← Chapters

လူကြီးလူကောင်းအပြုအမူ

Vol. 59 Ch. 824

လူကြီးလူကောင်းအပြုအမူ

Vol. 59 Ch. 824

အနာဂတ်တွင် ထန်ရှုအကောင်အထည်ဖော်လိုသည့် အကြံအစည်နှစ်ခုရှိသည်။ ပထမတစ်ခုကား ကမ်းဇတ် လုံကွမ်ပင်‌လယ်အော်သို့သွား၍ ထူးဆန်းသောအင်မော်တယ်နေအိမ်ကို ဖွင့်ရန်ဖြစ်သည်။ ဒုတိယတစ်ခုကား အစ္စရေးသို့ သွားရောက်၍ ငွေများစွာ သုံးစွဲပြီး လူအင်အားစု‌ဆောင်းရန်ဖြစ်သည်။ ယခုအခြေအနေများအရ ကမ်းဇတ် လုံကွမ်ပင်လယ်အော်‌ဆီ သွားဖို့ထက် အစ္စရေးက ပို၍ အရေးကြီးနေလေပြီ။

နှစ်ရက်ကြာသော်။

ထန်ရှုသည် ဟောင်ကောင်သို့ တစ်ယောက်တည်း လာခဲ့၏။ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် သူသည် လက်ဗလာဖြင့် တက္ကစီတစ်စီးအား ငှားကမ်းခဲ့သည်။ အစက ဟောင်ကောင်ရှိ သူ၏နေအိမ်သို့ သွားရန် စီစဉ်ထားခဲ့သော်လည်း အတန်ငယ်စဉ်းစားပြီးနောက် အစီအစဉ် ပြောင်းလိုက်၏။ ထိုအစား  ခမ်းနား‌သော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းသို့ ထွက်လာခဲ့သည်။ သူသည် ကုမ္ပဏီသူဌေးကြီးဖြစ်သော်လည်း ထိုဆိုင်သို့ တစ်ခါမှ မရောက်ခဲ့ဖူးချေ။

သူ၏သိုလှောင်လက်စွပ်အတွင်း၌ ကျောက်စိမ်းများရှိပြီး အများစုမှာ အရည်အသွေးကောင်းမွန်ပေသည်။ ထိုကျောက်စိမ်းများကို မွမ်းမံပြုပြင်၍  ပုံစံသွင်းပြီး ရောင်းချပါက ငွေအမြောက်အများ ရရှိနိုင်သည်။ ခမ်းနား‌သော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်း၏ အဆက်အသွယ်များနှင့်ဆိုလျှင် ကျောက်စိမ်းရိုင်းများကိုပါ ထပ်မံ ၀ယ်ယူနိုင်‌ပေမည်။

ဟောင်ကောင်မြို့လယ်သည် ဟောင်ကောင်ကျွန်း၏မြောက်ဘက်ကမ်းခြေတွင် တည်ရှိပြီး ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွား‌ရေးလုပ်ငန်းများအတွက် အချက်အချာ နေရာတစ်ခုဖြစ်ချေသည်။ အစိုးရ၏အုပ်ချုပ်ရေးဌာနလည်း ဖြစ်လေရာ အစိုးရုံများရှိရာ နေရာလည်း ဖြစ်၏။ ဤနေရာရှိ မြေတန်ဖိုးများမှာ မိုးထိအောင်မြင့်မားပြီး မြေနေရာ တစ်လက်မလေးက သင့်ကို ရွှေများ ဆုံးရှုံးစေလိမ့်မည်။ ဟောင်ကောင်‌တစ်ခုလုံး၏ ဈေးအကြီးဆုံးနေရာဟုပင် ပြောစမှတ်ပြုကြလေသည်။

ခမ်းနား‌သော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းသည် အထပ် ၃၃ ထပ်မြင့်မားပြီး များစွာ ကျယ်ဝန်း၏။ ပထမထပ်မှ ၁၃ ထပ်သည် ဈေးဆိုင်များ၊ အဆင့်မြင့်တံဆိပ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဖျော်ဖြေရေးများ၊ စူပါမားကတ်များနှင့် အခြားအဆင့်မြင့်လူသုံးကုန်ဆိုင်များရှိသည့် စီးပွားရေးအထပ်များဖြစ်ကြလေသည်။ ၁၄ ထပ်မှ ၃၃ ထပ်ကား ကုမ္ပဏီအသုံးပြုသော အဓိကနေရာများ ဖြစ်ကြ၏။

