ဂူယိတင်းစန်းယွီ
Vol. 7 Ch. 89
မှီခိုရာဂိုဏ်းချုပ်မှာ မိုးမီးလောင်ရင်း ချိတ်ပိတ်ထားသော ကျင့်ကြံခြင်းနယ်မြေတွင် ထိုင်နေသည်။ သူ့မှာ နာနာကျင်ကျင် ဒေါသထွက်ကာ အဆက်မပြတ် ဆဲဆိုနေသည်။ မန်ဟိုနှင့်ပတ်သက်ပြီး ဂိုဏ်းချုပ်သည် ဘာမှမတတ်နိုင်သောခံစားချက်ကြီး ခံစားနေရသည်။ သူက မှီခိုရာဂိုဏ်း၏ တစ်ဦးတည်းသော ဆက်ခံသူမဟုတ်ပါလော........
“အဲ့ခွေးကောင်လေး ညှာတာမှုကို မရှိဘူး။ ငါက သူ့ဂိုဏ်းချုပ်လေ။ ပထမ ငါ့ရဲ့ရတနာတစ်ဝက် ခိုးပြီး မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို ယူသွားတယ်။ ပြီးတော့ ငါ့ရဲ့စိတ်ဝိညာဥ်စွမ်းအင်တွေကို လုပြီး ငါ့ရဲ့ မိစ္ဆာမီးအိမ်တစ်လုံးကိုပါ အရှက်မရှိယူသွားသေးတယ်” သူ့မှာ ကျိန်ဆဲရလွန်း၍ အမောပင်ဆို့နေချေပြီ။ ရှေးဟောင်းမိစ္ဆာမီးအိမ်အကြောင်းတွေးမိသည်နှင့် ရုတ်တရက် သူ့ပုံစံမှာ စိုးရိမ်နေပုံပေါက်သွားသည်။
“ဟုတ်တယ်၊ ငါအဆိပ်ကိုမဖယ်ပေးခဲ့ဘူး။ မှန်တယ်။ ဒါပေမယ့် အဲ့ဒီအတွက် မင်းအခုလို ပြုမူလို့ရတယ်မဆိုလိုဘူး။ ဖြောင့်မတ်တဲ့သူဆိုတာ မျှမျှတတရှိရတယ်ကွ။ ငါ လူတွေဆီက ရတနာတွေ ခိုးယူခဲ့တုန်းကဆို သူတို့နဲ့အရင် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးခဲ့တယ်
“သူ တကယ်ပဲ စဦးချီဖွဲ့စည်းခြင်း အဆင့် (၁၃) ကိုရောက်သွားတယ်။ ဟိုးအရင်နှစ်တွေက ဟိုသောက်အဘိုးကြီးတွေပြောတုန်းကတော့ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို စဦးချီဖွဲ့စည်းမှုအဆင့် (၁၃) မရောက်ရင် ယူမသွားနိုင်ဘူးတဲ့....... အစကတော့ သူတို့တွေ တမင်လျှို့ဝှက်ဆန်းကြယ်တယ်လို့ ထင်အောင် ပြောနေတယ်ထင်ပြီး ငါအရမ်းပျော်ခဲ့တာ။ ဟိုသောက် အဘိုးကြီးတွေ ငါ့ကို လိမ်ခဲ့တာသေချာတယ်။ တကယ်လို့ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို မယူသွားနိုင်ဘူးဆိုရင် ငါ့အကြံအစည်အောင်မြင်ခဲ့ရင်တောင်မှ ချိတ်ပိတ်ထားတာကို ငါချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့....ဝိုးး။ ဒီကောင်လေးက တကယ်ကြီး စဦးချီဖွဲ့စည်းမှုအဆင့် (၁၃) ကိုရောက်သွားတယ်။ ပြီးတော့ ခွေးကောင်လေး အဲဒါကို သမသွားကော။ဟင်းးး ချိတ်တံဆိပ်အားနည်းနေတာကို..... ငါခံစားနေရတယ်
