← Chapters

လောကအရှင်

Vol. 29 Ch. 403

လောကအရှင်

Vol. 29 Ch. 403

အခန်း (၄၀၃) : လောကအရှင်

ဝမ်ဝေ့က ဤသို့ ကိစ္စရပ်ကြီးဖြစ်ပွားခဲ့သည့် အကြောင်းအရင်းမှာ ကံအပြစ်ကြွေးက သူ့ကံကောင်းမှုအပေါ် သက်ရောက်မှုဖြစ်လာပြီး ကံဆိုးစေ၍ ဖြစ်သည်။

လေဟာနယ်မုန်တိုင်းက အာကာပြင်အတွင်း တွေ့ရလေ့ရှိသည့်အရာ ဖြစ်သော်လည်း သူ ကူးပြောင်းခါနီးတွင် မည်သို့ ဖြစ်ပေါ်လာသနည်း။ ထို့အပြင် ထိုအစီအရင်က ဤသို့သော အခြေအနေမျိုး တွက်ဆထားသည်ဖြစ်ရာ ယခုကဲ့သို့ အမှားမျိုး ဖြစ်မလာသင့်ပေ။

ထို့အပြင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများအပြင် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူများစွာ ရှိနေလေရာ သူ့ကို ကယ်တင်ဖို့ မည်သို့ အချိန်မီ မတုံ့ပြန်နိုင်ဘဲ နေမည်နည်း။

အကြောင်းအရင်းက သူ့အပေါ် ကျရောက်နေသည့် ကံဆိုးမှုကြောင့် အရာအားလုံး မှားယွင်းသွားခြင်း ဖြစ်၏။ အကယ်၍ ဝမ်ဝေ့သာ အချိန်မီ မတုံ့ပြန်ဘဲ ချီကံကောင်းမှု ထိန်းချုပ်ကာ ကံဆိုးမှုရလဒ်ကို လျှော့ချဖို့ မလုပ်ဆောင်နိုင်ခဲ့လျှင် သူ့အခြေအနေက ပိုမိုဆိုးရွားသွားနိုင်သည်။

ဝမ်ဝေ့က ကျိန်ဆဲလိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်ကို ကြည့်ကာ အခြေအနေသည် မမှန်ကြောင်း ပြောနိုင်လေ၏။ သူ ရောက်ရှိလာမှုကြောင့် လေထုတစ်ခုလုံးက တင်းကြပ်လာဟန်ပေါ်သည်။

ဝမ်ဝေ့က တုံ့ဆိုင်းခြင်း မရှိဘဲ သူနှင့်အနီးဆုံးရှိ လူဆီ သွားကာ ထိုအမျိုးသမီး၏ ခေါင်းပေါ် လက်တင်လိုက်သည်။ ထို့နောက် သူက ထိုလူ၏ မှတ်ဉာဏ်ကို အတင်းအကြပ် ရှာဖွေလိုက်၏။

အခန်းအတွင်း လူ ၁၅ ယောက်လုံးက အစစ်အမှန် အုပ်ချုပ်သူများ ဖြစ်ကြသော်လည်း ဒဏ်ရာရနေသည့် ဝမ်ဝေ့အတွက်ပင် ပြိုင်ဘက် မဟုတ်ပေ။ သို့သော်လည်း ထိုလူ၏ ဝိညာဉ်ကို ဖတ်ရှုရာ၌ ခုခံမှုတချို့နှင့် ကြုံတွေ့ခဲ့လေသည်။

သူ လုပ်ဆောင်ပြီးသည်နှင့် သူမက သွေးအန်သွားကာ ဝမ်ဝေ့ကမူ စိတ်သက်သာရာရသွားသည်။ သူ့ အဆိုးရွားဆုံး အကြောက်တရားက ဖြစ်မလာခဲ့ပေ။ သူက တားမြစ်နေရာ သို့မဟုတ် ကောင်းကင်အလိုဆန္ဒကမ္ဘာသို့ ကူးပြောင်းခံရမည်ကို စိုးထိတ်နေမိခဲ့၏။

