← Chapters

စွဲလမ်း၍ မူးယစ်စေသော ခံစားချက်များ

Vol. 59 Ch. 821

စွဲလမ်း၍ မူးယစ်စေသော ခံစားချက်များ

Vol. 59 Ch. 821

ထန်ရှုအတွက် သက်သေများ ချန်လှပ်ထားခြင်းကား အရေးမပါချေ။ အမေရိကန်၏အထူးရွှေဒိုင်းစွမ်းရည်အသုံးပြူသူအဖွဲ့ အကြောင်းကိုလည်း သိလိုစိတ်မရှိချေ။ သူသည် နိုင်ငံရေးသမားတစ်ယောက် မဟုတ်သလို ဘယ်တော့မှလည်း ဖြစ်လာမည်မဟုတ်။ သူ၏ရည်ရွယ်ချက်ကား စီးပွားရေးသက်သက်ပင်။ သူ၏မိသားစု၀င်များ အင်မော်တယ်ကျင့်ကြံသူများ ဖြစ်လာစေဖို့ ကျင့်ကြံခြင်းအရင်းအမြစ်များ ၀ယ်ယူရန်  ပိုက်ဆံသာရှာချင်ပေသည်။

ထန်ကောရှန့်သည် ထန်ရှု၏ဆုံးဖြတ်ချက်ကို လေးစားပြီး သဘောတူ၏။ သူက ခေါင်းခါရမ်းလိုက်ပြီး ထိုသို့မလုပ်သင့်ကြောင်း တိုက်ရိုက်ပြောလေသည်။ “ရှုအာမှာ သူ့ကိုယ်ပိုင်အစီအစဉ်ရှိတယ်။ သူက ဘယ်သူ့ကိုမှအရှင်မထားချင်တဲ့အတွက် အကုန်လုံးကို အမြစ်ဖြတ်လိုက်တာ ကောင်းတယ်။ ဒါ့အပြင် ရွှေဒိုင်းစွမ်းရည်အသုံးပြုအဖွဲ့သာ အကျအဆုံးများရင် ယူအက်စ်လည်း နှစ်အနည်းငယ်လောက် ငြိမ်သွားလိမ့်မယ်”

ထို့သို့ပြောပြီးနောက် သူ၏မျက်လုံးများသည် ပုံရိပ်ယောင်မှန်သားပြင်ပေါ် ကျရောက်သွားကာ သင်္ဘောပျက်ထံမှ ထွက်ပြေးရန် ကြိုးစားနေသော စွမ်းရည်အသုံးပြုသူများကို ကြည့်ရှုနေလေသည်။

မိန်းမလှလေးကား ထိခိုက်သွားခြင်းမရှိချေ။ သူမသည် ရေဒြပ်စင်ပညာရှင်ဖြစ်သည့်အတွက်‌ ရေကိုထိန်းချုပ်၍ လှေငယ်တစ်စီးကို အမိအရဖမ်းဆွဲခဲ့၏။ ဒိုရော့ကတော့ ဒဏ်ရာအပြင်းအထန်ရရှိကာ တစ်ကီလိုမီတာခန့် လွင့်ထွက်သွားသည်။ ဒိုရော့၌ မိန်းမလှလေးကဲ့သို့ ဆဌမအာရုံမရှိသဖြင့် သူ၏တုံ့ပြန်မှုကား နှေးကွေး၏။ ယခုတွင် သူ၏ကျောပြင်မှာ သွေးများဖြင့် ရွှဲစိုနေပြီး ပါးစပ်မှလည်း သွေးများစီးကျနေလေသည်။ သူက မီးတောက်နှစ်ခုကို အသည်းအသန် ထိန်းချုပ်ရင်း ပင်လယ်မျက်နှာပြင်ပေါ်၌ ပြေးသွား၏။