ထန်ရှုက တက္ကစီအား အဆောက်အဦး၏ တောင်ဘက်တံခါး၀အထိ မောင်းနှင်စေပြီးနောက် ကျသင့်ငွေ ရှင်းလိုက်သည်။ ထို့နောက် သူက တံတိုင်း၀င်းအတွင်း လျှောက်သွားပြီး အဆောက်အဦးအတွင်းသို့ ၀င်သွား၏။ အထဲရှိ အမှတ်အသားဆိုင်းဘုတ်များကို ကြည့်ပြီးနောက် သူက ၁၄ ထပ်သို့ ဓါတ်လှေကားဖြင့် တက်သွားလေသည်။

“ကြိုဆိုပါတယ်”

ကောက်ကြောင်းကောက်သွယ်အဖြာဖြာဖြင့် မိန်းမပျိုလေးဦးက လာရောက်ကြိုဆိုလေသည်။  သူတို့သည် တရုတ်ရိုးရာဂါ၀န်လေးများကို ၀တ်ဆင်ထားပြီး မျက်နှာလေးများ၌ လန်းဆန်းကြည်လင်သော အပြုံးလေးများကို ဆင်မြန်းထား၏။

ထန်ရှုက သူတို့အား ခေါင်းညိတ်ပြလိုက်ပြီး အရှေ့ရှိ တံခါးထံ ဦးတည်သွားလေသည်။ ထို့နောက် အတွင်းရှိ အဆင်မြင့်ကျောက်မျက်ရတနာဆိုင်များတွင် ၀ယ်ယူသူအများအပြားရှိသော်လည်း မသာမယာဖြစ်နေသည့် ၀န်ထမ်းများရှိသည်ကို တွေ့လိုက်ရ၏။ ရွှေငွေလက်၀တ်ရတနာများနှင့် ကျောက်စိမ်း၊ ပတ္တမြား စသည်တို့ကို လမ်းညွှန်၏အကူအညီဖြင့် ကြည့်ရှုနေကြသည့် ခရီးသွားဧည့်သည့်အုပ်စုကိုပင် တွေ့လိုက်ရလေသည်။

“မင်္ဂလာပါ။ ဘာများ ကူညီပေးရမလဲရှင့်” အနက်ရောင်အနောက်တိုင်း၀တ်စုံ ဝတ်ထားသော စာရေးမလေးတစ်ဦးက လျှောက်လာ၍ မေး၏။

“ဒီတိုင်း လျှောက်ကြည့်နေတာပါ” ထန်ရှုက ခေါင်းခါရမ်းလျက် ပြောသည်။ “ကျေးဇူးပြုပြီး အလုပ်ပြန်လုပ်လို့ ရပါတယ်။ ကျွန်တော့်ကို စိတ်ထဲမထားပါနဲ့”

စာရေးမလေး၏မျက်နှာတွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ထန်ရှုသည် အင်မတန်‌ ချောမောပြီး သူ့ကို ကြည့်နေရလျှင်ပင် သူမ၏နှလုံသားမှာ တဒိန်းဒိန်း ခုန်လာ၏။ ထန်ရှုသည် နာမည်ကြီးတံဆိပ်များကို ဝတ်ဆင်ထားသဖြင့် ပို၍ပင် နှမြောမိသွားသည်။ သူသည် ဘိုးစဉ်ဘောင်ဆက် ချမ်းသာလာခဲ့သော ဒုတိယမျိုးဆက်၏သား သို့မဟုတ် တတိယမျိုးဆက်ဟုပင် သူမ ထင်ခဲ့မိ၏။

‘သူ့ကို ရည်းစားတော်လို့ မရပြန်ဘူး’ စာရေးမလေးက ရေရွတ်ရင်း စိတ်ပျက်မှုများအပြည့်ဖြင့် ထွက်ခွာသွားတော့သည်။

စာရေးမလေး၏အတွေးများကို သိပင်မသိသော ထန်ရှုက ဆိုင်အတွင်း၌ အေးအေးလူလူ လျှောက်ကြည့်နေ၏။ သူ့မျက်လုံးထဲ၌ ဤနေရာတွင် ရောင်းချနေသည့်ပစ္စည်းများက သာမန်ပင်။ ဈေးအကြီးဆုံးပစ္စည်းများက ယွမ်သောင်းဂဏန်းသာ တန်ဖိုးရှိပေသည်။

