← Chapters

သင်ပြုသောကံ သင့်ထံပြန်လာမည်

Vol. 7 Ch. 91

သင်ပြုသောကံ သင့်ထံပြန်လာမည်

Vol. 7 Ch. 91

မီးလုံးတစ်လုံးပြီးတစ်လုံး အလောင်းများပေါ်ကျသွားသည်။ သွေးညှီနံ့များက လေထုထဲ ပြန့်နှံ့နေဆဲဖြစ်သော်လည်း မကြာမီ အသားကျွမ်းသည့်အနံ့များဖြင့် ဖုံးလွှမ်းသွားသည်။ အော်ဂလီဆန်ဖွယ် အနံ့ဆိုးများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။

မန်ဟိုက သိုလှောင်အိတ်များကို သိမ်းလိုက်သည်။ သူက လေကို တရှုံ့ရှုံ့ရှူပြီးနောက် မြောက်ပင်လယ်ကို နောက်ဆုံးတစ်ချက်ကြည့်ပြီး လှည့်ထွက်သွားသည်။

“ငါ ကျိုးပြည်မှာ ထပ်နေလို့မရတော့ဘူး……ထွက်သွားဖို့လိုတယ်” ချွိရွှယ်ဂိုဏ်းပေါ်လာခဲ့လျှင် တခြား ဂိုဏ်းကြီးသုံးဂိုဏ်းလည်း သေချာပေါက် သူတို့၏ ဂိုဏ်းချုပ်နှင့်ကြီးအကဲများ သေဆုံးမှုကို သတိထားမိလိမ့်မည်။ မကြာခင် တောင်များသည် သူတို့ မည်သို့သေဆုံးသွားခဲ့သည်လဲ ဆုံးဖြတ်ရန် လာရောက် စုံစမ်းကြသည့် စဦးချီဖွဲ့စည်းမှုကျင့်ကြံသူများဖြင့်  ပြည့်သွားးပေမည်။

မန်ဟို မျက်မှောင်ကြုတ်လိုက်သည်။ အဝေးကို မျှော်ကြည့်ရင်း သူ့စိတ်ထဲတွင် တောင်ပိုင်းဒေသ၏ မြေပုံပေါ်လာသည်။ ဤတောင်တန်းများ၏ အခြားတစ်ဖက်တွင် ကျိုးပြည်နှင့် နယ်နိမိတ်ထိစပ်နေသည့် ကျယ်ပြန့်သော လွင်ပြင်ကြီးတစ်ခုရှိသည်။

“ သိပ်တော့ မဝေးဘူး။ ဒါပေမဲ့ မကြာခင် ဒီနေရာမှာ ရုတ်ရင်းဆန်ခတ်ဖြစ်လာတော့မယ်။ ငါကြာကြာနေလို့မရဘူး” မန်ဟို ဦးတည်ရာ ပြောင်းလိုက်သည်။ ဤတောင်တန်းများက မှီခိုရာဂိုဏ်း၏ပိုင်နက်ဖြစ်သည်။ သူ တခြားလမ်းဖြင့်် ကျိုးပြည်မှ ထွက်သွားမည်ဖြစ်သည်။

မန်ဟိုသည် စိတ်ပိုင်းဖြတ်ပြီးသည်နှင့် အရှေ့သို့ တဟုန်ထိုးထွက်သွားလိုက်သည်။ ကံဆိုးစွာပင် သူဝေးဝေး မသွားနိုင်လိုက်ခင် သူ၏မျက်လုံးများကျဉ်းမြောင်းသွားပြီး မြေပေါ်ကျသွားသည်။ သူက မျက်မှောင်ကြုတ်ရင်း အေးစက်စက်မျက်လုံးများဖြင့် အဝေးကိုလှမ်းကြည့်သည်။ သူ၏ အရှေ့ ကီလိုမီတာ ဒါဇင်အနည်းငယ်အကွာတွင် ဧရာမအလင်းအကာအကွယ်ကြီး ကောင်းကင်မှ နိမ့်ဆင်းလာသည်။ ၄င်းက မှီခိုရာဂိုဏ်းနှင့် အပြင်ကမ္ဘာကို ဖြတ်တောက်လိုက်သော မရေမတွင်နိုင်သော နှင်းပွင့်များအသွင်ပြောင်းသွားသည်။

