← Chapters

အပိုင်း(၃၁၄)

Vol. 21 Ch. 314

အပိုင်း(၃၁၄)

Vol. 21 Ch. 314

“မင်းအဖေဟိုင်ပါထျန်းက လွန်ခဲ့တဲ့တစ်နှစ်လောက်က

စန်းယွဲ့မြို့မှာ အဲ့ရှစ်ဖုန့်လို့ခေါ်တဲ့လူငယ်ရဲ့ သတ်တာကိုခံလိုက်ရပြီး သေသွားခဲ့ပြီ”

“ဘာ”

အဖြူရောင်ဝတ်ရုံနှင့် လူငယ်၏ နောက်ဆုံးစကားလုံးတို့က

လူငယ်၏ မျက်လုံးတို့အား ပြူးကျယ်သွားစေသည်။ ထိုစကားတို့က  အဲ့အားသင့်ဖွယ်ရိုက်ချက်

တစ်ခုကဲ့သို့ဖြစ်ပြီး  သူ၏ဝိညာဉ်အား ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။

“အဖေ..သူ..”

လူငယ်၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ဖခင်ဖြစ်သူ သူငယ်ငယ်လေးကတည်းကသူ၏

ဖခင်ဖြစ်သူက စည်းကမ်းတင်း

ကျပ်သောသူဖြစ်

သော်လည်းသူ့အပေါ်တွင်တော့

တော်တော်လေးကိုဂရုစိုက်သည့်သူဖြစ်သည်။

“ထောင်လေး…သားတောင်ပေါ်ကို ဆရာနဲ့လိုက်သွားပြီးတဲ့နောက်ပိုင်း သားကောင်းကောင်းမွန်မွန်ကျင့်ကြံပြီးတော့ အဖေတို့ ဟိုင်မိသားစုရဲ့ ဂုဏ်ကျတ်သရေထွန်းပြောင်မှု  ယူဆောင်လာရမယ်နော်..”

လူငယ်၏ စိတ်ထဲတွင် ဟိုင်မိသားစုမှသူထွက်ခွာလာသည့်အချိန်၌   သူ၏ဖခင်ဖြစ်သူပြောခဲ့သောနောက်ဆုံးစကားတို့က‌ ပေါ်လာသည်။

သူ၏ဖခင်ဖြစ်သူက သူ့အား စန်းယွဲ့မြို့ မြို့စွန်မြို့ဖျားသို့ လိုက်ပါပို့ဆောင်ခဲ့ပြီးဖြည်းဖြည်း

ချင်းပျောက်ကွယ်သွားသောသူ့အားကြည့်နေခဲ့သည်ကိုသူမှတ်မိဆဲဖြစ်သည်။

သူခေါင်းအားနောက်ပြန်

လှည့်ကြည့်လိုက်ချိန်တင် ဒေါင်မြင့်မြင့်နှင့်တုတ်ခိုင်သန်မာ

သူဖြစ်သော်လည်း  အနည်းငယ်အထီးကျန်နေပုံရသော

ပုံရိပ်ကိုတွေ့ခဲ့ရသည်။

သူ၏အဖေနှင့်ခွဲခွာသွားခဲ့ပြီးသည့်

အချိန်မှဆိုလျှင်  ခုနှစ်နှစ်တောင်ကြာမြင့်ခဲ့ပြီဖြစ်သည်။  ဤခုနှစ်နှစ်အတောအတွင်းသူ့အနေဖြင့် ဖခင်ဖြစ်သူနှင့် တစ်ခါမှပင်တွေ့ခဲ့ရခြင်းမရှိပေ။ ခုနှစ်နှစ်ကြာမြင့်ပြီးသည့်နောက်တွင်  သူဖခင်သေဆုံးသွားသည့်သတင်းအား ကြားရလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့ခြင်းမရှိပေ။

ဟိုင်ပါထျန်းမှာ   စန်းယွဲ့မြို့၌ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် ရှစ်ဖုန့်သတ်ခဲ့သောဟိုင်ပါထျန်း

ဆိုသည်ဖြစ်သည်။

ဟိုင်ပါထျန်းတွင်သားသုံးယောက်ရှိလေသည်။ အကြီးဆုံးသားဖြစ်သူမှာ ဟိုင်ရှုံးဖြစ်ပြီး ပြင်ပတွင်သာအမြဲလေ့ကျင့်နေသူဖြစ်ကာ သူဘယ်နေရာတွင်ရှိသည်ဆိုသည်အား မည်သူမျှမသိကြချေ။

