ယုံကြည်ရန် ရွေးချယ်ခြင်း
Vol. 59 Ch. 815
ကျယ်ပြောသော ပင်လယ်ပြင်ကြီး၏ လှိုင်းခတ်သံများကြားတွင်။
ဂူယန်အာသည် သူမ၏ကျင့်ကြံခြင်းအဆင့်ကို အနိမ့်ဆုံးအထိ ဖိနှိပ်ထားခဲ့၏။ သူမခွန်အားမှာ အင်မတန်ကြီးမားသော်လည်း သွမ့်မုလင်းတို့ရှေ့မှောက်တွင် သူမခွန်အား၏ ၁ ရာခိုင်နှုန်းကိုသာ ပြသခဲ့လေသည်။ ယခုတွင် သူမသည် ကောင်းကင်ဘုံတာအို၏မငြိမ်မသက်မှုကို ခံစားလိုက်ရပြီး ၎င်းမှ ယူဆောင်လာသေည အန္တရာယ်ကိုပါ အာရုံလိုက်မိ၏။
လေပေါ်တွင် ပျံဝဲရင်း သူမ၏စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ထားသည်။ ကောင်းကင်ဘုံတာအို၏ဖိနှိပ်မှုအောက်၌ပင် သူမ၏စိတ်ဝိညာဉ်အာရုံသည် မိုင်ထောင်ပေါင်းများစွားကို ဖုံးလွှမ်းထားနိုင်၏။
“ဆရာအဘိုး တကယ်ပဲ ဒုက္ခရောက်နေတာများလား ဆရာသခင်”
ဂူရှောင်ရွှဲ့၏မျက်၀န်းများတွင် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်ပြီး သူမ၏နှလုံးသားမှာ မငြိမ်မသက်ဖြစ်နေသည်။ အေးခဲမာကြောနေပြီဖြစ်သော သူမ၏နှလုံးသားမှာ ထန်ရှု၏အခြေအနေကြောင့် ပူပန်နေလိမ့်မည်ဟု သူမပင် ထင်မထားခဲ့ချေ။ သူမ အမှန်တကယ် စိတ်သောကရောက်နေရှာသည်။
“ငါ သူ့ကို ယုံကြည်တယ်။ ငါရဲ့ဆရာသခင်က တစ်ကမ္ဘာလုံး ပျက်စီးကြေမွသွားရင်တောင် အသက်ရှင်နိုင်မယ့်နည်းလမ်းကို ရှာဖွေမယ့် လူမျိုးပဲ” ဂူယန်အာက အေးစက်စွာ ဖြေ၏။
ယင်းအဖြေက ဂူရှောင်ရွှဲ့၏စိတ်ကို တည်ငြိမ်သွားစေသည်။ “ဒါဆို ကျွန်မတို့ ကြယ်သုံးပွင့်အကြွင်းအကျန်ဆီ သွားမှာလား။ ဆရာသခင် ဖွင့်နိုင်ပါ့မလား”
“ငါ စွမ်းအားအထွတ်အထိပ်ရောက်နေပြီး နည်းပညာတိုးတက်နေတဲ့ စကြ၀ဠာထဲက လူမျိုးစုတွေကို သိတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေအကြောင်း ကြွားဝါကြတာလည်း ငါသိထားတယ်။ ကြယ်သုံးပွင့်အကြွင်းအကျနက် စကြ၀ဠာထဲက အားနည်းတဲ့ ဖြစ်တည်မှုပဲ။ ငါ့ရဲ့ အထွတ်အထိပ်အဆင့်မှာ ကြယ်သုံးပွင့်မျိုးနွယ်စုကို လက်ကလေးတစ်ချက်လှုပ်လိုက်ရုံနဲ့ ရှင်းပစ်နိုင်တယ်” ဂူယန်ကာ အေးဆေးတည်ငြိမ်စွာ ပြောသည်။
