← Chapters

မျိုးဆက်သစ်တွေက စီနီယာတွေနေရာမှာ အစားဝင်လာတယ်။

Vol. 187 Ch. 2664

မျိုးဆက်သစ်တွေက စီနီယာတွေနေရာမှာ အစားဝင်လာတယ်။

Vol. 187 Ch. 2664

ကောင်းကင်ထက်ရှိ နတ်ငှက်၏ အကြည့်များက ရီဖူရှင်းပေါ်၌ ကျရောက်နေခဲ့ရင်း ပြောသည်။

"မင်းရဲ့ ရွေ့လျားခြင်း နည်းစနစ်တွေက လျှို့ဝှက်ဆန်းကြယ်တယ်။ အဲဒါက အရှိန်နှုန်းပေါ်မှာ မူတည်နေရုံပဲ မဟုတ်ဘူး။ ဒါပေမယ့် မင်းက လှုပ်ရှားမှုနည်းစနစ်တွေပဲ သုံးပြီး ငါ့ရဲ့ တိုက်ခိုက်မှုတွေကို ဆက်ရှောင်နေဖို့ ရည်ရွယ်နေတာဆိုရင် အမွေအနှစ်နယ်မြေကို ဝင်ရောက်ဖို့ အတွေးကို ဖျောက်ပစ်လိုက်တော့။"

လျှပ်တပြက်အတွင်း ၎င်းက မူလနေရာသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုသည်မှာ နတ်ငှက်ကြီးထွက်ခွာသွားပြီးနောက် အမွေအနှစ်နယ်မြေအား ခိုးဝင်ရန် ကြံစည်နေသည့် ကျင့်ကြံသူများအား ခြိမ်းခြောက်မှုကို ခံစားမိစေခဲ့သည်။

၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က ပျက်စီးယိုယွင်းနေသည့် အမွေအနှစ်နယ်​မြေရှေ့တွင် မားမားမတ်မတ် စောင့်ကြည့်​နေခဲ့သည်။ ကြည့်ရသည်မှာ ထိုနေရာ၌ နတ်ငှက်သားရဲ ရှိနေသရွေ့ မည်သူမှ အမွေအနှစ်နယ်မြေအတွင်း ခြေမချနိုင်မည့်ပုံရလေသည်။

ရီဖူရှင်းက အမွေအနှစ်နယ်မြေသို့ ရွေ့လျားသွားကာ နတ်ငှက်ကြီး၏ ရှေ့တွင် တစ်ဖန်ပေါ်ပေါက်လာသည်။ သူက ပြောလိုက်၏။

"ကျုပ်ရဲ့ ရွေ့လျားခြင်းနည်းစနစ်တွေကလည်း ကျုပ်မှာရှိတဲ့ စွမ်းရည်တွေရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။"

"ငါ သွားနိုင်တဲ့ အကွာအဝေးကို ကန့်သတ်ခံထားရတာကြောင့်သာ မဟုတ်ရင် ရွေ့လျားခြင်းနည်းစနစ်မှာ မင်း ငါ့ကို ယှဥ်ပြိုင်နိုင်လိမ့်မှာ မဟုတ်ဘူး။"

နတ်ငှက်ကြီးက ရီဖူရှင်းကို တစ်ချက်ကြည့်၍ မောက်မာစွာ ပြောသည်။ သူ့ခေတ်အခါမှ နေ့ရက်များအတွင်း သူသည် တူညီသောကျင့်ကြံဆင့်မှ မျိုးဆက်များအကြား၌ အရှိန်အဟုန်တွင် ပြိုင်ဘက်ကင်း ဖြစ်သည်။

ရီဖူရှင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

"စီနီယာက ဒီ​နေရာမှာ ကန့်သတ်ခံထားရတယ်ဆိုတာကို သတိပြုမိနေမှတော့ ဘာလို့ ဝန်ထုပ်ဝန်ပိုးကို လွှတ်ချပြီး ကျုပ်ကို အမွေအနှစ်နယ်မြေဆီ ဝင်ရောက်ဆက်ခံခွင့်မပြုရတာလဲ။ အဲဒီနောက်မှာ စီနီယာအနေနဲ့ ကျုပ် နောက်ကိုလိုက်ပြီး ကျုပ်တို့အတူ ကျင့်ကြံနိုင်တယ်လေ။ အဲဒါက ကျုပ်တို့နှစ်ယောက်လုံးအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့အခြေအနေ ဖြစ်စေနိုင်တယ်မလား။"

