ရှေးဟောင်း မိစ္ဆာချုပ်နှောင်ကျောက်စိမ်း
Vol. 7 Ch. 85
လောဘကြီးတွန့်တိုခြင်း။ ကျင့်ကြံခြင်းအခြေခံအရပင်လျှင် အမြုတေအထိတိုင်အောင် ကပ်စေးကုပ်မှု။ ယင်းက သူ၏တာအို။ သူ၏ဉာဏ်အလင်းတွင် ရတနာများသည် အရေးအပါဆုံးဖြစ်သည်။ ဤသည်က သူ၏ပထမဆုံး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအောင်မြင်စေသော အရာများဖြစ်သည်။
ထိုအကြောင်းကြောင့် သူ၏ကျင့်ကြံခြင်းနယ်မြေတွင် တားမြစ်မန္တန်များဖြင့် ကာကွယ်ထားသော နေရာအမြောက်အမြားရှိနေခြင်းပင်။ ၄င်းက သူ၏ တစ်သက်တာစုဆောင်းမှုများဖြစ်သည်။ ဤပစ္စည်းအားလုံး စုဆောင်းခြင်းမှာ ဝါသနာတစ်ခုမျှသာ မဟုတ်ဘဲ သူ၏ တာအိုတရားလည်း ဖြစ်သည်။
သူ၏မျက်စိအရှေ့တွင် ထိုအရာအားလုံး ပျောက်ကွယ်နေသည်ကို ကြည့်နေရခြင်းက သူ့ကို ပူဆွေးဝမ်းနည်းမှု၊ ခံပြင်းဒေါသတို့ဖြင့် ပြည့်နှက်သွားစေသည်။
အသက်ဆယ်ရှိုက်စာအတွင်း ဝိညာဉ်ကျောက်တုံးတောင်ကား ပျောက်ကွယ်သွားလေပြီ။ တောင်အောက်တွင် ကြုံရာကျပန်းကျောက်စိမ်းအပိုင်းအစတစ်ခုရှိသည်။ ၄င်းသည်လည်း စကြာဝဠာအိတ်ထဲသို့ စုပ်ယူခံလိုက်ရသည်။
“အဲ့ဒါ ငါ့ရဲ့ ကံကောင်းခြင်းအဆောင်။ ချီးတဲ့မှပဲ။ မန်ဟို ငါ့ကံကောင်းခြင်းအဆောင်ကို ထားခဲ့စမ်း၊မင်း.....” စကားမဆုံးခင် သူ၏မျက်လုံးများ နောက်တဖန် ပြူးထွက်သွားပြန်သည်။ ဝိညာဉ်ကျောက်တုံး အားလုံးယူပြီးနောက် မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း ဟိုကြည့်သည်ကြည့် ကြည့်သည်။ မှီခိုရာဂိုဏ်းချုပ်မှာ ရင်တထိတ်ထိတ်ဖြစ်လာတော့သည်။
မန်ဟို၏အကြည့်ကား သူခိုးဝိဇ္ဇာအကြည့်အတိုင်းပင်။
သူ၏အကြည့်သည် သေးငယ်သောခြံဝိုင်း တစ်ခုအပေါ် ကျရောက်သွားသည်။ အက်ကွဲသွားသည့် တားမြစ်မန္တန် နောက်ကွယ်တွင် အရောင်အမျိုးမျိုးရှိသော ဆေးဖက်ဝင်အပင်များအား မြင်နိုင်၏။ ၄င်းတို့မှာ သာမန်မဟုတ်ကြောင်း ထင်ရှားလေသည်။
