နဂါးမျိုးနွယ်
Vol. 28 Ch. 379
ဝေ့ဝူယင်သည် အပေါ်၌ မည်သည့် အရာများ ဖြစ်ကျန်ခဲ့သည်ကို ဂရုမစိုက်ပဲ အောက်သို့သာ ဦးတည်၍ ဆင်းသက်လာခဲ့သည်။ ပေတစ်သောင်းမျဥ်း၏အောက် ပေတစ်ရာခန့်သို့ အရောက်၌ သူ့လက်များမှာ စတင်ကာ တုန်ရီလာခဲ့၏။
“မင်းပြောတာ သေချာရဲ့လားကွ...”
ဝေ့ဝူယင်စိတ်ဖြင့် ဆက်သွယ်ရင်း မေးလိုက်၏။
“အင်း... ကျွန်တော် ခံစားလို့ရတယ်...”
ဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဥ် ခရာတိုက လေးနက်သော လေသံဖြင့် ဆိုလိုက်၏။ ဤသည်က မည်သည့် အချုပ်အနှောင်ကိုမှ မကြောက်သည့် နတ်ဘုရား တစ်ပါး ကဲ့သို့ လေသံမျိုး မဟုတ်ပဲ ပြောလာသည့် ပထမဆုံး အကြိမ် ဖြစ်သည်။
“သေချာအောင် အောက်ကို ဆက်ဆင်းပြီး ကြည့်တာပေါ့”
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း အောက်သို့ ဆက်လက် ဆင်းသက်လိုက်၏။
လွန်ခဲ့သည့် မိနစ်ပိုင်းသို့ ပြန်သွားရပါက...
လျဲ့ယု အောက်သို့ ဆွဲချခံနေရသော အခိုက်အတန့်၌ ဝေ့ဝူယင် ကိုယ်၌လည်း ထူးဆန်းသည့် စွမ်းအင် တစ်မျိုးကို ခံစားနေခဲ့ရသည်။ ထိုစွမ်းအင်က အလွန် ကြောက်မက်ဖွယ် ကောင်းကာ သူ့ခန္ဓာကိုယ်ကို အောက်သို့ ဆွဲချရန် ကြိုးစားနေခဲ့သည်။ ထိုဆွဲအား၏ ပြင်းထန်မှုက လျဲ့ယုခံခဲ့ရသည့် ဆွဲအားအောက် နည်းနည်းမျှ မလျော့လောက်ချေ။
သို့သော်လည်း ၎င်းတွင် ထူးဆန်းသော အချက် တစ်ခုရှိ၏။ ခုခံသော အင်အား၏ အဆင့်က ပိုမြင့်လေလေ ဆွဲအား၏ အရှိန်က ပိုမို တိုးလာလေလေ ဖြစ်သည်။
ဥပမာ... ကြယ်တာရာ အမြုတေ အဆင့် အဆင့်လေး ကျင့်ကြံသူ တစ်ယောက်က ခုခံရန် ကြိုးစားသည် ဆိုပါစို့...။ ထိုအခါ ဆွဲအား၏ ပြင်းထန်မှုကလည်း လိုက်လျောညီထွေစွာပင် ထိုအဆင့် ကျင့်ကြံသူ မခုခံနိုင်သည် အထိ တိုးလာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် လုံချန် အပါအဝင် အကြီးအကဲများ၊ မဟာ အင်ပါယာ သူတော်စင်များမှာ ကျင့်ကြံခြင်း အဆင့်များ ကွဲပြားကြသည့်တိုင် တူညီသည့် ခက်ခဲမှု အဆင့်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။
လုံချန် အကြာရှည်ဆုံး တောင့်ခံနိုင်ခဲ့ခြင်းမှာ သူ၏ ကျင့်ကြံခြင်း အခြေခံက သာမန် ဝိညာဥ်ဆင်းတု အဆင့် စံချိန်စံနှုန်းများထက် များစွာ သာလွန်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ရှင်းလင်းစွာပင် ၎င်းက ဆွဲအားကို ရပ်တန့်ပစ်ဖို့ မလုံလောက်ခဲ့ချေ။
အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ ဝိညာဥ်ကွင်း ကိုးခုထက်ပင် ပိုမြင့်သည့် ဝိညာဥ် ဆင်းတုများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်စွမ်းအင်တို့နှင့် တိုက်ရိုက် သက်ဆိုင်သေနည့် သူ၏ ကြယ်တာရာ အမြုတေများက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များထက်ပင် ကြီးမားသည်။ သိုဖြစ်လေရာ သူ၏ ကျင့်ကြံခြင်း အခြေခံက ဝိညာဥ်ဆင်းတု အဆင့် သတ်မှတ်ချက်များထက် အဆပေါင်းများစွာ သာလွန်သည်ဟု ယူဆ၍ ရသည်။
ထို့အကြောင်းရင်းများကြောင့်ပင် လျဲ့ယုနည်းတူ ကျရောက်လာသည့် ဆွဲအားကို သူ အသာအယာပင် တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပြဿနာကို ခြေခြေမြစ်မြစ် စစ်ဆေးပြီးနောက်တွင် ဆွဲအား ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ ခရာတို ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလာခဲ့သည်။ ၎င်းက သူ့ကို မဟုတ်ပဲ အစစ်အမှန် နဂါး သွေးမျိုးဆက်ကိုသာ ဆွဲချခြင်း ဖြစ်၏။
သို့သော်လည်း လျဲ့ယုမှာ မည်ကဲ့သို့နည်း။ ဝေ့ဝူယင် အံ့အားသင့်ကြီးစွာဖြင့် သူမ အနားသို့ သွားရောက်ခဲ့သည်။ သို့သော်လည်း ကောင်းကင်ဘုံ နတ်မျက်လုံးကို အသုံးပြုခဲ့သည်တိုင် မည်သည့် မူမမှန်မှုမျိုးကိုမှ မတွေ့ရ။ အမြင်အရဆို သီးသန့်လျှင် ထိုမိန်းကလေးမှာ မည်သည့် နဂါးသွေးမျိုးဆက်ကိုမှ ပိုင်ဆိုင်မထားသည့် လူသား တစ်ဦးသာ ဖြစ်သည်။
နောက်ဆုံး ခရာတို၏ နဂါး သွေးမျိုးဆက် စွမ်းအားကို အသုံးပြုကာ ထိတွေ့လိုက်သော အခါတွင်မှ... လျဲ့ယု၏ ခန္ဓာကိုယ်ထဲတွင် နဂါး အမှတ်အသားနှင့် ထူးခြားသော စွမ်းအင်တစ်မျိုး တည်ရှိနေကြောင်း ဝေ့ဝူယင် သိရှိလိုက်ရသည်။ ထိုစွမ်းအင်က သူမ၏ နှလုံးသားထဲတွင် တည်ရှိနေကာ ဒဏ္ဍာရီလာ အနန္တမြစ် နဂါးမင်း ကျောင်းလုံ၏ ပုံသဏ္ဌာန်ကို အတိအကျပင် ယူဆောင်ထား၏။
အကြောင်းရင်းကို သိလျှင် သိချင်းပင် ဝေ့ဝူယင် အဂ္ဂိရတ် ကြယ်တာရာ အင်အားများကို ထုတ်လွှတ်ကာ လျဲ့ယု၏ နှလုံးသားထဲမှ စွမ်းအင်ကို ဖိနှိပ်ကြည့်ခဲ့သည်။ ကံကောင်းထောက်မစွာပင် ထိုနည်းက အလုပ်ဖြစ်ကာ အောရစ် ပင်လယ်ကို လှည့်စားနိုင်ခဲ့သည်။ လျဲ့ယုမှာ ဤနည်းဖြင့် ကြောက်မက်ဖွယ် ဆွဲအားအောက်မှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
ရွှယ်ရီဖေး အနေဖြင့် အစစ်အမှန် နဂါး ကျင့်စဥ်ကို ကျင့်ကြံနိုင်ခြင်းမှာ အသိစိတ် ပင်လယ်အတွင်းတွင် ယင်နဂါး ဝိညာဥ်နှင့် နှလုံးသားထဲတွင် ယန်နဂါးဝိညာဥ် တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ တူညီစွာပင် ဝူပိုင်ကျိုးသည်လည်း ဝူယု၏ မျိုးဆက် ဖြစ်ခြင်းကြော်င့ ကောင်းကင်ချီ နှလုံးသား ကျင့်စဥ်ကို ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။
