← Chapters

နတ်ဆိုးဧကရာဇ်လား။

Vol. 187 Ch. 2665

နတ်ဆိုးဧကရာဇ်လား။

Vol. 187 Ch. 2665

နတ်ငှက်ကြီး၏ ကြီးမားသော မျက်လုံးများက ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။ သူတို့အချင်းချင်း တိုက်ခိုက်နေသည့် အချိန်အတောအတွင်း ကိစ္စများစွာကို ခံစားမိခဲ့သည်။

ထို့အပြင် ရီဖူရှင်းပြောသည်မှာ မှန်ကန်ပေသည်။ နတ်ဘုရားများ၏ အမွေအနှစ်နယ်မြေက အသက်ဝင်လာပြီ ဖြစ်သည်။ ၎င်းက လောကစစ်ပွဲဖြစ်ပေါ်ရန် အစပြုလာခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းကင်လမ်းစဥ်၏ သံသရာစက်ဝန်းဖြစ်နိုင်သလား။

"မင်း ဝင်လို့ရပြီ။"

နတ်ငှက်က ခပ်အက်အက်အသံနှင့် ပြောသည်။

နတ်ငှက်ကြီးက ဘေးသို့ ဖယ်လိုက်သည်။ ၎င်းသည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ နှလုံးသားတို့ကို တုန်ယင်သွားစေခဲ့သည်။

နတ်ငှက်ကြီးက ဘေးဖယ်ကာ ရီဖူရှင်းကို အမွေအနှစ်နယ်မြေအတွင်း ဝင်ခွင့်ပြုလိုက်သည်။

ရီဖူရှင်းက ၎င်း၏ အသိအမှတ်ပြုမှုကို ရရှိသွားသည်ဟု ဆိုလိုသည်လား။

"စီနီယာ ကျေးဇူးအများကြီးတင်ပါတယ်။"

ရီဖူရှင်းက ပြောသည်။ သူက ပြန်လှည့်ကာ သခင်ချန်နှင့် အခြားလူများကို တစ်ချက်ကြည့်ရင်း ပြောသည်။

"သူတို့အားလုံးက ကျုပ်ရဲ့ မိတ်ဆွေကောင်းတွေပဲ။"

"မင်းတို့အားလုံး အတူတူဝင်သွားလို့ရတယ်။"

နတ်ငှက်ကြီးက ပြောသည်။ ၎င်းသည် ရီဖူရှင်းက သူတို့ကို ရည်ညွှန်းပြောဆိုရသည့် ရည်ရွယ်ချက်ကို နားလည်ပေသည်။ ၎င်း၏ အကြည့်များက အဖွဲ့အတွင်းမှ လူအနည်းငယ်ထံ ကျရောက်သွားခဲ့သည်။ သူတို့ထဲမှ အချို့က သူနှင့်အတူတူပင် ဖြစ်သည်။ သူတို့က လူသားအသွင်ပြောင်းထားသည့် နတ်ဆိုးသားရဲများဖြစ်လေသည်။

ရီဖူရှင်းက အရိုအသေပေးလိုက်သည်။ ထို့နောက် သူက သူ့အဖွဲ့ကို ဦးဆောင်ကာ နတ်ငှက်ကြီးအား ဖြတ်ကျော်၍ သားရဲမှ စောင့်ကြပ်နေသည့် ရှေးဟောင်းအမွေအနှစ်မြေဆီသို့ ဦးတည်သွားလေသည်။

အမွေအနှစ်နယ်မြေက သဲများ၏ အောက်ခြေတွင် မြှုပ်နှံခံထားရသည်။ ၎င်းက မရေတွက်နိုင်သည့် အချိန်ကာလ၏ တိုက်စားမှုကို ခံခဲ့ရသကဲ့သို့ ရှေးကျသည့် အငွေ့အသက်တို့ ပေးစွမ်းနေသည်။ ဤပျက်စီးယိုယွင်းနေသည့် နတ်နန်းတော်ဟောင်းက နှစ်ပေါင်းမရေတွက်နိုင်အောင် တည်ရှိခဲ့သော်လည်း ကြမ်းတမ်းသည့် ရာသီဥတု၏ တိုက်စားသွားခြင်းကို မခံခဲ့ရပေ။ ရီဖူရှင်းနှင့် သူ့အဖွဲ့က နတ်နန်းတော်၏ တံခါးဆီသို့ ရောက်ရှိလာကာ တွန်းဖွင့်လိုက်သည်။