“မိစ္ဆာမီးအိမ်တစ်လုံးလျော့သွားတာက မိစ္ဆာချုပ်နှောင်တံဆိပ်ကိုဖွင့်ဖို့အတွက် အခွင့်အရေးနည်းစေလောက်ပေမယ့် ဒါ မတည်မငြိမ်ဖြစ်နေတာ နှစ်နဲ့ချီနေပြီ။ ပြီးတော့ အခု အားနည်းတဲ့လက္ခဏာတွေ ပိုလို့တောင်ပြနေပြီ...... ချီးတဲ့မှပဲ။ ဘယ်လိုလုပ် မိစ္ဆာချုပ်နှောင်ဂိုဏ်းရဲ့ကျင့်ကြံသူတွေ အမြဲတမ်း ငါ့ကို လှည့်စားနိုင်ကြတာတုန်း။ ဟိုနှစ်တွေက ဟိုသောက်အဘိုးကြီးတွေလဲ အဲ့လိုပဲ၊ ခွေးကောင်လေးလဲ ဘာထူးလဲ.......” မှီခိုရာဂိုဏ်းချုပ်မှာ အံကြိတ်လိုက်သော်လည်း အရာရာကိုပြန်တွေးကြည့်သည့်အခါ မန်ဟို သူ့စကားလုံးများဖြင့် သူ့ကို မည်သို့ပြန်ပြောခဲ့သည်ကို မှတ်မိလိုက်သည်။ ထို့နောက် မန်ဟို၏ စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၃) အတွက် ခေါင်းမာမှုကို ပြန်တွေးရင်း သက်ပြင်းမချမိဘဲ မနေနိုင်တော့ပေ။
“ဒီကလေးက တကယ်ပဲ ငါ့ပုံစံနဲ့တူတယ်။ ငါလဲ အဲ့ဒီအချိန်တုန်းက ငါ့ကိုယ်ငါ ဒုက္ခရောက်အောင် မလုပ်ချင်ခဲ့ဘူး။ငါ့ကိုလှည့်စားရင် ငါကလဲ ပြန်လှည့်စားမယ်။ မိစ္ဆာချုပ်နှောင်ဂိုဏ်းက သောက်အဘိုးကြီးတွေ အမှန်မပြောပြခဲ့ဘူး။ သူတို့ထွက်ပြေးသွားရင် ငါ သူတို့ဆီက ဘာမှ ရမှာ မဟုတ်ဘူး ထင်ခဲ့ကြတာ။ အင်း.. ဒါက မှန်ကောင်းမှန်နိုင်ပေမယ့် အနည်းဆုံးတော့ မိစ္ဆာချုပ်နှောင်ဂိုဏ်းကို မှီခိုရာဂိုဏ်းတဲ့ နာမည် ပြောင်းနိုင်ခဲ့တယ်။ ငါ သူတို့ကို မလှည့်စားနိုင်ခဲ့ပေမယ့် သူတို့မျိုးဆက်တွေကို လှည့်စားနိုင်ခဲ့တယ်...... သေလိုက်ပါတော့။ မန်ဟိုသာ စဦးချီဖွဲ့စည်းမှု အဆင့် (၁၃) ကိုရောက်ပြီး မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို ယူဖို့လိုအပ်တဲ့ ပင်ကိုယ်စွမ်းရည်ရမယ်မှန်းသိခဲ့ရင် ငါ သူ့ရဲ့ အဆိပ်ကို ဖြေပေးပြီး သူ့လမ်းသူ မြန်မြန်သွားခိုင်းလိုက်မှာ။ အဲ့ဒါဆို သူ အဆင့် (၁၃) ကို ဘယ်တော့မှ ရောက်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ အဲ့လိုသာဖြစ်သွားခဲ့ရင်က ငါ ချုပ်နှောင်တံဆိပ်ကို ဖွင့်ဖို့ အခွင့်အရေးဘယ်တော့မှ ရမှာမဟုတ်တော့ဘူးမလား “ မှီခိုရာဂိုဏ်းချုပ်မှာ အတော်လေး အရှုံးပေါ်ခဲ့ရလေသည်။ သူ့မှာ စိတ်ထိခိုက်နေသည့်တိုင် သက်ပြင်းသာချလိုက်နိုင်သည်။
မှီခိုရာဂိုဏ်းချုပ်တွင် အလွန်ထူးဆန်းသော စရိုက်ရှိပြီး ပေါင်းသင်းရခက်သူဖြစ်သည်။ ဟုတ်ပါသည်။ မန်ဟို ထိုအကြောင်းကို မသိပေ။ တကယ်တမ်း မှီခိုရာဂိုဏ်း မဖျက်သိမ်းခင်ကလည်း ဘယ်သူမှ မသိခဲ့ကြပေ။ မှီခိုရာဂိုဏ်းချုပ်နှင့် မျိုးဆက်တစ်ခုတည်းဖြစ်သောလူများသာ ထိုအကြောင်းများကို သိနိုငိသည်။ သူတို့အတွက် မှီခိုရာဂိုဏ်းချုပ်ဟု ပြောလိုက်သည်နှင့်ပင် မုန်းတီးစက်ဆုပ်သောခံစားချက်များ ပြင်းထန်လာမည်ဖြစ်သည်။