နတ်ငှက်ကြီးက အံ့သြမှက်တက်သွားကာ ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်လာ၏။

"မင်း နောက်ကို လိုက်ရမယ်ဟုတ်လား။ ဘယ်လိုတောင် မတန်မရ ပြောရဲရတာလဲ။"

နတ်ငှက်ကြီးက ရီဖူရှင်းကို စူးစိုက်ကြည့်ရင်း ခပ်အက်အက်အသံနှင့် ပြောလိုက်၏။

"ကြည့်ရတာ အသက်အရွယ်ရတာတော့ ငါ့ ဒေါသက လျော့ကျသွားပုံရတယ်။ လူငယ်တစ်ယောက်ကတောင် ငါ့ရှေ့မှာ အတင့်ရဲပြီး ဒီလိုပြုမူရဲနေပြီ။"

နတ်ငှက်ကြီးက ထိုသို့ပြောပြီးသည်နှင့် ပါးစပ်ကို ဖွင့်၍ အထက်သို့မော့ကာ ပါးစပ်အပြည့် လေကို စုပ်သွင်းလိုက်သည်။ ကြောက်မက်ဖွယ်ဖြစ်လာသည် လေပွေက ချက်ချင်းပင် ကျယ်ပြောသော လေဟာနယ်အတွင်း လွှမ်းခြုံသွားခဲ့၏။ မဟာလမ်းစဥ်စွမ်းအင်လှိုင်းတို့က ၎င်း၏ ပါးစပ်အတွင်း အရူးအမူးတိုးဝင်လာပေသည်။ မုန်တိုင်းသည် မဟာလမ်းစဥ် စွမ်းအားများအားလုံးကို ဝါးမြိုပစ်နိုင်စွမ်း ရှိပုံရလေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သူတို့၏ ဟန်ချက်ကို ထိန်းသိမ်းရန် ခက်ခဲလာခဲ့ပေသည်။ အချို့သော ရန်ဟောင်များက လေပွေကြောင့် တိုက်ရိုက်လွင့်ပါသွားခဲ့ပြီး နတ်ငှက်၏ ပါးစပ်ဆီ ရောက်ရှိသွားခဲ့ပေသည်။

တစ်ယောက်ပြီး တစ်ယောက်သော ရန်ဟောင်များက တုန့်ပြန်ချိန်ပင်မရလိုက်ဘဲ ကြီးမားသော နတ်ငှက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ကြရသည်။

"ဂရုစိုက်။"

တစ်စုံတစ်​ယောက်က အော်ဟစ်လိုက်သည်။ ကျင့်ကြံသူများစွာ၏ မျက်နှာအမူအရာတို့က ဆိုးရွားစွာ ပြောင်းလဲသွားခဲ့သည်။ ရန်ဟောင်များကို မဆိုထားနှင့် နတ်ဘုရားကပ်​ဘေးအဆင့် ကျင့်ကြံသူသည်ပင် လေပွေကို ခံနိုင်စွမ်း မရှိပေ။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်၏ အောက်မှ အချို့သော ကျင့်ကြံသူများသည် ဝါးမြိုခြင်းစွမ်းအားကို ခံနိုင်ရည်မရှိဘဲ နတ်ငှက်ကြီးထံ ဆွဲယူခံလိုက်ရသည်။

စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများရှိသည့်​နေရာတွင် သခင်ချန်က ထိုကြောက်မက်ဖွယ်လေမုန်တိုင်းအား ချက်ချင်း တုန့်ပြန်လိုက်သည်။ သူက အစွမ်းထက်သည့် ကောင်းကင်လမ်းစဥ်ကို သုံးကာ ကျင့်ကြံသူများအားလုံးကို လွှမ်းခြုံ၍ သူတို့အား ဝါးမြိုခြင်းစွမ်းအားမှ စုပ်ယူဝါးမြိုသွားမည်အား တားဆီးထားသည်။

