← Chapters

ပျက်ကိန်း

Vol. 29 Ch. 402

ပျက်ကိန်း

Vol. 29 Ch. 402

အခန်း (၄၀၂) : ပျက်ကိန်း

ဝမ်ဝေ့၏ အာရုံကို ဖမ်းစားသွားသည့်တစ်ခုမှာ သူ့တွင် ဝူဟုန်နှင့် ဆက်နွယ်နေသည့် ကံကြွေးကြိုးမျှင် မရှိခြင်း ဖြစ်၏။ သူက မည်မျှပင် ရှာစေကာမူ တစ်ခုမှ ရှာမတွေ့ပေ။ သို့သော်လည်း သူတို့က ကံကြမ္မာအရ ဆက်နွယ်နေသေးသည်။ ထို့ကြောင့် ကံကြွေးသက်ရောက်မှု မခံရကြောင်း ကောက်ချက်ချလိုက်သည်။ ပြောရလျှင် ကံကြွေးကြိုးမျှင်နှင့် ကံကြမ္မာကြိုးမျှင်ကြား ကွဲပြားမှုအနည်းငယ်တော့ ရှိ၏။

သူတို့ကို ဆက်နွယ်နေသည့် ကြိုးမျှင်က လက်တွဲဖော်၊ ကံပါသည့် ချစ်သူ အစရှိသဖြင့် ဖြစ်သည်။ ဝမ်ဝေ့က ရုတ်ချည်းဆိုသလို မျက်မှောင်ကြုတ်လိုက်သည်။ သူက နောက်ထပ် ကံကြမ္မာလက်တွဲဖော် ကြိုးမျှင်ကို တွေ့ရှိလိုက်ရသည်။ သို့သော်လည်း သူမ မည်မျှ ရှာစေကာမူ ထိုကြိုးမျှင်ဆီမှ မည်သူနှင့် ဆက်နွယ်နေကြောင်း မပြောနိုင်ပေ။

ငါက မောင်းမဆောင် ရှိရမဲ့လူဆိုတာ သိတယ် ဟား…ဟား…ဟား… ထားလိုက်ပါတော့ ငါ ဒီကြိုးမျှင်ကို ဖြတ်ရဖို့ နည်းလမ်းရှာရမယ်။

သူ ထိုအရာကို ရှာတွေ့သည်နှင့် သူ့ ပထမဆုံး အလိုလိုသိစိတ်က ထိုအရာကို ဖြတ်တောက်ပစ်ဖို့ ဖြစ်၏။ သို့သော်လည်း သူ ကျရှုံးသွားလေသည်။

ဝမ်ဝေ့က သူ ကျရှုံးသွားရသည့် အကြောင်းအရင်းမှာ သူ လုံလုံလောက်လောက် အားမကောင်းသေးသလို ကံကြမ္မာအပေါ် နားလည်နိုင်စွမ်းလည်း မနက်နဲသေးဘဲ သူနှင့် တခြားသူ၏ ဆက်ဆံရေးက ဖြတ်တောက်ဖို့အတွက် အလွန်နက်နဲနေခြင်းကြောင့် ဖြစ်မှန်း သိကာ ခေါင်းအသာယမ်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူက ထိုကြိုးမျှင်ကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ထားသည်။ သူက ဝူဟုန်ကို သစ္စာရှိ၍သာမက ကံကြမ္မာဆုံးဖြတ်ထားသည့် သူ့အချစ်ရေးနှင့် ပတ်သက်ပြီး မပျော်ရွှင်၍ဖြစ်သည်။

သူ့အနေနှင့် ဝူဟုန်အတွက် ခြွင်းချက် လုပ်ထားသည်ကပင် ကိစ္စအကြီးကြီး ဖြစ်နေလေပြီ။ နောက်ထပ် ဒုတိယလူ မလိုချင်တော့ပေ။

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့ ဉာဏ်အလင်းပွင့် ပြီးဆုံးသွားသည်နှင့် ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည်။

“ ထွက်သွားဖို့ အချိန်ကျပြီ”

“ အမှန်ပဲ။ ဒါပေမဲ့ ကမ္ဘာရဲ့ အရင်းအမြစ်က တိုက်ပွဲအတွင်းမှာ ပျက်စီးသွားတာ နှမြောစရာပဲ” ဝမ်ချန်က ပြောလိုက်စဉ် တခြားသူများကလည်း သူနှင့် သဘောတူကြသည်။ နာမည်အတိုင်း ကမ္ဘာ့အရင်းအမြစ်သည် ကမ္ဘာ၏ အခြေခံစွမ်းအား ဖြစ်၏။