အဝေးရှိ ကောင်းကင်တွင် လွင့်မျောနေသည်က အနက်ရောင်ဝတ်ရုံရှည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံက ချီအခြေတည်အဆင့်ဖြစ်သည်။ သူ့လက်ထဲတွင် ရေခဲကျောက်စိမ်းတစ်ခုကိုင်ထား၏။ အလင်းတန်းများက ၄င်းပတ်လည်တွင် ဖြေးညှင်းစွာ လည်ပတ်နေသည်။ ဤမှော်ပစ္စည်းက အရာအားလုံးကို ဖုံးကွယ်ပိတ်ဆို့နေသော နှင်းအကာကွယ်၏ အရင်းအမြစ်ဖြစ်သည်။

ထိုလူ့ကို တည်ကြည်ခန့်ညားသော မျက်နှာထားများဖြင့် စဦးချီဖွဲ့စည်းမှုအဆင့် ကျင့်ကြံ ၇ ယောက်၊ ၈ ယောက် ဝိုင်းရံထားလေသည်။ သူတို့၏ အဝတ်အစားများအရ ထိုသူများသည် ဖုန်းဟန်ဂိုဏ်းမှဖြစ်ကြောင်း မန်ဟိုပြောနိုင်သည်။

“သူတို့ကို ဂိုဏ်းကြီး ၃ ဂိုဏ်းလို့ခေါ်တာ အံ့ဩစရာမရှိဘူးပဲ။ ချီအခြေတည်အဆင့် အကြီးအကဲတွေ ဒီလောက်သေဆုံးသွားတာတောင်မှ ထပ်ပြီးပေါ်လာကြသေးတယ်” နှင်းလွှာအကာအကွယ်က သူ၏ ထွက်လမ်းအား တားဆီးပိတ်ဆို့နေးသည်ကို မြင်သောအခါ မန်ဟို ရင်လေးသွားသည်။ ယခု သူ့မှာ ပြေးပေါက်မရှိတော့ပေ။ အခြေအနေကို သေသေချာချာစစ်ဆေးရန် အချိန်မရခင် သူက ရုတ်တရက် နောက်ဆုတ်လိုက်သည်။ နှင်းလွှာအကာအကွယ်မှာ ရုတ်တရက် လျင်မြန်စွာ ကျုံ့လာနေ၏။

ထိုသို့ ကျုံ့ဝင်သွားသည်နှင့် ၄င်းဖြတ်သွားသမျှ မြေပြင်နှင့်အပင်များ လုံးဝအေးခဲကုန်သည်။ ၄င်းက မန်ဟို၏တည်နေရာကို ဦးတည်ရင်း လျင်မြန်စွာ ရွေ့လျားနေသည်။ ဟုတ်ပါသည်။ မန်ဟို့ထံ ဦးတည်နေခြင်းမဟုတ်။ ဤသည်မှာ ချုပ်နှောင်မန္တန်၏ ပုံမှန်လုပ်ဆောင်ချက်တစ်ခုသာဖြစ်သည်။ ကျုံ့လာခြင်းက သိပ်မကြာမည်မဟုတ်ပေ။ ၄င်းသည် ကီလိုမီတာရာဂဏန်းမျှ အတွင်းရွေ့လျားလာပြီးနောက် တဖြေးဖြေးရပ်သွားလိမ့်မည်။

မန်ဟိုမှာ ၄င်းနှင့် သိပ်မကွာဝေးတော့ပေ။ သူက နောက်ဆုတ်လိုက်ပြီး သူ့လှုပ်ရှားမှုများကို ဖုံးကွယ်ရန်လည်း အချိန်မရှိပေ။ ၄င်းချဥ်းကပ်လာစဥ် သူသည် အလင်းတန်းအသွင်ပြောင်းရင်း ဓါးပျံတစ်လက်ပေါ်ခုန်တက်လိုက်သည်။ ယင်းက ဖုန်းဟန်ဂိုဏ်းမှ ကျင့်ကြံသူများကို သတိထားမိလိုက်စေသည်။

“ အဲ့ဒီလူက……..”

