ပင်လယ်ပြင်မှပဋိပက္ခ
Vol. 59 Ch. 816
ဂူယန်အာမှာ ယွဲ့ကျုံးနှင့်အချိန်အနည်းငယ် နေလိုသော်လည်း သူမ၏ဒဏ်ရာကြောင့် စိတ်မပါသော်ဘည်း ထွက်ခွာခဲ့ရသည်။ ထန်ရှုက ချန်းရွှဲ့မေကို လေ့ကျင့်ပေးရန်တာ၀န်ရန်တာ၀န်အား ဂူရှောင်ရွှဲ့ထံ လွှဲပြောင်းပေးပြီးနောက် ကော်ဗက်ယာဉ်အတွင်း၌ထိုင်ကာ တိတ်တဆိတ် ကျင့်ကြံနေ၏။
မျက်စိတစ်မှိတ်အတွင်း ထန်ရှုနှင့် ချန်းရွှဲ့မေတို့ ကျွန်းပေါ်ရောက်ရှိခဲ့သည်မှာ သုံးရက်ကြာသွားလေပြီ။ မိုင်ပေါင်းထောင်ချီ ကွာဝေးသော တစ်နေရာတွင် ထန်ကောရှန့်နှင့် ကိုယ်ရံတော်အဖွဲ့ ၁ နှင့် ၂ တို့ပါ၀င်သည့် ခရီးသည်သင်္ဘောနှစ်စင်းကား လေကိုခွင်း၍ မလက္ကာရေလက်ကြားထံ မောင်းနှင်နေသည်ကို ထန်ရှုမသိချေ။
ပင်လယ်ပြင်ကား ကြမ်းတမ်း၍ လှိုင်းထန်နေသော်လည်း ထန်ကောရှန့်သည် သင်္ဘောကုန်းပတ်ထိပ်တွင် ရပ်နေ၏။ သူ၏မျက်လုံးများကား အေးစက်နေသော်လည်း တလက်လက် တောက်ပနေသည်။ သွမ့်မုလင်းထံမှ ရရှိခဲ့သော သတင်းဆိုးများမား သူလက်မခံနိုင်ချေ။ ရေအောက်အကြွင်းအကျန်ကို ဖျက်ဆီးပစ်ရလျှင်တောင်မှ သူ့မြေးကို တွေ့အောင်ရှာမည်ဖြစ်သည်။ သူ့မြေး အသက်ရှင်နေပါက မျက်စိနှင့်တပ်အပ် တွေ့မြင်ချင်ပြီး သေဆုံးသွားပါကလည်း အလောင်းပြန်သယ်ရပေမည်။
“အစီရင်ခံပါတယ်” တံခါးအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
ထန်ကောရှန့်နောက်ရှိ ထန်မင်းက တံခါးဖွင့်လိုက်ရာ ကိုယ်ရံတော်အဖွဲ့ ၁ ၏ခေါင်းဆောင် ထန်ရောင်ကို တွေ့လိုက်ရသည်။ သူမက လေးနက်စွာ မေး၏။ “ပြဿနာရှိလို့လား”
“ကျွန်တော်တို့ရဲ့ မှန်ပြောင်းကနေ ကျွန်တော်တို့ရဲ့အရှေ့နဲ့ဘယ်ဘက်မှာ ရေသင်္ဘောအစုကို တွေ့လိုက်ရပါတယ်။ ခရူဇာသင်္ဘောနှစ်စီး၊ ဖျက်သင်္ဘောတစ်စီးနဲ့ အလတ်စားခရီးသည်သင်္ဘောတစ်စီးတို့ပါ။ သင်္ဘောကိုယ်ထည်တွေအရ ပြင်သစ်သင်္ဘောတွေ ဖြစ်နိုင်ပါတယ်” ထန်ရောင်က အစီရင်ခံသည်။
ထန်ကောရှန့်က လှည့်၍ ထွက်ခွာတော့မည့် ထန်ရောင်ကို ကြည့်ကာ မေး၏။ “သွမ့်မုလင်းရဲ့ သတင်းအရ ပြင်သစ်အဖွဲ့တစ်ဖွဲ့လုံး ကြယ်သုံးပွင့်အကြွင်းအကျန်ထဲမှာ သေသွားတယ်ဆိုတာ ဟုတ်တယ်မလား”
“ဟုတ်ပါတယ်” ထန်ရောင်က တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။
