အပိုင်း(၃၁၃)
Vol. 21 Ch. 313
ဧကရာဇ် ကျင်းရွှယ်မှာ
ရာဇပလ္လင်ခန်းမထက်ရှိ နဂါးပလ္လင်ထက်၌ထိုင်နေသည်။ သူ၏မျက်မှောင်တို့အားကြုတ်ထားပြီး သူ၏ပုံစံကခတ်ထန်နေ၏။ ထို့နောက်တွင်အရာရှိများမှာ
ကျင်းရွှယ်၏ စိတ်မရှည်စွာပြောသောအသံ
ကိုကြားလိုက်ရသည်။
“မင်းတို့မှာ တစ်ခုခု တင်ပြစရာရှိတယ်ဆိုရင် တင်ပြစမ်း..ငါ့ကိုတင်ပြကြစမ်း..
အဲ့လိုမှမဟုတ်ရင်တော့ ညီလာခံကိုအဆုံးသတ်လိုက်ကြတော့…ဟမ်”
ကျင်းရွှယ်က အောက်တွင်ရှိနေသော ဝန်ကြီးများအား သိမ်းကျုံးကြည့်လိုက်သည်။ သူတို့အားလုံးက တိတ်ဆိတ်နေကြပြီး ဤအချိန်၌ ကျင်းရွှယ်အား မည်သူကမျှ စော်ကားရဲခြင်းမရှိကြချေ။
အကယ်၍သူတို့သာ အမှားလုပ်ခဲ့လျှင် သူတို့အသတ်ခံရလိမ့်မည်ဖြစ်သည်။ ကျင်းရွှယ်၏အကြည့်က သူတို့အပေါ်သို့သိမ်းကျုံးကျ
ရောက်လာသောအခါတွင် သူတို့အားလုံး စိတ်အိုက်တင်းမာမှုတို့ကို ခံစားလိုက်ရသည်။
“ခုံရုံးကို အဆုံးသတ်လိုက်တော့”
မည်သူမျှစကား မပြောသည်အားတွေ့လိုက်ရသောအခါတွင် ကျင်းရွှယ်က နှာခေါင်းရှုံ့ပြီးထရပ်လိုက်သည်။
အောက်တွင်ရှိနေကြသောအရာရှိများက ဤအရာအားမြင်တွေ့လိုက်ရသောအခါတွင် သူတို့ကအလျှင်အမြန် ဒူးထောက်၍ ကြွေးကြော်ဂုဏ်ပြုလိုက်ကြသည်။
“ဧကရာဇ်မင်းတရားကြီး
သတ်တော်ရှည်ပါစေသော်”
ကျင်းရွှယ်က လှည့်လိုက်ပြီး ရာဇပလ္လင်ခန်းမအတွင်းမှ
ထွက်ခွာသွားသည်။ အရာရှိများမှာ သူတို့၏ မြင်ကွင်းအတွင်းမှ ရွှေရောင်ပုံရိပ်က တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏တင်းကျပ်နေသော
အကြောများအား ဖြည်းညှင်းစွာဖြေလျော့လိုက်ကြသည်။
သူတို့က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကြပြီး မြေပြင်မှဖြည်းဖြည်းချင်းထရပ်လိုက်ကြသည်။
…………………………
တောင်ဝင်ဥယျဉ်တွင် ရာပေါင်းများစွာသောပန်းပွင့်များ
ကငွားငွားစွင့်စွင့်ဖူးပွင့်နေကြသည်။ ရွှေရောင်ချပ်ဝတ် ကိုယ်ရံတော်အဖွဲ့တစ်ခုက ဥယျဉ်တော်ဆီသို့ ကျင်းရွှယ်၏ နောက်မှနေ၍ လိုက်ပါလာကြသည်။ ဤအချိန်၌ ကျင်းရွှယ်အနေဖြင့် လှပသော
ရှုခင်းအပေါ်၌ အရသာခံစားနိုင်ချိန်မရှိပေ။
ရုတ်တရက် ရွှေရောင်ပုံရိပ်တစ်ခုက ကောင်းကင်ထက်မှသက်ဆင်းလာပြီး ကျင်းရွှယ်၏ ရှေ့တွင်ဆင်းသက်လိုက်သည်။ပုံရိပ်က ကျင်းရွယ်၏ရှေ့တွင်ဒူးထောက်လိုက်ပြီး လေးစားမှုအပြည့်ဖြင့်ခေါ်လိုက်သည်။
“အရှင်မင်းကြီး”