ယခု လျဲ့ယုမှာလည်း နဂါးအမှတ်အသားကို ပိုင်ဆိုင်ထားရာ ရွှယ်ရီဖေးကဲ့သို့ပင် အစစ်အမှန် နဂါး ကျင့်စဥ်ကို ကျင့်ဖို့ ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း သူမ ရရှိ ပိုင်ဆိုင်လာမည့် စွမ်းအားကတော့ တူချင်မှ တူလိမ့်မည် ဖြစ်သည်။
မိန်းကလေး၏ ကြယ်တာရာ ဝိညာဥ်ကို စစ်ဆေးပြီးနောက် ဝေ့ဝူယင်မှာ ကောင်းကင်ဘုံ၏ ရည်ရွယ်ချက် အချို့ကို ကြိုတင် ခန့်မှန်းနိုင်လိုက်သည်။ လျဲ့ယုမှာ ရေချီနှလုံးသားမှ မြစ်ဖျားခံလာသည့် ရေကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထား၏။ အနာဂတ်တွင် ထိုကြယ်တာရာ ဝိညာဥ်မှာ နှလုံးသားထဲရှိ နဂါး အမှတ်အသားနှင့် ပေါင်းစပ်သွားကာ အလွန် ထူးခြားသော ပါရမီကို ဖွင့်လှစ်ပြီး နဂါးစွမ်းအင်နှင့်၊ သမုဒ္ဒရာရေစွမ်းအင် တို့ကဲ့သို့သော စွမ်းအင်များကိုပင် မွေးဖွားပေးနိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ ထိုလျှို့ဝှက် အရည်အသွေးများကို ဖွင့်လှစ်နိုင်ပါက သူမ၏ အကန့်အသတ်က မည်မျှ အထိ မြင့်တက်သွားမည်နည်း။
ဝေ့ဝူယင် ခေါင်းကို ခါရင်း အတွေးများကို ဖယ်ထုတ်လိုက်၏။ လက်ရှိ၌ ထိုထက် ပိုစိတ်ဝင်စားစရာ ကောင်းသည့် ကိစ္စတစ်ခု သူ့၌ ရှိနေခဲ့ပေသည်။
ဝေ့ဝူယင် အော်ရစ်ပင်လယ်ကြီးကို ငုံ့ကြည့်လိုက်၏။ စိတ်ဝင်စားမှုနှင့် အတူ သူ၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားသည်။
“မင်းက ဘာလဲ...”
သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် အောက်သို့ ဆက်လက် ဦးတည်လိုက်လေတော့သည်။
...
အော်ရစ်ပင်လယ်ကြီးကို ကြည့်ရင်း လွန်ခဲ့သည့် နှစ်များက ဝူယုနဲ့ ပြောဆိုခဲ့ဖူးသည့် အကြောင်းအရာ အချို့ကို ဝေ့ဝူယင် ပြန်လည် တွေးတောနေမိခဲ့သည်။
ထိုမြေခွေးအိုကြီး၏ အဆိုအရဆိုလျှင် နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့နှင့် နဂါးများ ကြားတွင် ကြီးမားသော ပြဿနာကြီး တစ်ခု ရှိခဲ့ဖူးသည်။ ထိုပြဿနာကပင် စစ်ပွဲကြီး တစ်ခုအသွင်ကို ဆောင်ကာ မျိုးတုန်းသတ်ဖြတ်မှုများကိုပင် ဦးတည်သွားစေခဲ့သည်။
သိချင်စိတ် ပြင်းပြစွာဖြင့် ဝေ့ဝူယင်သည် နဂါးများ အကြောင်း ဝူယုကို မေးခဲ့သည်။ အနန္တ ကုန်းမြေတိုက်ကြီးတွင် နေထိုင်ခဲ့စဥ်က သူ အန်နုနှင့် တွေ့ဆုံခဲ့ဖူးသည်။
ထိုစဥ်တုန်းက... နဂါးမျိုးနွယ်များမှာ တစ်နေရာရာ၌ ပုန်းအောင်း အိပ်စက်နေကာ နိုးထသင့်သည့် အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်လိမ့်မည်ဟုသာ သူ ယုံကြည်ခဲ့သည်။ သို့သော်လည်း ဝူယု၏ ရှင်းပြချက်ကို နားထောင်အပြီးတွင် ထိုယူဆချက်မှာ လုံးလုံး မှားယွင်းနေကြောင်း သူ သိရှိလိုက်ရ၏။