တံခါးက အလွန် လေးလံလှ၏။ ရီဖူရှင်းသည် ၎င်းကို တွန်းဖွင့်ရန် များပြားလှသည့် ခွန်အားကို အသုံးပြုခဲ့ရသည်။ နတ်နန်းတော်အတွင်းမှ ရှေးဟောင်းအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်ထဲ ပျံနှံ့စိမ့်ဝင်သွားသည်။ သူတို့သည် နန်းတော်ထဲသို့ မဝင်ခင် အသက်ပြင်းပြင်းရှုလိုက်ကြပြီး သတိကြီးကြီးထားကာ ရှေ့ဆက်သွားခဲ့ကြသည်။

နတ်နန်းတော်အား စောင့်ကြပ်နေသည့် နတ်ငှက်ကြီးက သူတို့ကို ဝင်ရောက်ရန် ခွင့်ပြုပေးခဲ့လျှင်ပင် သူတို့က သတိထားမှုကို လျှော့ချနိုင်ခြင်းမရှိခဲ့ပေ။ နတ်ဘုရားများ၏ ဂူသင်္ချိုင်းအတွင်း၌ အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သည်။

ကျင့်ကြံသူများစွာ၏ နတ်အာရုံများက ရီဖူရှင်းနှင့် သူ့အဖွဲ့နောက်သို့ လိုက်သွားခဲ့သော်လည်း ယင်းတို့က နန်းတော်အပြင်ဘက်တွင် ပိတ်ဆို့တားဆီးခံလိုက်ရသည်။ ရီဖူရှင်းတို့အဖွဲ့ နန်းတော်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ ကျင့်ကြံသူများ၏ အမူအရာတို့က ပြောင်းလဲသွားခဲ့ပေသည်။ ထိုအချိန်တွင် သူတို့ရှေ့၌ ကြီးမားသည့် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထိုသည်မှာ အခြားမဟုတ်ဘဲ နတ်ငှက်ကြီးပင် ဖြစ်သည်။ ၎င်းက ရှေးဟောင်းအမွေအနှစ်မြေ၏ အရှေ့၌ ထပ်မံစောင့်ကြပ်နေခဲ့ပေသည်။

"မင်းတို့အားလုံး ထွက်သွားလို့ရပြီ။"

နတ်ငှက်ကြီးက သူ၏ ကြီးမားသော မျက်လုံးများနှင့် အောက်ဘက်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်ရင်း ပြောသည်။ ဤအမွေအနှစ်နယ်မြေက ယခုတွင် ပိုင်ရှင်ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

အားလုံးသော ကျင့်ကြံသူများက နတ်ငှက်ကြီးကို စိုက်ကြည့်လိုက်ကြသည်။ သူတို့သည် နန်းတော်သို့ ဖောက်ဝင်ရန် သေလုနီးပါးဖြစ်နေသော်လည်း သူတို့က နတ်ငှက်ကြီးကို အနိုင်ယူရန် မတိုက်ခိုက်နိုင်ကြသည်မှာ ရှင်းလင်းပေသည်။ သူတို့က သားရဲကို ဆက်လက်တိုက်ခိုက်နေရန်မှာ အဓိပ်ပါယျမရှိ ဖြစ်ပေလိမ့်မည်။ သူတို့က ၎င်းကို အနိုင်ယူနိုင်ခဲ့လျှင်ပင် ကောင်းကင်တူအား ပိုင်ဆိုင်ထားသည့် ရီဖူရှင်းကို ဆန့်ကျင်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်သေးပေ။

ထိုသည်ကိုကြည့်လျှင် သူတို့က ဤအမွေအနှစ်တို့ကို လက်လျှော့လိုက်ရန်သာ တတ်နိုင်ပေသည်။

သူတို့ထဲမှအချို့က မည်သည့်တွေဝေခြင်းမှမရှိဘဲ ထိုနေရာကို ချန်ထားရစ်ခဲ့ကြသည်။ နတ်ဘုရားတို့၏ ဂူသင်္ချိုင်းအတွင်းတွင် အမွေအနှစ်ပေါင်းများစွာ ရှိသည်။ ဤနေရာက သူတို့နှင့် မသက်ဆိုင်တော့သည်ဖြစ်ရာ အခြားနေရာများတွင် ကံကြမ္မာအခွင့်အလမ်းများကို သွားရှာရန် ဆုံးဖြတ်လိုက်သည်က ပိုကောင်းပေလိမ့်မည်။

