← Chapters

သံမဏိနွားသိုးကျင့်စဉ်အောင်မြင်ခြင်း

Vol. 2 Ch. 17

သံမဏိနွားသိုးကျင့်စဉ်အောင်မြင်ခြင်း

Vol. 2 Ch. 17

အကယ်၍ အပြင်လူများသည်သာ အခန်းထဲမှ မြင်ကွင်းကို တွေ့ပါက အကြီးအကျယ် အံ့အားသင့်သွားနိုင်သည်။

ရက်,တစ်ဝက်မျှဖြင့် ဟန်မူယဲ့သည် ကျင့်စဉ်ကို အပြည့်အစုံကျွမ်းကျင်ခြင်းအဆင့်သို့ ရောက်သွားပြီး ဖြစ်သည်။

ကျင့်စဉ်ကို ကျင့်ရာတွင် ကနဦးအဆင့်မှသည် သာမန်ကျွမ်းကျင်အဆင့်ကို အောင်မြင်ပြီးမှ  အပြည့်အစုံကျွမ်းကျင်အဆင့်သို့ ရောက်၏။

ကျင့်စဉ်သည် မည်မျှရိုးရှင်းသည်ဖြစ်စေ၊ ၎င်းအား အောင်မြင်ရန်မှာ တစ်ရက်တစ်ညတည်းဖြင့် မဖြစ်နိုင်ပါ။

မည်သူက ကျင့်ကြံခြင်းနည်းစနစ်တစ်ခုအား ဆယ်စုနှစ်တစ်ခုကြာ သို့မဟုတ် နှစ်ပေါင်းအတန်ကြာ မလေ့ကျင့်ဘဲ အောင်မြင်မည်နည်း။

သူ၏ဆင်ခြင်နားလည်နိုင်စွမ်းမှာ ထူးခြားဆန်းကြယ်လွန်း၏။

သံမဏိနွားသိုးကျင့်စဉ်ကို ကျင့်လိုက်လျှင် ဟန်မူယဲ့၏မျက်လုံးများမှ နတ်အလင်းဖျော့ဖျော့ထွက်လာသည်။

သူ၏ခန္ဓာကိုယ်တွင်လည်း နက်ရွှေရောင်ဖျော့ဖျော့ ကိုယ်ရောင်ကိုယ်ဝါတစ်ခု ဖြစ်ပေါ်နေ၏။

သို့သော်လည်း ၎င်းမှာ မျက်လုံးဖြင့် မြင်ရရန် ဖျော့တော့လွန်းသည်။

“ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံရင်း ငါ့ခန္ဓာကိုယ်က သံမဏိလို မာပြီးတော့ သွေးကြောတွေဟာလည်း တည်ငြိမ်သွားတယ်။ ဒါက စွမ်းအင်စုဆောင်းခြင်းအဆင့်သို့ ရောက်ပြီလို့ သတ်မှတ်နိုင်တာလား”

ဟန်မူယဲ့က ရေရွက်ကာ ခါးသက်စွာ ပြုံးလိုက်သည်။

‘ဤသည်က အံ့အားသင့်စရာကောင်းလို့လား’

သူကျင့်ကြံလိုသည်က ထာဝရအသက်ရှည်သော ကျင့်စဉ်ဖြစ်ပါသော်လည်း ယခု သူကျင့်နေရသည်က ခန္ဓာကိုယ်သန်မာသည့် ကျင့်စဉ် ဖြစ်နေသည်။

တစ်စုံတစ်ယောက်က ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံလျှင်ပင် သူသည် လူသားအဆင့်၏ထိပ်ဆုံးသို့သာ ရောက်နိုင်သည်။

လောကတွင် ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်ဖြင့် ကမ္ဘာမြေအဆင့်သို့ ရောက်သောသူ မရှိသေးပါ။

သူ၏နောက်မှ အစိမ်းရောင်နွားသိုးပုံရိပ်မှာ တဖြေးဖြေး ကွယ်ပျောက်သွားကာ ဟနမူယဲ့ကလည်း ကျင့်ကြံခြင်းကို ရပ်တန့်လိုက်၏။

သူ၏စိတ်တွင်းမှ ပုံရိပ်မှာ အဆက်မပြတ် ပြောင်းလဲလာခဲ့ရာ ဟန်မူယဲ့ မှင်တက်သွားသည်။

အစိမ်းရောင်နွားသိုးတစ်ကောင်ကို ဖွဲ့စည်းပြီးနောက်တွင် ထပ်မံ၍ ကျင့်ကြံနိုင်သေးသည်လား။