“ပြင်သစ်အဖွဲ့သားတွေ သေသွားမှတော့ သူတို့ကို ဆက်သွယ်စရာအကြောင်းမရှိဘူး” ထန်ကောရှန့်က အေးစက်စက် ပြော၏။ “ဒါပေမဲ့နိုးနိုးကြားကြားနေပြီးတော့ သတိနဲ့ဆက်ချီတက်ပါ။ အဲ့ပြင်သစ်ကောင်တွေက လက်ဗလာနဲ့ပြန်လာရတော့ စိတ်ကြည်မှာ မဟုတ်ဘူး။ သူတို့ဘက်က ရန်စလာနိုင်လို့ ဂရုစိုက်ပြီးနေ”
“နားလည်ပါပြီ” ထန်ရောင်က ခေါင်းညိတ်လိုက်သည်။ သူက ချာခနဲလှည့်၍ ထွက်ခွာသွား၏။ သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည့်အချိန်တွင် လူငယ်တစ်ယောပ် သူ့ဆီအမောတကောလာ၍ မောဟိုက်စွာ ပြောလေသည်။ “ခေါင်းဆောင် ပြင်သစ်စစ်သင်္ဘောက သင်္ဘောတန်းကနေ ခွဲထွက်လာပြီးတော့ ကျွန်တော်တို့ နေရာဆီ ဦးတည်လာနေပါတယ်”
“အားလုံးကို အသိပေးလိုက်။ အဲ့စစ်သင်္ဘောကို တတ်နိုင်သမျှ ရှောင်ပြီးတော့ လုံး၀ မပက်သက်မိစေနဲ့။ သူတို့ဆက်လိုက်နေရင် ငါတို့ အစီအစဉ်တစ်မျိုးပြောင်းမယ်” ထန်ရောင်က ခပ်ဩဩ ပြောလိုက်၏။
မိနစ် ၂၀ ကျော် ကြာပြီးနောက်။
ထန်မိသားစု၏စစ်သင်္ဘောနှစ်စီးမှာ အခြားသင်္ဘောများကို ရှောင်ရန် မူလလမ်းကြောင်းမှ ဖယ်ခွာသွားသော်လည်း အခြားတစ်ဖက်ကမူ ခရီးသည်သင်္ဘောနှစ်စီးကို ဟန့်တားရန် ကြိုးစားနေ၏။ ထို့ကြောင့် ထန်ကောရှန့်ကိုယ်တိုင် ကပ္ပတိန်အခန်သို့ ရောက်ရှိလာသည်။ သူ အန္တရာယ်မရှာချင်သော်လည်း အန္တရာယ်က သူ့တံခါး၀ကို ခေါက်နေလေပြီ။ သူသည် ဒုတိယအခွင့်အရေးမပေးတတ်သည့် လူစားမျိုးဖြစ်လေရာ အသံဩကြီးဖြင့် အမိန့်ပေးလိုက်၏။ “သူတို့ကို ဆက်သွယ်ပြီးတော့ ဘာဖြစ်ချင်နေတာလဲ မေးလိုက်စမ်း”
တခဏကြာသော် ထန်ရောင်က မှုန်ကုပ်နေသော မျက်နှာအမူအရာဖြင့် ဖြေ၏။ “အကြီးအကဲ တစ်ဖက်အဖွဲ့က ကျွန်တော်တို့သင်္ဘောတွေကို ရပ်ပြီးတော့ စစ်ဆေးခွင့် အတင်းအကြပ် တောင်းဆိုနေပါတယ်”
ထန်ကောရှန့်၏မျက်လုံးများမှ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပေါက်ကွဲထွက်လာပြီး သူက ဟိန်းဟောက်လိုက်၏။ “ဒါက အပြည်ပြည်ဆိုင်ရာရေပိုင်နက်လေ။ ဘာကိစ္စ အဲ့ဒီပြင်သစ်ကောင်တွေက ငါတို့ကို စစ်ဆေးချင်ရတာလဲ။ ချက်ချင်း ထွက်သွားခိုင်းလိုက်။ မထွက်သွားလို့ကတော့ ရန်စတယ်လို့ ယူဆပြီး တိုက်မယ်”