သူ့လက်ရှိအခြေအနေဖြင့် ထိုအရာက အဆိုးရွားဆုံး အခြေအနေ ဖြစ်ပေသည်။ ကံကောင်းစွာဖြင့် သူက ကောင်းကင်နက်နဲကုန်းမြေဟု ခေါ်သည့် မဟာကမ္ဘာသို့ ရောက်ရှိနေခြင်း ဖြစ်၏။

အခန်းအတွင်းလူအားလုံးက နတ်ဆိုးအုပ်ချုပ်သူဟု ထင်ရသည့်သူက မည်မျှအားကောင်းကြောင်း သဘောပေါက်သွားသည့်အခါ ထရပ်လိုက်ကြသည်။ မဟာမိတ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့က ချက်ချင်းထရပ်လိုက်ကြပြီး အမျိုးသားက အော်မေးလိုက်သည် “ခင်ဗျားက ဘယ်သူလဲ”

သို့သော်လည်း ဝမ်ဝေ့က သူ့အား ပြန်မဖြေဘဲ သူ့မျက်ဝန်းထဲ ယုံကြည်မှုစွမ်းအားတချို့ ဖျတ်ခနဲလက်သွားကာ ဂမ္ဘီရအစွမ်းကို ထုတ်သုံးလိုက်သည်။ သူက သူ့တည်ရှိမှုသည် ဤကမ္ဘာအား မည်သို့သက်ရောက်မှုဖြစ်စေမည်ကို သိချင်နေမိ၏။

အကြောင်းအရင်းတချို့ကြောင့် သူက အန္တရာယ်တချို့ကို ခံစားမိလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဂမ္ဘီရအစွမ်းက အောင်မြင်သွားပြီး ရလဒ်ကမူ စကားလုံးနှစ်လုံးတည်း ဖြစ်၏။

လောကအရှင်

သူ့မျက်ဝန်းထဲ ထိုရလဒ်ကို စဉ်းစားနေရင်း အတွေးများစွာ ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူ့အမူအရာက ပျက်ယွင်းသွား၏။ ဝမ်ဝေ့က အခန်းအတွင်းရှိလူများအား တစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားသည်။

“ သူ့ကို ထွက်မပြေးစေနဲ့” ကျိုးချန်က အော်ပြောလိုက်သည်။ ထိုလူက မဟာမိတ်ခေါင်းဆောင် ဖြစ်၏။ အကယ်၍ နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ဤအစည်းအဝေးသို့ ကျူးကျော်ကာ အဖွဲ့ဝင်တစ်ယောက်အား ဒဏ်ရာပေးပြီး ထွက်သွားနိုင်သည်ကို သိသွားကြလျှင် သမာသမတ်ဂိုဏ်း မဟာမိတ်၏ ဂုဏ်သတင်းအပေါ် သက်ရောက်မှု ဖြစ်လာလိမ့်မည်။

လူများစွာက သူတို့၏ အကျိုးအမြတ်အတွက် ထိုအခြေအနေကို အခွင့်ကောင်း ယူကြလိမ့်မည်။ တချို့ကမူ သူ့နေရာဖြစ်သည့် ခေါင်းဆောင်ရာထူးကိုပင် စိန်ခေါ်ကြလိမ့်မည်။ လတ်တလောလေးမှ တိုက်ခိုက်ထားသည့် နတ်ဆိုးဂိုဏ်းများကလည်း စိတ်ဓာတ်ပြန်လည်တက်ကြွလာကြလိမ့်မည်။

ဝမ်ဝေ့က ခြေလှမ်းအနည်းငယ်ဖြင့် ကူးသန်းသွားလာလိုက်သည်။ သူက လေဟာနယ်ကို အတင်းချိုးဖောက်၍ မသွားပေ။ သူက ကူးသန်းပို့ဆောင်ရေး မန္တန်ကိုသာ အသုံးပြုလိုက်၏။ ထိုနည်းလမ်းက အာကာပြင်ချိုးဖောက်ခြင်းထက် ခရီးအကွာအဝေး အကန့်အသတ်ရှိသော်လည်း ပိုမိုညင်သာကာ အာရုံခံဖို့ မလွယ်ကူပေ။