သူ့ရှေ့တွင်ဒူးထောက်နေသော
ရွှေရောင်ချပ်ဝတ် စစ်သည်အားကြည့်လိုက်ပြီး ကျင်းရွှယ်အနည်းငယ်လှုပ်ရှားသွားသည်။ သူကအသံကိုနှိမ့်၍ မေးလိုက်သည်။
“မင်းထျန်းတန့်တောင်ကိုသွားပြီးတော့ ငါ့ဦးလေးနဲ့တွေ့ခဲ့တယ်မလား”
“ဟုတ်ကဲ့”
ရွှေရောင်ချပ်ဝတ်စစ်သည်က
တင်ပြလိုက်သည်။
“ကျွန်တော်မျိုး မင်းသားကြီးကို အခြေအနေတွေကိုသတင်းပို့တင်ပြခဲ့ပါတယ်…မင်းသားကြီးက တောင်ကနေ
ထွက်လာမယ်လို့ သဘောတူလိုက်ပါတယ်”
“မင်းသားကြီးက တောင်ကနေထွက်လာမယ်လို့
သဘောတူလိုက်တယ်”
ရွှေရောင်ချပ်ဝတ်စစ်သည်၏ စကားအား ကြားလိုက်ရသောအခါတွင် ကျင်းရွှယ်၏ မျက်နှာထက်၌ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွားသည်။
“ကောင်းလိုက်တာ”
ချက်ချင်းပဲကျင်းရွှယ်က သူ့မျက်နှာထက်ရှိ ပျော်ရွှင်မှုတို့အား ဖုံးကွယ်လိုက်ပြီး
သူ၏ပုံမှန် ဣန္ဒြေကို ပြန်လည်ထိန်းထားလိုက်သည်။
သူကကြမ်းကြုတ်ခက်ထန်သော
အမူအယာကိုပင်ပြသလိုက်သေးသည်။
“ရှစ်ဖုန့်..ယွင်လိုင်အင်ပါယာရဲ့ ရှစ်ဖုန့်..ယွင်လိုင်အင်ပါယာဆိုတာက ငါ့ရဲ့စီရင်စုထဲက နိုင်ငံငယ်လေးတစ်ခုပါ.ဘယ်လိုဖြစ်ပြီးတော့ ဒီလိုသစ္စာဖောက်မျိုးကပေါ်လာရတာလဲ…ငါသူ့ကိုလွှတ်ပေးလိုက်မယ်..
သူမြုပ်စရာသင်္ချိုင်းတောင်မ
ရှိပဲနဲ့သေရလိမ့်မယ်”
……………
ထျန်းမြောင်အင်ပါယာ၏ အင်ပါယာမြို့တော်တွင်ဖြစ်သည်။
လူသန်းပေါင်းများစွာနှင့်ပြည့်
နှက်နေသောမြို့တော်ကြီး၌ လွန်ခဲ့သောရက်အချို့တွင်လေထုက
လေးနက်မှု စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ယင်းမှာရှစ်ဖုန့်က ကျင်းမိသားစုထံသို့ အလည်အပတ်လာရောက်မည်ဟူသော သတင်းက မြို့ကြီးတစ်ခုလုံးအားပျံ့နှံ့ပြီးဖြစ်သော ကြောင့်မှလွဲ၍ အခြားသော အကြောင်းပြချက်မရှိပေ။
“သတ်ဖြတ်ခြင်းကိုစွဲလန်းပြီးရာဇ
ဝတ်မှုမျိုးစုံကို အကြင်နာမဲ့စွာကျူးလွန်တဲ့ ရှစ်ဖုန့်….သူကဖျောင်ရှတောင်တစ်ခုလုံးကို မီးလောင်တိုက်သွင်းခဲ့ပြီးတော့ ဖျောင်ရှဂိုဏ်းကိုလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်…
.ဖျောင်ရှဂိုဏ်းက တစ်ယောက်တောင် အသက်ရှင်ကျန်ရစ်ခြင်းမရှိဘူး…
ဖျောင်ရှဂိုဏ်းမှာမွေးထား
တဲ့ကြက်တွေဘဲတွေတောင်မှ မလွတ်ဖူး”
“လူသားမဟုတ်တဲ့သွေးအေးတဲ့
အရူးနတ်ဆိုး ရှစ်ဖုန့်က လဝက်သားအရွယ်ကလေးလေးကိုတောင် ထိုးသွင်းသတ်ဖြတ်ခဲ့တယ်လို့ငါကြားတယ်… အဲ့နတ်ဆိုးရှစ်ဖုန့်တွေ့တဲ့