တစ်ယောက်ပြီး တစ်ယောက်က ကောင်းကင်သို့တက်ကာ ထွက်ခွာသွားကြသည်။ မကြာခင်တွင် ဤနေရာ၌ စုဝေးနေသည့် ကျင့်ကြံသူများအားလုံးက ဤနေရာကို လက်လျှော့သွားကာ ပျောက်ကွယ်သွားကြပေသည်။ သူတို့ထွက်ခွာသွားပြီးနောက် အခြားကျင့်ကြံသူများ ရောက်လာကြသည်။ သို့သော် ခြွင်းချက်မရှိ မည်သူမှ နတ်ငှက်ကြီး၏ ခုခံကာကွယ်မှုကိုမချိုးဖျက်နိုင်ခဲ့ကြပေ။ အများစုမှာ သားရဲထံမှ ကောင်းကောင်းရိုက်နှက်ခံခဲ့ကြရပေသည်။ သူတို့ထဲမှအချို့မှာ ဤနေရာ၌ပင် သေဆုံးခဲ့ကြရသည်။

...

ရီဖူရှင်းနှင့် အခြားလူများက ရှေးဟောင်းနန်းတော်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ အဓိကနန်းတော်အတွင်း နောက်ထပ်လေဟာနယ်နယ်မြေတစ်ခု ရှိနေသည်။ ၎င်းက လွတ်လပ်သည့်နယ်မြေတစ်ခုဖြစ်ပုံရသည်။ သို့သော် လေဟာနယ်က အလွန် အစွမ်းထက်သည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသော အပျက်အစီးများနှင့် ပြည့်နှက်နေသည်။ အချို့မှာ ကြောက်မက်ဖွယ် နတ်ဆိုးချီများကိုပင် ထုတ်လွှတ်နေခဲ့သည်။

"ဒါက မိစ္ဆာနတ်ဘုရားတစ်ပါးရဲ့လောကတစ်ခုပဲ။"

ရီဖူရှင်းက ခပ်တိုးတိုးပြောသည်။ သူက အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ နတ်ငှက်၏ စောင့်ကြပ်ခြင်းကို ခံနေရသည့် ဤနေရာက မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် သက်ဆိုင်နေသည်။ ဤနေရာ၏ အရှင်သခင်မှာ နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်နိုင်ပေသည်။

"ဒီမှာအလောင်းတွေ အများကြီးပဲ။"

တစ်စုံတစ်ယောက်က ပြောသည်။ သူတို့က မြေပြင်ပေါ်မှ နတ်ဆိုးသားရဲများ၏ အလောင်းများအား ကြည့်လိုက်ကြသည်။ ၎င်းတို့က ကျောက်ရုပ်တုများကဲ့သို့ ဖြစ်သည်။ အားလုံးက အသက်စွမ်းအားများကို ဆုံးရှုံးထားကြပေသည်။

ရှေးခေတ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲက အလွန်တရာ ကြောက်မက်ဖွယ်ဖြစ်လာသည် ကောင်းလှသည်။ နတ်ငှက်ကြီးက မည်သို့ ရှင်သန်နေရန် လုပ်ဆောင်နိုင်ခဲ့သနည်းဟု ရီဖူရှင်းက တိတ်တဆိတ် တွေးလိုက်သည်။ ၎င်းက ဤပျက်စီးနေသော လောကအတွင်း နေထိုင်ရန်မှာ အလွန်ကောင်းမွန်သော ကံတရားရှိမှ ရပေလိမ့်မည်။