၁၅ ထပ်။

ဤနေရာသို့ ရောက်ရှိသောအခါ ပစ္စည်းများက ပို၍ တန်ဖိုးကြီးလာကြောင်း တွေခဲ့ရ၏။ ယွမ်တစ်သန်းကျော်ဖြင့် ရောင်းချနေသည့် ပလက်တီနမ်လက်စွပ်အမြောက်အများကိုပင် တွေ့ခဲ့ရသည်။

ထို့နောက် သူက ၁၆ ထပ်နှင့် ၁၇ ထပ်ရှိ ပစ္စည်းများအား ကြည့်ရှုခဲ့၏။ တန်ဖိုးမှာ ပို၍မြင့်မားလာလေပြီ။ အထူးသဖြင့် ပစ္စည်းအနည်းငယ်သာရှိသော ၁၇ ထပ်၌ ဖြစ်၏။ ပစ္စည်းအရေအတွက်မှာ ဒါဇင်ကျော်သာ ရှိသော်လည်း တန်ဖိုးများက ၁၀ သန်းကျော်ပေသည်။

“မင်္ဂလာပါ။ ၁၈ ထပ်က ကျွန်မတို့ ခမ်းနား‌သော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ VIP တွေပဲ ၀င်ခွင့်ရှိပါတယ်။ လူကြီးမင်းက ကျွန်မတို့ကုမ္ပဏီရဲ့ VIP ထဲမှာ ပါပါသလားရှင့်” အနက်ရောင်၀တ်စုံများ၀တ်ထားသော ဗလတောင့်တောင့်လူနှစ်ယောက်က ထန်ရှု၏လမ်းကို ပိတ်ရပ်လိုက်ပြီး ကောင်တာရှိ လှပသော အမျိုးသမီးက တရိုတသေ မေး၏။

“ဟင့်အင်း” ထန်ရှုက ခေါင်းခါသည်။ “

“ဒါဆို ၀န်ထမ်းတွေထဲက တစ်ယောက်များလား” အမျိုးသမီးက ထပ်မံမေး၏။

ထန်ရှုက တခဏ စဉ်းစားလိုက်ပြီးနောက် ဖြေသည်။ “ထင်တာပဲ”

အမျိုးသမီးက ခပ်ဖွဖွ ပြုံးရင်း ပြော၏။ “နောက်နေတာမဟုတ်လားရှင့်။ ကျွန်မတို့ ကုမ္ပဏီရဲ့ ၀န်ထမ်းတိုင်းမှာ ၀န်ထမ်းကတ်ရှိပါတယ်။ အဲ့ဒါမရှိဘဲ အထပ်ကိုတက်သွားလို့ မရပါဘူး”

ထန်ရှုက တခဏ တိတ်ဆိတ်သွားပြီးနောက် သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။ “၁၈ ထပ်က ပစ္စည်းတွေက ပိုပြီး ဈေးကြီးလား”

“ဟုတ်ကဲ့ ပိုပြီး ဈေးကြီးပါတယ်” အမျိုးသမီးက ဖြေသည်။

သူမ ထိုသို့ပြောလိုက်စဉ် သူမ၏မျက်လုံးများ၌ အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူမက ကောင်းကောင်း ဖုံးကွယ်နိုင်လိုက်၏။ ထန်ရှု၏စူးရှသော မျက်လုံးများကတော့ မြင်သွားလေသည်။ သို့သော် သူက အမျိုးသမီး၏အတွေးများကို ဂရုစိုက်ရန် ပျင်းလွန်းသဖြင့် ဖုန်းကို ထုတ်ကာ ဟောင်လဲ့၏ဖုန်းနံပါတ်ကို နှိပ်လိုက်၏။

‘ဆက်လို့မရပါလား’

ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်ရာ ၂၆ ထပ်ရှိ ကျောက်စိမ်းပုံသွင်းခန်းတွင် အလုပ်လုပ်နေသော ဟောင်လဲ့ကို စက္ကန့်၀က်အတွင်း တွေ့လိုက်ရ၏။ ယခုအချိန်တွင် သူမသည် လက်ဖဝါးအရွယ်ခန့် ကျောက်စိမ်းတစ်တုံးအား ထွင်းထုနေပြီး သူမ၏ဖုန်းနှင့် မှတ်စုစာအုပ်တို့အား စားပွဲပေါ်၌ တင်ထား၏။

