← Chapters

ချီအခြေတည်အဆင့်ကို သုတ်သင်ခြင်း

Vol. 7 Ch. 92

ချီအခြေတည်အဆင့်ကို သုတ်သင်ခြင်း

Vol. 7 Ch. 92

မန်ဟိုအရှေ့တွင် ဖန်းယဲ့ဂိုဏ်းမှ ချီအခြေတည်အဆင့်ကျင့်ကြံသူ အဘိုးကြီးရှိသည်။ သူ့အနောက်တွင်တော့ ဖုန်းဟန်ဂိုဏ်းမှ ဒေါသထွက်နေသော ချီအခြေတည်အဆင့်ကျင့်ကြံသူ ဖြစ်သည်။ ယခုအချိန်တွင် ကျိုးပြည်၏ ဂိုဏ်းကြီးသုံးဂိုဏ်းအနက် ဂိုဏ်းနှစ်ဂိုဏ်းမှ ချီအခြေတည်အဆင့် ကျင့်ကြံသူက ထွက်ပေါ်လာခဲ့ကြလေပြီ။

မန်ဟို ကျဉ်းထဲကြပ်ထဲ ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ သဘောတရားအရ သူ သူတို့ကို မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းနယ်မြေသို့ မြားခေါ်သွားနိုင်သော်လည်း ထိုသို့လုပ်ရန်မှာ မှီခိုရာဂိုဏ်းချုပ်၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်မည်ဖြစ်သည်။

သူတို့နှစ်ဦး အကြား ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအပြင် ဂိုဏ်းချုပ်၏ဒေါသကိုပါ ထည့်သွင်းစဉ်းစားလျှင် သူ မကူညီမည်မှာ သေချာသလောက်ရှိသည်။ ထို့အပြင် မန်ဟိုမှာ ထိုလှည့်ကွက်ကို တစ်ကြိမ် အသုံးပြုခဲ့ပြီးဖြစ်သည်။ တူညီသောနည်းလမ်းအတိုင်း လူအများအား ထပ်မံလှည့်စားခြင်းမှာ အောင်မြင်နိုင်ခြေနည်းသည်။ သို့သော် အဆုံးသတ်တွင်တော့ သူ့မှာ ကြိုးစားကြည့်ရုံမှတစ်ပါး အခြားမရှိပေ။

"ဂိုဏ်းကြီးသုံးဂိုဏ်းက ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေ မသေကြသေးဘူး" ဖန်းယဲ့ဂိုဏ်းမှ ချီအခြေတည်အဆင့်ကျင့်ကြံသူ ညာလက်ကိုမြှောက်၍ ချဥ်းကပ်လာစဥ် သူက ရုတ်တရက် ပြောသည်။

သူ့ပါးစပ်မှ ထိုစကားလုံးများထွက်သွားသည်နှင့်တစ်ပြိုင်နက် အဘိုးကြီး၏ မျက်လုံးများက တောက်ပသွားသည်။ ဖုန်းဟန်ဂိုဏ်းမှ လူ၏ မျက်နှာသည်လည်း ရိပ်ခနဲဖြစ်သွားသည်။

"သူတို့က မှီခိုရာဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းဂူထဲမှာ ပိတ်မိနေကြတာ။ အဲဒါက ဟိုနားလေးမှာ " သူ့လက်ကို မြှောက်ပြီး အရှေ့ဘက်တောင်ကို ညွှန်ပြလိုက်သည်။

ဖုန်းဟန်ဂိုဏ်းမှ ချီအခြေတည် အဆင့်ကျင့်ကြံသူ၏ မျက်လုံးများက တောင်ထိပ်ကို ကြည့်လိုက်သည့်အခါ လျှပ်စီးလက်သကဲ့သို့ တောက်ပသွားသည်။ ဖန်းယဲ့ဂိုဏ်းမှ စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူ များလည်း အရှေ့ဘက်တောင်ကို လှမ်းကြည့်လိုက်ကြသည်။

