← Chapters

အမှန်တရားနှင့် လိုက်နာရမည့်စည်းကမ်းများကို သိရှိလာခြင်း

Vol. 59 Ch. 822

အမှန်တရားနှင့် လိုက်နာရမည့်စည်းကမ်းများကို သိရှိလာခြင်း

Vol. 59 Ch. 822

အစီအစဉ်ကို ရှင်းပြပြီးနောက် ထန်ရှုသည် ကောဗက်ယာဉ်ကို သုံး၍ ချန်းရွှဲ့မေအား ဂျပန်ရှိ ကုဝါကိုယာမာမိုတိုထံ လွှတ်လိုက်လေသည်။ ကုဝါကိုက သူမကို ကြိုရန် လူများ လွှတ်လိုက်သဖြင့် အရာအားလုံးမှာ‌ ချောချောမွေ့မွေ့ အဆင်ပြေသွား၏။ ထန်ရှုသည် ချန်းရွှဲ့မေ ဂျပန်များနှင့် ရင်ဆိုင်နိုင်ရန် နည်းပညာပစ္စည်းတစ်ခုကိုလည်း ထည့်ပေးလိုက်သည်။ ၎င်းကား ရောင်းချရန်အဆင်သင့်ဖြစ်နေသည့် ပစ္စည်းတစ်ခုပင်။

သူတို့ လူစုမခွဲခင် ထန်ရှုသည် ချန်းရွှဲ့မေအား စကားအနည်းငယ်သာ ပြောခဲ့သော်လည်း ဆိုလိုသည့်အဓိပ္ပာယ်ကို ချန်းရွှဲ့မေနားလည်ကြောင်း သူ ကောင်းကောင်းသိလေသည်။ “ချန်းရွှဲ့မေက မင်း အခုကစပြီး ထန်ရှုရဲ့လူဖြစ်သွားပြီ။ မင်း ဝိညာဉ်ဖြစ်သွားရင်တောင်မှ ငါ့လူဖြစ်နေဦးမှာပဲ။ လာမယ့်နှစ်ထောင်ပေါင်းများစွာအထိ မင်းလျှောက်လှမ်းဖို့ ရွေးချယ်ခဲ့တဲ့လမ်းမှာ ခရီးတွင်အောင် ငါတစ်ယောက်ပဲ လုပ်ပေးနိုင်လိမ့်မယ်”

မနက်စောစောအချိန်။

ကျင်းမန်ကျွန်းတွင် ကော်ဗက်ယာဉ် ကျောက်ချထားစဉ် နေအလင်းရောင်များသည် အရှေ့ ဘက်အရပ်မှ ထွက်ပေါ်လာ၏။ ထန်ကောရှန့်နှင့် ဆွေးနွေးခဲ့ပြီးနောက် ဆိပ်ကမ်းလေးမှ သင်္ဘောများ၊ လူများကို ဖယ်ရှားထားပြီး ယခုတွင် ထာ၀ရခန်းမက သိမ်းပိုက်ထားလေသည်။

ဆိပ်ကမ်းအနီးရှိ သောင်ပြင်ပေါ်တွင် ထန်ကောရှန့်နှင့် သွမ့်မုလင်းတို့သည် ဘေးချင်းယှဉ်လျက် ရပ်နေကြပြီး တရုတ်စွမ်းရည်အသုံးပြုသူအဖွဲ့၀င်များက မျှော်လင့်တကြီး စောင့်စားနေကြလေသည်။

“ထန်ရှု ဒီနေ့လို့ ပြောတာသေချာလား “

သွမ့်မုလင်းမှာလည်း အလားတူ မျှော်လင့်နေ၏။ ထန်ရှုသည် ကြယ်သုံးပွင့်အကြွင်းအကျန်မှ ရေငုပ်သင်္ဘောအမျိုးအစားဖြစ်သည့် ရေကုန်းသွားကော်ဗက်ယာဉ်ကို ရရှိခဲ့ကြောင်း ထန်ကောရှန့်က သတင်းပေးခဲ့သည်။ ၎င်းသတင်းကြောင့် သူ့မှာ အိပ်မပျော်နိုင်ဖြစ်ခဲ့ရ၏။ ထန်ရှုသည် ထိုကော်ဗက်ယာဉ်ကို အသုံးပြု၍ အ‌မေရိကန်စွမ်းရည်အသုံးပြုများကို သတ်ခဲ့ကြောင်းလည်း သိခဲ့ရသည်။ သူတို့၏အဆင့် ၁ စွမ်းရည်အသုံးပြုသူ ဒိုရော့ပင်လျှင် အသတ်ခံခဲ့ရ၏။ ထို့ကြောင့် သူ့မှာ ၎င်းယာဉ်ကို ကြည့်ရှုရန် မစောင့်နိုင်တော့ချေ။