‘ဟမ်…’

တိုးညင်းသောအသံတစ်ခုနှင့်အတူ နောက်ထပ် အစိမ်းရောင်နွားသိုးတစ်ကောင်၏ပုံရိပ်သည် ဟန်မူယဲ့၏နောက်တွင် ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်မှ သွေးများမှာလည်း အကြီးအကျယ်ဆူပွက်လာသလို ခံစားရ၏။

ချက်ချင်းပင် ဟန်မူယဲ့သည် ကြွက်သားများနှင့် အရိုးများမှ ခွန်အားများ အဆက်မပြတ် တိုးတက်လာသည်ကို ခံစားရ၏။

သူ့ရှေ့မှ နံရံကို လက်သီးတစ်ချက်ဖြင့် ဖြိုပစ်နိုင်သည်ဟု ဟန်မူယဲ့ ယုံကြည်လာသည်။

ဟန်မူယဲ့၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏စိတ်တွင်းမှ ပုံရိပ်မှာလည်း ကွယ်ပျောက်သွား၏။

“ဒီကျင့်ကြံစနစ်ကို အောင်မြင်ပြီးတာတောင်မှ ငါက ဆက်ပြီး ကျင့်လို့ ရသေးတာလား”

“ဒါက သံမဏိနွားသိုးကျင့်စဉ်ရဲ့ ဒုတိယအဆင့်လား”

ဝိညာဉ်ကျောက်တုံး ၈၀မျှဖြင့် ဝယ်ယူခဲ့သော ခန္ဓာကိုယ်ကျင့်ကြံစနစ်မှာ ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်သည်။

သံမဏိနွားသိုးကျင့်စဉ်မှာ အနိမ့်ဆုံးအဆင့် ခန္ဓာကိုယ်ကျင့်ကြံစနစ် မဟုတ်သည်လည်း ဖြစ်နိုင်၏။

သူ၏စိတ်တွင်းမှ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီးဖြစ်ရာ ဟန်မူယဲ့မှာ ဆက်၍ မကျင့်ကြံနိုင်တော့ပါ။

သူက အခွင့်အရေးရပါက ကျောက်ဖူအား သံမဏိနွားသိုးကျင့်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

ထို အတွင်းစည်းဂိုဏ်းသားမှာ စိတ်ကောင်းရှိဟန်ရ၏။

ဟန်မူယဲ့၏ပမွှားကျင့်ကြံခြင်းအတွေ့အကြုံအရ သူသည် ကျင့်ကြံရန် စိတ်ရှည်ရန်လိုကြောင်း နားလည်ထား၏။

အံ့ဖွယ်ကိုးပါးတောင်ကုန်းထက်တွင် အတွင်းစည်းဂိုဏ်းသားများ နေထိုင်ပေသည်။

ယန်ရှောက်သည် ရှုပ်ထွေးသောအမူအရာဖြင့် ရပ်နေ၏။

“ဂျူနီယာညီလေးယန်ရှောက်… ဆရာက မင်းကို မတွေ့ချင်ဘူး။ မင်း သွားသင့်တယ်”

မောက်မာသောအမူအရာဖြင့် အဖြူရောင်လူငယ်တစ်ဦးက အေးစက်တင်းမာသော လေသံဖြင့် ပြောသည်။

“မင်းက ရေပြာလှိုင်းဓားသိုင်းကို သုံးလကြာတာတောင်မှ မအောင်မြင်ဘူး။ ဒါကြောင့် မင်းက ဆရာရဲ့လက်အောက်မှာ လေ့ကျင့်ဖို့ မထိုက်တန်ဘူး”

နောက်ထပ် အဖြူရောင်ဝတ်စုံဖြင့် လူငယ်တစ်ဦးကလည်း ဝင်ပြောသည်။

“မင်း အပြင်ကိုသွားရင် ငါ့ရဲ့ဂျူနီယာညီလေးလို့ မပြောနဲ့”

ထိုသို့ပြောကာ လူငယ်က အဝတ်စကို ခါလျှက် ထွက်သွားသည်။

သူသည် အတွင်းစည်းဂိုဏ်းသား ၇၂ဦးထဲမှ တစ်ဦးဖြစ်သော စုချန်ယွင် ဖြစ်သည်။

၃၀၀၀ သော အတွင်းစည်းဂိုဏ်းသားများအားလုံးမှာ ချီစုစည်းခြင်းအဆင့်နှင့်အထက်တွင် ရှိကြသည်။ အများစုမှာ အခြေခံအုတ်မြစ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။

