← Chapters

မှတ်ဉာဏ်များ

Vol. 29 Ch. 405

မှတ်ဉာဏ်များ

Vol. 29 Ch. 405

အခန်း (၄၀၅) : မှတ်ဉာဏ်များ

“ စနစ် ငါ့အခြေအနေကို ပြပေး”

နာမည်။          ။ ချူးမို (ချူးယွင်ဖန့်)

ဂိုဏ်း။              ။ သွေးအဇူရာဂိုဏ်းသားဟောင်း

ကျင့်ကြံဆင့်။   ။ နက်နဲဘုရင်အဆင့်

အခြေအနေ။    ။ ဒဏ်ရာရကာ သေလုနီးပါးအခြေအနေ

“ ဒီဘဝမှာ ငါ့နာမည်က ချူးမိုလား ထားလိုက်ပါတော့”

ထို့နောက် ချူးမိုက ဘာလုပ်ရမည်ကို စနစ်အား မေးလိုက်သည်။ သူရရှိသည့်အဖြေက စနစ်က သူ့အား ဒဏ်ရာများအား ပိုမိုကောင်းမွန်ပြီး ကျင့်ကြံဆင့် ပိုမိုမြန်ဆန်လာဖို့အတွက် အရာအားလုံးကို ဝါးမျိုနိုင်ခွင့်ပြုထားသည်ဟု ဖြစ်သည်။

“ အဲဒါပဲလား” ချူးမိုက မေးလိုက်သည်။

“ စနစ်က ဒီကမ္ဘာဆီမှာ လက်ခံသူရဲ့ ဝိညာဉ်ကူးပြောင်းပေးတဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရသွားပါတယ်။ အဲဒါကြောင့် အဓိက လုပ်ဆောင်ချက်တစ်ခုက ယာယီ အသုံးမပြုနိုင်သေးပါဘူး” အေးစက်စက် အသံတစ်ခုက ပြန်ဖြေလာသည်။

ချူးမိုက ခေါင်းညိတ်လိုက်သည်။ သူက တခြားလူများကို ဝါးမျိုရမည်ဆိုလျှင်ပင် ဂရုမစိုက်ပေ။ သူ့ယခင်ဘဝ၌ သူက အားနည်းကာ အပြောအဆို ညင်သာလွန်းသည့်အတွက် အနိုင်ကျင့်ခံခဲ့ရသည်။

မူလတန်းကျောင်းတွင်ဖြစ်စေ၊ အလယ်တန်းကျောင်းတွင် ဖြစ်စေ သို့မဟုတ် ကောလိပ်အထိဖြစ်စေ သူ့အခန်းဖော်များက သူ့အား ခိုင်းဖက်တစ်ယောက်လို သဘောထားခဲ့ကြသည်။ အိမ်ပြန်ရောက်သည့်အခါတွင်ပင် သူ့မိဘများက သူ့ကို အညစ်အကြေးလို ဆက်ဆံပြီး သူ့ညီငယ်နှင့် ညီမငယ်များကိုသာ မျက်နှာသာပေးခဲ့ကြသည်။

ချူးမိုက သေဆုံးသွားပြီးနောက်တွင် ကမ္ဘာမြေအပေါ် အနှောင်အဖွဲ့ မရှိပေ။ ထို့အပြင် သူ မသေဆုံးခင် သူ့ဆီသာ အခွင့်အရေးရလာပါက သူ ကျေနပ်မည့် အရာကိုသာ လုပ်ကာ သူ့ခေါင်းပေါ်မှ ဖြတ်လျှောက်ခွင့်မပေးကြောင်း ကျိန်ဆိုခဲ့သည်။

“ ငါက အခု နတ်ဆိုးကျင့်ကြံသူ ဖြစ်နေပြီဆိုမှတော့ မသေဆုံးခင်မှာ ကျိန်ဆိုခဲ့တဲ့အတိုင်း လုပ်ရတာပေါ့။ ဒီကမ္ဘာကြီးက ငါ့နာမည်ကို သိသွားပြီးတော့ လေးစားလာစေရမယ်။ ငါက ရှိခဲ့သမျှနတ်ဆိုးထဲမှာ အကြီးမြတ်ဆုံး ဖြစ်ရမယ်”

