← Chapters

မင်းတို့နှစ်ယောက်သာ သနားစရာကောင်းတဲ့နည်းလမ်းနဲ့ အသက်ပျောက်ကြမှာပါ

Vol. 41 Ch. 582

မင်းတို့နှစ်ယောက်သာ သနားစရာကောင်းတဲ့နည်းလမ်းနဲ့ အသက်ပျောက်ကြမှာပါ

Vol. 41 Ch. 582

အခန်း (၅၈၂) မင်းတို့နှစ်ယောက်သာ သနားစရာကောင်းတဲ့နည်းလမ်းနဲ့ အသက်ပျောက်ကြမှာပါ

ယန်ကျန်းဟွာမသေခင် သူ့မျက်နှာက တုန်လှုပ်မှုများစွာဖြင့် ပြည့်နက်နေသည်။

ရန်ကျောက်ကဲက သူ့ကို အဘယ့်ကြောင့် သတ်ရဲပါသနည်းဆိုသည့်အချက်ကို အဖြေရှာ၍ မရနိုင်ပေ။ ထို့ပြင် ထိုလူငယ်က သူ့အ‌ဖော်များရှေ့တွင် သူ့ကို ရက်ရက်စက်က် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက သူ့ကို တိတ်တဆိတ်သတ်ဖြတ်ပြီး အသတ်ခံရမည်ကြောက်သဖြင့် အဝေးသို့ထွက်ပြေးသွားသည်ဆိုလျှင်တောင်မှ သူက အခြေအနေနှင့် အပြုအမူများကို လက်ခံနိုင်သေးသည်။

သို့သော် ရန်ကျောက်ကဲက ထိုသို့မဟုတ်ဘဲ ၊ သူ့လူများရောက်လာသည်အထိ စောင့်ပြီးမှ သူ့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။

ရန်ကျောက်ကဲဆိုသည့် လူငယ်လေးက ကောင်းကင်ဘုံကို အံတုရဲသည့်အလား သတ္တိရှိခြင်းဆိုသည်ထက် ရူးသွပ်မှုသက်သက်သာဖြစ်သည်ဟု ယန်ကျန်းဟွာ တွေးမိသည်။

“ဒီလိုအလုပ်မျိုးကို သူ ဘယ်လိုလုပ်ရဲရတာလဲ ၊ သူက ဘာကိုအားကိုးပြီး ယုံကြည်မှု ရှိနေတာလဲ ၊ သူ ဘာကြောင့် ဒီလိုလုပ်ရတာလဲ”

ယန်ကျန်းဟွာက ကွမ်းမင်တောင်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မြင့်မားသလို သတင်းအချက်အလက်များ ၊ ဗဟုသုတများ ပြည့်စုံကြွယ်ဝသူ ဖြစ်သည်။ သို့သော် ယခုတော့ သူ့စိတ်များရှုတ်ထွေးလျှက် မယုံကြည်နိုင် ဖြစ်နေရသည်။

ထိုသိုင်းသူတော်စင်ကိုယ်ပွားကြောင့် ဤလူငယ်က ယုံကြည်မှု အပြည့်ရှိနေခြင်းလား။

ဟုတ်ပေ၏။ ဤ သိုင်းသူတော်စင် ဒုတိယအဆင့် ကိုယ်ပွားက အလွန်တရာ စွမ်းအားမြင့်မားသည်သာမက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုလည်း ရှိနေသည်။

ဒါမှမဟုတ် ထူးဆန်းသည့်ဝါးကိုင်းကြောင့်လား။

ဒါလညျး ဟုတျသညျပငျ။ ယနျကနြျးဟှာဘဝတှငျ ထိုမြှ ထူးဆနျးသညျ့ရတနာပစ်စညျးမြိုး တစျခါမှ မတှေ့မွငျခဲ့ဖူးပေ။ ထိုဝါးကိုငျးက အဆငျ့နိမျ့အထှတျထိပျမှောျဝငျပစ်စည်းတစ်ခုကိုပင် အဘိုးက မြေးကိုရိုက်သည့်ပမာ ရိုက်နှက်ပစ်နိုင်စွမ်း ရှိ၏။

နဂါးချီစွမ်းအားများ ပြည့်နက်နေသည့် နန်းတော်ကြောင့်လား။

ဤနန်းတော်က ယန်ကျန်းဟွာကဲ့သို့ သိုင်းသူတော်စင် ဒုတိယအဆင့်ရှိသူတစ်ယောက်ကိုပင် အချိန်တိုအတွင်း ပိတ်လှောင်ထားနိုင်စွမ်း ရှိသည်။