ဝမ်ဝေ့က တောင်တစ်ခုအပေါ် ရောက်ရှိလာပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ဤသို့အဝေးကြီးသွားကာ အကြိမ်များစွာ ဦးတည်ချက် ပြောင်းလဲပြီးသည့်နောက်တွင်ပင် ထိုလူများက သူ့အား ရှာတွေ့ကာ နောက်မှ လိုက်လာကြသေးသည်။

ထိုလူများတွင် သူ့ခန္ဓာကိုယ်အပေါ် တစ်ခုခုထားရှိဖို့ရာ မဖြစ်နိုင်ပေ။ သူတို့က နောက်ယောင်ခံ နည်းလမ်းတစ်ခုခု ရှိလိမ့်မည်။ သို့သော်လည်း အကယ်၍သာ သာမာန်နည်းလမ်းဖြစ်နေပါက သူက အာရုံခံမိလိမ့်မည်။ ထို့ကြောင့် ကိစ္စက တစ်ခုတည်းသာ ရှိတော့သည်။

“ ဒီလူတွေက ငါ့ကံအပြစ်ကြွေးကို အသုံးပြုပြီး နောက်ယောင်ခံ လိုက်လာတာပဲ” ထိုအရာက သူ့အနေနှင့် ဖုံးကွယ်နိုင်သည့်အရာ မဟုတ်သည့်အတွက် ကိစ္စကောင်းတော့ မဟုတ်ပေ။

ငါ နတ်ဆိုးဂိုဏ်း စီရင်စုကို သွားလိုက်ရမလား …

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဤကမ္ဘာသည် ကောင်းကင်ဘုံဗိမာန်ကမ္ဘာလောက် ကြီးမား၏။ သို့သော်လည်း နယ်မြေများစွာဖြင့် ပိုင်းခြားထားခြင်း မရှိပေ။ ဧရာမကုန်းမြေကြီးကို စီရင်စုအဖြစ် ခွဲခြားထားပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ နယ်မြေခွဲခြားထားသလို ဖြစ်၏။

ထို့အပြင် ဤကမ္ဘာတွင် ကံကြမ္မာတိုင်းပြည် မရှိဘဲ သမာသမတ်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းဟု ခွဲထားသည့် ဂိုဏ်းအသီးသီးကသာ အုပ်ချုပ်ကြသည်။ ထိုနှစ်ဖက်လုံးက မျိုးဆက်များစွာတိုင် တိုက်ခိုက်နေကြဆဲ ဖြစ်၏။

ငါ နတ်ဆိုးဂိုဏ်း စီရင်စုကို သွားခဲ့ရင် ဒီလူတွေကို တိုက်ခိုက်ဖို့ ပြဿနာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါ လုပ်ထားတဲ့ ဂမ္ဘီရအရ ကိစ္စတွေက ပိုမိုရှုပ်ထွေးသွားလိမ့်မယ်

ထိုအရာကို တွေးမိပြီးသည့်နောက်တွင် ဝမ်ဝေ့က ခေါင်းမော့ကာ ကောင်းကင်ရှိ နေမင်းကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီးနောက် ပြန်လည်ပေါ်ထွက်လာသည်။ သူက အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သော်လည်း မည်သူ့ကိုမှ ရှာမတွေ့ရပေ။

သူက အလျင်အမြန် တွက်ချက်ပြီးသည့်နောက်တွင် တခြားသောပစ္စည်းများနှင့်အတူ အစီအရင်အလံများကို ထုတ်ယူလိုက်ပြီး နေမင်းပတ်လည် နေရာအသီးသီးတွင် ထိုစွမ်းအားကို ငှားယူနိုင်မည့် အစီအရင်တစ်ခုအား ခင်းကျင်းလိုက်သည်။