သို့သော် မုန်တိုင်းက ပို၍ ပို၍ ပြင်းထန်လာသည်။ ဝါးမြိုခြင်းစွမ်းအားက ဤကျယ်ပြန့်သည့် လေဟာနယ်အတွင်းမှ အခြားသော မဟာလမ်းစဥ်စွမ်းအားများ တည်ရှိမှုကို တားဆီးထားပုံရလေသည်။ အရာအားလုံးက တဖြေးဖြေးနှင့် ၎င်း၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

ရီဖူရှင်းသည် အားအကောင်းဆုံး ဝါးမြိုခြင်းစွမ်းအားကို ရင်ဆိုင်နေရသည်။ ထိုသည်မှာ နတ်ငှက်ကြီးသည် အစကတည်းက ထိုကြောက်မက်ဖွယ်စွမ်းအားကို သူ့အား ပစ်မှတ်ထား၍ ထုတ်လွှတ်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ သို့သော် သူက ပြင်းထန်သည့် မုန်တိုင်းအလယ်၌ ခိုင်ခိုင်မာမာ ရပ်ကျန်နေခဲ့သည်။ သူ့အား တုန်လှုပ်စေရန် မဖြစ်နိုင်ပေ။ သူ့အကြည့်များက အရှေ့ရှိ နတ်ငှက်ကြီးပေါ်တွင် ရှိနေခဲ့ပေသည်။

မည်သို့ပင်​​ဖြစ်စေ သူသည် သူ့အားဖိနှိပ်လာသည့် ကြောက်မက်ဖွယ် စွမ်းအားကို တူညီစွာ ခံစားခဲ့ရပေသည်။ ထိုဖိနှိပ်လွှမ်းမိုးနိုင်သော မုန်တိုင်းက သူ၏ မဟာလမ်းစဥ်စွမ်းအားကို ကန့်သတ်ထိန်းချုပ်ထုးခဲ့သည်။

ဘုန်း...

ချက်ချင်းပင် နောက်ပြန်ဆုတ်ရမည့်အစား ရီဖူရှင်းက နတ်ငှက်ထံသို့ ပြေးဝင်သွားခဲ့၏။ လေပွေလှိုင်းအား စီးရင်းနှင့် သူ့ကိုယ်သူ နတ်ငှက်ကြီး၏ ပါးစပ်အတွင်းသို့ တည့်မတ်စွာ ပစ်ဝင်သွားစေသည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ပေါ်၌ မဟာလမ်းစဥ် နတ်အလင်းတို့က စီးဆင်းနေပြီး အံ့သြထိတ်လန့်ဖွယ် နတ်ခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။ ပြိုင်ဘက်ကင်းဓားစွမ်းအားတို့က သူ့အနီးတွင် လှုပ်ရှားနေသည်။ ထိုအချိန်တွင် သူက နတ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး လေပွေလှိုင်းများနှင့်အတူ လှုပ်ရှားနေပုံရလေသည်။

အော်မြည်နေသည့် မုန်တိုင်း၏ အလယ်တွင် နတ်ဓားများ တစ်ခုပြီးတစ်ခု ဖွဲ့စည်းလာပုံရသည်။ ဓားတစ်လက်ချင်းစီတိုင်းတွင် ထိတ်လန့်ချောက်ချားဖွယ် နတ်အလင်းတို့ပါဝင်နေပြီး နတ်ငှက်၏ ခန္ဓာကိုယ်အား ထိုးဖောက်ရန် အသင့်ဖြစ်နေသည်။

နတ်ငှက်က ၎င်း၏ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ ၎င်းက လေကို ရှုထုတ်လိုက်ပြီး ဝါးမြိုထားသည့် ကျင့်ကြံသူများအားလုံးကို အန်ထုတ်လိုက်၏။ ထို့အပြင် လေပြင်းက ဦးတည်ရာပြောင်းသွားပြီး ရီဖူရှင်းကို သူ၏ မူလနေရာသို့ ရောက်ရှိသွားစေရန် တွန်းထုတ်လိုက်သည်။ နတ်ငှက်ကြီးက ရီဖူရှင်းအနီးတွင် ဆက်လက်စီးဆင်းနေသော ဓားစွမ်းအားတို့ကို စိုက်ကြည့်နေ၏။ သိသာစွာပင် နတ်ငှက်က သတိကြီးစွာထားပြီး ရီဖူရှင်းတစ်ကိုယ်လုံးကို မြိုမချရဲပေ။