ဘယ်သက်ရှိသတ္တဝါမဆို လုံးဝအမြစ်ပျက်ကိုသုတ်သင်ခံလိုက်ရတာတဲ့”
“အခုတော့ အဲ့အရူးနတ်ဆိုး ရှစ်ဖုန့်က မြို့တော်ကိုလာနေပြီ.. သူက လူသန်းပေါင်းများစွာကို မီးလောင်တိုက်သွင်းပြီးတော့ အစုလိုက်အပြုံလိုက်ကိုသတ်ဖြတ်အုံးမယ်”
“ငါဒီမှာထပ်ပြီးတော့ မနေနိုင်တော့ဘူး..ငါအင်ပါယာ
မြို့တော်မှာထပ်ပြီးတော့ မနေနိုင်တော့ဘူး….အဲ့လိုမှမဟုတ်ရင် အဲ့အရူးနတ်ဆိုးရှစ်ဖုန့်ရောက်လာတာနဲ့ ငါ့မိသားစုတစ်ခုလုံးပါ မြုပ်စရာသင်္ချိုင်းမရှိဘဲဖြစ်သွားလိမ့်မယ်”
အင်ပါယာမြို့တော်တွင် လူများစွာတို့မှာ အရူးနတ်ဆိုးရှစ်ဖုန့် က မြို့တော်ဆီသို့လာနေသည်ကိုကြားရ၍ သူတို့၏နေအိမ်များကိုစွန့်ခွာပြီး အခြားသောမြို့များဆီသို့ထွက်ပြေးကြသည်။
လမ်းကြီးထက်နှင့်လမ်းကြိုလမ်း
ကြားများကြားရှိ လက်ဖက်ရည်ဆိုင်များနှင့်
သေရည်ဆိုင်များအတွင်းတွင် ဤအချိန်၌ လူအပြောအများဆုံးသောခေါင်းစဉ်မှာလူသားမဟုတ်သည့် အရူးနတ်ဆိုးရှစ်ဖုန့် အကြောင်းပင်ဖြစ်သည်။
အရူးနတ်ဆိုးရှစ်ဖုန့်၏ နမည်က လူတို့၏နှလုံးသားထဲတွင်ရိုက်နှိပ်ထားသကဲ့သို့ နက်ရှိုင်းစွာဝင်ရောက်နေပြီးဖြစ်သည်။ ယင်းကရှစ်ဖုန့်၏အမူအယာများကိုပင် ပြောင်းလဲသွားစေသည်။
“အမူးသမားအိမ်မက်” ဟူသော စားသောက်ဆိုင်တစ်ခုအတွင်းတွင် လူများကအရူးနတ်ဆိုးရှစ်ဖုန့်
အကြောင်းကိုပြောဆိုနေကြစဉ် ထိုအရူးနတ်ဆိုးရှစ်ဖုန့်က သူတို့၏အလယ်၌ တကယ်ကြီးထိုင်နေသည်ကို သူတို့မသိကြချေ။
သူမျက်နှာကအေးအေးဆေးဆေးပင်ရှိနေကာ ခွပ်အတွင်းရှိဝိုင်ကို အရာသာခံ စားပွဲပေါ်ရှိဟင်းလျာများအားမြည်းစမ်းရင်း စားသောက်ဆိုင်အတွင်းရှိဆွေးနွေးမှုများအားနားထောင်နေသည်။ ယင်းမှာရှစ်ဖုန့်အနေဖြင့် သူ့အကြောင်းအားပြောနေကြခြင်း
မဟုတ်သကဲ့သို့ပင်ဖြစ်သည်
“ဘန်း”
ဤအချိန်တွင် လူငယ်တစ်ယောက်က စားပွဲအားရိုက်လိုက်ပြီး ထရပ်လိုက်သည်။ ဤပြင်းထန်သောလှုပ်ရှားမှုက စားသောက်ဆိုင်အတွင်း ဆူညံနေသောလူများအား ချက်ချင်းပဲ ငြိမ်ကျသွားစေသည်။ လူများ၏ မျက်လုံးတို့က ချက်ချင်းလူငယ်ထံသို့ ပြောင်းရွှေ့သွားကြသည်။
လူငယ်မှာတစ်ဒဿမကိုးမီတာ
လောက်အရပ်မြင့်ပြီး သူ့၌လေးထောင့်ဆန်ဆန်မျက်နှာပေါက်ရှိကာ မျက်ခုံးထူထူနှင့် မျက်လုံးကြီးများကို ပိုင်ဆိုင်ထားသည်။သူကစားသောက်ဆိုင်အတွင်းရှိလူများအား ဒေါသတကြီး ကြည့်ရှုလိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။
