လုံး၀အမြစ်ပြတ်ချေမှုန်းခံလိုက်ရခြင်း
Vol. 59 Ch. 820
ထန်ကောရှန့်သည် ထန်ရှု၏အကြံပြုမှုကို အင်မတန် သဘောတူသည်။ သူ့မြေးသည် ကြယ်သုံးပွင့်အကြွင်းအကျန်ကို သိမ်းပိုက်ထားနိုင်သော်လည်း မည်သူမှ လုပ်နိုင်သည့်အတိုင်းအတာထက် မကျော်လွန်သင့်ကြောင်း သူ ကောင်းကောင်းသိလေသည်။ တရုတ်မှ အင်အားကြီးလူများသည် စွမ်းအားမြင့်နည်းပညာများကို တွေ့မြင်ရပါက သူတို့၏လောဘကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ သူတို့ထဲက မည်သူက ၎င်းကိုအသုံးပြု၍ ကမ္ဘာကြီး၏ညီမျှနေမှုကို ပြောင်းပြန်လှန်ကာ လက်ဝါးကြီးမအုပ်ဘဲ နေမည်နည်း။
“ဒါဆို မင်းအခု အလိုအပ်ဆုံးကဘာလဲ ရှုအာ”
ထန်ကောရှန့်သည် သူ့မြေးကား ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိထားသဖြင့် မည်သည်က သူ့အတွက် အကျိုးရှိဆုံးဖြစ်မည်ကို သိချင်မိ၏။
ထန်ရှုက တခဏကြာတွေးပြီးနောက် ဖြည်းဖြည်းချင်း ပြောသည်။
“ကျွန်တော် အချိန် လိုတယ်”
ထန်ကောရှန့်မှာ မှင်သက်သွားပြီး ထပ်မံ မေးလိုက်၏။ “ဘယ်လောက်လိုတာလဲ”
“အနည်းဆုံး ဆယ်နှစ်ကျော်” ထန်ရှုက ဖြေသည်။ “အခုကမ္ဘာကြီးမှာ ကျင့်ကြံဖို့အရင်းအမြစ်တွေက နည်းနည်းပဲရှိတော့ ကျင့်ကြံရတာ နှေးနေတယ်။ အဘိုး ကျွန်တော့်မှာ အချိန်အလုံအလောက်ရှိရငိ ကမ္ဘာကြီးမှာ ဘယ်လောက်ပဲ ခွန်အားတွေ မမျှမတဖြစ်လာပါစေ ထန်မိသားစုကို ဘယ်သူမှရန်မစရဲအောင် လုပ်ပေးနိုင်ပါတယ်”
ထန်ကောရှန့်က ဆိတ်ဆိတ်နေလျက် ခေါင်းညိတ်ပြ၏။ သို့သော် သူ့မြေးလိုအပ်သည့် ဆယ်နှစ်အတိုင်းအတာကာ ကျင့်ကြံခြင်း၌ဆရာတစ်ဆူဖြစ်လာဖို့အတွက် နည်းလွန်းပေသည်။ ဥပမာ အာမာကျားသုံပေဟူသည် သူ့သက်တမ်း ၂၀၀ ကျော်တွင် မည်မျှကျင့်ကြံခဲ့ရပါသနည်း။
“ဟုတ်ပြီ။ ဒါတွေအားလုံးကို စုပြီးတော့ ငါတို့နိုင်ငံကို ဘယ်လိုအားကောင်းလာအောင် လုပ်လို့ရမလဲ ကြည့်ကြတာပေါ့။ ဒါပေမဲ့ အရမ်းအမြန်ကြီး အင်အားကြီးလာအောင် လုပ်လို့ မဖြစ်ဘူး”
“ကောင်းပါပြီ”
ရုတ်ချည်းဆိုသလို ထန်ရှုက သူ၏သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းများစွာကို ထုတ်ကာ မြေးအဘိုးနှစ်ယောက် တိုင်ပင်ကြတော့သည်။ ပစ္စည်းတစ်ခုချင်းစီကို လေ့လာပြီးနောက် ၎င်းတို့၏ပုံစံအမျိုးမျိးကို သတ်မှတ်နိုင်ခဲ့သည်။ သူတို့ယခုရထားသည့် ကော်ဗက်ယာဉ်အပြင် စားသောက်ကုန်များသာမက စွမ်းအင်ပုံဆောင်ခဲများပါ ထုတ်ပေးနိုင်သည့် စက်ပစ္စည်းများကို တွေ့ခဲ့ရ၏။
