← Chapters

ငါ စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၃)ရဲ့ အထွတ်အထိပ်ကို ရောက်ရမယ်

Vol. 7 Ch. 87

ငါ စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၃)ရဲ့ အထွတ်အထိပ်ကို ရောက်ရမယ်

Vol. 7 Ch. 87

“မန်ဟို.....” မှီခိုရာဂိုဏ်းချုပ်က အံ့တင်းတင်းကြိတ်လိုက်သည်။ သူ့မှာအတော်လေး ဝမ်းနည်းကြေကွဲနေပြီး ပို၍ပင် နောင်တရနေချေပြီ။ ဤသို့ဖြစ်မည်ကိုသာ သူကြိုသိခဲ့ပါက မန်ဟို့ကို ကောင်းကောင်းမွန်မွန် ပြောခဲ့မည်ဖြစ်သည်။

မန်ဟို ဤမျှရက်စက်လိမ့်မည်ဟု သူ မည်သို့တွေးနိုင်ခဲ့မည်နည်းး။ သူ၏ရက်စက်မှုကို အသာထား၊ သူ့တွင် စကြဝဠာအိတ်တစ်လုံးရှိနေသည်။ စကြဝဠာအိတ်ကို အသာထား၊ သူက စဦးချီစုစည်းမှုအဆင့် (၁၀ )သို့ ဝင်ရောက်သွားခဲ့လေပြီ။

သူ့အရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် သူ့မှာ ကျစရာမျက်ရည်မရှိသော်လည်း ရင်ဘတ်စည်တီးသာ ငိုကြွေးလိုက်ချင်သည်။ သူ့မှာ ရှေ့ဆက်ဖြစ်လာမည့်အရေး ကြိုတွေးရင်း ရင်တဒိတ်ဒိတ်ခုန်ကာ အံသာကြိတ်နေနိုင်သည်။ ရုတ်တရက် မိစ္ဆာချုပ်နှောင်ကျောက်စိမ်း၏ လိုအပ်ချက်များကို သူသတိရလိုက်သည်။ စဦးချီဖွဲ့စည်းမှုအဆင့် (၁၃ ) ရောက်ခဲ့ပြီးသော လူတစ်ယောက်သာလျှင် ၄င်းကို ယူဆောင်အသုံးပြုနိုင်သည်။ အရင်နေ့ရက်များမှာတုန်းက အစုတ်အပဲ့အဘိုးကြီးတွေ သူ့ကို ထိုအကြောင်း ပြောပြခဲ့စဥ်က သူ မထီမဲ့မြင်ပြုခဲ့သည်။ မိစ္ဆာချုပ်နှောင်ဂိုဏ်း၏အမွေအနှစ် အနာဂတ်မျိုးဆက်သစ်များထံ ဆက်လက်မရောက်ရှိအောင် ဟန့်တားးနိုင်မည်ဟု သူယုံကြည်ခဲ့သည်။ သို့သော် ယခု မန်ဟို စဦးချီဖွဲ့စည်းမှုအဆင့် (၁၁ )ထံ ဝင်ရောက်နေသည်ကို သူမြင်ရသောအခါ သူ၏ တုန်လှုပ်နေသော နှလုံးသားသည် စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်လာခဲ့သည်။

သူ့အတွက် ကံဆိုးစွာပင် အံတင်းတင်းကြိတ်ပြီး စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူနိုင်သမျှ စုပ်ယူနေရန်မှတစ်ပါး အခြားမရှိပေ။ မန်ဟို့ထက်ပိုပြီး စုပ်ယူရန်လိုအပ်သည့်အပြင် ထိုထက်လည်းမြန်ရမည်ဖြစ်သည်။ သူ့အရှေ့က ဖုန်းရွှေသံလိုက် ပကတိအတိုင်း ပြုပြင်ပြီးရန် လိုအပ်ပြီး မန်ဟို့ ရှေ့ဆက်မတက်စေရန် ဟန့်တားရဦးမည်။