ဝုန်း ...ဝုန်း...ဝုန်း။

သူတို့အနောက်မှ ပေါက်ကွဲသံ ၆ ချက် ကြားလိုက်ရသဖြင့် ထွက်ပြေးနေသော ဒိုရော့နှင့် မိန်းမလှလေးမှာ နောက်လှည့်ကြည့်လိုက်ကြသည်။ သူတို့၏အထူးစွမ်းရည်အသုံးပြုသူ ၆ ယောက်မှာ ရေအောက်မှ ထွက်လာသော အမြောက်များဖြင့် တရစပ်ပစ်ခတ်ခံလိုက်ရသည်ကို တွေ့သောအခါ သိသိသာသာ မျက်နှာပျက်ယွင်းသွားကြ၏။ သူတို့၏ခန္ဓာကိုယ်များမှာ ပေါက်ကွဲသွားပြီး သွေးများပန်းထွက်ကာ ခန္ဓာကိုယ်အပိုင်းအစများက လေပေါ် မြောက်တက်သွားတော့သည်။

“ချီးပဲ ဘာတွေဖြစ်နေတာလဲ။ အဲ့ဒီဟာတွေက ဘာတွေတုန်း”

ဒိုရော့မှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။ သို့သော် မည်သူမှ အကြောင်းပြချက်မပေးနိုင်ကြချေ။ အနည်းငယ်ဒဏ်ရာရ‌ထားသော မိန်းမလှလေးပင် ရှင်းမပြနိုင်ချေ။

ဆန်ဂျာဟေးဘန်းသည် ရွှေဒိုင်းအထူးစွမ်းရည်အသုံးပြုသူအဖွဲ့မှ အသက် ၄၈ နှစ်အရွယ် ရေဒြပ်စင်ပညာရှင်တစ်ဦး ဖြစ်လေသည်။ သူမသည် ရွှေဒိုင်းအထူးစွမ်းရည်အသုံးပြုသူအဖွဲ့၏ အသန်မာဆုံးသူ ၅ ယောက်ထဲတွင် ပါ၀င်ပြီး ဒိုရော့၏အားအကိုးရဆုံး စစ်သူကြီးတစ်ဦးလည်းဖြစ်၏။

သူမသည် သင်္ဘောပေါက်ကွဲမှုမှ ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း သူမ၏စွမ်းရည်မှာ မဆိုစလောက်လေးသာ ထိခိုက်သွားခဲ့သည်။ သူမသည် သူမပတ်ပတ်လည်ရှိ ပင်လယ်ရေကို ထိန်းချုပ်ပြီး သူမ၏အရှိန်ကို မြှင့်တင်နေသည်မှာ ငါးတစ်ကောင်အလားပင်။ စူပါကားတစ်စီးပင်လျှင် ရေထဲရှိ သူမ၏အမြန်နှုန်းကို အမှီမလိုက်နိုင်ချေ။

‘ပင်လယ်က ငါ့ကမ္ဘာပဲ။ ပင်လယ်ထဲမှာ ငါ လနဲ့ချီပြီး အသက်ရှင်နိုင်တယ်။ ရန်သူဘက်က ဘယ်လိုမျိုးလက်နက်တွေပဲသုံးသုံး ငါ ပင်လယ်ထဲမှာ ရှိနေသရွေ့ ဘယ်အရာကမှ ငါ့ကို အန္တရာယ်မပြုနိုင်ဘူး” ဆန်ဂျာဟေးဘန်းက တွေးလိုက်၏။

ရုတ်တရက် ရေအောက်မှ တဝီဝီမြည်သံများနှင့်အတူ ခြောက်ခြားဖွယ်အရှိန်အဝါတစ်ခု ပေါ်ထွက်လာ၏။ နှစ်စက္ကန့်ကြာပြီးနောက် ၎င်းသည် သူမကို အမှီလိုက်နိုင်သွားပြီး သူမကကျောပြင်၌ ပြင်းထန်လှသော အားတစ်ရပ်ကို ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်ပေါက်ကွဲသွားပြီး ရေပြင်မှာ သွေးချင်းနီသွား၏။

