်တစ်ခုလုံးက အဖြူရောင်အလင်းတစ်ခုတောက်ပါလာသည်။ ထို့နောက်တွင် လက်ပုံရိပ်က အနက်ရောက်လက်ညိုးအား
ထိမှန်သွားသည်။
“မဟုတ်ဖူး”
နတ်ဆိုးအကြွင်းအကျန်ဝိညာဉ်မှာ
ရှစ်ဖုန့်၏ လက်သင်္ကေတဆီး
လ်မှလာသော ဆန်းကြယ်သည့်စွမ်းအား
အားအာရုံခံမိပြီး လက်သင့်မခံနိုင်မှုများဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဤဆီးလ်သင်္ကေတ၏ အောက်တွင် အဖြူရောင်အလင်းက ပိုပို၍မျက်စိကျိန်းလောက်အောင်
တောက်ပလာသည်။ ရှစ်ဖုန့်၏ လက်ညိုးအားထွေးပတ်လွှမ်းခြုံထားသော စေးပျစ်သည့်အနက်ရောင်အရည်တို့မှာ ရုတ်ခြည်း ရှစ်ဖုန့် အရေပြား၏ ဝါးမျိုမှုကိုခံလိုက်ရသည်။
အဖြူရောင်အလင်းပျောက်ကွယ်
သွားသည့်အချိန်တွင် ရှစ်ဖုန့်၏ လက်ညိုးက ယခင်နှင့်ဘာမှများစွာကွာခြားသွားခြင်းမရှိပေ။
အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏လက်ညိုးက ရုတ်တရက် မှင်ဖြင့်ဆေးချယ်ထားသကဲ့သို့ မဟူရာရောင်ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးချီတို့က တလိပ်လိပ်ဖြင့်ရှစ်ဖုန့်၏ အနက်ရောင်လက်ချေင်းမှာ မြင့်တက်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်မှာ နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်သည်။
“နတ်ဆိုးလက်ချောင်း”
ရှစ်ဖုန့်က အနက်ရောင်နတ်ဆိုး
လက်ချောင်းအား သူ၏ ရှေ့တွင်
ထားလိုက်ပြီး စိုက်ကြည့်နေသည်။ဆိုးရွားပြီး ဆန်းကြယ်ကာ စွမ်းအားကြီးသော စွမ်းအားက ၎င်းထံမှလာနေသည်ကိုသူအာရုံခံမိသည်။ သူကသူရှိသမျှအစွမ်းကုန်ဖြင့် ထိုးညွှန်လိုက်သည်။ အနက်ရောင်အလင်းတစ်ခုက
ဖျက်ခနဲလင်းလက်လာသည်။ ရှစ်ဖုန့်ကရပ်တန့်လိုက်ပြီး ၎င်းအား ဂရုတစိုက်အာရုံခံလိုက်သည်။
အကယ်၍သူသာ
ဤနတ်ဆိုးလက်ချောင်း၏ စွမ်းအားအား အပြည့်အဝအသက်သွင်းလိုက်မည်ဆိုလျှင် သူ့အနေဖြင့် လက်ရှိသူ၏နယ်ပယ်ဖြင့် ကြယ်တစ်ပွင့်သူတော်စင်
နယ်ပယ်တစ်ယောက်၏ စွမ်းအားထိကိုရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။
သို့သော်ရှစ်ဖုန့်၏ လက်ရှိခန္ဓာကိုယ်က အရမ်းကိုထူးခြားနေပြီဖြစ်သည်။ သူ့ကိုယ်သူဘာမျိုးနွယ်ဟုခေါ်
ရမည်ပင်သူမသိချေ။ သူသည်သွေးပန်းခက်မျိုးနွယ်၏ ရိုးတွင်းခြင်ဆီကိုစုပ်ယူခဲ့ပြီးယင်း
ကသူ၏တစ်ကိုယ်လုံးအား ရဲရဲတောက်သောသွေးနီတို့ဖြစ်ပေါ်သွားစေသည်။ သူ၏ဒန်တန်မှာလည်း သွေးပန်းခက်မျိုးနွယ်၏ အထွတ်အမြတ်မီးတောက်ဖြင့်
ပေါင်းစည်းထားခြင်းဖြစ်သည်။ သူ့တွင် မိစ္ဆာမျက်လုံးမျိုးနွယ်စု၏ တိုက်စားခြင်းမိစ္ဆာမျက်လုံး