မြေကြီးအတွင်း နစ်ဝင်ပြီး ဖုန်းရွှေသံလိုက်ဆီ စုပ်ယူခံနေရသော စိတ်ဝိညာဥ်စွမ်းအင်မှာ အနီရောင်တောက်တောက်ဖြစ်သည်။ ၄င်းမှာ ၄င်း ဖြတ်ကျော်သွားသည့် မြေကြီးထဲမှ တစ်စုံတရာကို စုပ်ယူနေသယောင် ထင်ရသည်။

“ချီးတဲ့မှပဲ မန်ဟို။ မင်းကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ ပေးခဲ့မိတာနဲ့ အဆိပ်မဖြေပေးခဲ့တာပဲ ရှိတာပါ၊ မင်းဒီလောက်နဲ့ ထွက်သွားဖို့ မလုံလောက်သေးဘူးလား။ မင်း မကျေနပ် သေးဘူးလား။ အခုချိန်ထိ ငါက မင်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ ရှိနေသေးတယ်နော်” မှီခိုရာဂိုဏ်းချုပ်မှာ အမှားကြီးမှားခဲ့မိပြီဟု ခံစားနေရတော့သည်။

မန်ဟိုမှာမူ သူ့တစ်ကိုယ်လုံးတွင် ထစ်ခြုန်းသံကြီးတစ်သံ ပြည့်နှက်နေသည်။ အတွင်းသို့ စုပ်ယူခံနေရသော ဆီမီးအိမ်များ၏ စိတ်ဝိညာဉ်စွမ်းအင် ၂၀ရာခိုင်နှုန်းဖြင့် သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်နေပြီး ပြောင်းလဲနေကြောင်း သူခံစားရသည်။ ပြောင်းလဲမှုက သူ၏အမြုတေပင်လယ်တွင် ဖြစ်ပွားနေသည်။ ၎င်းသည် ပို၍ကြီးမားလာပြီး သူ၏ချီလမ်းကြောင်းများလည်း ပို၍ တုတ်ခိုင်လာသည်။ ဘန်းခနဲ အသံကြီး သူ၏ခေါင်းထဲတွင် မြည်ဟည်းသွားပြီး နောက်တစ်ဆင့်သို့ ဖောက်ထွက်နေပြီဖြစ်ကြောင်း သူအာရုံရလိုက်သည်။

စဦးချီဖွဲ့စည်းမှု အဆင့် (၁၁)

သူ၏အမြုတေပင်လယ်သည် သူ၏တစ်ကိုယ်လုံးကို ဖြည့်ရန် ပြန့်ကားလာသည်။ ဤကဲ့သို့သော အမြုတေပင်လယ် အမျိုးအစားသည် စဦးချီဖွဲ့စည်းမှုအဆင့်ရှိသူတစ်ယောက်အတွက် အမှန်တကယ် မဖြစ်နိုင်ပေ။ ၎င်း၏ ကြီးကျယ်ခမ်းနားမှုသည် အနာဂတ်တွင် အဆုံးမရှိသောတိုးတက်မှုနှင့် အကန့်အသတ်မရှိသော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်စေမည်ဖြစ်သည်။

မန်ဟိုအတွက် ထိုကဲ့သိ့အမြုတေပင်လယ်ဖြင့် ချီအခြေတည်ခြင်းအဆင့်သို့ ရောက်ရှိရန် ပို၍ ခက်ခဲလိမ့်မည်။ သို့သော်...... အောင်မြင်ခဲ့ပါက သူသည် အဆင့်တူသူတစ်ဦးထက် နှစ်ဆ အစွမ်းထက်ပေလိမ့်မည်။