စုချန်ယွင်သည် အခြေခံအုတ်မြစ်အဆင့်သို့ ရောက်ပြီးသော ကျင့်ကြံသူတစ်ဦး ဖြစ်၏။

ယန်ရှောက်က ခေါင်းညိတ်ကာ မည်သည့်စကားမှ မဆိုဘဲ ထိုနေရာတွင်ပင် ရပ်နေသည်။

အတန်ကြာလျှင် စံအိမ်တွင်းမှ အသံတစ်သံကို ကြားရ၏။

“ယန်ရှောက်… ငါ မင်းကို သုံးရက် အချိန်ပေးမယ်။ တကယ်လို့ သုံးရက်အတွင်း ရေပြာလှိုင်းဓားသိုင်းကို မအောင်မြင်ရင် နောက်ပိုင်း သုံးမျက်နှာရေကန်သို့ လာဖို့ မလိုတော့ဘူး”

သူ၏အသံမှာ အေးစက်ကာ တည်ငြိမ်၏။

ယန်ရှောက်၏မျက်နှာတွင် စိတ်လှုပ်ရှားသော အငွေ့အသက်တစ်ခု ပေါ်လာ၏။ သူက ဦးညွှတ်ကာ ပြောသည်။

“ဆရာ… ကျွန်တော် ရေပြာလှိုင်းဓားသိုင်းကို အောင်မြင်ပြီးပါပြီ”

စံအိမ်ထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ အသံတစ်သံက ပြောသည်။

“ကောင်းပြီ… ငါမင်းကို နောက်ထပ် အခွင့်အရေးတစ်ခုပေးမယ်”

“ငါ့ကို လာတွေ့ချေ…”

ယန်ရှောက်က အဝတ်အစားကိုသိပ်ရပ်အောင် ပြုပြင်ပြီးနောက် စံအိမ်အတွင်းသို့ ဝင်သွားသည်။

စံအိမ်ရှေ့တွင် လူငယ်အတော်များများက အချင်းချင်း ကြည့်နေကြ၏။

ဓားရှည်တစ်လက်ကို နောက်တွင် သိုင်းလွယ်ထားသော လူငယ်တစ်ဦးက မျက်မှောင်ကြုတ်လျှက်‌ ပြောသည်။

“မနေ့က သူ့ကို ကြည့်ရတာ ဘာမှ တတ်ပုံမပေါ်ဘူး။ ဒီနေ့ အောင်မြင်သွားပြီ ဟုတ်လား”

သူတို့၏အဝတ်အစားပေါ်တွင် သုံးချောင်းထောက်ဖိုအိုးတစ်လုံးပုံ ထိုးထားသည်။ ၎င်းမှာ သူတို့ဂိုဏ်းခွဲအမှတ်အသားလည်း ဖြစ်သည်။

သုံးမျက်နှာရေကန်သည် အတွင်းစည်းဂိုဏ်းအကြီးအကဲ ရှုဟောင်ရှန့်၏ဂိုဏ်းခွဲလည်း ဖြစ်သည်။ သူ၏တပည့်များအားလုံးမှာ သုံးချောင်းထောက်ဖိုအိုးပုံပါ တံဆိပ်အဝတ်အစားကို ဝတ်ရသည်။

“သွားကြည့်ရအောင်။ သူက သုံးမျက်နှာရေကန်စံအိမ်အတွက် အရှက်ရစရာပဲ”

ရှေ့ဆုံးမှရပ်နေသော ခြေတံရှည်လူငယ်တစ်ဦးက စံအိမ်အတွင်းသို့ လှမ်းသွားကာ ပြောသည်။

တခြားလူများလည်း အချင်းချင်းကြည့်ကာ စံအိမ်အတွင်းသို့ ဝင်လာကြသည်။

ထိုအခိုက်တွင် ယန်ရှောက်သည် မီးခိုးရောင်ဝတ် ဆံပင်ဖြူအဖိုးအိုတစ်ဦးအား ဦးညွှတ်ကာ ရပ်နေသည်။

