← Chapters

မိုးပေါက်များနှင့် အေးခဲမန္တန်

Vol. 7 Ch. 95

မိုးပေါက်များနှင့် အေးခဲမန္တန်

Vol. 7 Ch. 95

မန်ဟိုမှာ အတွေးများဖြင့် ချာချာလည်ရင်း ကြောင်တောင်တောင် ကြည့်နေမိသည်။ သူ့ဘဝတစ်လျှောက်လုံး မြင်တွေ့ခဲ့ဖူးသည့် ထူးခြားဆန်းပြားသောအရာအားလုံးမှာ သူ့မျက်စိရှေ့ရှိ တုန်လှုပ်ဖွယ်မြင်ကွင်းကြီးနှင့် နှိုင်းယှဉ်၍ပင် မရချေ။ သူ့စိတ်သည် စဉ်းစားတွေးခေါ်နိုင်စွမ်းပျောက်ဆုံးသွားသကဲ့သို့ ဗလာကျင်းနေသည်။ သူ့မှာ ရပ်၍သာ ကြောင်ကြည့်နေနိုင်တော့သည်။

မှီခိုရာဂိုဏ်းချုပ်က တကယ်တော့ ...… ထိတ်လန့်ဖွယ် ဧရာမအနက်ရောင်လိပ်ကြီး ဖြစ်နေလေသည်။

ထို့အပြင် ကျိုးပြည်က သူ၏ကျောပေါ်ရှိ မြေကြီးတွင် တည်ရှိနေသည်။

သူကိုယ်တိုင် ဤအနှစ်နှစ်ဆယ်လုံး မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်တွင်နေထိုင်ခဲ့သည်။ သူ့ကို မှီခိုရာဂိုဏ်းချုပ်ဟု ခေါ်ကြသည်မှာ အံ့ဖွယ်မရှိပေ။ သူက လူတစ်ဦးတစ်ယောက်တည်းသာမက နိုင်ငံတစ်နိုင်ငံလုံး၏ အမှီပြုခြင်းခံရလေသည်။ ကျင့်ကြံသူများ၊ သေမျိုးလူသားများအားလုံး သူ့အပေါ်တွင် မှီခိုနေကြရသည်။

မှီခိုရာဂိုဏ်းချုပ်မှာ ချုပ်နှောင်ခံခဲ့ရပြီးနောက် အိပ်မောကျသွားခဲ့သည်။ သို့ထိတိုင် သူသည် စိတ်ဆန္ဒ အနည်းငယ်ကို အတင်းအကြပ်ထုတ်နိုင်ခဲ့ပြီးနောက် မိစ္ဆာချုပ်နှောင်ဂိုဏ်း၏အမွေအနှစ်များကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည်။

ယနေ့ခတ်တွင် လူအတော်များများ သိပင်မသိကြသော်လည်း၊ မှီခိုရာဂိုဏ်းအား အဘယ်ကြောင့် အရင်က မိစ္ဆာချုပ်နှောင်ဂိုဏ်းဟု ခေါ်ခဲ့ကြသည်လဲ ကျိုးကြောင်းဆီလျော်သွားလေပြီ။ ထို့ပြင် မှီခိုဂိုဏ်းကို မကောင်းဆိုးဝါးဂိုဏ်းဟု ခေါ်ကြပြီး ဤမျှဆိုးဆိုးရွားရွား ရုန်းကန်းနေခဲ့ရသည်မှာ အံသြဖွယ်မရှိပေ။

သူ၏စိတ်ဆန္ဒမျှင်ပါဝင်သော ခန္ဓာကိုယ်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ရောက်သည်အထိ ကျင့်ကြံခဲ့သည်ရှိသော် သူ၏ကိုယ်အစစ်အား......... အတိအကျအားဖြင့် မည်မျှအစွမ်းထက်မည်နိုင်မည်နည်း။

မန်ဟို နားမလည်သော အရာများစွာရှိနေသေးသည်။ ဥပမာအားဖြင့် မှီခိုရာဂိုဏ်းချုပ်က ဤမျှ အစွမ်းထက်လျှင် မည်သည့်အတွက်ကြောင့် အစကတည်းက သူ့ကိုယ်သူ မကယ်တင်နိုင်ခဲ့သနည်း။ မန်ဟိုမပေါ်လာခဲ့ပါက သူသေမည်လော။ သူ၏ကိုယ်အစစ် မည်မျှ အစွမ်းထက် သည်ကိုထည့်တွက်ပါက ထိုကျင့်ကြံသူများ၏စွမ်းအားကို အဘယ်ကြောင့် စုပ်ယူရန် လိုအပ်ခဲ့သနည်း။

ကျိုးပြည်အပါအ၀င် မြေပြင်တစ်ခုလုံး မြင့်တက်သွားစဥ် အနုသုခုမရုပ်ခန္ဓာအတုအဆင့်ကျင့်ကြံသူ သုံးယောက်မှာ တုန်လှုပ်ချောက်ချားစွာ ငေးကြည့်နေကြသည်။ သူတို့၏ စိတ်များ ချာချာလည်နေပြီး အံသြမှုအရိပ်အယောင်တို့က သူတို့၏မျက်နှာများကို ဖုံးလွမ်းနေသည်။ သူတို့သည် ကြောက်ရွံ့မှုကိုပင် မခံစားနိုင်ဘဲ ကြောင်တောင်တောင်သာ ငေးကြည့်နေကြသည်။ သူတို့မှာ မြင်နေရသည့်အရာကို ယုံကြည်ဖို့ပင် အနိုင်နိုင်။

