← Chapters

ကမ္ဘာ၏ လျှို့ဝှက်ချက်

Vol. 29 Ch. 406

ကမ္ဘာ၏ လျှို့ဝှက်ချက်

Vol. 29 Ch. 406

အခန်း (၄၀၆) : ကမ္ဘာ၏ လျှို့ဝှက်ချက်

ဝမ်ဝေ့က တိထျန်း၏ ဘဝမှ အခိုက်အတန့် ငါးခုကို ဖမ်းယူနိုင်ခဲ့သည်။ ပထမတစ်ခုက လီကျွင်း သူ့မှတ်ဉာဏ်မှ ခိုးယူခဲ့သည့်အရာနှင့် အတူတူဖြစ်သည့် သူက သူ့ဇနီးဟု ယူဆရသည့် သေဆုံးနေသည့် ခန္ဓာကိုယ်ကို ပွေ့ဖက်ထားသည်။

ဒုတိယတစ်ခုမှာ ရုပ်ချောချော အမျိုးသားတစ်ဦးနှင့် တိုက်ပွဲ ဖြစ်၏။ ဝမ်ဝေ့က ထိုအရာကို မြင်သည်နှင့် သူ့ဘိုးဘေးဧကရာဇ်ချီယွမ် ဖြစ်နေကြောင်း တန်းသိလိုက်သည်။ သူငယ်စဉ်အခါက ဝမ်၊ ယန်းနှင့် လီမျိုးနွယ်စုများအပါအဝင် ဘိုးဘေးများအား ဝတ်ပြုခြင်း အစီအစဉ်တွင် ပါဝင်ဆင်နွှဲခဲ့ဖူးသည်။

သူ ရယူနိုင်ခဲ့သည့် တတိယသတင်းအချက်အလက်က ခေတ္တမျှသာ ဖြစ်၏။ သူက အမျိုးသမီးတစ်ဦး ဝါးဓားလေးကို ဝှေ့ယမ်းနေသည်ကို မြင်လိုက်ရပြီး တိထျန်းက အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားသည်။

လေးခုမြောက် မှတ်ဉာဏ်မှာ မျက်လုံးသုံးလုံးပါ မိစ္ဆာနှင့် မိန်းမလှတစ်ဦးတို့ကြားမှ တိုက်ပွဲ ဖြစ်၏။ သူက ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် ဧကရီဝူ ဖြစ်ကြောင်း တန်းမှတ်မိလိုက်သည်။ သူမက ဝူဟုန်နှင့် ကွက်တိတူနေလေ၏။

တစ်ခုတည်းသောကွဲပြားမှုမှာ သူတို့၏ သဘောထားဖြစ်ပြီး သူမက အနည်းငယ် ပိုမိုအေးစက်လေသည်။ သူမက အနားချဉ်းကပ်လာသည့် အရာအားလုံးကို စိမ်းကားနေဟန်ပေါ်၏။

တိုက်ပွဲက အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ကံဆိုးစွာဖြင့် သူက ခေတ္တမျှသာ ကြည့်နိုင်ခဲ့၏။ သို့သော်လည်း ထိုအရာမှ တစ်စုံတစ်ခု သင်ယူနိုင်ခဲ့သည်။

နောက်ဆုံးမှတ်ဉာဏ်က ကောင်းကင်ထံ အော်ဟစ်ကာ ကျိန်ဆဲနေသည့် ဒဏ်ရာရ အမျိုးသားတစ်ဦး ဖြစ်၏။ သူက အဘယ်ကြောင့် သူ့မှတ်ဉာဏ်များ နောက်ကျမှ နိုးထလာသလဲဟု မေးနေသည်။ ထိုလူတွင် အမုန်းတရားများနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေလေ၏။

ဝမ်ဝေ့က မျက်လုံးပြန်ဖွင့်လိုက်သည်။

“ သံသရာကိုးပါး လက်သီး  … ပြန်လည်ဝင်စားခြင်း ကိုးဘဝ…။ ထာဝရဧကရာဇ်သုံးပါးကို တိုက်ခိုက်ခဲ့တယ်…။ နောက်ဆုံးမှတ်ဉာဏ်ရဲ့ အဝတ်အစားတွေအရ သူက အလယ်အလတ် ဧကရာဇ်ခေတ်ကာလပုံစံပဲ”