ဆေးပင်အချို့သည် ရှန့်ကွမ်းရှိုး၏ ရတနာလိပ်ခွံထဲတွင် ဖော်ပြထားသော အပင်များဖြစ်နေသည်ကို မန်ဟို သတိပြုမိလိုက်သည်။ သူ ရှေ့သို့ ခြေလှမ်းကျဲကျဲ လျှောက်သွားရင်း လက်ချောင်းများ လှုပ်ရှားလိုက်ရာ သစ်သားဓားနှစ်လက် ထွက်ပေါ်လာသည်။ ၎င်းတို့က တားမြစ်မန္တန်ဖြင့် ဖန်တီးထားသောအကာအကွယ်ရှိ အက်ကွဲကြောင်းထဲသို့ စိုက်ဝင်သွားသည်။ အက်ကွဲကြောင်းသည် တဖြေးဖြေး ကျယ်လာ၏။
“မန်ဟို၊ မင်း ငါ့ ရတနာပစ္စည်းတွေကိုလဲ တကယ်ခိုးတော့မှာလား။ ငါက မင်းရဲ့ ဂိုဏ်းချုပ်နော်။ အဲ့ဒီ့နှစ်တွေတစ်လျှောက်လုံး ဒီဆေးပင်ခြံဝန်းကို ရဖို့ ငါ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတာ......” မှီခိုရာဂိုဏ်းချုပ်မှာ ပို၍ပင် စိုးရိမ်သောကရောက်လာတော့သည်။ မြေကြီးအောက်မှ ထစ်ခြုန်းသံမှာ ပို၍ပြင်းထန်လာသော်လည်း မန်ဟိုက မျက်တောင်တစ်ချက်ပင်မခတ်ပေ။ သူ့မှာ နောက်ဆုံး ဒေါသဖြေနိုင်သွားသည့်အတွင် ဝမ်းသာအားရဖြစ်နေချေသည်။
“ငါရဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ….မင်း.. မင်း…မင်း အပင် အကုန်လုံး နှုတ်ပစ်နေတယ်” မှီခိုရာဂိုဏ်းချုပ်၏ ဒေါသကား မိုးထိအောင် ထိုးတက်သွားတော့သည်။ “အဲဒါ ငါ့ရဲ့ တန်ဖိုးအထားရဆုံး ထန်းဖန်းသစ်ပင်ကွ။ သူ အညှောင့် ထွက်လာအောင် ငါ နှစ်ပေါင်းရာချီ ဂရုစိုက်ခဲ့ရတာ။ ဒါကိုတော့ မင်းယူလို့ မရဘူး….” မှီခိုရာဂိုဏ်းချုပ်၏ အော်ဟစ်ကန့်ကွက်နေသံများကြားတွင် မန်ဟိုသည် သင်တုန်းဓားဖြင့်ရှင်းလိုက်သည့်အလား ခြံဝိုင်းမှာ ပြောင်တလင်းခါသွားတော့သည်။ သူက စကြာဝဠာအိတ်ထဲသို့ အကုန်လုံး စုပ်ယူပစ်လိုက်သည်။ သူ သစ်သားဓားနှစ်လက်ပြန်သိမ်းလိုက်ချိန်တွင် ခြံဝိုင်းမှာ လေမုန်တိုင်းကြီး တိုက်ခတ်ခံခဲ့ရသည့်အလား ကျန်ရစ်ခဲ့တော့သည်။
“တော်တော့၊ တော်တော့” ဂိုဏ်းချုပ်က ဗလာကျင်းနေမှုကို လှမ်းကြည့်ရင်း ကပျာကယာ ပြောသည်။ “နားထောင်စမ်း၊ ဂိုဏ်းချုပ်ငယ်လေး၊ ဒီက ဂိုဏ်းချုပ်အိုကြီးအတွက် နည်းနည်းပါးပါးတော့ချန်ခဲ့၊ အကုန်မယူနဲ့... ...မင်းကို ဒီထက်ပိုပြီး ဘာကိုမှ ထိခွင့်မပြုတော့ဘူး၊ မန်ဟို ဂိုဏ်းချုပ် စကားကို နားထောင်။ ဟုတ်ပြီလား။ ဂျူနီယာမျိုးဆက်ဝင်တစ်ယောက်အနေနဲ့ မင်း အနည်းငယ်လေးစားမှုတော့ ရှိသင့်တယ်၊ မင်း.....”