သို့သော်လည်း ထူးဆန်းသောစရိုက်ရှိသူများကို သာမန်နည်းလမ်းများသုံး၍ ခွဲခြမ်းမစိတ်ဖြာနိုင်ပေ။ ဥပမာအားဖြင့် မန်ဟို သူ၏ရတနာများကို လုယက်၊ သူ၏စိတ်ဝိညာဥ်စွမ်းအင်ကို ခိုးယူပြီး မိစ္ဆာမီးအိမ်တစ်လုံး သမသွား၍ ရူးမတတ်ဒေါသထွက်နေသည့်နိုင် သူသည် တကယ်တော့ သူ့ကို လေးစားနေသည်။ ဤအရာမျိုးမှာ သာမန်လူများ နားလည်နိုင်သောအရာမဟုတ်ပေ။
အကယ်၍ မန်ဟိုက တိတ်တဆိတ်သာ ထွက်သွားခဲ့လျှင် မှီခိုရာဂိုဏ်းချုပ်သည် နှစ်အနည်းငယ်ကြာလျှင် မန်ဟို့ကို လုံးဝ မေ့သွားပေမည်။ သို့သော် သူ၏လုပ်ရပ်များက မှီခိုရာဂိုဏ်းချုပ်ကို အထင်ကြီးသွစေသည်။ သူ့မှာ ခံစားနေရသည့် တွေဝေရှုပ်ထွေးနေသော ခံစားချက်များကို ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။
မှီခိုရာဂိုဏ်းအပြင်ဘက်၊ ကျိုးပြည်တွင် နွေးထွေးပြီး နေသာသော နေ့တစ်နေ့ဖြစ်သည်။ သို့သော် မိုးကြိုးတိမ်တိုက်များသည် မိုးကုပ်စက်ဝိုင်းတွင် တလိပ်လိပ်ထနေ၏။ မန်ဟိုသည် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရတနာယပ်တောင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည်။ သူက အမြင့်ဆုံးအရှိန်နှင့် တဟုန်ထိုးသွားလျက်ရှသည်။
သူသည် သူ၏ကျင့်ကြံခြင်းအခြေခံကို စဦးချီဖွဲ့စည်းမှုအဆင့် (၉) သို့ ပြန်လည်လျှော့ချထား၏။ မလိုအပ်သရွေ့ သူ၏ ချီဖွဲ့စည်းမှု မဟာစက်ဝန်းကို ထုတ်ပြမည် မဟုတ်ပေ။ သူ့အောင်မြင်မှုများက အတိုင်းအဆများပြားသည့်တိုင် သူ့ကိုယ်ထဲရှိ အဆိပ်ကို မဖယ်ရှားနိုင်ခဲ့သေးပေ။ ယင်းမှာ လည်မျိုတွင် ငါးအရိုးစူးနေသည်နှင့် တူသည်။ သူ့မှာ အဆိပ်ကို မည်သို့ ဖယ်ရှားရမည်လဲ တွေးရင်း တိတ်တဆိတ်ထိုင်နေသည်။
“အဆိပ်လေးမျိုးထဲက တစ်မျိုးကိုတော့ ငါဖယ်ရှားနိုင်တယ်။ သုံးရောင်ခြယ်အဆိပ်ကလွဲပြီး တခြား အဆိပ်တွေက ဖယ်ရှားရလွယ်လိမ့်မယ်.. အဆိပ်ဖြေဆေးလုံးတွေရနိုင်ဖို့ နည်းလမ်း အမြန်ဆုံးရှာဖို့ လိုတယ်” မှီခိုရာဂိုဏ်းချုပ်ဖြင့် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးနှင်စပ်လျဥ်း၍ မန်ဟို၏ဒေါသနှင့်အမုန်းမှာ ပြေပျောက်သွားခဲ့ပြီးဖြစ်သည်။
သူ တရိပ်ရိပ်ရွေ့လျားနေပြီး မကြာခင် မိုးကြိုးလျှပ်စီးများ ကောင်းကင်တွင် ပြည့်နှက်လာသည်။ ပဲစေ့အရွယ်ရှိ မိုးပေါက်ကြီးများ ရွာကျလာသည်။ မြေပြင်မှာ မိုးရေများဖြင့် ဖုံးလွှမ်းသွားသဖြင့် အရာအားလုံး မှုန်မှိုင်းဝေဝါးနေတော့သည်။
