← Chapters

ယင်နက်စစ်သည်

Vol. 32 Ch. 435

ယင်နက်စစ်သည်

Vol. 32 Ch. 435

ကောင်းကင်ထက်ရှိ စတုတ္ထမြောက်တောင်ပေါ်တွင်… နန်ကုန်းဟန်တစ်ယောက် ပေသုံးရာကျော်မြင့်သော နက်မှောင်တောက်ပနေသည့် ငွေရောင် ဧရာမရုပ်တုကြီးတစ်ခုရှေ့တွင် ရပ်လျက် အခက်တွေ့နေ၏။

ထိုရုပ်တုမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ပထမတောင်ရှိ ၎င်း၏ မျိုးနွယ်များအားလုံးထက် များစွာသာလွန်နေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာမူ အခြားအပေါင်းအဖော် ရုပ်တုများထက် များစွာ သာလွန်ကြံ့ခိုင်နေခြင်း မရှိသော်ငြား လူတို့၏ နှလုံးသားကို ထိတ်လန့်ကြောက်ရွံ့သွားစေနိုင်သည့် လေထုတစ်ခု လွှမ်းခြုံနေ၏။ ရုပ်တု၏ ခန္ဓာကိုယ်ပေါ်တွင် ရရှိထားသည်မှာ ကြာပြီဖြစ်ဟန်တူသော ဒဏ်ရာ၊ အမာရွတ်များပင် ရှိနေသည်။

ရုပ်တု၏ လက်ထဲတွင်ကိုင်ဆောင်ထားသော ဧရာမ တိုက်ပွဲပုဆိန်ကြီးထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်များကြောင့် နန်ကုန်းဟန်တစ်ယောက် ၎င်း၏အနားသို့ပင် ကပ်မသွားဝံ့ချေ။

‘ဒါက ယင်ကိုးပါး ကြေးနက်ဝိညာဥ်တစ်ကောင်ပဲ။ သူက ဒီစတုတ္ထတောင်မှာ အသန်မာဆုံး ဖြစ်လိမ့်မယ်ထင်တယ်။ လူနည်းစုလောက်ပဲ သူ့ကို ငှားရမ်းဖို့တတ်နိုင်လိမ့်မှာ။ ငါသိထားသလောက်ဆိုရင်၊ သူအပြင်မှာ ထွက်ပေါ်လာဖူးတာလည်း ရှစ်ကြိမ်ပဲရှိတယ်’

‘ငါ ပဥ္စမအလွှာကို သွားလိုက်တာနဲ့ ယင်ကိုးပါးငွေဖြူဝိညာဥ်တွေ ရှိလိမ့်မှာ။ ငွေဖြူဝိညာဥ်တွေက ကြေးနက်တွေထက် ပိုသန်မာတယ်ဆိုပေမယ့် သူတို့ကလည်း ပဥ္စမအလွှာရဲ့ အောက်ခြေအဆင့်လောက်ပဲ။ ဒီနေရာရဲ့ အသန်မာဆုံးကြေးနက်နဲ့ ယှဥ်ရင် ဘယ်လောက်မှကွာတော့မှာ မဟုတ်ဘူး… ဒါပေမယ့် ဒီရုပ်တု တောင်းဆိုတဲ့ဈေးနှုန်းက… အရမ်းအဓိပ္ပာယ်မဲ့လွန်းနေသလိုပဲ။ ပဥ္စမအလွှာထက်တောင် ပိုဈေးကြီးသေးတယ်’

နန်ကုန်းဟန်တစ်ယောက် အလွန်ပင် ဝေခွဲမရဖြစ်နေခြင်းဖြစ်သည်။ ဤနေရာသို့မလာမီက သူ၏ မူလအစီအစဥ်သည် ပဥ္စမအလွှာသို့သွားရန်ဖြစ်သော်လည်း ဤကြေးနက်ရုပ်တုကို မြင်သောအခါ သူ့ဆုံးဖြတ်ချက်မှာ ယိမ်းယိုင်သွားခဲ့၏။

တွေဝေစဥ်းစားနေရင်းမှ နန်ကုန်းဟန်တစ်ယောက် အောက်ဘက်ရှိ တောင်များထံ တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤနေရာမှဆိုလျှင် ပထမ၊ ဒုတိယနှင့် တတိယတောင်များကို ဝိုးတဝါးလှမ်းမြင်နေရလေသည်။