“ကျွန်တော်တို့ စီးနေတဲ့ ဒီကော်ဗက်ယာဉ်မှာ လက်နက်ဖွဲ့စည်းပုံတွေ ဒါဇင်ကျော်ရှိတယ်။ အားအကောင်းဆုံးကတော့ ကျွန်းသေးသေးတစ်ခုလုံးကို ပေါက်ကွဲသွားစေနိုင်တဲ့ ရေအောက်လေဆာအမြောက်ပဲ။ ဒါကြောင့် ဒီဟာရဲ့အဓိကပြောင်းကို ဖြုတ်ယူသွားပြီးတော့ တခြားသိပ်အားမကောင်းတဲ့ လက်နက်တွေကို ထားခဲ့မယ်။ ကျွန်တော်တို့ နိုင်ငံအရာရှိတွေ ဒီကော်ဗက်ယာဉ်ကို ရှာတွေ့သွားပြီး သုံး၊လေးနှစ် လေ့လာကြရင်တောင် စိတ်ကျေနပ်စရာအဖြေကို ရမှာမဟုတ်ဘူး။ သူတို့ ၈ နှစ်၊ ၁၀ နှစ်လောက် လေ့လာနိုင်ရင်တောင့် သိပ္ပံနဲ့နည်းပညာတွေ သုံးပြီးတော့ ကော်ဗက်ယာဉ်တွေ အများကြီးထုတ်လာနိုင်မှာဆိုတော့ ကျွန်တော်တို့ စိုးရိမ်စရာမလိုဘူး” ထန်ရှုက ဆွေးနွေးမှုအပြီးတွင် ခြုံငုံပြော၏။
ထန်ကောရှန့် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောသည်။ “အင်း ငါတို့ဒီကော်ဗက်ယာဉ်ကို လက်နက်တစ်၀က် ဖြုတ်ပြီးတော့ ပေးလိုက်ရင်တောင် ငါတို့နိုင်ငံအရာရှိတွေက ပြုံးဖြီးနေကြမှာ။ ဘာအကြောင်းကြောင့် ငါတို့နိုင်ငံက ကမ္ဘာအင်အားကြီးဆုံးနိုင်ငံ မဖြစ်လာနိုင်ရမှာလဲ။ စစ်အင်အားမှာ ပထမမဖြစ်ရဘူးလို့ ကန့်သတ်ထားလို့လား။ အင်အားကြီးလက်နက်တွေ ပိုင်ဆိုင်ထားတာ မှားလို့လား”
“ကျွန်တော်တို့က တရုတ်လူမျိုးတွေဆိုတော့ ကျွန်တော်တို့နိုင်ငံက လက်နက်ကောင်းတွေပိုင်ဆိုင်စေချင်ပြီး စစ်အင်အားကို အမြင့်ဆုံးအထိ ရောက်စေချင်တာ သဘာ၀ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ရာထူးကြီးလူတွေကို ဒီလိုရည်မှန်းချက်ကြောင့် အမြင်တွေဖုံးမသွားစေချင်ဘူး” ထန်ရှုက ပြုံးလျက်ပြောသည်။
သူ ထိုသို့ ပြောလိုက်သော်လည်း တရုတ်၏စစ်အင်အားသည် ကမ္ဘာအကောင်းဆုံးဖြစ်လာပါက တရုတ်၏အင်အားကြီးလူများမှာ ကမ္ဘာညီမျှမှုကို ကမောက်ကမဖြစ်သွားစေနိုင်သည့် အစီအစဉ်များရေးဆွဲလာမည်မှာ အသေအချာပင်။
တရုတ်နိုင်ငံကား အိပ်နေသော ခြင်္သေ့တစ်ကောင်ဖြစ်သည်။ ၎င်းကား တဖြည်းဖြည်းအားကောင်းလာနေပြီး ကမ္ဘာထိပ်သီးနိုင်ငံများတွင် ပါ၀င်၏။ သို့သော် ခြင်္သေ့ကား အမြဲ ခြင်္သေ့တစ်ကောင်သာ ဖြစ်နေလိမ့်မည်။ ခြင်္သေ့တစ်ကောင်သည် သူ့ပိုင်နက်၌ မည်မျှပင် အေးဆေးတည်ငြိမ်စွာ နေထိုင်ခဲ့ပါစေ ၎င်းအင်အားအထွတ်အထိပ်သို့ ရောက်သည်နှင့် တောအုပ်တစ်ခုလုံးကို သိမ်းပိုက်ရန် ကြိုးစားပေလိမ့်မည်။