ပင်လယ်ပြင်တွင်။

မိန်းမလှ‌လေးက လှေငယ်တစ်စီးကို လှော်ရင်း ဒိုရော့အနား ရောက်လာသည်။ သူမက သွေးအန်နေသော ဒိုရော့အခြေအနေကို ကြည့်ပြီးနောက် အလျင်အမြန် အော်လိုက်၏။ “လှေပေါ်တက်လိုက်။ ပင်လယ်ထဲမှာ ငါက နင့်ထက် မြန်တယ်။ ထွက်ပြေးကြစို့”

ဒိုရော့မျက်၀န်းထဲရှိ ဒေါသမီးတောက်များက ပျောက်ကွယ်သွားသည်။ သူက လှေပေါ်တက်၍ သူထိန်းချုပ်ထားသော မီးတောက်များ ပျောက်ကွယ်သွားစေ၏။ ဒဏ်ရာအနည်းငယ်သာ ရရှိထားသော မိန်းမလှလေးကို ကြည့်ပြီးနောက် သူက‌ နောက်သို့ ဒေါသတကြီး ပြန်လှည့်ကြည့်လိုက်သည်။

ဝုန်း...ဝုန်း။

ရွှေဒိုင်းစွမ်းရည်အသုံးပြုသူအဖွဲ့၏ နောက်ဆုံးအဖွဲ့၀င်နှစ်‌ယောက်မှာ ရေအောက်မှ ထွက်လာသော အမြောက်များဖြင့် တစစီ ပစ်ခတ်ခံလိုက်ရကြောင်း တွေ့လိုက်ရ၏။ ၎င်းအမြောက်များက သူတို့ကို ချက်ချင်း ပြာမဖြစ်သွားစေသော်လည်း ခန္ဓာကိုယ်များကို အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားစေသည်။

“ခွေးကောင်တွေ။ တော်ပီဒိုနဲ့ ရေမြုပ်မိုင်းတွေတောင် ဒီလောက်အင်အားကြီးပြီး တိတိကျကျ မြန်မြန်မပစ်နိုင်ဘူး။ ဘယ်လို သောက်ကျိုးနည်းလက်နက်မျိုးလဲ။ ဘယ်ခွေးကောင်က ငါတို့ကို တိုက်ခိုက်နေတာလဲ”

ဒိုရော့မှာ နတ်ဆိုးများကဲ့သို့ မည်သည်ကမှန်းမသိ‌ထွက်ပေါ်လာသော အမြောက်များကြောင့် ဒေါသူပုန်ထနေ၏။ သူလေ့ကျင့်ပေးခဲ့သော နောက်လိုက်တစ်ယောက် သေဆုံးသွားသည်ကို ထိုင်ကြည့်နေရခြင်းက သူ့နှလုံးသားအား အင်မတန် နာကျင်စေပေသည်။

“တရုတ်ခွေးတွေသုံးတဲ့ လက်နက်ပဲဖြစ်ရမယ်” မိန်းလှလေးက အေးစက်စွာ ပြော၏။ “ဒီတစ်ဝိုက်မှာ အဲ့ဒီတရုတ်စစ်သင်္ဘောနှစ်စီးကလွဲပြီး ဘာမှမရှိဘူး။ တရုတ်တွေ ငါတို့ကို မှောင်ခိုတိုက်တာပဲဖြစ်ရမယ် ဒိုရော့။ ရေအောက်မှာ တရုတ်ရေငုပ်သင်္ဘောတွေ ရှိနေမယ်လို့ ငါပြောရဲတယ်”

“တရုတ်ဟုတ်လား” ဒိုရော့က ဒေါသတကြီး အော်၏။ “အဲ့ဒီ စောက်တရုတ်တွေလို့ ထင်သားပဲ။ ဒါပေမဲ့ အဲဒီ‌ခွေးမသားတွေက ပြင်သစ်စွမ်းရည်အသုံးပြုတွေကြောင့် အကုန်နီးပါး သေပြီမဟုတ်ဘူးလား။ ငါတို့ကို ပစ်ရဲတယ်လို့။ ငါတို့က သူတို့နဲ့အဝကြီးကို ဘယ်လိုလုပ် အဲ့ဒီခွေးကောင်တွေက ရှာတွေ့သွားတာလဲ”