“ခင်ဗျားတို့တွေ…ခင်ဗျားတို့တွေ တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ…. ဘာကိုအရူးနတ်ဆိုးလဲ …ဘာကိုရှစ်ဖုန့်လဲ…ခင်ဗျား
တို့ပြောလို့ပြီးကြပြီလား”
တစ်ချိန်တည်းမှပင် စွမ်းအားကြီးသောဖိအားတစ်ခုအားလူငယ်၏ကိုယ်မှထုတ်လွှတ်လိုက်သည်။
လူငယ်၏ ကိုယ်မှထုတ်လွှတ်သော စွမ်းအားကြီးဖိအားအား ခံစားမိသောအခါ စားသောက်ဆိုင်အတွင်း
တွင်ရှိနေကြသောသူများမှာချက်ချင်းပဲ အမူအယာများပြောင်းလဲသွားကြပြီး အံ့အားသင့်စွာဖြင့် အလန့်တကြားအော်ပြေလိုက်သည်။
“ဘုရားရေ..ဘယ်လိုတောင်စွမ်းအားကြီးလိုက်တဲ့အားလဲ..ဒီစွမ်းအားက…”
ထိုသို့ပြောပြီးသည့်နောက်တွင်လူများစွာ၏ ကိုယ်မှာ မသိလိုက်ပါဘဲတုန်ယင်သွားသည်။ သူတို့အတွက် အသက်ရှူရသည်ပင်ခက်ခဲလာသည်။ ယင်းမှာတောင်တစ်လုံးက သူတို့၏ အပေါ်ကိုဖိကျလာသကဲ့သို့ဖြစ်သည်။ ယင်းမှာတော်တော်လေးကို မသက်မသာဖြစ်စေပြီး သူတို့၏ရင်ဘက်များအား တင်းကျပ်သွားစေသည်။
“ဂျူနီယာညီလေးထားလိုက်ပါ..
မင်းဒီလူတွေနဲ့ ဘာမဟုတ်တာလေးကိုငြင်း
ခုန်နေဖို့မလိုပါဘူး…”
ဆန့်ကျင့်ဘက်တွင်ထိုင်နေသောလူငယ်မှာ အဖြူရောင်ကိုဝတ်ဆင်ထားသည့် ကြော့ရှင်းသောလူငယ်တစ်ယောက်ဖြစ်သည်။ သူ၏လှုပ်ရှားမှုတို့က သက်သောင့်သက်သာရှိပြီး သူကဝိုင်အားအေးအေးဆေးဆေးနည်းနည်းချင်းစီစုပ်သောက်၍ လူငယ်အားပြောလိုက်သည်။
“ဟမ့်”
အဖြူရောင်နှင့်လူငယ်၏ စကားများအားကြားလိုက်ရသောအခါတွင် လူငယ်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူ၏ကိုယ်မှထုတ်လွှတ်ထားသောဖိအားတို့ကို ရုတ်သိမ်းလိုက်သည်။ ထို့နောက်မှ စားသောက်ဆိုင်အတွင်းရှိနေကြသောလူများ၏ ကိုယ်မှာပေါ့ပါးသွားကြသည်။ ထို့နောက် သူတို့အားလုံးကောင်းမွန်စွာ ပြုမူနေထိုင်ကြပြီး ဘာသံကိုမျှထွက်ရဲခြင်းမရှိကြတော့ပေ။ သူတို့အနေဖြင့်လူငယ်အား
ထပ်မံစော်ကားမိပြီး မလိုလားအပ်သောကပ်ဘေးအား ဆောင်ယူမလာလိုပေ။
စားသောက်ဆိုင်အတွင်းမှ တိတ်တဆိတ်ထွက်ခွာသွား
ကြသောသူများလည်းရှိသည်ဖြစ်သည်။
လူငယ်ကထိုင်ချလိုက်ပြီးသည့်နောက်တွင် ဆန့်ကျင်ဘက်ရှိ အဖြူရောင်နှင့်လူငယ်အားပြောလိုက်သည်။
“ဟမ့်….တကယ့်ကို ရေတွင်းအောက်ခြေက ဖားသူငယ်တွေပဲ… ဘာကိုရှစ်ဖုန့်လဲ..ဘာကို သတ်ဖြတ်တာကိုစွဲလန်းတာလဲ… သူကျုပ်နဲ့မတွေ့တာကောင်းမယ်.