သို့ပေသိ  ဤအရာများအားလုံး ပေါင်းစည်းလိုက်လျှင်တောင်မှ ရန်ကျောက်ကဲ ဤမျှ ရူးသွပ်မိုက်မဲသော ဆုံးဖြတ်ချက်ချရန် အထောက်အကူ မဖြစ်နိုင်ပေ။

ဤအရာများအားလုံး ပေါင်းစည်းလိုက်သည့်တိုင် သိုင်းသူတော်စင် တတိယအဆင့် တန်ခိုးစွမ်းအားရှင် (၃)ယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများ တဖြည်းဖြည်းစီးဆင်းထွက်နေသည်ကို ခံစားရပြီး သူ့မျက်ဝန်းများက အလင်းရောင်ကင်းမဲ့ကာ ဆုံချက်ပျောက်သွားသည်။

အသင်္ချေနဂါးနန်းတော်တံခါးမှတစ်ဆင့် သူနောက်ဆုံးမြင်ခဲ့ရသော မြင်ကွင်းမှ အဝေးတစ်နေရာ ကောင်းကင်ထက်မှ ပျံသန်းလာသည့် လူ (၃)ယောက် ပုံရိပ်သာ ဖြစ်သည်။

ထိုလူ (၃)ယောက်မှာ...

လျိုဖုန်း __ သိုင်းသူတော်စင်တတိယအဆင့်ဖြစ်ပြီး ကျင်းကျယ်ကဲ့သို့ပင် ကွမ်းမင်ဂိုဏ်း၏ တိုက်ရိုက်တပည့်မဟုတ်ဘဲ ဧည့်သည်အကြီးအကဲတစ်ယောက်ဖြစ်သည်။ သို့သော် သူ၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာနိုင်ရန် လုံလောက်သည်။

စွန်းဟောက် __ သူသည်လည်း သိုင်းသူတော်စင် တတိယအဆင့်ဖြစ်ပြီး ကွမ်းမင်ဂိုဏ်း၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သည်။ သူက ကွမ်းမင်ဂိုဏ်း၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော “နေလကျင့်စဉ်” ကို ကျင့်ကြံထားသည်။ ထိုသိုင်းပညာက ကွမ်းမင်အလင်းသိုင်းပညာနှင့် စွမ်းအားတူညီပြီး လွှမ်းမိုးနိုင်စွမ်း မြင့်မားသည်။

တိန့်စန်း __ သူက သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိပြီး ယခုရောက်ရှိလာသော သိုင်းသူတော်စင်များအားလုံးထဲတွင် အဆင့်အမြင့်မားဆုံး ဖြစ်၏။ ယန်ကျန်းဟွာ၏ ဆရာဦးလေးဖြစ်သလို ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်လည်း ဖြစ်သည်။

အရှေ့ပင်လယ်မှ ‘ရန်တိ’ ဆိုသူက သိုင်းသူတော်စင် ပထမအဆင့်မှာပင် သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူကို ကောင်းစွာယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ကောလဟလများအရ ကြားသိထားသည်။

သို့သော် ရန်ကျောက်ကဲကတော့ သိုင်းသူတော်စင် တတိယအဆင့် (၃)ယောက်ကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

မည်သို့ပင်ဖြစ်စေ ထိုအရာများအားလုံးက သူ့အတွက် အခုချိန်မှာ ဘာမှ မဟုတ်တော့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်က သူ၏ အသက်ဓာတ်စွမ်းအားများအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ မဟုတ်ပါလား။

ကျင်းကျယ်ပြီးသည့်နောက် အထက်ဘုံကမ္ဘာ ၊ ကွမ်းမင်ဂိုဏ်းမှ ဆင်းသက်လာသော သိုင်းသူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူ ယန်ကျန်းဟွာ ဝါဒတောင်ခြေရင်းတွင် အသက်ပျောက်ခဲ့ပေပြီ။

အဖြစ်အပျက်များအားလုံးကို လူတိုင်းတွေ့မြင်ခဲ့ကြသည်။

ထိုခဏတွင် ဤနေရာတွင် ရှိနေသူများအားလုံးမှာ မည်သည့်အတွေးမှ မတွေးတောနိုင်ဘဲ တုန်လှုပ်ထိတ်လန့်မှုကြောင့် ထုံပေပေပင် ဖြစ်နေကြသည်။

