အပိုင်း(၃၁၅)
Vol. 21 Ch. 315
ဟိုင်ထောင်အား တလိပ်လိပ်ထနေသော အပြာရောင်လှိုင်းများက ဝန်းရံထားပြီး အပြာရောင်လှိုင်းများက ဟိုင်ထောင်၏ ကိုယ်ပေါ်တွင် သိပ်သည်းဖြစ်ပေါ်နေသည်။
ဟိုင်ထောင်မှာ ပင်လယ်နတ်ဘုရား
တစ်ပါးကဲ့သို့ ဧရာမအပြာရောင် လှိုင်းဘီးလူးကြီးတစ်ခုအသွင်ပြောင်း
လဲသွားသည်။လှိုင်းဘီလူးကြီး၏ လက်သီးက သွေးနီရောင်မီးတောက်အားပြင်း
ထန်စွာထိုးနှက်ချလိုက်သည်။
ကျယ်လောင်သောထိတွေ့သံနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသောစွမ်းအားကြီး စွမ်းအင်နှစ်ခုက ရုတ်တရက် တစ်ခုနှင့်တစ်ခု အပြင်းအထန် ပစ်ဆောင့်မိကြသည်။
“အုန်း..အုန်း.ဝုန်း”
စားသောက်ဆိုင်၏အပြင်ဘက်တွင် ပျားပန်းခက်လှုပ်ရှားနေကြသော လမ်းမတစ်ခုရှိသည်။ ဤအချိန်တွင် ကြည့်ရှုသူများစွာရှိနေလေသည်။ ကြည့်ရှုနေကြသူများမှာ အစက ကောင်းမွန်စွာတည်ရှိသော်လည်းယခုအခါ၌ မြေငလျှင်တစ်ခုလှုပ်ခတ်သကဲ့သို့ ပြင်းထန်စွာလှုပ်ခါနေသော စားသောက်ဆိုင်အား မြင်တွေ့လိုက်ရသည်။ ထို့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စားသောက်ဆိုင်မှာပြိုကျသွားသည်။
ထို့နောက် ပြင်းထန်သောလှိုင်းလုံးများနှင့်ပြင်းထန်သော သွေးနီရောင်မီးတောက်တို့၏ အောက်တွင် ပြိုကျလာသော စားသောက်ဆိုင်မှာ မျက်စိတစ်မှိတ်အတွင်း ဝါးမျိုခံလိုက်ရသည်။
ဤစားသောက်ဆိုင်မှာသွေးနီ
ရောင်နှင့်အပြာရောင် ပင်လယ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ ၎င်းကမီးနှင့်ရေ တို့ရောနှောနေခြင်းပင်ဖြစ်သည်။
သို့သော် သွေးနီရောင်ရကြောင့် မိုးပြာရောင်လှိုင်းလုံးတို့ လုံးဝ
ဖျက်ဆီးခံရရန် အချိန်သိပ်မကြာလိုက်ပေ။ထို့နောက်တွင် ဧရိယာတစ်ခုလုံးအားအရူးအမူး လွှမ်းခြုံထားသော သွေးနီရောင်
မီးတောက်တို့က အလယ်ဗဟိုသိပ် တလိပ်လိပ်ပြန်လည်ဦးတည်လာသည်။ ဖြည်းဖြည်းချင်းသွေးနီရောင်မီး
တောက်တို့ပျောက်ကွယ်သွားပြီး ပျောက်ကွယ်သွားသောသွေးနီ
ရောင်မီးတောက်နှင့်အတူ အပျက်အစီးများထွက်ပေါ်လာသည်။ အပျက်အစီးများအတွင်းတွင် အနက်ရောင်ပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေသည်။
ဤအနက်ရောင်ပုံရိပ်၏ရှေ့တွင် စုတ်ပြတ်သောအဝတ်အစားများနှင့် ဆံပင်တို့ဖရိုဖရဲဖွာလန်ကြဲနေသော လူငယ်တစ်ယောက်ရှိသည်။
သူသည်လုံးဝစိတ်ဓာတ်ကျဆင်း
သွားခဲ့ပြီဖြစ်သည်။ သူက မြေပြင်ပေါ်တွင်ခွေးသေတစ်ကောင်ကဲ့သို့လဲလျောင်းနေသည်။
“သွေးနီရောင်မီးတောက်…
သွေးနီရောင်မီးတောက်…ဖြစ်နိုင်တာ…
ဒီလူက ရှစ်ဖုန့်မလား”
“ဘုရားရေ…မြို့ထဲမှာရှစ်ဖုန့်ရောက်နေပြီ…
ရှစ်ဖုန့်က မြို့ထဲမှရောက်နေပြီ..