ဒုတိယသားဖစ်သူမှာ ဤလူငယ်လေးဖြစ်သော

ဟိုင်ထောင်ဖြစ်သည်။ လွန်ခဲ့သောနှစ်များစွာအကြာက

သူသည်ထျန်းတန့်တောင်မှ ထျန်းတန့်အဘိုးအို၏ ရွေးချယ်ခြင်းကိုခံခဲ့ရပြီး  ထျန်းတန့်အဘိုးအို၏တပည့်တစ်ယောက်ဖြစ်လာခဲ့သည်။ သူသည်တောင်ပေါ်တွင် ထျန်းတန့်အဘိုးအိုထံမှ ပညာများအား သင်ယူခဲ့ရသည်။

အသုံးမကျဆုံးသောတတိယသားဖြစ်သူမှာ လွန်ခဲ့သောနှစ်ဝက်ခန့်က

ဟိုင်ပါထျန်းကဲ့သို့ ရှစ်ဖုန့်၏သတ်ဖြတ်မှုကို ခံလိုက်ရသော ဟိုင်မင်ပင်ဖြစ်သည်။

“အား”

ဟိုင်ထောင်၏ မျက်နှာမှာ ရုတ်တရက် ကြမ်းကြုတ်ခက်ထန်လာသည်။  သားရဲရိုင်းတစ်ကောင်ကဲ့သို့  သူ၏ခေါင်းကိုမော့ပြီးကျယ်လောင်စွာ

အော်ဟစ်လိုက်သည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

ဟိုင်ထောင်၏ အော်ဟစ်သံအောက်တွင်  စားသောက်ဆိုင်တစ်ခုလုံးစတင်၍

တုန်ခါလာသည်။၎င်းအားကြည့်

လိုက်မည်ဆိုလျှင်  စားသောက်ဆိုင်

တစ်ခုလုံးက ပြိုကျတော့မည့်သကဲ့သို့ပင်ဖြစ်သည်။

ဤအချိန်တွင် ဟိုင်ထောင်၏  အဖြူရောင်ဝတ်စီနီယာအကိုဖြစ်သူ

ယဲ့ရှူမှာ  ရူးသွပ်သွားသကဲ့သို့ဖြစ်နေသော ဟိုင်ထောင်အားရပ်တန့်ခြင်းမရှိပေ။

ယခုအခါ ၌ ဟိုင်ထောင်လိုအပ်ဆုံး

သောအရာမှာ ပေါက်ကွဲမှုအားဖွင့်ထုတ်ပစ်

ရန်ဆိုသည်ကို ယဲ့ရှူသိသည်ဖြစ်သည်။

အကယ်၍ မည်သူမဆိုသူတို့၏ဖခင်ဖြစ်သူ သေဆုံးသွားကြောင်းကို ကြားသိရပါက မရူးသွပ်သွားသည့်သူမည်သူများ

ရှိပါမည်နည်း။

စားသောက်ဆိုင်အတွင်းရှိနေကြ

သောသူများမှာရုတ်တရက်ဤလူငယ်၏  ထကာရူးသွပ်သွားမှုကိုမြင်တွေ့

လိုက်ရသောအခါတွင်  သူတို့အားလုံးအလျှင်အမြန်စား

သောက်ဆိုင်အပြင်ဘက်သို့ထွက်

ပြေးလိုက်ကြသည်။မျက်စိတစ်မှိတ်အတွင်း မူလက သက်ဝင်လှုပ်ရှားစည်ကားနေသော စားသောက်ဆိုင်အတွင်းတွင် ဤလူနှစ်ယောက်နှင့် အနက်ရောင်ဝတ်ရုံဝတ်လူငယ်

တစ်ယာက်တို့သာ ကျန်ရှိနေခဲ့သည်။ သူကဆက်လက်ထိုင်နေပြီး သိပ်မဝေးလှသောနေရာတွင် ဝိုင်ကို သောက်သုံးနေသည်။

“အား..သူတောင်းစားရှစ်ဖုန့်  ငါမင်းကို သေချာပေါက် အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်…အား..”