သို့သော် ဖန်းယဲ့ဂိုဏ်း ချီအခြေတည်အဆင့် ကျင့်ကြံသူက ပြုံးလိုက်သည်။ ထိုအပြုံးက လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသော စက်ဆုပ်ဖွယ်အပြုံးတစ်ခုဖြစ်သည်။

"ဂိုဏ်းသုံးဂိုဏ်းက ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေ သေတယ်ဆိုတာ မင်းဘယ်လိုသိလဲ ငါသိချင်မိတယ်" ဤသည်ကိုကြားသော် မန်ဟိုမှာ မျက်နှာအမူအရာ မပြောင်းလဲသော်လည်း ရင်တဒိတ်ဒိတ်ခုန်သွားသည်။

"တကယ်တော့ မင်းဘာပြောပြော အရေးမကြီးဘူး။ ငါမင်းကို ရပြီဆိုရင် မင်း ငါမေးသမျှ ဖြေရမှာပဲ " သူက ညာလက်ကို မြှောက်ပြီး မန်ဟို့ထံသို့ ဆန့်ထုတ်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည်နှင့် ချီအခြေတည်ခြင်းအဆင့်စွမ်းအား ပေါက်ကွဲထွက်သွားပြီး ဧရာမလက်ကြီးတစ်ဖက် သူ့အရှေ့ကလေထုထဲတွင် ပေါ်လာသည်။ ၄င်းက လေကိုခွင်း၍ မန်ဟို့ထံ တန်းတန်းမတ်မတ် ဦးတည်လာသည်။

မန်ဟို ချက်ချင်း ရှောင်ရန် ပြင်လိုက်သော်လည်း သူထိုသို့လုပ်လိုက်စဥ် ဖုန်းဟန်ဂိုဏ်းမှ ချီအခြေတည်အဆင့်ကျင့်ကြံသူက သူ့အင်္ကျီလက်စကို ခါပြီး အေးစက်စက်ရယ်မောလိုက်သည်။ လေပြင်းတစ်ချက်က မန်ဟို့ကို တိုက်ခတ်သွားသည်။

ချီအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်လုံး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ မန်ဟိုက အံတင်းတင်းကြိတ်ရင်း သိုလှောင်အိတ်ကို ပုတ်သည်။ လျှပ်စီးအလွှာတစ်ခု ပေါ်ပေါက်လာပြီးနောက် လျှပ်စီးအလံအဖြစ် စုစည်းသွားသည်။

ဤအလံသည် သူ မှီခိုရာဂိုဏ်းချုပ်ထံမှ ယူခဲ့သော ပစ္စည်းများထဲက တစ်ခုဖြစ်ပြီး ချီအခြေတည်အဆင့်ကျင့်ကြံသူများ၏ တိုက်ကွက်များကို ခုခံနိုင်စွမ်းရှိသည်။ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၄င်းသည် လျှပ်စီးများတလိပ်လိပ်ထနေသော တိမ်တိုက်အသွင် ကြီးထွားလာသည်။ တိမ်တိုက်က မန်ဟို့ကို ကာကွယ်ရင်း ပြန့်ကားလာ၏။

ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားသည်။ တိမ်တိုက်အတွင်းတွင် မန်ဟိုက သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ အနောက်လွင့်ထွက်သွားသည်။ ချီအခြေတည်အဆင့် ကျင့်ကြံသူ အဘိုးကြီး၏မျက်လုံးများ ပြူးထွက်သွားပြီး သူက တိမ်တိုက်ကို တအံ့တသြစိုက်ကြည့်နေချေသည်။