ထိုသို့ပြောပြီးသည့်နောက် သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက်ခိုင်မာသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ချူးမိုက သူ့အခြေအနေကို အာရုံစိုက်ထားလိုက်သည်။ သူက သူ့ကျင့်ကြံဆင့်ဖြင့် ပျော်ရွှင်မိနေ၏။ သူ ရရှိထားသည့် မှတ်ဉာဏ်များမှတဆင့် နက်နဲဘုရင်အဆင့်သည် အလွန်မြင့်မားပြီး ဤကမ္ဘာ၏ ထိပ်တန်းအင်အားကြီး ပုဂ္ဂိုလ်ထဲမှ တစ်ယောက်ဖြစ်ကြောင်း သိလေသည်။ အစကနေ မစတင်ရခြင်းက သူ့အား အလွန်ကျေနပ်စေ၏။

သူ့ဂိုဏ်းနှင့် ပတ်သက်လာသည့်အခါ အဘယ်ကြောင့် ဂိုဏ်းသားဟောင်းကို ပြောလဲဟု နားလည်သွားသည်။ သွေးအဇူရာဂိုဏ်းက သမာသမတ်ဂိုဏ်း၏ လက်အောက်တွင် ဖျက်ဆီးခံလိုက်ရပြီး ထိုဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံဖြစ်သည့် သူ့အဆင့်အတန်းကို ပျောက်ဆုံးသွားစေသည်။

ချူးမိုက ထိုသို့သော မြင့်မားသည့် အဆင့်အတန်းသည် သူ့ကျင့်ကြံရေးလမ်းစဉ်အတွက် အကျိုးပြုလိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း သူ အသက်ပြန်ရှင်လာသည်ကို ရှင်းပြရာတွင် ကိစ္စများက ပိုမိုရှုပ်ထွေးသွားနိုင်သည်။

စနစ်ဖြင့် သူက အရင်းအမြစ်နှင့် ကျင့်ကြံရေးများကို စိုးရိမ်နေစရာ မလိုပေ။

သူက ယခုလက်ရှိ ခံစားနေရသည့် ပြဿနာမှာ ဒဏ်ရာအခြေအနေ ဖြစ်၏။ ချူးမိုက ထရပ်လိုက်သော်လည်း ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့လာသည့် ဆိုးဆိုးရွားရွား နာကျင်မှုကိုသာ ခံစားမိလိုက်သည်။ သို့သော် သူက မအော်ပေ။ သူ့အတွက် ဤဒဏ်ရာက ဆိုးရွားသော်လည်း အသက်ပြန်ရှင်လာသည့် သက်သေ ဖြစ်၏။

“ စနစ် ကူညီပေးနိုင်လား” ချူးမိုက မေးလိုက်သည်။

“ လက်ရှိစနစ်ရဲ့ အခြေအနေနဲ့ မဝါးမျိုခင် တစ်စုံတစ်ခုကို ထိတွေ့ဖို့ လိုအပ်ပါတယ်”

သူက ခက်ခက်ခဲခဲဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူ့ဂိုဏ်းများ၏ အလောင်းများက တောအုပ်အနှံ့ ပြန့်ကျဲနေလေသည်။ ယခင်ပိုင်ရှင် မသေဆုံးခင် သမာသမတ်ဂိုဏ်းသားရာကျော်က သူနှင့် တခြားသူများအား ဝိုင်းတိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲအပြီးတွင် နတ်ဆိုးကျင့်ကြံသူအားလုံးက သမာသမတ်ဂိုဏ်းသားများနှင့်အတူ သေဆုံးသွားကြသည်။ သို့သော်လည်း သမာသမတ်ဂိုဏ်းသားများ၏ အလောင်းကိုမူ မြှုပ်နှံပေးဖို့အတွက် ယူဆောင်သွားဟန်ပေါ်သည်။

ချူးမိုက စုပ်ယူဖို့အတွက် အနီးဆုံးအလောင်းဆီပင် မသွားနိုင်ကြောင်း သိသွားပေသည်။ နောက်တွင် ချက်ချင်းဆိုသလို နောက်ထပ် ဖြေရှင်းနည်းအား တွေ့လိုက်သည်။