ထိုအကြောင်းအရင်းကြောင့် အဆုံးမဲ့လေဟာနယ်အတွင်း ကမ္ဘာများက ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။ ကမ္ဘာက ပိုမိုအားကောင်းလေလေ အရင်းအမြစ်က ပိုမိုကြီးလေလေဖြစ်၏။

ကျင့်ကြံသူများ၏ တိုက်ပွဲက မည်သည့်ကမ္ဘာမဆို ပျက်စီးသွားနိုင်သည်။ သို့သော်လည်း ကမ္ဘာအားလုံးက သူတို့၏ ကမ္ဘာအရင်းအမြစ်ကို အသုံးပြုကာ ကျင့်ကြံသူများကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကို ကောင်းမွန်အောင် လုပ်လိမ့်မည်။ ဤသည်က ကမ္ဘာအများစု ပျက်စီးသွားသည့်နောက်တွင်ပင် အာကာပြင်က အလိုလို ပြန်လည်ကောင်းမွန်သွားရသည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်၏။

ကျင့်ကြံသူများအတွက် ကမ္ဘာ့အရင်းအမြစ်က အဆင့်မြင့်ဆုံး အာဟာရတစ်မျိုး ဖြစ်၏။ သူတို့၏ နယ်ပယ်အဆင့်၊ ပါရမီ၊ သက်တမ်း သို့မဟုတ် စည်းမျဉ်းများအပေါ် နားလည်နိုင်စွမ်းကို တိုးမြှင့်နိုင်လေသည်။ အဆုံးမဲ့လေဟာနယ် တစ်ခုလုံးအတွင်း အကောင်းဆုံး အရင်းအမြစ် ဖြစ်၏။

ကမ္ဘာ့အရင်းအမြစ်ကို ရရှိသည်နှင့် ကောင်းကင်တာအိုနှင့် ကောင်းကင်အလိုဆန္ဒကို လဲလှယ်နိုင်လိမ့်မည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာက မှန်ကန်သည်ဟု မထင်မိပေ။

ကမ္ဘာ့အရင်းအမြစ်ကို ရယူနိုင်သည့် အမြန်ဆုံးနည်းလမ်းက ကမ္ဘာကို ဖျက်ဆီးပြီး အတင်းအကြပ် ယူဆောင်ခြင်း ဖြစ်၏။ မဟာဧကရာဇ်များ၏ စွမ်းအားဖြင့် ထိုကောလဟာလက အမှန်ဖြစ်နေခဲ့လျှင် ထိုလူများက မဟာကမ္ဘာအဆင့်အားလုံးမဟုတ်လျှင်ပင် လုံလောက်သည့် အရင်းအမြစ်များရယူဖို့ အများစုကို သတ်ဖြတ်ပစ်ကြလိမ့်မည်။

သူတို့အားလုံးတွင် မိသားစု၊ မိတ်ဆွေနှင့် တပည့်များ ရှိသည် မဟုတ်ပါလော။ အကယ်၍ မဟာဧကရာဇ်ဖြစ်နိုင်မည့် နည်းလမ်းသာရှိနေလျှင် သူတို့က ထိုသို့လုပ်ဆောင်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သူတို့ မလုပ်ဆောင်နိုင်သည့် တခြားသော အကြောင်းအရင်းများလည်း ရှိနိုင်ချေရှိနေသေး၏။

အဖိုးတန်အရင်းအမြစ်များ ဆုံးရှုံးသွားမှုကို နှမြောတသဖြစ်ပြီးသည့်နောက်တွင် အဖွဲ့က ကူးသန်းရေးအစီအရင်ရှိသည့် လေဟာနယ်အတွင်းမှ မြို့ဆီ ဦးတည်လိုက်ကြသည်။