ငါတို့ဘာလုပ်သင့်လဲ..ဒီအရူးနတ်ဆိုးက သူရောက်ရောက်ချင်းပဲ စားသောက်ဆိုင်ကိုဖျက်ဆီး
ပစ်လိုက်တယ်..သေရည်မူးပြီးတော့
သူတစ်မြို့လုံးကို အစုလိုက်အပြုံလိုက်သတ်တော့မယ်”
“ရှစ်ဖုန့်..ဒီလူကရှစ်ဖုန့်ပဲ…ဘုရားရေ ငါက သူ့နောက်စားပွဲမှာသေရည်သောက်နေခဲ့တာ…ငါမှတ်မိပြီ..လူတွေအများကြီးက စားသောက်ဆိုင်ထဲမှာ သူ့အကြောင်းကိုပြောနေခဲ့တာ…”
အချို့သောသူများမှာ တစ်စုံတစ်ခုအား သဘောပေါက်လိုက်ပုံပေါ်ပြီးချက်ချင်းပဲ ရှစ်ဖုန့်အကြောင်းအားဆွေး
နွေးခဲ့ကြသူများအားလူအုပ်ထဲတွင်ရှာဖွေလိုက်သည်။ဤအခိုက်အတန့်တွင် အချို့သူများမှာ သူ့ဘဝတွင်အသုံးပြုဖူးသော အလျှင်မြန်ဆုံးဖြစ်သည့်အမြန်နှုန်း
ကိုအသုံးပြု၍ သူတို့၏အသက်အတွက် အင်ပါယာမြို့တော်အတွင်းမှ
လွတ်မြောက်ရန်ထွက်ပြေးကြတော့သည်။
ယင်းအကြောင်းများအား ပြန်လည်၍
တွေးမိကာ ချွေးစေများပင်သူတို့ကို ထွက်စေသည်။ ဤအရူးနတ်ဆိုးက စားသောက်ဆိုင်အတွင်းတွင်ထိုင်နေပြီး
သူတို့က ၎င်း၏ရှေ့တွင်၎င်း၏အကြောင်း
ကိုပြောနေခဲ့ကြသည်။ သူတို့တွေထပ်ပြီးအသက်မရှင်
ချင်ခဲ့ကြခြင်းသာဖြစ်သည်။
အစောပိုင်းကထွက်ပြေးသွားသောသူမှာ သေရည်ဆိုင်အတွင်း၌ ရှစ်ဖုန့်၏
အကြောင်းအား အားလုံး၏ရှေ့တွင် အကျယ်ဆုံးပြောခဲ့သူဖြစ်သည်။
ယခုအခါ၌ ယင်းအကြောင်းအား
တွေးမိသော
အခါသူ့အနေဖြင့် အရိုးထဲအထိစိမ့်
နေအောင်ပင်
ကြောက်လန့်မှုကိုခံစားရသည်။
“ဘာလို့လဲ”
“ဘာလို့ဒီလိုဖြစ်ရတာလဲ”
“ဘာလို့လဲကွာ”
ဟိုင်ထောင်မှာ မြေပြင်ပေါ်တွင်သူတောင်းစား
တစ်ယောက်ကဲ့သို့စုတ်ပြဲနေသော
အဝတ်အစားများဖြင့် ခွေးသေတစ်ကောင်ကဲ့သို့လဲလျောင်း
နေပြီးအားနည်းဖျော့တော့စွာရေရွတ်နေသည်။ သူ၏အားနည်းသောအသံမှတစ်ဆင့်
သူနှလုံးသားအတွင်းရှိ လက်သင့်မခံနိုင်မှုများအား ကြားနိုင်သည်ဖြစ်သည်။
ထို့နောက် ဟိုင်ထောင်က သူ၏ ခေါင်းအား မပြေမပြစ်ဖြင့်မော့လိုက်ပြီး သူ၏ပါးပြင်ထက်သို့ မျက်ရည်စီးကြောင်းနှစ်ခုကျဆင်းလာသည်။
“အဖေ…ကျွန်တော်အသုံးမကျဘူးအဖေရာ…ကျွန်တော်အဖေ့အတွက်ကလဲ့စား