ထန်ကောရှန့်က ပြုံးလျက်ဆိုသည်။ “ငါမင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။ ရှုအာက မင်းကို တင်ပြဖို့ ပြောခဲ့တာ။ ငါ့ကို မယုံဘူးဆိုလည်း ဆက်မစောင့်ကြရုံပေါ့”

သွမ့်မုလင်းက အားတုံ့အားနာ ပြုံးလိုက်သည်။ “မလုပ်နဲ့။ ငါ ဘယ်သူ့ကိုမှ မယုံပေမယ့် မင်းကိုတော့ ယုံပါတယ်ကွာ။ မင်းကို ၁၀၀ ရာခိုင်နှုန်း...မဟုတ်သေးဘူး....၁၀၀၀၀ ရာခိုင်နှုန်း ယုံတယ်။ တစ်ရက်မကလို့ တစ်နှစ်ဖြစ်သွားပါစေ ငါ စောင့်နိုင်တယ်”

ထန်ကောရှန့်က စိတ်ကျေနပ်စွာ ပြုံးရင်း ပြော၏။ “ဒါဆိုလည်း အေးဆေးပေါ့။ ရှုအာက အမြဲကတိတည်တယ်။ ငါ အတိအကျ ပြောလို့မရပေမယ့် သူ ခဏကြာရင် ငါတို့ရှေ့ ရောက်လာ...”

သူ၏စကားသံမှာ ရုတ်တရက် ပြတ်တောက်သွားသည်။ ကော်ဗက်ယာဉ် ရေအောက်မှ ထွက်လာပြီး ပေါလောပေါ်နေသည်ကို ထန်ကောရှ့န် မြင်လိုက်ရ၏။ စိတ်လှုပ်ရှားမှုများက သူ၏အိုမင်းရင့်ရော်နေသော မျက်နှာကြီးကို ဖုံးလွှမ်းသွားပြီး သူက လက်မြှောက်ကာ အော်ဟစ်လိုက်သည်။  “ပြောရင်းဆိုရင်း ရောက်လာပြီ။ အဲ့ဒါ ငါပြောတဲ့ ရေငုပ်သင်္ဘောပဲ။ ရှုအာနဲ့ တခြားသူတွေ ပြန်လာပြီဟေ့”

သွမ့်မုလင်းက လှမ်းကြည့်လိုက်ရာ ကော်ဗက်ယာဉ်၏၀င်ပေါက် ပွင့်လာပြီး ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့ ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူက ရုတ်တရက် ရှေ့သို့ အပြေးသွားကာ ထန်ရှုကို ကျယ်လောင်စွာ နှုတ်ဆက်လိုက်လေသည်။ “ကြိုဆိုပါတယ် ထန်ရှု”

ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့က ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လျှောက်လာပြီး ထန်ကောရှန့်နှင့် သွမ့်မုလင်းရှေ့တည့်တည့်၌ ရပ်လိုက်၏။ ထို့နောက် သူက ပြုံးလျက်‌ ပြောလေသည်။ “အင်း အသက်ရှင်လျက် ပြန်လာရတာ တကယ်ကောင်းတာပဲ။ ကျွန်တော် အရသာတောင် ခံလို့ရနေတယ် စီနီယာသွမ့်မုရေ။ ပြီး‌တော့ စီနီယာ စိတ်မပျက်စေရပါဘူး။ ကျွန်တော် စီနီယာ‌ဆီက အမှတ်တွေရအောင် ရတနာပစ္စည်းတွေ အများကြီးယူလာတယ်။ ကျွန်တော် ထွက်လာတုန်း ဘာမှထပ်ယူမလာနိုင်ခဲ့တာ နှမြောစရာပဲ။ ကျွန်တော်သာ ယူလာနိုင်ခဲ့ရင် ကျွန်တော်တို့နိုင်ငံအတွက် အများကြီး အကျိုးရှိမှာ”

