← Chapters

လုံး၀မဖြစ်နိုင်ဘူး

Vol. 59 Ch. 813

လုံး၀မဖြစ်နိုင်ဘူး

Vol. 59 Ch. 813

ကျန်းမန်ကျွန်း။

ထာ၀ရခန်းမ၏ထမင်းစားခန်းထဲတွင် သွမ့်မုလင်းသည် နတ်ဘုရား၀တ်ရည်ဝိုင်ခွက်ကို မြှောက်ကာ အနံ့ခံကြည့်လိုက်၏။ သူ၏ရင့်ရော်နေသော မျက်နှာကြီးမှာ နှစ်သက်၀မ်းမြောက်မှုတို့ဖြင့် ၀င်းပသွားသည်။ သွမ့်မုလင်း၏အရှေ့တွင် ဂူရှောင်ရွှဲ့သည် သူမ၏ပုံမှန်ဂါ၀န်ဖြူလေးကို ၀တ်ဆင်ထားပြီး ပြတင်းပေါက်အပြင်သို့ ဆိတ်ငြိမ်စွာ ငေးကြည့်နေသည်မှာ နတ်သမီးလေးတစ်ပါးအလားပင်။

“ဒါက တကယ့်ကို အကောင်းဆုံးဝိုင်ပဲ။ နာမည်ကြီးထိုက်ပါပေတယ်။ အရသာတစ်ခုတည်းနဲ့ ကျုပ်ဗိုက်ထဲမှာ သောက်ချင်‌စိတ်တွေကို ဖြစ်ပေါ်လာစေနိုင်တယ်။ မိန်းကလေးဂူ...ဒီလူအိုကြီးက ထာ၀ရခန်းမကနေ နတ်ဘုရားဝိုင်တွေ မှာယူချင်ပါတယ်။ အဆင်ပြေတယ်မလား” သွမ့်မုလင်းက ပြုံးရင်း ဂူရှောင်ရွှဲ့ကို ပြောသည်။

ဂူရှောင်ရွှဲ့ က သူ့ဘက်လှည့်လာကာ ခေါင်းခါပြ၏။ “ရှင် ကြိုက်တယ်ဆိုရင် ဘာလို့ ကျွန်မတို့ ထာ၀ရခန်းမကနေ တကူးတက မှာယူရတာလဲ။ ခမ်းနားသောထန်လုပ်ငန်းစုကို ရှင် အာရုံစိုက်သင့်တာ မဟုတ်ဘူးလား”

“အင်း....ကျုပ် ခမ်းနားသောထန်လုပ်ငန်းစုကနေ မှာချင်ပါတယ်။ ဒါပေမဲ့ အဲ့ထန်ကောင်လေးမှာ ကျုပ်အနိုင်ကျင့်ချင်ရင်တောင် သွားစလို့မရတဲ့ နောက်ခံအင်အားရှိနေတယ်” သွမ့်မုလင်းက ခပ်ဟဟ ရယ်သည်။ “ဒီလိုဆိုမှ တွေးမိသွားပြီ။ ခမ်းနားသောထန်လုပ်ငန်းစုနဲ့ မင်းရဲ့ ထာ၀ရခန်းမရဲ့ ဆက်နွယ်မှုက နက်ရှိုင်းတာပဲ။ ဒီတော့ မင်းဆီကမှာတာ ထန်လုပ်ငန်းစုကနေ မှာတာနဲ့တူတူပဲပေါ့။ ဟုတ်တယ်မလား”

“ရှင်ပြောတဲ့ ‘ဆက်နွယ်မှု’ ဆိုတာကို ကျွန်မနားမလည်ဘူး” ဂူရှောင်ရွှဲ့က မျက်မှောင်အနည်းငယ်ကြုတ်လျက် ပြောသည်။

“၀ိုင်ရောင်းဖို့ ထန်လုပ်ငန်းစုက ချမှတ်ထားတဲ့စည်းကမ်းတွေကို ကျုပ် သိတယ်” သွမ့်မုလင်းက ပြုံးလျက်ပင် ဆို၏။ “ဒါပေမဲ့ မင်းက ဒီနတ်ဘုရား၀တ်ရည်ဝိုင်ကို အလွယ်တကူ ရနိုင်တယ်ဆိုတော့ ရင်းနှီးတဲ့ဆက်ဆံရေးတော့ ရှိမှာပဲ။ မှန်တယ်မလား”

