← Chapters

အမှန်တရား

Vol. 29 Ch. 397

အမှန်တရား

Vol. 29 Ch. 397

အခန်း (၃၉၇) : အမှန်တရား

ဝမ်ဝေ့က မျောလွင့်နေသည့် သတ္တုလုံးနှစ်ခုကို သူ့ခန္ဓာကိုယ်အတွင်း စုပ်ယူလိုက်သည်နှင့် သူ့အနောက်ဘက်တွင် ဧရာမပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်နှစ်ခုက သူ့အဘိုးနှင့် အဖေ ဖြစ်၏။

ထိုမီးခိုးရောင် သတ္တုလုံးနှစ်ခုက ကံကြမ္မာခိုးယူရေး နည်းစနစ်၏ ပုံစံတစ်ခု ဖြစ်၏။ ထိုအရာသည် တခြားတစ်ယောက်၏ ကံကြမ္မာကို ပုံတူပွားခြင်း သို့မဟုတ် သိုလှောင်ထားခြင်းဖြင့် ဝမ်ဝေ့က သူတို့၏ စွမ်းရည်ကို ယာယီအသုံးပြုနိုင်ခွင့် ပြုထားသည်။

သူ သိထားသော အားအကောင်းဆုံး လူနှစ်ယောက်အနေဖြင့် ဝမ်ဝေ့က သူတို့၏ ကံကြမ္မာကို ပုံတူပွားခဲ့သည်။ သူက ထိုနည်းစနစ်ကို ဖန်တီးစဉ် သူ့ဇနီးဖြစ်သူ၏ ဤကံကြမ္မာကိုလည်း ပုံတူပွားလိုခဲ့သော်လည်း သူမက အရမ်းအားကောင်းလွန်းနေသည့်အတွက် သူ့အနေနှင့် မတတ်နိုင်ခဲ့ပေ။

ထို့အပြင် ထိုနည်းစနစ်သည် အချိန်၊ အကြောင်းအရာနှင့် ပုံတူပွားခံရသည့်လူများဆီမှ အကူအညီများ လိုအပ်ပေသည်။ ထို့အပြင် အသုံးပြုသူနှင့် ရင်းနှီးသူများဖြစ်လျှင် ပို၍ အလုပ်ဖြစ်သည်။

ထိုပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်နှင့် သူ့ ရုပ်ရည်သွင်ပြင်ကလည်း ပြောင်းလဲသွားပြီး သူ့အဖေနှင့် အဘိုးက ပေါင်းစပ်သွားသလိုမျိုး ဖြစ်၏။ ဤနည်းဖြင့် ခြေထောက်အောက် ကံကြမ္မာမြစ်ကြောင်း ထားရှိကာ ပလ္လင်ပေါ်တွင် ထိုင်နေသည့် ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။

သူ့ဝတ်ရုံက ရွှေရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားပြီး သူ့အနေအထားက ပိုမို လွှမ်းမိုးနိုင်စွမ်း ကောင်းလာသည်။ သူက သူ့လမ်းရှိလူအားလုံးကို ဦးညွှတ်စေကာ နာခံစေဖို့ အတင်းအကြပ် ဖိအားပေးနေသည့် အာဏာရှင်တစ်ယောက်လို ဖြစ်၏။ သူ့လက်ထဲတွင် နဂါးနှင့် ဇာမဏီပုံစံများဖြင့် ပြည့်နှက်နေသည့် ဓားလှလှတစ်ချောင်း ရှိနေသည်။ ထိုဓားရိုးလက်ကိုင်ပေါ်တွင် ကောင်းကင်ဟု ရေးထွင်းထားလေ၏။

ထို့နောက် ထိုအမြင်အာရုံ ရုပ်လွှာအတွင်း ဝမ်ဝေ့က အသင်္ချေကမ္ဘာနှင့် မျိုးနွယ်များကို အုပ်စိုးထားသည့် သူ့ကမ္ဘာမှ ထရပ်လိုက်သည်။

ဓားစည်းချက်သံက မိုးမြေအနက်ပျံ့နှံ့သွားကာ စကြဝဠာထက်ပင် ကြီးမားသည့် ဓားချီတစ်ခုက ကောင်းကင်တွင် စုစည်းလာသည်။ ထိုအမြင်အာရုံ ရုပ်လွှာက နောက်ဆုံးတွင် ဓားချက်ဖြင့် ခုတ်ချလိုက်သည်။