ယခု မိုးရွာနေသော်လည်း အပူချိန်က ယခင်အတိုင်း ပူနေဆဲပင်။ ထိုအပူမှာ အသက်ရှူရခက်စေသည်။ မိုးရေများအတွင်း၌သာ အေးမြမှုအနည်းငယ်ကို ခံစားနိုင်သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်ဟိုသည် လေဟုန်စီးခြင်းကို ရပ်၍ တောင်ထိပ်ပေါ် ဆင်းသက်လိုက်သည်။ သူက အဝေးကို ငေးကြည့်နေရင်း မိုးပေါက်များ သူ့အပေါ် မကျအောင် မိုးရေတို့ကို တွန်းထုတ်နေသည်။ သူသည် ဝိုးတဝါးဖြစ်နေသော ကျန်ကမ္ဘာမှ ခွဲထွက်၍ သူ၏ကိုယ်ပိုင်မြေပေါ် ရပ်နေသည်နှင့်တူလေသည်။
သူသည် သူ့ပတ်လည်က ကမ္ဘာကြီးကိုကြည့်ပြီး ယခင်နှစ်များအတွင်း သူတွေ့ကြုံခဲ့ရသည်များကို စဉ်းစားနေမိသည်။ သူ စဦးချီဖွဲ့စည်းမှု မဟာစက်ဝန်းကို အောင်မြင်ခဲ့သည်မှာ အိပ်မက်အလားပင်။ ဖြစ်ပျက်အကြောင်းစုံကို အချိန်အတော်ကြာတွေးနေပြီးနောက် သူ သက်ပြင်းချလိုက်သည်။
“ အစ်မရှု..အစ်မရှု အခု ဘာတွေလုပ်နေမလဲ “ သူသည် သူမမျက်နှာလေးကို မြင်ယောင်ရင်း နူးညံ့ညင်သာစွာ ပြောသည်။ သူက တောင်ပိုင်းဒေသ၏အလယ်ဟု ထင်ရသောဘက်သို့ မှန်းမှန်းဆဆ လှမ်းကြည့်လိုက်သည်။
သူ၏ ညာလက်ကို မြှောက်လိုက်ရာ ကျောက်စိမ်းပြားတစ်ပြား ပေါ်လာ၏။ ထိုကျောက်စိမ်းပေါ်တွင် တောင်များ၊ မြစ်များရေးထွင်းထားပြီး အက်ရာများဖြင့် ပြည့်နေသည်။ ၄င်းမှာ အချိန်မရွေး ကွဲကြေတော့မည်အလား ထင်ရလေသည်။
ဤသည်မှာ ဝိညာဉ်ကျောက်တုံးအပုံအောက်တွင် သူတွေ့ခဲ့ရသည့် ၊မှီခိုရာဂိုဏ်းချုပ် ကံကောင်းခြင်းအဆောင်ဟုခေါ်ခဲ့သော အရာဖြစ်သည်။ သူက သေသေချာချာကြည့်ရှုပြီး စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ် ၄င်းထဲသို့ ထည့်သွင်းလိုက်သည်။ တုံ့ပြန်ချက်တစ်စုံတရာမရှိပေ။
သူက တစ်ယောက်တည်း ရေရွတ်လိုက်ရင်း ကံကောင်းခြင်းအဆောင်ကို ပြန်ထည့်ပြီး လက်ဖဝါးအရွယ်ရှိ အနက်ရောင်အလံတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုအလံအတွင်းတွင် ရွေ့လျားနေသော စွမ်းအင်မီးပွားလေးရှိပုံရသည်။ သူက ထပ်မံရေရွတ်ရင်း ပါးစပ် ဟကာ သူ၏ကျင့်ကြံခြင်းအခြေခံမှ ချီတချို့ကို အလံထံ ပေးပို့လိုက်သည်။
“ဒီပစ္စည်းကို မှီခိုရာဂိုဏ်းချုပ်က ချိတ်ပိတ်မထားတော့ ငါသုံးလို့ရတယ််။ ဒါပေမယ့် သူ့ရဲ့စွမ်းအားအပြည့်မသုံးနိုင်ခင် ငါနည်းနည်းပါးပါး ပြန်ပြုပြင်ဖို့ လိုလိမ့်မယ်... “သူ အလံကို ပြန်မထည့်ခင် ချီအနည်းငယ်ကို ထပ်ထည့်လိုက်သည်။