ထျန်ကျီးအရှင်သည်လည်း ဧရာမခေါင်းကြီးကို မော့ကြည့်ရင်း စကားမပြောနိုင်လောက်အောင် ကြောက်လန့်နေသည်။ ၎င်းသည် သူ့ထက် တိုင်းတာ၍ မရလောက်အောင် ကြီးမားလေသည်။ အမှန်တကယ်ဆိုရလျှင် ၄င်းမှာ အလွန်ကြီးမားလွန်းသဖြင့် အစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ မြင်ပင်မမြင်ရပေ။ ကြောက်ရွံ့ထိတ်လန့်မှူက သူ၏မျက်လုံးများတွင် မြင်သာလာသည်။ သူ ကျိန်ဆဲပြီး တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သော မှီခိုရာဂိုဏ်းချုပ်က..... ဤသို့ဖြစ်နေလိမ့်မည်ဟု သူ မည်သို့ ခန့်မှန်းနိုင်မည်နည်း။

မှီခိုရာဂိုဏ်းချုပ်၏ အသံ ပဲ့တင်ထပ်လာစဥ် သူ၏စကားလုံးများက ထျန်းကျီးအရှင်၏ နားထဲ ဝင်ရောက် ထိုးနှက်သည့်အတွက် သူ့မှာ တစ်ကိုယ်လုံးတုန်ရီပြီး ခေါင်းကြိမ်းလာတော့သည်။ သူ၏တိုက်ခိုက်လိုစိတ်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေပြီ။

မှီခိုရာဂိုဏ်းချုပ်ကား တိုက်ခိုက်ရန်ပင် မလိုပေ။ ယခု သူ အမှန်တကယ် ပေါ်လာခဲပြီဖြစ်၍ ထျန်ကျီးအရှင်အပေါ်သို့ သာမန်ကာလျှံကာ ဖိအားအနည်းငယ်ပို့လွှတ်လိုက်သည်။ ၄င်းက ထျန်ကျီးအရှင်၏ ခန္ဓာကိုယ်ကို တဆတ်ဆတ်တုန်သွားစေပြီး သူ၏ သွေးလည်ပတ်မှုတို့ ရပ်တန့်သွားတော့မတတ်ပင်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းဖြင့် သူ ရရှိခဲ့သော တာအိုအသိဥာဏ် ပျက်စီးသွား၏။ သူ့မှာ ကြမ်းပိုးတစ်ကောင်သဖွယ် အားနည်းနေသည်။ မှီခိုရာဂိုဏ်းချုပ်က သူ့ကို ထွက်လေလေးတစ်ချက်ဖြင့် နင်းခြေပစ်နိုင်သည်။

ခေါင်းကြီးမှ ထုတ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ် ဖိအားကြောင့် ထျန်ကျီးအရှင်၏ နှုတ်ခမ်းများ ခြောက်သွေ့လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ သာမန်မဟုတ်သည့်တိုင် ချွေးအေးများ သူ့တစ်ကိုယ်လုံး ဖုံးသွားသည်။ သူ့ဘေးနားတွင်ရှိသော ထျန်ကျီးခေါင်းလောင်းက သူ့အတွက် နှစ်သိမ့်မှု အနည်းငယ်ပင် မပေးချေ။ အင်မိုတယ်လီ လက်ဆောင်ပေးခဲ့သော စိတ်ဝိညာဥ်အာရုံပင်လျှင် သူ့ကို လုံခြုံသည်ဟု မခံစားရစေပေ။

သူ အင်မိုတယ်လီအကြောင်း ဖော်ပြခဲ့တုန်းက မှီခိုရာဂိုဏ်းချုပ် နည်းနည်းလေးပင် အုဖက်မလုပ်ခဲ့သည့်အကြောင်းရင်းကို ယခု သူနားလည်လိုက်လေပြီ။ သာမန်ထက်ထူးခြားသော ကိုယ်အစစ်ကြီးဖြင့် သူက ဂရုစိုက်မည်လော။

ထို့ပြင် မှီခိုရာဂိုဏ်းချုပ် အင်မိုတယ်လီကို မကြောက်သည့်အကြောင်းရင်းကို ယခု သူ သိလိုက်ပြီ။

ပို၍ပင် အံ့သြစရာကောင်းသည်က သူစုဆောင်းလေ့လာခဲ့သော ရှေးစာတမ်းများအရ ကျိုးပြည်မှာ အလွန့်လွန့်ကြာမြင့်စွာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ဤသည်က သူ့ကို ပို၍ပင် ကြောက်သွားစေသည်။ မည်သည်က ပထမဆုံး တည်ရှိခဲ့သည်လဲ...... မှီခိုရာဂိုဏ်းချုပ်လော။ ကျိုးပြည်လော။