ဤသည်မှာ ရှေးခေတ်ကုန်းမြေတစ်ခုပေါ်ရှိ နတ်ဘုရားတို့၏ဂူသင်္ချိုင်းဖြစ်ပေသည်။ နတ်ဘုရားတို့၏ အဆုံးသတ်ဟုကျော်ကြားသည့် ထိုအချိန်ကာလအတွင်း မဟာအင်ပါယာများစွာ သုတ်သင်ခံခဲ့ရကာ ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးခဲ့ရသည်။ ထိုခေတ်၌ရှိသော ကျင့်ကြံသူများက သူတို့၏ အဆုံးသတ်နှင့် တွေ့ဆုံခဲ့ရပေသည်။

"ဟိုနေရာကို ကြည့်လိုက်။"

တစ်ယောက်က ပြောသည်။

ထိုနေရာရှိ အလွန်ပြင်းထန်သည့် ဖိအားတစ်ခုက ဤလွတ်လပ်သောလောကကို လွှမ်းခြုံထားခဲ့ပေသည်။ ရီဖူရှင်းတို့အဖွဲ့က ရှေ့သို့ဆက်လျှောက်သွားခဲ့ကြသည်။ မိစ္ဆာနတ်ဘုရားတောင်တန်းတစ်ခုက ဤလောကအတွင်းပေါ်ပေါက်လာသည်။ နတ်ဆိုးသားရဲ ရုပ်တုများက ထို​နေရာတွင် တည်ရှိနေခဲ့သည်။

သို့သော် မိစ္ဆာနတ်ဘုရားတောင်တန်း၏ ထိပ်ဖျားတွင် နတ်ဆိုးဧကရာဇ်ဖြစ်စေ နတ်ဆိုးသားရဲများ၏ ရုပ်တုများဖြစ်စေ ရှိနေသည့် မည်သည့်လက္ခဏာမှ မရှိနေပေ။

ထိုထိပ်ဖျားတွင် အစိမ်းရောင် သမန်းမြက်တစ်ပင်သာ ရှိနေသည်။

ထိုသမန်းမြက်ပင်သည်သာ ဤလောကအတွင်း တစ်ခုတည်းသော ရှင်သန်နေသည့်အရာ ဖြစ်ပုံရသည်။ ထိုသမန်းမြက်ထံမှ ဖိအားများ ထုတ်လွှတ်နေခဲ့၏။ ထိုသည်ကိုကြည့်လျှင် နတ်ငှက်ကြီးက နန်းတော်အတွင်းမှ အင်ပါယာစွမ်းအားများကို ချေးငှားအသုံးပြုသည့်အခါ ထိုစွမ်းအားများက ဤသမန်းထံမှ ရောက်ရှိလာခဲ့သည်လား။ ၎င်းမှ ပြိုင်ဘက်ကင်း အင်ပါယာစွမ်းအားတို့ကို ထုတ်လွှတ်နေခဲ့သည်။

ထိုမြက်က အလွန် သေးငယ်လှပြီး လေနှင့်အတူ ယိမ်းနွဲ့နေသည်။ ၎င်းကို နင်းမိရုံနှင့် သေသွားတော့မလို ထင်မှတ်ရပေသည်။ သို့သော် ထိုထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါတို့ကို ၎င်းသမန်း​မြက်မှ ထုတ်လွှတ်နေခြင်းဖြစ်သည်။ ယင်းက အပင်များကြားမှ ဧကရာဇ်တစ်ပါးဖြစ်နေသကဲ့သို့ပင် ဖြစ်ပေသည်။ ၎င်းသည် လောကရှိ လူအများ၏ ဝပ်တွားခယမှုကို ရယူရင်း တောင်ထိပ်တွင် ဝင့်ကြွားစွာ တည်ရှိနေခဲ့သည်။

"ဒါက နတ်ဆိုးဧကရာဇ်လား။"

ရီဖူရှင်း၏ နောက်မှ လူများသ​ည်လည်း ထူးဆန်းသော အကြည့်တို့နှင့် ရှိနေကြသည်။ ဤသမန်းမြက်တစ်ပင်က မဟာအင်ပါယာတစ်ပါးဖြစ်လာရန် ကျင့်ကြံခဲ့သ​ည်လား။

ရှေးခေတ်နတ်ဘုရားများ၏ ဂုဏ်သရေနှင့် အောင်မြင်ဖြစ်ထွန်းမှုက သူတို့၏ ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေပြီးဖြစ်သည်။