“ စနစ် ငါ မြေကြီးကနေ စွမ်းအင်စုပ်ယူလို့ရလား”

“ ရပါတယ်”

ချူးမိုက သူ့လက်ကို မြေကြီးအပေါ် ထားလိုက်ပြီးနောက် သူ့လက်မှ ဝါးမျိုခြင်းစွမ်းအား ထွက်လာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် ထိုအားကောင်းသည့် စွမ်းအားက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ ပြန်လည်ပြုပြင်ပေး၏။ သူ့ကြွက်သားများ၊ အရိုးများ၊ အတွင်းအင်္ဂါများနှင့် ချီသွေးကြောများလည်း အပါအဝင် ဖြစ်၏။

ထိုဖြစ်စဉ်အတွင်း သူ့ပတ်ဝန်းကျင်ရှိ ဆယ်မီတာပတ်လည်က အသက်ဓာတ် ကင်းမဲ့သွားသည့် မီးခိုရောင်မြေကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုဖြစ်စဉ်ပြီးဆုံးသွားသည်နှင့် ချူးမို၏ ဒဏ်ရာများက လှုပ်ရှားနိုင်လောက်အောင်အထိ ပြန်ကောင်းသွားပြီ ဖြစ်၏။

ထို့ကြောင့် သူက နတ်ဆိုးဂိုဏ်းသားများ၏ အလောင်းဆီသွားကာ အားလုံးကို ဝါးမျိုပစ်လိုက်သည်။ သိပ်မကြာခင် သူတို့အားလုံးက လေနှင့်အတူ မြောလွင့်သွားသည့် သဲမှုန့်အဖြစ် ပြောင်းမသွားခင် မံမီကဲ့သို့ ခြောက်သွေ့သွားလေသည်။

ထိုဖြစ်စဉ် ပြီးဆုံးသွားသည်နှင့် ချူးမိုက သူ့လက်ရှိ ဒဏ်ရာ မရှိတော့သည့် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ရုတ်ချည်းဆိုသလို သူ့စိတ်ထဲ အသံတစ်သံ ကြားယောင်လာမိ၏။

“ စနစ်က စွမ်းအင်လုံလုံလောက်လောက် စုပ်ယူထားလားလို့ စစ်ဆေးနေပါတယ်… အသေးစား အဆင့်မြှင့်တင်ခြင်း… ၂၃ရာခိုင်နှုန်း … ၇၆ရာခိုင်နှုန်း … ၁၀၀ရာခိုင်နှုန်း”

ချူးမိုက သူ့အခြေအနေတွင် နောက်ထပ် အဆင့်မြှင့်တင်မှု တစ်ခုဖြစ်သွားကြောင်း သိလိုက်ရသည်။

“ ဝါးမျိုခြင်းအမှတ် - ၃၈၄၀”

“ အဲဒီဝါးမျိုခြင်းအမှတ်က ဘယ်လို သုံးလို့ရတာလဲ”

“ ဝါးမျိုခြင်းအမှတ်ကို ခန္ဓာကိုယ်၊ ဝိညာဉ်၊ ကျင့်ကြံဆင့်၊ ကုသရေးနဲ့ ပိုင်ရှင် အလိုရှိရာကို ရွေးချယ်နိုင်ပါတယ်”

ချုးမိုက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ စနစ်စုပ်ယူထားသည့် စွမ်းအင်များကို မည်သို့ ဖြန့်ဝေအသုံးချရမည်ကို သူက ထိန်းချုပ်နိုင်စွမ်း ရှိထားလေသည်။ ဝတ္ထုများစွာ ဖတ်ရှုထားသည့် ကူးပြောင်းလာသူ တစ်ဦးအနေနှင့် အသိဉာဏ်ရှိသည့် စနစ်များက မည်မျှအန္တရာယ်ကြီးကြောင်း သိထားလေသည်။