သွမ့်မုလင်းက ထန်ရှု၏လက်ကို ဖော်ဖော်ရွေရွေ ဆုပ်ကိုင်ရင်း ပြောသည်။ “ရပါတယ်။ ဒီလောက်နဲ့တင် လုံလောက်နေပါပြီ။ ငါ မင်းအဘိုးဆီကနေ ကော်ဗက်ယာဉ်ဘာတွေ လုပ်နိုင်လဲ သိပြီးပြီ။ ငါ အိပ်မက်တောင်မမက်ဖူးတဲ့ အရာပဲ။ ရေငုပ်သင်္ဘောတစ်စီးဆိုပေမယ့် အမေရိကန်စွမ်းရည်အသုံးပြုသူတွေကို ဆယ်နဲ့ချီ သတ်ဖြတ်နိုင်တယ်။ ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ ဒိုရော့ကိုတောင် ရှင်းထုတ်နိုင်ခဲ့တယ်။ ဒီကော်ဗက်ယာဉ်က လူသတ်စက်နဲ့ စံနမူနာပဲ”

ထန်ရှုက ခပ်ဟဟ ရယ်၍ ပြောသည်။ “ကဲ လူသတ်စက်ဟုတ်မဟုတ်တော့ မသိဘူးဗျာ။ ဒါပေမဲ့ ဒီကောင်ရဲ့လက်နက်တွေကတော့ တော်တော်ကောင်းတယ်။ အဆင့်မြင့်ပြီးတော့ မြန်ဆန်တိကျတယ်။ စကားမစပ် အတွင်းပိုင်းကလည်း မိုက်တယ်ဗျ။ ဒီအကြွင်းအကျန်တွေကို ထားခဲ့တဲ့ အပြင်ဂြိုဟ်မျိုးနွယ်တွေက ဘ၀ကို ဘယ်လိုပျော်ပျော်နေရမလဲ သိကြတယ်”

“ငါ့ကို အဲ့ရေငုပ်သင်္ဘောဆီ ခေါ်သွားလို့ရမလား” သွမ့်မုလင်းက ပြုံးရင်းမေး၏။

“စီနီယာသွမ့်မု ကျွန်တော် ဒီကော်ဗက်ယာဉ်ကို ကြယ်သုံးပွင့်အကြွင်းအကျန်ထဲကနေ ရခဲ့ပေမယ့် ကျွန်တော့်အပိုင်ပစ္စည်းလို့ ပြောလို့မရပါဘူး။ စီနီယာက အစိုးရရဲ့ကိုယ်စားပြုဆိုတော့ ကျွန်တော် ဒီရေကုန်သွားကော်ဗက်ယာဉ်ကို စီနီယာကို လွှဲပြောင်းပေးပါ့မယ်”

“မင်းက မှန်တဲ့လုပ်ရပ်နဲ့ လိုက်နာရမယ့်စည်းကမ်းတွေကို ကောင်းကောင်းသိတာပဲ ထန်ရှု။ လူငယ်မျိုးဆက်အတွက် စံပြပုဂ္ဂိုလ်ပဲကွ” သွမ့်မုလင်းက စိတ်ကျေနပ်စွာ ချီးမွမ်းလိုက်သည်။ “ငါ နိုင်ငံကိုယ်စား ဒီကော်ဗက်ယာဉ်ကို လက်ခံမယ်။ ပြီးတော့ နိုင်ငံက ပေးအပ်တဲ့ ဆုလာဘ်လည်း မင်းဆီ မကြာခင် ရောက်လာတော့မယ်ထင်တယ်”

“အင်း ဒီဆိပ်ကမ်းနေရာက အတော်လေး ကောင်းသားပဲ” ထန်ရှုက ပြုံးရင်း အဆက်အစပ်မရှိ ပြောသည်။