အကြွင်းမဲ့ ကံကြမ္မာ ပိုင်းဖြတ်ခြင်း

နာမည်အတိုင်း ထိုဓားချက်က အကြွင်းမဲ့ ဖြစ်ပြီး လမ်းတွင်ရှိသည့်အရာ ဘာမဆို ဖြတ်တောက်ပစ်မည် ဖြစ်၏။ ထိုအရာကို ရပ်တန့်မရနိုင်ပေ။

တိထျန်းက ထိုဓားချက် သူ့ဆီ ကျရောက်လာသည်ကို ကြည့်ရင်း တွေးလိုက်မိသည်။

ဒီဝမ်ထျန်းရဲ့ ပါရမီက ဓားဧကရီနဲ့ ယှဉ်လို့ရတာပဲ

သူ့ဘဝတစ်လျှောက်လုံးတွင် ထာဝရဧကရာဇ်သုံးပါးက သူ့အား အနိုင်ယူခဲ့သည်။ ထိုသုံးယောက်အနက် ဓားဧကရီထံ ရှုံးနိမ့်ခြင်းက သူ့အပေါ် သက်ရောက်မှုအရှိဆုံး ဖြစ်ခဲ့သည်။

အကြောင်းမှာ သူသည် အလွယ်တကူ ရှုံးနိမ့်သွား၍ ဖြစ်သည်။ သူမ၏ ဝါးတုတ်လေးကို ဝှေ့ယမ်းလိုက်မှုဖြင့် တိထျန်း၏ ခန္ဓာနှင့် ဝိညာဉ်က ပျက်သုဉ်းသွားခဲ့ရသည်။ ထို့ကြောင့် သူ့အမှားမှ သင်ယူထားသည့်သူ တစ်ဦးအနေဖြင့် သူ့ ရှည်ကြာလှသည့်ဘဝတွင် ဓားရေးကို လေ့လာခဲ့သည်။

သူက အိပ်စက်သူများမှတဆင့် ကမ္ဘာအနှံ့မှ ဓားကျမ်းများကို စုစည်းခဲ့ပြီး ဓားဧကရီ၏ ကောင်းကင်ပိုင်းဖြတ်ခြင်းကျမ်းလည်း အပါအဝင် ဖြစ်၏။ ထို့ကြောင့် ထိုနယ်ပယ်တွင် သူ့အောင်မြင်မှုက အတော်အတန် မြင့်မားပေသည်။

သူ့ပါရမီက သူမနှင့် ဝမ်ထျန်းလောက် မယှဉ်နိုင်လျှင်ပင် သူ၏ နှစ်များစွာ လေ့လာမှုက လုံလောက်သည်ထက် ပိုပေသည်။ ထို့ကြောင့် သူ့လက်တွင် လှံသဏ္ဌာန်လက်ဝါးချပ် ပေါ်ထွက်လာပြီးသည့်နောက် ထိုကောင်းကင်ပိုင်းဖြတ်ခြင်း တိုက်ကွက်ကို ဖျက်ဆီးဖို့အတွက် အားကောင်းသည့် ရိုက်ချက်ကို ထုတ်လွှတ်လိုက်သည်။

ကံဆိုးစွာဖြင့် တိထျန်းက ထိုဓားချက်၏ စွမ်းအားကို လျှော့တွက်ထားဟန်ပေါ်သည်။ ဤသည်က ဝမ်မျိုးနွယ်၏ မျိုးဆက်သုံးခု ပေါင်းစပ်ထားခြင်း ဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ကိုယ်စားပြုလေသည်။

ဝမ်ချန်က အတိတ်ဖြစ်ကာ ဝမ်ထျန်းက ပစ္စုပ္ပန် ဖြစ်ပြီး ဝမ်ဝေ့ကမူ အနာဂတ် ဖြစ်၏။ ထို့ကြောင့် ထိုတိုက်ကွက်တွင် အချိန်စွမ်းအားလည်း ပါဝင်နေသည်။

ထိုတိုက်ကွက်နှစ်ခု ထိပ်တိုက် တွေ့ဆုံသည့်အခါ တိထျန်းက သူ့ခန္ဓာကိုယ်အပေါ် ကျရောက်လာသည့် အားကောင်းသည့် ဖိအားကို ခံစားမိလိုက်သည်။ ထို့အပြင် ထိုဖိအားက အချိန်ကို နှောင့်နှေးသွားစေပြီး သူ့အပြုအမူနှင့် တွေးခေါ်နှုန်းကိုပင် အင်မတန် နှေးကွေးတုံ့ဆိုင်းသွားစေသည်။

