← Chapters

အပိုင်း(၃၁၂)

Vol. 21 Ch. 312

အပိုင်း(၃၁၂)

Vol. 21 Ch. 312

သိပ်သည်းထူထပ်သော  တောအုပ်၏ အောက်တွင်  ကျဉ်းမြောင်းသော  တောင်ကြားလမ်းလေးတစ်ခုရှိသည်။

အမှောင်ထုအတွင်းလျှောက်လှမ်းလာခဲ့သော သက်လတ်ပိုင်းအရွယ်လယ်သမား

တစ်ယောက်က  ဘာအသက်လက္ခဏာမှ ရှိမနေပဲ တောင်ကြားလမ်းပေါ်တွင်လဲနေသည်။ ကိုယ်ဗလာကျင်းနှင့်  သွေးနီရောင် လူပုံပေါက်သောသက်ရှိသတ္တဝါ

တစ်ကောင်က သတ်လတ်ပိုင်းအရွယ်လယ်သမား၏ အပေါ်တွင်လဲလျောင်းနေသည်။ ၎င်း၏ မျက်နှာအား ရှင်းလင်းစွာမြင်တွေ့ရခြင်းမရှိပေ။ ၎င်းက လယ်သမားဖြစ်သူ၏ လည်ပင်းအား ကိုက်ခဲထားပြီး  သူ၏သွေးတို့ကို စုပ်ယူနေသည်။

ဤလူပုံပေါက်သော သွေးနီရောင်သက်ရှိသတ္တဝါ၏ စုပ်ယူနေမှုအောက်တွင်  သက်လတ်ပိုင်းအရွယ်လယ်သမား၏ အလောင်းမှာ ဖြည်းဖြည်းချင်းရှုံ့တွလာပြီး  လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ဖြစ်လာသည်။

ဤအချိန်တွင် လူပုံပေါက်သော သွေးနီရောင်သက်ရှိမှာ ကောင်းကင်ထဲရှိလှုပ်ရှားမှုအား အာရုံခံမိသည့်ပုံပေါ်သည်။ ၎င်းက လျှင်မြန်စွာဖြင့်ခေါင်းကိုမော့ကြည့်

လိုက်ပြီးသွေးနီရောင်ဖြစ်နေသော်လည်း  လူငယ်တစ်ယောက်၏ မျက်နှာတစ်ခုက လှစ်ဟာ ထွက်ပေါ်လာသည်။

ဤအချိန်တွင် အနက်ရောင်အရိပ်တစ်ခုက  လျှင်မြန်စွာဖြင့်သိပ်သည်းထူထပ်သော သစ်ရွက်များအားဖြတ်ကျော်လာပြီး   အောက်သို့ လျှင်မြန်စွာကျဆင်းလာသည်။

“ဂါး”

သွေးနီရောင်သက်ရှိက  သားရဲတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ၎င်း၏ကိုယ်အားလှုပ်ရှားလိုက်ပြီး  မြေကြီးအတွင်းသို့လျှင်မြန်စွာနစ်ဝင်သွားသည်။

“ဒါက သွေးယင်အလောင်းကောင်ပဲ”

ရှစ်ဖုန့်  အာမေဋိတ်သံထွက်ပေါ်သွားရသည်။

သွေးယင်အလောင်းကောင်မှာ ယင်ရှာကဲ့သို့ပင်   ယင်အလောင်းကောင်ဖြစ်သည်။

ယင်ရှာကဲ့သိုပင် ၎င်းသည်လည်း အလွန်ရှားပါးသော ယင်အလောင်းကောင်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ၎င်းအားရှေးဟောင်းမှတ်တမ်းများအတွင်း၌သာ မြင်တွေ့ဖူးခြင်းဖြစ်သည်။

သွေးယင်အလောင်းကောင်မှာလည်း ယင်ရှာကဲ့သို့ဖြစ်၏။ လူတစ်ယောက်သေဆုံးပြီး

သည့်နောက်တွင်  ၎င်းအား အချိန်ကြာမြင့်စွာမြေကြီးအတွင်း၌ မြုပ်နှံသင်္ဂြိုလ်လိမ့်မည်ဖြစ်သည်။ ၎င်းက မြေကြီး၏ စွမ်းအင်များကိုစုပ်ယူပြီး သန္ဓေပြောင်းသောအလောင်း