လည်းရှိနေသေးသည်။ ယခုလည်းသူ့၌ နတ်ဆိုးလက်ချောင်းတစ်ခုရှိလာပြန်ပြီဖြစ်၏။
ရှစ်ဖုန့်အနေဖြင့်ဤ ခန္ဓာကိုယ်၏ ပြောင်းလဲမှုများအား ဂရုမစိုက်ပါ။ ခွန်အားစွမ်းပကားနောက်ကို
လေ့လာလိုက်စားသောသူ
တစ်ယောက်အနေဖြင့်သူသည် သူ၏တိုက်ခိုက်နိုင်စွမ်းလုပ်
ဆောင်နိုင်မှုများအပေါ်တွင်
သာဂရုစိုက်သည်ဖြစ်သည်။
နော်ထပ်အတွေးတစ်ချက်ဖြင့် သူ၏လက်ညိုးပေါ်ရှိ အနက်ရောင်မှာဖြည်းဖြည်းချင်း
လွင့်ပျယ်သွားသည်။ ရှစ်ဖုန့်၏လက်ညိုးက မူလအခြေအနေသို့ပြန်လည်
၍ရောက်ရှိသွားသည်။
“အား..စပ်ဆုပ်ဖို့ကောင်းတဲလူသား…
ငါ့ရဲ့လက်ချောင်းကိုဘယ်လိုဖြစ်ပြီးတော့ ငါ့ဆီကနေလုယူရဲတာလဲ..အား..အား..အား..”
နတ်ဆိုးဝိညာဉ်အကြွင်းအကျန်က
ရှစ်ဖုန့်အား ထပ်တလဲလဲ ငယ်သံပါအောင်အော်ဟစ်ပြောဆိုနေသည်။ သူ၏အသံကစူးစူးဝါးဝါးဖြစ်နေကာသူ၏ မျက်နှာကကြမ်းကြုတ်ခက်ထန်နေ၏။ သူ၏ပုံစံမှာ တစ်စုံတစ်ယောက်အားကိုက်
ခဲတော့မည့်သားရဲတစ်
ကောင်ကဲ့သို့ပင်ဖြစ်သည်။ ယင်းမှာသူ၏ဇနီးမယားအားရှစ်ဖုန့်က မုဒိန်းတက်ကျင့်သွားခြင်း
ခံလိုက်ရသည်နှင့်တူလေသည်။
နတ်ဆိုးသတ္တဝါ၏ အော်သံအားကြားလိုက်ရသော
အခါတွင်ရှစ်ဖုန့်က စိတ်မရှည်စွာဖြင့်သူ၏ညာလက်
အားဝေ့ယမ်းလိုက်သည်။ နတ်ဆိုးသတ္တဝါအား ဖိနှိပ်ထားသော စွမ်းအားက ၎င်းအား အဝေးကိုခေါ်ဆောင်သွားသည်။
“အား…………………အား..အား”
နတ်ဆိုးအကြွင်းအကျန်ဝိညာဉ်၏ အသံက ဖြည်းဖြည်းချင်းလွင့်ပါး
ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း အသံနှင့်နတ်ဆိုးအကြွင်း
အကျန်ဝိညာဉ်တို့မှာ ဤဧရိယာတစ်ဝိုက်မှ လုံးဝပျောက်ကွယ်သွားသည်။
ထို့နောက်တွင် အတွေးတစ်ချက်ဖြင့်ရှစ်ဖုန့်က သူ၏သိုလှောင်လက်စွပ်အတွင်းမှ များပြားလှသောသိုလှောင် လက်စွပ်တို့ကို ထုတ်ယူလိုက်သည်။
ဤနေရာမှထွက်ခွာခဲ့ပြီးသည့်နောက်တွင် ရှစ်ဖုန့်က တိုက်ပွဲကြီးနှစ်ခုကို ကြုံတွေ့ခဲ့ရသည်။ဤတိုက်ပွဲကြီး
နှစ်ခုအတွင်းသူသတ်ပစ်ခဲ့သော
သူများမှာထျန်းမြောင်အင်ပါယာ၏ အထွတ်အထိပ်ကျွမ်းကျင်သူများဖြစ်ကြသည်။ဤတိုက်ပွဲကြီးနှစ်ခုအတွင်းမှသူရရှိခဲ့သော အကျိုးအမြတ်များက သူယခင်ကရရှိခဲ့သည် အရာများထက် များစွာသာလွန်လေသည်။
ထို့နောက်တွင်များပြားလှသော သိုလှောင်လက်စွပ်များက လေထဲတွင်ထပ်မံ၍ပြန့်ကျဲသွားပြီး
ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင်ကမ္ဘာဦး
ကျောက်တုံများအားရေတံခွန်
ကဲ့သို့ထပ်မံ၍သွန်းလောင်းချပြန်သည်။
“ဖန်း..ဖန်း..ဖန်း..ဖန်း..ဖန်း..”