ထို့နောက် သူက အတွင်းတွင် တင်ပျဥ်ခွေထိုင်နေသည့် ပုံရိပ်သေးသေးလေးရှိသည့် တောက်လောင်နေသော ဆီမီးအိမ်ကို ဂရုတစိုက် ထုတ်လိုက်သည်။ မန်ဟို တောက်လောင်နေသော အနုသုခုမရုပ်ခန္ဓာ ကို ဆွဲထုတ်လိုက်သည့်အခါ စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်း နောက်တစ်ဖန် ထွက်ပေါ်လာ၏။
မီးတောက်များ သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာသော်လည်း မည်သည့် အပူကိုမှ သူမခံစားရပေ။ သို့သော် ထိုအရာက အစွမ်းထက်ကြောင်း သူသိသည်။ မီးတောက်က သက်စောင့်အားဖြစ်ပြီး အနုသုခုမရုပ်ခန္ဓာက မီးစာဖြစ်သည်မဟုတ်ပါလော။
“ဒီပစ္စည်းကအရမ်းအသုံးဝင်လိမ့်မယ်။ ငါအဲ့ဒါကို အသက်ကယ် ရတနာအဖြစ် အသုံပြုလို့ရနိုင်တယ်” မန်ဟိုသည် အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် မန်ဟို ထိုရတနာကို စကြဝဠာအိတ်အတွင်းသို့ ပြန်ထည့်လိုက်သည်။
နောက်ဆုံးအနေဖြင့် သူက ရှေးဟောင်း ကျောက်စိမ်းအပိုင်းအစကို ထုတ်လိုက်သည်။ ၄င်းက ခေတ်အသေင်္ချေတည်ရှိခဲ့သည့်အလားက နက်နဲသိမ်မွေ့သော ရှေးဆန်မှုအငွေ့အသက်ကို သယ်ဆောင်လာသည်။
မန်ဟိုက ရင်တဒိန်းဒိန်းခုန်နေလျက် ထိုအရာကို ကြည့်သည်။ သူ့စိတ်ဝိညာဉ်စွမ်းအင်တချို့ ပို့လွှတ်လိုက်သည့်အခါ စာလုံးသုံးလုံး သူ့ခေါင်းထဲတွင် ပေါ်လာသည်။ “ မိစ္ဆာ ချုပ်နှောင် ဂိုဏ်း”
သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် ဆောင်ပုဒ်များလည်း ပေါ်လာသည်။ ပထမဆုံး စာလုံးသုံးလုံးသာလျှင် ရှင်းလင်းပြတ်သားသည်။
သူက ၄င်းထဲသို့ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြား ထည့်လိုက်သောအခါ ထစ်ခြုန်းသံတစ်သံ လေထဲပြည့်နှက်သွားသည်။ သူ့မှာ မရည်ရွယ်ဘဲ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိပြီး စိတ်ဝိညာဉ်စွမ်းအင်ထည့်နေခြင်းအား ချက်ချင်း ရပ်လိုက်သည်။ စဦးချီဖွဲ့စည်းမှူ၏ မဟာစက်ဝန်းကို မအောင်မြင်ထားသည့်သူသည် ပထမစာလုံးသုံးလုံးနှင့် ထိုထက် အနည်းငယ်ကိုသာ ကျော်လွန်ပြီးကြည့်နိုင်လိမ့်မည်ဟု သူပြောနိုင်သည်။ အခုတော့ သူ့မှာ ပထမစာကြောင်းကိုသာ ဖတ်နိုင်သေးသည်။