ကံဆိုးစွာဖြင့် ထိုအရာကို အသက်သွင်းပြီးသည့်နောက်တွင်ပင် နေမင်းဝန်းကျင်တွင် စက်ဝိုင်းသင်္ကေတလေးခုသာ ပေါ်ထွက်လာသော်လည်း သူတို့က အနည်းငယ် မှေးမှိန်နေသည်။ ဝမ်ဝေ့က ဤသည်မှာ သူ့ သင်္ကေတရေးထွင်းခြင်း မှားယွင်းသွား၍ မဟုတ်ဘဲ ဤကမ္ဘာ၏ စည်းမျဉ်းက ကွဲပြားနေ၍ ပြန်လည်ပြင်ဆင်မှု အနည်းငယ် လိုအပ်နေသည်။

ဝမ်ဝေ့က ထိုလူများသည် သူ့ဘက်သို့ ဦးတည်လာသည်ကို ခံစားမိလိုက်သည့်အချိန် မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ တစ်ကမ္ဘာလုံးက ပြောင်းလဲသွား၏။ ကမ္ဘာ၏ ကျင့်ကြံသူအားလုံးက ကမ္ဘာကြီးတစ်ခုလုံးကို ဝန်းရံသွားသည့် ကာကွယ်ရေးအလွှာတစ်ခုကို မြင်လိုက်ရသည်။

သူတို့က မည်သည့်နေရာတွင် ဖြစ်စေ၊ မည်သည့်အစီအရင်စုတွင်ဖြစ်စေ သမာသမတ်ဂိုဏ်း သို့မဟုတ် နတ်ဆိုးဂိုဏ်း ကျင့်ကြံသူဖြစ်စေကာမူ ထိုကာကွယ်ရေးအလွှာကို မြင်လိုက်ရသည့်အတွက် အံ့ဩတုန်လှုပ်သွားကြသည်။ ဝမ်ဝေ့နောက် လိုက်ဖမ်းနေသည့် မဟာမိတ်မှ လူများကလည်း ထိုအလွှာကြောင့် ချက်ချင်းဆိုသလို ရပ်တန့်သွားကြသည်။

ခေါင်းဆောင်က သူတို့အား အလွှာကို တိုက်ခိုက်ကာ ဖျက်ဆီးပစ်ဖို့ ပြောလျှင်ပင် အများစုက ထိုစွမ်းအားသည် အစစ်အမှန်အုပ်ချုပ်သူများ ထုတ်သုံးနိုင်သည့်အရာ မဟုတ်ကြောင်း သိကြ၏။

ထိုစဉ် ဝမ်ဝေ့က ထိုသို့ လုပ်ဆောင်ပြီးသည့်နောက်တွင် အသက်အရွယ် ပိုမိုအိုမင်းသွားသည်။ ထို့နောက် သူက အစီအရင်အား အဆုံးသတ်ကာ သင်္ကေတများအား ဤကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်လိုက်သည်။ အကယ်၍ သူ့အထွတ်အထိပ်အခြေအနေတွင် ရှိနေပါက နဂါးဂူဗိမာန် လျှို့ဝှက်နယ်မြေအတွင်း သဘာဝအစီအရင်များကို လေ့လာခဲ့မှုများဖြင့် သူ့အနေနှင့် မိုးမြေစွမ်းအားကို ငှားယူကာ အစီအရင်တစ်ခုအား ချက်ချင်း လုပ်ဆောင်နိုင်လိမ့်မည်။

ကံဆိုးစွာဖြင့် ယခုကား ယခင်လူ၏ အခွံတစ်ခုမျှသာ ဖြစ်နေသည်။

နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အစီအရင် ခင်းကျင်းခြင်းအား အဆုံးသတ်လိုက်သည်။ သို့သော်လည်း သူက ခေါင်းတစ်ခြမ်း ကိုက်လာသည့်အတွက် အကြည့်များက မှေးမှိန်သွားသည်။ သူက ဆေးလုံးတချို့ သောက်သုံးပြီးနောက် နေပေါ်တွင် အိမ်ငယ်လေးတစ်လုံး တည်ဆောက်လိုက်သည်။