သူက တိထျန်းသည် ဘာလို့အားကောင်းနေကြောင်း အဓိပ္ပါယ်တစ်ခု ကောက်ချက်ချလိုက်သည်။ ရိုးရှင်းလှသည့်အခြေက သူ့ကြောက်မက်ဖွယ် အခြေခံအုတ်မြစ်ကြောင့် ဖြစ်၏။ ပြန်လည်ဝင်စားခြင်းကိုးဘဝမှ သူက ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ကျင့်ကြံနိုင်သရွေ့ ယခင်ဘဝမှ စွမ်းအားကို စုပ်ယူနိုင်လေသည်။

ထိုနည်းလမ်းက ၁၃ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အဆင့်မှ အတားအဆီးကို ချိုးဖောက်ဖို့အတွက် သူ့ဂိုဏ်းထားခဲ့သည့် နိဗာနကိုးပါး သွေးချီနှင့် တူညီလေသည်။ ထိုအရာကို သဘောပေါက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူတို့ကြားမှ ကွာဟချက်ကို မည်သို့အမှီလိုက်ရမလဲဟု စဉ်းစားလိုက်သည်။

သူ့ ပထမဆုံးအတွေးက ကိုယ်ပွားများကို ဖန်တီးပြီး အစကနေ ကျင့်ကြံစေခိုင်းကာ သူတို့အား စုပ်ယူဖို့ ဖြစ်၏။ သို့သော်လည်း သူက ထိုအတွေးကို ဖယ်ရှားလိုက်သည်။ ဤနည်းလမ်းက ဖြစ်နိုင်ချေ မရှိပေ။

ကိုယ်ပွားများက သူ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။ ထို့ကြောင့် ထိုအရာက သူ့အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်သော်လည်း သူ ထင်ထားသလောက် များပြားမည် မဟုတ်ပေ။ မဟုတ်ပါက ကိုယ်ပွားအမြောက်အများရှိသည့် စုယာက အတော်လေး အင်အားကောင်းနေလောက်ပြီ ဖြစ်၏။

သို့သော်လည်း သူ့ကောက်ချက်ချမှုအပေါ် အခြေခံ၍ အားကောင်နေရသည့် အကြောင်းအရင်းမှာ ပြန်လည်ဝင်စားလာသည့် အချိန်တိုင်း သူ့ဝိညာဉ်နှင့် ကျင့်ကြံဆင့်ပင် သံသရာစွမ်းအား၏ ဆေးကြောခြင်းကို ခံခဲ့ရပြီး သူ့တာအိုအပေါ် နားလည်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းနှင့် စွမ်းအားတို့ကိုပါ တိုးမြင့်လာစေခြင်း ဖြစ်လိမ့်မည်။

ကိုယ်ပွားများက ပြောင်းလဲနိုင်သော်လည်း အကူအညီ သိပ်မဖြစ်ပေ။

နောက်ထပ် နည်းလမ်းတစ်ခုက သူ့ဝိညာဉ် အမှုန်တချို့အား ပြန်လည်ဝင်စားစေပြီး တိထျန်းလိုမျိုး ကိစ္စအတူတူကို ကြုံတွေ့ဖို့ ဖြစ်၏။ ထိုအခါတွင် သူတို့က ပြန်လည်ကြီးထွားလာပြီး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိလာသည့်အခါ သူက သူတို့အား စုပ်ယူလိုက်မည်။

ကံဆိုးစွာဖြင့် ထိုအစီအစဉ်သည် ပြန်လည်ဝင်စားခြင်း စည်းမျဉ်းအပေါ် နက်နက်နဲနဲနားလည်ထားမှုကို လိုအပ်ပေသည်။ ထိုအရာက သူ့ဆီ မရှိထားပေ။ သို့သော်လည်း ဂိုဏ်းတွင် ပြန်လည်ဝင်စားခြင်းနှင့် သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်းတချို့ရှိသေး၏။

“ ခဏနေပါဦး။ ငါက ဒီအလုပ်ကို ပြန်လည်ဝင်စားခြင်းတာအိုကို အသုံးပြုဖို့ မလိုဘူးလေ။ ကံကြမ္မာတာအိုနဲ့ဆို အဆင်ပြေနေပြီ မဟုတ်ဘူးလား။”

ဝမ်ဝေ့၏ ဦးနှောက်က စူပါကွန်ပျူတာ တစ်လုံးအလား စတင် အလုပ်လုပ်လာသည်။

ငါသာ စိတ်ဝိညာဉ်အမှုန်တွေကို အားနည်းတဲ့ သေမျိုးတစ်ယောက်ရဲ့ ကံတရားကို ခိုးယူနိုင်တာနဲ့ သူ့ကို ဖြည်းဖြည်းချင်း ကျင့်ကြံရေးထိပ်ဆုံးအထိ မြှင့်တင်ပေးပြီးတော့ နောက်ဆုံးမှာ စုပ်ယူလိုက်မယ်။ အဲဒီအစီအစဉ်က အလုပ်ဖြစ်နိုင်တယ်။