“ရှေးဟောင်းလမ်းစဥ်။ ကောင်းကင်တံခါးကိုပိတ်ချင်သော ဇွဲဆန္ဒ။ တောင်တန်းပင်လယ်နယ်ပယ်။ ကျယ်ပြောသောကောင်းကင်။ ကြီးမြတ်သော စေတနာ။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ ကြီးလေးသောပြစ်ဒဏ် တွေ့ဆုံတယ်။ ငါ့ရဲ့အသက် ထာဝရတည်တံ့မယ် “ မန်ဟို တစ်ကိုယ်လုံး တုန်ရီသွားပြီး ရုတ်တရက် သူ၏အမြင်အာရုံ ရှင်းလင်းသွားသည်။ လောလောဆယ်တွင် မိုးပေါက်များသည် သူ့ကို ရွှဲရွှဲစိုစေရင်း ရွာကျလျက်ရှိသည်။
ထူးဆန်းသော အလင်းရောင်တစ်ခု သူ၏မျက်လုံးထဲ လင်းလက်နေသည်။ သူက ကျောက်စိမ်းပြားကို တိတ်ဆိတ်စွာ ပြန်ငုံ့ကြည့်သည်။ သူ့ခေါင်းထဲတွင် မှီခိုရာဂိုဏ်းချုပ်သုံးခဲ့သော မိစ္ဆာချုပ်နှောင်ခြင်းပညာရပ်များ၊ တာ့ချင်းတောင်၏ချီကို ထိန်းချုပ်ရန် ရှန့်ကွမ်းရှိုးခအသုံးပြုခဲ့သော မိစ္ဆာမှော်ပညာပုံရိပ်များ အစီအရီပေါ်လာသည်။
အချိန်အတန်ကြာစဥ်းစားနေသည့်တိုင် သူနားမလည်နိုင်သေးပေ။ သူသည် တင်ပျဥ်ခွေထိုင်ကာ ကျောက်စိမ်းပြားထဲ စိတ်ဝိညာဥ်စွမ်းအင်များ ထပ်မံစီးဆင်းစေလိုက်သည်။ နောက်တစ်ဖန်ထပ်၍ စကားလုံးများ၏ လေးနက်သောအဓိပ္ပာယ်ကို သူစဥ်းစားနေ၏။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသည့်အချိန်ခန့် ကုန်ဆုံးသွားသည်။ မိုးက မြန်မြန် ရွာချခဲ့သလို မြန်မြန် ပြန်တိတ်သွားသည်။ မန်ဟို ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ သူသည် ကလေးအရွယ်ကပင် အလွန်ထက်မြက်ခဲ့၏။ စာပေပညာရှင်စာမေးပွဲကို သူမအောင်မြင်ခဲ့သော်လည်း မှီခိုရာဂိုဏ်းကို ဝင်ပြီးသည့်အချိန်မှစ၍ မှော်ပညာများကို သူ အလွန်လျင်လျင်မြန်မြန် တတ်မြောက်ခဲ့သည်။ သူ့အတွက် လေ့ကျင့်ရန် အချိန်များစွာ မလိုအပ်ခဲ့ပေ။ တကယ်တမ်း ဤသည်မှာ သူ ဆောင်ပုဒ်တစ်ခုကို အသုံးပြုရန် ပထမဆုံးအကြိမ် အခက်အခဲတွေ့ခြင်းဖြစ်သည်။
ဤဆောင်ပုဒ်ကို နားလည်ဖို့ ဉာဏ်အလင်းလိုအပ်ပုံရသည်။ ဉာဏ်အလင်းမရပါက ဘယ်တော့မှ မဝင်ရောက်နိုင်ဘဲ အပြင်ကသာ ကြည့်နေနိုင်ပေမည်။
'စကားလုံးတွေက အရမ်း ရှုပ်ထွေးနေပြီး စစ်မှန်တဲ့အဓိပ္ပာယ်ကလည်း မထင်မရှားနဲ့။ မြူအလယ်က ပန်းတွေကို ကြည့်ဖို့ကြိုးစားနေတာနဲ့ ဒါမှမဟုတ် ဂယက်ထနေတဲ့ ပင်လယ်မှာ လကိုကြည့်နေမိတာနဲ့တောင် တူနေတယ်... “ သူသည် အချိန်တစ်ခုကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်စွာ စဥ်းစားနေပြီး မကြာခင် တောက်ပနေသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများထဲ ပေါ်လာသည်။ သူသည် ခေါင်းထောင်ပြီး ကောင်းကင်ကို မဝံ့မရဲမော့ကြည့်လိုက်သည်။
