ထူးဆန်းသောမြင်ကွင်းတစ်ခု
Vol. 187 Ch. 2675
“တစ်ယောက်ယောက် ဒီနေရာမှ ရှိနေခဲ့တယ်”
ရီဖူရှင်းသည် မြေပေါ်တွင် ပြန့်ကျဲနေသော အလောင်းအနည်းငယ်ကိုကြည့်လိုက်သည်။ အလောင်းများသည် သွေးချင်းချင်းရဲကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေသည်။ မည်သူက မည်သူဆိုသည်ကိုပင် ပြောရန် ခက်ပေသည်။ အခြားကျင့်ကြံသူများသည် ဤနေရာသို့ အရင်ရောက်လာခဲ့ပြီး သေဆုံးသွားခဲ့ကြသည်။
ထို့ကြောင့် ရီဖူရှင်းသည် ပို၍ပင် သတိကြီးသွားသည်။ သူသည် ကြောက်မက်ဖွယ် ဒီမွန်းအရိပ်များ ပေါင်းစည်းသွားကာ တုန်လှုပ်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေသည်ကို တွေ့လိုက်၏။ ဒီမွန်းအရိပ်အချို့မှာမူ ဗုဒ္ဓအလင်းဆီသို့ အတင်းပျံဝင်လာကြပြီး ရီဖူရှင်းကို အန္တရာယ်ပြုရန် လုပ်လိုက်သည်။
၎င်းသည် ကျဆုံးသွားသော ဒီမွန်းများက ဖန်တီးထားသော ပရမ်းပတာဝိညာဉ်စွမ်းအားပေလော။ ရီဖူရှင်း တွေးလိုက်သည်။ သူ၏အင်အားသည် ဗုဒ္ဓလမ်းစဉ်မှ ရရှိထားခြင်းဖြစ်သဖြင့် လွန်စွာစွမ်းအားကြီးပြီး ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူများပင် သူ့အနီးသို့ မကပ်နိုင်ပေ။ ထိုကျင့်ကြံသူအားလုံးသည် ဗုဒ္ဓအလင်း၏ သန့်စင်မှုကို ခံလိုက်ရမည်ဖြစ်သည်။ သူ့အတွက် ရောက်လာကြသော ဒီမွန်းအရိပ်များ နောက်ဆုတ်သွားရခြင်းမှာ အကြောင်းရှိပေသည်။
သို့သော် ဒီမွန်းဝိညာဉ်စွမ်းအားများသည် သူ့ထံသို့ အတင်းပျံဝင်လာနိုင်သည်ကိုကြည့်လျှင် နတ်ဆိုးအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် ပရမ်းပတာဖြစ်နေပြီဖြစ်ကြောင်း သိနိုင်လေသည်။
ရီဖူရှင်း လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓအလင်းကို အဆုံးအစွန်အထိ ထုတ်လွှတ်လိုက်ကာ ဤလောကအတွင်းရှိ မိစ္ဆာဝိညာဉ်အားလုံး၏စွမ်းအားကို သန့်စင်လိုက်သည်။ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် သူ့အပေါ်တွင် ခပ်ရေးရေးတောက်ပလာ၏။ သူသည် ဒီမွန်းအရိပ်များကို သူ့ထံသို့ ပျံဝင်လာစေလိုက်ပြီး နောက်မဆုတ်ဘဲ ရှေ့သို့သာ တိုးသွားလိုက်လေသည်။
ဒီမွန်းအရိပ်များသည် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏ပါးစပ်များကိုဖွင့်ကာ ရီဖူရှင်း၏ခန္ဓာကိုယ်ကို လက်သည်းများနှင့် လှမ်းကုတ်လိုက်ကြသည်။ ကြောက်မက်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအားသည် ရီဖူရှင်း၏အသိစိတ်အတွင်းသို့ ကျူးကျော်ရန် ကြိုးစားလိုက်သော်လည်း အပြင်တွင်ပင် တားဆီးခံလိုက်ရသည်။