ထန်ရောင်က အမိန့်အတိုင်း အခြားတစ်ဖက်ကို ဆက်သွယ်လိုက်သည်။ အခြားတစ်ဖက်မှ ကောင်းမွန်သောရည်ရွယ်မရှိကြောင်ူ အတည်ပြုပြီးအခါ ထန်ကောရှန့်မှာ တခဏ တိတ်ဆိတ်သွားပြီးနောက် သင်္ဘောကိုရပ်ရန် အမိန့်ပေးလိုက်၏။ အခြားတစ်ဖက်မှ စစ်သင်္ဘောချဉ်းကပ်လာသောအခါ ထန်ကောရှန့်သည် ကုန်းပတ်ပေါ်တွင် လူဒါဇင်ကျော်နှင့်အတူ ရပ်နေ၏။ အခြားတစ်ဖက်သင်္ဘောတွင်လည်း လူဒါဇင်ချီရပ်နေကြောင်း တွေ့လိုက်ရသည်။ ယင်းလူအုပ်အား ဓားရှည်ကို ခါးတွင် ဓားအိမ်နှင့်တကွ ချိတ်ဆွဲထားသော ဗလတောင့်တောင့် လူတစ်ယောက်က ဦးဆောင်နေ၏။ ထိုလူ၏မျက်နှာအား ခေါင်းစွပ်ဖြင့် ဖုံးအုပ်ထားသည်။ သူ့နောက်ရှိ လူဒါဇင်ကျော်မှာလည်း ဓားရှည်များကိုင်ဆောင်ထားကြ၏။
“စစ်ပွဲအတွက် အသင့်ပြင်ထားကြ”
ထန်ကောရှန့်သည် အိုမင်းနေသော်လည်း ပြတ်သားလှသည့် လူတစ်ယောက် ဖြစ်ချေသည်။ သူက အခြားတစ်ဖက်မှ သယ်ဆောင်လာသော လက်နက်များကို မြင်သည်နှင့် ချက်ချက်း အမိန့်ပေးလိုက်၏။
ဝှစ် ဝှစ် ဝှစ်။
အခြားစစ်သင်္ဘောမှ လူ ၄ ယောက်က အံ့မခန်းအမြန်နှုန်းဖြင့် အရှေ့သို့ ပြေးထွက်လာကြသည်။ သူက ပစ်ခွင်းလိုက်သော မြားများအလား မည်သည့်စွမ်းအားအကူမှမပါဘဲ မီတာ ၂၀ ကျော်ကို ဖြတ်ကာ ထန်ကောရှန့် အရှေ့တည့်တည့်သို့ ရောက်ရှိလာ၏။ ထိုလေးယောက်က ခုခံကာကွယ်ရန်အသင့်ပြင်လိုက်သည့် အခိုက်အတန့်မှာပင် ဗလတောင့်တောင့်လူက လေပေါ်ပျံတက်လာရာ အသက်တစ်ရှိုက်စာအတွင်း ထိုလူလေးယောက်အရှေ့သို့ ရောက်ရှိလာသည်။
“ဟက်..တရုတ်တွေပေါ့လေ” ယင်းလူက အသတ်အဖြတ်စိတ်ဆန္ဒများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ရင်း အေးစက်စက် နှာမှုတ်လိုက်၏။
ထန်ကောရှန့်က ဗလတောင့်တောင့်လူအား ရှိလောက်သော ရန်သူကဲ့သို့ စိုက်ကြည့်ကာ ဩရှရှ ဆိုသည်။ “ဟုတ်တယ်။ ငါတို့က တရုတ်တွေပဲ။ မင်းတို့ပြင်သစ်တွေက ကြယ်သုံးပွင့်အကျွင်းအကျန်ကနေ ဘာမှမရခဲ့လို့ အခု ငါတို့ကို လိုက်နှောင့်ယှက်နေတာမလား။ မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ဗလတောင့်တောင့်လူက လှောင်ပြောင်သရော်လိုသော လေသံဖြင့် ပြော၏။ “ခင်ဗျားလိုလူက ကြယ်သုံးပွင့်အကြွင်းအကျန်အကြောင်း သိလိမ့်မယ်လို့ထင်မထားဘူး။ ကြည့်ရတာ အကောင်သေးသေး မဟုတ်တဲ့ပုံပဲ။ အကြွင်းအကျန်ထဲကနေ ထွက်လာတဲ့ တရုတ်ကောင် ၄ ကောင်ကက ဒီသင်္ဘောထဲမှာ ပုန်းနေတာဖြစ်ရမယ်”
“ပုန်းနေတယ်” ထန်ကောရှန့်က သရော်ပြုံး ပြုံးလိုက်၏။ “ငါတို့ တရုတ်ကျွမ်းကျင်သူတွေက ဘာလို့ ပုန်းနေရမှာလဲ”