“ဒါဆိုရင် ရှင့်လိုလူအိုကြီးက ဘာလို့ သိပြီးသားကို မေးနေတာလဲ” ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဂူရှောင်ရွှဲ့က ပြန်မေးသည်။ “သူက ကျွန်မရဲ့ဆရာအဘိုးပဲ။ ကျွန်မ ရှင့်ဆီကနေ အမှန်တရားကို ဖုံးကွယ်ထားလို့ မရဘူးမလား”

သွမ့်မုလင်းက ဂူရှောင်ရွှဲ့ကို လေးနက်စွာကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကျုပ် အဲ့တာကို သိတယ်။ ဒါပေမဲ့ ကျုပ် တကယ်သိချင်တာက မင်းရဲ့ ဆရာသခင်က အတိအကျဘယ်သူလဲ။ ဒီထာ၀ရခန်းမကို တည်ထောင်ခဲ့တဲ့လူက ဘယ်သူလဲ”

“ကျွန်မကို ထာ၀ရခန်းမရဲ့လူတွေက သူဌေးလေးလို့ ခေါ်ကြတယ်” ဂူရှောင်ရွှဲ့က ပြောသည်။ “ဒါပေမဲ့ အရေးပါတာကို ပြောရရင် ကျွန်မထက် ရာထူးမြင့်တဲ့လူ အနည်းဆုံး ၅ ယောက်ရှိတယ်။ ဆရာသခင်က အစိုးရအရာရှိတွေနဲ့ ကိစ္စမရှုပ်ချင်ဘူး။ ကျွန်မ ရှင့်ကို ပြောရဲမယ် ထင်နေတာလား”

သွမ့်မုလင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏မျက်လုံးများတွင် ထူးဆန်းသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ၎င်းတို့၏အကြည့်က နတ်ဘုရား၀တ်ရည်ဝိုင်ခွက်ပေါ် ကျရောက်သွား၏။ ထိုအချိန်တွင် တုတ်တုတ်ခိုင်ခိုင် လူတစ်ယောက်က လှေကားထစ်များမှ ဆင်းလာပြီး သွမ့်မုလင်းအရှေ့၌ ရပ်လိုက်သည်။ သူက ဂူရှောင်ရွဲ့အား သတိကြီးစွာ တစ်ချက်ကြည့်ပြီးနောက် သွမ့်မုလင်း၏နားအနီးကပ်၍ တီးတိုးပြောလိုက်၏။

“ဟိုက်ပင်ကျွန်းကနေ သတင်းရပါတယ်။ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲ ၀င်သွားတဲ့ အဖွဲ့၀င် ၅ ယောက်ထဲက ၄ ယောက်က အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပါတယ်။ ၀င်သွားတဲ့နိုင်ငံ ၃ နိုင်ငံထဲမှာ ရိတ်သိမ်းနိုင်ခဲ့တဲ့ တန်ဖိုးအများဆုံးဖြစ်သလို ရှင်ကျန်သူလည်း အများဆုံးပါပဲ”

သွမ့်မုလင်း၏မျက်နှာအိုကြီးမှာ ၀င်းလက်သွားပြီး သူက စားပွဲကို စိတ်လှုပ်တရှား ပုတ်လိုက်၏။ သူက ဂူရှောင်ရွှဲ့ရှိနေသည့်တိုင် အလျင်အမြန် မေးလိုက်သေးသည်။ “လူ ၄ ယောက် အသက်ရှင်ခဲ့တယ်ပေါ့။ အကြွင်းအကျန်ထဲမှာ သေသွားတာ ဘယ်သူလဲ”