ရီဖူရှင်း ဤဒီမွန်းလိုဏ်ဂူအတွင်းမှ ဒီမွန်းအများအပြား အရှေ့သို့ ထွက်လာသည်ကို ကြည့်နေလိုက်သည်။ ထိုမြင်ကွင်းသည် လွန်စွာ ကြက်သီးထဖွယ်ကောင်း၏။ သို့သော် သူသည် ကြောက်ရွံ့သည့်အရိပ်လက္ခဏာတစ်ခုပင် မပြပေ။ ဗုဒ္ဓအလင်းအောက်တွင် သူ့ခြေထောက်အောက်ရှိ မြေသည် မြင့်မြတ်သောမြေဖြစ်သည်။
သူသည် မြေပေါ်တွင် အကြွင်းအကျန် ဝိညာဉ်စွမ်းအားများ ပိုင်ဆိုင်ထားသည့် ဒီမွန်းစစ်သည်များစွာကို တွေ့လိုက်ရသည်။ ထိုနေရာမှနေ၍ ကြောက်မက်ဖွယ် သွေးရောင်ဒီမွန်းအလင်းတစ်ခု ထွက်ပေါ်လာ၏။ ယခင်က ဤနေရာတွင် ဒီမွန်းကျင့်ကြံသူများစွာကို မြှုပ်နှံခဲ့၏။
ထိုစဉ် ရီဖူရှင်းသည် သူ ပြောခဲ့သော ရတနာကို တွေ့လိုက်သည်။ သူသည် ၎င်းကို အပြင်ဘက်ကပင် အာရုံခံနိုင်ခဲ့သည်။ သို့သော် သူသည် ၎င်းကို မမြင်နိုင်ခဲ့ပေ။ သူသည် အတွင်းသို့ ဝင်လာသည်အထိ ၎င်းရတနာသည် မည်ကဲ့သို့သော ရတနာမျိုးဖြစ်သည်ကို မသိခဲ့ပေ။
မြေကြီးထဲမှ ဒီမွန်းဓားတစ်ချောင်း ထိုးထွက်နေလေသည်။ ၎င်းကို ကြောက်မက်ဖွယ် သွေးရောင်ဒီမွန်းအလင်းက ဝန်းရံထားသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ဒီမွန်းဓားသည် ဦးခေါင်းခွံတစ်ခုပေါ်တွင် စိုက်ဝင်နေခြင်းပင်။ ၎င်းဦးခေါင်းခွံသည် ကာရူရာ၏ ဦးခေါင်းခွံဖြစ်သည်။ ဦးခေါင်းခွံအနောက်ရှိ ၎င်း၏ခန္ဓာကိုယ်သည် ပို၍ပင် ကြီးမားပေသည်။ ၎င်းသည် တောင်ကုန်းအသေးလေးတစ်ခုကဲ့သို့ပင်။ သို့သော် ၎င်း၏ခန္ဓာကိုယ်သည် အရိုးစုပုံကြီး ဖြစ်နေပေပြီ။ သို့သော် ၎င်းထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်နေသည်။
ထို့အပြင် ထိုကဲ့သို့ပင် တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုလည်း ရှိသေး၏။ ကာရူရာ၏ ဧရာမလက်သည်းကြီးများအောက်တွင် ဒီမွန်းတစ်ကောင်၏ ဦးခေါင်းခွံတစ်ခု ရှိနေသည်။ ထိုတိုက်ပွဲသည် မည်မျှ ပြင်းထန်ခဲ့သည်ကို တွေးကြည့်၍ပင် မရပေ။ တိုက်ခိုက်သူနှစ်ဦးသည် တစ်ဦး၏ဦးခေါင်းကို တစ်ဦးက ဆွဲဖြတ်ပစ်၍ တစ်ဦးကိုတစ်ဦး ဖျက်ဆီးခဲ့၏။ သူတို့နှစ်ဦးစလုံးသည် ဤနေရာမှာပင် သေဆုံးခဲ့သည်။
ယခုတွင်ပင် ကြောက်မက်ဖွယ် ဒီမွန်းအလင်းတစ်ခုသည် ဒီမွန်းဓားကို လှည့်ပတ်နေသေးပြီး ပတ်ဝန်းကျင်သည် သွေးများစွန်းထင်ကာ ကိုယ်ပိုင်မဟာနယ်မြေတစ်ခုကို ဖြစ်ပေါ်စေနေလေသည်။
မဟာအင်ပါယာအဆင့်လက်နက်...