မချေနိုင်ခဲ့ဘူး…အဖေရာ…”
ဟိုင်ထောင်မှာကောင်းကင်ထက်
သို့ဗလာနတ္ထိစိုက်ကြည့်နေပြီး ငိုကြွေးနေရင်းသူ၏မျက်နှာထက်
တွင်နာကြည်းမှုများဖြင့်ပြည့်နှက်နေသည်။
ထို့နောက်ဟိုင်ထောင်၏ အမူအယာကပြောင်းလဲသွားသည်။ သူကခေါင်းအားအနည်း
ငယ်ပြန်ငုံ့လိုက်ပြီးရှစ်ဖုန့်အား ကြည့်လိုက်သည်။ သူကအံကိုတင်းတင်းကြိတ်၍ ရှစ်ဖုန့်အား ခက်ထန်စွာပြောလိုက်သည်။
“မင်းလုပ်ရဲလား”
ဟိုင်ထောင်၏ ရှင်းပြရခက်သော စကားအားကြားလိုက်ရသောအခါတွင်
ရှစ်ဖုန့် မျက်မှောင်ကြုတ်လိုက်သည်။ သူနားလည်ခြင်းမရှိပေ။
ထို့နောက်ဟိုင်ထောင်ကရှစ်ဖုန့်အား စိတ်ပိုင်းဖြတ်ထားသော
မျက်နှာဖြင့်ကြည့်လိုက်သည်။ သူကအံကိုတင်းတင်းကြိတ်၍ပြောလိုက်၏။
“မင်းလုပ်ရဲလား..ငါ့ကိုသုံးနှစ်ပဲအချိန်ပေး…သုံးနှစ်ပြီးတဲ့နောက် ဒီနေ့ငါအရှက်ခွဲခံရမှုရယ် ငါ့အဖေနဲ့ ဒါဇင်နဲ့ချီတဲ့ ငါ့မိသားစုက လူတွေရယ်အတွက် ငါမင်းကိုသေချာပေါက် အဆတစ်ရာလောက်ပြန်ပေး
ဆပ်ရအောင်လုပ်ပြမယ်”
“မင်းတွေးတာများနေပြီမင်းက
အရမ်းကိုနုံတဲ့သူပဲ..ဒီသခင်လေးက မင်းကိုနှစ်သုံးရာလောက်အချိန်ပေးရင်တောင် မင်းဒီသခင်လေးကို မသာလွန်နိုင်ဘူး…”
ထို့နောက်ရှစ်ဖုန့်၏ ညာလက်က လက်သည်းအဖြစ်သို့ပြောင်းလဲသွားပြီး ဟိုင်ထောင်၏ မျက်နှာအား စုပ်ယူလိုက်သည်။ ပြင်းထန်သောစုပ်ယူအား၏အောက်တွင် ရုတ်တရက် ဟိုင်ထောင်၏ ကိုယ်မှာ ရှစ်ဖုန့်၏စုပ်ယူခြင်းကိုခံလိုက်ရသည်။
၎င်း၏မျက်နှာသည်လည်း ရှစ်ဖုန့်၏ ဆုပ်ကိုင်မှုကိုခံလိုက်ရပြီး အမြင့်သို့ ဆွဲမခံလိုက်ရသည်။
ဟိုင်ထောင်က ရှစ်ဖုန့်သူ၏မျက်နှာကိုဆုပ်ကိုင်
လိုက်မှုအား မကြောက်ရွံ့ပေ။ထိုအစား
သူကရှစ်ဖုန့်ကို သရော်လိုက်သည်။
“မင်းမလုပ်ရဲပါဘူး..မင်းမလုပ်ရဲပါဘူးကွား ..မင်းက ငကြောက်ပါ..ဟားဟားဟား…ငကြောက်ကွာ”
ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။
“ဒီသခင်လေးကသာမင်းကို လွှတ်ပေးလိုက်ရင် ဒီသခင်လေးရူးနေလို့ပဲ…မင်းလည်း အရူးပုံပြင်တွေအများကြီးကို ကြားဖူးမှာပါ”