“ငါတို့ စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းက‌လူတွေ ချက်ချင်း ဆုတ်ခွာပြီးတော့ ဒီနေရာကို မင်းရဲ့ထာ၀ရခန်းမဆီ ပေးမယ်” သွမ့်မုလင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ပြော၏။ “ပြီးတော့ အစိုးအရရဲ့ အသိအမှတ်ပြုစာရွက်စာတမ်းတွေလည်း ရောက်လာလိမ့်မယ်။ ဒီဆိပ်ကမ်းက မကြာခင် ထာ၀ရခန်းမရဲ့ ကိုယ်ပိုင်ဆိပ်ကမ်းဖြစ်လာလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် စီနီယာသွမ့်မု” ထန်ရှုက ပြုံးလျက်ပင် ပြော၏။ “နတ်ဘုရား၀တ်ရည်ဝိုင် ၁၀၀ကို စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းရဲ့ဌာနချုပ်ဆီ ခန်းရှနဲ့ ပို့ခိုင်းလိုက်ပါမယ်။ ကျွန်တော့်ဘက်က ကျေးဇူးတင်နဲ့အနေနဲ့ ပေးတဲ့သဘောပါ”

“ကောင်းတယ်...ကောင်းတယ်”

သွမ့်မုလင်းက စိတ်ပါလက်ပါ ပြုံးလိုက်သဖြင့် သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများပင် တွန့်တက်သွားလေသည်။

ထို့‌နောက် ထန်ရှုက ထန်ကောရှ့န်ဘက် လှည့်ကာ မေးမြန်း၏။ “ဒါပြီးရင် ဘာဆက်လုပ်မှာလဲ အဘိုး။ ကျွန်တော်နဲ့အတူ ထာ၀ရခန်းမဆီ လိုက်ခဲ့မလား။ ဒါမှမဟုတ် စီနီယာသွမ့်မုနဲ့အတူ ကျင်းမန်ကျွန်းက ထွက်သွားတော့မှာလား”

ထန်ကောရှန့်က သွမ့်မုလင်း၏မျက်၀န်းများရှိ ထူး‌ဆန်းသော အလင်းရောင်ကို သတိထားမိသွားပြီး ချက်ချင်း ပြန်ဖြေ၏။ “ဟင့်အင်း မင်းတို့လူငယ်တွေကိစ္စကို ငါ ၀င်မရှုပ်ချင်ဘူးကွာ။ ညီအကိုသွမ့်မု ဒီမှာ ကိစ္စပြီးတာနဲ့ မြို့တော်ကို ပြန်တော့မယ်”

“အင်း ကျွန်မကတော့ ပင်ပန်းနေလို့ ကျင်းမန်ကျွန်းမှာ‌ အနားယူဦးမယ်” သူမအဖေနောက်၌ ရပ်နေသော ထန်မင်းက ပြုံးလျက် ၀င်ပြောသည်။ “ရှုအာ နင့်ဒေါ်လေးက ဒီမှာနေမှာနော်။ ငါ့ကို မပျင်းရအောင် ထားမယ်မလား”

“ဒေါ်လေးနေမယ်ဆိုမှတော့ ကျွန်တော်အတတ်နိုင်ဆုံး ပျော်အောင်ထားရမှာပေါ့” ထန်ရှုက ပြုံးလျက် ပြန်ဖြေသည်။  “ဒီလိုဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး စီနီယာသွမ့်မု။ အကူအညီလိုရင် အမြဲဆက်သွယ်လိုက်ပါဗျ”

သွမ့်မုလင်း၏မျက်၀န်းများတွင် စိတ်ပျက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူက ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။ ထန်ကောရှန့်က ထန်ရှုနှင့်လိုက်သွားမည်ဟု ထင်ထားခဲ့၏။ ထိုအတိုင်းသာဆိုလျှင် ထာ၀ရခန်းမကို လည်ပတ်ရန် အကြောင်းပြချက်ရှိသွားလေပြီ။ သူအရင်တကြိမ်သွားရောက်ခဲ့တုန်းက ထာ၀ရခန်းမ၏သရုပ်မှန်ကို မဖော်ထုတ်နိုင်ခဲ့ပေ။ သို့သော် ထန်ကောရှန့်နှင့်အတူ သွားပါက သူသိလိုသည့်အရာကို မ‌မျှော်လင့်ပဲ ရှာတွေ့သွားနိုင်ပေသညိ။