“ခင်ဗျားဆီမှာ ပုန်းနေတာမဟုတ်ရင် ဘာလို့ ခင်ဗျားပုံက တစ်ခုခုကို ဖုံးကွယ်ထားတဲ့ပုံ ပေါ်နေတာလဲ” ဗလတောင့်တောင့်လူက ပြန်ချေပသည်။ “သူတို့တွေကို ထုတ်ပေးပြီး ကြယ်သုံးပွင့်အကြွင်းအကျန်က ရခဲ့တာမှန်သမျှကို ပေးရင် ခင်ဗျားတို့ကို အသက်ချမ်းသာပေးမယ်။ မဟုတ်ရင် ဒီသင်္ဘောနှစ်စီးပေါ်က လူအကုန်လုံးကို အမှုန့်ချေပစ်တဲ့အခါမှ ကျုပ်အဆိုးမဆိုနဲ့”
“မင်းက လေကျယ်သားပဲ” ထန်ရောင်က ရှေ့တက်လာပြီး ဗလတောင့်တောင့်လူအား ထိုးချလိုက်၏။
သူသည် ငယ်စဉ်ကတည်းက ထန်မိသားစုမှ လေ့ကျင့်ပေးခဲ့သော လက်ရွေးစင်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အသက် ၃၅ အရွယ်တွင် သိုင်းပညာရှင်ကြီးအဆင့်သို့ ရောက်ရှိခဲ့ကာ စစ်တပ်မှ အနားယူခဲ့၏။ တစ်နှစ်ကျော်ကျင့်ကြံပြီးနော် သိုင်းပညာရှင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။ ထာ၀ရခန်းမ၏လူမဆန်သော လေ့ကျင့်ရေးများကား သူ့အတွက ပိုမိုမြင့်မားသော အဆင့်သို့ တက်စေခဲ့သည်။ ယခုတွင် သူသည် ချီသန့်စင်အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် ညီမျှနေလေပြီ။
ဗလတောင့်တောင်လူ၏မျက်၀န်းများတွင် အံ့ဩမှင်သက်မှုတို့ကို တွေ့ရနိုင်၏။ မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး သူက လက်ကိုမြှောကလိုက်ရာ ၎င်းမီးတောက်များက ထန်ရောင်၏လက်သီးချက်နှင့် ၀င်တိုက်သွားလေသည်။
ဝုန်း။
ထန်ရောင်၏အသားအရည်များ လုံး၀ ပြောင်းလဲသွားသည်။ မီးတောက်များနှင့် တိုက်မိသွားသည့် သူ၏လက်မှာ ခြစ်ခြစ်တောက်အပူချိန်ကြောင့် ရဲရဲနီသွား၏။ မီးနဂါးနှစ်ကောင်က မီးတောက်များအတွင်းမှ ထွက်လာကာ သူ့လက်မောင်းတစ်လျှောက် ရစ်ပတ်ရင်း သူ၏ရင်ဘတ်ကို ၀င်တိုက်လိုက်သည်။
ချီသန့်စင်အလယ်အလတ်အဆင့် ဖြစ်သော ချန်ရောင်မှာ ရန်သူ၏တိုက်ကွက်လေးတစ်ခုတည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွား၏။
ဗလတောင့်တောင့်လူသည် အသာစီးရသွားသော်လည်း ဆက်လက်မတိုက်ခိုက်ဘဲလ လှောင်ရယ်နေလေသည်။ “မင်းက ငါ့ကို မဖြစ်စလောက်ခွန်အားလေးနဲ့ ထိုးချင်တယ်ပေါ့။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းမစားချင်စမ်းပါနဲ့။ ကြယ်သုံးပွင့်အကြွင်းအကျန်က ပစ္စည်းတွေကို မအပ်ရင် အမှုန့်ချေပစ်မယ်လို့ ငါ မင်းတို့ကို သတိပေးခဲ့တယ်လေ”