“ငါတို့ရဲ့ အမြင်အာရုံတွေ တိုးတက်လာအောင် မျက်လုံးတွေကို ခွဲစိတ်ထားခဲ့တာ။ တရုတ်ဘက်မှာလည်း အဲ့လိုခွဲစိတ်ထားတဲ့လူတွေများ ရှိနေတာလား။ ထပ်ပြောရရင် အဲ့စစ်သင်္ဘောနှစ်စီးကလည်း သာမန်စစ်သင်္ဘောတွေလို့ ငါ မထင်ဘူး။ ပြုပြင်ပြောင်းလဲပြီးတော့ စစ်သုံးစောင့်ကြည်ရေးစနစ်တွေ တပ်ထားတာဖြစ်ရမယ်။ အဲ့လိုမျိုးပစ္စည်းတွေနဲ့ဆို ငါတို့ကို အလွယ်တကူ ရှာတွေ့နိုင်တယ်။ နည်းနည်းပါးပါးလည်း စိတ်လျှော့ဦး။ အခုအခြေအနေထိရောက်သွားမှာတော့ ဒေါသထွက်နေလို့လည်း ဘာမှအသုံးမ၀င်ဘူး။ အခုလုပ်နိုင်တာက ဒီနေရာကနေ အဝေးဆုံးကို ထွက်ပြေးဖို့ပဲ”

ဒိုရော့က အသက်တစ်ရှိုက် ရှုသွင်း၍ သူ၏‌ဒေါသကို မြိုသိပ်လိုက်သည်။ ထို့နောက် မှုန်သုန်နေသောမျက်နှာဖြင့် ပြော၏။ “ငါ ဒီနေ့ ဒီမှာ သေမသွားသရွေ့ အဲ့ဒီခွေးမသားတရုတ်တွေကို သေချာပေါက် ပြန်ပေးဆပ်ရအောင် လုပ်မယ်။ သူတို့မြို့တွေကို ဖျက်ဆီးအမှုန့်ခြေပစ်ရမယ်။ အနည်းဆုံး ငါ့အမုန်းတရားကို ချေဖျက်နိုင်အောင် မြို့သေးသေးတစ်ခုကိုတော့ ရအောင် ဖျက်ဆီးပစ်မှာ”

“နင်မှန်တယ်။ ငါတို့ ဒီနေ့ရခဲ့တဲ့ အရှက်ကွဲမှုကို တရုတ်လူမျိုးတွေရဲ့သွေးနဲ့ပဲ ဆေးကြောပစ်နိုင်မှာ” မိန်းမလှလေးက ပြောသည်။

ရုတ်တရက် မိန်းမလှလေးမှာ တုန်ရီသွား၏။ ရေလုံးကြီးနှစ်လုံးက လှေ၏ဘေး၌ လျှပ်တစ်ပြက်ပေါ်လာပြီး သူမကို ရစ်ပတ်ကာ ခပ်လှမ်းလှမ်းသို့ တွန်းပို့လိုက်သည်။

“ဝုန်း”

လှေငယ်လေးကို အမြောက်တစ်စင်း ထိမှန်းသွားခြင်းပင်။ ကြိုတင်သတိမထားမိသော ဒိုရော့မှာ ချက်ချင်းထိမှန်ခံလိုက်ရပြီး မီးတောက်များကြား၌ သတိမေ့သွား၏။။သူ၏ခန္ဓာကိုယ်မှာ အကောင်းအတိုင်း ရှိသေးသော်လည်း အတွင်းကလီစာများကတော့ ပေါက်ကွဲမှုအရှိန်ကြောင့် စိစိညက်ညက် ကြေသွားလေသည်။ ပြီးပြည့်စုံသော ရွှေရောင်အင်မော်တယ်တစ်ဦးသန့်စင်ထားသော မှော်ဆေးလုံးတစ်လုံးမှလွဲ၍ သူ့အား မသေအောင် တားနိုင်မည့်အရာ မရှိချေ။