“ထန်ရှုပါ” တုတ်တုတ်ခိုင်ခိုင်လူက အသံကိုပင်မနှိမ့်ထားဘဲ ပြော၏။

သွမ့်မုလင်း၏စိတ်လှုပ်ရှားနေသော မျက်နှာမှာ ချက်ချင်း အေးခဲသွားပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွား၏။ သို့သော် သူတို့နှစ်ယောက်၏စကားကို မျက်နှာတစ်ချက်မပျက်ဘဲ နားထောင်နေခဲ့သော ဂူရှောင်ရွှဲ့က ချက်ချင်းထရပ်ကာ အော်လေသည်။ “ရှင် ဘာပြောလိုက်တယ်။ ဆရာအဘိုးက ဘယ်နေရာမှာ ဘာကြောင့် သေသွားရတာလဲ”

တုတ်တုတ်ခိုင်ခိုင်လူမှာ ဂူရှောင်ရွှဲ့၏အလှနှင့် အပြုအမူများကြောင့် တခဏ ငေးကြောင်သွားသော်လည်း မျက်မှောင်ကြုတ်ကာ စကားတစ်လုံးမှ မဟချေ။ သို့သော် မှိုင်တွေနေသော သွမ့်မုလင်း သက်ပြင်းချပြီး လက်တစ်ချက် ဝှေ့ရမ်းလိုက်သည့်အခါတွင်တော့ ချက်ချင်း ထွက်ခွာသွားတော့သည်။ “ထန်ရှုနဲ့ မင်းရဲ့ထာ၀ရခန်းမတို့ ဆက်ဆံရေးက အတော်ရင်းနှီးသလား”

“ဆရာအဘိုးရဲ့အသက်က ကျွန်မအသက်ထက် အရေးပါတယ်။ ထာ၀ရခန်းမမှာရှိတဲ့ လူအားလုံးရဲ့အသက်ဖက် အများကြီးအရေးပါတယ်” ဂူရှောင်ရွှဲ့၏လေသံက အေးစက်နေ၏။

သူ့နှလုံးသားထဲတွင် မတင်ကျမှုတစ်ခုကို ခံစားလိုက်ရသဖြင့် သွမ့်မုလင်း၏မျက်လုံးများမှာ ပို၍ တွန့်ချိုးသွားသည်။ ထန်ရှုသေပြီဟူသော သတင်းကို ကြားလိုက်ရတည်းက အခြေအနေမှာ ၀ရုန်းသုန်းကားဖြစ်သွားနိုင်ကို သူ ကြိုတင်သိရှိခဲ့၏။ ထန်မိသားစုမှ မူမမှန်သောလုပ်ရှားမှုများ ရှိလာနိုင်သည်ကို သူ တပ်အပ်ပြောနိုင်ပေမည်။ နက်နဲသောထာ၀ရခန်းမပါ ပါ၀င်လာခဲ့ပါက ဒုက္ခများမှာ သူ တွေးနိုင်သည်ထက်ပင် ကျော်လွန်သွားပေလိမ့်မည်။

ဂူရှောင်ရွှဲ့က သွမ့်မုလင်းကို အလေးအနက် စိုက်ကြည့်ပြီးနောက် အော်လိုက်၏။ “အရိပ်...ဆရာသခင်ကို ဆရာအဘိုး ဒုက္ခရောက်နေပြီလို့ သွားပြောလိုက်။ နောက်ဆုံး‌တည်နေရာက ဟိုက်ပင်ကျွန်းမှာလို့”

“နားလည်ပါပြီ”

မည်သူကိုမှ မမြင်ရဘဲ အသံကိုသာ ကြားလိုက်ရ၏။ သို့သော် လေထုမှာ တခဏ ပုံပျက်သွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသည်။

သွမ့်မုလင်း၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ထာ၀ရခန်းမ၏လူများသည် ကိုယ်ခံပညာရှင်များဖြစ်ကြပြီး နက်နဲသော ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြောင်း သူသိထားသော်လည်း စောစောက ပြန်ဖြေခဲ့သည့်လူမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခွန်အားကြီးပေသည်။ သိုင်းပညာရှင်ကြီးများပင်လျှင် ဤသို့ တိတ်တဆိတ်စွမ်းရည်မျိုးကို ပိုင်ဆိုင်လေ့မရှိကြချေ။

‘သူလည်းပဲ စွမ်းရည်အသုံးပြုသူတစ်ယောက်များလား’

သွမ့်မုလင်းမှာ သူမှန်းဆထားခဲ့သည့် ထာ၀ရခန်းမ၏အစစ်အမှန်ခွန်အားကို ချိန်ညှိရပေတော့မည်။

.......