စဦးချီဖွဲ့စည်းမှုအဆင့် (၁၁) ကား ခန္ဓာကိုယ်သန့်စင်ခြင်း မဟုတ်ဘဲ အမြုတေပင်လယ်ပင်။

အမြုတေပင်လယ်၏ အတိုင်းအတာက မန်ဟို၏ ခန္ဓာကိုယ်ကို မိုးခြိမ်းသံတမျှ ကျယ်လောင်သော ထစ်ခြုန်းသံကြီးဖြင့် ပြည့်နှက်နေစေသည်။ စိတ်ဝိညာဥ်စွမ်းအင်သည် သူ့ကိုယ်ထဲတွင် ပင်လယ်ကဲ့သို့ အကန့်အသတ်မရှိ ပြည့်သျှံနေ၏။ အမြုတေပင်လယ်၏ လှိုင်းလုံးများသည် အတောမသတ်နိုင်အောင် တဝုန်းဝုန်းရိုက်ခတ်လျက်ရှိသည်။

မန်ဟိုက မျက်လုံးများကို ဖွင့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ သူရှုရှိုက်လိုက်သော လေသံသည် မိုးထစ်ချုန်းသံကဲ့သို့ပင်။ သူက မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် မျက်လုံးများ လင်းလက်တောက်ပနေရင်း ထရပ်သည်။ သူက နောက်ထပ် ခြေတစ်လှမ်းလှမ်းသည်။ ထို့နောက် နှစ်လှမ်း။ သုံးလှမ်း။

ယခု သူသည် ဆီမီးအိမ်၇လုံးအား ထိနိုင်သည်အထိ နီးကပ်နေသော နေရာတွင် ရပ်နေလေပြီ။ သူကား ၎င်းတို့ထံမှ စိတ်ဝိညာဉ်စွမ်းအင် ၃၀ ရာခိုင်နှုန်းကို စုပ်ယူနေပြီ ဖြစ်သည်။

၃၀ရာခိုင်နှုန်းသည် များစွာသော ပမာဏဟု မထင်ရသော်လည်း မန်ဟိုသာ စဦးချီဖွဲ့စည်းမှုအဆင့်၁၀သို့ ရောက်ရှိမနေပါက ဖြစ်နိုင်မည်မဟုတ်ပေ။ယင်းက မိုးကောင်းကင်မှ ကံတရားကို ခိုးယူနိုင်သည့် စဦးချီဖွဲ့စည်းမှုအဆင့် မဟုတ်ပါလော။

“မန်ဟို၊ မင်း အခုထိ မပြီးသေးဘူးလား...

..” မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို ရှေ့သို့ သုံးလှမ်းလှမ်းလိုက်သည်ကို ကြည့်ရင်း ပို၍ပင် စိုးရိမ်သောကရောက်သွားသည်။ မန်ဟိုသာ အဆင့် ( ၁၂ ) တက်သွားပါက မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို အသုံးပြုနိုင်ရန် လက်တစ်လှမ်းသာ ကွာဝေးပေတော့မည်။

“အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်” မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ “ကျုပ် မကြာခင် ပြီးတော့မှာပါ” သူက မျက်လုံးများကို ပိတ်ပြီး စိတ်ဝိညာဥ်စွမ်းအင်များကို သူ့ကိုယ်တွင်းသို့ စတင်စုပ်ယူတော့သည်။ သူ စဦးချီဖွဲ့စည်းမှုအဆင့် (၁၂ ) သို့ ဝင်ရောက်သွားသည်နှင့် သူ၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်လာသည်။

ရှေးအချိန်များကတည်းက ဘယ်သူမှ..... စဦးချီဖွဲ့စည်းမှုအဆင့် (၁၂) သို့ မဝင်ရောက်ခဲ့ဖူးပေ။

ထိုသို့ဝင်ရောက်သွားသည့် အခိုက်အတန့်၌ မန်ဟိုသည် စိတ်ထဲ၌ ပြင်းထန်သော နာကျင်မှု ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိညာဉ်အာရုံက မည်သည့် နေရာကိုမှ ထွက်မသွားပေ။ သို့သော် သူ့မှာ စိတ်နှစ်ခြမ်း ခွဲခံနေရသည့်အလား ခံစားရသည်။ ယခုတွင်..... သူ့စိတ်ထဲ၌ စီးကြောင်းတစ်ကြောင်းကဲ့သို့ အရာတစ်ခုကို သူခံစားလိုက်ရသည်။