သို့သော်လည်း သူ့ စနစ်ကမူ AI နှင့်တူပြီး စိတ်ခံစားချက်ရှိဟန်မပေါ်ပေ။

ချူးမိုက ကျင့်ကြံရေးကို စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့စွမ်းအင်ဗဟိုချက် သို့မဟုတ် နက်နဲပင်လယ်အတွင်းမှ နက်နဲစွမ်းအားများကို အစိတ်အပိုင်း အနည်းငယ်မျှသာ ထိန်းချုပ်နိုင်လေသည်။

“ စနစ် ဘာတွေဖြစ်နေတာလဲ”

“ ပိုင်ရှင်ရဲ့ စိတ်က နက်နဲစွမ်းအားနဲ့ အသားမကျသေးပါဘူး။ အဲဒါကြောင့် ယခင်ခန္ဓာကိုယ်ရဲ့ ကျင့်ကြံဆင့်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ လေ့ကျင့်မှုတွေ လုပ်ဖို့ လိုပါတယ်”

“ အဲဒါ ဘယ်လောက်ကြာမလဲ”

“ တွက်ချက်နေပါတယ်… .၇နှစ် ၃လနဲ့ ၁၈ရက်ပါ”

“ အဲလောက်တောင် ကြာတယ်လား။ အဲဒါဆို ငါ ဝါးမျိုခြင်းအမှတ်တွေနဲ့ အရှိန်မြှင့်လို့ ရလား”

“ ဝါးမျိုခြင်းအမှတ်တွေက ပိုင်ရှင်ရဲ့ ဝိညာဉ်စွမ်းအားကို တိုးမြင့်လာအောင် လုပ်ပြီး ခန္ဓာကိုယ်ရဲ့ခွန်အားကို ထိန်းချုပ်နိုင်ဖို့ အသုံးပြုနိုင်ပါတယ်”

ချူးမိုက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးနောက် ကျင့်ကြံဆင့်အား မစတင်ခင် ဘေးကင်းသည့် နေရာတစ်ခုအား ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။

ထိုစဉ် နေမင်းပေါ်တွင် ဝမ်ဝေ့က ချူးမိုအပေါ် အာရုံစိုက်ထားလေ၏။

“ ကြည့်ရတာ ငါ့စမ်းသပ်ချက်က အလုပ်ဖြစ်ပုံပဲ”

ချူးမိုက ပြန်လည်ဝင်စားလာခြင်း မဟုတ်ပေ။ ဝမ်ဝေ့က ဝိညာဉ်အပြည့်အဝ မပြန့်ကျဲသွားသေးသည့် အလောင်းတစ်ခုအား ရွေးချယ်ကာ ပျောက်ဆုံးသွားသည့် အစိတ်အပိုင်းများအား စုစည်းပြီး ပြန်လည်ထည့်လိုက်ခြင်း ဖြစ်၏။ ထို့နောက် သူက ကမ္ဘာမြေတွင် နေထိုင်ခဲ့သည့် မှတ်ဉာဏ်အတုအယောင်များကို ဖန်တီးကာ ထိုမှတ်ဉာဏ်များသည် လွှမ်းမိုးခြယ်လှယ်လိုသည့် စိတ်ရှိအောင် ပြုလုပ်ထားသည်။ သူက နောက်ခံဇာတ်ကြောင်းကိုပင် ပေးထား၏။

စနစ်နှင့် ဝါးမျိုခြင်းစွမ်းအားအတွက်မူ သူ့ဝိညာဉ်အမှုန်တစ်ခုနှင့် ဇူဇကာဝါးမျိုခြင်းကျမ်းကို အသုံးပြုထားခြင်း ဖြစ်၏။

သူက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို အတင်းလုယူလိုက်ရမည့်အစား ထိုပြဿနာများကို ကျော်ဖြတ်နေရသည့် အကြောင်းအရင်းမှာ ကောင်းကင်တာအို၏ မျက်စိအောက်မှ ကင်းလွတ်ဖို့ ဖြစ်၏။ သူက ကံအပေါ် နားလည်နိုင်စွမ်း အသစ်ကို အသုံးပြုထားပြီး သူနှင့် ဆက်နွယ်နေသည့် ဝိညာဉ်အမှုန်၏ ဆက်နွယ်မှုကို ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့်မည်သူကမှ သူ့ကို နောက်ယောင်ခံလိုက်မည် မဟုတ်ပေ။