ပေကျင်းမြို့။ ထန်မိသားစုဘိုးဘေးပိုင်နေအိမ်၌။

ထန်ကောရှန့်သည် ကြိမ်ထိုင်ခုံတစ်လုံးပေါ်တွင် သက်တောင့်သက်သာ ထိုင်ကာ သူ၏မွှေးပျံ့နေသော လက်ဖက်ရည်ကို အရသာခံ၍ သောက်နေလေသည်။ ရှားရှားပါးပါး အလုပ်နားနေသော ထန်မင်းက သူမ၏အဖေနှင့် စကားစမြည်နေ၏။

“အဖေ့ရဲ့မြေးက တကယ် အရည်အချင်းရှိတယ် အဖေရေ။ သူက ဆီးနှင်းမြူ‌ဝေကျွန်းက ချင်းယွမ်အုပ်စုကို ရှင်းပစ်ခဲ့တယ်လေ။ ခက်ခဲရှုပ်ထွေးနေတဲ့အချိန်မှာ ရိုးရှင်းပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချခဲ့တာ။ အကျိုးအမြတ်အများဆုံးရသွားတာ‌ကတော့ သူ့ရဲ့ဇနီးလောင်း မုဝမ်ရင်ပဲ။ ပြီးတော့ ၀မ်ရင် ဖုန်းဆက်တုန်းက ဆီးနှင်းမြူဝေကျွန်းကနေ ရှန်ဟိုင်းကို ပြန်ရောက်နေပြီတဲ့။ အမေနဲ့ အဖေဆီကို ဒီရက်ပိုင်းအတွင်း လလာလည်မယ်ပြောတယ်” ထန်မင်းက လက်ဖက်ရည်တစ်ခွက်လုံးကို မော့သောက်လိုက်ပြီးနောက် ပြုံးနေသည်။

ထန်ကောရှန့်၏အိုမင်းနေသော မျက်နှာပေါ်တွင် ကျေနပ်သွားသော အပြုံးတစ်ခု ဖြစ်ပေါ်သွား၏။ သူက ခေါင်းညိတ်ကာ ဆိုသည်။

“ကိုယ့်အတွက် အကျိုးရှိနိုင်တဲ့အချိန်မှာ ဘာလို့ အချိန်ဆွဲနေတော့မလဲ။ သူ အခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်။ အရမ်းကောင်းတယ်။ အဲ့ကောင်စုတ်မု မကျေနပ်ရင်လည်း သူရှုအာကို ရှာနိုင်တာမှမဟုတ်။ ရှုအာက ငယ်သေးတာ ဆိုးလွန်းတာပဲ။ သူသာ ဒီအသက်ထက် ၈ နှစ် ၁၀ နှစ်လောက်‌သာ ကြီးရင် ငါ သူ့ကို မိသားစုခေါင်းဆောင်နေရာ ချက်ချင်း လွှဲပေးလိုက်ပြီ”

“ကျွန်မတော့ အဖေလွှဲပေးရင်တောင်မှ သူက လက်ခံမယ်မထင်ဘူး” ထန်မင်းက ပြုံးလျက် ပြောသည်။ “ပြီးတော့ သာမန်လူတွေက ကြီးကျယ်တဲ့စိတ်ကူးစိတ်သန်းတွေ၊ ရည်မှန်းချက်တွေရှိတဲ့လူတွေရဲ့ စိတ်တွေကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ အမှန်ပြောရရင် ကျွန်မတော့ ရှုအာ အဆုံးမှာ ဘာ‌တွေ ကြံစည်နေလဲဆိုတာ မှန်းကြည့်လို့မရဘူး။ ဒါပေမယ့် ဒါပေမယ့် တွေးနိုင်တာထက် ခမ်းနားမယ်ဆိုတာတော့ သေချာတယ်”

ထန်ကောရှန့် ရယ်ကာ ပြော၏။ “အဲ့လို ပုံကြီးချဲ့မနေစမ်းနဲ့။ ဘာလဲ သူက ထာ၀ရ အသက်ရှင်သွားနိုင်အောင် လုပ်မလို့လား”