ဤသည်ကား.... အသိပင်လယ်ဖြစ်သည်။

မျက်မှောက်ကာလတွင် စဦးချီဖွဲ့စည်းမှုအဆင့်မှ ချီအခြေတည်အဆင့်သို့ ချိုးဖောက် ဝင်ရောက်သွားသော ကျင့်ကြံသူများသည် ဘာမှမရှိသည်မှ အသိပင်လယ်ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ များသောအားဖြင့် ဤအသိပင်လယ်မျိုးမှာ အလွန်ကြီးမားမည် မဟုတ်ပေ။ ၎င်းက ပင်ကိုယ်စွမ်းရည်နှင့် မသက်ဆိုင်ဘဲ အသုံးပြုသည့်နည်းလမ်းဖြင့်သာ ဆက်စပ်မှုရှိသည်။သိသာစွာပင် အသိပင်လယ်ကြီးမားလေလေ၊ စွမ်းအားများများ ထိန်းသိမ်းနိုင်လေလေဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံ အကန့်အသတ်မရှိလေလေ ဖြစ်မည်။

ရှေးယခင်က ကျင့်ကြံသူများသည် စဦးချီဖွဲ့စည်းမှုအဆင့် (၁၂) ပြီးမှ ချီအခြေတည်အဆင့်သို့ ချိုးဖောက်ဝင်ရောက်လိုကြသည်။ အဘယ်ကြောင့်ဆိုသော် အဆင့် (၁၂) က အသိပင်လယ် ပွင့်သည့်အချိန်ဖြစ်၍ပင်။ ဤကဲ့သို့ ကျင့်ကြံခြင်းအားဖြင့် အသိပင်လယ်သည် အခြားသော ချီအခြေတည်အဆင့်ရောက်ရှိနေသူများထက် အဆများစွာပို၍ အစွမ်းထက်မည်ဖြစ်သည်။

မျက်မှောက်ကာလ ကျင့်ကြံခြင်းလောကတွင် မန်ဟိုသည် စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၂ ) ရောက်ရှိသွားသော ပထမဆုံး ကျင့်ကြံသူ ဖြစ်သည်။ ဤသတင်း ပျံနှံ့သွားခဲ့လျှင် ကျင်ကြံခြင်းလောကတစ်ခုလုံး တုန်လှုပ်သွားမည် ဖြစ်သည်။

ယခုအချိန်တွင်တော့ မှီခိုရာဂိုဏ်းချုပ် တုန်လှုပ်နေသည်။ သူ့မှာ မန်ဟို၏ အရင် စဦးချီဖွဲ့စည်းမှုအဆင့် (၉ )မှာ ယခု အဆင့် (၁၂) သို့ တက်သွားခဲ့သည်ကို ရှင်းရှင်းလင်းလင်းကြီးမြင်နေရသဖြင့် မန်ဟို့ကို တွေတွေကြီးသာ ကြည့်နေနိုင်တော့သည်။ သူ့မှာ ဘာပြောရမည်လဲ မသိတော့ပေ။

“..ရှေးအရင်တုန်းက “သူက ခပ်တိုးတိုးရေရွတ်သည်။ “ ဒဏ္ဍာရီတွေမှာ စဦးချီဖွဲ့စည်းမှုရဲ့ မဟာစက်ဝန်းက အဆင့် (၁၃ )မှာ ပြီးမြောက်နိုင်တယ်လို့ ဆိုခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ထဲက ဒီလိုအရာမျိုး မြင်တွေ့ရခဲတယ် ။ စဦးချီဖွဲ့စည်းမှု အဆင့် (၁၃) က မိုးကောင်းကင်ရဲ့ကံကြမ္မာနဲ့ဆက်နွှယ်နေပြီးတော့.. ကျင့်ကြံသူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်ကို ပြောင်းလဲနိုင်တယ် ပြောကြတယ်။ သိပ်အများကြီးတော့ မပြောင်းလဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ပင်ကိုယ်စွမ်းရည်ဆိုတာ မိုးကောင်းကင်က မွေးဖွားပေးခဲ့တဲ့အရာပဲ။ ဒါကြောင့် ပြောင်းလဲမှုနည်းနည်းလေးကတောင်မှ သေချာပေါက် မိုးကောင်းကင်ကို ဆန့်ကျယ်တာ ဖြစ်လိမ့်မယ်