သို့ပေသိ ကွမ်းမင်ဂိုဏ်း၏ စွမ်းအားမြင့်မားသော ဆရာသခင် (၃)ယောက် အဝေးတစ်နေရာတွင် ထွက်ပေါ်လာကြောင်း တွေ့ရသည့်အခါ လူတိုင်း စိတ်နှလုံးများ တုန်လှုပ်သွားပြီး စိတ်လွတ်လုမတတ် ဖြစ်ကုန်ကြသည်။

ထို (၃)ယောက် ချဉ်းကပ်လာသည်နှင့် ဝါဒတောင်ပတ်ဝန်းကျင်မှ လေထုတစ်ခုလုံး တုန်ခါလာပြီး ကြီးမားသောဖိအားကြီးကြောင့် မိုးမြေတစ်ခွင် အချိန်မရွေး ပြိုကျတော့မည့်အလား ထင်မှတ်ရသည်။ ထိုဖိအားကြီးက စကြာဝဠာခံနိုင်ရည်စွမ်းကို ကျော်လွန်ပြီး ကောင်းကင်တစ်ခုလုံး ပေါက်ကွဲသွားမတတ် ဖြစ်၏။

ယန်ကျန်းဟွာ သတ်ဖြတ်ခံလိုက်ရသောြမင်ကွင်းက တိန့်စန်းတို့ (၃)ယောက် မျက်လုံးထဲ ဝင်ရောက်လာသည်။

တန်ခိုးစွမ်းအားရှင် (၃)ယောက် အလွန်တရာ အံ့အားသင့်သွားကြသည်။ ရန်ကျောက်ကဲက သူတို့ရှေ့တွင် ယန်ကျန်းဟွာကို မညှာမတ သတ်ဖြတ်ပစ်မည်ဟု ထင်မထားခဲ့ပေ။

အံ့အားသင့်သွားကြပြီးနောက် ဒေါသထွက်လာကြသည်။

င်းသူတော်စင် တတိယအဆင့် (၃)ယောက်တွင် စွမ်းအားအမြင့်မားဆုံးဖြစ်သော ယန်ကျန်းဟွာ၏ ဆရာဦ‌လေး ‘တိန့်စန်း’ က ခြေတစ်လှမ်းတည်းဖြင့် အသင်္ချေနဂါးနန်းတော်အတွင်းသို့ ရောက်ရှိလာသည်။

သူ ဖြတ်သန်းသွားသည့်အခါ ပတ်ဝန်းကျင်လေထု အပိုင်းပိုင်းပြိုကျပြီး ဝါဒတောင်ပင်မအစီအရင်မှ တောက်ပနေသော ဝိညာဉ်သင်္ကေတများမှာ အက်ကွဲပြိုကျပြီး လေထဲသို့ လွင့်ပျံပျောက်ကွယ်သွားကြသည်။

တိန့်စန်း နဂါးနန်းတော်အတွင်း ဝင်ရောက်လာသည်နှင့် နဂါးချီစွမ်းအားများက ချက်ချင်း မြင့်တက်လာသည်။

သို့သော် တိန့်စန်းတစ်ကိုယ်လုံး အလင်းရောင်များထွက်ပေါ်လာပြီး နဂါးချီစွမ်းအားများကို ဖယ်ရှားကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လက်ဝါးဖြင့် ရိုက်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား နောက်ဆုတ်သွားချိန် တိန့်စန်းက ယန်ကျန်းဟွာခန္ဓာကိုယ်ကို ဖမ်းယူလိုက်ပြီး ခန္ဓာကိုယ်အတွင်းသို့ ချီစွမ်းအားများ အဆက်မပြတ် ထည့်သွင်းလိုက်သည်။

ယန်ကျန်းဟွာ၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး အသားအရေက သွေးရောင်လွှမ်းလာသောလည်း အသက်တော့ ပြန်ရှူလာခြင်း မရှိပေ။

တိန့်စန်းမျက်နှာအမူအရာက အလွန်တရာ ဝမ်းနည်းကြေကွဲဟန်ရှိပြီး သူ၏ အစစ်အမှန်တန်ခိုးစွမ်းအားကို လှည့်ပတ်ကာ တူဖြစ်သူ အသက်ပြန်ရှင်လာစေရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

ကွမ်းမင်အလင်းသိုင်းပညာ၏ မပျက်ဆီးနိုင်သော သဘောတရားအယူအဆများနှင့် အလင်းတန်းများသည် ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံလျှက် ရှိသည်။

ကွမ်းမင်ဂိုဏ်းမှ ဧည့်သည်အကြီးအကဲ လျိုဖုန်းက အသင်္ချေနဂါးနန်းတော်အတွင်းမှ အစစ်အမှန်နဂါးစွမ်းအားများကို ခံစားရသည့်အခါ မျက်ဝန်းများတောက်ပသွားသည်။

သူက အသင်္ချနဂါးနန်းတော်အတွင်း ဝင်ရောက်လာပြီး ပင့်သက်တစ်ချက်ရှိုက်ရင်း ကျေနပ်အားရသည့်လေသံဖြင့်...