ထျန်းဟန်တိုက်ကြီးထဲတွင် တကယ့်ကို အရူးဇတ်လမ်းအချို့ရှိသည်ဖြစ်သည်။ လူငယ်တစ်ယောက် က အချိန်ကြာမြင့်စွာ နမည်ကျော်ကြားပြီးဖြစ်သောကျွမ်းကျင်သူတစ်ယောက်အား ရှုံးနိမ့်သွားခဲ့ပြီးနောက် သူ့အားသုံးနှစ်သို့ ငါးနှစ်အချိန်ပေးရန် တစ်ခုခုကိုပြောဆိုခဲ့သည်။ ထိုကျွမ်းကျင်သူမှာလည်းအရူး
တစ်ယောက်ဖြစ်ပြီး မာနကြီးမောက်မာသောစကား
လုံးအချို့အားပြောဆိုကာ မိုက်မိုက်မဲမဲနှင့်ထိုလူငယ်အား
လွှတ်ပေးလိုက်သည်။
ထို့နောက်တွင်ထိုလူငယ်ကကြိုးကြိုးစားစား လေ့ကျင့်ပြီး စွမ်းအားကြီးသောလမ်းကြောင်းပေါ်သို့ ခြေချမိသွားသည်။ သူကသူ့အားလွှတ်ပေးလိုက်သော
စွမ်းအားကြီးပုဂ္ဂိုလ်အား သတ်ပစ်လိုက်သည်။
ထို့နောက်တွင်ရှစ်ဖုန့်က ဟိုင်ထောင်အား ဘာစကားမှထပ်မံပြောဆို၍ အချိန်ဖြုန်းခြင်းမရှိပေ။ ဤလူက
ဟိုင်ပါထျန်း၏ သားတစ်ယောက်ဖြစ်ပြီး သူတို့ကြားတွင် မပြေငြိမ်းနိုင်သောရန်လိုမှုအမုန်း
တရားများရှိနေခြင်းကြောင့် ဤလူအနေဖြင့်သေချာပေါက်သေရ
လိမ့်မည်ဖြစ်သည်။
အတွေးတစ်ချက်ဖြင့် ဟိုင်ထောင်၏ကိုယ်အတွင်းရှိသွေးတို့က ဆူပွက်နေသောရေကဲ့သို့စတင်ဆူပွက်လာသည်။
“အား”
သက်သောင့်သက်သာမရှိလှ
သောဖော်ပြ၍ မရနိုင်သည့်ခံစားချက်က ဟိုင်ထောင်၏ကိုယ်တွင်ပြည့်နှက်နေသည်။
သူကနာကျင်စွာဖြင့်ဟစ်အော်လိုက်သည်။
“နေပါအုံး”
ဤအချိန်တွင်အိုမင်းသောအသံတစ်ခုက ရုတ်တရက်ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။၎င်းမှာမိုးချုန်း
သံခပ်အုပ်အုပ်ကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်တွင် အဖြူရောင်ဝတ်အဘိုးအိုတစ်ယောက်က ရှင်းလင်းသောကောင်းကင်ထဲမှ လျှောက်လှမ်းထွက်လာသည်။
သူ့တွင်ရှည်လျားသောအဖြူရောင်ဆံပင်တို့နှင့် အဖြူရောင်မုတ်ဆိတ်မွှေးတို့ရှိသည်။
သူ၏အဖြူရောင်ဝတ်ရုံ၊အဖြူရောင်
ဆံပင်နှင့်အဖြူရောင်မုတ်ဆိတ်တို့က
လေထဲတွင် တဖျပ်ဖျပ်လွန့်လူးနေသည်။ သူ၏မျက်နှာကတည်ငြိမ်နေပြီး သူ၏ပုံစံမှာ ထူးကဲသာလွန်သောအထွတ်အ
ထိပ်သက်ရှိတစ်ဦးကဲ့သို့ပင်ဖြစ်သည်။
“ဒါက..”