“ဘယ်နှစ်တုန်းကလဲ မမှတ်မိတော့ပေမယ့် မိစ္ဆာချုပ်နှောင်ဂိုဏ်းက သောက်အဘိုးကြီးတွေ ငါက မယုံနိုင်လောက်အောင် ကံကောင်းတယ်ဆိုပြီး ကြွားဝါခဲ့တာ.......ဒါပေမယ့် ငါနဲ့ယှဉ်ရင် ဒီကလေးက ကံကောင်းတဲ့တစ်ယောက်ပဲ။ ချီးပဲ ဒီကောင် သိပ်ကံကောင်းလွန်းတယ်။ ငါ ဘယ်လိုလုပ် သွားရန်စမိတာလဲကွာ”

မှီခိုရာဂိုဏ်းချုပ် ရေရွတ်နေစဥ် မန်ဟိုက မျက်လုံးများဖွင့်လိုက်သည်။ ၎င်းတို့သည် နက်နဲသိမ်မွေ့သောအလင်းရောင်တစ်ခုဖြင့် တောက်ပနေ၏။ သူ့မှာ ခေါင်းထဲတွင် နှစ်ခြမ်းကွဲနေသောနာကျင်မှုကို ခံစားနေရသော်လည်း ထိုနာကျင်မှုအတွင်း မကြုံစဖူး ရှင်းလင်းမှုတစ်ခုကိုလည်း သူအာရုံရလိုက်သည်။

သူ ကြည့်လိုက်သောအခါ ကမ္ဘာကြီးသည် ကွဲပြားခြားနားနေပုံရသော်လည်း မည်သည့်အရာများက မတူညီဖြစ်နေသည်ကို သူ အတပ် မပြောနိုင်ပေ။ အရာအားလုံးမှာ ယခုတွင် သူအရင်က တစ်ခါမှ သတိမထားမိခဲ့သည့် အလင်းရောင်များဖြင့် ထွန်းလင်းတောက်ပနေသည်။

ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ စုပ်ယူနိုင်စွမ်းအတိုင်းအတာဂိတ်ဆုံးသို ရောက်နေကြောင်းသိသည့်အလား ပြင်းထန်သောဆွဲအားကြီးသည် လွင့်စင်ပျောက်ကွယ်တော့မည့်ပုံပေါ်နေသည်။

မကြာခင် သူ ဆီမီးအိမ်မှ စုပ်ယူနေသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏသည် ၃၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းသို့ ကျဆင်းသွား၏။

ဤအခြင်းအရာက မန်ဟို့ကို မျက်မှောင်ကြုတ်သွားစေသည်။ သူ၏ ကျင့်ကြံမှုအခြေခံမှာ အထွတ်အထိပ်သို့ မရောက်သေးကြောင်း သူပြောနိုင်သည်.. သူသည် လက်ရှိအလွှာပြီးလျှင် နောက်တစ်လွှာရှိသေးကြောင်း အာရုံရနေ၏။ ချီဖွဲ့စည်းမှု၏ မဟာစက်ဝန်းကို သူခံစားနိုင်သည်။

၎င်းသည် အားကောင်းသော ခံစားချက်တစ်ခု ဖြစ်သော်လည်း ဆွဲအားမှာ အားနည်းသထက် အားနည်းလာနေရာ သူ့အတွက် နောက်တစ်ဆင့်မှာ ထာဝရပိတ်နေမည့်အလား ထင်ရသည်။