ဝမ်ဝေ့က ထိုကမ္ဘာအား တစ်ချက်ကြည့်လိုက်ပြီးနောက် အစီအရင်အတွင်း ဝင်ရောက်လိုက်သည်။

သူ အာကာပြင်လမ်းကြောင်းအတွင်း ဝင်ရောက်လိုက်သည်နှင့် အဖြူရောင်အလင်းတန်းက သူ့အား လွှမ်းခြုံသွားလေသည်။ အစီအရင်က ဆုံမှတ်နှစ်ခုအတွက် အာကာပြင်ကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ထိုဖြစ်စဉ်က နှစ်များစွာ ကြာသည့်တိုင် ပြီးပြည့်စုံခဲ့သည်။

သို့သော် သူ လှိုဏ်ခေါင်းအတွင်း ဝင်ရောက်လိုက်သည်နှင့် အရာအားလုံး မတုန်လှုပ်လာခင် လမ်းကြောင်းရှိ အနက်ရောင် အစက်အပြောက်များစွာကို မြင်တွေ့လိုက်ရသည်။ ထို့နောက် အာကာပြင်မုန်တိုင်းတစ်ခုက အစီအရင်အား ရိုက်ခတ်ကာ လုပ်ဆောင်ချက်ကို နှောင့်ယှက်လာ၏။

“ တွင်းနက်ကြီးလား…ကျစ်…ဒါက လေဟာနယ်မုန်တိုင်းပဲ” ဝမ်ဝေ့က တွေးလိုက်ပြီးနောက် သူ့ဝန်းကျင်တွင်  ဒိုင်းကာတစ်ခုကို ထားရှိလိုက်သည်။ ထို့နောက် သူက ထိုမုန်တိုင်းနှင့်အတူ လွင့်ပါသွားပြီး တခြားသို့ ရောက်ရှိသွားသည်။

အစီအရင်ကို အသုံးပြုနေသည့် တခြားသော အထွတ်အထိပ်အကြီးအကဲများကမူ သူ မပျောက်ကွယ်သွားခင်အထိ တုံ့ပြန်ဖို့ အချိန်မရလိုက်ကြပေ။

သူတို့က မျက်လုံးပြူး မျက်ဆံပြူးဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ ထို့နောက် ဝမ်ထျန်း၏ အော်သံကို ကြားလိုက်ရ၏။

“ ဂိုဏ်းကို ချက်ချင်းပြန်ကြ”

သူက သူ့သားကို ရှာရမည်။ သူ အသင်္ချေအင်ပါယာကမ္ဘာသို့ ပြန်ရောက်သည်နှင့် စတင်လှုပ်ရှားလိုက်၏။ ထို့နောက် သူက သူ့ဇနီးဆီ သွားရောက်တွေ့လိုက်သည်။

“ ဝမ်ထျန်း .. ကျွန်မသား ဘယ်မှာလဲ” ယုယန်က မေးလိုက်သည်။

ဝမ်ထျန်းက နေရခက်စွာ ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည် “ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ သတင်းကောင်းက သူ ဒဏ်ရာရပေမဲ့ အသက်ရှင်တယ်”

“ အဲဒါဆို သတင်းဆိုးကရော” ယုယန်က သူ့ရှေ့တွင် ပေါ်ထွက်လာပြီး လက်မောင်းကို ကိုင်လှုပ်ကာ မေးလိုက်သည်။

ထို့နောက် ဝမ်ထျန်းက အခြေအနေအားလုံးကို ရှင်းပြလိုက်၏။

“ အဲဒါဆိုတော့ ကျွန်မသားက အဆုံးမဲ့လေဟာနယ်အတွင်းက ဘယ်နေရာဖြစ်ဖြစ် ရောက်နေနိုင်တယ်လို့ ပြောတာလား။ သူက တခြားကြုံရာကျပန်းကမ္ဘာတစ်ခုကို ရောက်နေနိုင်တယ်ပေါ့”

“ မင်း စိုးရိမ်ဖို့ မလိုပါဘူး။ ငါတို့သားရဲ့ အင်အားနဲ့ဆိုရင် သူ ဘယ်နေရာပဲရောက်ရောက် အဆင်ပြေမှာပါ”

ဝမ်ထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သော်လည်း အမှန်တကယ်မှာမူ စိုးရိမ်နေမိလေသည်။ သူ့သားက ဒဏ်ရာရရှိထားပြီး မုန်တိုင်းများ ဒဏ်ရာများကိုပါ ထည့်တွက်လိုက်လျှင် သူ့အခြေအနေက ပိုမိုဆိုးရွားသွားနိုင်သည်။