ဂူရှောင်ရွှဲ့မှာ ကြက်သီးမွေးညင်းများ ထသွားပြီး သူမစိုးရိမ်နေသည့် နောက်ဆုံးအရာကို မေးလိုက်၏။ “ဒါပေမယ့် ဆရာသခင်ရဲါ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား”
“ငါ အချိန်ခဏကြာရင် အဆင်ပြေသွားလိမ့်မယ်။ စိတ်မပူနဲ့” ဂူယန်အာက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
ရုတ်တရက် သူမ၏မျက်နှာအမူအရာပြောင်းလဲသွားပြီး ဂူရှောင်ရွှဲ့ကို ကိုင်ကာ အရှိန်မြှင့်တင်လိုက်သည်။ အရှေ့တောင်ဘက်သို့ မိုင်ထောင်ပေါင်းများစွာ ပျံသန်းသွားပြီးနောက် လူသူကင်းမဲ့သော ကျွန်းတစ်ခုသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွား၏။
ထိုအခိုက်အတန့် ကျွန်းပေါ်တွင်။
ထန်ရှုသည် ချန်းရွှဲ့မေ၏တိုက်ကွက်များကို အသာအယာပင် ခုခံနေ၏။ ချန်းရွှဲ့မေ၏ခွန်အားမှာ အလျင်အမြန် တိုးပွားလာခဲ့သော်လည်း ထန်ရှုအတွက် နည်းနည်းလေးမှ အန္တရာယ်မရှိချေ။ ချန်းရွှဲ့မေမှာ ချွေးများစိုရွှဲနေလျက် အံတင်းတင်းကြိတ်ကာ အစွမ်းကုန် တိုက်ခိုက်နေသည်။ သူမသာ ယခုအတိုင်း ဆက်လက်တိုက်ခိုက်နေပါက မိနစ်အနည်းငယ်ကြာလျှင် အားအင်ကုန်ခမ်းသွားပြီး လဲကျသွားပေလိမ့်မည်။
“ရပ်လိုက်”
ထန်ရှုက ချန်းရွှဲ့မေ၏တိုက်ကွက်ကို ချက်ချင်းရှောင်တိမ်း၍ သူမဘေး၌ ပေါ်လာ၏။ သူ၏ညာလက်က သူမ၏ပခုံးကို ဖိနှိပ်ထားပြီး သူ၏မျက်လုံးများက မနီးမဝေးတွင် ပေါ်လာသော ဂူရှောင်ရွှဲ့နှင့်ဂူယန်အာကို စိုက်ကြည့်နေလေသည်။
“မင်းတို့ ဘယ်လိုလုပ် ရောက်လာတာလဲ”
ထန်ရှုကိုမြင်လိုက်ရသည်နှင့် ဂူရှောင်ရွှဲ့၏မျက်နှာလှလှလေးမှာ ၀မ်းမြောက်စွာဖြင့် ၀င်းပသွား၏။ သူမက မြားတစ်စင်းနှယ် ပြေးထွက်လာ၍ အော်လိုက်သည်။ “ဆရာအဘိုး အသက်ရှိသေးတယ်။ ၀မ်းသာလိုက်တာ.....အရမ်းဝမ်းသာတာပဲ”
ထန်ရှုမှာ နားမလည်နိုင်ဖြစ်သွားပြီး သူ၏အကြည့်က ဂူရှောင်ရွဲ့မှတဆင့် ဂူယန်အာအပေါ် ကျရောက်သွား၏။ သူက ချန်းရွှဲ့မေ၏ပခုံးကို လွှတ်ကာ မေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”