ရီဖူရှင်းသည် အံ့အားသင့်သွားပြီး ရင်ခုန်သွား၏။ ထိုစဉ် ဒီမွန်းဓားနှင့် မလှမ်းမကမ်း၌ ပုံရိပ်တစ်ခု တိတ်တဆိတ်ရပ်နေသည်ကို သူလှမ်းတွေ့လိုက်ရသည်။ ထိုရပ်နေသူမှာ ခေါင်းပြတ် နတ်ဆိုးအင်ပါယာဖြစ်သည်။ ထိုအခိုက်တွင် ယင်းဦးခေါင်းခွံမှာ ခေါင်းပြတ်နတ်ဆိုးအင်ပါယာ၏ ဦးခေါင်းခွံဖြစ်ကြောင်း ရီဖူရှင်း သိရှိသွား၏။
တစ်ချိန်က ထိုနတ်ဆိုးအင်ပါယာသည် ကာရူရာတစ်ကောင်နှင့် တိုက်ခိုက်ခဲ့ပေလိမ့်မည်။ ထိုတိုက်ပွဲတွင် သူတို့နှစ်ဦးစလုံး သေဆုံးသွားခဲ့သည်။ သူတို့သည် တစ်ဦး၏ခေါင်းကို တစ်ဦးက ဖြတ်ပစ်ခဲ့ပြီး ဤနေရာတွင်ပင် သေဆုံးခဲ့ကြသည်။ သူတို့သေဆုံးသွားပြီးနောက်တွင် ဒီမွန်းလမ်းစဉ် ဖိနှိပ်ခံလိုက်ရပြီး ကာရူရာ၏ဝိညာဉ်စွမ်းအားသည်လည်း ကန့်သတ်ခံလိုက်ရသည်။ သို့သော် နတ်ဆိုးအင်ပါယာ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားသည် အလုံးစုံ မပျောက်ကွယ်သွားခဲ့ပေ။ ၎င်းသည် ပရမ်းပတာဝိညာဉ်စွမ်းအား၏ အရင်းအမြစ်ဖြစ်လာခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ၏ ခေါင်းပြတ်အလောင်းကောင်ကြီးသည် အပြင်သို့ သွားလာနိုင်ပြီး အပြင်လောကတွင် ပေါ်လာကာ ကာရူရာများကို လိုက်သတ်နေနိုင်ခြင်းဖြစ်သည်။
သူ သေဆုံးခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်သော်လည်း သူသည် သူ၏ ကမ္ဘာ့ရန်ဘက်ကိုမူ မှတ်မိနေသေးပြီး ကာရူရာ၏ဦးခေါင်းကို ယခင်ကနည်းအတိုင်း ဖြတ်ပစ်ခဲ့သည်။
ရီဖူရှင်း အနည်းငယ် ချီတုံချတုံဖြစ်သွားသည်။ ထိုဒီမွန်းဓားသည် နတ်ဆိုးအင်ပါယာလက်နက်တစ်ခုဖြစ်သည်။ သို့သော် သူသည် ၎င်းကို ယူနိုင်ပါမည်လော။
ဤနေရာတွင် ကျင့်ကြံသူအများအပြား သေကြေခဲ့သည်။ သူသည် ပထမဆုံး ရောက်ရှိလာသူမဟုတ်ပေ။ သူသည် ဒီမွန်းဝိညာဉ်စွမ်းအား၏ တိုက်စားမှုကို ရပ်တန့်နိုင်သည်ဆိုလျှင်ပင် ခေါင်းပြတ်နတ်ဆိုးအင်ပါယာသည် သူ့ကို သတ်ရန်မကြိုးစားဟု ပြောနိုင်ပါမည်လော။
ထိုဒီမွန်းဓားသည် ကာရူရာတစ်ကောင်၏ ဦးခေါင်းတွင် စိုက်ဝင်နေခြင်းမဟုတ်ပါလား။
ရီဖူရှင်းသည် ရှေ့သို့ ဆက်သွားလိုက်ပြီး အရှေ့တွင် လွန်စွာတုန်လှုပ်ဖွယ်ကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသည်။ အမှန်တွင် သူသည် ၎င်းနှင့် အတော်လေးလှမ်းပေသေးသည်။ သူသည် အလွန်နှေးကွေးစွာ လျှောက်နေခြင်းဖြစ်ပြီး ဒီမွန်းဓားရှိရာသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သွားနေခြင်းဖြစ်သည်။