ကံကြမ္မာတာအိုကို ကျင့်ကြံသူ လူတစ်ဦးအနေနှင့် ထိုအရာက သူ့အတွက် ပိုမိုသင့်တော်သည့်အတွက် ကောင်းမွန်လေသည်။ ထို့ကြောင့် သူက သူ့အစီအစဉ်အား ချမှတ်ဖို့ အချိန်တစ်ခု ယူလိုက်၏။

“ဒီအရာ အလုပ်ဖြစ်ဖို့ စိတ်ဝိညာဉ်အမှုန်အတွက် ကံအပြစ်ကြွေးကို ဖယ်ရှားဖို့လိုတယ်”

ဤသည်က သူ့အတွက် ပြဿနာ မဟုတ်ပေ။ အကြောင်းမှာ သူက ထိုစိတ်ဝိညာဉ်အမှုန်များကို ချူးမိုနှင့် ကျိုးရှုအတွက် အသုံးပြုထားပြီးသား ဖြစ်၏။ သို့သော်လည်း သူ့အကြံအစည် အလုပ်ဖြစ်လာစေဖို့အတွက် စိတ်ဝိညာဉ်အမှုန်တစ်ခုမက လိုအပ်ပေသည်။

သူ အသုံးပြုမည့် ကံကြမ္မာအငွေ့အသက် ကိုးခုစီအတွက် သူ့စိတ်ဝိညာဉ်အမှုန် တစ်ခုထက်ပိုပြီး အသုံးပြုရမည် ဖြစ်၏။ ထို့ကြောင့် သူတို့ကို သန့်စင်ဖို့နှင့် အပြစ်ကြွေးများ ဖယ်ရှားဖို့အတွက် အချိန်တစ်ခု ကြာမြင့်လိမ့်မည်။

သူက ကိုးခု လုပ်ရသည့်အကြောင်းအရင်းမှာ သူက ဤနည်းစနစ်ကို အသုံးပြုရာတွင် ကန့်သတ်ချက် ဖြစ်နေလိမ့်မည်ဟု ခံစားချက်ရနေ၍ ဖြစ်သည်။ သူက စမ်းသပ်ကြည့်ချင်သော်လည်း သူ့အလိုလိုသိစိတ်အပေါ် ယုံကြည်ထားဆဲ ဖြစ်၏။

ဝမ်ဝေ့က ကိစ္စများသာ မှားယွင်းသွားခဲ့လျှင် မည်သို့ဖြေရှင်းရမည်ကို စဉ်းစားထားကာ ရုတ်ချည်းဆိုသလို မျက်လုံးပြန်ပွင့်လာသည်။

“ တစ်ယောက်က ငါ့လျှို့ဝှက်ချက်ကို တွက်ချက်ဖို့ ကြိုးစားနေတာလား”

ထိုအရာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ယုံကြည်မှုစွမ်းအားအပေါ် မမှီခိုသည့် ဂမ္ဘီရအစွမ်းတစ်ခုကို တွေ့ရှိသွားသည်။ ထိုအရာက မိုးမြေ၏ လျှို့ဝှက်ချက်များကို တွက်ချက်ဖို့အတွက် ယင်နှင့်ယန် သို့မဟုတ် စကြဝဠာ၏ ဆက်တိုက်အပြောင်းအလဲအပေါ် မှီခိုထားသည်။

အထူးသဖြင့် ထိုအရာက ကွဲပြားသည့်တာအိုကို အသုံးပြုကာ ဂမ္ဘီရအစွမ်းကို ထုတ်သုံးခြင်း ဖြစ်၏။

ထိုအစွမ်းကို အာရုံခံပြီးသည့်နောက်တွင် ဝမ်ဝေ့က ချက်ချင်းဆိုသလို တားဆီးလိုက်ပြီး မူလအရင်းအမြစ်ဆီ ပြန်လည်နောက်ယောင်ခံလိုက်သည်။ ထိုအခါတွင် သူက တစ်ခေါင်းလုံး ဖြူဖွေးကာ မုတ်ဆိတ်ဖြူရှိသည့် လူအိုကြီးတစ်ဦးကို မြင်လိုက်ရ၏။