“သူက မန်ဟိုပဲ။ ငါသူ့ပုံကို မြင်ဖူးတယ်။”

“ဒီတော့ အဲ့ဒါ မန်ဟိုပေါ့။ဂိုဏ်းချုပ်နဲ့ တခြားလူတွေအားလုံး သူ့ရှာနေကြတယ်။ သူ့ကိုဖမ်းကြ။ ဒါမှ ဒီမှာဘာတွေဖြစ်ခဲ့သလဲ ငါတို့နားလည်မှာ” ဖုန်းဟန်ဂိုဏ်းကျင့်ကြံသူများ၏ မျက်လုံးများမှာ မကောင်းသောရည်ရွယ်ချက်များဖြင့် တောက်ပလာသည်။

“မင်းတို့အားလုံး သူ့ကို သွားဖမ်းလာခဲ့” ချီအခြေတည်အဆင့်ကျင့်ကြံသူက ပြောသည်။ “ ငါ ချုပ်နှောင် မန္တန် စီနေတာ အချိန်နည်းနည်းလိုသေးတယ်” ယခုလေးတင် ကျုံ့ခြင်းကို အသက်သွင်း ထားသည့်အတွက် သူ နေရာမှ ရွေ့၍မရသေးပေ။ သို့သော် သူ စဥ်းစားရသရွေ့ မန်ဟို ဘယ်နည်းနှင့်မှ မလွတ်နိုင်ပေ။

ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဖုန်းဟန်ဂိုဏ်းသား ခုနစ်ယောက်၊ ရှစ်ယောက် မန်ဟို နောက်သို့ လိုက်သွားတော့သည်။

မန်ဟို၏ မျက်လုံးများ တလက်လက်တောက်ပနေသည်။ သူအရှေ့သို့ပြေးနေပြီး သူ့နောက်တွင် ချုပ်နှောင်မန္တန်ကျုံ့လာနေပြီး ကျင့်ကြံသူများက လိုက်လာနေကြသည်။

သူအရှေ့သို့ တဟုန်ထိုးသွားနေစဥ် အကာအကွယ်သည် တစတစ နီးလာပြီး မီတာ ၃၀ ခန့်သာ ကွာဝေးတော့သည်။ နောက်ဆုံး၌ ၄င်းသည် အရှိန်လျော့သွားပြီး ကျုံ့ဝင်ခြင်းရပ်သွားသည်။ ၄င်းက မှီခိုရာဂိုဏ်း၏ တောင်တန်းဒေသတစ်ခွင်လုံး ဖုံးလွှမ်းထားသော ရေခဲအကာအကွယ်ထူကြီးဖြစ်သွားသည်။

တကယ်တမ်း ချုပ်နှောင်ခြင်းမှာ လုံးဝအခြေမခိုင်သေးပေ။ သူသာ စဦးချီဖွဲ့စည်းမှုအဆင့် (၉) တွင်ဆိုပါက ပြောနိုင်မည် မဟုတ်ပေ။ သို့သော် သူက စဦးချီဖွဲ့စည်းမှု၏ မဟာစက်ဝန်းအဆင့်တွင် ဖြစ်သည်။ ချုပ်နှောင်တံဆိပ်ကို ကြည့်ပါက ၄င်း သိပ်ခံမည်မဟုတ်ကြောင်း သူပြောနိုင်သည်။