ရီဖူရှင်းက အကြံပေးလိုက်သည်။

"စီနီယာ ကျုပ်က ရွေ့လျားခြင်းနည်းစနစ်နဲ့ ခင်ဗျားရဲ့ တိုက်ခိုက်မှုတွေကို တစ်ချိန်လုံး ရှောင်နေတယ်လို့ ထင်နေတာမလား။ ဒါဆို ဘာလို့ ကျုပ်တို့ ထိပ်တိုက်ရင်မဆိုင်ကြရမှာလဲ။"

"မင်း ကြိုးစားရဲတဲ့ သတ္တိလုံလောက်သရွေ့ ကျုပ်တို့ တိုက်ခိုက်လို့ရတယ်။"

နတ်ငှက်ကြီးက တုန့်ပြန်လိုက်သည်။

ရီဖူရှင်းက လက်နှစ်ဖက်ကို အုပ်ချီလိုက်ပြီး ဗုဒ္ဓအလင်းတို့က ဝေးကွာလှသည့် နေရာအထိ ပျံ့နှံ့သွားကာ ကျယ်ပြောသော လေဟာနယ်အထိ လွှမ်းခြုံသွားသည်။ ကောင်းကင်ထက်တွင် ဗုဒ္ဓ၏ ပုံရိပ်များ ပေါ်ပေါက်လာပြီး နယ်မြေတစ်ခွင်ကို ဖုံးလွှမ်းသွားသည်။ ရီဖူရှင်း၏ ပုံရိပ်ထက်တွင် ကြီးမားသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါး ထွက်ပေါ်လာပြီး သူ့အား လွှမ်းမိုးထားသည်။

ကြီးမားသည့် ရှေးဟောင်းဗုဒ္ဓ၏ ပုံရိပ်က လေထဲသို့ မြောက်တက်လာကာ ကောင်းကင်ထက်၌ ရပ်တန့်နေပြီး အောက်ဘက်ရှိ နတ်ငှက်ကို မျင်နှာမူထားသည်။

အလွန်အစွမ်းထက်သည့် ဖိအားတစ်ခု ကျဆင်းလာသည်။ ဗုဒ္ဓအလင်းတို့ ကျဆင်းလာပြီး ဗုဒ္ဓအသံက ရှေးဟောင်းဗုဒ္ဓကို လှည့်ပတ်နေ၏။ အမှန်တရားခြောက်ပါးက လေဟာနယ်တစ်ခွင်တွင် ပဲ့တင်ထပ်နေသည်။ ရှေးဟောင်းဗုဒ္ဓပုံရိပ်က နတ်ငှက်ကြီး၏ အရွယ်အစားနှင့်တူညီသည်အထိ ကြီးမားလာသည်။ ၎င်းက နေမင်းကို ကွယ်ကာ ကောင်းကင်ကို ဖုံးလွှမ်းထားခဲ့သည်။

ထို့နောက် ရီဖူရှင်းက လက်ကို ဆန့်ထုတ်ကာ လက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။ ကြီးမားသော ​ဗုဒ္ဓသည်လည်း တူညီစွာ ပြုလုပ်ခဲ့ပြီး ကြီးမားသည့် လက်ဝါးကြီးက ကျဆင်းလာသည်။ အနီးဝန်းကျင်လေဟာနယ်တွင် ကြီးမားသည့် ဗုဒ္ဓမှ ထုတ်လွှတ်လိုက်သော ဗုဒ္ဓလက်ဝါးကြီးများ အဆက်မပြတ် ထွက်ပေါ်လာပေသည်။

တခဏအတွင်း ကောင်းကင်တွင်ရှိသည့် ထောင်သောင်းချီသော ဗုဒ္ဓများက တပြိုင်တည်း လှုပ်ရှားလိုက်သလိုပင် ဖြစ်သည်။

"ကောင်းကင်ဗုဒ္ဓအားလုံးရဲ့ ချိပ်စည်း။"