ဖုန်းဟန်ဂိုဏ်းမှ လူမှာ အကျယ်ကြီး ပင့်သက်ရှိုက်လိုက်မိသည်။

မန်ဟို့ကို ဝန်းရံထားသော တိမ်တိုက်မှာ ချင်းအားဖြင့် မီတာ ၁၅ ၊၂၀ ခန့်ရှိသည်။ မန်ဟို၏မျက်နှာမှာ ဖြူဖျော့နေပြီး သူ့ပါးစပ်မှာ သွေးများ ပေကျံလျက်ရှိသည်။ သူ၏ကိုယ်တွင်းအင်္ဂါများ နာကျင်သွားပြီး သွေးတို့ထွက်လာရာ သူ့မှာ မနည်းအားတင်း၍ ၄င်းတို့ကို ထိန်းချုပ်နေရသည်။ အလံ၏ စွမ်းအားအပြည့်ကို အသုံးချရန် ပြုပြင်မွမ်းမံမှု အမြောက်အမံ လိုအပ်မည်ဖြစ်ပြီး မန်ဟို့မှာ ၄င်းဖြင့် လေ့ကျင့်ရန် အချိန်သိပ်မရှိခဲ့ပေ။ သို့ဖြစ်၍ သူသည် ၄င်း၏စွမ်းအားတစ်ဝက်သာ အသုံးပြုနိုင်သည်။ ၄င်းက သူ့ပတ်လည်တွင် မတည်မငြိမ်ဖြစ်လျက် လည်ပတ်နေသည်။

"ဒါက ထူးခြားပြောင်မြောက်တဲ့ ရတနာတစ်ပါးပဲ " ဖန်းယဲ့ဂိုဏ်းက အဘိုးကြီးက ပြောသည်။ " မင်း မှန်မှန်ကန်ကန် အသုံးမချနိုင်သေးတာ တော်တော်ဆိုးတာပဲ။ မင်း ငါ့မှော်ပညာကို ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့ " သူက သူ့လက်ကို နောက်တစ်ဖန်မြှောက်ကာ ရှေ့သို့ရွေ့လျားလာသည်။ အနက်ရောင်အမှုန်နယ်ပယ်တစ်ခု သူ့အရှေ့တွင် ပြန့်ကားလာ၏။ ၄င်းသည် တဖျပ်ဖျပ်လက်နေပြီး အနက်ရောင်အမျှင်များအသွင်ပြောင်းကာ တိမ်တိုက်ထံ ပျံသန်းလာကြသည်။

ဝုန်းခနဲ ပေါက်ကွဲသွားပြီး အဘိုးကြီးကိုယ်တိုင် တိမ်တိုက်အနားရောက်လာသည်။ သူ လက်ကို ရှေ့နောက်ဝှေ့ယမ်းလိုက်သည့်အခါတိုင်း အနက်ရောင်အမှုန်မျှင်များက တိမ်တိုက်ကို ဝင်ဆောင့်ကာ ပေါက်ကွဲသံများ မြည်ဟည်းစေသည်။

ဖုန်းဟန်ဂိုဏ်း ကျင့်ကြံသူက အေးစက်စက်အပြုံးတစ်ခုဖြင့် ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက်တစ်ကွက် ဖျတ်ခနဲဖော်လိုက်သည်။ သူ့လက်သည် ရုတ်ခြည်း ရေခဲအဖြစ်ပြောင်းသွားပြီးနောက် ကွဲကြေကာ သူ့အရှေ့တွင် ပို၍ကြီးမားသောလက်ကြီးတစ်ဖက်အသွင် ပြန်လည်ဖြစ်တည်လာသည်။ ရေခဲလက်ကြီးက မန်ဟို့ဆီ ပြေးဝင်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက မန်ဟို့ထံ ရောက်သွား၏။ အနက်ရောင်အမျှင်များနှင့် ရေခဲလက်ကြီးက မန်ဟို့ကို ဝန်းရံနေသော တိမ်တိုက်ကို တဖြေးဖြေး ကျုံ့သွားနေစေသည့်အတွက် ထစ်ချုန်းသံများ မြည်ဟည်းသွားသည်။ အထဲတွင် မန်ဟို၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့တစ်ကိုယ်လုံးမှာ အပိုင်းပိုင်းစုတ်ဖြဲခံရတော့မည့်အလား ခံစားနေရသည်။ သူ့စိတ်မှာ ရှုပ်ထွေးနေပြီး သူ့မျက်နှာမှာ လူသေကဲ့သို့ ဖြူဖျော့နေသည်။ သေရေးရှင်ရေးအန္တရာယ်ခံစားချက်တစ်ခုက သူ့ကို လွှမ်းမိုးနေပြီး သူနှင့် လျှပ်စီးအလံကို ဆက်သွယ်ပေးထားသော အမျှင်လေးမှာ အချိန်မရွေး ပြတ်တောက်သွားနိုင်လေသည်။