အကယ်၍ ကျိုးပြည်သာ ဖြစ်ခဲ့လျှင် လက်ခံရန် ပိုမိုလွယ်ကူလိမ့်မည်။ ပထမတစ်ခုဖြစ်လျှင်တော့...... ထျန်ကျီးအရှင်မှာ ဤသည်ကိုစဉ်းစားရင်း တဆတ်ဆတ်တုန်လာသဖြင့် သူ၏အရေပြားပင် ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရသည်။

"ကောင်းပြီ ငါတို့ တိုက်ကြတော့မလား" မှီခိုရာဂိုဏ်းချုပ်ထံမှ စကားလုံးများသည် မိုးခြိမ်းသံများကဲ့သို့ ကျယ်လောင်စွာပဲ့တင်ထပ်သွားသည်။ အသံကြီးက ထျန်ကျီးအရှင်ကို နောက်သို့ မီတာထောင်ပေါင်း ယများစွာ ယိမ်းယိုင်သွားစေသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ ‌ခေါင်းလောင်းမှာ ယခုတွင် သာမန်ဖြစ်သွားပုံရပြီး အက်ရာများဖုံးလွှမ်းလာသည်။

"ရပါတယ်..... တိုက်ခိုက်စရာမလိုပါဘူး" ထျန်းကျီးအရှင်က မျက်နှာဖြူဖပ်ဖြူလျော်နှင့် ကပျာကယာပြောသည် " အခု ဒီဂျူနီယာမျိုးဆက်က နောက်နေတာပါဗျာ။ ဂိုဏ်းချုပ်...သခင်ကြီး..... ကျေးဇူးပြု၍ စိတ်မဆိုးပါနဲ့........" မှီခိုရာဂိုဏ်းချုပ်၏ ဧရာမမျက်လုံးကြီးနှစ်လုံးက သူ့ကို တည့်တည့်ကြီးစိုက်ကြည့်နေ၍ သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။

"မင့် လက်ဝါးရိုက်ချက်နှစ်ချက်ကြောင့်မဟုတ်ရင် ငါ ထွက်လာနိုင်မှာမဟုတ်ဘူး။ ဟိုခွေးကောင်တွေက ငါ့ကို ဟိုးနှစ်ပေါင်းများစွာတည်းက ချုပ်နှောင်ထားခံကြတာ။ ချုပ်နှောင်တံဆိပ်က သိပ်မကြာသေးခင်က အားနည်းလာတယ်။ ဒါပေမယ့် သူ့ကို ချိုးဖျက်နိုဖို့အတွက် ငါ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို နည်းနည်းထပ်ပြီး ပြုပြင်ဖို့လိုခဲ့တယ်။ ဒါပေမယ့် အဲ့အချိန် တစ်စုံတယော်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် စွမ်းအားကို ထုတ်လွှတ်ခဲ့တယ်။ အဲ့ဒါက ချုပ်နှောင်တံဆိပ်ကို ပြေလျော့သွားစေတာနဲ့ နောက်ဆုံး ငါ ချိုးဖျက်နိုင်ခဲ့တယ်" သူ၏အသံသည် အဘက်ဘက်သို့ ဟိန်းထွက်လာသည်။ မန်ဟို ထိုစကားလုံးများ ကြားသောအခါ တစ်ကိုယ်လုံး တုန်ရီသွားသည်။

"အစက ချုပ်နှောင်တံဆိပ်ကို ချိုးဖျက်ဖို့ ငါ့ စိတ်ဆန္ဒအပိုင်းအစကို သုံးမလို့ပဲ။ ဒါပေမဲ့ လူသားမျိုးနွယ်ကျင့်ကြံခြင်းက ငါနဲ့ အတော်လေး ကိုက်ညီမနေခဲ့ဘူး။ ငါ့ရဲ့ မြင့်မြတ်သောဝိညာဉ်တော်ကျမ်းစာအသိနဲ့တောင်မှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရဲ့ နောက်တစ်ဆင့်ကို မချိုးဖျက်နိုင်ဘူး။ ငါ နောက်ဆုံးအဆင့်တက်ခါနီးအချိန်မှာ မုန်းစရာကောင်းတဲ့ ခွေးကောင်လေးတစ်ကောင် လှည့်စားတာခံခဲ့ရပြန်တယ်။ ချီးတဲ့မှပဲ။ မိစ္ဆာချုပ်နှောင်ဂိုဏ်းက လူတိုင်း အယုတ်တမာတွေ။ ငါ ချုပ်နှောင်တံဆိပ်ကို ချိုးဖျက်ဖို့လိုတဲ စိတ်ဝိညာဉ်စွမ်းအင်ကို ခိုး။ ငါ့ရဲ့ မိစ္ဆာမီးအိမ်ကို လုသွားတယ်" သူက အော်ဟစ်လိုက်သည်။ မန်ဟို ထွက်ပြေးချင်သွား၏။ မှီခိုရာဂိုဏ်းချုပ် မည်သူ့အကြောင်း ပြောနေသည်လဲ သူ သေချာသိလေသည်။