ယခုသူက အထွတ်အထိပ်အဆင့် အစစ်အမှန် ယန်အစီအရင်နှင့် ဘေးကင်းသွားပြီ ဖြစ်၏။ ဝမ်ဝေ့က သူ့အခြေအနေကို ဂရုစိုက်ကာ ဒဏ်ရာများအား ကုသဖို့ လုပ်လိုက်သည်။ သူ့အခြေအနေတွင် အမြန်ဆုံး ကုသနိုင်ပြီး သူ့ဒဏ်ရာများအား အမြန်ဆုံး ပျောက်ကင်းစေနိုင်သည့် နည်းလမ်းက အသက်ဓာတ်ကို စုပ်ယူခြင်း ဖြစ်၏။

နမူနာအနေဖြင့် အကယ်၍ သူသာ နေမင်း၏ အသက်ဓာတ်နှင့် စွမ်းအား အားလုံးကို စုပ်ယူခဲ့လျှင် သူ့ဒဏ်ရာများက တည်ငြိမ်သွားရုံမျှသာ ဖြစ်လိမ့်မည်။ သူက လူများ သို့မဟုတ် မိုးမြေဆီမှ အသက်ဓာတ် အလုံအလောက်ကို စုပ်ယူနိုင်သရွေ့ သူ့အနေနှင့် ခဏတာ စိုးရိမ်စရာ မလိုတော့ပေ။ သို့သော်လည်း ဝမ်ဝေ့က ထိုသို့လုပ်သည်နှင့် ဤကမ္ဘာတွင် သူ့သေဆုံးခြင်းကို ဖြစ်လာမည်မှန်း ကောင်းကောင်းသိလေသည်။ အကြောင်းအရင်းကမူ သူ ပြုလုပ်ခဲ့သည့် ဂမ္ဘီရကြောင့် ဖြစ်၏။

လောကအရှင်က တာအိုဘိုးဘေးအတွက် နောက်ထပ် နာမည်တစ်ခု ဖြစ်၏။ မဟာဧကရာဇ်များက မဟာတာအိုအရင်းအမြစ်အား ထိန်းချုပ်နိုင်စဉ် တာအိုဘိုးဘေးများကမူ ထိုစွမ်းအားကို ငှားယူနိုင်ကြသည်။ တာအိုဘိုးဘေး ဖြစ်လာနိုင်သည့်နည်းလမ်းက ခန္ဓာကိုယ်အတွင်း ကမ္ဘာ သို့မဟုတ် စကြဝဠာကို ပြုစုပျိုးထောင်ခြင်း ဖြစ်ကာ မဟာတာအိုအရင်းအမြစ် စွမ်းအားကို ငှားယူသုံးစွဲခြင်း ဖြစ်၏။

အတွင်းကမ္ဘာ ရှိထားခြင်းက ထိုလူသည် အရင်းအမြစ်ကို ရရှိထားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ကျင့်ကြံရေး နည်းစနစ်တချို့က ကျင့်ကြံသူများအား ခန္ဓာကိုယ်အတွင်း ကမ္ဘာ တည်ရှိနိုင်ဖို့ ခွင့်ပြုပေးထားသော်လည်း သူတို့က အရင်းအမြစ်များကို ရယူနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ထို့ကြောင့် အတွင်းကမ္ဘာ၏ ဗဟိုချက်အဖြစ် အသုံးပြုနိုင်ဖို့အတွက် တာအိုအရင်းအမြစ် မျိုးစေ့ကို သန့်စင်ဖို့ မဟာဧကရာဇ်ကို လိုအပ်သည်။ ပို၍အရေးကြီးသည်က မဟာဧကရာဇ်သည် တာအိုအရင်းအမြစ် ရနိုင်မည့် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပေ။