သို့သော် ပျက်သုဥ်းနေသောလောကအတွင်း ဤသမန်းမြက်တစ်ပင်သာလျှင် ရှင်သန်ကျန်ရစ်ပေသည်။ ရီဖူရှင်းသည် နတ်ငှက်ကြီး ဤအတောအတွင်း ရှင်သန်နိုင်ခဲ့သည်မှာ ထိုသမန်းမြက်ကြောင့် ​ဖြစ်လေသလားဟု သံသယဖြစ်မိလေသည်။ ၎င်းတွင် မရှိမဖြစ်လိုအပ်သည့် အသက်စွမ်းအင်ရှိနေသည်။

၎င်းသည် ဤရှေးဟောင်းလောကအတွင်း ထာဝရရှင်သန်နေရင်း သင့်တော်မှန်ကန်သူထွက်ပေါ်လာရန် စောင့်ဆိုင်းနေခဲ့သည်။

"အဲဒါ နတ်ဆိုးဧကရာဇ်တစ်ပါးကနေ သမန်းမြက်အဖြစ်ပြောင်းလဲထားတာ ဖြစ်ရမယ်။"

တစ်စုံတစ်ယောက်က ပြောသည်။ သူသည် သမန်းမြက်လေးက ကျင့်ကြံပြီး မဟာအင်ပါယာတစ်ပါး​ဖြစ်လာသည်ကို မယုံကြည်နိုင်ပေ။ သက်ရှိအရာအားလုံးတွင် ဝိညာဥ်များရှိကြပြီး ဝိညာဥ်ရတနာများနှင့် နတ်ဘုရားလက်နက်များသည်ပင် အသိစိတ်နိုးထလာနိုင်ကြသည်။ သစ်ပင်ပန်းမာန်များအားလုံးတွင် မူလကတည်းက ဝိညာဥ်များရှိကြသော်လည်း ကျင့်ကြံသူများသည် သမန်းမြက်ပင်လေးက မဟာအင်ပါယာတစ်ပါးဖြစ်လာသည့်တိုင် ကျင့်ကြံပြီး နတ်ဆိုးများအားလုံးကို အုပ်စိုးသည်ဟု ယုံကြည်ရန် ခက်ခဲနေကြသည်။

"ဒီအရှိန်အဝါတွေ ထွက်ပေါ်နေတဲ့ သမန်းမြက်က နတ်ဆိုးအားလုံးရဲ့ အရှင်သခင်ပဲ။ ဒီနေရာမှာ သေဆုံးနေတဲ့ နတ်ဆိုးသားရဲတွေက မူလအသွင်သဏ္ဌာန်နဲ့ချည်းပဲ။ အဲဒီလိုဆိုရင် နတ်ဆိုးဧကရာဇ်အတွက်လ​ည်း အတူတူပဲဖြစ်မယ်။ သူ့ရဲ့ မူလခန္ဓာက တကယ်ပဲ အဲဒီသမန်းမြက်ဖြစ်နိုင်တယ်။"

ရီဖူရှင်းက ပြောသည်။

သမန်းမြက်ကို ကြည့်နေသည့် သူ့မျက်လုံးများထဲတွင် ထူးခြားသည့် အကြည့်တို့ရှိ​နေခဲ့၏။ ရုတ်တရက် သူ့မျက်လုံးများရှေ့မှ လောကက ပြောင်းလဲသွားပုံရပြီး သူက ထိတ်လန့်အံ့သြဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပေသည်။

ပုံရိပ်ယောင်မြင်ကွင်းအတွင်း ထိုသမန်းမြက်က ထိုမျှ သေးငယ်ခြင်းမရှိပေ။ ထို့အစား ၎င်းက ထူးထူးခြားခြား ရှည်လျားကာကြီးထွားနေပြီး ဆန္ဒရှိသလို ယိမ်းနွဲ့နေခဲ့သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖြတ်တောက်နိုင်လောက်သည့် လောကအတွင်း အထက်ရှဆုံး သမန်းမြက်ဟု ထင်မှတ်ရပေသည်။