"မင်းတော်တယ်၊ သိပ်ကိုတော်တယ်။ ကံကောင်းစွာနဲ့ မင်းတိုက်ခိုက်လို့ ငါ့ချုပ်နှောင်တံဆိပ် ပျက်စီးသွားတာ။ မင်းကို ကျေးဇူးပြန်ဆပ်ရမှာပေါ့"

မှီခိုရာဂိုဏ်းချုပ်၏ စကားများကို ကြားသောအခါ ထျန်ကျီးအရှင်သည် ပင့်သက်ရှိုက်သွားပြီး ပျော်ရွှင်အူမြူးသွားလေသည်။ ဤသို့ ကံကောင်းလိမ့်မည်ဟု သူမည်သို့ တွေးနိုင်ခဲ့မည်နည်း။ အားလုံးအဆုံးသတ်တွင် သူ ပွပေါက်တိုးသွားလေပြီ။ သူ လေးလေးစားစား လက်ယှက်လိုက်ချိန်မှာပင် မှီခိုရာဂိုဏ်းချုပ်က ပါးစပ်ကြီးဟပြီး သူ့ကို ဆတ်ခနဲ ဟပ်လိုက်သည်။

ထျန်ကျီးအရှင်နှင့် သူ၏ခေါင်းလောင်းကြီးမှာ ချက်ချင်း မြိုချခံလိုက်ရလေပြီ။

မှီခိုရာဂိုဏ်းချုပ်၏ ပါးစပ်မှ တဂျွတ်ဂျွတ်ဝါးသံမဖား ထွက်ပေါ်လာသော်လည်း အော်သံတစ်သံပင် ထွက်မလာချေ။ မန်ဟိုသည် ဤအခြင်းအရာကို မြင်သော် အသက်ရှူရခက်လာသည်။ မှီခိုရာဂိုဏ်းချုပ်၏ ယုတ်မာကောက်ကျစ်မှုကို သူကောင်းကောင်းရင်းနှီး၏ ။ သူ့မှာ မသိလိုက်ဘဲ အနောက်သို့ ဆုတ်လိုက်မိသည်။ ရုတ်တရက် မှီခိုရာဂိုဏ်းချုပ်၏ခေါင်းကြီးက မန်ဟိုဘက် လှည့်လာသည်။ ၄င်းသည် သူ၏အရှေ့ မီတာအနည်းငယ်အကွာတွင် ရပ်ပြီး သူ့ကို စိုက်ကြည့်နေသည်။

မန်ဟိုက ဖြစ်ညစ် ပြုံးလိုက်သည်။ သူ မှီခိုရာဂိုဏ်းချုပ် ထျန်ကျီးအရှင်အား ပြောခဲ့သမျှကို မယုံပေ။ သူ၏ အတွေ့အကြုံအရ မှီခိုရာဂိုဏ်းချုပ် ပြောခဲ့သော အကြောင်းအရာအများစုက အမှန်မဖြစ်နိုင်ပေ။

"တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ် ဂိုဏ်းချုပ်။ ဂိုဏ်းချုပ်နဲ့အင်းအားက တကယ်ကြီးမားလွန်းပါတယ်......"

"အခု မင်း အမှန်သိသွားပြီဆိုတော့ ကြောက်နေပြီလား" မှီခိုရာဂိုဏ်းချုပ်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသွားပြီး သူက မန်ဟို့အား စိုက်ကြည့်နေသည်။ သူ၏အသံမှာ အလွန်ကျယ်လောင်လှသဖြင့် နားပင်ကွဲလုမတတ်ပင်။ သူက သွေးတချို့အန်လိုက်ရ၏။

"မင်းတို့ မိစ္ဆာချုပ်နှောင်ဂိုဏ်းကလူတွေ အကုန် အကျင့်မကောင်းတဲ့ကောင်တွေပဲ" မှီခိုရာဂိုဏ်းချုပ်က မန်ဟို့ကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်းပြောလိုက်သည်။ " ဟိုသောက်အဘိုးကြီးတွေလဲ တူတူပဲ၊ မင်းလဲ အတူတူပဲ ကောင်လေး။ မင်းတို့အားလုံး ငါ့ကို လှည့်စားခဲ့ကြတယ်။ ကဲပါ ထားပါတော့။ ဘာပဲဖြစ်ဖြစ် မင်းက မှီခိုရာဂိုဏ်း၀င် တစ်ဦးပါပဲလေ။ မင်းကိုကောင်းချီးပေးခွင့်ပြုပါ......” မှီခိုရာဂိုဏ်းချုပ် ထိုစကားပြောလိုက်သောအခါ မန်ဟို ခေါင်းနပန်းကြီးသွားသည်။ စောစောက ထျန်ကျီးအရှင်၏အဖြစ်ကို ပြန်တွေးပြီးသူ့မှာ ဘာလုပ်ရမည်လဲ ကြိုးစားနေသဖြင့်ခေါင်းထဲတွင် အတွေးများ ဖြတ်ပြေးနေတော့သည်။