အချိန်များ ထပ်မံကုန်ဆုံးသွား၏။ နောက်ဆုံးတွင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒ သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ သူက ခုန်လိုက်ပြီး သူ့ခြေထောက်အောက်တွင် ဓားပျံတစ်လက်ပေါ်လာကာ အဝေးသို့ပျံထွက်သွားတော့သည်။
“ အကယ်လို့ ငါသာ ချီအခြေတည်အဆင့်ကို ရောက်နိုင်ရင် အကြာကြီးပျံသန်းနိုင်လိမ့်မယ်။ အဲ့ဒါဆို ဒီထက် ပိုအဆင်ပြေမယ်” သူအရှေ့သို့ တဟုန်ထိုးသွားနေသဖြင့် လေများက သူ့မျက်နှာကို တိုးဝှေ့တိုက်ခတ်နေသည်။ အချိန်အနည်းငယ်ကြာပြီးသည်တွင် ဓါးပျံ၏အဟုန် တဖြေးဖြေးပျောက်ကွယ်လာသည်။ မန်ဟိုက မြေပြင်ပေါ်ဆင်းပြီး ဆက်ပြေး၏။
အချိန်များ တဖြေးဖြေးကုန်လွန်သွားသည်။ ပထမဆုံးအကြိမ် ဤတောင်များမှ ထွက်ခွာခဲ့တုန်းက သူသည် စဦးချီဖွဲ့စည်းမှု အဆင့် (၆)တွင် ဖြစ်ခဲ့၍ နှစ်ရက်ကြာခဲ့သည်။ ယခု သူက စဦးချီဖွဲ့စည်းမှု၏ မဟာစက်ဝန်းဖြစ်ရာ တစ်နာရီခန့်သာ ကြာလေသည်။ မကြာမီ တောင်များအပြင်ဘက်ထွက်ပြီး မြောက်ပင်လယ်ဆီ ရောက်သွားသည်။
သူသည် ကန်ကို ကြည့်နေရင်း နောက်တစ်ဖန် ကန်စပ်တွင် ရပ်လိုက်သည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းကာ ရိုသေလေးစားမှုပြည့်နေသော မျက်နှာနှင့် လက်ယှက်၍ မြောက်ပင်လယ်ကို နှစ်ကြိတ်တိုင်တိုင် ဦးညွှတ်လိုက်သည်။
ပထမတစ်ကြိမ်ဦးညွတ်ခြင်းသည် တာအိုတရားကို ဖော်ကျူးပြီး သူ့ကိုအဆင့်တက်အောင် ကူညီပေးခဲ့သော မြောက်ပင်လယ်၏ကြင်နာမှုအတွက် ဖြစ်သည်။
ဒုတိယအကြိမ်ဦးညွှတ်ခြင်းက တင်းရှင့်နှင့်တိုက်ပွဲအတောအတွင်း ကူညီပေးခဲ့ပြီး သူ့အသက်ကိုကယ်ကာ ပြန်လည်မွေးဖွားစေခဲ့သည့်အတွက်ဖြစ်သည်။
“ကျွန်တော် ကတိနှစ်ခါပေးခဲ့ပြီးပြီဖြစ်လို့ ဒီတစ်ကြိမ်တော့ ထပ်မပြောတော့ဘူး။ ဒီကတိကို ကျွန်တော့် နှလုံးသား ထဲမှာ စွဲမှတ်ထားပါတယ် “ သူက ခေါင်းမော့ပြီး ကန်လယ်သို့ကြည့်သည်။ အချိန်အနည်း ငယ်ကြာသော် သူသည် မျက်လုံးများပိတ်ပြီး တရားထိုင်ရန် တင်ပျဥ်ခွေလိုက်သည်။ သူ၏ခေါင်းထဲတွင် ကျောက်စိမ်းပြားမှ ဆောင်ပုဒ်ပေါ်လာသည်။
“ရှေးဟောင်းလမ်းစဥ်။ ကောင်းကင်တံခါးကိုပိတ်ချင်သော ဇွဲဆန္ဒ။ တောင်တန်းပင်လယ်နယ်ပယ်။ ကျယ်ပြောသောကောင်းကင်။ ကြီးမြတ်သော စေတနာ။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ ကြီးလေးသောပြစ်ဒဏ် တွေ့ဆုံတယ်။ ငါ့ရဲ့အသက် ထာဝရတည်တံ့မယ်” အချိန် များစွာ ကုန်လွန်သွားပြီး စကားလုံးများသည်ဘသူ့ခေါင်းထဲ၌ ဆက်လက်ပဲ့တင်ထပ်နေသည်။ သို့ထိတိုင် ၄င်းတို့၏ဆိုလိုရင်းကို သူနားမလည်နိုင်သေးပေ။