“ဒီနေရာမှာ နဂါးချီစွမ်းအားတွေ ဒီလောက်အများကြီးရှိနေတာ မယုံနိုင်စရာပဲ ၊ ဒီကမ္ဘာကို ဆင်းလာတာ အလကားမဖြစ်တော့ဘူးပေါ့”

တိန့်စန်းက ယန်ကျန်းဟွာ၏ ကျောပြင်ကို လက်ဖဝါးဖြင့် ဖိထားရင်း ခံစားချက်ကင်းမဲ့သည့် လေသံဖြင့်...

“လျိုဖုန်း... ဒီနေရာက လူတွေအကုန်လုံးကို သတ်ပစ်လိုက်”

လျိုဖုန်းက ချက်ချင်းပင် လက်ဝါးကိုမြှောက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ရိုက်ချလိုက်၏။

လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသည့် သွေးနီရောင်အလင်းတန်းများက အသင်္ချေနဂါးနန်းတော်ထဲ ချက်ချင်း ပြည့်လျှံသွားသည်။

ကြီးမားသော နဂါးနန်းတော်ကြီးသည် ပြိုလဲတော့မည့်အလား ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ရေခဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နဂါးအကြေးခွံလှံရှည်ကိုင်ဆောင်ထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မြောက်ပိုင်းသမုဒ္ဒရာလှံရှည်စွမ်းအားဖြင့် လျိုဖုန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

သို့သော် သွေးနီရောင်အလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံထားပြီး လှံရှည်ကို ပိတ်ဆို့ထားသဖြင့် အလွယ်တကူ ရှေ့မတိုးနိုင်ဖြစ်ရသည်။

ကြောက်မက်ဖွယ်ရာ သွေးနီရောင်အလင်းတန်းများက ရေခဲချပ်ဝတ်ကို ဖိနှိပ်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို နောက်ဆုတ်သွားစေသည်။ တစ်ဆက်တည်းပင် သိုင်းသူတော်စင်ကိုယ်ပွား၏ ဦးခေါင်းထက်မှ ရေခဲပင်လယ်ပြင်က သွေးနီရောင်လွှမ်းသွားသည်။

ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း...

“ငါ့ကိုယ်ပွားက အဖေနဲ့တောင် ကောင်းကောင်းယှဉ်နိုင်စွမ်းရှိတယ်”

လျိုဖုန်းသည်လည်း လေးစားသမှုဖြင့် သက်ပြင်းချလိုက်မိ၏။

“ကောင်းလိုက်တဲ့ လှံရှည်သိုင်းပညာ ၊ တကယ် အရည်အချင်းရှိတယ် ၊ ဒါပေမဲ့ စိတ်မကောင်းစရာက မင်းက အခြေအနေကို နားမလည်ဘူး ၊ တကယ်ဆို မင်းမှာရှိတဲ့ ထူးကဲယန်စည်းတံဆိပ်ကို ကွမ်းမင်ဂိုဏ်းကို ပေးအပ်လိုက်မယ်ဆိုရင် မင်းအနာဂတ်ကောင်းမွန်လာဖို့ အလားအလာရှိတယ် ၊ အခုတော့ မင်းက ကွမ်းမင်ဂိုဏ်းက အကြီးအကဲတစ်ယောက်နဲ့ ဧည့်သည်အကြီးအကဲတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ် ၊ မင်းကို ဘယ်သူမှ ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်း မရုန်းကန်ဖို့ အကြံပေးချင်တယ် ၊ ဒီအဘိုးကြီးလက်ထဲ အသေခံမယ်ဆိုရင် ကောင်းကောင်း သေနိုင်သေးတယ် ၊ အကြီးအကဲ’တိန့်စန်း’ လှုပ်ရှားပြီဆိုရင်တော့ ဒီထက် သနားစရာကောင်းတဲ့နည်းလမ်းနဲ့ မင်း အသက်ပျောက်သွားလိမ့်မယ်”

ထို့နောက် သူ့လက်ဖဝါးမှ ထွက်ပေါ်လာသော သွေးနီရောင်အလင်းတန်းများဖြင့် ရိုက်ခတ်ခံရကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား နောက်သို့ လွင့်ထွက်သွားပြီး ရေခဲချပ်ဝတ်က ညည်းတွားမြည်တမ်းသံတစ်သံ ထုတ်လွှတ်လိုက်သည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တုန်လှုပ်သွားခြင်း မရှိပေ။

သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးလျှက် အပြုံးတစ်ချက် ပေါ်လာ၏။

“ငါ့အတွက် စိတ်မပူပါနဲ့ ၊ မင်းတို့တွေသာ သနားစရာကောင်းတဲ့နည်းလမ်းနဲ့ အသက်ပျောက်ကြမှာပါ”

“ဟင်...”