ရုတ်တရက် သူ တစ်စုံတစ်ခုကို ဖြတ်ခနဲ မှတ်မိလိုက်သည်။

မြောက်ပင်လယ်တွင် မိန်းကလေး ဂူယိတင်းစန်းယွီ ပြောခဲ့သည့်အရာကို သူ သတိရလိုက်သည်။

" အစ်ကိုကြီး သူ့ရဲ့ချီ.... အစ်ကိုကြီးခြေထောက်အောက်မှာ။ သွားရန်မစနဲ့နော်။ သတိရပါ…. မိစ္ဆာချုပ်နှောင်ခြင်း၏ကြီးမြတ်သောလမ်းစဥ်၊ ကျမ်းစာလို အယူအဆ "

ထိုအချိန်တုန်းက မန်ဟို သူမ၏စကားများကို နားမလည်ခဲ့သော်လည်း ယခု ရုတ်တရက်ဆိုသလို သူ နားလည်လိုက်သည်။ သူ့ခြေထောက်အောက်က "သူ" ဆိုသည်ကား...... မှီခိုရာဂိုဏ်းချုပ်မှလွဲ၍ တခြားမဟုတ်ပေ။

သွားရန်မစနဲ့နော်။ သတိရပါ…. မိစ္ဆာချုပ်နှောင်ခြင်း၏ကြီးမြတ်သောလမ်းစဥ်၊ ကျမ်းစာလို အယူအဆ။

"သွားရန်မစနဲ့နော်။ သတိရပါ…. မိစ္ဆာချုပ်နှောင်ခြင်း၏ကြီးမြတ်သောလမ်းစဥ်၊ ကျမ်းစာလို အယူအဆ" မန်ဟို၏ အတွေးများ လျှပ်စီးသဖွယ် ဖြတ်ပြေးနေသည်။ ဤသို့ဖြစ်ပျက်နေချိန်မှာပင် မှီခိုရာဂိုဏ်းချုပ် စကားပြောပြီးသွား၏။

"..... မင်းကံကောင်းအောင် ချီးမြှင့်ပေးမယ်။ မင်းကို ကျေးဇူးဆပ်တာပေါ့"

သူ စကားပြောပြီးလျှင်ချင်း မန်ဟိုက လက်ကို မြှောက်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် မိစ္ဆာချုပ်နှောင်ခြင်းကျောက်စိမ်း သူ့လက်ထဲ၌ ထွက်ပေါ် လာသည်။

၎င်းပေါ်လာသည့်အချိန် လေပြင်းတစ်ချက်က သူ၏မျက်နှာကို ခပ်ကြမ်းကြမ်း ဝင်တိုက်သည်။ လေ တစတစ အားပျော့သွားစဥ် မှီခိုရာဂိုဏ်းချုပ်၏ ခေါင်းကြီးသည် သူ့ထံမှ ကိုးမီတာအကွာသို့ ရောက်နေလေပြီ။

ဧရာမခေါင်းကြီး၏ အဆုံးများကိုပင် မမြင်ရပေ။ မန်ဟို မြင်တွေ့နိုင်သည့် တစ်ခုတည်းသော အရာမှာ အနက်ရောင်အရေပြားနှင့် မြို့ကြီးတစ်မြို့အရွယ် ဧရာမမျက်လုံးကြီးဖြစ်သည်။

မျက်လုံးမှာ ရုန်းကန်နေပုံရသည်။

"ရှေးဟောင်းလမ်းစဥ်" မန်ဟိုက မိစ္ဆာချုပ်နှောင်ခြင်းကျောက်စိမ်းမှ ပထမစာကြောင်းကို မြန်မြန် ရွတ်ဆိုလိုက်သည်။ " ကောင်းကင်တံခါးကိုပိတ်ချင်သော ဇွဲဆန္ဒ။ တောင်ပင်လယ်နယ်ပယ်။ ကျယ်ပြောသောကောင်းကင်။ ကြီးမြတ်သော စေတနာ။ နဝမတောင်နဲ့ နဝမပင်လယ်မှာ ကြီးလေးသောပြစ်ဒဏ် တွေ့ဆုံတယ်။ ငါ့ရဲ့အသက် ထာဝရတည်တံ့မယ် "

မန်ဟို၏ နှုတ်မှ ထိုစကားသံများ ထွက်လာသည့်အခါ မှီခိုရာဂိုဏ်းချုပ်သည် သူ၏ ဧရာမဦးခေါင်းကြီးကို မော့ပြီး ဟိန်းဟောက်လိုက်သည်။ အသံကြီးနှင့်အတူ လှိုင်းဂယက်များ လေထဲတွင် ပေါ်ပေါက်လာသည်။ မှီခိုရာဂိုဏ်းချုပ်၏ နဖူးပေါ်တွင် ဆန်းကြယ်သော ကိုးထောင့်ကြယ်သင်္ကေတတစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် ရှေးဆန်ပြီး သူ၏နဖူးအတွင်းထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်နေသည်။ ၎င်းက ဖျတ်ခနဲ လက်သွားပြီး သူ၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။