“ကျုပ်က ငယ်ငယ်ထဲက ဒီအတိုင်းပဲ” မန်ဟိုက အေးစက်စက်နှာမှုတ်ပြီး မှီခိုရာဂိုဏ်းချုပ်၏စကားများပြန်သုံးကာ ပြောသည်။ ဘေးဘီဝဲယာအား ကြည့်လိုက်သောအခါ အထီးတည်းရှိနေသော တားမြစ်မန္တန်တစ်ခုကို သူမြင်လိုက်ရ၏။ ၄င်းအောက်တွင် ညှိုးနွမ်းခြောက်ကပ်နေသော သစ်ပင်သုံးပင်ရှိသည်။ သို့သော် သစ်ပင်တစ်ပင်စီတိုင်းတွင် တစ်ချက်တစ်ချက် စွမ်းအင်စက်ကွင်းများဖြင့် လင်းလက်သွားတ်သော သစ်ရွက်တစ်ရွက်ရှိသည်။ ၄င်းမှာ သာမန်ထက်ထူးခြားပုံပေါ်၏။
မန်ဟို ထိုကဲ့သို့အရာမျိုးအား တစ်ခါမှမတွေ့ဖူးသော်လည်း ဤနေရာမှာ မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းနယ်မြေဖြစ်ပြီး ၎င်းကို တားမြစ်မန္တန်တစ်ခုဖြင့် ကာကွယ်ထားသည်ကို စဥ်းစားကြည့်လျှင် ၄င်းမှာ အလွန်အဖိုးထိုက်တန်လိမ့်မည်ဟု သူသိလိုက်သည်။ သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်လာပြီး သူက ခြေလှမ်းကြဲကြဲလျှောက်သွားကာ ပြုပြင်နေဆဲဖြစ်သော တားမြစ်မန္တန်ရှိ အက်ရာတစ်ခုထဲသို့ သစ်သားဓားများ ထိုးစိုက်လိုက်သည်။
“အဲဒါ ငါ့ မိုးကြိုးသစ်ရွက် တွေပဲ။ ဒါတွေက တောင်ပိုင်းဒေသမှာတောင် သိပ်ရှားပါးတဲ့ မိုးကြိုးဓာတ်ဆေးပင်ပဲ” မှီခိုရာဂိုဏ်းချုပ်မှာ ဒေါသတကြီး အော်လာပြန်သည်။ မန်ဟိုက သူ့ကို အဖက်မလုပ်ဘဲ တားမြစ်မန္တန်ရှိ အပေါက်ထံ စကြဝဠာအိတ်ကို မြှောက်လိုက်သည်။ သစ်ပင်များသည် ရှေ့နောက် စတင်ယိမ်းထိုးလာ၏။ ထို့နောက် သစ်ပင်များမှ သစ်ရွက်သုံးရွက် ကျွတ်ထွက်လာပြီး အနက်ရောင်လျှပ်စီးစက်ဝန်းပြတ်သုံးခုအသွင်ပြောင်းကာ စကြဝဠာအိတ်ထဲ ပြေးဝင်သွားသည်။
မှီခိုရာဂိုဏ်းချုပ်အတွက် ပို၍ပင် စိတ်တိုစရာကောင်းသည်က သစ်ရွက်များ သူ့အိတ်ထဲ ရောက်သွားပြီးနောက်တွင်ပင် မန်ဟိုက ရပ်တန့်ခြင်းမရှိပေ။ သစ်ပင်များမှာ ရှေ့နောက်ဆက်လက် ယိမ်းထိုးနေကြပြီး နောက်ဆုံး ရုတ်တရက် မြေကြီးမှ ကျွတ်ထွက်ကာ အမြစ်နှင့်တကွအကုန်လုံး စကြဝဠာအိတ်ထဲ စုပ်ယူခံလိုက်ရသည်။ သစ်ပင်များဘေးက မြေကြီးထဲ စိုက်ဝင်နေသော ခရမ်းရောင်အလံလေးတစ်ခုလည်း အိတ်ထဲသို့ စုပ်ယူခံလိုက်ရသည်။