အကယ်၍ တစ်ယောက်ယောက်ကသာ ချူးမို၏ ဝိညာဉ်ကို ရှာဖွေပြီး ထိုဝိညာဉ်အမှုန်ကို တွေ့ရှိသွားလျှင်ပင် သူတို့က သူ့ဝိညာဉ်သန္ဓေပြောင်းခြင်း သို့မဟုတ် အားကောင်းသည့် အသုံးအဆောင်ပစ္စည်းတစ်ခုကြောင့်ဟုသာ ထင်ကြလိမ့်မည်။

ကံဆိုးစွာဖြင့် ထိုသို့လုပ်ဆောင်ခြင်းက ဆိုးကျိုး ရှိလေသည်။ ချူးမိုက ယခုအခါ သူ့ကိုယ်ပိုင်အတွေးများ ရည်မှန်းချက်များ ရှိသည့် တကယ့် အစစ်အမှန် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့ကသာ သူ့နောက်ကွယ်မှ ကြိုးကိုင်နေသည်ကို သိသွားခဲ့လျှင် သေချာပေါက် ပုန်ကန်လိမ့်မည်။

ထိုဖြစ်နိုင်ချေကို တွက်ဆထားကာ ဝမ်ဝေ့က ထိုချူးမိုသည် သံသယမရှိဘဲ စနစ်အပေါ် အပြည့်အဝမှီခိုအောင် သေချာလုပ်ထားသည်။ ဤသည်က သူ့ကျင့်ကြံဆင့်ကို မထိန်းချုပ်ဘဲ ဝါးမျိုခြင်းအမှတ်များကို အသုံးပြုကာ ပြဿနာကို ဖြေရှင်းဖို့ရာ အကြောင်းပြချက် လုပ်ထားခြင်းလည်း ဖြစ်၏။

ဝမ်ဝေ့၏ အကြည့်က သူ ရွေးချယ်ထားသည့် သမာသမတ်ဂိုဏ်း၏ တပည့် ကျိုးရှုအပေါ် ရောက်ရှိသွားသည်။ ထိုလူက ယခုအခါ တည်းခိုဆောင်အတွင်း တရားထိုင်နေသည်။

ဆယ်နှစ်ကြာရင် နတ်ဆိုးအရှင်က ကုန်းမြေတစ်ခုလုံးကို စတင်အုပ်စိုးလိမ့်မယ်။ တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းတော့ ဘယ်သူကမှ ပြင်ဆင်မထားခဲ့ကြဘူး။ ပြီးတော့ ဘယ်သူကမှလည်း နတ်ဆိုးအရှင်ရဲ့ တည်ရှိမှုအကြောင်းကို မကြားဖူးခဲ့ကြဘူး။

အဲဒီအချိန် ငါက အရမ်းအားနည်းနေပြီးတော့ ငါ့ဆရာ၊ ဆရာတူညီမနဲ့ ဂိုဏ်းပျက်စီးသွားတာကိုပဲ ကြည့်နေခဲ့ရတယ်။ ငါက ပထမတိုက်ကွက်မှာတောင် အသက်မရှင်ခဲ့ဘူး။ ဒါပေမဲ့ ငါက ကံကောင်းပြီးတော့ နောက်ပြန်ရောက်လာခဲ့ပြီ။ ငါက အဲဒါကို ပြောင်းလဲပစ်နိုင်တယ်။

ကျိုးရှုက သူက အားမကောင်းလာခင် နတ်ဆိုးအရှင်အား သတ်ဖို့ တွေးထားခဲ့သည်။ ကံဆိုးစွာဖြင့် သူက ထိုသူ၏ ဇစ်မြစ်အကြောင်း မသိသေးပေ။ ယခု သူ့လက်ရှိအားနည်းနေသည့် အနေအထားဖြင့် သူ့တွင် အခွင့်အရေးရှိသည်ဟု မထင်မိပေ။