“ ငါထွက်သွားလို့လည်း မရသလို ဖောက်ထွက်လို့လည်း ရနိုင်မှာ မဟုတ်ဘူး။ ငါ တတ်နိုင်သမျှ မြန်မြန် ဒီတောင်တွေကို ကျော်မှ ဖြစ်မယ်။ ဒီအချုပ်အနှောင်ကို ကြည့်ရင် သိပ်မကြာခင် အားနည်းလာမယ်ဆိုတာ ငါပြောနိုင်တယ်။ အဲ့ဒီအချိန်ရောက်တာနဲ့ ငါထွက်ပြေးလို့ရပြီ” မန်ဟို အံကြိတ်လိုက်သည်။ သူ့အစီအစဉ်က အလုပ်ဖြစ်ချင်မှ ဖြစ်မည်ဆိုသည်ကို သူသိသော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ အချိန်နည်းနည်းလောက် ပုန်းနေပါက အလုပ်ဖြစ်မည်။ သို့သော် ပထမဆုံးအနေဖြင့် လက်ရှိအခြေအနေမှ လွတ်မြောက်ဖို့ လှုပ်ရှားရပေမည်။

သူသည် သူမျက်လုံးများ လင်းလက်တောက်ပနေရင်း ဆုတ်ခွာနေသည်ကို ရပ်လိုက်သည်။ ထိုအစား သူက ဖုန်းဟန်ဂိုဏ်းမှ ကျင့်ကြံသူရှစ်ယောက်ကို အေးစက်စက် ကြည့်ရင်း ရပ်လိုက်သည်။

“စုစုပေါင်း ၈ ယောက်။ နှစ်ယောက်က စဦးချီဖွဲ့စည်းခြင်းအဆင့် (၉)၊ လေးယောက်က အဆင့်(၈)။ သူတို့အားလုံးမှာ မှော်ပျံသန်းရေးပစ္စည်းတွေရှိကြတယ်။ ဂိုဏ်း (၃) ဂိုဏ်းက အတော်လေး ဆန္ဒစောနေကြပုံပေါ်တယ်။ ဒီကို မြန်မြန်ရောက်လာဖို့ အစွမ်းကုန် သုံးထားကြတာပဲ” မန်ဟို ချီအခြေတည်အဆင့် ကျင့်ကြံသူကို လှမ်း ကြည့်လိုက်သည်။ ထိုသူက မန္တန်ကို ထိန်းသိမ်းနေရသဖြင့် လောလောဆယ် မရွေ့လျားနိုင်ပေ။ သို့သော် ချီအခြေတည်အဆင့်ကျင့်ကြံသူဖြစ်သည့်အတွက် အတိုင်းထက်အလွန် အစွမ်းထက်သည်။ သူသည် မန်ဟို့ကို အေးစက်စက်ကြည့်ရင်း ထိုနေရာတွင် လွင့်မျာနေသည်။

သူတို့အကြည့်ချင်းဆုံသွားစဥ် တခြား ကျင့်ကြံသူ ၈ ယောက်က နှင်းအကာအကွယ်အလွှာကို ဖြတ်လာသည်။ ယင်းက ဤအကာအကွယ်၏ ထူးခြားသော ဂုဏ်သတ္တိထဲက တစ်ခုဖြစ်သည်။ ဝင်ရောက်၍ရသော်လည်း ထွက်မသွားနိုင်ပေ။

လူ ၈ ယောက်က အကြည်းတန်အပြုံးများဖြင့် မန်ဟိုအပေါ် ဆင်းသက်လာကြသည်။ သူက လှစ်ခနဲ လှုပ်ရှားလိုက်သည်။

သူက ညာလက်ကို လက်သီးဆုပ်ပြီး ရှေ့တိုးကာ မြေကြီးအပေါ် ထိုးချလိုက်သည်။ စဦးချီဖွဲ့စည်းမှု မဟာစက်ဝန်း၏ စွမ်းအားများ ပေါက်ကွဲသွားပြီး လေပြင်းတစ်ချက်သည် ကျင့်ကြံသူရှစ်ယောက်ကို ဝင်တိုက်သွားသည်။ သူတို့က အံသြမှုဟု ရေးသားထားသောမျက်နှာများဖြင့် ရပ်လိုက်ကြသည်။