ဂူယန်အာက ပြုံးရင်း ရှေ့တစ်လှမ်းတက်ကာ မေးလိုက်၏။ သူမက ထန်ရှုလက်ကို ကိုင်ရင်း ရှင်းပြလေသည်။ “ဆရာသခင်တို့နိုင်ငံရဲ့ စိတ်ရှုပ်စရာ စွမ်းရည်အသုံးပြုတွေကြောင့်လေ။ အဲ့ဒီ အဘိုးကြီးသွမ့်မုလင်းပေါ့။ ဆရာသခင်က ကြယ်သုံးပွင့်အကြွင်းအကျန်ထဲမှာ သေသွားပြီတဲ့လေ။ ဒါကြောင့် ပြင်ဆင်ပြီး အမြန်လိုက်လာခဲ့တာ။ ဒါပေမဲ့ ဒီကမိန်းမလှလေးနဲ့ ကျီစားနေမယ်လို့ ယန်အာထင်မထားဘူး”
ထန်ရှုသည် ဂူယန်အာ၏သူမတူသော ကိုယ်သင်းနံ့ကို ရလိုက်ပြီး သူ၏လက်ကို တွဲခွင့်ပေးကာ ပြုံးရင်းပြော၏။ “သွမ့်မုလင်းက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။ ဘာလို့ အဓိပ္ပာယ်မရှိတာကို ယုံတာလဲကွာ။ စကားမစပ် မိတ်ဆက်ပေးရဦးမယ်။ ဒါက ချန်းရွှဲ့မေတဲ့။ ငါ သတိပြန်ရလာတုန်းက သိခဲ့တဲ့ မိတ်ဆွေပေါ့။ သူက အကြောင်းကြောင်းကြောင့် ကြယ်သုံးပွင့်အကြွင်းအကျန်ရှာဖွေရေးမှာ ဂျပန်ကို ကိုယ်စားပြုခဲ့တယ်။ သူ့ရဲ့စူးစမ်းမှုက ကံကောင်းထောက်မစွာနဲ့ အသိစိတ်ရှိတဲ့အပင်တွေရဲ့ မှတ်ဉာဏ်နဲ့စွမ်းအားကို ရရှိစေခဲ့တယ်လေ။ ကံဆိုးတာက စွမ်းအားကြီးလာတာကို မထိန်းနိုင်သေးတော့ ငါက အချိန်ပေးပြီး သူ့ကို လေ့ကျင့်ပေးနေတာ”
ဂူယန်အာက ချက်ချင်းသဘောပေါက်သွားပြီး ချန်းရွှဲ့မေကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ပြုံး၍ ထန်ရှုအား မေး၏။ “ယန်အာ ကူပြီး လေ့ကျင့်ပေးရမလား ဆရာသခင်”
ထန်ရှုက သူမအမေးကို မေးခွန်းဖြင့်သာ ဖြေ၏။ “မင်း ဒီနေရာအထိ လာခဲ့ရတာ မင်းရဲ့ဒဏ်ရာကရော”
“အင်း ခဏလေးအပြင်ထွက်တာပဲ ဘာမှမဖြစ်ပါဘူး။ ပြန်သက်သာဖို့ နည်နည်း နှောက်ကျသွားရုံပါပဲ။ သိပ်မကြီးကျယ်ပါဘူး” ဂူယန်အာက ခပ်ဖွဖွ ပြုံးသည်။ “ဆရာသခင်အဆင်ပြေတယ်ဆိုရင် ယန်အာ စိတ်အေးပါပြီ”
ထန်ရှုက တခဏတွေးတောပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်၏။ “မဟုတ်ဘူး။ မင်း မြန်မြန်သက်သာမှ ငါ စိတ်အေးရမှာ။ စိတ်မပူပါနဲ့ င့ါအတွက် ဒီမှာ ဘာအန္တရာယ်မှမရှိဘူး။ ငါ့စကားနားထောင်။ ချက်ချင်း ကျင်းမန်ကျွန်းကို ပြန်ပြီးတော့ အနားယူချေ။ ချန်းရွှဲ့မေ သူ့စွမ်းအားကို ထိန်းနိုင်သွားရင် မင်းဆီ ငါလာလည်မယ်”