ထန်ရှုသည် သူ့နိုင်ငံကို ပိုမိုအင်အားကြီးလာစေချင်သော်လည်း ပထမဆုံး သူ့ကိုယ်သူ ပိုမို သန်မာလာအောင် လုပ်ရပေမည်။ အနာဂတ်တွင် အဆင့်တက်နိုင်သည့်အခွင့်အရေးမရမချင်း ဤဂြိုလ်၌ သူကစားရမည့်အချိန်မကုန်သေးကြောင်း သဘောပေါက်သွားလေသည်။
ဒေါက် ဒေါက်...
တံခါးခေါက်သံ ကြားလိုက်ရပြီး ဝင်ရောက်ဆွေးနွေးတိုင်ပင်ခြင်းမပြုသော ချန်းရွှဲ့မေက အခန်းတွင်းသို့ ၀င်လာ၏။ သူမက ထန်ရှုကို ကြည့်၍ အလျင်အမြန် ပြောလိုက်သည်။ “အာရုံခံကိရိယာကနေ ငါတို့ဆီချဉ်းကပ်လာနေတဲ့ ပုံရိပ်ယောင်တွေ ပြနေတယ်။ ငါ ထင်တာမှန်ရင် အမေရိကန်တွေပဲ ဖြစ်ရမယ်”
ထန်ရှုနှင့် ထန်ကောရှန့်မှာ အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သို့သော် ထန်မင်းက နားမလည်သည့်ပုံဖြင့် မေးသည်။ “အမေရိကန်တွေ ငါတို့ဆီ လာနေတာလား။ သူတို့က ပြင်သစ်စွမ်းရည်အသုံးပြုသူတွေလို ကြယ်သုံးပွင့်အကြွင်းအကျန်က အဖိုးတန်ပစ္စည်းတွေကို လာဓားပြတိုက်တာလား”
“ဖြစ်နိုင်တယ်” ထန်ကောရှန့်က အမျှော်အမြင်ရှိစွာ ပြောသည်။ “ယူအက်စ်က သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အလွှမ်းမိုးနိုင်ဆုံးလို့ အမြဲမှတ်ထားတာလေ။ သူတို့လွှတ်လိုက်တဲ့ ထိပ်တန်းလူတွေက ကြယ်သုံးပွင့်အကြွင်းအကျန်ထဲမှာ သေကုန်ကြပြီ။ ပြီးတော့ နောက်ရတနာတွေ ရှာဖို့ လေ့လာရေးလွှတ်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် တခြားနိုင်ငံတွေရလာတဲ့ ပစ္စည်းတွေကို ပစ်မှတ်ထားနေတာလို့ ငါထင်တယ်”
“ကပ္ပတိန်အခန်းထဲကနေ သွားကြည့်ကြတာပေါ့” ထန်ရှုက ဖြတ်ပြောသည်။
ထို့နောက် သူတို့ငါးယောက်သည် ကပ္ပတိန်အခန်းတွင်းရှိ ပုံရိပ်ယောင်မျက်နှာပြင်ပေါ်မှ မှတ်တမ်းကို ကြည့်နေကြသည်။ အမေရိကန်ကုန်တင်ယာဉ်ပေါ်ရှိ လူဒါဇင်ကျော်မှာ သာမန်လူများမဟုတ်ကြသဖြင့် ထန်ရှု၏အကြည့်များက အေးစက်သွား၏။ စစ်သင်္ဘောနှစ်စီးကို ကြည့်နေကြသည့် သူတို့၏အကြည့်များ၌ မကောင်းသောအကြံအစည်များက အတိုင်းသား ထင်ဟပ်နေချေသည်။
“သူတို့နိုင်ငံက အင်အားကြီးပြီး ခေတ်ပေါ်လက်နက်တွေရှိလို့ ဒီအမေရိကန်တွေက ရမ်းကားနေတာ” ထန်ကောရှန့်က အေးစက်စွာပြော၏။ “ကုန်တင်သင်္ဘောရဲ့ခေါင်မိုးပေါ်က လူကို မြင်လား သူက အမေရိကန်စွမ်းရည်အသုံးပြုသူအဖွဲ့ရဲ့ ရွှေဒိုင်းခေါင်းဆောင် ဒိုရော့ပဲ။ သူ့ရာထူးက သွမ့်မုလင်းနဲ့တူပေမယ့် ခံစားခွင့် ပိုများတယ်”