ဒီမွန်းဓားဘေးမှနေရာတွင် အလောင်းများစွာ ရှိနေသည်ကို သူတွေ့လိုက်ရသည်။ ထိုနေရာတွင် ဒီမွန်းဝိညာဉ်စွမ်းအားသည် ဗြောင်းဆန်နေသည်။ ထိုအလောင်းများသည် ဒီမွန်းဓားဆီရောက်ရန် ကြိုးစားရင် သေဆုံးသွားခဲ့ပုံပင်။
သူတို့ကို ဒီမွန်းဓားက သတ်ခဲ့ခြင်းလော သို့မဟုတ် ခေါင်းပြတ်နတ်ဆိုးအင်ပါယာက သတ်ခဲ့ခြင်းလော။
ရီဖူရှင်းသည် ခေါင်းပြတ်နတ်ဆိုးအင်ပါယာကို တစ်ချက်ကြည့်လိုက်၏။ ခေါင်းပြတ်နတ်ဆိုးအင်ပါယာသည် သူ့နေရာတွင်ပင် မလှုပ်မယှက်ရပ်နေသေးပြီး ရီဖူရှင်းကို လုံးဝ လျစ်လျူရှုထားသကဲ့သို့ပင်။ သို့ပေသည့် သူသည် ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသဖြင့် ရီဖူရှင်းသည် မဆင်မခြင် မလှုပ်ရှားဝံ့ပေ။
ပို၍ အရေးကြီးသည်မှာ ဤနေရာရှိ ဒီမွန်းဝိညာဉ်စွမ်းအားသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာခြင်းဖြစ်သည်။
သူသည် အနည်းငယ် ချီတုံချတုံဖြစ်နေသည်။ သူသည် ဤနေရာသို့ ရောက်လာသော ပထမဆုံးလူမဟုတ်ပေ။ သို့သော် ဒီမွန်းဓားကို အတင်းယူလိုသူများသည် သေဆုံးခဲ့ရသည်။ ယခုအထိ မည်သူမှ ၎င်းကို ယူမသွားနိုင်သေးချေ။ ထို့ကြောင့် သူသည် သူနှင့်အတူ ဒီမွန်းဓားကို ယူသွားနိုင်ပါမည်လော။
၎င်းသည် ကောင်းကင်တုန်ဟည်းနတ်တူနှင့်ပင် ယှဉ်နိုင်သော မဟာအင်ပါယာအဆင့်လက်နက်ဖြစ်သည်။ အကယ်၍ သူသာ ၎င်းကို ယူနိုင်ခဲ့လျှင် စီဝေ့အင်ပါယာနန်းတော်၏ အင်အားသည် သိသိသာသာ တိုးတက်လာမည်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။
ရီဖူရှင်းသည် ခေတ္တမျှ ဆက်၍ချီတုံချတုံဖြစ်နေပြီးနောက် သူ့မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ သူသည် စမ်းသပ်သည့်အနေဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ်ဆက်လျှောက်သွားလိုက်ပြီး ခေါင်းပြတ်နတ်ဆိုးအင်ပါယာသည် မလှုပ်ရှားသေးကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ထိုအလောင်းများကို ခေါင်းပြတ်နတ်ဆိုးအင်ပါယာသတ်ခဲ့ခြင်း မဟုတ်နိုင်ဟု သူတွေးမိလိုက်သည်။ သူတို့သည် ဒီမွန်းဓားကို ရယူရန် ကြိုးစားနေရင်း