ထွက်ကျလာသောကမ္ဘာဦးကျောက်တုံးများက သူ့ဖာသာသူ ပေါက်ကွဲကုန်၏။ သန့်စင်သောမူလစွမ်းအင်စီး
ကြောင်းများကစီးဆင်းဖြစ်ပေါ်လာပြီး ဤနေရာရှိ မူလချီများအား ပို၍ ပေါကြွယ်ဝလာစေသည်။ ရှစ်ဖုန့်၏ စီစဉ်မှုအောက်တွင် ဤနေရာက ပို၍ပို၍ ကျင့်ကြံခြင်းအတွင် မြင့်မြတ်သောနေရာတစ်ခုဖြစ်လာသည်။
ထို့နောက်တွင်ရှစ်ဖုန့်က တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ငရဲဘုံကိုးခုပညာရပ်အား အဆက်မပြတ်လှည့်ပတ်လိုက်သည်။
ရေစုပ်ဝဲလ်တစ်ခုကဲ့သို့ ဤနေရာရှိသန့်စင်ပြီးပေါကြွယ်ဝ
သောမူလချီတို့အား စုပ်ယူ၍ ကျင့်ကြံမှုကိုစတင်လိုက်သည်။
ကျင့်ကြံခြင်းအချိန်တို့က ဖြည်းညှင်းစွာပင်ကုန်ဆုံးသွားသည်. ရှစ်ဖုန့်ထိုင်နေသည့်အချိန်မှစ၍ တစ်နေ့နှင့်တစ်ညက လျှင်မြန်စွာကုန်ဆုံးသွားသည်။ ထို့နောက်ကောင်းကင်မီးတောက်က ပြောလိုက်သည်။
“ကောင်လေး.. သွေးဆာသက်ရှိကပေါ်လာပြီ..အဲ့တာက ငါအာရုံခံနိုင်တဲ့ ဝန်းကျင်အတွင်းမှာရှိတယ်”
ကောင်းကင်မီးတောက်၏ သတိပေးမှုဖြင့် ရှစ်ဖုန့်က သူ၏ကျင့်ကြံခြင်းမှ အလျှင်အမြန်နိုးထလိုက်သည်။
ထို့နောက်တွင် အတွေးတစ်ချက်ဖြင့်သူ၏ကိုယ်မှ သွေးနီရောင်အလင်းတစ်ခု လင်းလက်သွားသည်။ရှစ်ဖုန့်က ဤနေရာလွတ်ထဲမှထွက်ခွာလာပြီး
သူ၏မူလ ထျန်းရီမြို့တည်းခိုခန်းရှိ အခန်းအတွင်းသို့ပြန်ရောက်လာသည်။
သူ၏ဘယ်လက်အား လေထဲတွင့်တန့်ကာရပ်တည်နေသော သွေးကျောက်ပြားလေးအားထိလိုက်သည်။ သွေးကျောက်ပြားက သူ၏လက်ဖဝါးအတွင်းတို့
လျှင်မြန်စွာရွှတ်ခနဲဝင်သွားပြီး သွေးကျောက်ပြားအမှတ်အသားအဖြစ်ပြောင်းလဲသွားသည်။
ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားအား
ဦးတည်ချက်အနှံ့သို့ ဖြန့်ကျက်လိုက်သည်။ သူကကောင်းကင်မီးတောက်ကိုမေးလိုက်သည်။
“အဲ့အရာက အခုဘယ်မှာလဲ”
“အရှေ့ဘက် ဒီကနေ နှစ်ဆယ့်ငါးကီလိုမီတာလောက်မှာ”
ကောင်းကင်မီးတောက် လျှင်မြန်စွာပြန်ဖြေလိုက်သည်။