“မင်းတို့ရဲ့ တာ၀န်ခံ ဟောင်လဲ့ကို ဆင်းလာဖို့ ပြောပေးလို့ရမလား” ထန်ရှုက မေးလိုက်သည်။ “ပြီးတော့ သူက အခု ၂၆ ထပ်မှာ ရှိတယ်”

အမျိုးသမီးက ထန်ရှုအား ထူးဆန်းစွာ စိုက်ကြည့်နေ၏။ သူမမျက်နှာထက်ရှိ အပြုံးမှာ သိသိသာသာ လျော့ကျသွားလေပြီ။ “ကျွန်မတို့ရဲ့ အထွေထွေမန်နေဂျာနဲ့ ကြိုတင်ချိန်းဆိုထားပါသလားရှင့်”

“ဟင့်အင်း။ ငါ ဟောင်ကောင်ကို အခုမှရောက်တာ‌ဆိုတော့ သူ ငါလာမှန်းတောင် သိမှာမဟုတ်ဘူး” ထန်ရှုက ခေါင်းခါရမ်းလိုက်သည်။

လှပသော အမျိုးသမီးမှာ တခဏ ကြောင်အသွား၏။ ထို့နောက် သူမက အားတုံ့အားနာ ပြုံးပြလိုက်သည်။ “တောင်းပန်ပါတယ်ရှင့်။ ကျွန်မတို့ရဲ့ မန်နေဂျာနဲ့ ချိန်းဆိုမထားရင် ကျွန်မမှာ ဆက်သွယ်ပေးခွင့် မရှိပါဘူး။ ကျွန်မတို့ဆိုင်က ကျောက်မျက်ရတနာတွေ ၀ယ်ချင်တာဆိုရင် ဒီ ၁၇ ထပ်မှာလည်း အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ရှိပါတယ်”

ထန်ရှုက သူမ၏စကားကိုကြားသောအခါ ခြောက်ကပ်ကပ် ပြုံးလိုက်ပြီး ဘေးရှိ ထိုင်ခုံတစ်ခု၌ ထိုင်လိုက်၏။ “ထားလိုက်ပါ‌တော့။ ငါကိုယ်တိုင်ပဲ သူ့ကို‌ ပြောလိုက်မယ်။ ငါ့ကို စိတ်ထဲမထားဘဲ အလုပ်ဆက်လုပ်ကြပါ”

အမျိုးသမီးက မျက်မှောင်ကြုတ်လျက် ထန်ရှုအား အတော်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းခါရမ်းလိုက်၏။ ဟောင်ကောင်ရှိ နာမည်ကြီးမိသားစုအတော်များများကို သူမ မှတ်မိသော်လည်း ထန်ရှုကိုတော့ တစ်ခါမှ မမြင်ဖူးချေ။ ထို့အပြင် ဟောင်ကောင်ကို အခုမှရောက်သည်ဟု ပြောခဲ့သဖြင့် နယ်ခံလည်း မဖြစ်နိုင်ပေ။

‘ဒီလူက စိတ်မနှံ့တဲ့ ပုံပဲ။ ပြောတဲ့စကားတွေက အကျိုးအကြောင်းလည်း မတည့်ဘူး’

အမျိုးသမီးက ထန်ရှု သတိမထားမိသည့်အချိန်၌ ဘေးရှိ ဗလတောင့်တောင့်လူနှစ်ယောက်အား အချက်ပြလိုက်၏။

ချက်ချင်း ဗလတောင့်တောင့် လူတစ်ယောက်က ထန်ရှုအရှေ့သို့ သွား၍ ရိုင်းပြစွာ ပြောလိုက်သည်။ “ဆာ ခင်ဗျားက မန်နေဂျာကို ဆက်သွယ်မယ်လို့ ပြောခဲ့လို့ အချိန် ၁၀ မိနစ်ပေးပါမယ်။ ဆယ်မိနစ်အတွင်း ဆက်သွယ်လို့မရင် ထွက်သွားပါတော့”

ထန်ရှုက သူ့အရှေ့ရှိ လူကို တစ်ချက်ကြည့်ပြီးနောက် သူ၏အသံကို ၂၆ ထပ်ရှိ ဟောင်လဲ့ထံသို့ ပို့ပေးနိုင်သည့် နည်းလမ်းတစ်မျိုးကို သုံးလိုက်သည်။