စကြဝဠာကြီးက မျှတကာ သက်ရှိများအား နည်းလမ်း ပေးထားသည်။ ကောင်းကင်အလိုဆန္ဒကမ္ဘာတွင် ကျင့်ကြံသူများက ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် မဟာဧကရာဇ် ဖြစ်လာနိုင်ချေ ရှိသည်။ သို့သော်လည်း မဟာကမ္ဘာများမှ လူများတွင် မည်သို့ဖြစ်မည်နည်း။

အထွတ်အထိပ်နယ်ပယ်အဆင့်က သူတို့၏ ကျင့်ကြံရေးလမ်းစဉ် အဆုံးသတ်လား။

အဖြေကတော့ မဟုတ်ပေ။

ထိုလူများက ကောင်းကင်တာအိုနှင့် သူတို့စိတ်အား ပေါင်းစပ်ကာ တာအိုအရင်းအမြစ် မျိုးစေ့ပေးလာအောင် အတင်းအကြပ် လုပ်ဆောင်ပြီး သူတို့ကမ္ဘာ၏ လောကအရှင် ဖြစ်လာနိုင်ကြသည်။ သို့သော်လည်း ထိုလမ်းစဉ်က ခက်ခဲလေသည်။ အကြောင်းမှာ ကျင့်ကြံသူများက ကောင်းကင်တာအိုကို ဖိနှိပ်ဖို့အတွက် သူတို့အင်အားနှင့် ခွန်အားတို့ လိုအပ်ပေသည်။

ထို့ကြောင့် နောက်ထပ် နည်းလမ်းတစ်ခု ရှိလာပြန်သည်။ ကျင့်ကြံသူက သူတို့၏ ကမ္ဘာအတွက် ကုသိုလ်လုံလုံလောက်လောက် ဖန်တီးပေးနိုင်သရွေ့ ကောင်းကင်တာအိုနှင့် အရင်းအမြစ် မျိုးစေ့အတွက် အလဲအလှယ် လုပ်နိုင်သည်။ ကံဆိုးစွာဖြင့် လိုအပ်သည့် ကုသိုလ်အရေအတွက်က အင်မတန် မြင့်မားသောကြောင့် ပြီးမြောက်ဖို့ရာ အင်မတန်ခက်ခဲလှသည်။ ကုသိုလ်ရရှိဖို့ မည်မျှခက်ခဲသည့်အကြောင်းကိုမူ ထည့်မပြောရသေးပေ။

နောက်ဆုံးတွင် လူများက လောကအရှင် ဖြစ်လာနိုင်မည့် တတိယနည်းလမ်း ရှိလာသည်။ ကမ္ဘာက တခြားသူများ သို့မဟုတ် ကျူးကျော်မှုခံရစဉ် ကပ်ဘေးလိုမျိုး ကိစ္စကြီးနှင့် ရင်ဆိုင်ရသည့်အခါ ကောင်းကင်တာအိုက ထိုမျိုးစေ့နှင့် ထိုက်တန်မည့်လူအား ရွေးချယ်ကာ ကမ္ဘာကို ကယ်တင်လိမ့်မည်။

ဤသည်က ဝမ်ဝေ့နှင့် သက်ဆိုင်လာခြင်း ဖြစ်၏။ သူ့အခြေအနေတွင် သူသာ ဘာကိုမှဂရုမထားဘဲ အသက်ဓာတ်ကို စုပ်ယူလိုက်ပါက မည်သူမှ ရပ်တန့်နိုင်မည် မဟုတ်ပေ။ ထို့နောက်တွင် ကောင်းကင်တာအိုက လောကအရှင်အား ရွေးချယ်လိုက်သည်နှင့် သူက တာအိုဘိုးဘေးအရှင်ရှေ့တွင် အင်အားမဲ့နေသည့်အတွက် သူ့သေဆုံးခြင်းက သေချာသွားလိမ့်မည်။

All Chapters