ထိုသို့ဖြစ်သွားခဲ့လျှင် မန်ဟို၏ ကျင့်ကြံခြင်းအခြေခံက စဦးချီဖွဲ့စည်းမှုမဟာစက်ဝန်းတွင် ရှိနေစေကာမူ အရေးမပါတော့ပေ။ ယင်းက စဦးချီဖွဲ့စည်းမှုအဆင့်သာ ဖြစ်နေသေးပြီး သူရင်ဆိုင်နေရသည်က ချီအခြေတည်အဆင့်ဖြစ်သည်။ ထိုနှစ်ခု၏ အဆင့်ကွာခြားချက်ကား ကြီးမားလွန်းလှသည်။

ဤအရေးကြီးသောအခိုက်အတန့်၌ မန်ဟိုက မျက်လုံးများ သွေးချင်းနီလျက် ရုတ်တရက် သိုလှောင်အိတ်ကို ပုတ်သည်။ သူ့လက်ထဲတွင် ရှေးဆန်သောချီတစ်ခု ထုတ်လွှတ်နေသော ဆီမီးအိမ်တစ်လုံးပေါ်လာ၏။

ဤမီးအိမ်၏ မီးစာမှာ တင်ပျဥ်ခွေလျက် တရားထိုင်နေသော အနုသုခုမရုပ်ခန္ဓာတစ်ခုဖြစ်သည်။၄င်းက......ထျန်ကျီးအရှင်က လွဲ၍ တခြားမဟုတ်ပေ။

အနုသုခုမရုပ်ခန္ဓာသည် မီးစာဖြစ်ပြီး အသက်စွမ်းအားက မီးလျှံဖြစ်သည်။ ချစ်ချစ်တောက်နေသော မီးလျှံက မန်ဟို့မျက်နှာကို အလင်းပေးနေသည်။ ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခု သူ၏မျက်နှာတွင် ပြည့်နှက်နေပြီး သူ၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပနေသည်။ ဤအခြေအနေမှ လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းကို သူစဥ်းစားခဲ့ပြီးလေပြီ။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တဖောက်ဖောက်မြည်သံများ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် စဦးချီဖွဲ့စည်းမှု မဟာစက်ဝန်း၏စွမ်းအားဖြင့် စတင်လည်ပတ်လာသည်။ သူ၏အမြုတေပင်လယ်မှာ တလိပ်လိပ်ရိုက်ခတ်လှုပ်ရှားလာပြီး စိတ်ဝိညာဥ်စွမ်းအားသည် သူ၏ချီလမ်းကြောင်းများတစ်လျှောက် ဖြေပြေးသွားသည်။ သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ချီတစ်လုပ်စာအတွင်း ထည့်သွင်းနေသည်။

သူ တိမ်တိုက်ကိုကျော်၍ ကြည့်လိုက်သည်။

တိမ်တိုက်က သူ့ကို ဖုံးလွှမ်းနေ၍ သူ့လက်ထဲရှိ ဆီမီးအိမ်ကို ဘယ်သူမှ မမြင်နိုင်ပေ။ ထို့အပြင် မီးအိမ်မှ ချီတစ်စက်မှ အပြင်ထွက်မသွားပေ။

ဘန်းခနဲ ၊ ဘန်းခနဲ မြည်ဟည်းနေသည်နှင့်အမျှ တိမ်တိုက်သည်လည်း စတင်ကျုံ့လာသည်။ ယခုလောလောဆယ်တွင် ၄င်းမှာ သုံးမီတာအကျယ်သာ ရှိတော့၏။ ပိုမိုများပြားသော အနက်ရောင်အမှုန်များ ချီအခြေတည်အဆင့်ကျင့်ကြံသူ အဘိုးကြီး၏ လက်ထဲတွင် ထွက်ပေါ်လာသည်။