ရီဖူရှင်းက လူသားသဏ္ဌာန်ပုံရိပ်ကိုလည်း ခပ်ရေးရေး မြင်တွေ့နေရသည်။ ထိုပုံရိပ်က ခမ်းနားထည်ဝါပြီး နတ်ဆိုးများအားလုံးကို အုပ်စိုးခဲ့သည်။ သူက မိစ္ဆာနတ်ဘုရားတောင်ထိပ်တွင် ရပ်နေခဲ့၏။ လျှပ်တပြက်အတွင်း သူ့ပုံရိပ်က ဝေးကွာလှသည့် အကွာအဝေးအထိ ခရီးဆန့်နိုင်သည်။ သူ၏ လှုပ်ရှားမှုနည်းစနစ်က နတ်ငှက်ကြီးကဲ့သို့ ပြိုင်ဘက်ကင်းပေသည်။ ကြည့်ရသည်မှာ စွမ်းရည်မြင့်မားသည့် နတ်ဆိုးနည်းစနစ်များကို ကျင့်ကြံသည့်ပုံရလေသည်။

ရီဖူရှင်းသည် ထိုပုံရိပ်ယောင်မြင်ကွင်းကို မြင်လိုက်ရသည်နှင့် စိတ်လှုပ်ရှားသွားခဲ့ပေသည်။ အချိန်အတော်ကြာပြီးနောက် သူက လက်ရှိအခြေအနေသို့ပြန်လည်ရောက်ရှိလာသည်။ သူက လူတိုင်းကိုပြောလိုက်၏။

"ဒါက မမှားနိုင်ဘူး။ ဒီသမန်းမြက်က မဟာအင်ပါယာ သေဆုံးတဲ့အချိန်မှာ မွေးဖွားလာတာ။ အသက်စွမ်းအားတစ်ခုကို အဲဒီထဲမှာ ထိန်းသိမ်းထားပြီး ဒီနေရာမှာ အချိန်အကြာကြီး ရှင်သန်နေနိုင်အောင် ခွင့်ပြုပေးထားတယ်။ မင်းတို့ထဲက တစ်ယောက်ယောက်များ ​ဒီမြက်ပင်ကို အမွေဆက်ခံနိုင်ရင် မဟာအင်ပါယာတစ်ပါးရဲ့ ပညာရပ်တွေကို ဆက်ခံရရှိနိုင်လိမ့်မယ်။"

ရီဖူရှင်းကိုယ်တိုင်မှာ ပညာရပ်များကို အောင်မြင်စွာ ဆက်ခံရရှိနိုင်ရန် အခွင့်အရေးအမြင့်ဆုံးဖြစ်သည်။ အဆုံးမှာတော့ သူက အမွေအနှစ်ရိတ်သိမ်းသူအဖြစ် သရဖူဆောင်းနိုင်လေသည်။ အမွေအနှစ်ဆက်ခံမှုမျိုးတွင် လူနည်းစုသာလျှင် သူ့အား အနိုင်ယူနိုင်မည်ဖြစ်သည်။

သို့သော် သူက ပညာရပ်များစွာကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ယခုတွင် သူ့နောက်မှလိုက်ပါလာသူများ၏ အကျိုးကို ကြည့်ပေးရမည့်အချိန်ဖြစ်လေသည်။

စီဝေ့အင်ပါယာနန်းတော်၏ အနာဂတ်က သူတစ်ယောက်တည်းမဟုတ်ဘဲ လူတိုင်း လက်ထဲတွင် တည်ရှိနေခြင်းဖြစ်သည်။

သူတို့လူစုက ရီဖူရှင်း၏ စကားကိုကြားသည့်အခါ သူတို့က သူ့ရည်ရွယ်ချက်ကို နားလည်ခဲ့ကြသည်။ သူသည် ဤ​နေရာကို စောင့်ကြပ်နေသော စောင့်ရှောက်သူနတ်သားရဲ နတ်ငှက်ကြီးကို အနိုင်ယူကာ သူတို့အတွက် လမ်းဖောက်ပေးခြင်း ဖြစ်ပေသည်။ သို့သော် သူကိုယ်တိုင်က ဤနေရာရှိ ပညာရပ်များကို ဆက်ခံရန် အစီအစဥ်မရှိပေ။ ထို့အစား သူက သူတို့ကိုသာ ထိုပညာရပ်အား နားလည်သဘောပေါက်အောင် လုပ်စေလိုပေသည်။ ရီဖူရှင်း၏ သဒ္ဓါတရားက လေးစားဖွယ်ပင် ဖြစ်သည်။