သူက သေမျိုးများသာ ဝတ်ဆင်မည့် ချည်သားဝတ်စုံမျိုးကို ဝတ်ဆင်ထားလေသည်။ ထိုလူအိုကြီးက ထိတ်လန့်သည့် အမူအရာဖြစ်သွားသည်ကို မြင်ကာ ဝမ်ဝေ့က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ထိုလူအိုကြီးက သွေးတစ်ပွက် အန်သွားလေ၏။

“ စကားမဲ့ဂိုဏ်းလား စိတ်ဝင်စားစရာပဲ”

သူက သူ့နယ်ရုပ်နှစ်ခုအား အာရုံစိုက်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။

ထိုစဉ်သမာသမတ်ဂိုဏ်း မဟာမိတ်အတွင်း အစည်းအဝေးတစ်ခု ကျင်းပနေသည်။ မဟာမိတ်၏ အထက်ပိုင်းများက ဝမ်ဝေ့ ပေါ်ထွက်လာပြီးနောက် တစ်လကြာသွားသော်လည်း ထိုကိစ္စကို ဆွေးနွေးနေကြဆဲဖြစ်၏။

မဟာမိတ်များက လူအင်အား စုစည်းကာ နေမင်းကို အပိုင်သိမ်းထားသည့် ထိုနတ်ဆိုးကို အပြီးတိုင် ရှင်းထုတ်ဖို့ စီစဉ်နေကြသည်။ သို့သော်လည်း တခြားအဖွဲ့ဝင်များက ကန့်ကွက်နေကြ၏။ အကြောင်းမှာ သူတို့၏ ယခင် ကြိုးစားမှုအားလုံးက ကျရှုံးခဲ့ပြီး အများစုအား ဒဏ်ရာရသွားစေခဲ့သည်။

သူတို့က ထိုနတ်ဆိုးအုပ်ချုပ်သူက သူတို့အား အကြောင်းအရင်းတချို့ကြောင့် မတိုက်ခိုက်လာသည့် အချက်ကြောင့်သာ မဟုတ်လျှင် ထိုအစီအရင်တစ်ခုတည်းဖြင့် သူတို့က ချက်ချင်းအသတ်ခံရလိမ့်မည်။

အားလုံးက စကားများနေစဉ် ဒုခေါင်းဆောင် ထုံဟွားကမူ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အပြုအမူအသေးစားလေးက အားလုံး၏ အာရုံကို ဖမ်းစားသွားလေ၏။

“ ဒုခေါင်းဆောင် ပြဿနာ တစ်ခုခုရှိလို့လား”

“ ဂိုဏ်းဆီကနေ အရေးပေါ် အချက်ပြ ရလိုက်တယ်။ ငါ ဂိုဏ်းကို ပြန်ရမယ်”

“ အကူအညီလိုသေးလား”

“ မလိုဘူး။ ဒါက ကိုယ်ပိုင်ကိစ္စလေးပါ။”

အားလုံးက ဘာမှဆက်မမေးကြတော့ပေ။ သူမက ထိုသို့သော အရေးပါသည့် အစည်းအဝေးမျိုးကို ကိုယ်ပိုင်ကိစ္စကြောင့် နှောင့်ယှက်သည့် အကြောင်းကို ထည့်မပြောကြပေ။ အခန်းအတွင်းရှိ လူများက အင်အားပိုင်းအရ သူမက မဟာမိတ်ခေါင်းဆောင်အတွက်ပင် အရည်အချင်း ပြည့်မှီကြောင်း သိကြလေသည်။

အကယ်၍ သူမက ထိုရာထူးအတွက် မတိုက်ခိုက်လိုသည့် အမျိုးသမီးတစ်ယောက်သာ မဟုတ်လျှင် သူမက ထိုမဟာမိတ်ခေါင်းဆောင် ဖြစ်လာလိမ့်မည်။

ထုံဟွာက အစည်းအဝေးခန်းမှ ထွက်လာပြီးသည့်နောက်တွင် ဂိုဏ်းသို့ အလျင်အမြန်ပြန်ဖို့ ကူးသန်းရေးအစီအရင်ကို အသုံးပြုလိုက်သည်။ ထိုအစီအရင်အပြင်  သူမ၏ နက်နဲနတ်ဘုရားအဆင့်ဖြင့် ဦးတည်ရာသို့ အလျင်အမြန် ရောက်ရှိသွားသည်။

သူမက ရပ်တန့်မနေဘဲ အိမ်ငယ်လေးများတည်ရှိသည့် သီးသန့်တောင်ထိပ်ဆီ ပြေးသွားလိုက်သည်။ ဤသည်က ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူမတစ်ယောက်တည်းသာ သွားနိုင်သည့် တားမြစ်နယ်မြေ ဖြစ်လေသည်။