အကောင်းဆုံးနည်းလမ်းက အနာဂတ်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေနဲ့ တွေ့ကြုံရမဲ့ သတင်းအချက်အလက်တွေကို အသုံးချပြီးတော့ စွမ်းအား မြှင့်တင်ရမယ်။ ငါ လုံလုံလောက်လောက် အားကောင်းလိုက်ရင် နတ်ဆိုးအရှင်ကို အလွယ်တကူ သတ်နိုင်လိမ့်မယ်

ကျိုးရှုက ထိုအရာကို တွေးမိပြီးနောက် အကြည့်များက ပြတ်သားလာသည်။

ငါနဲ့ အနီးဆုံး ကံအပြောင်းအလဲ အခွင့်အရေးက ခရမ်းပြာနေမင်းတောအုပ်ထဲက မီးသစ်သီးပဲ။ အရင်တစ်ခေါက် အဲဒီဟာက လူကုံထံကဗျာဂိုဏ်းက တပည့်တစ်ဦးက ရှာတွေ့ခဲ့တာ။ အဲဒီတပည့်က အဲဒီသစ်သီးအကြောင်းကို ပြောလွန်းလို့ ငါတောင် သူ ဘယ်လိုရယူထားတယ်ဆိုတာကို သိနေပြီ။

အဲဒါနဲ့ဆိုရင် ငါက နက်နဲဂရမ်းမာစတာအဆင့်ကနေ နက်နဲဘုရင်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။

ကျိုးရှုက ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် သူ့ဆရာတူညီမအား ပြောဆိုပြီးနောက် သစ်သီးရှာဖို့ ထွက်သွားခဲ့သည်။

ထိုစဉ် ဝမ်ဝေ့က ထိုအရာကို ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်၏ “ ငါက မင်းကို ပျိုးထောင်ဖို့ အတော်လေး ကြိုးစားထားတာ။ ငါ ပြန်ရတာက ထိုက်တန်မယ်လို့ မျှော်လင့်ပါတယ်”

ချူးမိုကဲ့သို့ ကျိုးရှု၏ မှတ်ဉာဏ်များကလည်း ဖန်တီးထားခြင်း ဖြစ်၏။ သူ သိထားသည့် ကံအပြောင်းအလဲ အခွင့်အရေးနှင့် ပတ်သက်လာသည့်အခါ အများစုက ဝမ်ဝေ့သည် ကမ္ဘာကို စစ်ဆေးကြည့်နေတုန်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တချို့အရာများက ကျိုးရှုအတွက် တမင်ဖန်တီးပေးထားခြင်း ဖြစ်သောကြောင့် သူတို့က မတည်ရှိသေးပေ။

သူက လက်ဝှေ့လိုက်သည့်အခါ သူ့ရှေ့တွင် ရုပ်သေးရုပ်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူက သိုလှောင်လက်စွပ် တစ်ကွင်း ပေးကာ ထိုကံအပြောင်းအလဲ အခွင့်အရေးများအား နေရာချထားဖို့ အမိန့်ပေးလိုက်သည်။

ယခု သူက ကစားပွဲဇာတ်ခုံကို ခင်းကျင်းပေးထားပြီ ဖြစ်၍ သူ့ကိစ္စများလုပ်ဖို့ အချိန်က ကျရောက်လာလေပြီဖြစ်သည်။ တိထျန်းနှင့် တိုက်ပွဲအတွင်း သူက တစ်ဖက်လူကို နှစ်ကြိမ်မျှသာ ဒဏ်ရာပေးနိုင်ခဲ့သည်။

ထိုအကြိမ်တိုင်းတွင် သူက တိထျန်း၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ သူ့ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုနိုင်ခဲ့သည်။ သူက ပြန့်ကျဲနေသည့် သတင်းအချက်အလက်များသာ စုစည်းခဲ့မိသော်လည်း သူ့အတွက် လုံလောက်သည်ထက် ပိုနေလေပြီ။

ယခုတွင် သူက ထိုအချက်အလက်များအား ပြန်လည်ဆန်းစစ်ကာ သူ ရင်ဆိုင်နေရသည့်သူက မည်သူဖြစ်ကြောင်း၊ မည်သို့လူစားမျိုး ဖြစ်ကြောင်း သိနိုင်တော့မည် ဖြစ်၏။

All Chapters