‘နှမြောစရာပဲ’ သွမ့်မုလင်းမှာ အားမရစွာဖြင့် တွေးလိုက်မိသည်။

ချက်ချင်းဆိုသလို ဆိပ်ကမ်းမှ ကားလေးစီး ထွက်ခွာသွားပြီး ထန်ရှုသည် ထန်မင်းအား ထာ၀ရခန်းမထံ ခေါ်ဆောင်သွား၏။ ထန်မင်းအား နွေးထွေးပြူငှာစွာ ကြိုဆိုကြပြီး ဂူယန်အာပင်လျှင် သတင်းကြား၍ လာရောက်နှုတ်ဆက်လေသည်။ ထန်မင်းသည် ဂူယန်အာအကြောင်း သိချင်လွန်းသဖြင့် အချိန်အကြာကြီး စကားပြောခဲ့ကြသည်။ သူမထံမှ အင်မတန် အံ့အားသင့်သွားစေသည့် အကြောင်းအရာများကိုပင် သိရှိခဲ့ရ၏။

တစ်နေ့တာကုန်ဆုံးသွားပြီး မိုးချုပ်လာသည့်အတွက် ထန်ရှုနှင့် ထန်ရှုတို့ ညစာသုံးဆောင်နေသည့်အချိန်တွင် ဂူရှောင်ရွှဲ့က အခန်းတွင်းသို့ ၀င်လာ၏။ သူမက ထန်ရှုကို ကြည့်ကာပြောသည်။ “ဆရာအဘိုး ဘန်ရှို့က ဆရာအဘိုးဒီမှာရှိတယ်ဆိုလို့ ရောက်နေပါတယ်။ ဆရာအအဘိုးနဲ့ စကားပြောချင်ပါတယ်တဲ့”

“ဘန်ရှို့က ထာ၀ရခန်းမမှာလား” ထန်ရှုက မယုံနိုင်စွာဖြင့် မေးလိုက်သည်။

“သူ မ‌နေ့ကပဲ အနောက်မြောက်ဒေသက လမ်းဘေးကလေး ဆယ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ ကလေးနှစ်ယောက်ကလွဲပြီး ကျန်ရှစ်ယောက်က ပင်ကိုယ်ပါရမီ ထူးကဲပြီး အကျင့်စာရိတ္တလည်း ကောင်းကြပါတယ်။ သူက ဒီနေ့ညထွက်သွားဖို့ စီစဉ်ထားပေမယ့် ဆရာအဘိုးရောက်နေတယ်ဆိုတော့ တွေ့ချင်လို့ပါတဲ့။ သူ့ရဲ့အလုပ်ကိစ္စအကြောင်း တင်ပြရမယ်လို့ ပြောပါတယ်”

“ငါတို့ ထာ၀ရခန်းမက အခုအချိန်ထိ ကလေးဘယ်နှစ်ယောက် မွေးစားထားပြီးပြီလဲ။ အရေအတွက် အတိအကျ ဘယ်လောက်ရှိသလဲ” ထန်ရှုက မေးသည်။

“နောက်ဆုံး ရှစ်ယောက်ပါ ပေါင်းထည့်လိုက်ရင် စုစုပေါင်း ၆၂၂၀၀ ယောက်ရှိပါတယ်” ဂူရှောင်ရွှဲ့က ဖြေ၏။

“အဲ့လောက်တောင်လား” ထန်ရှုမှာ အလွန်အမင်း အံ့အားသင့်သွားရလေသည်။ “ဘယ်လိုလုပ် ရုတ်တရက် အဲ့လောက်အများကြီး တိုးလာတာတုန်း”

“အနောက်မြောက်ဒေသမှာ မိုးခေါင်တာတွေ ခဏခဏ ဖြစ်တော့ ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ စား၀တ်နေရေး အရမ်းကျပ်တည်းလာပါတယ်” ဂူရှောင်ရွဲ့က အားတင်းပြုံးပြလျက် ပြော၏။ “ဒါကြောင့် နေထိုင်သူတွေက မိန်းမတွေ ကလေးတွေကို ရောင်းစားလာကြတယ်။ အစိုးရက အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပေမယ့် အကူအညီလိုနေတဲ့ လူပမာဏက များလွန်းနေတယ်။ လမ်ဘေးကလေးတွေနဲ့ မိဘမဲ့တွေအတွက် ရှင်သန်ရတာ အရမ်းကို ခက်ခဲနေကြပါတယ်။ ဒါကြောင့် မိဘမဲ့ဂေဟာဒါဇင်ကျော်က ဘန်ရှို့ကို ဆက်သွယ်ပြီး ကလေးတွေကို လာခေါ်ခိုင်းနေတာပါ”