" ပွင့်စမ်း " သူက လက်ကို တိမ်တိုက်ဆီ မြှောက်ရင်း ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် ပေါက်ကွဲသံကြီးကြားလိုက်ရပြီး တိမ်တိုက်သည် လွင့်စင်ပြိုကွဲကာ လျှပ်စီးအလံအသွင် ပြန်ပြောင်းရင်း မန်ဟိုထံ ပျံသန်းလာသည်။

" မင်းဒီနေ့ သေရမယ်လို့ငါပြောရင် မင်းသေရမယ်" အဘိုးကြီးက သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်ပြီး အနက်ရောင်အမှုန်များ မန်ဟိုထံ ကျဆင်းလာသည်။

ထိုအချိန် အဘိုးကြီးသည် မျက်နှာဖြူဆုပ်နေသော မန်ဟို၏လက်ထဲရှိ ဆီမီးအိမ်ကို သတိထားမိလိုက်သည်။ သူ၏မျက်နှာထား ရုတ်တရက်ပြောင်းသွားသည်။

" အဲဒါ......"

မန်ဟို၏ အသတ်အဖြတ်စိတ်ဆန္ဒ တဟုန်ထိုး မြင့်တက်လာသည်။ သူသည် ရန်သူကကို တွေးရန်ပင် အခွင့်အရေးမပေးဘဲ ပါးစပ်ဟပြီး ချီတစ်လုပ် ထွေးထုတ်လိုက်သည်။

ချီများက ဆီမီးအိမ်၏ မီးလျှံကို ဖြတ်သွားသည်။ ထိုသို့ ဖြတ်သွားသည်နှင့် ၄င်းက မီးတောက်ကြီးအဖြစ် ပြန့်ကားလာသည်။ ချီအခြေတည်အဆင့်အဘိုးကြီးမှာ အလန့်တကြား နောက်ဆုတ်လိုက်သည်။ သို့သော် ပြန့်ကားလာနေသော မီးတောက်များမှာ အလွန်မြန်ဆန်လွန်းသဖြင့် တခဏလေးအတွင်း သူ့ထံရောက်လာသည်။

မီးတောက်က သူ့ကို ဝါးမြိုလိုက်သဖြင့် မချိတင်ကဲ အော်သံကြီး ထွက်ပေါ်လာသည်။ သူ့လက်ထဲရှိ အနက်ရောင်အမှုန်များကား အငွေ့ပြန်သွားခဲ့ပြီဖြစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ အဝတ်အစားနှင့် အသားတို့ကား မီးလောင်ပြာကျသွားတော့သည်။

အရာအားလုံးက အလွန်လျင်မြန်စွာ ပျက်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ သွေးပျက်ဖွယ်အော်သံများ ပဲ့တင်ထပ်နေချိန်မှာပင် အဘိုးကြီးကား မီးလောင်ပြာကျသွားလေပြီ။ ဘာဆိုဘာမှမကျန်။ သိုလှောင်အိတ်ပင်လျှင် မကျန်ခဲ့ပေ။

မန်ဟို့မျက်နှာကား ဖြူဖျော့နေပြီး သူ့လက်နှစ်ဖက်လုံး တုန်ယင်နေသည်။ သူ အခုလေးတင် ထုတ်လွှတ်ခဲ့သော ချီတွင် သူ၏ကျင့်ကြံအခြေခံစွမ်းအား အလုံးစုံနှင့်အတူ ဆီမီးလျှံ၏ ကြောက်မက်ဖွယ် အင်အားကြီး ပါဝင်သွားသည်။

အရာရာတိုင်း သုဿနတစပြင်ပမာ တိတ်ဆိတ်သွားသည်...... ချီအခြေတည်အဆင့်ကျင့်ကြံသူ မီးမြိုက်ခံလိုက်သည့်နေရာတွင်တော့ တွန့်လိမ်နေသောမိစ္ဆာမီးလျှံအခိုးအငွေ့များ လွင့်မျောနေဆဲပင်။

သူ၏ အော်ဟစ်သံများက လေထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ ဖန်းယဲ့ဂိုဏ်းမှ ကျန်ရှိသော ကျင့်ကြံသူ ( ၉ ) ယောက်မှာ မယုံကြည်နိုင်သော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။

"အကြီးအကဲ ကျန်း အခု.."