ဟိုင်ထောင်မှာ ဆက်လက်၍  ရူးသွပ်စွာအော်ဟစ်နေဆဲဖြစ်သော်လည်း  သူအပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသော

ရှစ်ဖုန့်က သူနှင့်သိပ်မဝေးလှသောနေရာ၌ ထိုင်နေသည်ကိုသိရှိခြင်းမရှိချေ။ ရှစ်ဖုန့်၏မျက်နှာမှာပြောင်းလဲခြင်းမရှိပဲ အော်ဟစ်နေသမျှအားလုံးက

သူနှင့်မဆိုင်သကဲ့သို့ ဝိုင်ကို တစ်ငုံချင်းအေးအေးဆေးဆေး

အရသာခံနေဆဲဖြစ်သည်။

“အား..သူတောင်းစား  ငါ့ဆီကိုထွက်လာစမ်း..ငါမင်းကို အရှင်လတ်လတ် အရေခွံစုတ်ပြီးတော့

မင်းရဲ့ အရွတ််တွေကို ဆွဲထုတ်ပစ်မယ်..သူတောင်းစားရှစ်ဖုန့်..

သူတောင်းစား..ငါ့အဖေကိုပြန်း

ပေးစမ်းကွ..အား..”

“ကောင်းပြီ..အော်နေတာကိုရပ်တော့..

ဒီသခင်လေးက ဒီမှာရှိတယ်…”

ရုတ်တရက် အေးအေးလူလူရှိလှသောအသံတစ်ခုက စားသောက်ဆိုင်အတွင်းမှထွက်ပေါ်လာသည်။

ဤအသံအားကြားလိုက်ရသောအခါတွင်  ဟောင်ထောင်မှာ အော်ဟစ်နေခြင်းအားရပ်တန့်လိုက်ပြီး ရုတ်တရက် လှည့်လိုက်သည်။သူကရှစ်ဖုန့်အား

စိုက်ကြည့်ပြီး   အံကိုတင်းတင်းကြိတ်၍ ခက်ထန်စွာပြောလိုက်သည်။

“မင်း..မင်းကအဲ့သူတောင်းစားရှစ်ဖုန့်”

“ဒီသခင်လေးက မင်းအဖေဟိုင်ပါထျန်းနဲ့မင်းတို့ဟိုင်မိသားစု တစ်ခုလုံးကို သုတ်သင်လိုက်တဲ့ ရှစ်ဖုန့်ပဲ”

ရှစ်ဖုန့်က ထူးမခြားနားစွာပင် ပြန်ဖြေလိုက်သည်။ ထို့နောက်သူကဆက်ပြောသည်။

“ဟိုင်မိသားစုမှာ မင်းလိုမျိုးရှင်သန်သူတစ်ယောက်ရှိ

နေသေးမယ်လို့ ငါမထင်ထားခဲ့ဘူး..

ဒီနေ့တော့ ဒီသခင်လေးတိုက်တိုက်ဆိုင်ဆိုင်

မင်းနဲ့တွေ့တာပဲ….ဒါကမင်းကိုရှင်းပစ်

ဖို့အတွက် အခွင့်ရေးကောင်းတစ်ခုပဲ”

“ဂျူနီယာညီလေး မြန်မြန်ထွက်သွားတော့ မင်းက ဒီလူရဲ့ပြိုင်ဘက်မဟုတ်ဖူး”

ဤအချိန်တွင်အဖြူရောင်ဝတ်စုံဝတ် စီနီယာအကို ယဲ့ရှူက ဟောင်ထောင်အားအသံနိမ့်ဖြင့်ပြောလိုက်သည်။

ယဲ့ရှူမှာ ထျန်းမြောင်အင်ပါယာတွင် မွေးဖွားလာခဲ့သောသူဖြစ်သည်။ သူက သိုင်းပညာအား ထျန်းတန့်တောင်ပေါ်တွင် နှစ်ပတ်လည်လေ့ကျင့်နေသည်ဆိုသော်လည်း ထျန်းမြောင်အင်ပါယာအတွင်းမှ ဖျောင်ရှဂိုဏ်း၏ အရေးပါမှုအား နားလည်သည်ဖြစ်၏။ယခုသူတောင်ပေါ်မှဆင်းလာခဲ့သည့်အချိန်တွင် ဖျောင်ရှဂိုဏ်းပင် ဤလူ၏ သုတ်သင်မှုအား ခံခဲ့ရသည်ကိုသူကြားခဲ့သည်။ ဟိုင်ထောင်မှာ ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်အဆင့်သာရှိပြီး ပင်ကိုယ်အားဖြင့် ဤလူ၏ ပြိုင်ဘက်မဟုတ်ပေ။

ဟိုင်ထောင်အတွက်မူ  သူ့အနေဖြင့်  ယဲ့ရှူ၏စကားတို့အား ကြားခြင်းမရှိချေ။ ယခုသူ့ဖခင်ဖြစ်သူ၏သေဆုံးခြင်းအား သိလိုက်ရသည့်အချိန်၌ ဟိုင်ထောင်၏ မျက်လုံးအတွင်းတွင် ရှစ်ဖုန့်ကလွဲပြီး အခြားမရှိနေတော့ပေ။