“မင်း.... မင်းက မိုးကြိုးသစ်ပင်တွေကို အမြစ်ကနေ ဆွဲထုတ်ပြီးတောင်မှ ယူတယ်။ မင်း တကယ် ငါ့ကို ဒေါသထွက်အောင်လုပ်နေတာပဲ။ မန်ဟို ခွေးကောင်လေး၊ လျှပ်စီးအလံကိုလဲ ယူတယ်လား။ အဲ့ဒါက သိပ်အားမကောင်းးဘူး။ ချီအခြေတည်အဆင့်ရဲ့ တိုက်ခိုက်မှုကိုပဲ ကာကွယ်နိုင်တာ။ ဒါပေမယ့် လျှပ်စီးကို စုပ်ယူနိုင်တယ်ကွ။ မိုးကြိုးသစ်ရွက် ကြီးထွားဖို့ မင်း သူ့ကို လိုအပ်တယ်” မှီခိုရာဂိုဏ်းချုပ်မှာ မြေအောက်ခန်းထဲမှ အော်ဟစ်ကြိမ်းမောင်းရင်း နှလုံးသွေးစိမ်းရှင်ရှင်ကျနေတော့သည်။
“ကျုပ်က အမြဲ စိတ်ရှည်တယ်” မန်ဟိုက မှီခိုဂိုဏ်းချုပ်၏စကားများဖြင့် ပြန်ပက်သည်။ “ခင်ဗျားက မှီခိုရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ အခုလောလောဆယ် ဂိုဏ်းတစ်ခုလုံးမှာ ကျုပ်တို့ပဲ ကျန်တော့တာ။ ဂျုူနီယာမျိုးဆက်ဖြစ်တဲ့ ကျုပ် ခင်ဗျားကို ဒေါသထွက်မှာ မဟုတ်ပါဘူး။ တကယ်တော့ ကျုပ်ကို နှစ်တွေတစ်လျှောက်လုံး လူတွေ ကျိန်ဆဲခဲ့ကြတယ်။ အဲဒါ တကယ်တော့ အရေးမကြီးပါဘူး” သူက နောက်တစ်ဖန် သူခိုးကြည့်ကြည့်လိုက်ပြန်သည်။
ယင်းက မှီခိုရာဂိုဏ်းချုပ်၏နှလုံးကို တုံ့ခနဲ ရပ်သွားစေသည်။ မန်ဟို၏ အကြည့်က ဆေးဖက်ဝင်အပင်များရှိသော တခြားနေရာအား ကျော်သွားသည်ကို မြင်သောအခါမှ သူ့မှာ စိတ်သက်ရာရကာ သက်ပြင်းချလိုက်သည်။ သူ၏ကျင့်ကြံခြင်းနယ်မြေတွင် သူ့ဘဝတစ်လျှောက်လုံး စုဆောင်းထားသော ရတနာများရှိသည့်တိုင် ရတနာများကို အဆင့်မြင့်နှင့် အဆင့်နိမ့်ပစ္စည်းများဟူ၍ အမျိုးအစားခွဲခြားနိုင်သေးသည်။
“ငါ့ကလေးကို မထိနဲ့ “ မှီခိုရာဂိုဏ်းချုပ်က တွေးသည်။ “တခြားဟာတွေအားလုံးက ..... မဖြစ်စလောက်ပစ္စည်းလေးတွေပဲ။ ငါလိုချင်ရင် နောက်မှ ပြန်စုဆောင်းလို့ရတယ်” မှီခိုရာဂိုဏ်းချုပ်မှာ အံကြိတ်ထားသော်လည်း သူ့နှလုံးသားမှာတော့ သွေးစိမ်းရှင်ရှင်ကျနေဆဲဖြစ်သည်။ တကယ်တမ်း “ မဖြစ်စလောက်” ဆိုသော စကားလုံးမှာ အားတင်းထားရပုံပေါ်သည်။
အချိန်တိုလေးအတွင်း မန်ဟိုသည် ဆေးဖက်ဝင်အပင်များရှိရာ ခြံဝိုင်းအနည်းငယ်အား ထပ်မံ ရှင်းပစ်ခဲ့သည်။ ထို့နောက် သူက အခြားနေရာသို့ ရွှေ့သွား၏။ မှီခိုရာဂိုဏ်းချုပ်မှာ အံကြိတ်ထားရုံသာ တတ်နိုင်လေသည်။ သူ့မှာ ဒေါသူပုန်ထရက်း မန်ဟို့ကို ဆဲပြီးရင်းသာ ဆဲနေနိုင်သည်။
သူဆဲနေသည့်အချိန် မန်ဟိုက သီချင်း စညည်းသည်။ ၄င်းမှာ ပျော်ရွှင်ဖွယ်တေးသံဖြစ်ပြီး စောစောက မှီခိုရာဂိုဏ်းချုပ် ညည်းနေခဲ့သည်နှင့် တိုက်တိုက်ဆိုင်ဆိုင်တူနေဗသည်။ မှီခိုရာဂိုဏ်းချုပ် ထိုအသံကို ကြားသောအခါ သွေးအန်လုမတတ် စိတ်တိုသွားသည်။ သူ တွေ့ကြုံနေသော ခံစားချက်မှာ ဖော်ပြရန် မဖြစ်နိုင်သော်လည်း မန်ဟို့ဒေါသအတိုင်း တသွေမတိမ်း ဝဋ်ပြန်လည်နေသည်ဟုသာ ဆိုနိုင်တော့သည်။