ထို့အပြင် အကယ်၍ သူသာ အပြင်လူများအပေါ် အလွန်တင်းကြပ်သည့် ကမ္ဘာသို့ ပို့ဆောင်ခံလိုက်ရလျှင် သူရင်ဆိုင်ရမည့် အန္တရာယ်က ပိုမိုမြင့်တက်သွားလိမ့်မည်။ ဤသည်က ဝမ်ထျန်း၏ အကြီးမားဆုံး စိုးရိမ်မှု မဟုတ်သေးပေ။

သူ အကြောက်ရွံ့ဆုံးက သူ့သားသည် တခြားကောင်းကင်အလိုဆန္ဒကမ္ဘာသို့ ပို့ဆောင်ခံလိုက်ရမည်ကို ဖြစ်၏။ အဆိုးရွားဆုံးအခြေအနေတွင် သူက ဧကရာဇ်တစ်ပိုင်း တိုက်ခိုက်ရည်သို့ ပြန်ရောက်ဖို့အတွက် အလွန်အန္တရာယ်များသည့် နည်းလမ်းတချို့ကို အသုံးပြုကောင်း အသုံးပြုနိုင်ရလိမ့်မည်။

သို့သော်လည်း တာအိုဘိုးဘေးနှင့် ထာဝရအရှင်များ တည်ရှိသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာတွင် သူက ပြဿနာအကြီးအကျယ် တက်သွားနိုင်သည်။

ယုယန်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်ငြိမ် ထားလိုက်၏ “ ရှင် သူ့ကို ရှာပေးမယ်မလား”

“ ဒါပေါ့။ ငါတို့ဂိုဏ်းရဲ့ အုတ်မြစ်ကို လျှော့မတွက်နဲ့။ အချိန်နည်းနည်းယူရပြီးတော့ အရင်းအမြစ်ရှိရင် သူ့ကို ဖြေးဖြေးချင်း ရှာတွေ့လာမှာပါ”

ယုယန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဤသို့သော အခြေအနေမျိုးတွင် ဧကရာဇ်မျိုးနွယ်ဖြစ်သည့် သူမ၏ ယုမျိုးနွယ်စုက ဘာမှမတတ်နိုင်ပေ။ သို့သော်လည်း တာအိုအခွင့်အလမ်းဂိုဏ်းအတွက် မတူပေ။

“ ကောင်းပြီ။ အဲဒါဆို ကိုယ် သွားတော့မယ်”

ဝမ်ထျန်းက သူ့ဇနီးသည် တည်တည်ငြိမ်ငြိမ် ပြုမူနေသည်ကို အနည်းငယ် အံ့အားသင့်မိ၏။

ယုယန်က သူ့ယောက်ျားဖြစ်သူ၏ အမူအရာကို ဖတ်ရှုပြီးနောက် ပြောလိုက်သည် “ ကျွန်မက အရင်တစ်ခေါက် စိတ်လှုပ်ရှားသွားတယ်ဆိုတာကို သဘောပေါက်တယ်။ အဲဒါက လူတိုင်းအတွက် ပိုပြီးတော့ စိတ်ပူပန်မှု ဖြစ်စေတယ်လေ။ အဲဒါကြောင့် ဒီတစ်ကြိမ်တော့ ရှင့်ကို ခွင့်လွှတ်ပေးလိုက်မယ်”

ဝမ်ထျန်းက သူ့ဇနီးဆီမှ ထိုစကားကို ကြားကြားချင်း ပျော်ရွှင်သွားလေသည်။ သူက သူမအား ပြုံးလိုက်ပြီးနောက် ထွက်သွားလေ၏။ သူက ဂိုဏ်း၏ အခြေခံအုတ်မြစ်တချို့ကို အသက်သွင်းကာ သူ့သားအား ရှာဖွေရမည်။

………….