"ရပ်လိုက်စမ်း။ မိစ္ဆာချုပ်နှောင်ကျမ်းနဲ့ မိစ္ဆာချုပ်နှောင်ဂိုဏ်း" သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအသွင်ကြီး ပေါ်လာပြီး သူက နောက်တစ်ဖန် ဟိန်းဟောက်ကာ မန်ဟို့ကိုကြည့်သည်။ မန်ဟိုမှာ ရင်တဒိန်းဒိန်းခုန်လျက် မှီခိုရာဂိုဏ်းချုပ်ကို ပြန်ကြည့်လိုက်သည်။

"ဟိုခွေးကောင်တွေက အန္တရာယ်များလွန်းတယ်။ အချုပ်အနှောင် ပျက်စီးသွားပေမဲ့ ချုပ်နှောင်တံဆိပ်က ငါ့ရဲ့စိတ်ဝိညာဥ်အပေါ် ခတ်နှိပ်ထားသေးတာကြောင့် န၀မမြောက် မိစ္ဆာချုပ်နှောင်သူရဲ့ တာအိုစောင့်ရှောက်သူလုပ်ဖို့ အတင်းဖိအားပေးနေတယ်။ ဒါက မဖြစ်နိုင်ဘူး။ မိစ္ဆာချုပ်နှောင်ဂိုဏ်းက မိုးကောင်းကင်ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေကျူးလွန်ခဲ့လို့ ကပ်ဆိုက်ခဲ့တယ်။ နံပါတ် ၉ က မိုးကောင်းကင်ရဲ့တာအိုအရ အထင်ကရဖြစ်ပြီး ကြောက်မက်စရာကောင်းတဲ့ နံပါတ်ဆိုတာ သူတို့ နားလည်ခဲ့ကြတယ်။ ကောင်းကင်ကို အကြီးမားဆုံးဆန့်ကျင်မှုက န၀မမြောက် မိစ္ဆာချုပ်နှောင်သူကြောင့် ဖြစ်လာမယ်ဆိုတာ သူတို့ သိကြတယ်။ ဒါကြောင့် သူတို့ကြိုတင်ကာကွယ်မှုတွေ လုပ်ခဲ့ကြတယ်။ သူတို့က ငါ့ကို န၀မမြောက်မိစ္ဆာချုပ်နှောင်သူရဲ့ တာအိုစောင့်ရှောက်သူ ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ မလောက်လေးစား ကောင်လေးက စဦးချီဖွဲ့စည်းခြင်းအဆင့်လေးလေ။ သူက ဘယ်လိုလုပ် ငါ့ရဲ့သခင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သောက်ခွေးကောင်တွေ။ ငါ မိစ္ဆာချုပ်နှောင်ဂိုဏ်းကို မှီခိုရာဂိုဏ်းလို့ နာမည်ပြောင်းပြီး မန်ဟို့လို တစ်ယောက်ယောက် ပေါ်လာမှာကို တားဆီးဖို့အတွက် ဂိုဏ်းသားတွေအားလုံး တစ်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်အောင် စည်းကမ်းတွေ ချမှတ်ခဲ့တယ်" မှီခိုရာဂိုဏ်းချုပ်မှာ တွေးနေပုံရသည်။

မြောက်ပိုင်းပင်လယ်မှ အခိုးအငွေ့လေးတစ်ခု စိမ့်ထွက်လာသည်။ ဟုတ်ပါသည်။ ၎င်းမှာ မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်တွင် တည်ရှိနေသော ကျိုးပြည်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အခိုးအငွေ့အတွင်းမှ လှေငယ်လေးတစ်စင်း မှော်ဆန်ဆန် ပေါ်လာသည်။ အဘိုးအိုတစ်ဦးနှင့် ကလေးမလေးတစ်ဦးသည် လှေဦးပိုင်းတွင် ရပ်နေကြပြီး မှီခိုရာဂိုဏ်းချုပ်အား မော့ကြည့်နေသည်။ သူက လက်ယှက်ပြီး တရိုတသေ ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။

"ဂူယိတင်းစန်းယွီမှ မှီခိုရာဂိုဏ်းချုပ်အား ဂါဝရပြပါတယ်" ကလေးမလေးက ပြောသည်။ သူမ၏အသံသည် ညင်သာသော ဝိညာဥ်ဆန်ဆန်အသံနှင့် ကြည်လင်ပြတ်သားပြီး နှစ်လိုဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။

"အာ မင်းက ရှေး ဂူ ပြက္ခဒိန်ရဲ့ ယီတင်းနှစ် သုံးလပိုင်းမှာ ကျခဲ့တဲ့ အသိစိတ်ရှိတဲ့ မိုးစက်ကလေးပဲ။ ငါ့ရဲ့ ကျောပေါ်ကျခဲ့ပြီး..... ရေကန်တစ်ကန် ဖြစ်လာခဲ့တယ်"

ကလေးမလေးသည် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက မန်ဟို့ကို ကြည့်ပြီး မျက်စိတစ်ဖက် မှိတ်ပြသည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ နောက်ဆုံးတော့ ကလေးမလေး၏ ထူးဆန်းသော နာမည်၏ အဓိပ္ပာယ်ကို သူ နားလည်လိုက်လေပြီ။