“အဖေ ဘယ်လိုလုပ် သိတာလဲ” ထန်မင်းမှာ အဖြေရှာမရချေ။
“ငါ လျှို့ဝှက်မှတ်တမ်းဌာနမှာ အလုပ်လုပ်ခဲ့တုန်းက အထူးအချက်အလက်ဖိုင်တွေကို ဖတ်ဖူးတယ်” ထန်ကောရှန့်က ဖြေသည်။ “ဒီ ဒိုရော့အကြောင်း မှတ်တမ်းတချို့ရှိပေမယ့် များများစားစားတော့ မသိရဘူး”
“ဒါဆို ဘာလို့ ပြင်သစ်စွမ်းရည်အသုံးပြုသူတွေကို တစ်ယောက်မှ အဖေ မသိခဲ့တာလဲ” ထန်မင်းက သိလိုစိတ်ပြင်းပျစွာ မေးသည်။
“ပြင်သစ်တွေက သိုသိုသိပ်သိပ် နေကြတာ” ထန်ကောရှန့်က ခေါင်းခါရမ်းလျက် ဖြေ၏။ “ပြင်သစ်မှာ စွမ်းရည်အသုံးပြုသူအဖွဲ့ရှိတယ်ဆိုတာတောင် ငါ အခုမှ သိတာ။ ဘယ်သူအုပ်ချုပ်နေလဲ အင်အားဘယ်လောက်ရှိလဲ ငါမသိဘူး။ ပြီးတော့ ပြင်သစ်တွေက အမေရိကန်တွေလောက် ရန်မမူတတ်တော့ ယူအက်စ်ကိုပဲ ထောက်လှမ်းခဲ့ကြတာ”
ထန်မင်းက ချက်ချင်း နားလည်သွားသည်။ သူမက ထန်ရှုကို ကြည့်၍ မေး၏။ “ဒေါ်လေးတို့ ဘာလုပ်ကြမလဲ ရှုအာ”
ထန်ရှုက တခဏ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ ပြောသည်။ “အဘိုး သူတို့ကို ကြည့်မရဘူးဆိုရင် ပြီးတော့ လူတွေလည်း ထပ်အဆုံးရှုံးမခံနိုင်တော့ရင် ကျွန်တော်တို့ အမြစ်ဖြတ်သုတ်သင်ပစ်ရမယ်”
ထန်ကောရှန့်က နားမလည်ဟန်ဖြင့် ဖြေသည်။ “ငါတို့ သူတို့နဲ့တိုက်မယ်ဆိုရင် အထိခိုက်အကျအဆုံးတော့ ရှိမှာပဲမလား။ ဒီအမေရိကန်တွေက စက္ကူရုပ်မှမဟုတ်တာ။ ရှုအာ မင်း လေလုံးထွားတာ များနေပြီနော်”
ထန်ရှု၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ သူ၏လက်ချောင်းများက ပုံရိပ်ကီးဘုတ်ပေါ်တွင် လှုပ်ရှားသွားပြီး ညွှန်ကြားချက်များ ရိုက်ထည့်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် မီတာ ၂၀ ကျော် ရှည်လျားသည့် ကော်ဗက်ယာဉ်၏ဘေးတွင် တပ်ဆင်ထားသော သေနတ်ပေါင်းများစွာက ပစ်မှတ်ကို ချိန်ရွယ်လာကြ၏။ ထိုအချိန်တွင် လက်နက်စွမ်းအားထုတ်လုပ်စက်ကလည်း အပြည့်အ၀ အလုပ်လုပ်နေချေသည်။
၆ ကီလိုမီတာအကွာတွင်။
ကုန်တင်သင်္ဘောသည် ကျောက်ချထားသော စစ်သင်္ဘောနှစ်စီးထံ တရွေ့ရွေ့ ချဉ်းကပ်လာနေ၏။ ဒိုရော့က ကုန်တင်သင်္ဘောအမိုးပေါ်တွင် ရပ်နေသည်။ သူ့လက်ချောင်းများက မေးစေ့ကို ပွတ်သပ်နေပြီး သူ၏မျက်နှာ၌ မရေရာမသေချာမှုများ ဖြတ်ပြေးနေ၏။ အမြဲပြုံးနေတတ်သည့် သူ့ဘေးမှ မိန်းမလှလေး၏မျက်နှာမှာလည်း လေးနက်တည်ကြည်နေသည်။