ရီဖူရှင်းက အော်ဟစ်လိုက်သည်။

ဖိနှိပ်လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုနည်းစနစ်က အောက်သို့ ကျဆင်းလာသည်။ ၎င်းတွင် ပြိုင်ဘက်ကင်းစွမ်းအားတို့ ပါဝင်နေ၏။ ယင်းသည် အောက်ဘက်ရှိ နတ်ငှက်၏ပုံရိပ်ပေါ်သို့ ကျရောက်လာခဲ့ပေသည်။

နတ်ငှက်သည်လည်း ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ခံစားမိခဲ့ပေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနက်ရောင်နတ်အလင်းတို့ စီးဆင်းနေခဲ့၏။ ၎င်းက ကောင်းကင်သို့ ထိုးတက်သွားကာ ထက်ရှသည့် လက်သည်းများအား ဆန့်ထုတ်လိုက်သည်။ ထိုလက်သည်းများက ထိတ်လန့်စရာကောင်းလောက်အောင် အစွမ်းထက်လှပြီး မည်းနက်နေသည့်နတ်အလင်းတို့ စီးဆင်းနေသည်။ ၎င်းတို့က တည်ရှိနေသည့်အရာအားလုံးကို စုတ်ဖြဲပစ်နိုင်ပုံရလေသည်။ ၎င်းတို့ကို တစ်ချက်ကြည့်လိုက်သည်နှင့် တစ်စုံတစ်ယောက်၏ ကျောရိုးတလျှောက် စိမ့်တက်ကာ တုန်လှုပ်သွားစေနိုင်စွမ်းရှိသည်။

ထက်ရှသည့်လက်သည်းများက အပြင်ဘက်သို့ ဆန့်ထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် မရေတွက်နိုင်သော အနက်ရောင်လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာပေသည်။ ယင်းတို့က ကောင်းကင်သို့ ထိုးတက်သွားပြီး ကြီးမားသည့် ဗုဒ္ဓလက်ဝါးကို ထိုးဖောက်ရန် ကြိုးစားလာသည်။

ဘန်း...

ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားခဲ့ပေသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်က အပိုင်းပိုင်း ကွဲထွက်သွားပုံရသည်။ အောက်ဘက်ရှိ မြေပြင်တွင်လည်း အက်ကြောင်းများ ပေါ်ပေါက်လာ၏။ ထိပ်တိုက်တွေ့ဆုံသွားသည့် တိုက်ခိုက်မှု၏ အလယ်ဗဟိုတွင် ပို၍ပင် ပြင်းထန်သည့် ထိတ်လန့်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။

ကြီးမားသည့် ရှေးဟောင်းဗုဒ္ဓဖြစ်စေ နတ်ငှက်ကြီးဖြစ်စေ မည်သူမှ နောက်မဆုတ်ခဲ့ကြပေ။ သူတို့က ပတ်ဝန်းကျင်ရှိ မုန်တိုင်းများအား လျစ်လျူရှုကာ တစ်​ယောက်နှင့် တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ ဗုဒ္ဓနှင့် နတ်ဆိုးသားရဲတို့ နှစ်ဖက်လုံးက အချင်းချင်း ဆန့်ကျင်ကာ တိုက်ခိုက်နေခဲ့သည်။

ထို့နောက် ရီဖူရှင်းက မျက်လုံးများကို ဖွင့်ကာ သူ့ပြိုင်ဘက်အား ကြည့်လိုက်သည်။ သူက ချက်ချင်းပင် မျက်ဝန်းပညာရပ်အား ထုတ်သုံးလိုက်ပြီး သူ့စွမ်းအားတို့က ပေါက်ကွဲထွက်လာသည်။ ပြိုင်ဘက်ကင်း ဝိညာဥ်စွမ်းအားမုန်တိုင်းက နတ်ငှက်ကြီး၏ စိတ်အတွင်းသို့ ကျူးကျော်လာခဲ့သည်။

နတ်ငှက်က ၎င်း၏ မျက်လုံးများကို ကျဥ်းမြောင်းသွားစေခဲ့သည်။ ၎င်း၏ စိတ်ထဲတွင် အစွမ်းထက်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် စိတ်ဝိညာဥ်မုန်တိုင်းက ၎င်း၏ စိတ်ထဲကို ကျူးကျော်လာသည့်အခါ ရှေးခေတ်အချိန်မှ နတ်ငှက်ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။ ၎င်းက မဟာအင်ပါယာနှင့်အတူ သူတို့၏ အသိစိတ်ကို ကာကွယ်နေသည်။