ထိုစဉ် ကမ္ဘာ့အသိုက်အဝန်းနှင့် ကမ္ဘာတစ်ခုတွင်

ကျော့ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသားနှင့် အမျိုးသမီးများက အစည်းအဝေးတစ်ခု ကျင်းပနေကြ၏။ အားလုံး၏ မျက်နှာအထက် သမာသမတ်ကျသည့် အမူအရာမျိုးရှိပြီး သူတို့၏ သဘောထားသည်ပင် အတူတူ ဖြစ်၏။

အခန်းအလယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက တင်ပျဉ်ခွေထိုင်နေပြီး တခြားလူများထက် အနည်းငယ်မြင့်သည့်အတွက် သူတို့၏ အဆင့်အတန်း ကွာဟချက်ကို ပြသနေသည်။

“ နတ်ဆိုးဂိုဏ်းအပေါ် ငါတို့ရဲ့ နောက်ဆုံးတိုက်ကွက်က အောင်မြင်မှုအကြီးကြီး ရခဲ့တယ်။ ဒါပေမဲ့ ငါတို့တွေ နတ်ဆိုးအုပ်ချုပ်သူ လှုပ်ရှားလာမဲ့ အခြေအနေမျိုးကို သတိထားရမယ်” အလယ်ရှိ အမျိုးသားက ပြောလိုက်သည်။

“ မဟာမိတ်အရှင် သူတို့ကို စိုးရိမ်စရာ မလိုပါဘူး။ နတ်ဆိုးအုပ်ချုပ်သူတွေက တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်တာကို မရပ်တန့်သရွေ့ ကျုပ်တို့ တိုက်ခိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး”

လူများစွာက ထိုလူ့စကားအား သဘောတူကြသောကြောင့် အခန်းအတွင်း လေထုက ပိုမို ပေါ့ပါးသွက်လက်လာသည်။

“ ရှင်တို့တွေ ပြောတာ စောလွန်းတယ်” အလယ်ရှိ အမျိုးသမီးက ပြောလိုက်သည် “ သမိုင်းကြောင်းတစ်လျှောက်မှာ လိုအပ်လာရင် တိုက်ခိုက်တာကို ရပ်ဖို့ မပြောနဲ့။ မဟာမိတ်တောင် ဖွဲ့နိုင်တယ်။ အဲဒီနေ့မျိုးရောက်လာခဲ့ရင် ကျွန်မတို့ သမာသမတ်ဂိုဏ်းတွေက ပျက်သုဉ်းနိုင်ခြေနဲ့ ရင်ဆိုင်ရလိမ့်မယ်”

သူမ ပြောလိုက်သည်နှင့် အခန်းက ရုတ်ချည်းတိတ်ဆိတ်သွားလေသည်။ ထို့နောက် လူများက သူမ၏ စကားအား စတင် တွေးတောနေကြသည်။ ထိုစဉ် လူတစ်ယောက်က ပြောလိုက်၏ “ ဒုမဟာမိတ်ခေါင်းဆောင် ပြောတာမှန်တယ်။ အနိုင်ရမှု သေးသေးလေးက ငါတို့ကို ကျေနပ်စေဖို့ မလုံလောက်သေးဘူး။”

“ ဟုတ်တယ်။ ငါတို့ လုပ်ဖို့ လိုနေတာက နတ်ဆိုးဂိုဏ်းတွေ အကုန်လုံးကို ရှင်းထုတ်ပစ်ဖို့ပဲ”

မဟာမိတ်ခေါင်းဆောင် နှစ်ယောက်က ခေါင်းညိတ်လိုက်ပြီးနောက် ထိုအခွင့်အရေးကို အသုံးချကာ သမာသမတ်ဂိုဏ်းများ၏ အင်အားကို တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း သူတို့အား ဘာမှမပြောခင် အခန်းအလယ်တွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာ၏။

ဝါးပင်လောက် ပိန်လှီပြီး ဒဏ်ရာရနေသည့် လူအိုကြီးတစ်ဦးက ထွက်ပေါ်လာသည်။ အငြိုးအတေးနှင့် အပြစ်ကြွေး အနံ့ဆိုးဆိုးရွားရွားက ထိုလူအားလုံးကို လန့်သွားစေ၏။ သူတို့အားလုံးက အထိတ်တလန့် အမူအရာဖြင့် ထိုလူသည် အစည်းအဝေးကို ဖျက်ဆီးကာ သူတို့အား တိုက်ခိုက်မည့် နတ်ဆိုးအုပ်ချုပ်သူ တစ်ယောက်လားဟု စတင် စဉ်းစားလိုက်ကြသည်။

ထိုစဉ် ဝမ်ဝေ့က ဒေသတကြီးဖြင့် အံကြိတ်ကာ ပြောလိုက်၏ “ သောက် … ကံအပြစ်ကြွေးတွေ”

All Chapters