တိထျန်းက အချိန်တာအိုအပေါ် နားလည်နိုင်စွမ်းဖြင့် ထိုတိုက်ကွက်အပေါ် အလျင်အမြန် ပယ်ဖျက်လိုက်သော်လည်း ဓားချက်၏ စွမ်းအားအကုန်တော့ မဟုတ်ပေ။ ထိုအရာက လူသုံးယောက် သို့မဟုတ် ပုံသဏ္ဌာန်သုံးခု ပေါင်းစပ်ထားသည့်အလား ဖြစ်၏။

ဤသည်က ဝမ်ဝေ့၏ စံပြအရည်အသွေး ဝိညာဉ်မှ တိုးမြှင့်ပေးထားသည့် အားကောင်းသည့် သက်ရောက်မှုလည်း ပါဝင်နေသည်။

တိထျန်းက စိတ်ရှုပ်ထွေးသွားစဉ် မျက်လုံးများက ပြာနှမ်းသွားသည်။ သူက လက်မြှောက်ကာ လေဟာနယ်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်၏။ သူ့အနေနှင့် အချိန်အတော်အကြာမှ သူ့ဘဝတွင် ပထမဆုံး ပြုံးခဲ့ဖူးခြင်း ဖြစ်ပေသည်။ ထိုအရာက အတော်အတန် လှပသည်။

“ နဉ်အာ” သူက ပြုံးရင်း ရေရွတ်လိုက်မိသည်။ သူ့ မျက်နှာအထက် မျက်ရည်စီးကြောင်းနှစ်ခု ပေါ်ထွက်လာလေ၏။ ဓားစက်က သူ့ခန္ဓာကိုယ်ကို ထိပြီးသည့်နောက်တွင် ၃၀ စင်တီမီတာအနက်ရှိသည့် ဒဏ်ရာတစ်ခု ဖန်တီးခဲ့သည်။ သို့သော် သူက မတုံ့ပြန်ခဲ့ပေ။

ငါတော့ အချိန်မရှိတော့ဘူး …

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက သူဖန်တီးထားသည့် ဝှက်ဖဲတစ်ခုသည် အနည်းငယ် ပျက်စီးသွားကြောင်း သတိထားမိလိုက်ကာ မည်မျှအန္တရာယ်ကြီးကြောင်း သိလိုက်သည်။

သူက ချက်ချင်းဆိုသလို ဤကမ္ဘာ၏ ကံကြမ္မာမြစ်ကြောင်းနှင့် ဆက်နွယ်နေသည့် ကံကြမ္မာကောင်းကင်မျက်လုံးကို အသက်သွင်းလိုက်သည်။ ထို့နောက် သူက တစ်ဖန် ခုတ်ချလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူ့တိုက်ကွက်က မြစ်ကြောင်းကို ဖြစ်၏။

ထိုတိုက်ကွက်တစ်ခုတည်းဖြင့် သူက ကံကြမ္မာမြစ်ကြောင်းကို ပင်မမှ ဖြတ်ထုတ်နိုင်လိုက်သည်။ တိုက်ပွဲအတွင်း ထိုမြစ်ကြောင်း၏ စွမ်းအားကို အသုံးပြုနေစဉ် ဝမ်ဝေ့က ကံကြမ္မာနှင့် ပတ်သက်ပြီး အသစ်အဆန်းတစ်ခုကို သင်ယူခဲ့ရသည်။

ကံကြမ္မာမြစ်ကြောင်းကို အဓိကပင်မ မြစ်အဖြစ် သတ်မှတ်နိုင်လေသည်။ ထိုအရာက တည်ရှိမှုထဲ သက်ရှိအားလုံး၏ သတင်းအချက်အလက်များလည်း ပါဝင်ပေသည်။

သို့သော်လည်း သေချာစီမံကြည့်ပါက ပင်မကို လာဆက်နွယ်ထားသည့် မြစ်လက်တက် အသေးလေးများစွာ ရှိနေပြီး မြစ်ခွဲများစွာ ဖန်တီးထားလေသည်။ အဆုံးမဲ့လေဟာနယ်အတွင်း ကမ္ဘာတစ်ခုချင်းစီသည် ကံကြမ္မာမြစ်လက်တက် တစ်ခု ဖြစ်၏။ ကမ္ဘာ၏ စွမ်းအားအပေါ် မူတည်၍ မြစ်လက်တက်သည် မတူညီသည့် စွမ်းအားမျိုး ရှိလိမ့်မည်။