“ယန်ရှောက်… အရင်တုန်းက ငါမင်းကို ပြောခဲ့တယ်။ မင်းရဲ့ဗီဇပါရမီက မဆိုးဘူး။ ဒါပေမဲ့ မင်းရဲ့ သိမြင်နားလည်နိုင်စွမ်းက လိုနေတယ်”

“ရေပြာလှိုင်းဓားသိုင်းက မင်းအတွက် စမ်းသပ်မှုတစ်ခုပဲ”

အဖိုးအိုက ခံစားချက်ကင်းမဲ့စွာ ပြောသည်။

“ကျွန်တော် နားလည်ပါတယ်”

ယန်ရှောက်က အသံတိုးတိုးဖြင့် ပြောသည်။

အတွင်းစည်းဂိုဏ်းဝင် မည်မျှက အကြီးအကဲတစ်ဦး၏တပည့် ဖြစ်လာနိုင်ပါသနည်း။

သူက ထိုသို့သော အခွင့်အလမ်းကို ရရှိရန် အသက်စွန့်နိုင်၏။

သူ၏ဆရာပြောသကဲ့သို့ သူ၏နားလည်ဆင်ခြင်နိုင်စွမ်းမှာ အမှန်တကယ်လည်း လိုအပ်ချက် ဖြစ်နေသည်။ သူသည် သုံးလ ကြာမြင့်သည့်တိုင် ရေပြာလှိုင်းဓားသိုင်းကို မတတ်ခဲ့ပါ။

သူ၏ဂိုဏ်းတူတပည့်များက နောက်မှ လိုက်ပါလာကြကာ ရှုဟောင်ရှန့်အား ဦးညွှတ်လိုက်ကြ၏။

ရှုဟောင်ရှန့်က လက်ဝှေ့ယမ်းကာ ယန်ရှောက်ကိုကြည့်လျှက် ပြောသည်။

“မင်း ရေပြာလှိုင်းဓားသိုင်းကို သရုပ်ပြတာ စလို့ရပြီ”

ယန်ရှောက်က ခေါင်းညိတ်ကာ သက်ပြင်းရှိုက်လျှက် မျက်လုံးများကို ဖြေးညင်းစွာ မှိတ်၏။

သရုပ်ပြခန်းဆောင်၌ ထိုစီနီယာအစ်ကိုသည် အလွန်နှေးကွေးသောပုံစံဖြင့် သူ့အား ရေပြာလှိုင်းဓားသိုင်းကို ကစားပြကာ သူ့အား ဉာဏ်အလင်းရစေခဲ့သည်။

ဓားလက်ကိုင်ကို ဆုပ်လိုက်ရင်း ယန်ရှောက်၏အတွေးများမှာ ရေပြာလှိုင်းဓားသိုင်း၏ပထမအဆင့်တွင် မရှိတော့ပါ။

သူ၏ဆရာသည် ကမ္ဘာမြေအဆင့်အကြီးအကဲတစ်ဦးဖြစ်ကာ မရေမတွက်နိုင်သော တပည့်များ သူ့လက်အောက်တွင်ရှိသည်။

သူသည် ဆရာ၏အသိအမှတ်ပြုမှုကို ရယူလိုပါက အများထက် ပိုထူးခြားနေရန် လိုအပ်၏။

ယနေ့ သူက ထိုအခွင့်အလမ်းအား ဆုပ်ကိုင်နိုင်ရမည်။

“ကလင်…”

ယန်ရှောက်က ဓားကိုထုတ်ကာ လက်ကို လှည့်လိုက်၏။ ဓားအလင်းသည် အမျှင်တန်းအဖြစ်သွားသည်။

ထိုအလင်းတန်းသည် အလွန်မြန်ကာ မြစ်ရေလှိုင်းအလား ပြေးလွှားသွား၏။

“ဟူး… သူ အခုထိ နားမလည်သေးဘူး”

ဘေးနားတွင် တပည့်တစ်ယောက်က သက်ပြင်းချကာ ခေါင်းယမ်းသည်။

“ဟဟ… မင်းက ရေပြာလှိုင်းဓားသိုင်းကို လေ့ကျင့်တာ သုံးလကြာပြီးတာတောင်မှ နားမလည်သေးဘူး။ မင်းက သုံးမျက်နှာရေကန်စံအိမ်မှာနေဖို့ ဘယ်လိုထိုက်တန်မှာလဲ”