"အဲ့ဒီ ...အဲ့ဒီမီးတောက်ကြီးက ဘာကြီးလဲ "

"ဒါမဖြစ်နိုင်ဘူး...... အကြီးအကဲ ကျန်းက ချီအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်လေ။ ဘယ်လိုလုပ် မန်ဟို့ လက်ထဲမှ သေနိုင်မှာလဲ"

သူတို့ မယုံရဲခြင်းပင်။ အစွမ်းထက် ချီအခြေတည်အဆင့်ပညာရှင်တစ်ဦးသည် မထင်မှတ်ထားစဖွယ်...... စဦးချီဖွဲ့စည်းမှုကျင့်ကြံသူတစ်ဦး၍ မီးတောက်ကြောင့် လောင်ကျွမ်းသေဆုံးသွားလေပြီ။ သူတို့၏ စိတ်ထဲတွင် ဤသည်မှာ မဖြစ်နိုင်ပေ။ ချီအခြေတည်အဆင့် ကျင့်ကြံသူများကို စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများက သတ်၍မရနိုင်ပေ။

အားနည်းသော ချီအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် စဦိးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူ၏ လက်ထဲတွင် မသေသင့်ပေ။

သူတို့ ယခုပင် မျက်စိဖြင့်တပ်အပ်မြင်ခဲ့ရသည့် မြင်ကွင်းက သူတို့စိတ်အစဥ်ကို ချာလည်မူးနောက်သွားသေသည်။ သူတို့က မန်ဟို့ကို တအံ့တသြငေးကြည့်နေကြသည်။

သူတို့မသိသည်မှာတော့ ဖုန်းဟန်ဂိုဏ်းမှ ချီအခြေတည်အဆင့်ကျင့်ကြံသူမှာ သူတို့ထက်ပင် ပို၍ အံ့အားသင့်နေသည်ကို ဖြစ်သည်။ သူက ဖြူဖပ်ဖြူလျော်မျက်နှာနှင့် ရင်တဒိန်းဒိန်းခုန်နေရင်း စောစောက ချီအခြေတည်အဆင့်အဘိုးကြီး ရှိခဲ့သည့်နေရာကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေသည်။ ဖော်ပြ၍မရသော ကြောက်ရွံ့မှူက သူ့နှလုံးသားကို ဖျစ်ညစ်ပစ်လိုက်သည်။

ချီအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် ကျိုးပြည်တွင် လက်ရွေးစင်ရာထူးကို ပိုင်ဆိုင်ထားပြီး သူကြောက်သည့်အရာဟူ၍ မရှိသလောက်ပင်။ သို့သော် ယခု သူကြောက်နေလေပြီ။ ကြောက်သည်ဆိုသည်ထက် သင့်တော်သောစကားလုံးမရှိနိုင်လောက်ပေ။ သူ့မှာ ကြက်သေသေနေမိတော့သည်။

သူက ချာချာလည်မူးနောက်နေရင်း မန်ဟို့လက်ထဲက ဆီမီးအိမ်ကို ကြည့်သည်။ သူ့နှလုံးသားထဲရှိ အကြောက်တရားမှာ ပို၍ပြင်းထန်လာ၏။ ဤ စဦးချီဖွဲ့စည်းမှုအဆင့်ဂိုဏ်းသား မည်သည့်မီးကို အသုံးပြုခဲ့သည်လဲ သူ မသိသည့်တိုင် အရိပ်အမြွက်တော့ ပြောနိုင်သည်။