ရီဖူရှင်း၏ ပုံရိပ်က နတ်ငှက်ကြီး၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ မဟာလမ်းစဥ် နတ်အလင်းတို့က သူ့ပုံရိပ်ကို လှည့်ပတ်နေ၏။ သူက မဟာအင်ပါယာတစ်ပါး ဖြစ်လာသလို ထင်မှတ်ရသည်။ သူ့ပုံရိပ်မှနေ၍ ဧကရာဇ်၏ စွမ်းအားတို့ကို ထုတ်လွှတ်နေခဲ့သည်။ စိတ်ဝိညာဥ်စွမ်းအားက ခြိမ်းခြောက်နိုင်စွမ်းရှိလှပေသည်။ ၎င်းက မရေတွက်နိုင်သော နတ်ဓားများဖြစ်လာပုံရလေသည်။ နတ်ဓားတစ်လက်ချင်းစီကို စိတ်ဝိညာဥ်စွမ်းအားတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ နတ်ငှက်၏ စိတ်ဝိညာဥ်အတွင်းသို့ ဆက်လက်ကျူးကျော်နေခဲ့၏။ ၎င်းတို့သည် တစ်ဖက်လူ၏ အသိစိတ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားနေခဲ့ပေသည်။

တစ်ချိန်တည်းတွင် ရေခဲကဲ့သို့ အေးစက်မှုတစ်ခုက ၎င်း၏ အသိစိတ်ကို ကျူးကျော်လာပေသည်။ ယင်စွမ်းအားတို့က နတ်ငှက်၏ အသိစိတ်ကို သက်ရောက်လာသည်။

လေဟာနယ်အတွင်း နတ်ငှက်က ဝိညာဥ်စွမ်းအားလောကတစ်ခု ဖြစ်ပေါ်လာစေသည်။ မရေတွက်နိုင်သည့် နတ်ငှက်ပုံရိပ်များက လေဟာနယ်အတွင်း ပေါ်ပေါက်လာပြီး လှည့်ပတ်သွားလာနေသည်။ ၎င်းတို့က ပြိုင်ဘက်ကင်းလှသည့် အလျင်ဖြင့် ရွေ့လျားမှုနည်းစနစ်အပြင် အလွန် အစွမ်းထက်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော်နေကြပေသည်။ ထိုမြင်ကွင်းအတွင်းမှ နတ်ငှက်၏ ပုံရိပ်များက ၎င်း၏ ငယ်ရွယ်စဥ်အချိန်အတောအတွင်းမှ ပုံရိပ်များဖြစ်ပုံရသည်။

လူနှင့် နတ်ဆိုးသားရဲ နှစ်ဖက်လုံးက သူတို့၏ စိတ်ဝိညာဥ်စွမ်းအားတို့ဖြင့် တိုက်ခိုက်နေကြပေသည်။

မရေတွက်နိုင်သော နတ်ဓားများ ပေါ်ပေါက်လာသည်။ နတ်ဓားတစ်လက်ချင်းစီတိုင်းက အလွန် ထက်ရှလှသည်။ ယင်းတို့က ထျန်းကျူးနတ်ဓားများဖြစ်ကြ၏။ ၎င်းတို့သည် နတ်ငှက်ကြီးထံသို့ တပြိုင်တည်းလိုလို ကျဆင်းလာခဲ့ပေသည်။

တစ်ချိန်တည်းတွင် နတ်ငှက်ကလည်း အလွန် သွက်လက်လျင်မြန်လှသည့်အရှိန်နှင့် ရွေ့လျားသွားခဲ့ပြီး ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားသည်။ မရေတွက်နိုင်သည့် နတ်ငှက်ပုံရိပ်များသည်လည်း ထျန်းကျူးနတ်ဓားဖြင့် အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ခဲ့ပေသည်။