ထိုတိုက်ကွက်ဖြင့် ဝမ်ဝေ့က ပင်မနှင့် ဆက်နွယ်ထားသည့် ထိုမြစ်လက်တက်အား ဖြတ်တောက်လိုက်သည်။ ထို့နောက် သူက မြစ်လက်တက် တစ်ခုလုံးကို စုပ်ယူလိုက်ပြီး သူ့အင်အားကို တိုးမြှင့်လိုက်သည်။

ထို့နောက်တွင် သူက တတိယအကြိမ် ခုတ်ချပစ်ဖို့ တုံ့ဆိုင်းမနေပေ။ ကံဆိုးစွာဖြင့် တိထျန်းကလည်း နိုးထလာပြီ ဖြစ်၏။ ဝမ်ဝေ့၏ ဝိညာဉ်က သူ့အား အရည်အသွေးအားဖြင့် ကျော်လွန်နေသော်လည်း ပမာဏဖြင့် ပတ်သက်လာသည့်အခါ တိထျန်းကို မယှဉ်နိုင်သေးပေ။

ဆယ်ဘဝနှင့် ပြန်လည်ဝင်စားခြင်း ကိုးကြိမ် နေထိုင်လာပြီးသည့်နောက်တွင် သူ့ဝိညာဉ်၏ ပမာဏက အံ့မခန်း ဖြစ်၏။ ထို့ကြောင့် သူက ပုံရိပ်ယောင်မှ ချိုးဖောက်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် သတ်ဖြတ်ငွေ့တစ်ခု ထွက်ပေါ်လာပြီး သူ့ဒဏ်ရာများက ချက်ချင်းဆိုသလို ပြန်ကောင်းသွားလေသည်။ သူ့ခန္ဓာကိုယ်မှ သွေးဆာမှုတို့က မရှိတော့ပေ။

သံသရာကိုးပါး လက်သီး - အဝါရောင်စမ်းချောင်း

တိထျန်းက လက်သီးဖြင့် ထိုးချလိုက်သည့်အခါ လေဟာနယ်အတွင်း အဝါရောင် မြစ်ကြောင်းတစ်ခု ပုံပေါ်လာသည်။ ထိုအရာက ဝမ်ဝေ့ဆီ စီးဝင်သွားကာ သူ့တိုက်ကွက်အား အလွယ်တကူ ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် သူ့အမြင်အာရုံ ရုပ်လွှာက တစ်စစီဖြစ်ကာ သွေးအန်သွားစေသည်။

ထို့နောက် ထိုအရာက သူ့အား လွှမ်းခြုံသွားသည်။

ဝမ်ဝေ့က ချက်ချင်းဆိုသလို သူ့ကမ္ဘာဦးစိတ်ဝိညာဉ် ဆေးကြောခံရသည်ကို ခံစားမိလိုက်သည်။ သူ့မှတ်ဉာဏ်၊ ဇစ်မြစ်၊ စရိုက်၊ စိတ်နှင့် စိတ်ဝိညာဉ်တို့ပင် အသက်မပါသည့် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်နေသည်ကို ခံစားမိလိုက်၏။

ဝမ်ဝေ့က ထိုတိုက်ကွက်သည် ပြန်လည်မဝင်စားခင် ယခင်ဘဝ၏ မှတ်ဉာဏ်များကို ဆေးကြောပစ်သည့် အတွေးအခေါ်အပေါ် မူတည်ထားသည်ကို သိလိုက်သည်။ သို့သော် ပို၍ ရက်စက်ပေသည်။ စက္ကန့်ပိုင်းအတွင်း သူက အခွံတစ်ခုမျှသာ ဖြစ်သွားသည်။

ထို့ကြောင့် သူက စိတ်ဝိညာဉ်အများစုကို စုစည်းကာ သူ့ခန္ဓာကိုယ်အား ဖောက်ခွဲပစ်လိုက်သည်။ သူ့ အပြုအမူများအား တုံ့ဆိုင်းနေခြင်း မရှိပေ။