‘ထားလိုက်ပါတော့၊ အရင်ဆုံး ဆုံးဖြတ်ချက်မချခင် ပဥ္စမတောင်ကိုပါ တစ်ချက်လောက် သွားကြည့်လိုက်တာပေါ့’ နန်ကုန်းဟန်တစ်ယောက် အံကိုတင်းတင်းကြိတ်လျက် ထိုရုပ်တုရှေ့မှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ခွာလိုက်ပြီး တောင်ထိပ်ဆီသို့ ဦးတည်လိုက်သည်။

“ဟား… ငါတို့လက်ထဲမှာရှိတဲ့ ငွေကြေးပိုင်ဆိုင်မှုက ခြားနားလွန်းပါတယ်လေ။ ငါက စတုတ္ထတောင်နဲ့ ပဥ္စမတောင်ကို ရွေးရခက်နေတုန်းမှာ မော့စုကတော့ အလွန်ဆုံးမှ ဒုတိယအလွှာက ယင်ကိုးပါးဝိညာဥ်တွေလောက်ကိုပဲ ကမ်းလှမ်းနိုင်လိမ့်မှာ။ ဘာပဲဖြစ်ဖြစ်၊ ကြိုသာပြင်ဆင်မထားဘူးဆိုရင် တတိယတောင်ကစလို့ အထက်ပိုင်းတွေကို ကမ်းလှမ်းဖို့က ဖြစ်မှမဖြစ်နိုင်တာပဲလေ” နန်ကုန်းဟန်သည် ခပ်တိုးတိုးရေရွတ်လိုက်ပြီး ယခုလေးပင် စိတ်ဓာတ်ကျလာသည်ကို သတိမရတော့ပဲ အနည်းငယ် ကျေနပ်ပီတိဖြစ်သွားမိ၏။

‘ငါ့ကိုယ်ပိုင် ယင်ကိုးပါးဝိညာဥ်ကို ငှားရမ်းပြီးတာနဲ့ အနည်းဆုံးတော့ သူနဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မှာပဲ’ နန်ကုန်းဟန်တစ်ယောက် ခပ်ရေးရေး ပြုံးလိုက်ပြီး တက်ကြွလာတော့သည်။

ထိုအချိန်တွင် စုမင်သည် ဒုတိယတောင်၏ လှေကားထစ်များတစ်လျှောက် အေးအေးဆေးဆေးပင် တက်လာနေ၏။ ဒုတိယတောင်ရှိ ရုပ်တုအရေအတွက်မှာ ပထမတောင်နှင့် ယှဥ်လျင် ပိုနည်းသွားလေသည်။ ဤနေရာတွင် ရုပ်တုတစ်ရာကျော်သာရှိပြီး ၎င်းတို့၏ ချပ်ဝတ်များမှာလည်း ပထမတောင်နှင့် ယှဥ်လျှင် ပိုပြည့်စုံ၏။ ၎င်းတို့ကိုင်ဆောင်ထားသော လက်နက်များမှာလည်း ပိုမိုထူးခြားလှသည်။

ရုပ်တုတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော ဖိအားသည်လည်း ပထမတောင်ရှိ ရုပ်တုများထက် ပိုသန်မာကြ၏။ ၎င်းတို့ပုံစံအရ မာန်ဝိညာဥ်နယ်ပယ် အလယ်ဆင့် မဟုတ်လျှင်တောင် အနည်းဆုံးတော့ ကနဦးဆင့်၏ အထွတ်အထိပ်လောက် ရှိကြပေလိမ့်မည်။

ဒုတိယတောင်ထဲတွင် ရှာမန် ဆယ်ယောက်ခန့်သာ ရှိပြီး ရုပ်တုများကြား ဝေခွဲမရဖြစ်နေဟန်ဖြင့် ၎င်းတို့အမူအယာများက မည်းမှောင်နေကြသည်။

စုမင်သည် သာမန်ကာလျှံကာပင် ရုပ်တုတစ်ခုကို ရွေးချယ်၍ ညာလက်ကို တင်ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် လက်ကိုပြန်ရုတ်လိုက်ပြီး သူ့မျက်လုံးများက တောက်ပသွားခဲ့သည်။