ထန်မင်း၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူမက ခပ်ဖျော့ဖျော့ ပြုံး၏။ “သူ့မှာ ထာ၀ရရှင်သန်ခြင်းအထိ သွားဖို့ အစီအစဉ်ရှိတယ်ထင်တယ်။ အဲ့ဒါကလည်း အကြောင်းပြချက်ရှိတယ်လေ။ သူက ကျင့်ကြံခြင်းအဆင်ပ အရမ်းမြင့်သွားရင် အသက်အကြာကြီးရှင်နိုင်တဲ့ အင်မော်တယ်ကျင့်ကြံသူဆိုတာကိုလည်း မမေ့နဲ့ဦး”

ထန်ကောရှန့်မျက်နှာပေါ်ရှိ အပြုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ အကြာကြီးတိတ်ဆိတ်နေပြီးနောက် သူ ခပ်ဩဩ ပြော၏။ “သူက ထာ၀ရအသက်ရှင်သွားဝံ့တယ်ဆိုရင် ထန်မိသားစုက အရာအားလုံးကို စတေးပြီး သူ့ကို ပံ့ပိုးပေးမယ်။ ထာ၀ရရှင်သန်ခြင်း ဟက်...ဟားဟား။ သူ အသက်ရာအနည်းငယ်ပဲ ရှင်သွားနိုင်တယ်ဆိုရင် ထန်မိသားစုက တရုတ်မှာ ပထမဆုံးမိသားစုဖြစ်လာလိမ့်မယ်။ နှစ်ရာပေါင်းများစွာ အုပ်ချုပ်နေတဲ့ နိုင်ငံခြားမိသားစုတွေနဲ့တောင် တန်းတူဖြစ်လာလိမ့်မယ်”

“အင်း ရှုအာသာ နှစ်ပေါင်းရာချီ အသက်ရှင်နိုင်တယ်ဆိုရင် ကျွန်မလည်း သူ့နောက်လိုက်ပြီး အကျိုးရှိအောင် လုပ်ရမယ်” ထန်မင်းက ပြုံးရင်း ပြော၏။

ထိုအခိုက်အတန့်တွင် စားပွဲပေါ်ရှိ ဖုန်းမြည်သံက ထန်မင်း၏စကားစကို ဖြတ်တောက်လိုက်သည်။

ထန်ကောရှန့်က ဖုန်းကိုယူကာ စခရင်ပေါ်ရှိ ခေါ်ဆိုသူအမည်ကို ကြည့်လိုက်၏။ သူ၏မျက်နှာအမူအရာမှာ  ချက်ချင်းပြောင်းလဲသွားပြီး ပြုံးလျက် ဖုန်းကိုင်လိုက်သည်။ “ဟေ့ ညီအစ်ကိုသွမ့်မု ကြယ်သုံးပွင့်အကြွင်းအကျန်က ပြီးသွားပြီလား။ ရှုအာက ကမ္ဘာကြီးတောင် တုန်လှုပ်သွားနိုင်စေနိုင်တဲ့ ပစ္စည်းတွေ ယူလာခဲ့တယ်မလား”

သွမ့်မုလင်း၏ခါးသက်သက်အသံက ဖုန်းအတွင်းမှ ထွက်ပေါ်လာသည်။ “ထန်ရှု....သူ့ကိုယ်သူ စတေးသွားခဲ့တယ်”

“ဘာပြောလိုက်တယ်”

ထန်ကောရှန့်မှာ အံ့ဩမှင်သက်သွားပြီး ချက်ချင်း သူ၏ကြိမ်ခုံပေါ်မှ ထကာ ဟိန်းဟောက်လိုက်သည်။ “သွမ့်မုလင်း စောက်အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။ ငါ့မြေးရဲ့ ကောင်းမွန်နဲ့စွမ်းရည်တွေရှိတယ်။ ပြီးတော့ အခြားသူတွေထက် သူ့အကြောင်းကို ငါအသိဆုံး။ သူ့ကိုသတ်နိုင်တဲ့လူက ဒီကမ္ဘာကြီးမှာ မွေးတောင်မ‌မွေးသေးဘူးလို့တောင် ငါ ပြောရဲတယ်ကွ”