မှီခိုရာဂိုဏ်းချုပ်က အေးစက်စက် နှာမှုတ်လိုက်သည်။ သူက ကလေးမလေးကို ကြည့်ပြီး ကောင်းကင်ကို ငေးကြည့်နေသည်။ မန်ဟိုသည် သူ၏အကြည့်နောက်သို့ လိုက်ကြည့်ရာ ဝိုးတိုးဝါးတား သွေးရောင်ပုံရိပ်တစ်ခု ဖြစ်ဟန်တူသော အရာကို မြင်လိုက်သည်။

ထို ပုံရိပ်က လက်ယှက်၍ ရိုရိုသေသေ ဦးညွှတ်ပြီးနောက် ပျောက်ကွယ်သွားသည်။

မှီခိုရာဂိုဏ်းချုပ်က သူ၏ခေါင်းကြီးကို ငုံ့ပြီး မန်ဟို့ကို ကြည့်သည်။ " သိပ်ကောင်းတယ် မန်ဟို။ နောင်အနာဂါတ်မှာ ငါနဲ့ ဝေးဝေးမှာနေ" သူက ပါးစပ်မှ လေတစ်ချက် မှုတ်ထုတ်လိုက်ရာ မန်ဟိုအား လေပေါ်သို့ ပျံတက်သွားစေသည်။ တောက်ပနေသော အနက်ရောင်လေပြင်းတစ်ချက်ကြောင့် မန်ဟိုမှာ ကျိုးပြည်မှ လွင့်ထွက်သွားပြီး မြေကြီးထဲရှိ တွင်းပေါက်ကြီး၏အစပ်နညးသို့ ပြုတ်ကျသွားသည်။

" ခွေးမသား။ ငါ မင်းကို ကြည့်ကို မကြည့်ချင်ဘူး။ ငါ့ဘ၀မှာ မင်းကို ဘယ်တော့မှ ငါ့ရဲ့ သခင်လို့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ငါ ဒီက ထွက်သွားမယ်။ ဝေးလေ ကောင်းလေပဲ။ သူ ဘယ်တော့မှ ငါ့ကို ရှာမတွေ့စေရဘူး။ သူ ယူသွားတဲ့ ငါ့ရဲ့ ရတနာတွေကတော့ ရှိစေတော့။ အလှူလုပ်တယ်ပဲ ထားလိုက်။ ငါတို့ရဲ့ ရန်ကြွေးတွေ အကုန်ကြေပြီ။ ဒီလိုနည်းနဲ့ ငါ့ စိတ်နှလုံးလည်း အေးအေးဆေးဆေး အနားယူပြီး ဆက်လက်ကျင့်ကြံနိုင်မယ်" သူ၏မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူ့ခန္ဓာကိုယ်ကြီး လှည့်သွားသည်။ မန်ဟိုသည် ဧရာမလိပ်ကြီး ကျောပေါ်တွင် ကျိုးပြည်ကိုဘသယ်ဆောင်လျက် အလင်းတန်းအသွင်ပြောင်းကာ ..... မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိတော့သည်။

သူက နဂါးငွေ့တန်းပင်လယ်ဘက်သို့ ဦးတည်နေပုံရသည်။ ဤသည်မှာ အင်မိုတယ်ကျွန်းတစ်ကျွန်းတွင် ဒဏ္ဍာရီများ ပေါ်ပေါက်လာခြင်း၏ အကြောင်းရင်း ဖြစ်တန်ရာသည်။ တစ်စုံတယောက်က ၎င်းကို လိုက်လံရှာဖွေလျှင် ဘယ်တော့မှ ရှာမတွေ့နိုင်ပေ။ သို့သော် ၄င်း ပေါ်ပေါက်လာသည့်အခါ ၄င်းအပေါ် ခြေချလိုက်သည့် မည်သူမဆို သေမျိုးလူသားများ တည်ထောင်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တွေ့ရှိလိမ့်မည်။

ဟုတ်ပါသည်။ ၄င်းကား ကျိုးပြည်ပင်။

အချိန်အနည်းငယ် ကုန်လွန်ပြီး နောက်ဆုံးတွင် ကောင်းကင်သည် နောက်တစ်ဖန် ငြိမ်သက်သွားသည်။ မန်ဟိုက အနက်ရှိုင်းဆုံးအထိ နစ်ဝင်နေသော တွင်းပေါက်ကြီးငုံကြည့်ရင်း ရပ်နေသည်။ ထို့နောက် သူသည် မှီခိုရာဂိုဏ်းချုပ် ပျောက်ကွယ်သွားသော ဘက်ကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည်။

အချိန်များ ကုန်လွန်သွားပြီး မိုးပေါက်များ စတင်ရွာကျလာသည်။ ၄င်းသည် ဧရာမတွင်းပေါက်ကြီးထဲ မိုးရေများက ကျိုးပြည်နယ် ကြောင့် ဖြစ်ပေါ်လာသော တွင်းနက်ထဲသို့ ဖြည်းဖြည်းချင်းစီးဆင်းသွားသည်။ နှစ်ပေါင်းများစွာကြာသော် ဤနေရာသည် ပင်လယ် အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