ထိုလူအိုကြီး၏ အဆိုအရဆိုလျှင် နဂါးများမှာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ မူလ အုပ်စိုးသူများ ဖြစ်သည်။ သူတို့က လူသားနှင့် အယ်ဗန် မျိုးနွယ်များ မပေါ်ထွန်းခင်ကတည်း တည်ရှိခဲ့သည့် မူလ သက်ရှိကြီးများပင် ဖြစ်သည်။ ယနေ့ခေတ် လူသားတို့ ကြီးစိုးနေထိုင်သည့် ကုန်းမြေတိုက်ကြီးနှင့် ဂြိုဟ်များမှာ သူတို့၏ မွေးရပ်မြေများပင် ဖြစ်ကြပေသည်။
ထိုခေတ်ကာလက မိစ္ဆာ မျိုးနွယ်များနှင့် နဂါးများ အတူ ယှဥ်တွဲနေထိုင်ခဲ့ကာ “မိစ္ဆာနဂါးမျိုးနွယ်” ဟု ခေါ်သည့် မျိုးစပ် မျိုးနွယ် တစ်ခုပင် ပေါ်ထွန်းခဲ့ဖူးသည်။
ဝူယု၏ ပြောစကားအရဆိုလျှင်... ရှေးဟောင်း မှတ်တမ်းများထဲ၌ နဂါးမျိုးနွယ်များမှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို နင်းချေနိုင်သည် အထိ မြင့်မားသော စွမ်းအားများကို ပိုင်ဆိုင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ထို့အပြင်... လူသား၊ အယ်ဗန်၊ ရှို့ရန်... စသည့် မျိုးနွယ်များနှင့် မတူညီစွာပင် ၎င်းတို့မှာ အမှောင်ဟင်းလင်းပြင်နှင့် ကြယ်များအကြားတွင်လည် အတားအဆီး မရှိ ပျံသန်း သွားလာ နိုင်ကြသည်။ သူတို့က နေမှ တိုက်ရိုက်လာသည့် အပျက်အစီး မန်နာကို ဘာထိခိုက်မှုမှ မရှိပဲ ခံယူနိုင်ကြသည်။
သို့သော်လည်း ဉာဏ်ရည်မြင့်မားသည့် အဖွဲ့အစည်းတစ်ခု မဟုတ်ရာ နဂါးများမှာ တောရိုင်း ဥပဒေ အတိုင်းသာ နေထိုင်ခဲ့ကြသည်။ စည်းလုံး ညီညွှတ်မှု မရှိ၊ ခိုင်မာသည့် ဖွဲ့စည်းမှု တည်ဆောက်မှု မရှိ။
ဤသို့နှင့် တစ်နေ့တွင် လူသားနှင့် အယ်ဗန်မျိုးနွယ်များမှာ ကြယ်တာရာ နယ်မြေအတွင်း ရောက်ရှိလာခဲ့သည်။ အစောပိုင်း နှစ်ကာလများ၌ နဂါးများမှာ ထိုမျိုးနွယ်များကို အမှုန်အမွှားများ သဖွယ် သဘောထားကာ လျစ်လျူထားခဲ့ကြသည်။ အချို့ကလည်း အစာအဖြစ် ဖမ်းယူ စားသောက်ကြသည်။
ရှေးဟောင်းမှတ်တမ်း အချို့ထဲ၌ နဂါးမျိုးနွယ်များကို လူသားစားသည့် ရန်သူ တိရစ္ဆာန် အရိုင်းအစိုင်းများ အဖြစ် ပုံဖော် ထားမှုများပင် ရှိခဲ့ကြောင်း ဝူယုက ပြောပြခဲ့သည်။
သို့သော်လည်း ဝေ့ဝူယင်နှင့် ဝူယုတို့ နှစ်ယောက်စလုံးမှာ ထိုမျှလောက် အယူမသီးချေ။ နဂါးများသာ အမှန်တကယ် ထိုမျှ ရက်စက် ကြမ်းကြုတ်ပါက လူသားနှင့် အယ်ဗန်းများမှာ ယနေ့အခြေအနေ အထိ ဖွံ့ဖြိုးလာရန် အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ချေ။ နဂါးများ၏ ဝမ်းဗိုက်ထဲ၌ မျိုးတုန်းသွားလောက်ပြီ ဖြစ်သည်။ သမိုင်းကို အောင်နိုင်သူများ ရေးသကဲ့သို့ မှတ်တမ်းများမှာလည်း အမှန်တရားထက် ရေးသားသူ၏ ယူဆချက်ကိုသာ ပို၍ ကိုယ်စားပြုနိုင်သည် မဟုတ်ပါလား။