“ဒိုရော့”

မိန်းမလှလေးမှာ ရင်ကွဲမတတ် ခံစားနေရရှာ၏။ သူမသည် ရွှေဒိုင်းအထူးစွမ်းရည်အသုံးပြုသူအဖွဲ့နှင့် သက်ဆိုင်သည်ဟု မခံစားရသော်လည်း ဒိုရော့ကိုတော့ ထိုသို့မခံစားရချေ။ သူသည် သူမအဖွဲ့၀င်ဖြစ်ခဲ့ရသည့် အကြောင်းအရင်းဖြစ်၏။ ချစ်သူနှစ်ဦးကဲ့သို့ ရင်းနှီးမှုမဟုတ်ဘဲ အတူတကွ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရသည့် ရဲဘော်စိတ်ဓာတ်မျိုး ဖြစ်ချေသည်။

ဤအခိုက်အတန့်တွင် မိန်းမလှလေးမှာ အမှန်တကယ် ဒေါသူပုန်ထသွား၏။ သူမ ယုံကြည်ရသည့် လူနည်းစုလေးမှာ အသတ်ခံလိုက်ရလေပြီ။

“ခွေးမသား တရုတ်ကောင်တွေ။ နင်တို့ကို အနှေးနဲ့အမြန် သွေးကြွေးဆပ်ရအောင် ငါလုပ်ပေးမယ်”

မိန်းမလှလေးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရေနဂါးတစ်ကောင်အား သူမကိုယ်ကို ရစ်ပတ်လိုက်စေသည်။ ၎င်းက အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် သူမကို သယ်ဆောင်သွား၏။

ရွှီး ရွှီး။

မီတာ၀က်ခန့် ရှည်လျားသော ဒုံးကျည်နှစ်စင်းက လေလယ်ရှိ သူမထံ ဦးတည်၍ ပြေး၀င်လာသည်။ သူမမှာ စက္ကန့်အနည်းငယ်မျှသာ ဆဲရေးတိုင်းထွာလိုက်နိုင်ရှာသည်။  ထိုဒုံးကျည်နှစ်စင်းကား သူမကို ထိမှန်၍ ပေါက်ကွဲသွားလေပြီ။

ကော်ဗက်ကာဉ်အတွင်း၌ ထန်ရှုသည် ဒုံးကျည်နှစ်စင်းဖြင့် ပစ်သတ်ခံလိုက်ရသည့် မိန်းမလှလေးအား‌ အေးဆေးတည်ငြိမ်စွာ ကြည့်‌နေချေသည်။ သူ့မျက်၀န်းများအတွင်းရှိ အေးစက်မှုတို့က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူက ထန်ကောရှန့်ကို လှည့်ကြည့်ကာ ဆို၏။ “အဘိုး ကျွန်တော် ပင်လယ်ထဲမှာ နှစ်ရက်လောက် နေရဦးမယ်။ အဘိုးက ဘယ်သူ့ကိုမှ အသိမပေးဘဲ လူတွေအများကြီးနဲ့ ထွက်သွားတော့ အတော်များများက ထိတ်လန့်နေကြမှာပဲ။ ပြီးတော့ ပြင်သစ်နဲ့အမေရိကန် စွမ်းရည်အသုံးပြုသူတွေ အသတ်ခံရတဲ့သတင်းက သူတို့နိုင်ငံတွေဆီ ရောက်တော့မှာ။ အဘိုး ကျွန်တော်တို့လူတွေကို ခေါ်ပြီးတော့ တရုတ်ကို ပြန်တာ ကောင်းမယ်ထင်ပါတယ်”

ထန်ကောရှန့်က မေး၏။ “ငါတို့ နိုင်ငံနှစ်နိုင်ငံက စွမ်းရည်အသုံးပြုသူတွေကို သတ်လိုက်တဲ့အကြောင်း အထက်လူကြီးတွေကို အသိပေးသင့်သလား”