ထိုအချိန် တိန့်စန်းရော လျိုဖုန်းပါ မျက်နှာပျက်သွားကြသည်။

အသင်္ချေနဂါးနန်းတော်တံခါးက ရုတ်တရပ် ပိတ်သွားသောကြောင့် ဖြစ်၏။

မရေမတွက်နိုင်အောင် ရှုတ်ထွေးလျှက်ရှိသည့် အချိန်နှင့်ဗလာနယ်အာကာသ အလွှာများ ရုတ်တရက် ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကမ္ဘာငယ်များ တစ်ခုနှင့်တစ်ခု ထပ်တူကျနေသည့်ပမာ နန်းတော်ထဲတွင် ပုံရိပ်ယောင်မြင်ကွင်းများ ထွက်ပေါ်လာသည်။

ထိုသို့ရောထွေးနေသည့် အချိန်နှင့် ဗလာနယ် အလွှာများအတွင်းမှ မင်ရည်များကဲ့သို့ နက်မှောင်နေသော ကြောက်မက်ဖွယ်ရာ အနက်ရောင်ချီများ ထွက်ပေါ်လာ၏။

အလွန်တရာပြင်းထန်သော မရဏချီများ လွန်ကဲစွာ ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ်ရာအတိ အဖျက်စွမ်းအားများက အသင်္ချေနဂါးနန်းတော်တစ်ခုလုံး ပြည့်လျှံသွားသည်။

မရဏချီများသည် ကောင်းကင်ဘုံကိုပင် သုတ်သင်ပစ်တော့မည့်အလား အရှိန်အဟုန်ဖြင့် တိန့်စန်နှင့် လျိုဖုန်းဆီသို့ ဒီရေပမာ တိုးဝင်လာသည်။

လျိုဖုန်းက...

“ဒီလောက်ကြီးမားတဲ့ မရဏချီတွေ ဘယ်လိုလုပ် ရှိနေရတာလဲ ၊ ဒီလောက်ပြင်းထန်တဲ့ အဖျက်စွမ်းအားက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်”

လျိုဖုန်းရော တိန့်စန်းပါ အကြီးအကျယ် မျက်နှာပျက်သွားကြ၏။

တိန့်စန်းက...

“ဒါက... ဒီနေရာမှာရှိနေတဲ့ နဂါးချီတွေက နဂါးမျိုးနွယ်တွေ သေဆုံးပြီးတဲ့နောက်မှ စုစည်းထားတဲ့ နဂါးချီတွေပဲ ၊ ဒါကြောင့် နဂါးချီတွေအပြင် အဆုံးမရှိတဲ့ မရဏချီတွေလည်း အတူတူ ရှိနေကြတာ ၊ ဒီလောက်ပြင်းထန်ရအောင် နဂါးအစစ် ဘယ်‌လောက်တောင် သေခဲ့ကြတာလဲ”

ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အသင်္ချေနဂါးနန်းတော်မှ ဘယ်အချိန်ထွက်ခွာသွားမှန်းမသိဘဲ သဲလွန်စမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲက ကျယ်လောင်စွာ ရယ်မောရင်း...

“ဒီနေရာက မရဏချီတွေက အမြဲတမ်းလျှို့ဝှက်ထားတဲ့ အန္တရယ်တွေပဲ ၊ အဲဒီ မရဏချီတွေကို ငါ့လက်ငါ့ခြေနဲ့ သန့်စင်လို့ မရဘူး ၊ မရဏချီတွေရှိနေတဲ့အတွက် ငါလည်း နဂါးစွမ်းအားတွေကို လိုသလို အသုံးပြုလို့ မရနိုင်ဘူးဖြစ်နေတာ ၊ ဒါကြောင့် ငါ့ကိုယ်စား ဒီကပ်ဘေးကြီးကို ဘယ်သူရင်ဆိုင်ပေးမလဲ စောင့်နေတာ ၊ အခုတော့ မင်းတို့နှစ်ယောက် ခံလိုက်ပေါ့”

All Chapters