‘တစ်ရက်ကို ထိပ်တန်းအရည်အသွေး ရှာမန်သလင်းကျောက် ငါးထောင်တောင်မှ… ငါသာ ဒီမှာ တစ်လနေမယ်ဆိုရင် ရှာမန်သလင်းကျောက် တစ်သိန်းခွဲတောင် လိုလိမ့်မယ်။ ဒီလိုဈေးနှုန်းမျိုးက မျိုးနွယ်စုငယ်လေး တစ်ခုက လာတဲ့သူအတွက်ဆို တွေးတောင်မကြည့်ဝံ့စရာပဲ။ အလယ်အလတ် မျိုးနွယ်စုတစ်ခုက လူအတွက်ဆိုရင်တောင် နှစ်ခါပြန် စဥ်းစားယူရမှာပဲ’

‘သူတို့တောင်းတဲ့ မြူမှုန်ထိုးခွဲ အရေအတွက်လည်း ပိုများလာတာပဲ။ သုံးရက်ကိုတစ်ကြိမ် မြူမှုန်ထိုးခွဲသုံးလုံးတောင် လိုချင်တယ်’

နွားသိုးဖြူမျိုးနွယ်စုနှင့် ကြိုးကြာနက်မျိုးနွယ်စုတို့ တိုက်ခိုက်နေကြသော သလင်းကျောက် နှစ်သောင်းခန့်ပင် မရှိသည့် ရှာမန်သလင်းကျောက်ကြောအကြောင်း စုမင် သတိရမိသွားသည်။ ထိုနေရာရှိ သလင်းကျောက်များမှာ အတန်ငယ်ရှားပါးသော ထိပ်တန်းအရည်အသွေးမျိုးဟု သတ်မှတ်နိုင်လေသည်။ ထိုနေရာမှ သလင်းကျောက်အားလုံးကို သူထုတ်ယူနိုင်ခဲ့လျှင်တောင် ဤယင်ကိုးပါးဝိညာဥ်ကို လေးရက်ပင် ငှားရမ်းနိုင်မည်မဟုတ်ပေ။

‘အသူရာကိုးပါးပန်းပွင့်ကို ရှာတွေ့ခဲ့တဲ့လူက ယင်ကိုးပါးဝိညာဥ်တစ်ကောင်ကို လာမငှားခဲ့တာ အံ့ဩစရာ မရှိတော့ဘူးပဲ။ ဒီဈေးနှုန်းက… တစ်ကယ်ကြီးကို မြင့်လွန်းတယ်။ မြူမှုန်ထိုးခွဲကျပြန်တော့လည်း ရှာမန်သလင်းကျောက် သောင်းချီပေးဝယ်ရင်တောင် တစ်လုံးရဖို့ ခဲယဥ်းလွန်းတယ်။ မြူမှုန်ထိုးခွဲတစ်လုံး ထုတ်ပြလိုက်ရင်တောင် ဈေးနှုန်းက အရမ်းများနေမှာ၊ သုံးလုံး တစ်ပြိုင်တည်းသာဆိုရင်တော့ ဈေးနှုန်းက အဆပေါင်းများစွာ ထောင်တက်သွားလိမ့်မယ်’ စုမင်၏ နှလုံးခုန်သံများပင် မြန်ဆန်လာပြီး ဒုတိယတောင်ထိပ်ဆီ ဆက်လျှောက်သွားလိုက်သည်။

သူ ထပ်မရပ်တော့ပဲ တောင်ထိပ်သို့ရောက်သည်နှင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ဝင်ကာ လျှပ်တပြက်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ ဒုတိယတောင်အထက်ရှိ တတိယတောင်ပေါ် ရောက်နှင့်နေခဲ့ချေပြီ။

တတိယတောင်ထဲရှိ ရုပ်တုအရေအတွက်မှာ ဒါဇင်အနည်းငယ်သာ ရှိ၏။ ထိုရုပ်တုများသည် ခေါင်းမှခြေဖျားတိုင် ဖုံးအုပ်ထားသော ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး အများစုမှာ ချပ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ဖြစ်သည်။ ပေနှစ်ရာခန့်မြင့်မားသော ၎င်းတို့ပုံစံများက တောင်ကုန်းငယ်လေးများ သဖွယ်ပင်… ရုပ်တုများထံမှ ထုတ်လွှတ်နေသော ဖိအားကြောင့် စုမင်၏ အသက်ရှူသံများပင် လျင်မြန်သွားခဲ့ရသည်။