မန်ဟို ဟိုဟိုသည်သည် ကြည့်နေသည်ကို မှီခိုရာဂိုဏ်းချုပ်က စောင့်ကြည့်နေသည်။ သူ၏အကြည့် ခပ်နိမ့်နိမ့်နံရံတစ်ခုပေါ်သို့ ကျရောက်သွားသောအခါ မှီခိုရာဂိုဏ်းချုပ် ရင်တဒိန်းဒိန်းခုန်လာပြီး ဒေါသတကြီးပြောသည်။ “ခွေးကောင်လေး၊ မင်းက ရက်စက်လွန်းလိုက်တာ။ ငါ မင်းရဲ့အဆိပ်ကို မဖယ်ရှားပေးခဲ့တာပဲရှိတာ။ ပြီးတော့မင်းကို ဆုတောင် ပေးခဲ့သေးတယ်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးကလဲ ဝိညာဉ်ကျောက်တုံးပဲလေ”
မန်ဟိုသည် တားမြစ်မန္တန်အားလုံးနီးပါး၌ အက်ရာများ ရှာဖွေခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် တားမြစ်မန္တန်အားလုံးမှာ ပကတိတိုင်း ပြန်လည်ပြုပြင်ပြီးသွားကြသည်။
သူက ထိုနေရာကို ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေသည်။ ရုတ်တရက် မှီခိုရာဂိုဏ်းချုပ် စကားပြော ရပ်တန့်သွားသည်ကို သူ သတိထားမိလိုက်၏။ သူသည် ဤနယ်မြေရှိ ရတနာများစွာထဲမှ ၃၀ ရာခိုင်နှုန်းခန့်ကိုသာ သိမ်းယူခဲ့ပြီး အများစုမှာ ဆေးပင်များ ဖြစ်သည်။ သူ့မှာ ဒေါသအရှိန် မသေသေးသောကြောင် ပျက်စီးနေသည့် တားမြစ်မန္တန်များကို စစ်ဆေးရန် နောက်တစ်ပတ်ပတ်လိုက်သည်။
သူ စတင်ခဲ့သည့်နေရာသို့ ပြန်ရောက်သောအခါ မျက်မှောင်သွားသည်။ ထိုနေရာတွင် ထူးထူးခြားခြား ဘာမှမရှိဟု ထင်ရသည်။ သူက ဟိုဟိုသည်သည်ကြည့်လိုက်သောအခါ ခပ်နိမ့်နိမ့် နံရံတစ်ခုကို သတိပြုမိလိုက်သည်။ သူ ထိုနေရာသို့ လျှောက်သွါးသောအခါ မှီခိုရာဂိုဏ်းချုပ်က ကောက်ကာငင်ကာ စကားထပ်ပြောသည်။
“ကောင်းပြီ၊ ကောင်းပြီ။ မန်ဟို၊ မင်းက ငါ့ရဲ့ တစ်ယောက်တည်းသော ဆက်ခံသူပဲ” မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို ခပ်နိမ့်နိမ့်နံရံထံ လျှောက်သွားသည်ကို ကြည့်ရင်း ပိုပို၍ စိုးရိမ်လာသည်။ သို့သော် သူ့၏ အသံတွင်တော့ စိုးရိမ်ပူပန်နေမှုကို သတိထားမိနိုင်မည် မဟုတ်ပေ။ သူက အတော်လေးစိတ်ထိခိုက်နေဟန်ပေါက်သော အသံဖြင့်ပြောသည်။ “ငါ မင်းရဲ့ အဆိပ်ကို ဖယ်ရှား ပေးမယ်။ သုံးလပဲစောင့်၊ ငါ ထွက်လာပြီး မင်းကို ကုပေးမယ်။ ပြီးရင်တော့ မင်း ငါ့ရတနာတွေ ပြန်ပေးပေါ့။ ဘယ်လိုလဲ။ စိတ်မပူပါနဲ့၊ ငါက အမြဲတမ်း ငါ့စကားငါ တည်ပါတယ်။ ဒီတစ်ကြိမ်တော့ ဂိုဏ်းနဲ့နာမည်ကို တိုင်တည်ပြီးး ကျိန်ဆိုတယ်၊ ငါမင်းကို သေချာပေါက် မလှည့်စားဘူးကွာ”