ဂူယန်အာက တစ်ချက်စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြော၏။ “ယန်အာပြန်ပါ့မယ်။ ဒါပေမဲ့ ရှောင်ရွှဲ့ကိုတော့ အကူအညီရအောင် ထားခဲ့ပါရစေ။ သူက အတော်လေး တိုးတက်လာနေပြီ။ ရွှေအမြုတေအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဆရာသခင်နဲ့နေရင် သူလည်း အဆင့်တက်တာ မြန်လာနိုင်မယ် ထင်တယ်”
ထန်ရှုက စိတ်လှုပ်ရှားနေဟန်ရှိသည့် ဂူရှောင်ရွှဲ့ကို တစ်ချက်ကြည့်သည်။ ထို့နောက် ခေါင်းညိတ်ကာ ဖြေ၏။ “ဖြစ်နိုင်ပါတယ်။ ဒါဆိုလည်း ရှောင်ရွှဲ့ကို နေခိုင်းလိုက်မယ်လေ”
ထွက်သွားမည်ဆိုသော်လည်း ဂူယန်အာမှာ သွားလိုပုံမပေါ်ချေ။ ထန်ရှု၏ချောမောသော မျက်နှာကို ကြည့်နေသည့် သူမ၏မျက်၀န်းထဲတွင် ဤကမ္ဘာ၌ ထန်ရှုကလွဲ၍ မည်သည်မှ မရှိတော့သည့်အလားပင်။
သူမ၏မျက်နှာအမူအရာကြောင့် ထန်ရှုမှာ ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူ့ကို စိုးရိမ်စိတ်ကြောင့် ဤနေရာအထိ ရောက်လာခဲ့သည့် သူမအား ချက်ချင်းနှင်လွှတ်ခြင်းကား မမျှတပေ။ ထန်ရှုက ဂူရှောင်ရွှဲ့ကို ကြည့်၍ ပြော၏။ “မင်းရောက်နေပြီဆိုတော့ ချန်းရွှဲ့မေ ပင်ပန်းပြီးလဲကျသွားတဲ့အထိ သူနဲ့အတူ တိုက်ခိုက်ပေးလိုက်ပါ။ ပြီးရင် သူ့ကို နှစ်နာရီနားခိုင်းရင် ပြေးခိုင်းလိုက်။ သူက ဇွဲရှိပါတယ်”
“ဟုတ်ကဲ့” ဂူရှောင်ရွှဲ့က အသာအယာ ခေါင်းညိတ်၏။
ထို့နောက် ထန်ရှုသည် ဂူယန်အာကို သူ၏ကော်ဗက်ယာဉ်ထံ ခေါ်သွားပြီး သိုလှောင်လက်စွပ်အတွင်းမှ သစ်သီးအနည်းငယ်အား ထုတ်လိုက်သည်။ ထို့နောက် သူက ခပ်ဖွဖွပြုံးရင်း ပြော၏။ “သစ်သီးစားရင်း စကားပြောကြရအောင်လေ”
“ကောင်းပါပြီ”
ဂူယန်အာက တုံ့ဆိုင်းခြင်းမရှိဘဲ သစ်သီးကို ယူပြီးနောက် ရေလုံးတစ်လုံးကို သူမအရှေ့တွင် စုစည်း၍ သစ်သီးအား ဆေးကြောလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ရမ်း၍ ရေများအား ပျောက်ကွယ်သွားစေကာ ပြုံးလျက် ပြော၏။ “ဆရာလည်း ဒီပန်းသီးကို စားရမယ်နော်”
ဂူယန်အာနှင့်အတူ ထွက်သွားသော ထန်ရှု၏ကျောပြင်ကိုကြည့်နေသည့် ချန်းရွှဲ့မေ၏မျက်နှအမူအရာမှာ ရှုပ်ထွေးနေ၏။ သူမ ထန်ရှုကို လှမ်းခေါ်ရန် ကြိုးစားသော်လည်း မလုပ်နိုင်ခဲ့ပေ။ ထန်ရှုနှင့်ရင်းနှီးလာလေလေ