ထိုဖိအားများသည် သူ တိုင်မူဆီမှ ခံစားခဲ့ရသည်ထက် များစွာပိုသန်မာနေ၏။ အဆိပ်အလောင်းအဖြစ် သူပြောင်းလဲပစ်ခဲ့သော မာန်ဝိညာဥ်နယ်ပယ် ကနဦးဆင့်မှ မာန်စွမ်းအားရှင်အိုကြီးထက်ပင် များစွာ ပိုသန်မာနေလေသည်။

‘ဒီရုပ်တုတွေက… မာန်ဝိညာဥ်နယ်ပယ် အလယ်ဆင့်နဲ့တောင် တူနေလောက်ပြီထင်တယ်။ တစ်ကယ်သာဆိုရင် စတုတ္ထတောင်ရဲ့ ရုပ်တုတွေက မာန်ဝိညာဥ်နယ်ပယ် အလယ်ဆင့်ရဲ့ အထွတ်အထိပ်နဲ့ ပဥ္စမတောင်ဆိုရင်… မာန်ဝိညာဥ်နယ်ပယ် နှောင်းပိုင်းအဆင့်မှာတောင် ရှိနေကြလောက်ပြီမလား’

‘ဆဌမ၊ သတ္တမနဲ့ နဝမအလွှာက ရုပ်တုတွေသာဆိုရင် ဘယ်လိုစွမ်းအားမျိုး ရှိနေမှာများလဲ’

စုမင် တတိယတောင်ထဲတွင် လျှောက်သွားကြည့်လိုက်သည်။ သူ့ကို ထည့်မတွက်လျှင်တောာင် ထိုနေရာတွင် ရုပ်တုများနှင့် ဆက်သွယ်နေသည့် ရှာမန်ခြောက်ဦးခန့်သာ ရှိ၏။ တတိယတောင်ထဲတွင် စုမင် ပေတစ်ရာခန့် သွားပြီးချိန်၌ ရုတ်တရက်ဆိုသလို တောင်တစ်ခုလုံး တုန်ခါသွားသည်။ ဧရာမ စစ်သည်တော်ရုပ်တုတစ်ခု အသက်ဝင်လာပြီး ကောင်းကင်သို့မော့၍ ကြုံးဝါးလိုက်သည်ကို စုမင်မြင်လိုက်ရသည်။

၎င်း၏ ကြုံးဝါးသံသည် ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေပြီး အနီးတစ်ဝိုက်ရှိ လေဟာနယ်ကိုပင် ပုံပျက်သွားစေသည်။ တစ်ဆက်တည်းလိုလိုပင် ထိုရုပ်တုသည် လေထဲသို့ ခုန်တက်လိုက်ပြီး လက်ထဲရှိ ဧရာမ ပုဆိန်သွားတပ် လှံရှည်ကြီးကို ဝှေ့ယမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့ဆီမှ ထွက်ပေါ်လာသော အရှိန်အဝါသည် စုမင်အား ပြင်းထန်သော ဖိအားတစ်ရပ်ကို ခံစားလိုက်မိစေ၏။

အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့်၊ ပိန်ပါးပါး၊ ဆံပင်ရှည်တို့ဖြင့် အမျိုးသား တစ်ဦးသည်လည်း ကျယ်လောင်စွာ ရယ်မောလျက် ထိုရုပ်တု၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။ ရုပ်တုသည် ထိုအခြင်းအရာကို စိတ်ထဲရှိပုံမပေါ်ပဲ အလင်းတန်းတစ်ခုအသွင်ပြောင်းလျက် ထိုလူနှင့်အတူ ဝင်ပေါက်ဆီ ဦးတည်ထွက်ခွာသွားလေသည်။

စုမင်၏ ခန့်မှန်းချက်များက ပိုမိုခိုင်မာလာသည်။ သူသည် တောင်ထိပ်သို့ အမြန်လျှောက်သွားလိုက်ပြီး တတိယတောင်ထိပ်သို့ ရောက်သည်နှင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ တတိယတောင်ထဲရှိ လူအားလုံး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ အလင်းကို မြင်လိုက်သော်လည်း သုံးဦးခန့်သာ ထိုနေရာသို့ လှမ်းကြည့်လိုက်ပြီး ၎င်းတို့အမူအယာကလည်း များများစားစား ပြောင်းလဲသွားခြင်း မရှိပေ။