သေနိုင်လောက်သည့်အန္တရာယ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရကာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ရီဖူရှင်းသည် ဒီမွန်းဓားဘေးသို့ လျှောက်သွားသောအခါ ကြောက်မက်ဖွယ် ဖိအားကို ခံလိုက်ရသည်။ သူ့ပတ်ပတ်လည်ရှိ ဒီမွန်းဝိညာဉ်စွမ်းအားသည် သူ့ကို ဝါးမျိုတော့မလို ထင်ရပေသည်။ သို့သော် သူသည် ဤနေရာအထိ ရောက်လာပြီဖြစ်သဖြင့် ယခုမှ ပြန်လှည့်မသွားနိုင်တော့ပေ။ သို့တစေ ရီဖူရှင်းသည် အရေးအကြောင်းဆိုလျှင် ထွက်ပြေးရန် စိတ်ပြင်ဆင်ထားပါသည်။ အကယ်၍ အန္တရာယ်အစစ်အမှန် ထွက်ပေါ်လာပါက သူသည် သူ၏လုံခြုံရေးကို ဦးစားပေးမည်ဖြစ်သည်။
ရီဖူရှင်းသည် ဒီမွန်းဓားကို မယူခင်တွင် ခေါင်းပြတ်နတ်ဆိုးအင်ပါယာကို ထပ်မံကြည့်လိုက်သည်။ ခေါင်းပြတ်နတ်ဆိုးအင်ပါယာသည် မလှုပ်ရှားသေးကြောင်း သူတွေ့လိုက်ရသည်။ နောက်ဆုံးတွင် သူသည် ဒီမွန်းဓားပေါ်လက်တင်ကာ ဆွဲနှုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအခိုက်တွင် သွေးရောင်ဒီမွန်းအလင်းသည် သူ့လက်တစ်လျှောက် စီးဆင်းသွားပြီး သူ့ကိုယ်ပေါ်တွင် ရစ်သိုင်းလိုက်သည်။
ဝုန်း...
အရာအားလုံးကို ဝါးမျိုနိုင်သည့် အတုမဲ့အားတစ်ခုသည် သူ့တစ်ကိုယ်လုံးကို ဝါးမျိုသွားတော့မလိုပင်။ သို့မဟုတ် တစ်နည်းဆိုရလျှင် သူ၏ဝိညာဉ်စွမ်းအားကို ဝါးမျိုသွားတော့မလိုပင်။
သူသည် ထိုနေရာတွင် ဒီမွန်းဓားကို ကိုင်၍ ရပ်နေသည်။ သို့သော် သူသည် ဒီမွန်းဓား၏လောကအတွင်းသို့ ဝင်သွားသည်ဟု ခံစားလိုက်ရသည်။ ထိုလောကထဲတွင် သူသည် ကြောက်မက်ဖွယ် စစ်မြေပြင်တစ်ခုကို မြင်လိုက်ရသည်။ ထိုစစ်မြေပြင်အထက်ရှိ ကောင်းကင်ထဲတွင် မရေမတွက်နိုင်အောင်များပြားသော စွမ်းအားကြီးမိစ္ဆာများ ဝန်းရံနေလေသည်။ ကာရူရာအိမ်တော်၏ မဟာစစ်တပ်သည် ကောင်းကင်နှင့် နေမင်းကို ကာရံထားပြီး ဒီမွန်းကျင့်ကြံသူများက လာရောက်တိုက်ခိုက်ကြသည်။ တိုက်ပွဲသည် ရက်ပေါင်းများစွာကြာမြင့်ခဲ့ပြီး သွေးများသည် ထိုလောကကို ရဲရဲနီနေစေလေသည်။
ရွှီး...
ထိုအချိန်တွင် ကြောက်မက်ဖွယ် ကာရူရာတစ်ကောင်သည် သူ့ဝိညာဉ်စွမ်းအားထံသို့ ဖော်ပြ၍ပင် မရနိုင်သော အန္တရာယ်ပြုလိုဟန်ဖြင့် ပျံဆင်းလာလေသည်။ ထိုအခိုက်တွင် ထိုကာရူရာ၏ ဦးခေါင်းကို အလင်းတန်းတစ်ခုတောက်ပနေသော ဒီမွန်းဓားတစ်ချောင်းက ပိုင်းဖြတ်သွားသည်။
“အခြေအနေ မကောင်းတော့ဘူး...”