“နင် ပြန်စဉ်းစားသင့်တယ် ဒိုရော့။ အရင်တုန်းက တရုတ်ကျွမ်းကျင်သူ လေးယောက်ပဲရှိပေမယ့် အခု နှစ်ယောက် တိုးလာပြီ။ အဲ့ခြောက်ယောက်နဲ့တင် သူတို့အင်အားက ငါတို့ထက် အများကြီးသာနေပြီ။ အခုတိုက်ခိုက်ရင် အမြစ်ပြတ်သွားမှာ ငါတို့ဖြစ်သွားမယ်နော်” မိန်းမလှလေး၏လေသံက အေးစက်နေသည်။
ဒိုရော့က မိန်းမလှလေးကို လှည့်ကြည့်၍ အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းကာ ပြောသည်။ “ရန်သူက အရမ်းအင်အားကြီးတာ ငါသိပါတယ်။ ပထမကျွမ်းကျင်သူလေးယောက်ကို ငါမနိုင်ဘူးဆိုတာ ၀န်ခံတယ်။ ပြီးတော့ နောက်ထပ်ရောက်လာတဲ့ နှစ်ယောက်ကလည်း ငါ့ထက် သန်မာတယ်။ ဒါပေမဲ့ ငါတို့ရဲ့ပြုပြင်ထားတဲ့ ကုန်တင်သင်္ဘောမှာ ဘာတွေပါလဲ မမေ့နဲ့ဦး။ ငါ သူတို့ကို ချဉ်းကပ်ပြီး ချက်ချင်း ထုတ်သုံးဖို့ ဆုံးဖြတ်ထားတယ်”
မိန်းမလှလေးမှာ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားသော်ခည်း သူမက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ ဤမွမ်းမံထားသော ကုန်တင်သင်္ဘော၌ တပ်ဆင်ထားသည့်လက်နက်ကို သူမ ကောင်းကောင်းသိပေသည်။
“ဒါပေမယ့် အဲ့ဒီတော်ပီဒိုတွေက စစ်သင်္ဘောနှစ်စီးကို ဖောက်ခွဲနိုင်ပါ့မလား။ ရေမြုပ်မိုင်းတွေကရော အဲ့ဒီအင်အားကြီးလူတွေကို ထိခိုက်အောင် လုပ်နိုင်ရဲ့လား” မိန်းမလှလေး၏စိတ်ထဲတွင် စိုးရိမ်ပူပန်နေရသေး၏။
“မင်းသိလား။ တရုတ်လူမျိုးတွေရဲ့ ရှေးစကားပုံတွေထဲမှာ ငါ့အကြိုက်ဆုံးတစ်ခုရှိတယ်။ ပြောပြရမလား”
ဒိုရော့က ခေါင်းခါရမ်းလျက် မေးသည်။
“နင် ပြောချင်တာ ဘာများလဲ” မိန်းမလှလေးက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ကျားဂူထဲမ၀င်ဘဲနဲ့ ကျားပေါက်တစ်ကောင်ကို ဖမ်းလို့မရဘူးတဲ့” ဒိုရော့ ခပ်ဩဩအသံဖြင့် ပြောသည်။ “ငါတို့ သူတို့ရဲ့စစ်အင်အားကို ကြောက်ပြီး လက်လျှော့လိုက်ရင် ဘာမှရမှာမဟုတ်ဘူး။ ပြီးတော့ ဒီတရုတ်ကျွမ်းကျင်သူတွေက ကြယ်သုံးပွင့်အကြွင်းအကျန်က ပစ္စည်းတွေ ရထားတာဆိုတော့ နောက်နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံက ငါတို့ထက် အင်အားကြီးသွားလိမ့်မယ်။ အဲ့လိုဆိုရင် ငါတို့ရဲ့ပိုင်ဆိုင်မှုတွေ သူတို့လက်ထဲ ရောက်သွားလိမ့်မယ်”
“ငါ...”