“အား..သေစမ်းကွာ..အား”

ဟိုင်ထောင်ကသူ၏ ပါးစပ်ကိုဖွင့်၍ ကြုံးဝါးလိုက်သည်။ ပြင်းထန်သော အသံလှိုင်းတစ်ခုက  သူ၏ရှေ့တွင်ရှိနေသော  ရှစ်ဖုန့်ထံသို့ သိမ်းကျုံးဦးတည်သွားသည်။ ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်းတွင် တလိပ်လိပ်တက်လာသော

လှိုင်းလုံးများကဲ့သို့ဖြစ်သွားသည်။ ပြင်းထန်သောလေ၏ရိုက်ခတ်မှုကြောင့် စားပွဲများ၊ကုလားထိုင်များ၊ပန်းကန်ပြားများ၊ပန်းကန်လုံးများနှင့် သူ၏ရှေ့တွင်ရှိနေသောအရာအားလုံးမှာ အသံလှိုင်းကြောင့်အဝေးသို့

လွင့်ပျံထွက်ကုန်သည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း..”

မြေပြင်မှပေါက်ကွဲသံထွက်ပေါ်လာကာ  စားသောက်ဆိုင်တစ်ခုလုံးမှာ နောက်တစ်ကြိမ်ထပ်မံ၍ ပြင်းထန်စွာ လှုပ်ခါလာသည်။

အသံလှိုင်းတိုက်ခိုက်မှုအား

ကြည့်ရင်းရှစ်ဖုန့်က သူ၏လက်တို့အားနောက်တွင်ပစ်ထားပြီး  ရှေ့သို့ တစ်လှမ်းချင်းလျှောက်လှမ်း

၍တိုးလိုက်သည်။  ပြင်းထန်သောအသံလှိုင်းတို့က ရှစ်ဖုန့်ထံသို့ သိမ်းကျုံး၍ ဦးတည်လာသည်။

ရှစ်ဖုန့်က သူ၏ကိုယ်အားကာကွယ်ရန် ငရဲဘုံကိုးခု အမှောင်စွမ်းအားအား အသက်သွင်းလိုက်သောအခါတွင် သူ၏ကိုယ်ပေါ်၌   အဖြူရောင်အလင်းတစ်ခု

တောက်ပလာသည်။ နွေဦးလေညှင်းကဲ့သို့ သူ၏ဆံပင်တို့က အသံလှိုင်းတို့ကြောင့် တဖျပ်ဖျပ်လူးလွန့်နေပြီး သူက ရှေ့တွင်ရှိနေသော ဟိုင်ထောင်နှင့် ယဲ့ရှူ တို့ထံသို့ ချဉ်းကပ်လာသည်။

“အား..သေစမ်း”

ဟိုင်ထောင်က အော်ဟစ်လိုက်သည်။ သူ၏ညာလက်သီးမှာ အားကောင်းသော မိုးပြာရောင်အလင်းတစ်ခုတောက်ပလာပြီး  သူ့ထံသို့ချဉ်းကပ်လာသောရှစ်ဖုန့်ထံ လက်သီးတစ်လုံးအားပစ်သွင်းလိုက်သည်။

“ဝုန်း”

လေထဲတွင် အသံလှိုင်းတို့က ပြင်းထန်စွာဖြင့် ချေမွဖျက်ဆီးပစ်နေပုံပေါ်သည်။

မိုးပြာရောင်အလင်းတို့အား တဟုန်ထိုးထုတ်လွှတ်နေသော ဧရာမ  မိုးပြာရောင်လက်သီးကြီးတစ်ခုက

ပေါ်လာပြီး   ရှစ်ဖုန့်ထံသို့   ထိုးနှက်ဝင်ရောက်လာသည်။

“မင်းက မင်းကိုမင်းအထင်ကြီးနေတာပဲ…မင်းအဖေလည်းဒီလိုမျိုးပဲ မင်းလဲဒီလိုမျိုးပဲ…

ဒါကမျိုးရိုးလိုက်တာဖြစ်ပုံရတယ်”