ရီဖူရှင်း စိုးရိမ်သွားသည်။ သူသည် ထိုနေရာမှ ထွက်ပြေးလိုသဖြင့် သူ၏စိတ်ကို လှုပ်ရှားကြည့်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်သည် ဒီမွန်းဓားကို ကိုင်လျှက် ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် မြေပြင်တွင် သံမှိုဆွဲထားသကဲ့သို့ပင်။ သူ၏ ဝိညာဉ်စွမ်းအားတစ်ခုလုံးသည် ဒီမွန်းဓား၏ ပိတ်ဆို့မှုကို ခံထားရပြီး သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းသည်လည်း အသုံးမဝင်ဖြစ်နေသည်။
ထိုဒီမွန်းဓားသည် ဤလောကကို ချိပ်ပိတ်ထားပုံပေါ်ပြီး ကာရူရာဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားကိုလည်း ချိပ်ပိတ်ထားပုံရပေသည်။ မရေမတွက်နိုင်အောင်များပြားသော ဒီမွန်းဝိညာဉ်စွမ်းအားများသည် ရီဖူရှင်း၏ဝိညာဉ်စွမ်းအားထံသို့ ရွေ့လျားလာကြပြီး သူ၏ဝိညာဉ်စွမ်းအားကို ဝါးမျိုကာ သူနှင့်ပေါင်းစည်းလိုနေသည်။ သို့သော် ရီဖူရှင်း၏ဝိညာဉ်စွမ်းအားသည် ဗုဒ္ဓပုံရိပ်တစ်ခုနှင့် ပေါင်းစည်းသွားကာ ကျူးကျော်လာသော ဒီမွန်းဝိညာဉ်စွမ်းအားများကို ခုခံနေသည်။
ဝုန်း...
ကာရူရာဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအား ကျဆင်းလာပြီး ရီဖူရှင်းသည် သူ၏ဦးခေါင်း ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရသည်။ သူ၏ဝိညာဉ်စွမ်းအားသည်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါးဖြစ်နေသည်ဟုလည်း ခံစားလိုက်ရသည်။
ထိုအရာသည် ရီဖူရှင်း မမျှော်လင့်ထားသောအရာဖြစ်သည်။ ဤနေရာတွင် ဒီမွန်းဝိညာဉ်စွမ်းအားအပြင် ကာရူရာ၏ ဝိညာဉ်စွမ်းအားလည်းရှိနေသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ကြားပြီးသည့်နောက်မှာပင် ဤလောကထဲ၌ ရှိနေပေသေးသည်။ ၎င်းတို့သည် ကြာရှည် တိုက်စားခံခဲ့ရသော်လည်း ၎င်းတို့၏ အခက်ထန်ဆုံး၊ သွေးအဆာဆုံး ပုံစံဖြင့်ပင် ရှိနေသည်။
အပြင်ရှိ ဒီမွန်းအလောင်းကောင်များ မည်သို့ ဖြစ်ပေါ်လာသည်ကို ရီဖူရှင်း ခပ်ရေးရေး သဘောပေါက်သွားသည်။ ၎င်းတို့သည် ဤ အံ့အားသင့်ဖွယ် ပရမ်းပတာဝိညာဉ်စွမ်းအားကြောင့် အသိစိတ်ပျောက်သွားခြင်း ဖြစ်ပေမည်။
သူသည် ပြင်းပြ၍ သွေးဆာနေသော ကာရူရာဝိညာဉ်စွမ်းအားကို အာရုံခံမိလိုက်သည်။ ၎င်းဝိညာဉ်စွမ်းအားသည် လွှမ်းမိုးအားကြီးကာ ဖျက်ဆီး၍ မရပေ။ ၎င်းသည် မိစ္ဆာဘုရင်တစ်ပါး အသက်ရှိခဲ့စဉ်က ဝိညာဉ်စွမ်းအားဖြစ်သည်။