တစ်ဆက်တည်းမှာပင် သစ်သားဓါးနှစ်လက် မန်ဟို့လက်ထဲ ပေါ်လာသည်။ ၄င်းတို့သည် လေကိုခွင်းသွားပြီးနောက် စဦးချီဖွဲ့စည်းမှု အဆင့် (၇) ကျင့်ကြံသူနှစ်ယောက်၏ခေါင်းများ လေထဲပျံတက်သွားသည်။

“အသက်တစ်ရှိုက်” မန်ဟိုက ပြော

သည်။ ချီအခြေတည်ခြင်းအဆင့်ကျင့်ကြံသူက အချိန်အနည်းငယ်သာလိုအပ်သည်ဟု ပြောခဲ့သည်။ ယင်းက အမှန် ဟုတ် မဟုတ် မန်ဟို မသေချာပေ။ မည်သို့ပင်ဖြစ်စေ၊ သူ၏နည်းလမ်းက ဤကျင့်ကြံသူရှစ်ယောက်ကို အသက်ဆယ်ရှိုက်စာအတွင်း သုတ်သင်ရန်ပင်။

သစ်သားဓားများ၏ တဝီဝီအသံများကြားမှ ကျန်သည့် ၆ ဦးက သူတို့၏ မှော်ပစ္စည်းများကို ထုတ်ရန် သတိရလိုက်ကြသည်။ မထုတ်နိုင်ခင် မန်ဟိုက အဆင့် ၈ ကျင့်ကြံသူတစ်ယောက်ထံ ဝုန်းခနဲ ပြေးဝင်သွားသည်။ သူက မှော်ပစ္စည်းမသုံးဘဲ ပခုံးဖြင့်တိုက်လိုက်သည်။

ဘန်း

မန်ဟို သူ့ကို ဝင်တိုက်လိုက် ထိုလူ၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ ချိုင့်ဝင်သွားပြီး သူနောက်ပျံဆုတ်သွားစဥ် မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ၆ မီတာ အရှည်မြွေမီးတောက်ကြီးပေါ်လာ၏။ ၄င်းက ဟိန်းဟောက်ရင်း အခြား အဆင့် ၈ ကျင့်ကြံသူ တစ်ယောက်ထံ ပြေးဝင်သွားသည်။ မြွေမီးတောက်ကြီးက သူ့ကို ဝါးမြိုသွားသည့်အတွက် စိတ်မချမ်းမြေ့ဖွယ်အော်သံကြီးထွက်ပေါ်လာသည်။

“အသက်လေးရှိုက်” အသက်လေးရှိုက်စာ အတွင်း မန်ဟိုက လူလေးယောက် သတ်ခဲ့လေပြီ။ ကျန်လေးယောက်မှာ အထိတ်တလန့်ကြည့်နေကြသည်။ မန်ဟိုက သူတို့တစ်ခါမှ မမြင်ခဲ့ဖူးသော ရက်စက်ကြမ်းကြုတ်မှုဖြင့် တိုက်ခိုက်သွားခဲ့သည်။ ယခု မန်ဟိုက သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖောက်ပြီဖြစ်၍ ကျန်ကျင့်ကြံသူလေးယောက်မှာ ဖြစ်ပျက်နေသည်များကို လိုက်မမှီတော့ရင်း တဆတ်ဆတ်တုန်သွားကြသည်။

အဝေးတွင် ချီအခြေတည်အဆင့် ကျင့်ကြံသူမှာ တအံ့တသြကြည့်နေသည်။ စောစောကပင် မန်ဟိုသည် စဦးချီဖွဲ့စည်းမှု အဆင့် ၉ တွင် ဖြစ်ကြောင်း သူမြင်ခဲ့ရသည်။ သို့သော် အသက်ရှိုက်စာအနည်းငယ်လေးအတွင်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ရုတ်တရက် ခုန်တက်သွား၏။