ထန်ကောရှန့်၏မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွား၏။ ထိုဗလတောင့်တောင်လူကား ဒြပ်စင်ပညာရှင်ဖြစ်နေလိမ့်မည်ဟု တွေးမထားခဲ့ချေ။ သာမန်တစ်ယောက်ပင်မဟုတ်ဘဲ အင်မတန် ထိတ်လန့်ကြောက်မက်ဖွယ်ပင်။ သူခေါ်ဆောင်လာခဲ့သော ကျွမ်းကျင်သူများမှာ ထန်မိသားစု၏အသန်မာဆုံး တပ်ဖွဲ့များ ဖြစ်ချေသည်။ ၎င်းတို့ထဲတွင် ထန်ရောင်၏အဆင့်ကား အမြင့်ဆုံးထဲတွင် ပါ၀င်၏။
သို့ထိတိုင် ထန်ရောင်မှာ အလွယ်တကူ ရှုံးနိမ့်သွားသည်သာမက ဒဏ်ရာအပြင်းအထန် ရသွားလေပြီ။
ထိုအခိုက်အတန့်တွင် ထန်ကောရှန့်သည် ခါးသီးနားကျည်းသွားမိသည်။ သူ၏ဂုဏ်သတင်းည် အဘယ်နည်း။ အာမာကျားမှလွဲ၍ ဤသို့ ခါးသက်စရာစော်ကားမှုမျိုးကို ဘယ်အချိန် ဘယ်နေရာတွင် ခံစားခဲ့ရဖူးသနည်း။
“အဖေ”
ထန်မင်းက ယောက်ျားနှစ်ယောက်၊ မိန်းမနှစ်ယောက်နှင့်အတူ စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ထန်ကောရှန့်ဘေးတွင် လာရပ်၏။ သူမက ထန်ရောင်ကို ထူပြီးနောက် ထန်ကောရှန့် ကြည့်နေလေသည်။
ထန်ကောရှ့န်က အသက်ပြင်းပြင်းရှုသွင်းလိုက်သော်လည်း ထန်မင်းကို လှည့်မကြည့်ချေ။ ထိုအစား သြူ ဗလတောင့်တောင့်လူကို စိုက်ကြည့်၍ ပြော၏။ “မင်းက တကယ်ပဲ အင်အားကြီးပါတယ်။ ဒါပေမဲ့ မင်းရဲ့နောက်လိုက်တွေကရော။ မင်းလိုပဲ အစွမ်းထက်ရဲ့လား။ ငါ့သင်္ဘောနှစ်စီးပေါ်မှာ မင်းထက်မနည်းတဲ့ ကျွမ်းကျင်သူတွေအပြည့်ရှိတယ်။ မင်းက ငါတို့ကို အမှုန့်ချေပစ်မယ်ပြောရအောင် မင်းရဲလူတွေကရော အဆုံးထိ တောင့်ခံနိုင်ပါ့မလား”
“ခင်ဗျားက ကျုပ်တို့ကို အထိနာစေမယ်ပေါ့လေ။ ခင်ဗျားကလေ.။ ဟားဟားဟား....” ဗလတောင့်တောင့်လူက လှောင်ရယ်လိုက်သည်။ “ခင်ဗျားတို့ တရုတ်တွေ ပေါက်ကရပြောပြီး လူတွေကို ဖြဲခြောက်ရမယ်လို့ ဘယ်တုန်းက် သင်ထားတာလဲ”
“မင်းတို့လူတွေကြောက်အောင် ငါက ဒီလို ပြောစရာလိုလို့လား” ထန်ကောရှ့န်က ချေပ၏။ “အဲ့ဒီလိုထင်နေရင်လည်း လုပ်လိုက်လေ။ ဒီပင်လယ်တွင် အလောင်းတွေ အစနအနဖျောက်ဖို့ဆိုတာ အလွယ်လေးပဲ။ အမှုန့်ချေခံရမှာ မင်းလူတွေလား...ငါ့လူတွေလားဆိုတာ သိချင်နေပြီ”
ဗလတောင့်တောင့်လူမှာ တွန့်ဆုတ်နေသယောင်ပင်။ သူ့နောက်လိုက်များနှင့်ပက်သက်၍ ယုံကြည်ချက်ရှိသော်လည်း သူယခုလေးတင် တိုက်ခိုက်လိုက်သည့်ရန်သူမှာ အားနည်းမနေချေ။ သူ့နောက်လိုက်များတွင် ထိုလူထက်သန်မာသူ ၃ ယောက်မျှသာ ရှိ၏။ ဤတရုတ်များထဲမှာ သူတိုက်ခိုက်ခဲ့သည့်လူထက် သန်မာသူများရှိနေပါက သူတို့ကို မည်သို့နည်းနှင့်မှ သတ်နိုင်မည်မဟုတ်ချေ။