“ ဟား ဟား။ ငါပြောတဲ့ အတိုင်းပဲ” မှီခိုရာဂိုဏ်းချုပ်က မျက်လုံးများ တဖိတ်ဖိတ်လက်နေရင်း ရယ်သည်။ “စဦးချီဖွဲ့စည်းမှုအဆင့် (၁၃)က ဟိုးအရင်တုန်းကတောင် ရှားပါးခဲ့တာ။ ဒီလိုဒဏ္ဍာရီလာ အရာမျိုးက မတည်ရှိဘူးလိုပဲ ပြောနိုင်တယ်။ အဆင့် (၁၂) က နောက်ဆုံး ကန့်သတ်ချက်ပဲ။ မန်ဟို၊ မင်းဒီထက် ထပ်ကြိုးစားဖို့ မလိုဘူး။ မြန်မြန် နောက်ဆုတ်လိုက်။ ငါ့ မဟာအကြံအစည်ရဲ့ လမ်းကို ဝင်မရှုပ်နဲ့။ မင်းဒီလိုလုပ်နေမယ်ဆိုရင် ငါ ထွက်လာတဲ့အထိ စောင့်ပြီး မင်းကို ဘယ်လိုအလဲသိပ်ပေးမလဲကြည့်။ မင်းကို ဆုံးမပေးဖို့တယ်၊ ခွေးကောင်လေး” မန်ဟိုသည် စိတ်ဝိညာဥ်စွမ်းအင်တချို့ စုပ်ယူသွားသည့်တိုင် ၄င်းမှာ သိပ်များသောပမာဏမဟုတ်ပေ။ သူ၏ မဟာအကြံအစည် အထမြောက်စေရန် လုံလောက်သည်အထိ ကျန်ရှိနေသေးသည်။ ထို့ပြင် မန်ဟို အဆင့် (၁၃) သို့ မရောက်လျှင် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းအား အသုံးပြုရန် လိုအပ်သည့်ပင်ကိုယ်စွမ်းရည် ဘယ်နည်းနှင့်မှ ပိုင်ဆိုင်မည်မဟုတ်ပေ။

“ဒီကလေးရဲ့ ကံကောင်းတာကလည်း သိပ် အံ့သြစရာမရှိပုံပဲ”  မှီခိုရာဂိုဏ်းချုပ်က အားရကျေနပ်စွာ ပြောသည်။ သို့သော် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ သူ့တွင် ခေါင်းမာတတ်သော စရိုက် ရှိလေသည်။ ယခု သူသည် စဦးချီဖွဲ့စည်းမှုအဆင့် (၁၂) သို့ ရောက်ရှိခဲ့ပြီး နောက်အဆင့်၏ အရိပ်အယောင်ကို ဖျတ်ခနဲမြင်လိုက်ရသည့်အတွက် အဆင့်တက်ရန် တတ်နိုင်သမျှအစွမ်းကုန် ကြိုးစားမည်ဖြစ်သည်။

“ဆွဲအားက အားနည်းလာနေပြီ..... ငါ စိတ်ဝိညာဉ်စွမ်းအင်ကို ဘယ်လိုထပ်စုပ်ယူနိုင်မလဲ  “ မန်ဟို့စိတ်ထဲတွင် ဖြစ်နိုင်ချေ ထောင်ပေါင်းများစွာ လည်ပတ်နေပြီး နောက်ဆုံး သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်လာပြီး သူက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သစ်သားဓားနှစ်လက် ထွက်လာသည်။

မန်ဟိုက ၄င်းတို့ကို ကြည့်ပြီး အံကြိတ်ကာ တစ်လက်ကို သူ့ထံသို့ ဦးတည်ပျံသန်းစေလိုက်သည်။ ဓားက မန်ဟို ခုတ်ပိုင်းလိုက်သဖြင့် မှီခိုရာဂိုဏ်းချုပ် မှင်သက်သွလေသည်။ မကြာမီ သူ့ခန္ဓာကိုယ်အား ပြတ်ရှဒဏ်ရာဆယ်ချက်ကျော် ဖုံးလွှမ်းသွားသည်။

ဓားက သွေးထွက်သံယိုဒဏ်ရာများရအောင် သူ့ခန္ဓာကိုယ်တွင် လှီးဖြတ်နေသည်ကို မန်ဟို အံတင်းတင်းကြိတ်ကာ တောင့်ခံနေ၏။ သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပနေသည်။ သွေးများ ဒဏ်ရာမှ စီးထွက်လာသည်တွင် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဥ်စွမ်းအားလည်း စိမ့်ထွက်နေသည်ကို မန်ဟိုခံစားလိုက်ရသည်။

ဤသည်က သူလိုချင်သောအရာပင်။

သူ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအား စိမ့်ထွက်သွားသည်နှင့် သူ့ကိုယ်တွင်းရှိ ဆွဲအားသည် ရုတ်တရက်တုန်ခါသွားပြီးနောက် တဖြေးဖြေး အားကောင်းလာသည်။ ထိုသို့ဖြစ်ပျက်လာသောအခါ မန်ဟိုက စိတ်ပိုင်းဖြတ်လိုက်၏။ သူသည် ဒုတိယဓားကို ထိန်းချုပ်ရင်း နှစ်လက်လုံးကို သူ၏ပတ်လည်တွင် ပျံသန်းစေကာ သူ၏ခန္ဓာကိုယ်ကို ထပ်တလဲလဲလှီးဖြတ်စေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အသားအား ပြတ်ရှဒဏ်ရာတစ်ရာကျော် နီးပါး ဖုံးလွှမ်းသွားလေသည်။

ဒဏ်ရာများက သူ့၏ အပြင်အားကိုယ်စွမ်းအားကို လှုပ်ရှားစေပြီး တစ်ချိန်တည်းမှာပင် သူ့ကိုယ်အတွင်းရှိ ဆွဲအားကား အားကောင်းသထက် အားကောင်းလာသည်။

မှီခိုရာဂိုဏ်းချုပ်မှာတော့ မှင်သက်နေသည်။ မန်ဟို ထိုကဲ့သို့သော နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု သူ၏ အိမ်မက်ဆိုးများတွင်ပင် တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ သွေးထွက်သံယိုဒဏ်ရာများနှင့် မန်ဟို၏မျက်လုံးများထဲက ခိုင်မာပြတ်သားသောစိတ်ဆန္ဒကို မြင်ရသောအခါ မန်ဟို မည်မျှ ရက်စက်ကြမ်းကြုတ်နိုင်ကြောင်း သူလေးလေးနက်နက် တွေးမိသွားသည်။ သူ့ကိုယ်သူပင် ဤမျှရက်စက်နိုင်လျှင် တခြားသူများအပေါ်၌ မည်မျှသွေးအေးစွာ ဆက်ဆံနိုင်မည်နည်း။

ဒဏ်ရာ များလာသည်နှင့်အမျှ ဆွဲအားသည် ပို၍အားကောင်းလာ၏။ သူ မီးအိမ်များမှ စုပ်ယူထားသည့် စိတ်ဝိညာဉ်စွမ်းအင်ပမာဏသည် ၁၀ ရာခိုင်နှုန်းမှ ၄၀ရာခိုင်နှုန်းထိ ခုန်တက်သွား၏။ သို့သော် စိတ်ဝိညာဉ် စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည့်တိုင် သူသည် နောက်အဆင့်ကို မဖောက်ထွက်နိုင်သေးပေ။

အချိန်အတန်ကြာပြီးနောက် မန်ဟိုက ရယ်သည်။ သူက အေးစက်သောအပြုံးတစ်ခုဖြင့် ညာလက်ကို မြှောက်ကာ သစ်သားဓား တစ်လက်ကို သူ့ရင်ဘတ်ထံ ပျံဝင်လာစေသည်။ ၎င်းက သူ့ကို ထုတ်ချင်းဖောက်သွားရာ သွေးများ ပန်းထွက်လာသည်။ သူ၏ပါးစပ်မှလည်း သွေးများ ပန်းထွက်သွား၏။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ် အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်ပမာဏ ထိုးကျသွားသည်။ ဤသည်က တစ်ဖန် ဆွဲအားကို ရာခိုင်နှုန်းများစွာ ခုန်တက်သွားစေသည်။