မန်ဟိုက လမ်းလျှောက်နေသည်ကို ရပ်ပြီး မြေပြင်ကို ငုံ့ကြည့်သည်။ သူ၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူက ဘာမှမပြောပေ။ သူသည် အတွေးထဲ နစ်မြောနေဟန်ဖြင့် ဟိုနားသည်နားလျှောက်ကြည့်ပြီးနောက်ဆုံး ခပ်နိမ့်နိမ့်နံရံထံ ချဥ်းကပ်သွားသည်။
“အဆိပ် မဖယ်ရှားပေးဘူးလို့ ငါဘယ်တုန်းကမှ မပြောခဲ့ဘူး” ဟု မှီခိုရာဂိုဏ်းချုပ်ကဆိုသည်။ သူ သက်ပြင်းတစ်ချက် ချသည်။ “အဆိပ်ဖယ်ရှားပစ်ဖို့ ငါ့ကျင့်ကြံမှုအခြေခံ တော်တော်လေး စတေးပစ်ရမှာ လို့ပါကွာ။ ငါ အခုလေးတင် စုပ်ယူထားတဲ့စွမ်းအင်တွေ အများကြီး အသုံးချရလိမ့်မှာ” သူ၏အသံသည် နက်ရှိုင်းပြီး လေးနက်ပုံရသော်လည်း တကယ်တော့ မန်ဟို နံရံနားကပ်သွားသည်ကို ရင်တထိတ်ထိတ်ကြည့်နေခြင်း ဖြစ်သည်။
မန်ဟို တိတ်ဆိတ်နေသည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် သူက ရုတ်တရက် ပြောသည်။
“ကျုပ် ဒီနံရံကို ဦးတည်ပြီး လမ်းလျှောက်လာမှ ဘာလို့ စကားစပြောတာလဲ ဂိုဏ်းချုပ်။ ဘာလို့ ရုတ်တရက်ကြီး ကျုပ်ကို အဆိပ်ဖြေပေးဖို့ ပြောနေတာလဲ။ ဒီမှာ ဝှက်ထားတဲ့ အထူး ရတနာတွေ ရှိနေတာများ ဖြစ်နိုင်မလား” ဤစကားများ သူ့နှုတ်မှ ထွက်လာသောအခါ မှီခိုရာဂိုဏ်းချုပ်မှာ မျက်လုံးပြူးသွားတော့သည်။ သူစကားပြောမှားသွားကြောင်း သဘာပေါက်လိုက်ပြီး မန်ဟို့ကို သိပ်ပါးနပ်လွန်းသည့်အတွက် တိတ်တိတ်လေး ကျိန်ဆဲနေတော့သည်။
“ငါက မှန်ကန်တဲ့အရာကို လုပ်ဖို့ ကြိုးစားနေတာပါ” မှီခိုရာဂိုဏ်းချုပ်က အေးစက်စက်နှာမှုတ်ကာ ပြောသည်။ “ကြည့်စမ်း ကလေး ။ မင်း…” သူ့စကားမဆုံးသေးခင်ပင် မန်ဟိုက နံရံကို ခုန်ကျော်လိုက်လေသည်။
ဤသည်က မှီခိုရာဂိုဏ်းချုပ်အား ကြောက်လန့်တုန်ရီသွားစေ၏။ သူ့မှာ ရင်တဒိန်းဒိန်းခုန်လာပြီး ဘီလူးမ သံပုရာသီးကိုက်လိုက်သလို မျက်နှာကြီး ရှုံ့မဲ့လာသည်။ နံရံကိုခုန်ကျော်ပြီးနောက် မန်ဟိုသည် မျက်လုံးဝေ့ကြည့်လိုက်သည်။ ဤနေရာတွင် တားမြစ်မန္တန်တစ်ခုရှိနေချေသည်။
၄င်းက သိပ်ထူးခြားပုံမရပေ။ အထဲတွင် ချိတ်ပိတ်ထားသည်က ကျောက်စိမ်းပြားတစ်ပြား။ တားမြစ်မန္တန်မှာမူ ပြုပြင်မပြီးသေး၍ အက်ရာတချို့ရှိနေသေးသည်။ မန်ဟိုမှာ ထိုကျောက်စိမ်းပြားက မည်သည့်အရာလဲ မသိသည့်တိုင် တုံ့ဆိုင်းမနေဘဲ အင်္ကျီလက်စကို ဝှေ့ယမ်းကာ သစ်သားဓားနှစ်လက်အား မန္တန်ထဲသို့ ထိုးစိုက်စေလိုက်သည်။ သူက အပေါက်ဖြစ်ရန် ထိုးကလန့်ပြီးနောက် စကြဝဠာအိတ်ကိုသုံးကာ ကျောက်စိမ်းပြားအား သိမ်းလိုက်သည်။