ကောင်းကင်မီးတောက်၏စကား
အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က သူ၏ကိုယ်အားလျှင်မြန်စွာလှုပ်ရှားလိုက်ပြီး အပေါ်သို့တည့်တည့်ပင်ထိုးတက်သွားသည်။ “ဘန်း”ဟူသောအသံနှင့်အတူ ရှစ်ဖုန့်၏ပြင်းထန်စွာ တစ်ဟုန်ထိုးဖြတ်သန်းမှုကြောင့် ခေါင်မိုးတွင်လူတစ်ကိုယ်စာ အပေါက်တစ်ခုဖြစ်သွားသည်။ အုပ်ကျိုးအုပ်ပဲ့စများက နေရာအနှံ့သို့လွင့်ပျံသွားသည်။
ရှစ်ဖုန့်အနေဖြင့် ခေါင်မိုးကဘာဖြစ်သွားသည်
ဆိုသည်အား ဂရုစိုက်ခြင်းမရှိပေ။
ကောင်းကင်မီးတောက်၏ ညွှန်ကြားမှုနောက်သို့လိုက်ပါ၍ အရှေ့ဘက်ဆီသို့လျှင်မြန်စွာ
ပျံသန်းလိုက်သည်။ယင်းမှာ ညအချိန်သို့ရောက်ရှိနေပြီဖြစ်သည်။
ရှစ်ဖုန့်ကသူ၏ ခန္ဓာကိုယ်ရွေးလျားခြင်းကို
အသုံးပြု၍ ဟင်းလင်းပြင်ထဲတွင် ပုံရိပ်များကိုသာချန်ရစ်ထားခဲ့သည်။
လက်ရှိရှစ်ဖုန့်အတွက် နှစ်ဆယ့်ငါးကီလိုမီတာမှာ အရမ်းကိုတိုတောင်းလှသော အကွာအဝေးဖြစ်သည်။
နှစ်ဆယ့်ငါးကီလိုမီတာအထိပျံ
သန်းလိုက်ပြီးနောက် ရှစ်ဖုန့်ကရပ်တန့်လိုက်သည်။
ဤအချိန်၌ သူ၏အောက်ဘက်တွင်သိပ်
သည်းထူထပ်သောတောအုပ်တစ်ခုရှိနေသည်။
“ဒီမှာလား”
ရှစ်ဖုန့်က ကောင်းကင်မီးတောက်အား သူ၏ ဝိညာဉ်ဖြင့်ဆက်သွယ်၍ မေးမြန်းလိုက်သည်။
“နေအုံး”
ကောင်းကင်မီးတောက်က
တုံ့ပြန်လိုက်ပြီး ၎င်းအားအာရုံခံဖို့ကြိုးစားလိုက်သည်။ ထို့နောက်သိပ်မကြာခင် ကောင်းကင်မီးတောက်က အော်ပြောလိုက်သည်။
“ဒီအောက်ဘက်ရဲ့ အရှေ့ ဆယ်မီတာလောက်မှာ”
ကောင်းကင်မီးတောက်၏ အော်ပြောသံအားကြားရသောအခါတွင် ရှစ်ဖုန့်ကလည်းတုန့်ဆိုင်းနေခြင်းမရှိပေ။ သူ၏ပုံရိပ်အားအောက်တွင်
ရှိနေသောတောင်တန်းတော
အုပ်ထဲသို့ထိုးဆင်းလိုက်ပြီး သူကျဆင်းလာသောနေရာက ကောင်းကင်မီးတောက်ပြောသည့် အရှေ့ဆယ်မီတာအတိအကျပင်ဖြစ်လေသည်။
“အဲ့တာဘယ်လိုအရာမျိုးလဲဆိုတာကို ငါကြည့်ချင်တယ်”
ဆက်ရန်..
ဘာသာပြန်သူ-ARISE