"အနုသုခုမရုပ်ခန္ဓာမီးလျှံ ဖြစ်ရမယ်။ အနုသုခုမရုပ်ခန္ဓာတစ်ခုပါလား။ အဲ့ဒီမီးက အသက်စွမ်းအားကို လောင်စာအဖြစ်သုံးပြီး အနုသုခုမရုပ်ခန္ဓာမီးလျှံ ဖြစ်ပေါ်လာစေတာပဲ။ ဒီမီးက ချီအခြေတည်အဆင့် ကျင့်ကြံသူကို မပြောနဲ့၊ အမြုတေ ဖြစ်တည်မှုအဆင့် ကျင့်ကြံသူကိုတောင် ပြာကျပစ်နိုင်တယ် " သူက အသက်ရှူသံတို့ မြန်ဆန်လာရင်း မန်ဟို့ကို ကြည့်သည်။ သူ့မှာ ခေါင်းကြိမ်းသွားပြီး မသိလိုက်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူ အနား ထပ်ကပ်မသွားဝံ့ပေ။ ယခုတွင် သူသည် သူ၏ ဂုဏ်သရေကြီးမားသော ချီအခြေတည်အဆင့်၏ အဆင့်အတန်းကို လုံးဝမေ့လျော့သွားပြီ ဖြစ်သည်။

မန်ဟိုက မီးအိမ်ကို လက်ထဲမှာ ကိုင်ထားရင်း ဓါးပျံပေါ်တွင် ရပ်နေသည်။ သူက ဘယ်လက်ဖြင့် လက်ယှက်ခေါ်လိုက်ရာ လျှပ်စီးအလံသည် သူ၏သိုလှောင်အိတ်ထဲသို့ ပြန်ရောက်လာ၏။ သူက ဖုန်းဟန်ဂိုဏ်း မှ ကျင့်ကြံသူကို အေးစက်စက်ကြည့်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် မှီခိုရာဂိုဏ်းအထက်တွင် မီတာသုံးဆယ်အကျယ်ရှိသော မှုန်ဝါးဝါးအလင်းတန်းသုံးတန်း ပေါ်လာသည်။ ၄င်းတို့က မန်ဟိုနှင့် အခြားသူများထံ အားအင်ပြည့်ဖြင့် ဦးတည်လာရာ လှိုင်းဂယက်များ ၄င်းတို့မှ ပျံ့နှံ့လာသည်။

ထိုအလင်းစက်သုံးတန်းအတွင်းတွင် သင်္ချိုင်းဂူမှ လောလောလတ်လတ် ကောက်ထလာပုံရသော အဘိုးကြီးသုံးယောက်ရှိသည်။ သူတို့၏မျက်နှာပေါ်တွင် အရေးအကြောင်းများဖုံးလွှမ်းနေပြီး သူတို့ကိုယ်မှလည်း အားကောင်းသော သေခြင်းတရားချီများ ထွက်ပေါ်နေသည်။ သို့ထိတိုင် ၄င်းတို့ကို သေခြင်းတရားချီများကိုနှင့်အတူ အဆီအနှစ်ချီများက လှည့်ပတ်နေလျက်ရှိသည်။ ဤချီများကား အလွန်တရာ အစွမ်းထက်၏။ ၄င်းမှာ အနုသုခုမရုပ်ခန္ဓာအဆင့်မဟုတ်သော်လည်း သေချာပေါက် အမြုတေဖွဲ့စည်းမှု၏ မဟာစက်ဝန်းကို ပြီးမြောက်ခဲ့ပြီးဖြစ်သည်။

မန်ဟို ရင်လေးသွားပြီး ဆီမီးအိမ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ့မှာ အခုလေးတင် ကျင့်ကြံခြင်းအခြေခံ၏ (၈၀) မှ (၉၀) ရာခိုင်နှုန်းခန့် အသုံးပြုခဲ့ပြီးဖြစ်သည်။ သူ စောစောက အသုံးပြုခဲ့သည့် ကြောက်မက်ဖွယ်မီးတောက်ကြီးကို ဖန်တီးရန် ထိုမျှလိုအပ်ခဲ့လေသည်။