ယခုအချိန်တွင် သူသည် ဆီမီးအိမ်၇လုံးမှ လာနေသာ စိတ်ဝိညာဉ်စွမ်းအင်၏ ၅၀ ရာခိုင်နှုန်းကိုစုပ်ယူနေလေပြီ။

ဝုန်းခနဲအသံတစ်သံ ထွက်ပေါ်လာ၏။ မန်ဟိုသည် အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအင်ဖြင့် အဆင့်နှစ်ဆင့်ကြားရှိ အတားအဆီးထံ အလုံးစုံတွန်းပို့လိုက်သည်။ သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သစ်သားဓားများသည် နောက်တစ်ဖန် သူ၏ခန္ဓာကိုယ်ကို လှီးဖြတ်လိုက်သည်။ မီးအိမ်၇လုံးမှ စိတ်ဝိညာဉ်စွမ်းအင်များ ရိုက်ခတ်လှုပ်ရှားလာ၏။ ယခုတွင် မန်ဟိုသည် ၇၀ ရာခိုင်နှုန်းစုပ်ယူနေပြီဖြစ်သည်။

ဤနည်းဖြင့် မန်ဟိုသည် စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၂ )မှ အဆင့် (၁၃) သို့ တိုက်ခိုက်ဝင်ရောက်နေတော့သည်။

အချိန်များ ကုန်လွန်သွား၏။ မန်ဟို့ရက်စက်မှု၏ ရလဒ်အဖြစ် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာဗလပွဖြစ်နေချေသည်။ မကြာမီ သူ့ခန္ဓာကိုယ်သည် တုန်ခါလာပြီး အမြင်အာရုံလည်း ဝေဝါးလာသည်။ ယခု သူသည် ဆီမီးအိမ် ၇လုံးမှ စိတ်ဝိညာဉ်စွမ်းအင် ၉၀ရာခိုင်နှုန်းကို စုပ်ယူနေလေပြီ။ သူ့မှာ စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြားဖြင့် ရေချိုးနေသည့်အလားပင်။

“မင်းတော့ ကိုယ့်ကိုယ်ကို သတ်မိတော့မှာပဲ.....” မှီခိုရာဂိုဏ်းချုပ်မှာ အသက်ရှူသံများ မြန်ဆန်ရင်း ထိုမြင်ကွင်းကို စောင့်ကြည့်နေသည်။ မန်ဟို၏ ခေါင်းမာမှုက သူ့ကို မူးမိုက်သွားစေသည်။

ငါ အစွမ်းထက်ရမယ်။ ဘာအကြောင်းပြချက်မှ မလိုဘူး။ ငါ အစွမ်းထက်တဲ့သူ ဖြစ်ကို ဖြစ်လာရမယ်” မန်ဟိုမှာ အသိစိတ်လွတ်လာသော်လည်း သူ၏ခေါင်းမာမှုက သူ့ကို ခွင့်ပြုမည် မဟုတ်ပေ။ လက်ရှိအခြေအနေဖြစ်နေသည့်တိုင် သူသည် လက်လျှော့ရန်ကို တွေးပင်တွေးမည်မဟုတ်ပေ။ သူက အစွမ်းထက်လာရမည် ဆိုသည်ကိုသာ တတွတ်တွတ်ရေရွတ်နေသည်။

မန်ဟို စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၃) သို့ ချိုးဖောက် ဝင်ရောက်နိုင်ရမည် ဖြစ်သည်။

“ဒါက သူရဲ့ တာအိုပဲ ..” မှီခိုရာဂိုဏ်းချုပ်မှာ နောက်ဆုံး သဘောပေါက်နားလည်သွားသဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။

***

All Chapters