“ဒီအဘိုးအို”
အင်ပါယာမြို့တော်အတွင်းရှိလူများ
အားလုံးမှာ ကောင်းကင်ထဲသို့တုန်လှုပ်အံ့အား
သင့်စွာကြည့်နေကြသည်။သူတို့အားလုံးအရမ်းကိုတုန်လှုပ်အံ့အားသင့်စွာဖြင့် အာစေးမိနေကြသည်။
“ထျန်းတန့် အဘိုးအို”
“ဘာ..ဒီအဘိုးအိုက ထျန်းတန့်အဘိုးအို…”
တစ်စုံတစ်ယောက်မှာ အစောပိုင်းကလူ၏ အာမေဋိတ်သံကိုကြားလိုက်ရပြီး သူလည်းမနေနိုင်ပဲ အသံထွက်၍ အလန့်တကြားပြောလိုက်မိသည်။ ထျန်းတန့်အဘိုးအိုမှာ ထျန်းမြောင်အင်ပါယာတွင်သာမက ပတ်ဝန်းကျင့်ရှိ နိုင်ငံများတွင်ပါကျော်ကြားလေသည်။ ထျန်းတန့်တောင်တန်း ထျန်းတန့်အဘိုးအို။သူ့အားလူတိုင်း
ကသိကြခြင်းမှာသူသည် အထင်ကရအကျော်အစောဖြစ်သော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ
ဒဏ္ဍာရီကဲ့သို့ သူတော်စင်နယ်ပယ်
တစ်ယောက်ဖြစ်သောကြောင့်ဖြစ်သည်။
“ဟုတ်တယ်သူက ထျန်းတန့်အဘိုးအိုပဲ.
.ထျန်းတန့်အဘိုးအိုပေါ်လာခဲ့တဲ့အချိန်တုံးက နေရာအများကြီးနဲ့လူအများကြီးဆီမှာသူ့ရဲ့ ပုံတူပန်းချီတွေရှိသေးတယ်..လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အကြာတုံးက ငါတစ်ခုကိုဝယ်ယူခဲ့ပြီးတော့ သူ့ရဲကာကွယ်စောင့်ရှောက်မှုကို ဆုတောင်းဖို့အတွက် အခုထိတောင် အိမ်မှသိမ်းထားသေးတယ်”
“ထျန်းတန့်အဘိုးအိုက နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပြီ…
နတ်ဆိုးသားရဲပေါင်းတစ်သောင်းလောက်က ထျန်းမြောင်အင်ပါယာဆီကိုပြေးလာပြီး ဒေါသတကြီးလျှောက်ရမ်းတုံးက
အချိန်ကိုမှတ်မိနေတုံးပဲ..
ထျန်းတန့်အဘိုးအိုက ကြင်နာတတ်ပြီးတော့ လူတွေကို ဂရုစိုက်တယ်…သူက
ထျန်းမြောင်အင်ပါယာထဲမှာပေါ်လာခဲ့ပြီးတော့ နတ်ဆိုးသားရဲတွေကိုတစ်ကိုယ်တော် အနိုင်ယူနှိမ်နင်းခဲ့တယ်..ဒီတစ်ကြိမ်လည်း ထျန်းတန့်အဘိုးအိုက နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပြီ..
သူဒီကိုနတ်ဆိုးတွေနဲ့ ရှစ်ဖုန့်ကိုသတ်ဖို့အတွက်
ရောက်လာတဲ့ပုံပဲ”
“ထျန်းမြောင်အင်ပါယာကယ်တင်ခံရပြီ..ငါတို့ ထျန်းမြောင်အင်ပါယာကယ်တင်ခံရပြီကွ..ဒီနေ့မှာ အပြစ်မဲ့တဲ့သူတွေကို လက်လွတ်စပယ်သတ်ဖြတ်ပြီး မကောင်းမှုပေါင်းစုံကို ပြင်းပြင်းထန်ထန်ကိုကျူးလွန်တဲ့ ဒီအရူးနတ်ဆိုးရှစ်ဖုန့်တော့ အသတ်ခံရလိမ့်မယ်…အဲ့တာက ထျန်းမြောင်အင်ပါယာကို သေချာပေါက်ကို တောက်ပတဲ့အနာဂတ်တစ်ခု ဆောင်ကြဉ်းပေးလိမ့်မယ်”
ဆက်ရန်…
ဘာသာပြန်သူ-ARISE