သူသည် ပို၍ လျှို့ဝှက်ဆန်းကြယ်၍ မှန်းဆမရနိုင်သော လူဖြစ်လာလေလေပင်။
“စကြစို့” ဂူရှောင်ရွှဲ့က ချန်းရွှဲ့မေအား ပြုံးပြ၍ တည်ငြိမ်စွာ ပြော၏။
ချန်းရွှဲ့မေက ဆိတ်ဆိတ်နေ၍ ခေါင်းညိတ်လိုက်သည်။ မြေနဂါးနှစ်ကောင်က ချက်ချင်းပျံထွက်လာပြီး ဂူရှောင်ရွှဲ့၏ခြေထောက်များကို ရစ်ပတ်သွား၏။ မြေထုဒြပ်စင်စွမ်းအင်က အဘက်ဘက်မှ စုစည်းလာပြီး ဂူရှောင်ရွှဲ့ရှိရာသို့ ပြေးထွက်သွားသော မြေဆူးချွန်များအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ချန်းရွှဲ့မေက ရှေ့သို့ ပြေးထွက်ကာ အင်အားများစွာ ပါ၀င်သည့် လက်သီးချက်များပစ်သွင်းကာ တိုက်ကွက်ကို အားဖြည့်လိုက်၏။
ချန်းရွှဲ့မေသည် သူမအရှေ့ရှိ မိန်းကလေးအား တစ်ချက်တည်းနှင့် အလဲထိုးနိုင်မည်ဟု ထင်မှတ်ထားခဲ့စ။ ကံဆိုးစွာဖြင့် သူ၏အမြင်ကို ပြောင်းလဲသွားစေသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရပြီး သူမမှာ မျက်နှာပျက်ယွင်းသွားတော့သည်။
ဂူရှောင်ရွှဲ့က သူမခြေထောက်ကို လှုပ်လိုက်ရာ မြေသားထုများက ချက်ချင်း ကွာကျသွား၏။ လျှပ်တစ်ပျက်အတွင်း မြေနဂါးနှစ်ကောင်မှာလည်း ဖျက်ဆီးခံလိုက်ရလေသည်။ အဘက်ဘက်မှ မြေဆူးချွန်များက ဂူရှောင်ရွှဲ့က လှိုင်းများကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။
“ဖောက်”
ချင်းရွှဲ့မေ၏လက်သီးချက်အား ဂူရှောင်ရွှဲ့က အလွယ်တကူ ဖမ်းဆုပ်လိုက်သည်။ သူမက အနည်းငယ်မျှသာ တွန်းလိုက်သော်လည်း ချန်းရွှဲ့မေမှာ မီတာအနည်းငယ် လွင့်ထွက်သွားပြီး ဟန်ချက်ပြန်ထိန်းလိုက်ရ၏။
“အင်အားကြီးလိုက်တာ”
ငယ်ရွယ်သော ဂူရှောင်ရွှဲ့၏ကြောက်မက်ဖွယ် အင်အားက ချန်းရွဲ့မေအား အံ့ဩမှင်သက်သွားစေ၏။ သူမ၏အတိုက်အခိုက်စွမ်းအားမှာ အထွတ်အထိပ်စွမ်းအား၏ ၆၀၊ ၇၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း ဂူရှောင်ရွှဲ့အရှေ့တွင်တော့ ကလေးသာသာပင်။
“ဆက်တိုက်ပါ” ဂူရှောင်ရွှဲ့က ခပ်ဖွဖွ ပြုံးပြ၏။
ချန်းရွှဲ့မေက အံတင်းတင်းကြိတ်၍ ထပ်မံတိုက်ခိုက်ပြန်သည်။