အဆုံးတွင်တော့ ငွေကြေးမတတ်နိုင်သော်လည်း ပြန်မထွက်ခွာမီ ပိုမြင့်သော အလွှာများဆီ သွားကြည့်ချင်သူ အချို့ရှိသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ယခင်ကလည်း သူတို့အနေဖြင့် ထိုကဲ့သို့ လူများကို မြင်ဖူးလေသည်။

စတုတ္ထတောင်တွင် စုမင်ပြန်ပေါ်လာသောအခါ နန်ကုန်းဟန်သည် ပဥ္စမတောင်ရှိ ပေလေးရာခန့်မြင့်သော ငွေဖြူရောင် ရုပ်တုတစ်ခုကို ကြည့်နေခြင်းဖြစ်သည်။ ထိုရုပ်တု၏ ချပ်ဝတ်ပေါ်တွင် ကောင်းမွန်ဆဲ အစီအရင် သင်္ကေတတစ်ချို့ ရှိနေပြီး ၎င်းပုံစံက အလွန်ပင် ခမ်းနားထည်ဝါလှသည်။

ထိုပုံပန်းသွင်ပြင်တစ်ခုတည်းကပင် စတုတ္ထအလွှာရှိ ရုပ်တုများထက် များစွာ သာလွန်နေခဲ့ချေပြီ။

‘တစ်ရက်ကို ရှာမန်သလင်းကျောက် နှစ်သောင်းခွဲနဲ့ ရက်ပေါင်းကိုးဆယ်စာ တစ်ပြိုင်တည်း ပေးချေရမယ်… ဒါမှမဟုတ်ရင် ယင်ကိုးပါးလောကမှာတောင် ရှားပါးတဲ့ ပစ္စည်းတစ်ချို့ လက်ခံတယ်လား… ဒီဈေးနှုန်းကမှ နည်းနည်း အကျိုးအကြောင်း သင့်သေးတယ်။ စတုတ္ထအလွှာက လူထက်လည်း အများကြီးပိုနည်းတယ်။ အဲဒီစတုတ္ထအလွှာက တစ်ယောက်က တစ်ကယ်ကို ရှာမန်သလင်းကျောက် သုံးသောင်းတောင် တောင်းရဲတယ်။ အဓိပ္ပာယ် မရှိချက်ပဲ။ ပြီးတော့လည်း ငါက သူ့ကို အနည်းဆုံး တစ်ရာ့ရှစ်ဆယ်စာ တစ်ပြိုင်တည်း ပေးရဦးမယ်ဆိုပဲ’

နန်ကုန်းဟန်သည် ရှာမန်သလင်းကျောက်များမှ အပ အခြားလက်ခံသော ပစ္စည်းများအကြောင်း လျစ်လျူရှုထားလေသည်။ သူ့အတွက်တော့ ရှာမန်သလင်းကျောက်များကသာ အဓိကအရေးစိုက်ရမည့် အရာဖြစ်သည်။

သူသည်လည်း ထိုရုပ်တုများကိုလေ့လာနေစဥ် တတိယတောင်ထံမှ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် တောက်ပသွားသည်ကို သတိပြုမိလိုက်၏။ အောက်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်မိသော်လည်း သာမန်ကာလျှံကာပင် လျစ်လျူရှုလိုက်ပြီး နောက်ရုပ်တုတစ်ခုထံ လျှောက်သွားလိုက်သည်။ သူသည် ဤနေရာတွင် အခြားရုပ်တုများနှင့် ခွန်အားခြင်း သိပ်မကွာသော်လည်း ဈေးအနည်းဆုံးဖြစ်မည့် ရုပ်တုကိုရှာနေခြင်း ဖြစ်သည်။

‘ယင်ကိုးပါးဝိညာဥ်တွေက အရမ်းမာနကြီးလွန်းတာ နှမြောစရာပဲ။ ညှိနှိုင်းလို့လည်း မရဘူး။ ငါဈေးဆစ်ဖို့ ကြိုးစားရင်တောင် သူတို့ဆီက ဘာအဖြေမှ ပြန်ကြားရမှာ မဟုတ်ဘူး။ ငါ့ကို လျစ်လျူရှုထားကြမှာပဲ’ နန်ကုန်းဟန် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