စကားပြောနေရင်း ရှစ်ဖုန့်၏ မျက်နှာထက်တွင် အထင်သေးမှုများဖြင့်ပြည့်နှက်နေသည်။ ထို့နောက်မကြာခင် “ဟုန်း” ဆိုသောအသံနှင့်အတူ  ပြင်းထန်သော သွေးနီရောင်မီးတောက်တို့က သူ၏ကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ထို့နောက် ချက်ချင်း ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်တွင်   သူ့ကိုယ်ပေါ်ရှိသွေးနီရောင်မီးတောက်တို့က ရှေ့သို့သိမ်းကျုံးဦးတည်သွားပြီး   သူ့ထံသို့တစ်ဟုန်ထိုးလာနေသော ဧရာမ မိုးပြာရောင်လက်သီးကြီးနှင့်

တွေ့ဆုံသွားသည်။

သွေးနီရောင်မီးတောက်ဖြတ်

သန်းသွားရာနေရာတိုင်းရှိ အရာအားလုံးမှာ မီးရှို့ပြာချခြင်းကိုခံလိုက်ရသည်။ဧရာမမိုးပြာရောင်လက်သီးကြီးမှာလည်း  သွေးနီရောင်မီးတောက်၏ ဝါးမျိုမှုအားလုံးဝခံလိုက်ရသည်။

အလွန်ပြင်းထန်သောသွေးနီရောင်

မီးတောက်တို့က  ရှေ့သို့ဆက်လက်၍ သိမ်းကျုံးဦးတည်လာပြီး  ဟိုင်ထောင်ထံသို့တောက်လောင်လာသည်။

ယင်းက ၎င်းအား ဝါးမျိုတော့မည်ဖြစ်သည်။

“ဘန်း”

အဖြူရောင်ပုံရိပ်တစ်ခုက ကောင်းကင်ထဲသို့ထိုးတက်သွားသည်။

ယဲ့ရှူမှာ အခြေအနေက မကောင်းမွန်သည်ကို တွေ့လိုက်သည်။ သူကဟိုင်ထောင်အား ထပ်မံ၍ ဂရုစိုက်နေခြင်းမရှိတော့ချေ။

သူ၏အသက်က ပို၍ အရေးကြီးသည်ဖြစ်သည်။ ချက်ချင်းပဲသူက စားသောက်ဆိုင်ခေါင်မိုးအား ထိုးဖောက်ဖြတ်သန်းသွားပြီး ထွက်ပြေးလိုက်သည်။

“မဟုတ်ဖူး”

ဟိုင်ထောင်က သူ၏ရှေ့တွင်ရှိနေသောသွေးနီ

ရောင်မီးတောက်အားကြည့်နေသည်။ သူ၏မျက်နှာထက်တွင်

ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေပြီး  လက်သင့်မခံနိုင်မှုများဖြင့်အတူ အော်ဟစ်လိုက်သည်။ သွေးနီရောင်မီးတောက်၏ စွမ်းအားအောက်တွင်ခုခုံနိုင်

စွမ်းမဲ့နေသည်ကိုသူခံစားမိနိုင်သည်ဖြစ်သည်။ သူနှင့်ဤလူကြားတွင်ရှိနေသောကွာခြားချက်က အရမ်းကိုကြီးမားသည်ဖြစ်သည်။

သို့သော်သူမသေချင်သေးပေ။

သူ၏ဖခင်နှင့် ဟိုင်မိသားစု၏  ဒါဇင်နှင့်ချီသောလူများအတွက်  သူလက်စားချေရမည်ဖြစ်သည်။

သူ့အနေဖြင့်ဤနတ်ဆိုးအားသူ၏လက်တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ သတ်ရမည်ဖြစ်သည်။

“အား”

သွေးနီရောင်မီးတောက်က  သူ့အားဝါးမျိုတော့မည့်အချိန်တွင် သူကထပ်မံ၍အော်ဟစ်လိုက်သည်။ ဟိုထောင်၏ အရှိန်အဝါက  တစ်ဟုန်ထိုးမြင့်တက်လာသည်။ သူ၏တစ်ကိုယ်လုံးတွင် ပုံမှန်မဟုတ်သည့် အားကောင်းပြီး တောက်ပသော မိုးပြာရောင်အလင်းတစ်ခုတောက်ပလာသည်။

ဤအချိန်တွင်ဟိုင်ထောင်မှာသူ၏  အဆီအနှစ်စွမ်းအင်တို့အား

လောင်ကျွမ်းစေလိုက်ပြီး အားကောင်းသောပေါက်ကွဲမှု

တစ်ခုကိုထုတ်ဖော်လိုက်သည်။

ယင်းမှာသူ့တစ်ဘဝလုံးလေ့ကျင့်ခဲ့သည့် အစွမ်းထက်အားအကောင်းဆုံးသော  သိုင်းပညာရပ်ပင်ဖြစ်သည်။

………

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters