← Chapters

၃၀၀၀ သော ဓားဆန္ဒ

Vol. 2 Ch. 16

၃၀၀၀ သော ဓားဆန္ဒ

Vol. 2 Ch. 16

သိနားလည်ခြင်းသည် ခွန်အားတစ်မျိုးဖြစ်သည်။

ဟန်မူယဲ့တွင် သူ၏လက်ရှိအခြေအနေအပေါ် ကောင်းကောင်း နားလည်၏။

သူက အံ့အားသင့်ဖွယ်နားလည်နိုင်စွမ်းဖြင့် ဓားသိုင်းများကို ထိုးထွင်းသိမြင်ခြင်းများ မရှိပါက မည်သို့ အကျိုးဆောင်မှတ် ၈ခုအား ရရှိမည်နည်း။

သူ ရောက်လာစဉ်က ဝိညာဉ်ကျောက်တုံး ၁၀၀မျှသာ ပါလာသည်။ ယခု သူ ပြန်သောအခါ ဝိညာဉ်ကျောက်တုံး ၁၀၀၀ ပြန်ပါလာသည်။

အပြန်လမ်း၌ ဟန်မူယဲ့ကား အလွန်စိတ်ချမ်းသာနေသည်။

မည်သို့ဆိုစေ ငွေကြေးဟူသည် လောက၌ အရေးအကြီးဆုံး မဟုတ်ပါလား။ ငွေကြေးရှိလျှင် သူသည် မည်သည့်အရာကိုမှ စိတ်ပူစရာ မလိုပါ။

ထို့အပြင် သည်မျှဝင်ငွေမှာ မူလအစသာ ရှိသေးသည်။

အနာဂတ်တွင် သူသည် ပိုမိုများပြားသော ဝင်ငွေများ ရှိလာနိုင်သေး၏။

သူက လမ်းလျှောက်ရင်း သံမဏိနွားသိုးကျင့်စဉ်နည်းလမ်းအတိုင်း ခန္ဓာကိုယ်မှ ခွန်အားများကို လှည့်ပတ်သည်။

ချက်ချင်းပင် သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသည်ကို ခံစားရ၏။

ဤသည်ကပင် ကျင့်ကြံသူများ ရရှိသည့် အကျိုးကျေးဇူးများလား။

၎င်းမှာ အမှန်တကယ် ကောင်းမွန်သော ခံစားချက် ဖြစ်သည်။

သူက ခြေတစ်လှမ်းတည်းဖြင့် သုံးလေးပေခန့် သွားနိုင်ကာ ဓားစံအိမ်သို့ ပြန်ရာတွင် လာသည့်အချိန်ထက် ပို၍ များစွာ မြန်ဆန်နေသည်။

အနက်ရောင်တိမ်များ ထိုနေရာတစ်ဝိုက် လွှမ်းခြုံလာကာ ရွှေရောင်သဘာဝအလင်းများသည် ဓားစံအိမ်အပြင်သို့ ဖြန့်ကျက်ထား၏။

သူသည် ဓားစံအိမ်အပြင်သို့ ရောက်သည်နှင့် အနက်ရောင်ဝတ်စုံဖြင့် အရပ်ရှည်ရှည်ကျင့်ကြံသူတစ်ဦး ထွက်လာသည်။

ထိုလူ၏နောက်ကျောတွင် ဓားရှည်တစ်လက်ကိုလည်း လွယ်ပိုးထား၏။ သူ၏အမူအရာမှာ သုန်မှုန်နေကာ ဟန်မူယဲ့အား တစ်ချက်ကြည့်လျှက် မည်သည့်စကားမှမဆိုဘဲ ထွက်သွားသည်။

အကြည့်တစ်ချက်မျှဖြင့် ဟန်မူယဲ့သည် တစ်ကိုယ်လုံးတုန်သွားကာ ပုံရိပ်ယောင်နေရာမှ ဓားချီသည် ပြင်းထန်စွာ လှုပ်ရှားလျှက် အပြင်သို့ တိုးထွက်လာတော့မလို ဖြစ်သွား၏။

ထိုဓားချီများက ရန်စခံရသလို အပြင်သို့ထွက်ကာ တိုက်ခိုက်လိုကြသည်။

သည်လူက ထူးခြားသော ပညာရှင်တစ်ဦးလား။

သူ ဓားစံအိမ်ထဲကို ဝင်လာသည်။ ဟွမ်လောင်လျှိုကား စားပွဲပေါ်မှ စာအုပ်ကို ပိတ်လိုက်ပြီးဖြစ်သည်။

“အစ်ကို… အဲဒါ ဘယ်သူလဲ”

ဟန်မူယဲ့၏စကားကိုကြားလျှင် ဟွမ်လောင်လျှိုက မော့၍ပင် မကြည့်ပါ။

“တိုက်ခိုက်ရေးဓားခန်းဆောင် စီမံခန့်ခွဲရေးမှူး လင်ချဲ၊ ဝိညာဉ်နိုးထခြင်းကမ္ဘာမြေအဆင့်”

တိုက်ခိုက်ရေးဓားခန်းဆောင်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ရန်သူကိုခုခံခြင်း၌ အဓိကတာဝန်ကို ထမ်းဆောင်ရသည်။ သူတို့တွင် ပညာရှင်အများအပြား ပိုင်ဆိုင်၏။

“ဘယ်လိုလဲ… မင်းက သူ့ကိုကြည့်ပြီး ဘယ်လိုခံစားရလဲ”

ဟွမ်လောင်လျှိုက ပြုံးလျှက်ပြောသည်။

ဟန်မူယဲ့က ကမ္ဘာမြေအဆင့် တန်ခိုးရှင်တစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းလောကမှ တန်ခိုးရှင်များမှာ အမှန်တကယ် သန်မာကြပေသည်။

ကမ္ဘာမြေအဆင့်တွင် အဆင့်ငယ် သုံးဆင့်ရှိ၏။ ၎င်းတို့မှာ မူလရင်းမြစ်သို့ဆက်သွယ်ခြင်းအဆင့်၊ ဝိညာဉ်နိုးထခြင်းအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်တို့ ဖြစ်ကြသည်။

ကမ္ဘာမြေအဆင့် ဝိညာဉ်နိုးထခြင်းတန်ခိုးရှင်တစ်ဦးမှာ ထိုမျှ သန်မာသည်လား။

သို့ဆိုလျှင် အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ကောင်းကင်ဘုံအဆင့်များက မည်မျှ သန်မာသနည်း။

လူသားဘုံ၊ ကမ္ဘာမြေဘုံနှင့် ကောင်းကင်ဘုံအဆင့်တို့ကို တွေးကာ ဟန်မူယဲ့၏မျက်လုံးများ တဖျတ်ဖျတ်လက်သွားသည်။ အနာဂတ်တွင် သူက မည်သည့်အဆင့်များသို့အထိ ရောက်မည်နည်း။

ဓားတစ်လက်ဖြင့် တစ်လောကလုံး၌ ပြိုင်စံရှားရေးမှာ သူ့ရည်မှန်းချက် ဖြစ်သည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခိုက်ရေးခန်းဆောင်ရဲ့ ကမ္ဘာမြေအဆင့် တန်ခိုးရှင်တစ်ယောက် သေဆုံးသွားတယ်။ သူ့ဓားဟာ မနက်ဖြန် ပြန်လာမယ်”

စာအုပ်ကို သိမ်းလိုက်ကာ ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ပြုံးလျှက်ပြောသည်။

“မနက်ဖြန်မနက် ငါတို့ ဓားကို ဓားစံအိမ်ထဲ ကြိုဆိုရမယ်”

ဓားလက်ခံခြင်း၊ ကြိုဆိုခြင်း၊ သန့်စင်ခြင်းနှင့် အခြောက်ခံခြင်း…

ထိုအလုပ်များထဲတွင် ဓားထိန်းများ မလုပ်ချင်ဆုံးမှာ ဓားကြိုဆိုခြင်း ဖြစ်သည်။

ဓားအသစ်များမှာ ဓားချီများ အားနည်းသောကြောင့် ပြဿနာမရှိပါ။

သို့သော်လည်း ကျဆုံးသွားလေပြီးသော ပိုင်ရှင်များ၏ဓားများမှာ ပုံစံမျိုးစုံသော အစွဲများ၊ ရန်ငြိုးများ စိတ်ရိုင်းများ ကပ်ငြိနေ၏။ ဓားထိန်းများအတွက် ထိုသို့ဓားများကို ကြိုဆိုခြင်းက ကြီးမားသော ဒဏ်များကို ဖြစ်စေနိုင်သည်။

တစ်ကြိမ်က ဓားထိန်းတစ်ဦးသည် ဝိညာဉ်အဆင့်ဓားရှည်တစ်လက်အား လက်ခံရာတွင် ဒဏ်ရာရကာ တစ်နှစ်အတွင်း သေဆုံးသွား၏။

“သရုပ်ပြခန်းဆောင်မှာ မင်းက ဘယ်ခန္ဓာကိုယ်ကျင့်ကြံစနစ်ကို သင်ယူခဲ့တာလဲ”

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ဖိအားမဖြစ်စေချင်ရာ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ကျုပ် သံမဏိနွားသိုးကျင့်စဉ်ကို တွေ့တယ်”

ဟန်မူယဲ့က ပြုံးလျှက်ပြောသည်။

“သံမဏိနွားသိုး…”

ဟွမ်လောင်လျှိုက ထိုကျင့်စဉ်အား ကြားဖူးဟန်မတူပါ။

“စကားမစပ် အစ်ကို… ခင်ဗျားရဲ့ဝိညာဉ်ကျောက်တုံး…”

ဟန်မူယဲ့က အိတ်ကပ်ထဲကိုနှိုက်ကာ အကျိုး‌ဆောင်မှတ်တစ်ခုအား ထုတ်ယူရန် ဟန်ပြင်လိုက်သည်။

“ထားလိုက်တော့… အဲဒါက ဝိညာဉ်ကျောက်တုံး ၁၀၀ပဲ။ ငါ့အတွက် လိုတာလည်း မဟုတ်ဘူး”

ဟန်မူယဲ့က အကျိုးဆောင်အမှတ်ကို မထုတ်ရသေးခင်တွင်ပင် ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းသည်။

“ဒီည ကောင်းကောင်းအိပ်ပြီးတော့ မနက်ဖြန် ဓားကို ကြိုဆိုရအောင်။ အဲဒါနဲ့ရင်ဆိုင်တဲ့အခါ သတိထား”

လက်ထဲမှ အကျိုးဆောင်မှတ်ကို ပြန်လွှတ်လိုက်ကာ ဟန်မူယဲ့က မည်သို့မှ ဆက်မပြောဘဲ ပြုံးလိုက်သည်။

၎င်းသည် ဝိညာဉ်ကျောက်တုံး ၁၀၀ မျှသာဖြစ်သော်လည်း ကျေးဇူးတရားက ပို၍ တန်ဖိုးကြီးပေသည်။

သူ၏တိတ်ဆိတ်သောအခန်းထဲတွင် ဟန်မူယဲ့က တင်ပလ္လင်ထိုင်ကာ စာအုပ်ကို ဖွင့်လိုက်သည်။

စာအုပ်တွင်ကား ဓား ၁၀၀၀၀ တို့အိမ်အပြန် ဟူသော စာလုံးအချို့သာ ရှိသည်။

မျက်လုံးများကို ဖြေးလေးစွာဖွင့်ရင်းက မော့ယွမ် လက်တစ်ဖက်ကို နောက်တွင်ပိုက်ကာ သူ့လက်ချောင်းများအား ရှေ့ကို ညွှန်ပြသောကိုယ်ဟန်သည် သူ့အာရုံ၌ တဖန် ပြန်ပေါ်လာ၏။

သူ၏ပုံရိပ်ယောင်ပိုင်နက်ထဲမှ ဓားချီများအားလုံးမှာ သူ၏ခေါ်သံကိုကြားသည့်အလား ထွက်လာတော့မည့် ခံစားချက်ကို ရသည်။

သို့သော်လည်း တစ်စုံတစ်ခု လွဲမှားနေသည့်ခံစားချက်ကို သူ ရသည်။

မျက်လုံးများကိုဖွင့်ကာ သူက ရှေ့မှ နံရံကို ကြည့်သည်။

မော့ယွမ်ပြောသောစကားများကို ပြန်အမှန်ရကာ သူ့စိတ်နှလုံး တုန်ခါသွားသည်။

“ဓားချီတစ်စကို ကျင့်ကြံ၊ သန့်စင်ပြီးတော့ ၁၂၈၀၀၀ သော အပိုင်းအစများအဖြစ် ခွဲထုတ်၊ ပြီးလျှင် ဓားဆန္ဒအဖြစ် ပြန်စုစည်း…”

“ဓားဆန္ဒသည် အဆတစ်ရာခန့် သိပ်သည်းကာ သံမဏိဓားအလား ဖြစ်လာမည်။ ထို့နောက် ဓားဆန္ဒ ၃၀၀၀ ကို စုဆောင်းကာ လောကစွမ်းအားအဖြစ် အသွင်ပြောင်းပါ”

၁၂၈၀၀၀ သော ဓားချီများသည် ဓားဆန္ဒအဖြစ် စုစည်းနိုင်၏။

ဓားဆန္ဒ ၃၀၀၀ မှာ ကောင်းကင်နှင့်မြေပြင်၏စွမ်းအားအဖြစ် အသွင်ပြောင်းနိုင်၏။

ကောင်းကင်နှင့်မြေပြင်၏အစွမ်းဖြင့်ဆိုပါက ဓားတစ်လက်သည် ဓားအလက် ၁၀၀၀၀ ၏အစွမ်းနှင့် ညီမျှ၏။ ဤသည်ကပင် ဓား ၁၀၀၀၀ တို့အိမ်အပြန်၏သဘောတရား ဖြစ်သည်။

၁၂၈၀၀၀ သော ဓားချီအပိုင်းအစများမှသည် ဓားဆန္ဒတစ်ခုအဖြစ်သို့…

သူ့တွင် လုံလောက်သော ဓားချီ ရှိပါသလား။

“ဝုန်း…”

ချက်ချင်းပင် ခရမ်းမီးတောက်ဓားထံမှ ရထားသော မီးဓာတ်ဓားချီအလုံးသည် ပုံရိပ်ယောင်ပိုင်နက်ထဲတွင် ပေါက်ကွဲသွားကာ မရေမတွက်နိုင်သော ဓားချီအပိုင်းအစများ ဖြစ်သွားသည်။

၎င်းသည် ဓားချီများအဖြစ် ပြိုကွဲသွားကာ ဓားဆန္ဒအဖြစ် ပေါင်းစည်းသွား၏။

ထိုသန့်စင်ကာ ကြီးမားသော ဓားချီသည် ဓားကျင့်ကြံခြင်းမှတစ်ဆင့် စိတ်စွမ်းအားဖြင့် ဓားဆန္ဒအဖြစ်သို့ ပြောင်းလဲထားခြင်း ဖြစ်နေသည်။

ထိုဓားဆန္ဒသည် ပေါက်ကွဲသွားသလို ပုံရိပ်ယောင်ပိုင်နက်ထဲမှ ထူထပ်သော ဓားချီများမှာလည်း မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် အသွင်ပြောင်းသွား၏။

ချက်ချင်းပင် ပုံရိပ်ယောင်ပိုင်နက်သည် မရေမတွက်နိုင်သော ဓားချီအပိုင်းအစများဖြင့် ပြည့်နှက်သွား၏။

ထိုနေရာတွင် သိန်းသန်းချီသော ဓားချီအပိုင်းအစများ ရှိနေသည်။

မျက်လုံးများ စူးရှစွာဖြင့်ပင် ဟန်မူယဲ့က လက်မြှောက်ကာ သူ၏လက်ဖဝါးကို ကြည့်သည်။

စွမ်းအားလှိုင်းတစ်ခုက သူ့အား စောင့်ကြိုနေသည်။

သူက လက်ညိုးကို ရှေ့ကို ထိုးလိုက်သည်နှင့် တောင်ကုန်းနှင့် မြစ်ပင်လယ်များ ပြိုပျက်နိုင်ကာ သူသည် တစ်လောကလုံးနှင့် တိုက်ခိုက်နိုင်၏။

၎င်းမှာ ဓား ၁၀၀၀၀ တို့အိမ်အပြန် ဖြစ်သည်။

သည်ဓားမှာ လောက၌ မည်သူမှ တားဆီးမရနိုင်။

အခန်းအပြင်တွင် ဓားများအားလုံး တစ်စုံတစ်ခုကို ခံစားမိဟန်တူသည်။ သူတို့ အနည်းငယ် တုန်ခါသွား၏။

ထိုဓားများသည် သူ၏ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေကြဟန်ရသည်။

ဟန်မူယဲ့ကသာ လက်ညိုးစေညွန်လိုက်လျှင် ထိုဓားများအားလုံးက သူ့အတွက် တိုက်ခိုက်ကြပေလိမ့်မည်။

ဝမ်းဗိုက်မှ ဓားချီလှုပ်ခတ်မှုကို ဖိနှိပ်ကာ ဟန်မူယဲ့က လက်ကို ပြန်ရုပ်သိမ်းလိုက်၏။

အခန်းမှာ ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို စမ်းသပ်ရန်နေရာ မဟုတ်ပေ။

လက်ကို ပြန်ရုတ်သိမ်းရင်း ပုံရိပ်ယောင်ပိုင်နက်၌ ဓားချီများ ပြန်လည်စုစည်းသွားကာ လှည့်ပတ်ကြသည်။

ခရမ်းမီးတောက်ဓားမှ ဓားဆန္ဒသည် အပိုင်းအစများအဖြစ် ဖြန့်ကျက်ကာ ဓားဆန္ဒအဖြစ် ပြန်လည်စုစည်းပြီးနောက်တွင် ပို၍ပင် သန့်စင်လာဟန်ရ၏။

တခြားသော ဓားချီများမှာလည်း နောက်ဆုံးတွင် သိပ်သည်းစုစည်းသွားသော ဓားဆန္ဒ ၁၃ ခု ဖြစ်လာသည်။

မရေမတွက်နိုင်သော ဓားချီများသည် ဓားဆန္ဒ ၁၃ ခုဖြစ်လာ၏။

ထိုအခိုက်တွင် ဟန်မူယဲ့၌ ဓားဆန္ဒ ၁၄ ခုရှိကာ ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို ၁၄ ကြိမ် သုံးနိုင်သည်။

“တကယ်လို့ ဓားဆန္ဒ ၃၀၀၀ ကို စုဆောင်းပြီး ဓားအဟုန်အနေနဲ့ စုစည်းနိုင်ရင် ဘယ်လိုဖြစ်လာမလဲ”

ဓားအဟုန်သည် လောကကို ထိန်းချုပ်နိုင်သော စွမ်းအားဖြစ်သည်။ ဓားတစ်ချက်သည် လောကကို ပြောင်းပြန်လှန်ပြစ်နိုင်၏။

လောကတွင် မည်သူက ထိုသို့သောဓားကို တတ်မြောက်နိုင်သနည်း။

ဓားအဟုန်တစ်ခုဖြစ်လာရန် ဓားဆန္ဒ ၃၀၀၀ လိုအပ်သည်။

ဟန်မူယဲ့၏မျက်လုံးများ အရောင်တစ်လက်လက် ထနေသည်။

ဓားစံအိမ်တွင် အဆုံးမဲ့သောဓားချီများ ရှိနေသည်။ သူ့တွင် ဓားဆန္ဒ ရှားပါးပါမည်လော။

တစ်ချိန်ချိန်တွင် ဓားဆန္ဒ ၃၀၀၀ သေချာပေါက် စုဆောင်းမိပေမည်။

ထိုအချိန်တွင် သူ့အား မည်သူက တားဆီးနိုင်တော့မည်နည်း။

သူ၏ဓားချီကို ပြန်ရုတ်သိမ်းရင်း ဟန်မူယဲ့က သူ၏ခန္ဓာကျင့်ကြံခြင်းနည်းစနစ်အသစ်ကို အသက်သွင်းလိုက်သည်။

သံမဏိနွားသိုးကျင့်စဉ်သည် သူ၏ရုပ်ခန္ဓာအား သန်မာစေကာ ဓားချီများ တိုက်စားခြင်းမှ ကာကွယ်ပေးနိုင်၏။

ဓားချီက သူ့အား ထိခိုက်စေမည်ဟု မယုံကြည်သော်လည်း သူက ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ရပေမည်။ ပြင်ဆင်ထားခြင်းက အမှားမရှိနိုင်။

သူက ခရီးသွားခြင်းအတွက် အသုံးပြုလျှင်ပင် သူက မြန်မြန်ခရီးရောက်နိုင်စွမ်းရှိသည် မဟုတ်ပါလား။

ကျောက်ဖူက သံမဏိနွားသိုးကျင့်စဉ်ကို သရုပ်ပြသော ပုံရိပ်များ သူ့အာရုံ၌ ပေါ်လာသည်။ ဟန်မူယဲ့၏ခန္ဓာကိုယ်တွင် ချီများ စုစည်းလာ၏။

သူ့နောက်တွင် သံမဏိနွားသိုးပုံရိပ်တစ်ခု ပေါ်လာ၏။

သံမဏိနွားသိုးပုံရိပ် ဖြစ်တည်လာခြင်းသည် ကျင့်စဉ်ကို အောင်မြင်ခြင်း၏သင်္ကေတလည်း ဖြစ်သည်။

All Chapters