“အခုလေးတင် သတင်းရပြီး အတည်ပြုပြီးသားပါ။ ကြယ်သုံးပွင့်အကြွင်းအကျန်ဆီ သွားတဲ့လမ်းတွေအကုန်လုံးကို ပိတ်လိုက်ပြီ။ နိုင်ငံ ၃ နိုင်ငံက ရှာဖွေသူတွေပဲ ရှင်ကျန်နိုင်ခဲ့တယ်။ ငါတို့ တရုတ်နိုင်ငံလူတွေရယ် ဂျပန်နဲ့ အိန္ဒိယက လူတွေရယ်ပဲ” သွမ့်မုလင်းက ကူကယ်ရာမဲ့စွာဖြင့် ပြော၏။ “ငါတို့အဖွဲ့က လူ ၅ ယောက်မှာ ၄ ယောက်ပဲ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တယ်။ ထန်ရှု‌တစ်ယောက်တည်း...သူ....သူ ထွက်မလာခဲ့ဘူး။ အဖွဲ့ခေါင်းဆောင် ကျူးလုံပြောစကားအရ သူတို့ ၅ ယောက် အကြွင်းအကျန်အနက်ပိုင်းကို ရောက်တဲ့အချိန် ထန်ရှုက တစ်ယောက်တည်း ခွဲထွက်သွားခဲ့တယ်တဲ့။ ပြီးတော့ သူ့ကို နောက်ထပ် မတွေ့‌ရတော့ဘူး...”

ထန်ကောရှန့်မှာ အသက်ပြင်းပြင်းနှစ်ကြိမ်တိတိ ရှုသွင်းလိုက်ပြီး ဒေါသူပုန်ထကာ အော်ဟစ်လိုက်၏။ “မဖြစ်နိုင်ဘူး။ ငါ့မြေးက ကြယ်သုံးပွင့်အကြွင်းအကျန်ထဲမှာ သေသွားတယ်ဆိုတာ လုံး၀မယုံနိုင်ဘူး။ မင်း အခု ဘယ်မှာလဲ။ ငါ မင်းနဲ့ ချက်ချင်း တွေ့ချင်တယ်”

သွမ့်မုလင်းမှာ တုံ့ဆိုင်းစွာဖြင့် တခဏ တိတ်ဆိတ်သွားသော်လည်း ဖြေရုံကလွဲ၍ ရွေးချယ်စရာမရှိချေ။

“ငါ အခု ဟိုက်ပင်ကျွန်းကို သွားတဲ့လမ်းမှာ။ ကျန်တဲ့နိုင်ငံတွေက အကြွင်းအကျန်ရှာဖွေခြင်းရဲ့ ရလဒ်ကို လက်မခံနိုင်ကြဘူး။ ရှင်ကျန်သူအရေအတွက်ကလည်း သိတဲ့အတိုင်းဆိုတော့ ဒီကိစ္စကို ငါ သွားဖြေရှင်းမှရမယ်”

“ဟိုက်ပင်ကျွန်းဟုတ်လား။ ငါ့ကို အဲ့ဒီမှာ စောင့်နေ....”

ထန်ကောရှန့်က ဖုန်းချလိုက်ပြီးနောက် သူ့ရှေ့မှောက်ရှိ စားပွဲခုံအား ဒေါသတကြီး ကန်ထုတ်လိုက်သည်။ “ကိုယ်ရံတော်အဖွဲ့ ၁ နဲ့ ၂ က အဖွဲ့၀င်တွေအားလုံးကို ဆင့်ခေါ်ပြီးတော့ ချက်ချင်း ဟိုက်ပင်ကျွန်းဆီ ထွက်ခွာမယ်။ အဖွဲ့၀င်တွေကို ငါနဲ့အတူသွားရမှာဖြစ်ပြီး အသက်ရှင်လျက်ပြန်လာနိုင်ချေက မဖြစ်နိုင်သလောက် နည်းတယ်လို့ ပြောပြထားလိုက်”

ထိုအခိုက်မှာပင် ထန်မင်း၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွား၏။ သူမဘ၀တွင် သတင်းဆိုးများစွာ ကြားဖူးပါသော်လည်း မည်သည်ကမှ ဤတစ်ခုလောက် သက်ရောက်မှုကြီးကြီးမားမား မဖြစ်စေခဲ့ပေ။