မိနစ်အနည်းငယ်ကြာသော် ချန်းရွှဲ့မေမှာ ပျော့ခွေလျက် မြေပေါ် လဲကျသွား၏။ ထို့နောက် သူမက ခြစ်ရာလေးတစ်ချက်ပင် မရှိသော ဂူရှောင်ရွှဲ့ကို လှမ်းကြည့်လိုက်သည။ သူမ၏မြေနဂါးများက ဂူရှောင်ရွှဲ့၏ဂါ၀န်အဖြူကိုပင် မြေမှုန်တစ်စက်မစွန်းစေခဲ့ချေ။ သူမ ရှုံးနိမ့်သွားလေပြီ။ “အင်မော်တယ်ကျင့်ကြံသူအကုန်လုံးက နင့်လို အစွမ်းထက်တာလား။ ငါ တွေးမိတာပါ။ ငါ့စွမ်းအားက အကြိမ်ဒါဇင်နဲ့ချီ တိုးလာပေမယ့် ထန်ရှုကို တစ်ချက်မှတောင် မထိနိုင်ဘူး။ နင်နဲ့တိုက်ပြီးတော့ ပိုဆိုးသွားသေးတယ်”
“နင်က တကယ်တော့ အဲ့ဒီလောက် အားမနည်းပါဘူး” ဂူရှောင်ရွှဲ့က ပြုံးလျက်ဖြေသည်။ “ဒါပေမဲ့ စွမ်းအားကို အပြည့်အ၀ အသုံးမချတတ်သေးဘူး။ ဆရာအဘိုးက နင့်စွမ်းအားကို ထိန်းချုပ်ပြီး အသုံးချတတ်ဖို့လိုတယ်လို့ ပြောသွားတော့ နောက်ရက်တွေမှာ နင့်ရဲ့ဆရာနဲ့ လေ့ကျင့်ဖော်အဖြစ် ငါ တာ၀န်ယူပေးပါ့မယ်”
“ကျေးဇူးပါ” ကျန်းရွှဲ့မေက စိတ်ရင်းဖြင့်ပြောသည်။
“ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ငါ ဆရာအဘိုးခိုင်းတဲ့အတိုင်း လုပ်ပေးနေတာ” ဂူရှောင်ရွှဲ့က အပြုံးမပျက် ပြောသည်။ “နင်ကျေးဇူးတင်မှာ ဆရာအဘိုးကိုပဲ။ ဟုတ်ပြီး ငါတို့ နောက်ဘာဆက်လုပ်ရမှာလဲ”
“ဟားဟားဟား” ချန်းရွဲ့မေက ရယ်ရယ်မောမော ပြော၏။ “ငါ့ကို နားခွင့်ပေးပါဦး။ ပင်ပန်းလို့ သေတော့မယ်”
ဂူရှောင်ရွှဲ့ကက အတန်ငယ် တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ။ ဒါဆို အရင်နားကြတာပေါ့”
ချန်းရွှဲ့မေက တင်ပျဉ်ခွေထိုင်ပြီးနောက် လူ့ခန္ဓာကိုယ်၏ မရီဒျာန်ကားချပ်ကို ထုတ်လိုက်သည်။ ထို့နောက် မရီဒျာန်တစ်ခုချင်းစီနှင့် အကြောအားလုံးကို လေ့လာတော့၏”
“အဲ့ဒါက...” ဂူရှောင်ရွှဲ့က တအံ့တဩဖြင့် ရေရွတ်လိုက်၏။
ချန်းရွှဲ့မေက မော့ကြည့်၍ ဖြေသည်။ “ထန်ရှုက လူ့ခန္ဓာကိုယ်ပေါ်က မရီဒျာန်တွေ၊ အကြောတွေကို မှတ်နိုင်ရင် အင်မော်တယ်ကျင့်ကြံခြင်းနည်းတွေ ပြောပြမယ်တဲ့”
ဂူရှောင်ရွှဲ့က သဘောပေါက်သွားပြီး ပြုံးလျက် ဆို၏။ “အဲ့ဒါဆိုရင် ငါတို့နဲ့အဖွဲ့၀င်ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်”
“အဖွဲ့၀င် ဟုတ်လား။ ဘာကိုပြောတာလဲ”