ရီဖူရှင်းအတွက် ရွေးစရာမရှိတော့ပေ။ ယခုတွင် သူသည် ပြန်သာ တိုက်ခိုက်ရပေတော့မည်။ သူသည် ကာရူရာ၏ ဝိညာဉ်စွမ်းအားကို ပြန်တိုက်ခိုက်ရန် ဒီမွန်းဥဒေါင်းအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သို့သော် ထပ်ခါထပ်ခါ တိုက်ခိုက်ပြီးနောက်တွင် သူသည် ဝိညာဉ်စွမ်းအားကို ဆက်၍ မထိန်းထားနိုင်တော့ပေ။ ကာရူရာ၏ဝိညာဉ်စွမ်းအားသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် ရိုင်းစိုင်းခက်ထန်လွန်းပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အဆက်မပြတ် ပေါက်ကွဲသံများအောက်တွင် သူ၏ဝိညာဉ်စွမ်းအားသည် ပြိုလဲပျက်စီးလုနီးပါးဖြစ်နေသည်ဟု ရီဖူရှင်း ခံစားလိုက်ရသည်။ သူ၏ဝိညာဉ်စွမ်းအားသာ ပျက်စီးသွားလျျင် သူသည် အခြားသူများကဲ့သို့ပင် ဤနေရာတွင် သေဆုံးသွားမည်မှာ သေချာပေါက်ပင်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူ၏စိတ်ဝိညာဉ်ကို နှိုးရန် သူ၏အတွေးကို ရွေ့လျားလိုက်သည်။ မဟာလမ်းစဉ်စွမ်းအားတန်းများသည် ဒီမွန်းဓားအတွင်းသို့ စီးဝင်သွားပြီး ဒီမွန်းဓားအတွင်းရှိ ဒီမွန်းဝိညာဉ်စွမ်းအားကိုသုံးကာ ကာရူရာကို ဖျက်ဆီးရန် ကြိုးပမ်းလိုက်သည်။
ထိုဝိညာဉ်စွမ်းအားသည် ဒီမွန်းဓားအတွင်းသို့ အသည်းအသန် ဝင်ရောက်သွားသောအခါ ဒီမွန်းဓားသည် လွန်စွာတောက်ပသော ဒီမွန်းအလင်း လက်လက်လာသည်။ ထိုအလင်းသည် ထိုနေရာရှိ ကောင်းကင်ကို အလင်းပေးနေ၏။ ကြောက်မက်ဖွယ် ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြီး ၎င်း၏ပတ်ပတ်လည်တွင် သွေးနီရောင်လျှပ်စီးတန်း ထွက်ပေါ်လာလေသည်။
ဒီမွန်းဓားအတွင်း၌ သွေးဆာနေသော ကာရူရာဝိညာဉ်စွမ်းအားသည် ထိုအရှိန်အဝါကို အာရုံခံမိလိုက်သောအခါ ရုတ်တရက် ပြန်ဆုတ်ခွာသွားသည်။ အရိုင်းဆန်ကာ ထိန်းချုပ်၍မရသော ကာရူရာဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားသည် အံ့ဩကြောက်ရွံ့စွာ နောက်ဆုတ်သွားသည့်ပုံပင်။ ၎င်းသည် ယင်းအရှိန်အဝါနှင့် မယှဉ်ပြိုင်ဝံ့ပေ။
“ဘာတွေဖြစ်နေတာလဲ”
ရီဖူရှင်းသည် ထိုအခြင်းအရာကို အာရုံခံမိလိုက်သောအခါ အနည်းငယ်ကြောက်ရွံ့သွားသည်။ အစောက တိုက်ခိုက်မှုသည် သူ့ကိုပင် ဖျက်ဆီးပစ်နိုင်လုနီးပါး စွမ်းအားကြီးပေသည်။ သို့သော် ယခုတွင် ထိုစွမ်းအားကြီးတိုက်ခိုက်မှုသည် ရုတ်တရက် ပြန်ဆုတ်သွားပြီး ဒီမွန်းဓားအတွင်းရှိ ဒီမွန်းဝိညာဉ်စွမ်းအားသည်ပင် ငြိမ်ကျသွား၏။ ထိုအချိန်တွင် သူ့ကို ဆက်လက်တိုက်ခိုက်မည့် ဝိညာဉ်စွမ်းအားများ မရှိတော့ပေ။ ဤထူးဆန်းသောအဖြစ်အပျက်သည် ရီဖူရှင်းကို အံ့အားသင့်သွားစေသည်။
မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။