“ငါပါ။ ၁၇ ထပ်က ဓါတ်လှေကားဆီကို ဆင်းလာခဲ့ဦး”

၂၆ ထပ်တွင်။

ဟောင်လဲ့သည် အလုပ်စားပွဲအရှေ့၌ ထိုင်ရင်း သူမအရှေ့ ရှိ‌ ကျောက်စိမ်းကို အာရုံစိုက်နေ၏။ သူမသည် ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်း၏ အထွေထွေမန်နေဂျာ‌ဖြစ်သော်လည်း ကျောက်စိမ်းကို ပုံသွင်းထွင်းထုရသည်ကို အင်မတန် စိတ်ဝင်စား၏။ ထို့ကြောင့် သူမ အားလပ်သည့်အခါတိုင်း ဤနေရာသို့ လာစမြဲပင်။

“ဘယ်သူလဲ”

သူက ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သော်လည်း အလုပ်များနေသည့် ၀န်ထမ်းများကိုသာ တွေ့လိုက်ရသည်။ သူတို့ထဲက ဘယ်သူကမှ သူမအား ကြည့်လည်းမကြည့်သလို စကားလည်း မပြောကြ‌ချေ။

“အဲ့ဒီအသံ...ရင်းနှီးနေသလိုပဲ”

ဟောင်လဲ့မှာ သူမ ကယောင်ခြောက်ခြား ဖြစ်နေခြင်းမဟုတ်ကြောင်း ကောင်းကောင်း သိသော်လည်း အသံပိုင်ရှင်အား မှန်းဆ၍မရချေ။

“ငါ ထန်ရှုလေ”

သူမ စိတ်ရှုပ်ထွေးနေစဉ် အသံက ထွက်ပေါ်လာပြန်၏။

ထိုအခိုက်အတန့်တွင် ဟောင်လဲ့၏မျက်လုံးများ တောက်ပ၀င်းလက်သွားပြီး သူမက ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်သည်။ သူမက ကျောက်စိမ်းနှင့် ဆောက်အား တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်ချကာ အပေခံ၀တ်စုံများကိုလည်း ချွတ်၍ ဓါတ်လှေကားထံ ပြေးသွားလေသည်။

ထိုအသံ ရင်းနှီးနေရသည့်အကြောင်းအရင်းကို သူမ နားလည်သွား၏။ သူဌေး၏အသံပင်။ ၎င်းက သူမ၏သူဌေး၌ နေရာဝေးသို့ အသံထုတ်လွှင့်နိုင်သည့်စွမ်းရည်ရှိကြောင်း သဘော‌ပေါက်သွား‌စေသည်။

၁၇ ထပ် ဓါတ်လှေကား အ၀င်၀တွင်။

ပြုံးဖြီးနေသော လူငယ်တစ်ယောက်က ခပ်လန်းလန်း မိန်းကလေးတစ်ယောက်၏အနောက်မှ လိုက်လာ၏။ သူတို့ ၁၇ ထပ်သို့ ရောက်သောအခါ လူငယ်က VIP ကတ်ကို ထုတ်ကာ ပြောလေသည်။ “ငါတို့ ၁၈ ထပ်မှာ ရှော့ပင်ထွက်ချင်တယ်”

ကောင်တာနောက်ရှိ အမျိုးသမီးက အားကျနေသော မျက်နှာအမူအရာဖြင့် VIP ကတ်ကို ယူကာ ကောင်တာနောက်မှ ထွက်လာ၍ ပြော၏။ “ကျေးဇူးပြုပြီး တစ်မိနစ်လောက် စောင့်ပေးပါရှင့်။ ဓါတ်လှေကား မကြာခင် ရောက်လာပါလိမ့်မယ်”

လူငယ်က ၀န်ထမ်းအမျိုးသမီးကို လျစ်လျူရှုပြီး သူ့ဘေးရှိ မိန်းကလေးကို မျက်နှာချိုသွေးလိုက်၏။ “ကိုယ် ဒီ VIP ကတ်ရလာအောင် ကိုယ့်အမေကို နှစ်ရက်တိတိ နားပူနာဆာ လုပ်ခဲ့ရတာ ဟွေ့လေးရဲ့။ ဒီ ၁၈ ထပ်မှာ ဟွေ့လေးကြိုက်တာမှန်သမျှ ၀ယ်နော်”