ဘေးတွင် နောက်တစ်ယောက်က နှာခေါင်းရှုံ့၏။

“စီနီယာအစ်ကိုစုက မင်းကို အထင်သေးတာလည်း မပြောနဲ့။ ဆရာက သာမန်လူတွေကို သင်ပေးတာ မဟုတ်ဘူး”

ပိန်ပါးသောလူငယ်က အေးစက်စွာ ပြောသည်။

ရှေ့တွင် ရှုဟောင်ရှန့်က မျက်မှောင်ကြုတ်၏။

သူက ယန်ရှောက်၏လက်ထဲမှဓားကို ဝေခွဲမရဟန်ဖြင့် ကြည့်၏။

ယန်ရှောက်ထံမှ ဓားအလင်းသည် ပါးလွှာကာ မြန်ဆန်၏။

ယန်ရှောက်က သူမြင်ခဲ့သော ဓားကွက်အား အာရုံထဲတွင် ပုံဖော်ကာ ဓားကို ကောင်းကင်သို့ ဦးတည်လိုက်၏။

ထိုဓားက သူ့အား အသိစိတ်ပျောက်ကွယ်သွားစေသည်။

ဤသည်မှာ ရေပြာလှိုင်းဓားသိုင်း၏ဒုတိယအဆင့် ဖြစ်သည်။

“ဟင်…”

သူ့လက်ထဲမှဓားသည် သူ၏ရည်ရွယ်ချက်ကို နားလည်ဟန်တူသည်။ ဓားအလင်းသည် ပေါက်ကွဲသွားသည့်အလား ဖြန့်ကျက်သွား၏။

တိုက်ရိုက်လင်းလက်ခြင်း…

ဓားအလင်းသည် လင်းလက်နေသော ရေအေးစက်အလား… တည်ငြိမ်ကာ လှိုင်းထန်နေသော ရေပြင်အလား…

ရှုဟောင်ရှန့်က ထရပ်ကာ ရှေ့ကို လှမ်းသွားလိုက်၏။ သူက လက်ကိုမြှောက်လိုက်ကာ ယန်ရှောက်၏ဓားကို ထိလိုက်သည်။

“ကလန်…”

ဓားသည် တုန်ခါသွားကာ ပေ ၃၀ ခန့်အကွာသို့ လွင့်သွားပြီး ကြမ်းပြင်ပေါ်သို့ ကျသည်။

ရှုဟောင်ရှန့်က ယန်ရှောက်အား သုန်မှုန်စွာ ကြည့်ကာ ပြောသည်။

“မင်းက ရေပြာလှိုင်းဓားသိုင်းကို ဘာလို့ ဒီလို လေ့ကျင့်တာလဲ”

ဘာကြောင့်လဲ…

တုန်ယင်နေသောလက်တစ်ဖက်အား နောက်တစ်ဖက်ဖြင့် ထိန်းကိုင်ကာ ယန်ရှောက်က တီးတိုးပြောသည်။

“ကျွန်တော်တွေးတာက… ရေကန်က တည်ငြိမ်ရင် တဖြေးဖြေး လှိုင်းထန်လာလိမ့်မယ်”

“လှိုင်းထန်တဲ့အချိန်ဟာ ဓားချက်ပဲ”

“အင်း… မင်းက ရေပြာလှိုင်းဓားသိုင်းရဲ့ဒုတိယအဆင့်ကို သုံးလအကြာမှာ နားလည်ခဲ့တယ်။ ယန်ရှောက်… မင်းရဲ့ နားလည်နိုင်စွမ်းက စမ်းသပ်မှုထက် ကျော်လွန်နေတယ်”

သူ့ရှေ့မှ ယန်ရှောက်ကို ကြည့်ကာ ရှုဟောင်ရှန့်က ကျောက်စိမ်းရိုင်းတစ်တုံးအလား တန်ဖိုးထားဟန်ဖြင့် ကြည့်သည်။

ယန်ရှောက်က လက်ကို တင်းတင်းဆုပ်ကာ ရှုဟောင်ရှန့်အား ကြည့်သည်။

“ဆရာ… ရေပြာလှိုင်းဓားသိုင်းမှာ တတိယအဆင့်ရှိသေးတယ်လို့ ထင်တယ်။ ကျွန်တော်က အဲဒါကို နားမလည်သေးဘူး”

ရှုဟောင်ရှန့် တောင့်တင်းသွားသည်။

“တတိယအဆင့်…”

All Chapters