မန်ဟို၏အိတ်၌ ကျောက်စိမ်းပြား ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မှီခိုရာဂိုဏ်းချုပ်ကား စူးစူးဝါးဝါး အော်ဟစ်တော့သည်။ မြေကြီးမှာ အက်ကွဲတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ စောစောက မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို သူ၏ရတနာများယူနေသည်ကို ကြည့်ရင်း စိတ်ထိခိုက်နေခဲ့သော်လည်း ဤဒေါသကား အဆများစွာ ပိုမိုပြင်းထန်သည်။
“မန်ဟို၊ မင်း အဲ့ဒီကျောက်စိမ်းပြားကို ယူသွားလို့ မရဘူး။ ငါတောင်မှာ သူ့အနား မသွားဝံ့ဘူး။ အဲဒါက မိတ်ဆွေတစ်ယောက် လုံလုံခြုံခြုံသိမ်းထားဖို့အတွက် ဒီမှာထားခဲ့တဲ့ဟာ။ မင်းမှာ သူ့ကိုထိဖို့ ပင်ကိုယ်စွမ်းရည်လဲမရှိသလို၊ ကံတရားလဲမရှိဘူး။ အဲဒါကို မဖယ်လိုက်နဲ့”
မန်ဟိုက သူ့ကို အဖက်မလုပ်ဘဲ ဓားပျံတစ်လက်ပေါ် လွှားခနဲ ခုန်တက်ကာ ဝဲဂယက်ထွက်ပေါက်ထံ ဦးတည်သွားသည် ။ တစ်ချိန်တည်းမှာပင် သူသည် စကြာဝဠာအိတ်ကိုပုတ်၍ ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ သူက ၄င်းကို မျက်ခုံးနှစ်ဖက်အကြားဖိပြီး စိတ်ဝိညာဥ်စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်၏။ မိစ္ဆာအရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေသော စာလုံးသုံးလုံး သူ့စိတ်ထဲတွင် ပေါ်လာသဖြင့် သူ၏အမူအရာပြောင်းလဲသွားသည်။
“မိစ္ဆာ ချုပ်နှောင် ဂိုဏ်း... …”
“မန်ဟို ၊ ခွေးကောင်လေး ဒီကိုပြန်လာခဲ့စမ်း။ ငါ ဒီချိတ်တံဆိပ်ကို ချိုးဖျက်ပြီးတဲ့အထိတော့ နေနှင့်ဦးပေါ့။ ပြီးရင် မင်းသေပြီပဲ “ မှီခိုရာဂိုဏ်းချုပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်လာစဥ် မန်ဟို၏မျက်လုံးများ ရိပ်ခနဲဖြစ်သွား၏။ သူက ဝဲဂယက်၏ အပေါက်၌ ရပ်ပြီး အောက်ပြန်ငုံ့ကြည့်သည်။
သူ၏မျက်လုံးများ တလက်လက် တောက်ပလာသည်။ မှီခိုရာဂိုဏ်းချုပ်က ဤသည်ကို မြင်သောအခါ ရင်တဒိတ်ဒိတ်ခုန်လာပြန်ပြီး ထူးဆန်းသောခံစားချက်ကြီးတစ်ခု သူ့နှလုံးသားထဲ ပြည့်နှက်သွားသည်။ သူ၏စိတ်နှလုံးထဲတွင် မန်ဟိုမှာ စေ့စပ်သေချာသော သူခိုးဝိဇ္ဇာတစ်ယောက် ပမာပင်။
***