ဝုန်း

သူ့ကိုယ်သူ ဖောက်ခွဲပစ်မှုက သူ့အား ချုပ်နှောင်ထားသည့် မြစ်ကြောင်းမှ လွင့်ထွက်သွားစေသည်။ ထိုစဉ် ပေါက်ကွဲမှုအတွင်း ရှင်သန်သည့် သွေးစက်များစွာတစ်ခုတွင် ခန္ဓာကိုယ်အသစ် ချက်ချင်း ဖြစ်ပေါ်လာသည်။ ကံဆိုးစွာဖြင့် ကျန်ရှိနေသည့် သူ့ စိတ်ဝိညာဉ်အမှုန်များကမူ မှေးမှိန်သွားလေသည်။

ဝမ်ဝေ့က သူ့ ခန္ဓာကိုယ်ပြန်ကောင်းလာသည်နှင့် တိထျန်းက သူ့အနားတွင် ပေါ်လာကာ ထပ်မံ ထိုးချလိုက်ပြန်သည်။ ထို့နောက် ဆက်တိုက်သေဆုံးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းတို့က ထပ်ကာထပ်ကာ ဖြစ်ပေါ်နေသည်။

တစ်မိနစ်အတွင်း ဝမ်ဝေ့က အကြိမ်ရာချီ သေဆုံးသွားပြီး ပြန်လည်ရှင်သန်လာခဲ့ပြီ။ သူ့ကိုယ်ပိုင် ပြန်လည်ကောင်းမွန်နိုင်စွမ်းအပေါ်သာ မှီခိုထားသည်။ ထိပ်တန်းကောင်းကင်ရွေးချယ်ခံ အယောက် ၃၀စီ ချီးမြှင့်ထားသည့် မသေနိုင်စွမ်းနှင့် မတူဘဲ သေဆုံးရသည့် ဖြစ်စဉ်က နာကျင်လွန်းလှသည်။

အဆုံးမဲ့ ရှည်ကြာဟန်ပေါ်သည့် အမှောင်ထုအတွင်း ဝင်ရောက်ရသည်က ကြောက်မက်ဖွယ်ရာ အရာတစ်ခု ဖြစ်၏။ ကျင့်ကြံသူအများစုသည် စိတ်ဖောက်သွားပြီး သူတို့၏ တာအိုနှလုံးသား ကြေကွဲသွားလောက်ပြီ ဖြစ်သည်။ သို့သော်လည်း ဝမ်ဝေ့ကမူ မျှော်နန်းဆောင်၏ စစ်ဆေးမှုအတွင်း ဆက်တိုက် သေဆုံးခဲ့သည်ကို အသားကျနေပြီ ဖြစ်၏။ ထို့ကြောင့် သူ့စိတ်ဆန္ဒက သေမျိုးများ ခံယူနိုင်သည့်ထက် ကျော်လွန်အောင် လေ့ကျင့်ထားပြီးသား ဖြစ်၏။

တိထျန်းက ရုတ်ချည်းဆိုသလို မျက်မှောင်ကြုတ်ကာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်၏။ သူ့စွမ်းရည်ဖြင့် သူသာ တုယီနယ်ပယ်၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနေသရွေ့ တစ်ဖက်လူအား ချက်ချင်းသတ်နိုင်မည်ဖြစ်ကာ ပြန်လည်ကောင်းမွန်ခြင်းကိုလည်း တားဆီးနိုင်လိမ့်မည်။ သို့သော်လည်း သူက ထိုသို့မလုပ်ခဲ့ပေ။

ထိုအစား သူက တစ်ဖက်လူအား ဆက်တိုက်ဆိုသလို အသက်ရှင်ဖို့ အခွင့်အရေးပေးကာ ကစားနေခဲ့သည်။ တိုက်ပွဲတစ်ခုလုံးကို တွေးမိကာ တိထျန်းက သူသည် မူလရည်မှန်းချက်နှင့် သွေဖယ်ကာ သတ်ဖြတ်သည့် တိုက်ကွက်ကို ထုတ်မသုံးခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။

တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပြီးသည်နှင့် သူက မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ထဲတွင် ခဲဖြူရောင် ကြိုးမျှင်တစ်ခုက ဝန်းရံထားသည်ကို မြင်လိုက်ရသည်။ သူက ထိုအရာကို ဖယ်ရှားကာ ဖျက်ဆီးပစ်လိုက်၏။