“အသက် ခြောက်ရှိုက်” မန်ဟို၏လက်သည် ဂါထာမန္တယားဟန်တစ်ခု လက်သွားပြီး သစ်သားဓားနှစ်လက်မှ ဓားအရှိန်အဝါများ စီးထွက်လာသည်။ ကျန် အဆင့် ၈ ကျင့်ကြံသူနှစ်ယောက်မှာ လာနေသော ဓားများကို မှော်ပစ္စည်းများဖြင့် ခုခံရန် ကြိုးစားလိုက်ကြသည်။ သူတို့ နှလုံးသားတည့်တည့်သို့ ဓားက ထုတ်ချင်းဖောက်သွားသဖြင့် ကြောက်မက်ဖွယ်အသံနက်ကြီးများ ထွက်ပေါ်လာသည်။ သူတို့၏အလောင်းများ မြေကြီးပေါ် ပြုတ်ကျသွားသည်။

ယခုတွင် အဆင့် ၉ ကျင့်ကြံသူနှစ်ယောက်သာ ကျန်ရှိတော့သည်။ သူတို့မျက်နှာများမှာ ဖြူဖျော့နေပြီး သူတို့မှ အနောက်သို့ဆုတ်သွားကြသည်။ မန်ဟို၏ သွေးအေးသောအကြည့် သူတို့အပေါ် ကျရောက်လာသည့်အခါတွင် သူတို့မှာ တကွဲတပြားထွက်ပြေးသွားကြတော့သည်။

မန်ဟိုက အေးစက်သောမျက်နှာထားဖြင့် ညာလက်ကို မြှောက်လိုက်ရာ မန္တန်လက်ကွက်တစ်ကွက်လက်သွားသည်။ ၁၅ မီတာ၊ ၂၀ မီတာခန့်ရှည်လျားသော လေဓါးသွားကြီး ပေါ်လာသည်။ ၄င်းသည် ချောက်ချားဖွယ် တရွှီးရွှီးမြည်လျက် တဟုန်ထိုးထွက်သွားသည်။ တစ်ဆက်တည်းမှာပင် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ အနက်ရောင်လေးတစ်လက် သူ့လက်ထဲတွင် ပေါ်လာ၏။ သူက လေးကြိုးကိုဆွဲပြီး အခြားတစ်ယောက်ထံ မြားတစ်စင်း ပသ်လွှတ်လိုက်သည်။

“ အသက်ရှစ်ရှိုက်” မန်ဟို ညင်ညင်သာပြောသည်။ ပေါက်ကွဲမှုကြီးနှစ်ခု မြည်ဟိန်းသွားသည်။ လေဓါးသွားက ပထမအဆင့် ၉ ကျင့်ကြံသူကိုယ်ကို နှစ်ပိုင်းဖြတ်သွားပြီး သွေးများအား နေရာအနှံ့ ဖွားထွက်သွားစေသည်။

တစ်ဆက်တည်းမှာပင် အနက်ရောင်မြားတစ်စင်းက နောက်ထပ်ကျင့်ကြံသူတစ်ယောက်၏ ခေါင်းကို ထိုးဖောက်ကာ ဝုန်းခနဲ ပေါက်ထွက်သွားသေသည်။

အသက်ရှစ်ရှိုက်၊ လူရှစ်ယောက်သတ်ခြင်း။

မန်ဟိုက ခံစားချက်မဲ့စွာဖြင့် နှင်းအကာအကွယ်မှတစ်ဆင့် ချီအခြေတည်အဆင့်ကျင့်ကြံသူကို တခဏကြည့်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် တောက်ပနေသော အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ အဝေးထွက်သွားသည်။

သူသည် ကျင့်ကြံသူအတော်များများကို ရှောင်တိမ်းရင် သွားနေသည်။ သို့သော်လည်း ချုပ်နှောင်မန္တန်ဖုံးအုပ်ထားသည့် နယ်ပယ်မှာ သိပ်မကျယ်ပေ။ ဤမျှ များပြားသော အဆင့် ၈ နှင့် အဆင့် ၉ စဦးချီစုစည်းမှုကျင့်ကြံသူများဖြင့် ပိုက်စိတ်တိုက်ရှာရန် အချိန်သိပ်ကြာမည်မဟုတ်ပေ။ ချီအခြေတည်အဆင့်ကျင့်ကြံသူများမှာမူ ပျံသန်းနိုင်သည့်အတွက် ပို၍ မြန်မြန်ရှာနိုင်မည်ဖြစ်သည်။