“ခင်ဗျားတို့ ကြယ်သုံးပွင့်အကြွင်းအကျန်က ယူလာတဲ့ပစ္စည်းတွေ လိုချင်တာ။ လူသတ်ဖို့လာတာ မဟုတ်ဘူး။ အဲ့ဒီပစ္စည်းတွေပေးရင် ကျုပ်တို့ ချက်ချင်း ထွက်သွားပေးမယ်”
“မင်းတို့လူမှားနေပြီလို့ ငါ ပြောနေစရာတောင် မလိုဘူး။ ငါတို့မှာ အဲဒီ့ပစ္စည်းတွေ တကယ်ရှိနေရင်တောင်မှ မင်းတို့ကို ပေးမှာမဟုတ်ဘူး” ထန်ကောရှန့်က ခပ်ဩဩလေသံဖြင့် ဖြေသည်။
ဗလတောင့်တောင့်လူသည် တခဏ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြော၏။ “ဒါဆိုရင် ကျုပ်တို့ ခြေတစ်လှမ်းဆုတ်ပေးမယ်။ ခင်ဗျားတို့ရခဲ့တဲ့ပစ္စည်းတွေကို ကျုပ်တို့နဲ့ အညီအမျှခွဲယူမယ်။ နည်းပညာပစ္စည်းတွေဆို ကျုပ်တို့ ခွဲယူလို့ရတယ်။ အဘိုးကြီး ဒါ ကျုပ်လက်ခံနိုင်တဲ့အတိုင်းအတာပဲ။ စိန်ခေါ်ဖို့ မကြိုးစားနဲ့”
“ငါတို့မှာ ကြယ်သုံးပွင့်အကြွင်းအကျန်ပစ္စည်းတွေရှိတာ သေချာလို့လား” ထန်ကောရှန့်က မေးသည်။
“သေချာတယ်” ဗလတောင့်တောင့်လူက ပြတ်သားစွာ ပြော၏။
ထန်ကောရှန့် အသက်ပြင်းပြင်းရှုသွင်းကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက် ဟိန်းဟောက်လိုက်သည်။ “အားလုံးပဲ ငါပြောတာ နားထောင်ကြ။ ဒီလူတွေ ငါတို့ကို တိုက်ခိုက်လာရင် ချက်ချင်း ပြန်တိုက်ခိုက်ကြ။ အသေခံဖို့ ရွည်ရွယ်ချက်နဲ့ ထွက်လာခဲ့ကြတာမလား။ ငါတို့ဒီနေ့သေရမယ်ဆိုရင် သေကြမယ်။ ဒါပေမဲ့ ဒီကောင်တွေကို ငါတို့နဲ့အတူ ငရဲအထိ ဆွဲခေါ်သွားကြစို့”
“ဟုတ်ကဲ့”
ထန်မိသားစုကိုယ်ရံတော်အဖွဲ့ ၁ နှင့် ၂ မှအဖွဲ့ဝင်များက အခန်းတစ်ခန်းပြီးတစ်ခန်းမှ ထွက်လာကြသည်။ စုစုပေါင်း ၆၂ ယောက်ရှိသော်လည်း ၆၁ ယောက်သာ တိုက်ခိုက်နိုင်၏။ ထန်ကောရှန့်သည် ထန်မင်းခေါ်လာခဲ့သော မိန်းမနှစ်ယောက်နှင့် ယောက်ျားနှစ်ယောက်ကိုလည်း သတိထားမိ၏။ ထိုလူများသည် ထန်မိသားစုကို ကာကွယ်ရန် ထန်ရှုလွှတ်ခဲ့သော ကျွမ်းကျင်သူများဖြစ်၍ အစွမ်းထက်ကြပေသည်။
“သောက်အဘိုးကြီး”
ဗလတောင့်တောင့်လူက ဆဲဆိုပြီးနောက် လက်တစ်ဖက် မြှောက်လိုက်၏။ သူ ရှေ့တက်ကာ လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ မီးနဂါးနှစ်ကောင်က သူ့လက်ထဲတွင်ပေါ်လာပြီး ထန်ကောရှန့်ထံ ပြေး၀င်သွား၏။