ကောင်တစ်ခုဖြစ်လာကြသည်။

သွေးယင်အလောင်းကောင်

အဖြစ်သို့ပြောင်းလဲသွားနိုင်သောသူမှာ သူတို့အသက်ရှင်စဉ်ကာလက အထူးခန္ဓာတစ်ခုအား ပိုင်ဆိုင်ကြသည်ဟု ပြောကြသည်။ မည်ကဲ့သို့သော ခန္ဓာကိုယ်အမျိုးအစားဖြစ်သည်ဆိုသည်ကား ရှေးဟောင်းမှတ်တမ်းများအတွင်း၌ အသေးစိတ်တိတိကျကျ

ဖော်ပြထားခြင်းမရှိပေ။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းလောက်အကြာက ထျန်းဟန်တိုက်ကြီးအတွင်း သွေးယင်အလောင်းကောင်

တစ်ကောင်ပေါ်လာခဲ့သည်ဟုပြောကြသည်။ ၎င်းက ကမ္ဘာကြီးအားကပ်ဘေးဒုက္ခများ

ကိုယူဆောင်လာခဲ့သည်။ ၎င်းကမရေတွက်နိုင်သောလူများ၏ သွေးများအား  စုပ်ယူပြီး  အဆင့်ကိုး ဧကရာဇ်နယ်ပယ်ယင်အလောင်း

ကောင်အဖြစ်သို့ တိုးတက်သွားခဲ့သည်။ အဆုံးသတ်တွင် ၎င်းမှာ  ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်တစ်ယောက်၏ သတ်ဖြတ်မှုကိုခံလိုက်ရသည်။

သာမန်ယင်အလောင်းကောင်များမှာ  အကန့်အသတ်အနေဖြင့်အဆင့်

လေးဘုရင်နယ်ပယ် အဆင့်သို့သာ  ရောက်ရှိလိမ့်မည်ဖြစ်သည်။ သို့သော် သွေးယင်အလောင်းကောင်က အကြွင်းမဲ့ယင်အလောင်းကောင်

ကဲ့သို့အတူတူပင်ဖြစ်သည်။  ထျန်းဟန်တိုက်ကြီးအတွင်း အဆင့်ကိုး ဧကရာဇ်နယ်ပယ်ယင်အလောင်းကောင် ရှိသည်ဖြစ်သည်။ ထို့ကြောင့်  ၎င်း၏ အလားအလားက အကန့်မဲ့ဖြစ်သည်ဟု ပြောနိုင်လေသည်။

ဤသွေးယင်အလောင်းကောင်က ဒုတိယအဆင့်ဖြစ်သောဆရာသခင်အဆင့်သာရှိသေးသည်ဖြစ်သည်ကို   ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။ ထျန်းရီမြို့အတွင်းသူလူများအား သတ်ဖြတ်နေခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။

သူကအမြဲတမ်း အလစ်သာဝင်

ရောက်ပြီး ၎င်းအား သူ၏အစစ်အမှန်မျက်နှာအားမည်သူ့ကိုမျှ မြင်တွေ့စေခြင်းမရှိပေ။

၎င်းက အဆင့်နှစ်သွေးယင်အလောင်း

ကောင်သာဖြစ်သော်လည်း ၎င်းသွေးအားဝါးမျိုခြင်းက  ရှစ်ဖုန့်က လက်ရှိကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်အဆင့်မှ ကြယ်ခြောက်ပွင့်ဘိုးဘေးနယ်ပယ်အဆင့်သို့ တက်လှမ်းစေလိမ့်မည်ဟု ကောင်းကင်မီးတောက်မှာ အာရုံခံမိပြီးဖြစ်လေသည်။

ယင်းမှတစ်ဆင့် သွေးယင်အလောင်းကောင်၏ သွေးက မည်မျှသန့်စင်မှုရှိသည်ကို မြင််တွေ့ရနိုင်သည်ဖြစ်သည်။

၎င်းမှာ အဆင့်နှစ်မှာပင်လျှင် အရမ်းကိုစွမ်းအားကြီးနေပြီဖြစ်သည်။ ၎င်းအားအဆင့်လေး၊အဆင့်ငါး သို့မဟုတ်..ပို၍မြင့်မားသော

အဆင့်များသို့သာ ဆက်လက်၍ ကြီးထွားခွင့်ပြုလိုက်မည်ဆိုလျှင် ….