“ဘာလို့ မိဘမဲ့ဂေဟာတွေက ကလေးတွေကို ပေးပစ်နေတာလဲ” ထန်ရှုမှာ နားမလည်နိုင်ချေ။

“မိဘမဲ့ဂေဟာဆယ်ခုလောက်က ပိတ်သိမ်းရတော့မှာမလို့ပါ” ဂူရှောင်ရွှဲ့က ဖြေသည်။ “ကျွန်မတို့သာ ကလေးတွေကို မယူထားရင် သူတို့လေးတွေ အနှေးနဲ့အမြန် အိမ်ခြေရာမဲ့ ဖြစ်သွားကြမှာ။ ပြီးတော့ အဲ့ဒီမိဘမဲ့ဂေဟာတွေက အလှူငွေတွေကို အားကိုးရတဲ့ ပုဂ္ဂလိကမိဘဂေဟာတွေပါ။ ကလေးတွေကို မွေးစားချင်တဲ့ သဘောကောင်းတဲ့လူတွေကလည်း နည်းနည်းပဲ ရှိပါတယ်”

ထန်ရှုက ချက်ချင်း နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါတို့ အစ‌အနတွေရော။ ရှင်းခဲ့ရဲ့လား”

“ဘန်ရှို့ရဲ့အဖွဲ့ ကျွန်မဆီကို ဒီအကြောင်း တင်ပြတုန်းက ဒီလိုအစုလိုက်အပြုံလိုက် မွေးစားတာကို ဇွဲကောင်းတဲ့လူတွေ စုံစမ်းရင် သိသွားမှာပဲလို့ သဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့် ထာ၀ရခန်းမရဲ့လက်ရွေးစင်တွေကို လွှတ်ပြီး အစအနမှန်သမျှကို ဖျက်စီးခိုင်းခဲ့ပါတယ်။ စုံစမ်းရင်တောင် ဘယ်လိုမျိုးသတင်းအစအနကိုမှ သိရမှာ မဟုတ်ပါဘူး” ဂူရှောင်ရွှဲ့က ပြောသည်။

“ကောင်းပြီလေ” ထန်ရှုက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ သူမကို ကြည့်လိုက်၏။ “ဘန်ရှို့ကို ဒီကိုခေါ်လာလိုက်”

“ဟုတ်ကဲ့”

ဂူရှောင်ရွှဲ့ထွက်သွားသည်နှင့် ထန်မင်းက မှင်သက်နေသော မျက်နှာထားဖြင့် မေးတော့သည်။ “အိမ်ခြေရာမဲ့ကလေးတွေအများကြီး မွေးစားပြီး ဘာလုပ်မလို့တုန်း”

“ကျွန်တော် သူတို့ကို လေ့ကျင့်ပေးပြီး ကျင့်ကြံသူစစ်တပ်တစ်တပ် တည်ထောင်မလို့ပါ” ထန်ရှုက ဖြေသည်။

“ကျင့်ကြံသူစစ်တပ်ဟုတ်လား” ထန်မင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ “အဲ့ဒါနဲ့ နင် ဘာလုပ်မှာလဲ။ မဟုတ်မှလွဲရော တစ်ကမ္ဘာလုံးကို သိမ်းပိုက်မလို့လား”