တဝေါဝေါ ရွာကျနေသော မိုးရေများအလယ်တွင် ရပ်နေရင်း မန်ဟို သက်ပြင်းအရှည်ကြီး ချလိုက်သည်။ လွန်ခဲ့သော ရက်ပေါင်းများစွာက ပုံရိပ်များ သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ အားလုံးမှာ မယုံကြည်နိုင်ဖွယ်ပင်။ အရာရာကို ပြန်စဉ်းစားကြည့်လိုက်ပါက ဒါဟာစိတ်ကူးယဉ်အိပ်မက်တစ်ခုအတိုင်း ဖြစ်နေသည်။

ကျိုးပြည် ပျောက်ကွယ်သွားလေပြီ...... မန်ဟိုက မိုးရေထဲတွင် လှည့်ပတ်ကြည့်လိုက်ပြီး ဝေဝါးနေသော ကောင်းကင်ကြီးအား မော့ကြည့်လိုက်သည်။ သူ့မှာ လွန်ခဲ့သောလေးနှစ်တာ အတောအတွင်းက သူ့ဘဝကို ပြန်စဥ်းစားနေမိသည်။

"ငါ စာပေပညာရှင် တစ်ယောက်အနေနဲ့ စခဲ့တယ်......." သူက တီးတိုးရေရွတ်သည်။ "ငါ့ ဘ၀က ဆီးနှင်းလိုပဲ။ ဆောင်းရာသီမှာပဲ တည်ရှိနိုင်တယ်။ သေမျိုးကမ္ဘာရဲ့ နွေရာသီကို တောင့်တနိုင်ပေမဲ့ အဲ့ဒါက ငါ့ဘ၀ မဟုတ်တော့ဘူး....." အချိန်အကြာကြီးကြာပြီးနောက် သူက လှည့်လိုက်သည်။ သည်းထန်စွာရွာသွန်းနေသော မိုးရေများကြားမှ သူသည် သံယောဇဉ်ဖြစ်နေသော ဒေသမှ ဝေးရာဆီသို့ ဦးတည်နေသည့်လမ်းကြောင်းပေါ် နောက်တစ်ဖန် လျှောက်သွားတော့သည်။

သူ့အသွင်မှာ မိုးရေစက်များအလယ်တွင် အထီးကျန်နေသော လူတစ်ယောက်ပမာ။ နောက်ဆုံးတွင် သူ ၄င်းအတိုင်း ဖြစ်လာပုံရသည်။ ပူပြင်းသောလေတစ်ချက် သူ့ကို တိုက်ခတ်ခဲ့လျှင်တောင်မှ သူအား ခွဲထွက်စေနိုင်မည်မဟုတ်ပေ။ ဤသည်က သူ့ဘဝသာ။

ဘ၀ကို အတွေ့အကြုံ တစ်ခုပြီးတစ်ခုနှင့်ဖွဲ့စည်းထားသည်။ သို့မဟုတ် ဘဝမှာ အတွေ့အကြုံများစွာနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သင်ပြောနိုင်သည်။ မတူညီသောအတွေ့အကြုံများက မတူညီသော ဘ၀များကို ဦးတည်သွားသည်။ အကယ်၍ သင် အေးစက်ခါးသီးသောလေကို ကြုံတွေ့ရပါက သင် ဆီးနှင်း ဖြစ်လာလိမ့်မည်။ သင် ပြင်းထန်သော အပူကို ကြုံရပါက မိုးစက်များ ဖြစ်လာလိမ့်မည်....

ဘ၀၌ သင် တွေ့ကြုံရသမျှက သင့်ကို ပုံဖော်ပေးလိမ့်မည်။ ထိုအရာက ဘဝကို ဆူကြုံနိမိ့မြင့် ရင်သပ်ရှုမောဖွယ်ကောင်းနေစေသည့်အရာပင်။

"တောင်ပိုင်းဒေသ၊ ငါ လာပြီ။ အဲ့ဒီကို မရောက်ခင် ငါ ချီအခြေတည်ခြင်းအဆင့်ကို ရောက်ရမယ်" သူ မိုးရေထဲ လျှောက်နေရင်း ခေါင်းကို့ မော့လိုက်ရာ သူ၏မျက်လုံးများက စူးရှတောက်ပနေ၏။

ထျန်ကျီးအရှင်၏ လက်ဝါးတိုက်ကွက်ကြီးအောက်တွင် ဖြစ်တည်လာခဲ့သော စွမ်းအားကြီးမားလိုသည့် ပြင်းပြသော စိတ်ဆန္ဒကို ဘယ်တော့မှ မေ့မည် မဟုတ်ပေ။ ဤကမ္ဘာကြီးတွင် အစွမ်းထက်သူသာလျှင် အောင်နိုင်သူ ဖြစ်သည်။

"ခဏနေပါဦး။ ဟိုသွေးရောင် အလင်းတန်းက ဘယ်ကလာတာပါလိမ့်....."

မန်ဟိုသည် ခေါင်းထဲတွင် မေးခွန်းများဖြင့် အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

***

All Chapters