စတုတ္ထတောင်ထဲတွင် ယင်ကိုးပါးဝိညာဥ် ရွေးချယ်နေသူများမှာ စုမင်အပါအဝင်မှ လူသုံးဦးသာရှိ၏။ ထိုအထဲမှ တစ်ဦးသည် ယခင် နန်ကုန်းဟန်ကြည့်သွားခဲ့သော တောင်စောင်းရှိ ပေသုံးရာကျော်မြင့်သည့် အမာရွတ်များဖြင့် ကြေးနက်ရုပ်တုရှေ့တွင် ရပ်နေခြင်းဖြစ်သည်။ ထိုလူ့ပုံစံသည်လည်း ဝေခွဲမရ ဖြစ်နေလေသည်။

ထိုသူသည် နှောင်းပိုင်းရှာမန်ဖြစ်ရန် ခြေတစ်လှမ်းခန့်သာ လိုတော့သော အထွတ်အထိပ် အလယ်အလတ်ရှာမန် အဘိုးအိုတစ်ဦး ဖြစ်သည်။ အဘိုးအိုသည် ရုပ်တုကိုကြည့်ကာ သက်ပြင်းဖွဖွ ချလိုက်၏။

စုမင်သည် တောင်ပေါ်သို့ တက်လာရင်း တတိယတောာင်ရှိ ရုပ်တုများထက် ပိုမြင့်မားသော ရုပ်တုများကို ကြည့်လိုက်မိသည်။ ဤနေရာရှိ ရုပ်တုအရေအတွက်မှာ ငါးဆယ်ခန့်ပင် မရှိကြောင်း သိလိုက်ရ၏။

ရှေ့သို့ဆက်လျှောက်လာရင်း တောင်စောင်းရှိ အမာရွတ်အပြည့်ဖြင့် ရုပ်တုတစ်ခုက စုမင်မျက်လုံးကို ချက်ချင်းဆွဲဆောင်သွားသည်။. ထိုရုပ်တုသည် အစောပိုင်းက နန်ကုနန်းဟန် ကြည့်သွားခဲ့ပြီး အဘိုးအိုအား ဝေခွဲမရဖြစ်နေစေသည့် ရုပ်တုကြီးပင် ဖြစ်သည်။

စုမင် ထိုရုပ်တုဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး တည်ငြိမ်စွာ လေ့လာကြည့်လိုက်သည်။ ထိုရုပ်တုပတ်ဝန်းကျင်တွင် ၎င်း၏မျိုးနွယ် အခြားရုပ်တုများ တစ်ခုတစ်လေပင်ရျိမနေချေ။ ၎င်းသည် ထိုနေရာတွင် တစ်ဦးတည်း ထီးထီးမားမားရပ်နေပြီး ချပ်ဝတ်မှာလည်း ဒဏ်ရာဒဏ်ချက်များ အပြည့်ဖြစ်နေလေသည်။ သူ့ဘဝသက်တမ်းတစ်လျှောက် တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားနေ၏။ ၎င်း၏ လက်ထဲရှိ ဧရာမတိုက်ပွဲပုဆိန်ကြီးထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များက စုမင်မျက်လုံးကိုပင် ကျဥ်းမြောင်းသွားစေသည်။

အဘိုးအိုသည် စုမင်အား တစ်ချက်သာ လှည့်ကြည့်ကာ ပြန်လည်၍ လျစ်လျူရှုသွားခဲ့သည်။ ထိုအစား ဆုံးဖြတ်ချက်ချရခက်နေဟန်ဖြင့် သူ့မျက်ဝန်းထဲရှိ ဝေခွဲမရမှုများကသာ ပိုမိုထင်ရှားလာလေသည်။

စုမင် ထိုရုပ်တုအနီးသို့ လျှောက်သွားကာ ညာလက်ကို တင်ကြည့်လိုက်သည်။ သူထိုသို့လုပ်လိုက်သည်နှင့် သူ့စိတ်ထဲတွင် ကြမ်းတမ်းသော အသံကြီးတစ်ခု ချက်ချင်း ပဲ့တင်ထပ်လာခဲ့သည်။