မိန်းမလှလေးက ပါးစပ်ဟ၍ ဒိုရော့အား ပြန်လည်ချေပတော့မည့်အချိန် သူမ၏စိတ်နှလုံးသားထဲတွင် မတင်မကျမှုကြီးက ပေါက်ဖွားလာ၏။ သူမတစ်ကိုယ်လုံးမှာ ကြက်သီးမွေးညင်းများ ထသွားလေသည်။
“ပြေးတော့”
မိန်းမလှလေးမှာ အန္တရာယ်မည်သည့်နေရာမှ ကျရောက်လာမည်ကို မသိသော်လည်း ချက်ချင်း သင်္ဘောဘေးတစ်နေရာသို့ ပြေးထွက်သွား၏။ ထို့နောက် သင်္ဘောကိုယ်ထည်မှ သံကြိုးများကို အားဖြင့်ဖြတ်ချပြီး လှေငယ်တစ်စီးအား ဆွဲချလိုက်လေသည်။
ဝုန်းးးးး။
ပေါက်ကွဲမှုကြီးက ကုန်တင်သင်္ဘောတစ်စီးလုံးကို အစိတ်စိတ်ကွဲထွက်သွားစေသဖြင့် အပျက်အစီးအပိုင်းအစများမှာ အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်သွား၏။ တစ်ခုခု လွဲမှားနေသည်ကို အာရုံခံမိသည့် စွမ်းရည်အသုံးပြုသူလူတစ်စုမှလွဲ၍ ကျန်စွမ်းရည်အသုံးပြုသူများမှာ သေဆုံးသူကသေ၊ ဒဏ်ရာသူကရသွားကြသည်။
ကော်ဗက်ယာဉ်အတွင်းတွင်။
ထန်ကောရှန့်နှင့် ထန်မင်းတို့မှာ အမြောက်၏တိုက်ခိုက်မှုကြောင့် အံ့အားသင့်နေကြသည်။ ဤသည်ကား ကော်ဗက်ယာဉ်၏ပင်မလက်နက်ပင် မဟုတ်ကြောင်း ထန်ရှုဆီမှ သိခဲ့ရ၏။ ပင်မလက်နက်သာဆိုလျှင် တစ်ချက်တည်းနှင့် အမြစ်ပြတ်ချေမှုန်းနိုင်မည်လော။
“ကဲ ပွဲကောင်းပြီပဲ” ထန်ရှုက ပြုံးလျက်ပြောသည်။ “ကျွန်တော် ခြေခံရာစနစ်နဲ့ ပစ်မှတ်လောခ့်ချတဲ့စနစ်ကို ်၌ ရပ်နေသော ချန်းရွှဲ့မေက အလျင်အမြန် ပြော၏။ “အမေရိကန်စွမ်းရည်အသုံးပြုသူအဖွဲ့အကြောင်း စစ်မေးဖို့ လူနည်းနည်း ချန်မထားတော့ဘူးလား”