မန်ဟို ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး နောက်ဆုံးတွင်တော့ မှီခိုရာဂိုဏ်းနှင့် နီးကပ်လာသည်။ ထိုစဥ် အမြင့်ဆုံးအရှိန်ဖြင့် ရွေ့လျားလာနေသော အလင်းတန်းဆယ်တန်း ကောင်းကင်တွင် ပေါ်လာသည်။ ဤအဖွဲ့ကို ဥိီးဆောင်နေသူမှာ တင်းမာခက်ထန်သောမျက်နှာနှင့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူသည် ပတ်လည်က အခြားသူများကဲ့သို့ လေဟုန်စီးနေခြင်းမဟုတ်ဘဲ အမှန်တကယ် ပျံသန်းနေခြင်းပင်။

စဦိးချီဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူများအနေဖြင့် ထိုသို့ပြုလုပ်နိုင်မည် မဟုတ်ပေ။ ထိုလူကြီးက သိသာထင်ရှားစွာပင် ချီအခြေတည်အဆင့်ဖြစ်သည်။

“ဖန်းယဲ့ဂိုဏ်း….” သူတို့ကိုမြင်သည်တွင် မန်ဟို သက်ပြင်းသာချလိုက်မိသည်။ သူ ယနေ့လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း လက်ခံလာလေပြီ။ သူ ပုန်းရန် ကြိုးစားနိုင်သော်လည်း နောက်ဆုံး တွေ့သွားကြမည်သာဖြစ်သည်။

“မန်ဟို” သူ့ကိုမြင်သောအခါ ဖန်းယဲ့ဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာများက အရုပ်ဆိုးသွားကြသည်။ ချီအခြေတည်အဆင့် ကျင့်ကြံသူ အဘိုးကြိးက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း မန်ဟို့ထံ တဟုန်ထိုး ဦးတည်လာသည်။

ချီအခြေတည်အဆင့်ကျင့်ကြံသူ ဦးတည်လာနေသည်ကို ကြည့်ရင်း မန်ဟို၏မျက်လုံးများမှာ တင်းမာလာသည်။ ထိုလူထံမှာ ချီအခြေတည်အဆင့်၏ ပြင်းထန်သောစွမ်းအားကြီး တလိပ်လိပ်ထွက်နေသည်။ ဤစွမ်းအား၏ပြင်းထန်မှုက ပတ်ဝန်းကျင်က စဦးချီဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို နောက်ဆုတ်သွားစေသည်။

ဤသည်က ချီအခြေတည်အဆင့်၏ အင်အားဖြစ်သည်။ သူသည် မည်သည့်အားမှထုတ်စရာမလိုသော ဟန်ဖြင့် လေကိုခွင်း၍ ပျံသန်းလာနေသည်။ မကြိုးစားဘဲနှင့်ပင် သူသည် စဦးချီဖွဲ့စည်းမှု ကျင့်ကြံသူများကို တဆတ်ဆတ်တုန်သွားစေသည်။

သို့သော် မန်ဟိုက သာမန်စဦးချီဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူမဟုတ်ပေ။ ရှေးယခင်ကတည်းက တစ်ခါမှ မတွေ့မြင်ခဲ့ရသည့် စဦးချီဖွဲ့စည်းမှု၏မဟာစက်ဝန်း၊ အဆင့် ၁၃ ကျင့်ကြံသူဖြစ်သည်။ သူ့တွင် စိတ်ဝိညာဉ် အာရုံရှိသည်။ ၄င်းက သိပ်အားမကောင်းသော်လည်း ရှိနေသေးသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက အခြားသူများကဲ့သို့ ပရမ်းပတာဖြစ်သွားခြင်းမရှိပေ။