‘တစ်ရက်ကို ရှာမန်သလင်းကျောက် သုံးသောင်း။ ငါ့ကာကွဘ်မှုကို လိုချင်တယ်ဆိုရင်၊ ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်စာ တစ်ပြိုင်တည်းပေးရမယ်။ သဘောတူပြီဆိုရင်၊ ငါတတ်နိုင်တဲ့ စွမ်းအားအတွင်း ရှိသမျှ ဘေးအန္တရာယ်အားလုံးက ကာကွယ်ပေးမယ်။ ငါ့စွမ်းအားထက် ကျော်နေတာတွေတော့ အာမမခံဘူး’ ရုပ်တုအသံသည် ထိုစကားလုံးများကိုသာ ပြောပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့၏။

စုမင် ဆွံ့အသွားမိသည်။ ဤသည်မှာ ရှာမန်သလင်းကျောက်ပမာဏကိုသာ ပြောသွားပြီး အခြားလက်ခံသော ဆေးလုံးပမာဏအကြောင်း ပြောမသွားသော ပထမဆုံး ယင်ကိုးပါးဝိညာဥ်ဖြစ်သည်။

စုမင်် ဆွံ့အနေစဥ်မှာပင် သူ့နံဘေးရှိ အဘိုးအိုမှာ ဆုံးဖြတ်ချက်ချပြီးသွားပုံ ပေါ်၏။ သူသည် ထိုအကြောင်းနှင့် ပက်သက်၍ အချိန်အတော်ကြာ စဥ်းစားယူခဲ့ရ၏။ အဆုံးတွင်တော့ ဤသည်မှာ များပြားလွန်းသော ပမာဏတစ်ခုဖြစ်သည်။ တစ်ရက်လျှင် သုံးသောင်းဆိုပါက ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်ဆိုလျှင် ထိပ်တန်းအဆင့် ရှာမန်သလင်းကျောက် ငါးသန်းနီးပါးပင်… မျိုးနွယ်စုကြီးများအတွက်ဆိုလျှင်တောင် ဤအရာက အလွန်များပြားသော ပမာဏဖြစ်သည်။ မည်သူမျှ အလွယ်တကူ ထုတ်ပေးနိုင်မည် မဟုတ်ပေ။

အဘိုးအိုသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် စုမင်ကို ဂရုစိုက်မနေတော့ပေ။ သူသည် ရုပ်တုကို ဆက်သွယ်နေဟန်ဖြင့် ညာလက်ကို ရုပ်တုပေါ်ပြန်တင်လိုက်၏။ တစ်ခဏကြာပြီးနောက် ရုပ်တု၏ မျက်လုံးများအတွင်းမှ အလင်းတို့ တောက်ပစပြုလာသည်။ ၎င်း၏ ခန္ဓာကိုယ်မှ သန်မာသော အရှိန်အဝါတစ်ခုလည်း ချက်ချင်း ပျံ့နှံ့လာပြီး ထိုဧရိယာတစ်လျှောက် စုပ်ဝဲတစ်ခုအသွင် ဖြတ်သန်းသွားကာ သူ့ခန္ဓာကိုယ်က အလျင်အမြန် နိုးထလာခဲ့သည်။

‘ငါက ဒီအလွှာမှာ အတော်ဆုံးစစ်သည်ပဲ။ မင်းအတွက် ငါ့ကို ရွေးချယ်တာက ငါးလွှာမှာရှိတဲ့ အဲဒီ ငါ့မျိုးနွယ်ဝင်တွေကို ရွေးချယ်တာထက် ပိုကောင်းတယ်’ ရုပ်တု၏ ပါးစပ်မှ စကားသံများ ထွက်ပေါ်လာသည်။ ဤသည်မှာ ယင်ကိုးပါးဝိညာဥ်ရုပ်တု တစ်ခု စကားပြောသည်ကို စုမင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူ့မျက်လုံးများပင် တောက်ပသွာားခဲ့ရသည်။

အဘိုးအို၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာစဥ်မှာပင် စုမင်သည် ထိုအသက်ဝင်လာသော ရုပ်တုထံသို့ နတ်ဘုရားစိတ်အာရုံ အမျှင်တန်းတစ်ခုကို ချက်ချင်းပို့လွှတ်လိုက်၏။

‘မြူမှုန်ထိုးခွဲဆိုရင်ရော ဘယ်လိုနှုန်းထားနဲ့ လက်ခံလဲ’

All Chapters