ယန်ဟွေ့အမည်ရှိ မိန်းကလေးသည် ဟောင်ကောင်ရှိ အင်အားကြီးသူ‌ဌေးတစ်ဦး၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ သူမသည် ထိုလူငယ်၏အမြင်၌ နတ်ဘုရားမတစ်ပါးပင်။ ရွှေဇွန်းကိုက်၍ မွေးဖွားလာသောကြောင့် သူမသည် မွေးကင်းစတည်းကပင် အလိုလိုက်ခံထားပြီး မာနထောင်လွှားနေသူ ဖြစ်၏။ လူငယ်၏နောက်ခံအသိုင်းအဝိုင်းမှာ သူမအောက် မလျော့နည်းသော်လည်း ထိုလူငယ်အား ဆံပင်မျှင်တစ်မျှင်စာလောက်သာ စိတ်၀င်စားလေသည်။

“နင်ပြောတာနော် ချီချန်းရှန်။ ငါ အဲ့ဒီ အချစ်နှလုံးသား ခရစ်စတယ်ကို ၀ယ်ချင်တာကြာပြီ။ ဈေးကြီးလို့ စဉ်းစားနေတာ။ အခု နင်၀ယ်ပေးမှာနော်။ ပြီးမှ ပြောပြီးသားစကား ပြန်မရုတ်သိမ်းနဲ့”

“စိတ်မပူပါနဲ့။ ကိုယ်စုထားတဲ့ ပိုက်ဆံတွေ ကုန်သွားရင်တောင် ဟွေ့လေးကြိုက်တဲ့ အဲ့ဒီခရစ်စတယ်ကို ဝယ်ပေးမှာ” ချီချန်းရှန်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။

ယန်ဟွေ့၏နှုတ်ခမ်းသားလေးများက ကော့တက်သွားသော်လည်း သူမစိတ်ထဲတွင်တော့ အနည်းငယ် စိတ်ပျက်နေမိသည်။ ဤလူ ငွေမည်မျှစုထားသည်လဲ သူမ မသိသော်လည်း ခရစ်စတယ်၏တန်ဖိုးကိုတော့ ကောင်းကောင်းသိပေသည်။

သူတို့ ဓါတ်လှေကားအား စောင့်နေကြစဉ် ယန်ဟွေ့သည် ထိုင်ခုံ၌ထိုင်နေသော ထန်ရှုကို တွေ့သွား၏။ သူမက အတန်ငယ်စဉ်းစားပြီးနောက် လှမ်းပြောလေသည်။ “ဒီမှာ အဲ့ဒီခုံကို ငါ့ကိုပေးလို့ရမလား”

ထန်ရှုက ယန်ဟွေ့အား ခြေ‌ဆုံးခေါင်းဆုံး တစ်ချက်ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့လိုက်၏။

ထန်ရှုက ခေါင်းငုံ့ထားသဖြင့် ချီချန်းရှန်သည် ထန်ရှု၏မျက်နှာကို ကောင်းစွာမမြင်ရပေ။ ထို့ကြောင့် သူတို့ချီမိသားစုအား ယွမ် ၂ ကုဋေတိတိ ဆုံးရှုံးစေခဲ့သည့် နတ်ဆိုးမှန်း မမှတ်မိလိုက်ချေ။ သူက သူ၏ယောက်ျားပီသမှုကို သူ၏နတ်ဘုရားမအရှေ့၌ ပြသလိုသဖြင့် ထန်ရှုက ခြေမျက်စိကို ကန်ကာ ပြောလိုက်သည်။ “ဒီမှာ ငါ့ကောင်ရ။ အနည်းဆုံးတော့ မိန်းကလေးတစ်ယောက်ရှေ့မှာ လူကြီးလူကောင်းဆန်ဆန် ပြုမူသင့်တယ်လေ။ မင်းအတွက် ထိုင်ခုံလေး ဖယ်ပေးရတာ အရမ်းကြီး ပင်ပန်းသွားမှာမလို့လား”

ထန်ရှုက မော့ကြည့်၍ စိတ်မပါစွာ ပြောလိုက်သည်။ “ဒါဆို ငါက လူကြီးလူကောင်းမဖြစ်ချင်ဘူးဆိုရင်ရော”

All Chapters