.မဟုတ်ရင် ကျုပ်သေချာပေါက် ကောင်းကင်ရဲ့အလွန်က ကောင်းကင်ပြင်က ဘာလဲဆိုတာနဲ့ အစစ်အမှန်ကျွမ်းကျင်သူကဘာလဲဆို တဲ့အဓိပ္ပါယ်ကိုသိသွားအောင်
လုပ်ပေးလိုက်မယ်…”
လူငယ်၏စကားတို့အား ကြားရသောအခါတွင် အဖြူရောင်နှင့်လူငယ်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဝိုင်အား ဆက်လက်၍ အရသာခံနေသည်။ တစ်ခွက်လုံးအားသောက်ပြီးသည့်နောက်တွင် သူက အာသာမပြေသေးသကဲ့သို့ ခံစားချက်များဖြင့်သက်ပြင်းချလိုက်သည်။
“သေချာပေါက်ကို ပြင်ပကမ္ဘာက အကောင်းဆုံးဖြစ်နေဆဲပဲ… အား..သေချာလေးတွေးကြည်မှငါတောင် တောင်ကနေမထွက်ပဲနေခဲ့တာ
သုံးနှစ်ရှိနေခဲ့ပြီ”
“စီနီယာအကို အကိုကတောင်ကနေမထွက်တာ
သုံးနှစ်ပဲရှိသေးတယ်..ကျွန်တော်ဆို ခုနှစ်နှစ်တောင်ရှိနေခဲ့ပြီ…ဒီတစ်ကြိမ်ဆရာကိုယ်တိုင်ဘာလို့ တောင်ပေါ်ကနေ ဆင်းလာရတာလဲဆိုတာကို ကျွန်တော်မသိသေးဘူး.. စီနီယာအကိုရောသိလား”
လူငယ်ကမေးလိုက်သည်။
“ဟားဟား”
လူငယ်၏စကားတို့အားကြားရ
သောအခါတွင် အဖြူရောင်နှင့်လူငယ်ကပြုံး၍ ပြောလိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင် ဆရာဒီတစ်ကြိမ်တောင်ပေါ်ကနေ ကိုယ်တိုင်ဆင်းလာတာက ရှစ်ဖုန့်လို့ခေါ်တဲ့ လူကြောင့်ပဲ”
“ဘာ”
လူငယ်မှာတုန်လှုပ်အံ့အားသင့်သွားပြီး မျက်လုံးတို့ပြူးကျယ်သွားသည်။
ခုဏက သူရှစ်ဖုန့်အားသူနှင့်မတွေ့
လျှင်ကောင်းမည်ဟုပြောခဲ့သည်။ယခု သူ၏ဆရာဖြစ်သူတောင်ပေါ်မှ
ကိုယ်တိုင်ဆင်းလာရခြင်းက ရှစ်ဖုန့်ကြောင့်ဖြစ်နေမည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။ ရှစ်ဖုန့်က မည်ကဲ့သို့သောသူမျိုးဖြစ်သနည်း။
၎င်းအတွက်သူ၏ဆရာဖြစ်သူကိုယ်တိုင်ပင် တောင်ပေါ်မှဆင်းလာရသည်ဖြစ်သည်။
အဖြူရောင်နှင့်လူငယ်က လူငယ်၏မေးခွန်းအား
တိုက်ရိုက်ဖြေကြားခြင်းမရှိပေ။
ထိုအစားသူက ဖြည်းဖြည်းချင်း လေးနက်သာမျက်နှာထားဖြင့် ပြောလိုက်သည်။
“ဂျူနီယာညီလေး ငါ့ကို ဆရာက မင်းကိုပြောပြစေချင်တဲ့အရာအချို့ရှိတယ်”
“ဆရာကကျွန်တော့်ကို တစ်ခုခုပြောချင်တာလား..ဘာလဲ…”
လူငယ်က အဖြူရောင်ဝတ်စုံနှင့်လူငယ်အား ပဟေဠိဆန်စွာကြည့်လိုက်သည်။
“ဟူး”
အဖြူရောင်နှင့်လူငယ်က ခေါင်းခါယမ်းက သက်ပြင်းချလိုက်သည်။
“မင်းအဖေ ဟိုင်ပါထျန်းက လွန်ခဲ့တဲ့တစ်နှစ်လောက်တုံးက ယွင်လိုင်အင်ပါယာထဲမှာ ရှစ်ဖုန့်လို့ခေါ်တဲ့ လူငယ်ရဲ့လက်ထဲသေဆုံးသွားခဲ့တယ်”
ဆက်ရန်…
ဘာသာပြန်သူ-ARISE