‘ငါ့တူလေးက.....သူ့ကိုယ်သူ စတေးခံပြီး သေသွားတယ်တဲ့လား’

‘လုံး၀မဖြစ်နိုင်ဘူး’

ထန်မင်းမှာ စိတ်ထဲတွင် အော်ဟစ်လိုက်ပြီး ချာကနဲလှည့်၍ အပြင်သို့ ပြေးထွက်သွား၏။ တစ်ချိန်တည်းမှာပင် ထောင်ထောင်မောင်းမောင်း သက်လတ်ပိုင်းလူနှစ်ယောက်က ခြံ၀င်းထောင့်မ ခုန်ထွက်ကာ အတွင်းသို့ တုံ့ဆိုင်းခြင်းမရှိ ၀င်ရောက်လာသည်။

ဆယ်မိနစ်ကြာသော် ထန်မိသားစုဘိုးဘေးပိုင်နေအိမ်အတွင်းသို့ ကားများ ဒါဇင်ချီလျက် ၀င်ရောက်လာပြီး အနက်ရောင်တရုတ်ရိုးရာအင်္ကျီ၀တ်ဆင်ထားသော တုတ်တုတ်ခိုင်ခိုင် လူတစ်ယောက်က ကားတစ်စီးပေါ် တက်သွား၏။ ထန်ကောရှန့်နှင့် ထန်မင်းတို့က နောက်ကားတစ်စီးထံ လျှောက်သွားလေသည်။ ကားတံခါးများ ပိတ်ပြီးသည်နှင့် ကားအစီးဒါဇင်ကျော်မှာ တဝေါဝေါမြည်လျက် မောင်းထွက်သွားကြ၏။

မိသားစုခေါင်းဆောင်ကြီးမှာ အကြောင်းအရင်းမသိရှိဘဲ ဒေါသူပုန်ထကာ သောင်းကျန်းခဲ့ပြီး ကိုယ်ရံတော်အဖွဲ့ ၁ နှင့် ၂ တို့နှင့်အတူ ထွက်ခွာသွားခဲ့သည်ဟူ၍ နေရာတိုင်းရှိ ထန်မိသားစု၀င်များမှာ သတင်းရရှိခဲ့ကြလေသည်။

ထိုအခါ ထန်မိသားစု၀င်အားလုံးမှာ အံ့ဩမှင်သက်သွားခဲ့ကြ၏။ သူတို့အားလုံးမှာ အချိန်ဆွဲမနေဘဲ ထန်မိသားစုဘိုးဘေးပိုင်နေအိမ်သို့ ထွက်ခွာလာခဲ့ကြသည်။ သူတို့သိရှိထားသည့်အရာဟူ၍ ကိုယ်ရံတော်အဖွဲ့  ၁ နှင့် ၂ တို့သည် ထန်မိသားစုပိုင်ဆိုင်သည့် ကိုယ်ရံတော်တပ်ဖွဲ့များတွင် အားအကောင်းဆုံးဖြစ်ပြီး အရေးကြီးအခြေအနေများတွင်သာ စေလွှတ်ခံရကြောင်းပင်ဖြစ်၏။

မည်သည်ပေနည်း.....ထန်မိသားစု အဘယ်သို့သော သေရေးရှင်ရေးအခြေအနေကို ကြုံတွေ့နေရပါသနည်း။

သို့သော် သူတို့ ထန်မိသားစုစံအိမ်သို့ မရောက်ရှိသေးခင် နောက်ထပ် သတင်းတစ်ခု ထပ်မံရရှိလိုက်၏။ မိသားစုခေါင်းဆောင်ကြီးနှင့်အတူ ထွက်ခွာသွားသည့် ကိုယ်ရံတော်အဖွဲ့ ၁ နှင့် ၂ တွင် အသက်ရှင်နိုင်ချေမရှိသလောက် နည်းပါးသည့်အကြောင်းဖြစ်ပေသည်။

“ဒါ....ဒါက မရဏသူရဲကောင်းအမိန့်တော်ပဲ

All Chapters