ကံကြမ္မာ အနှောင်အဖွဲ့လား… ဒါက သူ့ရဲ့ပင်ကိုစွမ်းရည်လား။

သူက တီးတိုး ရေရွတ်လိုက်သည်။ သူက ကျီစုန့်နှင့် ဝမ်ဝေ့တို့၏ တိုက်ပွဲအတွင်း ထိုစွမ်းရည်ကို မြင်ခဲ့ဖူးလေသည်။ သူက မှတ်တမ်းများအပေါ် အခြေခံ၍ ထိုအကြောင်းကို လေ့လာခဲ့ဖူးသည်။

သူ့ကိုယ်သူ တွေ့ကြုံပြီးသည့်နောက်တွင် ထိုအရာက ဘာလဲဆိုတာကို သတိပြုမိသွားသည်။

ဝမ်ဝေ့က သူ့စိတ်အပေါ် အတားအဆီးတစ်ခု၊ သို့မဟုတ် အနှောင်အဖွဲ့တစ်ခု ထားရှိလိုက်ခြင်း ဖြစ်၏။ အတိအကျဆိုရလျှင် သူ၏ တွေးခေါ်နှုန်းပေါ်  ဖြစ်သည်။

တစ်ဖက်လူက ငါ့ထက် အားနည်းပြီးတော့ ခြိမ်းခြောက်မှု မဖြစ်နိုင်ဘူး။ ဒီတိုက်ပွဲအတွင်းမှာ ငါက သူ့ကို ကစားနိုင်တယ် ဆိုသော အတွေးမျိုးဖြစ်၏။

ထိုအကြောင်းအရင်းကြောင့် တိထျန်းက ဝမ်ဝေ့ကို ချက်ချင်းသတ်ပစ်ဖို့ မလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုအကြောင်းအရင်းကြောင့် တိထျန်းက တစ်ဖက်လူနှင့် စကားပြောကာ ပြန်လည်ရှင်သန်ဖို့ အချိန်ပေးပြီး သတင်းအချက်အလက်များပင် ပေးခဲ့သေးသည်။

တိထျန်းက ဝမ်ဝေ့အားကြည့်ကာ “ မင်းက ငါ့အပေါ် ဘယ်တုန်းက ထားလိုက်တာလဲ”

“ မင်း ပေါ်ပေါ်လာချင်းတုန်းက မင်း မျက်လုံးကို စိုက်ကြည့်လိုက်တယ်။” ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်သည်။

ဝမ်ဝေ့က တစ်ဖက်လူ၏ စိတ်ကို လွှမ်းမိုးဖို့အတွက် အနှောင်အဖွဲ့ သို့မဟုတ် အတားအဆီး ချမှတ်ဖို့ ညင်သာသည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ တိထျန်း ပေါ်ထွက်လာသည်နှင့် သူ့အလိုလိုသိစိတ်က ထိုတိုက်ပွဲတွင် ကျရှုံးသွားနိုင်ကြောင်း သတိပေးနေသည်။ ထို့ကြောင့် သူက သူ့နည်းစနစ်အား အသုံးပြုကာ သူက အသက်ရှင်နိုင်မည့် အခွင့်အလမ်းကို ပေးစေလိုခဲ့သည်။

အင်အားကွာခြားချက်ကြောင့် ထိုအရာကို လုပ်ဆောင်ဖို့ ခက်ခဲသော်လည်း သူ့ဝိညာဉ်ကြောင့် အောင်မြင်ခဲ့ဆဲ ဖြစ်၏။ ထိုနည်းစနစ်သည် လက်ခံသူအား ဘာမှမထိခိုက်စေဘဲ အလွန်ညင်သာသောကြောင့် အောင်မြင်ဖို့ လွယ်ကူပြီး တန်ပြန်သက်ရောက်မှုကို တားဆီးနိုင်လေသည်။

သို့သော်လည်း ဝမ်ဝေ့က ရှာဖွေတွေ့ရှိခံရဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်ကြောင်း သိလေသည်။ ကံဆိုးစွာဖြင့် ထိုအချိန်က ကျရောက်လာခဲ့ပြီ ဖြစ်၏။ ထို့အပြင် ဝမ်ဝေ့က ရှုံ့တွကာ အိုမင်းလာသည့် သူ့လက်ကို ကြည့်လိုက်မိသည်။ သူက အချိန်မရှိတော့ပြီ ဖြစ်ကြောင်း သိလိုက်သည်။

All Chapters