မန်ဟို ထိုစကားလုံးများ၏အဓိပ္ပာယ်ကို အသေအချာနားလည်ရန် ဆက်လက်ကြိုးစားနေစဥ် အချိန်များထပ်မံကုန်ဆုံးသွားသည်။ ရုတ်တရက် ဝမ်းသာအားရရယ်သံတစ်သံ ကန်ကိုဖြတ်၍ ပျံ့လွင့်လာသည်။
“သခင်လေး၊ ပင်လယ်ကို ဖြတ်ကူးချင်ပါသလား”
မန်ဟို သူ့ခေါင်းမော့ကြည့်လိုက်ရာ သူ့ထံသို့ ချဥ်းကပ်လာနေသော လှေတစ်စင်းကို မြင်လိုက်ရသည်။ လှေပေါ်တွင် ရက်လုပ်ထားသော မိုးကာတစ်ထည်ဝတ်ထားသည့် အဘိုးအိုတစ်ယောက်ရှိသည်။ အထဲတွင် မျက်လုံးဝိုင်းဝိုင်းလေးနှင့် အသက် ၈နှစ်၊ ၉နှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိသည်။ သူမက မန်ဟိုကို ကြည့်လိုက်သောအခါ သူမမျက်နှာတွင် အပြစ်ကင်းသော အပြုံးလေးတစ်ခု ဖြစ်ထွန်းသွားသည်။
မန်ဟို ရယ်လိုက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ အဘိုးအိုနှင့် ကလေးမလေးကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက ဓါးပျံတစ်လက်ပေါ် ခုန်တက်ပြီး သူတို့ထံဦးတည်သွားသည်။
ယခင်ကကဲ့သို့ပင် အရက်နွေးနွေးတစ်အိုးရှိနေသည်။ ကလေးမလေးက ၄င်းကိုထုတ်ပြီး မန်ဟိုအတွက် တစ်ခွက်ငှဲ့ပေးသော်လည်း ကမ်းမပေးပေ။ သူမ၏ မေးစေ့ကို လက်နှစ်ဖက်ပေါ်တွင်တင်ကာမန်ဟိုကို ကြည့်နေသည်။
“အစ်ကိုကြီး၊ ဘာလို့ပြန်လာခဲ့တာလဲ” သူမက သန့်ရှင်းကြည်လင်သော အသံလေးဖြင့် ပြောသည်။ “အစ်ကို ဂူယိတင်းစန်းယွီကို ကြည့်ဖို့လာခဲ့တာလား”
မန်ဟို သူမကို ကြောင်ကြည့်နေမိသည်။
“ ဂူယိတင်းစန်းယွီ က ညီမနာမည်လေ။ ဒါပေမဲ့ အစ်ကို ဘယ်သူ့ကိုမှ မပြောရဘူးနော်။ နော် အစ်ကိုကြီး” သူမက တခစ်ခစ်ရယ်ပြီး မန်ဟိုကို အလွန်ချစ်စရာကောင်းသောဟန်လေးဖြင့် မျက်လုံးမှိတ်ပြသည်။
မန်ဟို ပြုံးပြီး သူ့လက်နှစ်ဖက်ယှက်၍ ထပ်မံဦးညွတ်ကာ အရက်ခွက်ကို လက်ခံလိုက်သည်။
လှေလေးက ကန်အလယ်သို့ ဆက်လက်ရွေ့လျားနေစဥ် အဘိုးအိုက ရယ်နေသည်။ သူက မန်ဟို့ကို ပြန်ကြည့်သည်။ “အဘိုးတို့ မတွေ့တာ ရက်တော်တော်ကြာသွားပြီ။ သခင်လေးရဲ့အပြုအမူက အရင်ကထက် အများကြီးပိုပြီး သန့်စင်မွန်မြတ်နေတယ်။ သခင်လေး ဒီတစ်ခါ တစ်ဖက်ကမ်းကို သွားနေတာလား”
“ကျွန်တော် ကန်ကိုဖြတ်ဖို့ ဒီကို လာခဲ့တာမဟုတ်ပါဘူး။ “မန်ဟိုက ညင်သာစွာ ပြောပြီး တစ်ကျိုက်မော့လိုက်သည်။ “ကျွန်တော် ရှုပ်ထွေးနေတာတွေ ရှင်းဖို့ ဒီရောက်လာတာပါ”
***