သွေးယင်အလောင်းကောင်အား မြင်တွေ့လိုက်ရသောအခါတွင်

ရှစ်ဖုန့်၌ ၎င်းအား လွှတ်ပေးရန် ဘာအကြောင်းပြချက်မှရှိမနေပေ။

သွေးယင်အလောင်းကောင်၏

ကိုယ်တစ်ဝက်က  မြေကြီးအတွင်းနစ်ဝင်သွားသည်ကို တွေ့လိုက်ရသော်အခါတွင်   ရှစ်ဖုန့်က ချက်ချင်းပဲ  သူ၏လက်တို့ဖြင့် ဆီးလ်တံဆိပ်သင်္ကေတတစ်ခုကို

ပုံဖောလိုက်ပြီး  အော်ပြောလိုက်သည်။

“ဖွဲ့စည်းစမ်း”

ရှစ်ဖုန့်၏ ‌အော်သံနှင့်အတူ ပတ်ဝန်းကျင်ရှိအပူချိန်တို့မှာ

ရေခဲအိမ်တစ်ခုအတွင်းဝင်ရောက်

သွားရသကဲ့သို့  တစ်ဟုန်ထိုးကျဆင်းသွားသည်။

လေးများကအေးခဲသွားသည့်ပုံပေါ်လေသည်။ သွေးယင်အလောင်းကောင်၏  ဦးခေါင်းသာလျှင်မြေကြီး အပြင်ဘက်တွင် ကျန်ရစ်နေခဲ့သည်။ သွေးနီရောင်မျက်နှာထက်တွင် ကြမ်းကြုတ်ခက်ထန်သောအသွင်

အပြင်ကရှိနေဆဲဖြစ်၏။ ၎င်းက အသက်မဲ့သည့်ပုံစံဖြင့် အထက်တွင်ရှိနေသောရှစ်ဖုန့်အား မျက်နှာမူထားသည်။

“ဘန်း” ဟူသောအသံနှင့်အတူ  ရှစ်ဖုန့်ကသွေးယင်အလောင်းကောင်၏ အနောက်ဘက်  တောက်ကြားလမ်းပေါ်သို့ဆင်း

သက်လိုက်သည်။

သူ၏လက်တို့အား လက်ဆီးလ်သင်္ကေတများပုံ

ဖော်လိုက်ပြီး၎င်းတို့က အဆက်မပြက်  ပြောင်းလဲနေသည်။ ထို့နောက်တွင်

ရှစ်ဖုန့်၏ ညာလက်က  အားကောင်းသော အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး  သူက ယင်မိစ္ဆာ၏နဖူးအား ဖြတ်ခနဲရိုက်လိုက်သည်။

“ဂါး”

ရှစ်ဖုန့်၏ ရိုက်ချက်အောက်တွင်  သွေးယင်အလောင်းကောင်မှာ  သားရဲရိုင်းတစ်ကောင်ကဲ့သို့ဖြစ်နေသည်။

၎င်းက  ကြမ်းကြုတ်ခက်ထန်စွာဖြင့် လက်သင့်မခံနိုင်မှုများဖြင့် ကောင်းကင်ထဲသို့မော့၍ အော်ဟစ်လိုက်သည်။ မူလကကြမ်းကြုတ်ခက်ထန်