“ဟင့်အင်း ကျွန်တော်တို့ တိုက်ရိုက်မပြောတာ ကောင်းတယ်” ထန်ရှုက ခေါင်းခါလျက် ဖြေသည်။ “သွမ့်မုလင်းက သူတို့ရဲ့ ကိုယ်စားပြုလူ‌ဆို‌တော့ သွမ့်မုလင်းကိုပဲ ပြောလိုက်ပါ။ သူက ပြဿနာတွေကို ဖြေရှင်းရုံသာမကဘဲ အစအနတွေပါ ဖျောက်ပေးမယ်လို့ ကျွန်တော် ယုံတယ်။ အင်း...ကျွန်တော်တို့ လုပ်ရပ်က သူ့အတွက် လက်ဆောင်တစ်ခုလိုတောင် ဖြစ်နေတာဆိုတော့ သူစိတ်လှုပ်ရှားရင်တောင် လှုပ်ရှားနေမှာ”

ထန်ကောရှန့်၏မျက်လုံများ တောက်ပသွားပြီး သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ “မင်းပြောတာမှန်တယ်။ ဒါဆို ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ပြီးတော့ ငါတို့ထွက်သွားရင် ကိုယ့်လုံခြုံရေးကို ဂရုစိုက်ဦး ကြားလား။ ဘာတွေပဲဖြစ်လာဖြစ်လာ မင်း အသက်ရှင်နေမှဖြစ်မယ်”

“စိတ်မပူပါနဲ့ အဘိုး” ထန်ရှုက ခေါင်းညိတ်သည်။ “ကျွန်တော် ဘယ်လိုအမှားမျိုးမှာ မဖြစ်စေရပါဘူး”

အချိန်အတော်ကြာပြီးနောက် ထန်မင်းနှင့်ထန်ကောရှန့်တို့သည် စစ်သင်္ဘောနှစ်စီးထံ ပြန်သွားကြ၏။ ထို့နောက် သူက သင်္ဘောနှစ်စီး မိုးကုတ်စက်ဝိုင်းအောက်၌ ပျောက်ကွယ်သွားသည်ကို ကြည့်ရှုနေလေသည်။ ထို့နောက် သူက ဂူရှောင်ရွှဲ့ဘက်လှည့်၍ ဆို၏။ “မင်းသိလား။ ငါ အတိတ်တုန်းက မိသားစုဆိုတဲ့ဆက်နွယ်ရေးကို ငွေမျှင်တစ်မျှင်စာလောက်လေးပဲ ခံစားခဲ့ရဖူးတယ်။ အဲ့လိုခံစားချက်မျိုး ပေးနိုင်ခဲ့တဲ့လူက မင်းရဲ့ဆရာသခင်ပဲ။ အခု မိသားစု၀င်တွေ အများကြီးရထားတဲ့ ခံစားချက်က အတော်နေလို့ကောင်းတာပဲ”

အားကျသော အရိပ်အယောင်များက ဂူရှောင်ရွှဲ့၏မျက်ဝန်းများတွင် ဖြတ်ပြေးသွား၏။ သူမသည် မိဘမဲ့တစ်ယောက် ဖြစ်လေသည်။ သူမမိဘများကို  အသက်ရှင်လျက်ရှိ၊ မရှိကိုပင် မသိရချေ။ သို့သော် သူမက ၎င်းကို ဂရုမစိုက်ပါ။ သူမအတွက် “မိသားစု” မှာ သူမ၏ဆရာသခင်နှင့် ထာ၀ရခန်းမ၏အဓိကအဖွဲ့၀င်များ ဖြစ်ချေသည်။

“သွေးသားတော်တဲ့...ခံစားချက်မျိုး။ မိသားစုနဲ့သက်ဆိုင်န‌တဲ့ အသိမျိုး”