ဤသို့နှင့် နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် လူသားနှင့် အယ်ဗန်မျိုးနွယ်တို့၏ ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်းတစ်ခုမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် တဖြည်းဖြည်း စတင်လာခဲ့လေသည်။ အဂ္ဂိရတ် တာအိုကလည်း တရိပ်ရိပ်နှင့် ဖွံ့ဖြိုးလာခဲ့သည်။
နှစ်သိန်းပေါင်းများစွာ အကြာတွင် လူသားတို့၏ သမိုင်းကို တစ်ဆစ်ချိုး ပြောင်းလဲပေးခဲ့သည့် ထာဝရ ဧကရာဇ် ဆိုသည့် ပုဂ္ဂိုလ်ကြီး ပေါ်ထွန်းလာခဲ့သည်။ သူက အဂ္ဂိရတ် တာအိုကို အဆင့်မြှင့်တင်ကာ ကြယ်တာရာ အမြုတေ အဆင့်လေး၏ အကန့်အသတ်များကို ချိုးဖျက် ပစ်ခဲ့သည်။
သူ၏ အကူအညီနှင့် အတူ လူသားများ၊ အယ်ဗန်များနှင့် အသစ် ပေါ်ထွန်းလာသည့် ရှို့ရန်၊ နတ်ဆိုး စသည့် မျိုးနွယ်များမှာ လျှင်မြန်စွာပင် နဂါးများနှင့် ပခုံးချင်း ယှဥ်လာနိုင်ခဲ့သည်။ များမကြာခင်မှာပင် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ နဂါးတို့နှင့် သွေးစွန်းသော စစ်ပွဲကြီး တစ်ခုကို စတင်ခဲ့လေသည်။
ဟန်ရှဲ့ အဘယ်ကြောင့် ထိုမျှအထိ ရန်လိုခဲ့ရသည်ကိုတော့ ဝူယုကိုယ်တိုင်လည်း ရှင်းမပြနိုင်ခဲ့ချေ။ သေချာတာ တစ်ခုကတော့ ထိုစစ်ပွဲကြီး အတွင်း၌ မရေမတွက်နိင်သော နဂါးများမှာ အတုံးအရုံး သတ်ဖြတ်ခံခဲ့ရသည်။ နဂါးနှင့် အခြား မျိုးနွယ်များ သွေးသား ဆက်ယှက်ကာ မွေးဖွားလာသည့် ရှို့ရန်များပင် လွတ်မြောက်ခွင့် မရခဲ့ချေ။
ဝူယုမှာ နဂါးမျိုးနွယ် အပေါ် ဂရုဏာ သက်မိသည့်တိုင် ထိုကိစ္စတွင်တော့ လက်ရှောင်ကာသာ နေခဲ့သည်။ ထို့အပြင် သူ့တွင် ခိုင်လုံသော အကြောင်းပြချက် တစ်ခု ရှိပေသည်။
ထိုစဥ်အခါက ဟန်ရှဲ့မှာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်သည်။ ဝူယု အပါအဝင် အသူရာ နတ်ဆိုး တောင်တန်းသခင်တို့မှာ ထိုအဆင့်သို့ တက်လှမ်းရန် ကြိုးစားရတုန်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ့အား မည်သူမှ မဟန့်တားရဲခဲ့ကြခြင်း ဖြစ်သည်။
ဤသည်က ဝူယုထံမှ ဝေ့ဝူယင် သိခဲ့ရသမျှ အကုန် ဖြစ်သည်။ ထိုအရာက ဇာတ်လမ်း အပြည့်အစုံ မဖြစ်နိုင်သည့်တိုင် ဝေ့ဝူယင် အကြောင်းအရာ တစ်ခုကို ကောက်ချက် ချနိုင်ခဲ့ပေသည်။
“နတ်ဘုရား ဧကရာဇ်ဟန်ရှဲ့က နဂါးမျိုးနွယ်များအား အလွန်မုန်းတီးနေခြင်းပင်။”