သောသွေးယင်အလောင်းကောင်နှင့် ရှစ်ဖုန့်ထိန်းချုပ်မှုအောက်

ရောက်ရှိသွားသော ကျိုးနွံသည့် ယင်အလောင်းကောင်တို့မှာ

ကောင်းကင်နှင့် မြေကြီးတို့ကဲ့သို့ပင်ဖြစ်လေသည်။

ရှစ်ဖုန့်၏ညာလက်ဖဝါးမှ  အဖြူရောင်အလင်းက သွေးယင်အလောင်းကောင်၏  နဖူးအတွင်းဝင်ရောက်သွားသည်။ အဖြူရောင်အလင်းပျောက်ကွယ်သွားပြီး  ရှစ်ဖုန့်၏ ညာလက်ဝါးကသွေးယင်အ

လောင်းကောင်း၏ နဖူးထက်မှခွာလိုက်ချိန်တွင်  ဖားလောင်းကဲ့သို့တွန့်လိမ်သည့် “ယို”ဟူသော  စာလုံးက သွေးယင်အလောင်းကောင်၏ နဖူးထက်၌ပေါ်လာသည်။၎င်းမှာငရဲဘုံကိုးခု ဧကရာဇ်၏ “ယို” ဟူသောစကားလုံးကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်၏လက်ရှိစွမ်းအားဖြင့် အဆင့်နှစ် သွေးယင်အလောင်းကောင်တစ်ကောင်အား လျှင်မြန်စွာထိန်းချုပ်နိုင်ခဲ့သည်။

သူကအောင်မြင်စွာ သခင်နှင့်

အစေခံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး ၎င်း၏အသက်က ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်သို့ လုံးဝကျရောက်သွားခဲ့သည်။

“ဒီသခင်လေးမှာ ယင်ရှာရှိနေပြီးပြီ..အခုကစပြီး

တော့မင်းကို ရွှယ်ရှာလို့ခေါ်မယ်…”

ရှစ်ဖုန့်က သွေးယင်အလောင်းကောင်အား ကြည့်၍ ပြောလိုက်သည်။

အတွေးတစ်ချက်ဖြင့်  မြေကြီးအတွင်းသို့နစ်ဝင်လုနီး

ပါးဖြစ်နေသော သွေးယင်အလောင်းကောင်၏ သွေးနီရောင်ခန္ဓာကိုယ်မှာ လျှင်မြန်စွာဖြင့် မြေကြီးအတွင်းမှာထိုးထွက်လာသည်။

ဤသွေးယင်အလောင်းကောင်

အားမည်ကဲ့သို့ကိုင်တွယ်ရမည်ကို ရှစ်ဖုန့်သိရှိခြင်းမရှိသေးချေ။ ဤသွေးယင်အလောင်းကောင်က အဆင့်နှစ်အဆင့်တွင်သာရှိသေးပြီး ၎င်း၏  အသိဉာဏ်က မဖွံ့ဖြိုးသေးပေ။ ၎င်း၏အသိဉာဏ်က သားရဲရိုင်းတစ်ကောင်အဆင့်သာရှိသည်။ ရှစ်ဖုန့်ကလည်း၎င်းအားယခုမှ

ရရှိခြင်းဖြစ်သည်။ထို့ကြောင့်သူတွင် ယင်ရှာကဲ့သို့သောတူညီသည့်ခံစားချက်များရှိမနေပေ။ ထို့အပြင် ယင်ရှာသည်ကား  ရှစ်ဖုန့်အန္တရာယ်ကျရောက်

နေသောအချိန်တွင် သူ့အတွက် များပြားလှသောဓားရိပ်များအား၎င်း၏ ကိုယ်ကိုအသုံးပြု၍ ကာဆီးပေးခဲဖူးသည်ဖြစ်သည်။

ဤသွေးယင်အလောင်းကောင်၏ သန့်စင်သောသွေးတို့အား  ဝါးမျိုလိုက်ခြင်းက  အရမ်းကိုဖြန်းတီးရာကျလိမ့်မည်ဖြစ်သည်။ ၎င်းမှာအဆင့်နှစ်သာရှိသေးသည်ဖြစ်ပြီး ရင့်ကျတ်မှုမရှိသေးပေ။