အဆုံးမတော့ မဟာအင်ပါယာများ၏ ပညာရပ်များကို များပြားစွာ ပိုင်ဆိုင်ရသည်အား မည်သူက မကြိုက်ဘဲနေပါမည်နည်း။

သူတို့က ရီဖူရှင်း၏ ကမ်းလှမ်းမှုကို ချက်ချင်းလက်ခံလိုက်ကြသည်။ သူတို့အားလုံးက တင်ပျဥ်ခွေထိုင်ချလိုက်ကြပြီး သူတို့အကြည့်များက တောင်ထိပ်ရှိ သမန်းမြက်ထံသို့ ကျရောက်သွားကြသည်။ သူတို့က တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့ကြ၏။

ရီဖူရှင်းက သူတို့ကို အခွင့်အရေးပေးခဲ့၏။ သူတို့သည် အောင်မြင်ရန် တူညီသည့် အခွင့်အရေးတစ်ခု ရရှိကြပေသည်။ သူတို့က ပညာရပ်များအား သူတို့ကိုယ်တိုင် နားလည်သဘောပေါက်အောင် လေ့လာကြရမည် ဖြစ်သည်။ သင်ယူခြင်း၌ အရင်ဆုံး အောင်မြင်သွားသည့် မည်သူမဆို မဟာအင်ပါယာ၏ လမ်းညွှန်ချက်များကို ရရှိပေလိမ့်မည်။ မည်သူကမှ ၎င်းအတွက် တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။ စီဝေ့အင်ပါယာနန်းတော် လက်အောက်မှ ကျင့်ကြံခြင်းဓလေ့တွင် ကျင့်ကြံသူများအကြား ခိုက်ရန်ဖြစ်ပွားမှုဟူ၍ မရှိပေ။

လူတိုင်းက တရားထိုင်ခြင်း၌ နစ်မြုပ်နေကြသည်။ ဘေးဘက်တွင် ရီဖူရှင်းက ဤပျက်စီးခြင်းလေဟာနယ်အတွင်း စူးစမ်းလေ့လာနေ၏။ သူသည် တစ်စုံတစ်ခုက မလွယ်ကူသလို ခံစားနေရပေသည်။ သူတို့သည် မဟာအင်ပါယာများ၏ အမွေအနှစ်တို့ကို နှစ်ကြိမ်ဆက်တိုက် တွေ့ကြုံခဲ့ရသည်။ ဤတစ်ခုပြီးသည့်နောက် သူတို့ကို နောက်ထပ်အမွေအနှစ်များစွာ စောင့်ဆိုင်းနေပေလိမ့်ဦးမည်။

ခေတ်သစ်ကျင့်ကြံသူတစ်ယောက်အနေနှင့် ရှေးခေတ်နတ်ဘုရားများက မည်မျှခမ်းနားထည်ဝါကြောင်း ခန့်မှန်းရန် ခက်ခဲပေသည်။

ဤတစ်ကြိမ် နတ်ဘုရားများ၏ ဂူသင်္ချိုင်း ထွက်ပေါ်လာမှုတွင် လောကတစ်ခုလုံး မည်သို့ပြောင်းလဲသွားလိမ့်မည်နည်း။

ဤသည်က ကြီးမားလှသည့် ကံကြမ္မာအခွင့်အလမ်းတစ်ခု ဖြစ်သည်။ တူညီစွာပင် ၎င်းက ကျင့်ကြံသူများစွာအတွက် အန္တရာယ်လည်း ဖြစ်ပေသည်။ သို့သော် ဤအဖြစ်အပျက်ပြီးသည့်နောက် ကျင့်ကြံခြင်းလောကက ပြန်လည်သက်ဝင်နိုးကြားလာလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး၏ အပြောင်းအလဲများက မူလဘုံမှ စတင်သည်။ ရီဖူရှင်းသည် ဤကြီးမားသည့် ကံအခွင့်အလမ်းများအတွင်း စီဝေ့အင်ပါယာနန်းတော်က အကျိုးအမြတ်မည်မျှများများ ရိတ်သိမ်းနိုင်မည်ကို သိချင်မိပေသည်။

All Chapters