“ဒေါ်လေးက တကယ့်ပဲ ကိုယ်တူလေးရဲ့ ရည်မှန်းချက်က အဲ့လောက်ပဲလို့ ထင်နေတာလား။ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့လေ” ထန်ရှုက ခေါင်းခါရင်း ရယ်မောလိုက်၏။ “ဟားဟားဟား....ကျွန်တော့်ရဲ့ခွန်အားအတိုင်းအတာတစ်ခု ရောက်သွားရင် ကျွန်တော် နှာချေလိုက်တာနဲ့ တစ်ကမ္ဘာလုံး ပေါက်ကွဲသွားလိမ့်မယ်။ ယန်အာဆီကနေ အင်မော်တယ်ကမ္ဘာအကြောင်း မသိခဲ့ရဘူးလား။ ကျွန်တော်နဲ့အတူ လိုက်လာနိုင်အောင်လို့ အဲ့ဒီကလေးတွေကို ခေါ်ပြီး ကျင့်ကြံခိုင်းထားတာ။ ကျွန်တော်အင်မော်တယ်ကမ္ဘာကို သွားတဲ့အခါကျ သူတို့က အကူအညီကောင်းတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားတယ်”

ထန်မင်းက မိနစ်အနည်းငယ် တိတ်ဆိတ်‌သွားပြီးနောက် စိတ်အားထက်သန်စွာ မေး၏။ “ဒေါ်လေးရော အင်မော်တယ်ကမ္ဘာဆီ သွားနိုင်မယ်ထင်လား ရှုအာ”

“ဒေါ်လေး နောင်ကျ စိတ်၀င်စားလာရင် ပြဿနာမရှိပါဘူး”ထန်ရှုက ပြုံးလျက် ဖြေသည်။ “အဆိုးဆုံးဖြစ်သွားခဲ့ရင်တောင် ဒီလောကရဲ့ ကောင်းကင်ဘုံတာအိုစည်းမျဉ်းတွေကို ကျွန်တော် လှည့်စားလိုက်မယ်။ အဲ့ဒါဆို ထန်မိသားစုတစ်ခုလုံး ကျွန်တော်နဲ့အတူ အင်မော်တယ်ကမ္ဘာကို လိုက်လာလို့ရပြီ”

“မိုက်တယ်” ထန်မင်းက လက်ခုပ်တီးရင်း စိတ်လှုပ်တရှား ပြော၏။

“ဒါပေမဲ့ ဒေါ်လေး သိထားတာကို အခုလောလောဆယ် အဘိုးကို မပြောပြထားတာ ကောင်းမယ်” ထန်ရှုက ပြုံးလျက်ပြောသည်။ “ပြောရရင် ဒီကိစ္စက အသေးအမွှားမဟုတ်ဘူးလေ။ ဒါသာ‌ အပြင်ကို ပေါက်ကြားသွားရင် ကျွန်တော်တို့မိသားစုအပေါ် မလိုလားတဲ့ အန္တရာယ်တွေ ကျရောက်လာမှာ စိုးရိမ်မိတယ်။ ပြီးတော့ ကျွန်တော့် ထန်မိသားစုရဲ့အနာဂတ်အတွက် စီစဉ်ထား‌တာတွေ ရှိသေးတယ်”

“ဟုတ်ပြီ ဟုတ်ပြီ။ ဒေါ်လေး မှတ်ထားမယ်” ထန်မင်းက သွက်သွက်လက်လက်ပင် ဖြေ၏။

ဘန်ရှို့က အခန်းအတွင်းသို့ ဒရောသောပါး ၀င်လာပြီး ထန်ရှုကို မြင်သည်နှင့် စိတ်လှုပ်တရှား အော်ဟစ်လိုက်သည်။ “သူဌေး....နောက်ဆုံးတော့ တွေ့ရပြီ။ ငါ‌ အရင်ရက်ပိုင်းတုန်းက ရှန်ဟိုင်းကို ရောက်ခဲ့ပေမယ့် သူဌေးက မရှိဘူး”

ထန်ရှုက ပြုံးကာ ဘန်ရှို့အား ထိုင်ရန် လက်ဝှေ့ရမ်းပြလိုက်သည်။ “မင်း ခုရက်ပိုင်း အလုပ်တော်တော် ကြိုးစားနေတာပဲ။ မင်းကို ကန့်သတ်ချက်တစ်ခုထားပေးရတော့မယ်။ အယောက် ၈၀၀၀၀ ပြည့်ရင် ကလေးတွေကို ထပ်မမွေးစားနဲ့တော့။ မင်းနဲ့ ဒင်ဇီကို အဲ့အချိန်ကျရင် ပေးစရာ တာ၀န်ရှိတယ်”

All Chapters