ထို့နောက် အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းတွင် ပြင်းထန်သည့် ဝမ်းနည်းပူဆွေးမှုတို့ပါဝင်နေ၏။ ထိုအချိန်၌ ယင်စွမ်းအားတို့က ဆက်လက်ကျူးကျော်လာပြီး နတ်ငှက်၏ စွမ်းအားတို့ကို သက်ရောက်လာစေသည်။ အဆုံးမဲ့တိုက်ခိုက်မှုလှိုင်းများက နတ်ငှက်ကြီး၏ စွမ်းအားတို့ကိုပင် နှေးကွေးသွားစေပုံရလေသည်။

ထို့နောက် ရီဖူရှင်းက ပြောသည်။

"စီနီယာ၊ ခင်ဗျားက ရှေးနတ်ဘုရားတွေရဲ့ ခေတ်ကနေ လာခဲ့တာ။ ဒီနေ့ခေတ် ကျင့်ကြံသူတွေကို တန်းတူအနေနဲ့ မမှတ်ယူနိုင်မှာ သေချာပေါက်ပဲ။ ဒါပေမယ့် အချိန်က အမြဲတမ်း ပြောင်းလဲ​နေတာ။ ခေတ်သစ်ရဲ့ ကျင့်ကြံသူတွေကလည်း နတ်ဘုရားတွေခေတ်က ဂုဏ်သရေကို ပြန်ဖန်တီးနိုင်ကြပါတယ်။ ဘာလို့ အတိတ်ကိုပဲ ဖက်တွယ်နေမှာလဲ။"

ရီဖူရှင်းက မေးလိုက်သည်။

"ဘာလို့ အသစ်ကနေ ပြန်မစတင်တာလဲ။"

သူသည် နတ်ငှက်ကြီးအား အတိတ်ကို ဖက်တွယ်နေကြောင်း ပြောနိုင်ပေသည်။ အပြင်ဘက်လောကမှ ကျင့်ကြံသူများက ၎င်း၏ အမြင်ကို ဖမ်းစားနိုင်ခြင်း မရှိခဲ့ပေ။ ၎င်းက အလွန် မာနကြီးပြီး ပျင်းရိကာ အဖက်မတန်သည့် ဟန်မျိုးဖြင့် ရှိနေခဲ့၏။

"မင်းရဲ့ စွမ်းရည်က တကယ်ကို အထင်ကြီးလောက်စရာပါပဲ။ ဒါပေမယ့် ငါ့ကို ထိန်းချုပ်နိုင်ဖို့တော့ အဝေးကြီးလိုသေးတယ်။"

ရီဖူရှင်း၏ စိတ်ထဲ၌ ပေါ်ပေါက်လာသည့် ရှေးဟောင်းပုံရိပ်က ပြောသည်။ သူတို့နှစ်ယောက်လုံးက သူတို့၏ အသိစိတ်များအတွင်း စကားပြောဆိုနေကြခြင်း ဖြစ်သည်။

"ကျုပ်က ဒီလိုနည်းစနစ်မျိုးတွေကို ကျွမ်းကျင်ပေမယ့် ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ စီနီယာ ခင်ဗျားက ရှေးခေတ်အချိန်ကနေ လာခဲ့တာမို့ ကျုပ် စီနီယာ့ကို လေးစားပါတယ်။ ဒါကြောင့် ကျုပ်က စီနီယာကို ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မှာ မဟုတ်ဘူး။ ဒါပေမယ့် စီနီယာအနေနဲ့ ကျုပ်ရဲ့ လမ်းမှာ ပိတ်နေခဲ့ရင် စီနီယာ လမ်းဖယ်ပေးဖို့ ကျုပ် စွမ်းအားရှိသလောက် အစွမ်းကုန် ကြိုးစားသွားမှာပါ။"

ရီဖူရှင်းက ဆက်ပြောသည်။

"အခု နတ်ဘုရားတွေရဲ့ အမွေအနှစ်နယ်မြေတွေ အမျိုးမျိုးက လောကအတွင်း ပေါ်ပေါက်လာနေတယ်။ စစ်ပွဲတွေကလည်း စတင်နေပြီ။ ဒီနေရာကို ရောက်တာက ကျုပ်အတွက် ကံကြမ္မာပဲ။ ကျုပ်ကို ကောင်းချီးမပေးနိုင်ဘူးလား။"