ရုတ်တရက် ဂူရှောင်ရွှဲ့၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး သူမက မေး၏။ “ဆရာအဘိုးက ဆရာသခင်ကို မိသားစု၀င်တစ်ယောက်လို့ပဲ သတ်မှတ်တာလားဟင်”

“တစ်ရက်လေး ဆရာတစ်ယောက်ဖြစ်တာက တစ်သက်လုံး အဖေတစ်ယောက် ဖြစ်သွားသလိုပဲ” ထန်ရှုက ပြုံးလျက်ဖြေသည်။ “သူက မိသားစု၀င်မဟုတ်ရင် ဘယ်သူက ဖြစ်နိုင်တော့မလဲ”

ရုတ်တရက် ဂူရှောင်ရွှဲ့၏နှလုံးသားမှာ နာကျင်လာပြီး ခံစားချက်များ ကမောက်ကမဖြစ်သွား၏။ သူမ၏ဆရာသခင်ကို သနားမိသောကြောင့်လား...အခြားအကြောင်းပြချက်များကြောင့်လား သူမ မသိချေ။

နောက်နှစ်ရက်အတွင်း ထန်ရှုသည် ဂူရှောင်ရွှဲ့နှင့် ချန်းရွှဲ့မေတို့ကို ကျွန်းထံ ပြန်လည်ခေါ်ဆောင်သွားပြီး ချန်းရွှဲ့မေအား ဆက်လက်လေ့ကျင့်ပေး၏။ ရက်အနည်းငယ်ကြာသော် ချန်းရွှဲ့မေသည် သူမ၏ခွန်အားကို အပြည့်အ၀ ထိန်းချုပ်နိုင်သွားပြီး ထန်ရှုထံမှ အင်မော်တယ်ကျင့်ကြံခြင်းနည်းများကိုပင် ရရှိခဲ့လေသည်။

ကျင့်ကြံခြင်း၏အရသာကို ခံစားဖူးသွားသည့်အခါ သူမသည် အလွန်အမင်း စွဲမက်သွား၏။ ကံဆိုးစွာဖြင့် ထန်ရှုမှာ အချိန်ဆွဲနေ၍မရသဖြင့် သူမ၏လေ့ကျင့်ချိန်ပြီးဆုံးသွားပြီးဟု ပြောလာခဲ့ရာ သူမှာ စိတ်ပျက်သွားခဲ့ရသည်။

“ဒါဆို ငါ ဘာဆက်လုပ်ရမလဲ” ချန်းရွှဲ့မေက စိုးရိမ်ပူပန်စွာ မေး၏။

“မင်း စိုးရိမ်နေတာ ငါသိပါတယ်။ မင်းက မစ်ရှင်လုပ်နေရတုန်း ပြီးတော့ ကြယ်သုံးပွင့်အကြွင်းအကျန်လည်း ပိတ်သွားပြီဆိုတော့ မင်းအခု ပြန်သွားရင် ဂျပန်ကလူတွေက သံသ၀င်မှာပဲ” ထန်ရှုက ပြောသည်။ “ဒါပေမယ့် အဲ့ဒါကို စိတ်ပူစရာမလိုဘူး။ အဲ့ဒါကို‌ ဖြေရှင်းဖို့နည်းလမ်း ငါရှာပြီးသားပါ”

“နင်ပြောချင်တာ...ငါ ဂျပန်ကို ပြန်ပြီး မစ်ရှင်ဆက်လုပ်လို့ရတယ်ဆိုတဲ့ သဘောလား” ချန်ရွှဲ့မေက အံ့အားသင့်စွာဖြင့်‌ မေးလိုက်သည်။

“ဒါပေါ့” ထန်ရှုက ပြုံးလျက် ဖြေ၏။ “ကုဝါကို,ကို မင်းကိစ္စကို ဖုံးပေးဖို့ ငါပြောထားပြီးပြီ။ မင်းရဲ့မစ်ရှင်တွေကို သဘာ၀ကျကျ ပစ်ထားလို့ရအောင် နောက်ဆို သူ ကူညီပေးလိမ့်မယ်”

All Chapters