သူတို့သည် မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာကြသည်။ ဖုန်းဟန်ဂိုဏ်းမှ ချီအခြေတည်အဆင့် ကျင့်ကြံသူ၏မျက်လုံးထဲတွင် စိတ်သက်သာရာရသွားသည့်ဟန်ပေါ်ပေါက်သည်။ သို့သော် ထိုအခိုက်အတန့်၌ ထိုအနုသုခုမရုပ်ခန္ဓာ အတုအဆင့်ခေါင်းဆောင်ကြီးများ၏ချီထက် သာလွန်သော ချီတစ်ခု ထွက်ပေါ်လာသည်။ ထိုချီကား ချက်ချင်းပင် ကျိုးပြည်တစ်ခုလုံးလွှမ်းခြုံသွားသည်။

ဧရာမခေါင်းလောင်းကြီးတစ်လုံး မှီခိုရာဂိုဏ်းအထက်တွင် ပေါ်ပေါက်လာပြီး ခက်ထန်သောအသံကြီးတစ်သံ လေတွင် ပြည့်နှက်သွားသည်။

"မှီခိုရာဂိုဏ်းချုပ် ၊ ထွက်ပြီး ငါ့ကို ရင်ဆိုင်စမ်း "

ထိုအသံသည် မိုးခြိမ်းကြီးပမာ ထစ်ချုန်းသွားပြီး ကောင်းကင်တစ်ပြင်လုံး ၄င်းစွမ်းအားဖြင့် ပြည့်နှက်သွားသည်။ ၄င်း၏အင်အားကြီးက နှင်းအကာအကွယ်ကို ရိုက်ခတ်ကာ အက်ကွဲသွားစေသည်။ ဖန်းယဲ့ဂိုဏ်းမှ စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူ ၉ ယောက်ကျော်မှာမူ ပါးစပ်မှ သွေးများပန်းထွက်လာပြီး စွမ်းအားကို မခံနိုင်သည့်အတွက် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲကုန်ကြသည်။

မန်ဟိုလည်း တစ်ကိုယ်လုံး တုန်ခါသွားပြီး သွေးအန်လိုက်ရသည်။ သူက မျက်လုံးများ ကျဥ်းမြောင်းရင်း ကောင်းကင်ကို မော့ကြည့်သည်။

ဖုန်းဟန်ဂိုဏ်းမှ ချီအခြေတည်အဆင့်ကျင့်ကြံသူ၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ချဉ်းကပ်လာနေသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ ခေါင်းဆောင်ကြီးများမှာ အံ့သြသွားဟမ်တူသည်။ သူတို့သည် ပျံသန်းနေရာမှ ရပ်လိုက်ကြပြီး ကောင်းကင်ရှိ ခေါင်းလောင်းကြီးဘေးတွင် ရပ်နေသော ဝတ်ရုံနက်နှင့် အဘိုးကြီးကို ချက်ချင်း လက်ယှက် အရိုအသေပေးလိုက်ကြသည်။။

သူ့အဝတ်စများသည် လေတွင် တဖျပ်ဖျပ်လွင့်နေ၏။ သူ့အနောက်တွင် တိမ်တိုက်များ ပြင်းထန်စွာ လည်ပတ်နေသည်။ သူ့ဘယ်ဘက် မျက်ဆံမှာ နေကဲ့သို့ ထွန်းလင်းတောက်ပနေသည်။ သူ့ညာဘက်မျက်လုံးမှာ မှောင်မိုက်နေပြီး ၄င်း၏မျက်ဆံက လခြမ်းကွေးနှင့် တူသည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ထူးဆန်းသော ပြတ်ရှရာတစ်ခုရှိနေပြီး အတွင်းတွင် နောက်ထပ်မျက်လုံးတစ်လုံး ရှိဟန်တူသည်။ ဤမျက်လုံးများကို မမြင်နိုင်သော်လည်း သွေးရောင်အလင်းတစ်ခု ထုတ်လွှတ်နေသည်။

ထိုလူကား ထျန်ကျီးအရှင်။

***

All Chapters