သူက အတွေးများကို ပို့လွှတ်လိုက်ပြီး သူ့တိုက်ခိုက်မှုများကလည်း မရပ်နားခဲ့ပေ။ ကြောက်မက်ဖွယ်စွမ်းအားနှင့် တိုက်ခိုက်မှုတို့က အဆက်မပြတ် ကျဆင်းလာနေ၏။ ၎င်းတို့က အဆုံးမဲ့ပင် ဖြစ်သည်။

အပြင်ဘက်လောကမှ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ထိုလူနှင့် နတ်ဆိုးသားရဲတို့ မလှုပ်မယှက်ရှိနေသည်ကို ​မြင်လိုက်ရသည်။ သူတို့အားလုံးက ထူးဆန်းသည့် အမူအရာတို့ ထုတ်ဖော်ပြလာပေသည်။ မည်သည်တို့ဖြစ်ပျက်နေသနည်း။

ကြောက်မက်ဖွယ် မဟာလမ်းစဥ်နတ်အလင်းတို့က သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် စီးဆင်းနေခဲ့သည်။ သူတို့က တိုက်ခိုက်နေသည်ဟု ထင်ရသော်လည်း အရာအားလုံးက ငြိမ်သက်နေခဲ့ပေသည်။

"သူတို့က စိတ်စွမ်းအားနဲ့ တိုက်ခိုက်နေတာပဲ။"

တစ်စုံတစ်ယောက်က ​ပြောသည်။

"အဲဒါ မှန်တယ်။ ဒီလို တိုက်ပွဲမျိုးက ပိုပြီး အန္တရာယ်များတယ်။"

နောက်တစ်ယောက်က မှတ်ချက်ချလိုက်၏။

လူအုပ်ကြီး၏ အကြည့်များက သူတို့ထံတွင် တိုက်ရိုက်ကျရောက်နေခဲ့သည်။ တစ်စုံတစ်ယောက်က ရှေ့သို့တက်လာကာ သူတို့အား တိုက်ခိုက်ရန် အခွင့်အရေးကို အမိအရယူချင်ခဲ့သည်။ သို့သော် သခင်ချန်၊ ဟွာဂျီယူနှင့် အခြားလူများက ရှေ့သို့ တက်လာခဲ့ကြသည်။ သူတို့က တိုက်ပွဲမြေပြင်နှင့် လူအုပ်ကြားတွင် ရပ်ကာ အခြားလူများ ချောင်းမြောင်းတိုက်ခိုက်ခြင်း မပြုနိုင်စေရန် တားဆီးထားသည်။

ဤသည်မှာ အခြားကျင့်ကြံသူများကို မျက်မှောင်ကြုတ်သွားစေသည်။ သို့သော် ထိုစဥ်တွင် ကြီးမားသည့် ပုံရိပ်နှစ်ခုက တပြိုင်တည်းလိုလို နောက်သို့ ပျံသန်းဆုတ်ခွာသွားခဲ့ကြ၏။ ဗုဒ္ဓပုံရိပ်က ပြိုကျပျက်စီးသွားပြီး နတ်ငှက်ကြီးသည်လည်း ၎င်း၏ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ရီဖူရှင်းက ကောင်းကင်တွင် မျောလွင့်ကာ အောက်သို့ ငုံ့ကြည့်နေခဲ့သည်။ သူ့ပုံရိပ်ပေါ်မှ မဟာလမ်းစဥ်၏ အရှိန်အဝါက ပြန်လည်ရုတ်သိမ်းပြီးသွားခဲ့ပြီ ဖြစ်သည်။

အနိုင်ရသူကို ဆုံးဖြတ်ပြီးသွားခဲ့ပြီလား။ ပတ်ဝန်းကျင်ရှိလူများက ချက်ချင်း ရပ်တန့်လိုက်ပြီး တိုက်ခိုက်မှုရပ်စဲလိုက်သည့် လူနှင့် နတ်ဆိုးသားရဲတို့အား ကြည့်လိုက်ကြသည်။

ဤတိုက်ပွဲ၏ အဆုံးသတ်ရလဒ်က မည်သို့ဖြစ်သနည်း။

All Chapters