“ဆရာအဘိုးက သူ့ဆီကနေ အင်မော်တယ်ကျင့်ကြံခြင်းနည်းတွေကို သိပြီးတာနဲ့ ထာ၀ရခန်းမအဖွဲ့၀င်ဖြစ်လာမယ်ဆိုတာ ပြောပြမထားဘူးလား” ဂူရှောင်ရွှဲ့က အံ့ဩမှင်သက်စွာ မေးသည်။
“ဟင့်အင်း။ ဘာမှမပြောဘူး” ချန်းရွှဲ့မေက ခေါင်းခါရမ်းလိုက်သည်။
“သူ မပြောလည်း ဘာမှမဖြစ်ပါဘူး” ဂူရှောင်ရွှဲ့က ပြုံးလိုက်ပြန်သည်။ “အတိုချုံးပြောရမယ်ဆိုရင်တော့ နင့်ရဲ့နောက်ခံနဲ့ အုတ်မြစ်က ထာ၀ရခန်းမဆိုတာ မှတ်ထားဖို့ပဲ။ ငါတို့က သစ္စာဖောက်တာကို တားမြစ်ထားတယ်။ ပြီးတော့ ထာ၀ရခန်းမရဲ့ ရာထူးကြီးအဖွဲ့၀င်တွေရဲ့အမိန့်ကိုပဲ နာခံရမယ်။ မှန်တယ်။ ထာ၀ရခန်းမရဲ့အရေးပါဆုံးလူက ဆရာအဘိုးကိုယ်တိုင်ပဲ”
ချန်းရွှဲ့မေမှာ အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြော၏။ “ငါက အရင်တုန်းက ရဲမေတစ်ယောက်။ အခုတော့ စွမ်းရည်အသုံးပြုသူအဖွဲ့၀င်တစ်ယောက်ဖြစ်နေပြီ။ ငါ ထာ၀ရခန်းမလက်အောက်၀င်ဖို့ မစဉ်းစားရသေးပေမယ့် စွမ်းရည်အသုံးပြုသူအဖွဲ့ခေါင်းဆောင်တွေက သဘောတူမှာမဟုတ်ဘူး”
ဂူရှောင်ရွှဲ့၏မျက်နှာထက်တွင် စက်ဆုပ်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူမက ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “အဲ့ဒီစွမ်းရည်အသုံးပြုသူအဖွဲ့က ငြင်းဆန်ရဲမယ်လို့ နင်ထင်နေတာလား။ နင်သိလား။ ငါတို့ သူတို့နဲ့ တွေ့ခဲ့သေးတယ်။ အဲ့ဒီသွမ့်မုလူကြီးက ဘာရာထူးရှိလဲတော့ ငါမသိဘူး။ ဒါပေမဲ့ သူ့တစ်သက်လုံး ထာ၀ရခမန်းမနဲ့ ရန်သူလုပ်ရဲမှာမဟုတ်ဘူး”
“နင်ပြောတာ ဘာအဓိပ္ပာယ်လဲ” ချန်းရွှဲ့မေက နားမလည်နိုင်စွာဖြင့် မေး၏။
“ဆရာသခင်သာ ဆန္ဒရှိရင် လက်ချောင်းလေးတစ်ချောင်း လှုပ်လိုက်ရုံနဲ့ စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းကို ရှင်းပစ်လိုက်လို့ရတယ်” ဂူရှောင်ရွှဲ့က ခပ်ဖျော့ဖျော့ပြုံးရင်း ပြောသည်။ “ဆရာအဘိုး ခေါင်းညိတ်လိုက်တာနဲ့ အဲ့ဒီအဖွဲ့ရဲ့ ဒြပ်စင်ပညာရှင်တွေကို မျက်စိတစ်မှိတ်အတွင်း ငါတို့ ရှင်းပစ်နိုင်တယ်။ စောစောကလေးတင် အဲ့စွမ်းရည်အသုံးပြုသူတွေက ဆရာသခင်ရဲ့အရှေ့မှာ ဒူးထောက်နေရပြီး မော်တောင်မကြည့်နိုင်ကြဘူးလေ”