သူ့ချီသွေးကြောများက ပို၍မာကြောပြီး သူ့အရိုးများကပင် ပိုမိုသန်မာသည့်အပြင် သူ၏အပြင်အားကိုယ်ကလည်း ပို၍အစွမ်းထက်သေးသည်။ အစွမ််းထက် ချီအခြေတည်အဆင့်ကျင့်ကြံသူနှင့်ရင်ဆိုင်ရသည့်တိုင် သူကား ခြေလှမ်းတစ်ဝက်ပင် ဆုတ်သွားခြင်း အလျဥ်းမရှိ။

“ဆိုတော် ကျိုးပြည်မှာ ဗြောင်းဆန်အောင် ပြုလုပ်ခဲ့သူက ချီအခြေတည်ခြင်းအဆင့် ရောက်ခါနီး ကျင့်ကြံသူပေါ့လေ” ချီအခြေတည်အဆင့် ကျင့်ကြံသူက အေးစက်စက် ပြောသည်။ “ ဒါပေမယ့် ဒီနေ့ ငါက မင်းသေရမယ်လို့ ပြောရင် မင်းသေကို သေရမယ်”

ထိုစဥ်မှာပင် မန်ဟို့ အနောက်၌ အလင်းတန်းနောက်တစ်တန်း ပေါ်လာသည်။ ၄င်းက သူတို့ထံ ဦးတည်သွားသည်။ ဤသည်မှာ ဖုန်းဟန်ဂိုဏ်းက ချီအခြေတည်အဆင့်ပညာရှင်ကလွဲ၍ တခြားမဟုတ်ပေ။ သူက အသတ်အဖြတ်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။

“ကျုပ် ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းးနေတာ။ သေခြင်း၊ရှင်ခြင်း စည်းမျဉ်းတွေကို မသိမိုက်မဲတဲ့သူ မဟုတ်ဘူး” မန်ဟိုက အေးစက်စက် ပြောသည်။ “ ကျုပ် တခြားလူတွေကို သတ်နိုင်တယ်။ ဒါပေါ့ တခြားသူတွေလည်း ကျုပ်ကို သတ်နိုင်တယ်။ ဒါပေမဲ့ မေးခွန်းတစ်ခုလောက် မေးပါရစေ။ ခင်ဗျားတို့ ဂိုဏ်းကြီး ၃ ဂိုဏ်းက ရှန့်ကွမ်းရှိုးကို စီရင်စုသုံးစုရဲ့ သေမျိုးလူသားတွေဆီကနေ အသက်စွမ်းအား စုပ်ယူခွင့်ပေးခဲ့တယ်။ သူက သူတို့ရဲ့ သက်တမ်းကိုတောင် ထိခိုက်စေခဲ့တယ်။ သေမျိုးလူသားတွေဟာ မကျင့်ကြံအားထုတ်ခြင်းမရှိဘူး။ ကျင့်ကြံသူတစ်ယောက်ကို ထိခိုက်စေရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ခင်ဗျားတို့က၊ ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းဆန်ပြီး ဒီလောက် လူမဆန်တဲ့ ဆိုးရွားတဲ့အလုပ်ကို ခွင့်ပြုခဲ့တယ်။ ဒါက စည်းမျဉ်းဥပဒေကို ဆန့်ကျင်နေတာ။ ကိုယ်ပြုတဲ့ကံက ကိုယ့်ထံပြန်လာမှာပဲ” မန်ဟိုမှာ ဤစကားများကို အချိန်အတော်ကြာကတည်းက ပြောချင်နေခဲ့ခြင်းဖြစ်သည်။

“ဥပဒေ ဟုတ်လား။ ကောင်းကင်နဲ့မြေကြီးမှာ အစွမ်းထက်တဲ့လူတွေပဲ ဥပဒေကို ပြဌာန်းနိုင်တယ်။ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတော့ရော ဘာဖြစ်လဲ။ မင်းပြောတဲ့အတိုင်း မင်းဆီ ရောက်နေပြီလေ၊ မဟုတ်ဘူးလား”

မန်ဟိုက ဘာမှ မပြောဘဲ ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။

***

All Chapters