သူမက အိမ်ငယ်လေးထဲ ဝင်သွားလိုက်သည်နှင့် ချည်သားဝတ်ရုံနှင့် လူအိုကြီးသည် သွေးများ ပေစွန်းနေသည်ကို မြင်လိုက်ရ၏။

“ အထွတ်အထိပ် အကြီးအကဲ ဘာဖြစ်လို့လဲ”

“ မစိုးရိမ်ပါနဲ့။ ငါက လက်ရှိ နတ်ဆိုးအုပ်ချုပ်သူရဲ့အကြောင်းကို တွက်ချက်ရာကနေ တန်ပြန်သက်ရောက်မှုကို ခံလိုက်ရရုံပါ။ ကံကောင်းတာက သူက ငါ့ကို ကတိပေးခဲ့ရုံပဲ”

“ သူက အဲလောက်တောင် အားကောင်းတာလား”

“ အဟုတ်ပဲ။ ငါ သူ့ကို တွက်ချင်တဲ့ အကြောင်းအရင်းက သူက ငါ့တို့ အစီအစဉ်ကို ဝင်ရှုပ်မလားဆိုတာ သိချင်လို့ပဲ”

သူမ၏ နက်နဲစွမ်းအားများကို ထိုလူအိုကြီး၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းပေးပြီးနောက် ထုံဟွာက မေးလိုက်သည်။

“ အဲဒါဆို ကျွန်မတို့ အခု ဘာလုပ်ကြမလဲ”

“ ငါက သတင်းအချက်အလက် များများစားစား မရခဲ့ပေမဲ့ သူ့ တည်ရှိမှုက ကိစ္စအများကြီးကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ သေချာတယ်”

“ လတ်တလော ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သူက ဒီကမ္ဘာကို ဝင်စွက်ဖက်ဖို့ စိတ်ဝင်စားတဲ့ပုံမပေါ်ဘူး။ ပြီးတော့ သူက ဒဏ်ရာရနေပြီး‌တော့ သူ့သက်တမ်းလည်း ကုန်ဆုံးတော့မဲ့ပုံပဲ။ အဲလိုဆိုရင်တောင် တစ်ယောက်ယောက်က အားကောင်းနေမယ်ဆိုရင် သူတို့ရဲ့ တည်ရှိမှုက အားလုံးရဲ့ ကံကြမ္မာအပေါ် သက်ရောက်မှု ဖြစ်လာစေလိမ့်မယ်” အထွတ်အထိပ် အကြီးအကဲက ပြန်ဖြေလိုက်သည်။

“ အဲဒါဆို ကျွန်မတို့ရဲ့ နောက်အစီအစဉ်ကရော”

“ ငါတို့တွေ အစီအစဉ်ကို ရှေ့တိုးရမယ်”

“ အဲဒါက အဆင်ပြေပါ့မလား”

လူအိုကြီးက သက်ပြင်းချကာ “ ငါတို့ရဲ့ဘိုးဘေးတွေက ဒီဟာကို မျိုးဆက်များစွာ ကြံစည်လာခဲ့တာ။ တစ်ခုခုသာ အမှားအယွင်း မရှိရင် မင်းတို့ မျိုးဆက်က အကျိုးအမြတ် ရလိမ့်မယ်။ ကိစ္စတွေကို အလျင်စလို လုပ်တာက လမ်းကြောင်းအပေါ် သက်ရောက်လာမှာ မဟုတ်ဘူး”

ထုံဟွာက အစီအစဉ်အား ရှေ့တိုးဖို့ မျှော်လင့်ရင်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ထိုအစည်းအဝေးအပြီး တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်နက်နဲကုန်းမြေအတွင်း တုန်လှုပ်စရာ သတင်းတစ်ခု ထွက်ပေါ်လာသည်။

သမာသမတ်ဂိုဏ်း မဟာမိတ် အဖွဲ့ဝင်အားလုံးက အားကောင်းသည့် နတ်ဆိုးအုပ်ချုပ်သူ၏ လက်အောက်တွင် အသတ်ခံလိုက်ရ၏။ တစ်ဦးတည်းသော အသက်ရှင်ကျန်သူမှာ အရေးပေါ်ကိစ္စကြောင့် ထွက်သွားသည့် ဒုခေါင်းဆောင်တစ်ဦးတည်း ဖြစ်လေသည်။

All Chapters