အကယ်၍ ဤသွေးယင်

အလောင်းကောင်သာ အဆင့်ကိုး ဧကရာဇ်နယ်ပယ်အဆင့်ထိ တိုးတက်ရင့်ကျတ်လာနိုင်သည်ဆိုလျှင်  ယင်ရှာသည်လည်း  အဆင့်ကိုး ဧကရာဇ်နယ်ပယ်ယင်အလောင်းကောင်အဆင့်သို့ရောက်ရှိနိုင်သည်ဖြစ်သည်။ အနာဂတ်တွင် ဧကရာဇ်နယ်ပယ်ယင်အလောင်း

ကောင်နှစ်ခုက  အလောင်းတစ်သောင်းအစီအရင်၏ ဆရာသခင်များဖြစ်လာကြလိမ့်မည်ဖြစ်သည်။ထိုသို့သာဆိုလျှင် ၎င်း၏စွမ်းအား က စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။

သို့သော်ပြဿနာတစ်ခုကရှိ

နေသေးသည်ဖြစ်သည်။ အကယ်၍ သွေးယင်အလောင်းကောင်သာအနာဂတ်၌  အဆင့်တက်လှမ်းချင်သည်ဆိုလျှင် ၎င်းအနေဖြင့် များပြားလှသော သွေးတို့အားဝါးမျိုရလိမ့်မည်ဖြစ်သည်။ ယင်းကရှစ်ဖုန့်၏ ကျင့်ကြံခြင်းလမ်းကြောင်းအား

ဝိရောဓိများ  စေလိမ့်မည်ဖြစ်သည်။

“ဒီကိစ္စကိုနောက်မှပြောကြတာပေါ့”

အတွေးတစ်ချက်ဖြင့်  ရှစ်ဖုန့်၏ဘယ်လက်ဖဝါးမှသွေးနီရောင်အလင်းတစ်ခုတောက်ပလာပြီး   သွေးယင်အလောင်းကောင်မှာ  သွေးကျောက်ပြား၏ နေရာလွတ်အတွင်းစုပ်ယူခံလိုက်ရသည်။ ပင်ကိုယ်အားဖြင့်ရှစ်ဖုန့်က သွေးယင်အလောင်းကောင်အား ဝေးကွာသောအမှောင်ဧရိယာ

တစ်ခုတွင်ထားရှိပြီး  ရှစ်လင်နှင့်လုံမုန့်တို့ရှိသောနေရာ၌

မထားရှိပေ။ ထိုသို့မဟုတ်ပါက ဤကဲ့သို့သွေးနီရောင်လူသား

ပုံစံအရာတစ်ခုရုတ်တရက်ပေါ်လာခြင်းကြောင့်  မိန်းကလေးများအားကြောက်

လန့်စေလိမ့်မည်ဖြစ်သည်။အထူးသဖြင့်   ငယ်ရွယ်သေးသောရှစ်လင်ဖြစ်သည်။ ဤအရာကသူမ၏နှလုံးသားအတွင်း အရိပ်တစ်ခုအဖြစ်ရှိနေခဲ့လျှင် ၎င်းကကောင်းမွန်သောအရာမဟုတ်ချေ။

…………………………………………

ထျန်းမြောင်အင်ပါယာ၏

အင်ပါယာမြို့တော်တော်ဝင်

နန်းတော်တွင်ဖြစ်သည်။

ထျန်းမြောင်အင်ပါယာ၏ ဧကရာဇ်ဖြစ်သော ကျင်းရွှယ််မှာ ထျန်းမြောင်အင်ပါယာ၏  ဧကရာဇ် နဂါးပလ္လင်ထက်၌ထိုင်နေသည်။ သူ၏အောက်ဘက်တွင်မင်းမှုထမ်းများနှင့် စစ်တပ်အရာရှိများက ပလ္လင်၏ ဘေးတစ်ဖက်တစ်ချပ်စီတွင်ရပ်နေကြသည်။ သူတို့အနေဖြင့် အသက်ပင်ရဲရဲရှူရဲခြင်းမရှိကြချေ။

အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သောရက်ပိုင်းအတွင်းကျင်းရွယ်၏ စိတ်အခြေအနေကပို၍ပို၍ စိတ်ဆိုးမာန်ဆိုးဖြစ်လာခဲ့သည်ကို  သူတို့အားလုံးသိကြသောကြောင့်ဖြစ်သည်။

ယမန်နေ့က သစ္စာရှိအစေခံတစ်ခုက ကျင်းရွှယ်အား စကားပြောဆိုရင်းဒေါသထွက်စေခဲ့သည်။ ကျင်းရွှယ်က သစ္စာရှိအစေခံအား တကယ်ကြီးချက်ချင်းလက်ငင်း

ပင်သတ်ပစ်ခဲ့လေသည်။

ကျင်းရွယ်က စိတ်ဆိုးဒေါသထွက်၍ သစ္စာရှိအစေခံတစ်ယောက်အားသတ်ပစ်ခဲ့ခြင်းဖြစ်သည်ကို လူများသိကြလေသည်။  ယင်းမှာယွင်လိုင်အင်ပါယာမှ ရှစ်ဖုန့်ဆိုသည့်သတ်ဖြတ်သူတစ်ယောက်အား မွေးထုတ်လိုက်ခြင်းကြောင့်မှလွဲပြီး အခြားအကြောင်းပြချက်မရှိပေ။

သေးငယ်သောယွင်လိုင်အင်ပါယာလေးမှာ အရှိန်အဝါမြင့်မားခန့်ထည်သော ထျန်းမြောင်အင်ပါယာ၏ လက်အောက်ခံတစ်ခုသာဖြစ်ပြီး ယင်းနိုင်ငံလေးက ဤကဲ့သို့သော မွန်းစတားတစ်ကောင်အား   မမျှော်လင့်ထားဘဲ မွေးထုတ်ခဲ့သည်။ ထိုမွန်းစတားက ထျန်းမြောင်အင်ပါယာ၏ နိုင်ငံခွန်အားကိုလျော့ကျစေခဲ့ရုံသာမကဘဲ  တုန်းဖန်းမိသားစု ၊တော်ဝင်မိသားစုနှင့်ယင်ကွေဂိုဏ်း

တို့ထံသို့ ခရီးတစ်ထောက်လာမည်ဟု

ပင်ခြိမ်းခြောက်လိုက်သေးသည်။

အခြားသောအင်အားစုနှစ်ခုက

တော့ကိစ္စမရှိသော်လည်း  သူကမြင့်မားပြီးအရှိန်အဝါကြီးမားသော တော်ဝင်မိသားစုအား တကယ်ကြီးနှိမ့်ချရှုမြင်ရဲလေသည်။

မူလကယင်းမှာအဆင်

ပြေသည်ဖြစ်သည်။  ဧကရာဇ်က လူများအားအမိန့်ပေးပြီးချီလင်

ဘုရင်အားဆင့်ခေါ်စေ၍ ဤမွန်းစတားအားရင်ဆိုင်

ဒဏ်ခတ်ရန်အတွက် ချီလင်ဘုရင်အားဦးဆောင်

စေရန်ရည်ရွယ်ခဲ့သည်။ သို့သော်

ချီလင်ဘုရင်က ဧကရာဇ်ဖြစ်သူ၏ စေလွှတ်လိုက်သောသံတမန်အား

မတွေ့ဆုံခဲ့ပေ။ချီလင်ဘုရင်၏အိမ်ထိန်းကသာ သူ၏ အရှင်ဖြစ်သူမှာ အအေးမိပြီး မထနိုင်သောကြောင့် ဧကရာဇ်မင်းအားမတွေ့ဆုံနိုင်ပါဟု ပြောလိုက်လေသည်။

“မင်းက ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်

တစ်ယောက်လေ..အကယ်၍ မင်းလိုလူကသာ လေစိမ်းတိုက်ခတ်မှုကြောင့် ရံဖန်ရံခါ အအေးမိတတ်တယ်ဆိုရင် ထျန်းမြောင်အင်ပါယာတစ်ခုလုံးလည်း လေစိမ်းတိုက်ခတ်မှုကြောင့် အအေးတွေပတ်ကုန်မှာပေါ့ဟ”

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters