မင်းကြောင့် ငါတို့အားလုံး ငါးပါးမှောက်ပြီ
Vol. 104 Ch. 1454
တာအိုစောင့်ရှောက်သူ၏စကားကြောင့် လူငယ်က ကျေနပ်စွာ ပြုံးသည်။ အဋ္ဌမဂိုဏ်းခေါင်းဆောင်ကြီးချီဖုန်း၏ မြေးဖြစ်သည်နှင့်အားလျော်စွာ အဋ္ဌမဂိုဏ်းထဲတွင် သူ လက်ညှိုးညွှန်ရာ ရေဖြစ်လေသည်။
အဋ္ဌမဂိုဏ်း၏ အနှစ်သာရ ၉ ခုအဆင့်ပါရာဂွန် ကြွေလွင့်သွားပြီးနောက်တွင် အနှစ်သာရ ၈ ခုအဆင့်ခေါင်းဆောင်ကြီးချီဖုန်းသည် သင်္ချိုင်းခရီးစဉ်မှ ပြန်ရောက်လာခဲ့ပြီး အဆင့်တက်ခါနီးသည်အထိ ကျင့်ကြံအားထုတ်ခဲ့၏။ သူက အဋ္ဌမဂိုဏ်းတွင် အစွမ်းထက်ဆုံးပညာရှင်ဖြစ်၍ အနှစ်သာရ ၉ ခုအဆင့်သို့ တက်လှမ်းနိုင်လျှင် အဋ္ဌမဂိုဏ်း၏ တရားဝင်ခေါင်းဆောင် ဖြစ်လာလိမ့်မည်။ အာကာပြင်ကျယ်ကျောင်းတော်၏ မဟာပါရာဂွန်ကိုးယောက်အနက် တစ်ယောက်လည်း ဖြစ်လာမည်။
ထိုကဲ့သို့လူများသည် အာကာပြင်ကျယ်ကျောင်းတော်၏ အဆင့်အတန်းအမြင့်မားဆုံးပညာရှင်များဖြစ်၍ ဤလူငယ်အနေဖြင့် ယင်သွေးကြောအဖြစ် အသုံးပြုရန် မည်သည့်အမျိုးသမီးကျင့်ကြံသူကိုမဆို လက်ညှိုးထိုးရွေးချယ်နိုင်သော အကြောင်းရင်းတစ်ခုလည်း ဖြစ်ပေသည်။
မှန်သည်၊ လူငယ်က မဆင်မခြင်တော့မလုပ်။ မိန်းကလေးတစ်ဦးတွင် အင်အားတောင့်သောနောက်ခံ သို့မဟုတ် အဆက်အသွယ်များရှိလျှင် သူသည် သူမကို ထိတွေ့အသားယူလိုစိတ်များအား လက်လျှော့လိုက်တတ်၏။ ထိုအကြောင်းကြောင့် ခေါင်းဆောင်ကြီးချီဖုန်းက အခြေအနေကိုသိရှိသည့်တိုင် လူငယ်အနေဖြင့် သူ့အား ထိပါးမည့်ကိစ္စမျိုး လုပ်မည်မဟုတ်ဟု ယုံကြည်လေသည်။
တာအိုစောင့်ရှောက်သူ၏စကားကြောင့် လူငယ်က ပြုံးရင်း ဆိုသည်။ “ကဲဒါဆိုလည်း လောကြီးစရာတော့မလိုပါဘူး။ အဲဒီယင်သွေးကြောမျိုးက ဒီနေ့အဋ္ဌမဂိုဏ်းမှာ ရှားနေပြီ။ ဒီမှာ ဒီလောက်ထူးကဲတဲ့သွေးကြောကို တွေ့လိမ့်မယ်လို့ ဘယ်သူထင်မှာတုန်း။ သိပ်ကောင်းတယ် သိပ်ကောင်းတယ်
“ကံဆိုးစွာနဲ့ ငါတို့က အခုနဝမဂိုဏ်းမှာပဲ ရှိနေသေးတယ်။ ဒီနေရာမှ မဆင်မခြင်မလုပ်ရဘူးဖို့ ခေါင်းဆောင်ကြီး ငါ့ကို မှာထားတယ်...
“ကိစ္စမရှိဘူး။ ဒီယင်သွေးကြောကို အဋ္ဌမဂိုဏ်းဆီ ခေါ်သွားနိုင်မယ့် နည်းလမ်းစဉ်းစားလိုက်ရုံပေါ့” ကောက်ကျစ်သောအလင်းရောင်က သူ၏မျက်လုံးများတွင် ထပ်မံတောက်ပလာသည်။
နောက်ရက်များအတွင်း ယန်အာနှင့်အပေါင်းအပါတို့သည် အဋ္ဌမဂိုဏ်းမှ အဖွဲ့နှင့်အတူ ခရီးနှင်ကြ၏။ လူငယ်တွင် မြင့်မားသောအဆင့်အတန်းရှိ၍ လေးလေးစားစား ဆက်ဆံရမည်ဟု သူတို့ နားလည်လာကြသည်။ နောက်ဆုံးတော့ ပွဲစျေးကျင်းပရာသို့ သူတို့ ရောက်သွားကြပြီး နေရာထိုင်ခင်းများအတွက် စီစဉ်ကြသည်။
ပထမနေ့၏ညတွင် ယန်အာမှာ နောက်ရက်များအတွက် မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားနေလေသည်။ သူမ တရားထိုင်တော့မည့်အချိန်မှာပဲ ဝဲတစ်ဝဲက သူမပတ်ပတ်လည်တွင် ဘွားခနဲ ဖြစ်တည်လာ၏။ မည်သည့်အသံမှ မထွက်ဘဲ, မည်သည့်အရိပ်အယောင်မှ မတွေ့ရဘဲ ဗြုန်းစားကြီးပေါ်လာခဲ့၍ ယန်အာ သတိမထားမိခင်မှာတင် ၎င်းက သူမကို ဝါးမြိုခါနီးနေလေပြီ။
ထိုအခိုက်အတန့်တွင် စျေးအပြင်မှ ဟောင်သံတစ်သံ ထွက်လာသည်။ ၎င်းကား ယန်အာကို စောင့်ရှောက်ဖို့ ဖန်မု တိတ်တဆိတ် လွှတ်လိုက်သော သွေးခွေးကြီးမှတစ်ပါး အခြားမဟုတ်ပေ။
သွေးခွေးကြီးသည် သတ်ဖြတ်လိုစိတ်တို့ မျက်လုံးများတွင် တဟုန်းဟုန်းတောက်လောင်နေလျက် အဝေးသို့ အမြန်ဆုံးပျံထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။
တစ်ချိန်တည်းမှာပင် စျေး၏အပြင်ရှိ ကီလိုမီတာ ၅၀၀ အကျယ် ချိုင့်ဝှမ်းတစ်ဝှမ်းတွင် ခေါင်းဆောင်ကြီးချီဖုန်း၏မြေးသည် သူ့အရှေ့၌ လည်နေသောဝဲကို ကြည့်လျက် ရပ်နေ၏။ ဝဲထဲမှ တာအိုနယ်ပယ်အဆင့် စောင့်ရှောက်သူက သတိလစ်နေသောမိန်းကလေးတစ်ယောက်ကို ပွေ့လျက် ထွက်လာသည်။ သူမကား ယန်အာမှတစ်ပါး အခြားမဟုတ်ပေ။
လူငယ်သည် ယန်အာကို မြင်လျှင် နှာဘူးတစ်ယောက်ကဲ့သို့ ပြုံး၍ သူမအား လှမ်းဆွဲလိုက်သည်။ သူ၏မျက်ဝန်းထဲရှိ လိင်အမြတ်ထုတ်လိုမှုက ပိုမိုအားကောင်းလာလေသည်။
တာအိုစောင့်ရှောက်သူအတွက် ယခုလိုကိစ္စမျိုးမှာ ရိုးရှင်းသည့်အပြင် ကြိမ်ဖန်မနည်း လုပ်ခဲ့ဖူးလေသည်။ သူက ချောင်းဟန့်၍ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ဟောင်သံတစ်သံက ချိုင့်ဝှမ်းတစ်လျှောက် ဟိန်းထွက်သွားသည်။
အသံ၏ရန်လိုနေမှုက တာအိုစောင့်ရှောက်သူကို မျက်နှာပျက်သွားစေ၏။ သူ လှည့်ကြည့်လိုက်သည့်အချိန်မှာပင် အနီရောင်အလင်းတန်းတစ်တန်းက သူ့ထံ တန်းတန်းမတ်မတ် ပြေးဝင်လာခဲ့လေပြီ။
ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး ချိုင့်ဝှမ်းတစ်ခုလုံး ပြိုကျစပြုလာသည်။ တာအိုစောင့်ရှောက်သူမှာ ဒဏ်ရာအပြင်းအထန်ဖြင့် ဒလိမ့်ခေါက်ခွေးလွင့်ထွက်သွားကာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့မျက်နှာရှေ့တည့်တည့်တွင် အနီရောင်ခွေးကြီးတစ်ကောင် ပေါ်လာခဲ့သဖြင့် သူ့မှာ လန့်ဖျပ်သွားတော့သည်။
“အဲ..အဲ့ဒါ တာအိုနယ်ပယ်သားရဲတစ်ကောင်ပဲ
“လခွမ်း ဘယ်လိုလုပ် တာအိုနယ်ပယ်သားရဲတစ်ကောင်က ဒီရောက်နေတာလဲ” လူငယ်မှာ ကြောက်လွန်း၍ တုန်ရီနေသည်။ သူသည် ယန်အာကို ဆွဲလျက် နောက်ဆုတ်လိုက်၏။ ဤအခိုက်အတန့်တွင် ယန်အာက သတိပြန်ရနေပြီဖြစ်၍ တွေဝေငေးကြောင်နေမှုတို့ ပျောက်ကွယ်သွားရန် တခဏသာ ကြာလိုက်ပြီး အော်တော့သည်။
“ပိတ်ထားစမ်း” လူငယ်က ကြိမ်းမောင်းသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် သွေးခွေးကြီး၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒဖြင့် မီးဝင်းဝင်းတောက်လာပြီး သွေးခွေးကြီးသည် သူ့ထံ တဟုန်ထိုးပြေးဝင်လာတော့၏။
“ကလေးမ...ကလေးမနောက် လိုက်နေတာ” တာအိုစောင့်ရှောက်သူမှာ တုန်ယင်သွားသည်။ ချီအခြေတည်အဆင့်ကလေးမတစ်ဦးကို ပြန်ပေးဆွဲခဲ့ခြင်းက တာအိုနယ်ပယ်အဆင့်သားရဲတစ်ကောင်၏ အာရုံကို ဆွဲဆောင်မိလိမ့်မည်ဟု သူ မည်ကဲ့သို့ထင်ထားခဲ့မည်နည်း။
“မင်းသား ဒီကထွက်တော့။ တစ်ခုခု မူမမှန်တော့ဘူး” တာအိုနယ်ပယ်စောင့်ရှောက်သူမှာ တွေးနေရန် အချိန်မရှိပေ။ သို့သော် လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်၍ တစ်ခုခုက လွန်စွာထူးဆန်းနေကြောင်း ပြောနိုင်လေသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်လာလျှင်ချင်း လူငယ်သည် သူ့လည်တိုင်၌ ဆွဲထားသော ကျောက်စိမ်းပြားကို ဆွဲဖြုတ်ကာ ဖိချေလိုက်၏။
ချက်ချင်းပင် အားကောင်းသော နေရာရွှေ့ပြောင်းခြင်းစွမ်းအား ပေါ်ထွက်လာသည်။ သို့သော် ၎င်းသည် သူ့အား ခွေးနှင့်ဝေးရာသို့ ခေါ်သွားနိုင်သည်အထိ မြန်ပုံမရပေ။ လူငယ်၏မျက်လုံးများက ရုတ်တရက် ခက်ထန်သွားသည်။ သူသည် ပေါ့ပေါ့ပါးပါးနေတတ်သော လူငယ်ပုံစံပေါက်သော်လည်း အ,တော့ မအ,ပေ။ သူသည် ယန်အာ၏လည်ပင်းကို ဆုပ်ကိုင်ကာ သွေးခွေးကြီးအား စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။
“မင်း တစ်လှမ်းတိုးလာတာနဲ့ သူ့ကို သတ်ပစ်မယ်” သူက စူးစူးဝါးဝါး အော်သည်။ သွေးခွေးကြီးမှာ တုံ့ခနဲ ရပ်သွားပြီး ထိုအခိုက်အတန့်တွင် နေရာရွှေ့ပြောင်းခြင်းစွမ်းအား ဖြာထွက်လာသည်။ လူငယ်နှင့်ယန်အာမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေပြီ။ ထိုအခိုက်အတန့်မှာပင် သွေးခွေးကြီးက ဟောင်၍ တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်ရာ လူငယ် ယခုလေးတင် ရပ်နေခဲ့သောနေရာ၌ ချောက်နက်ကြီးဖြစ်ပေါ်လာတော့သည်။
တာအိုစောင့်ရှောက်သူမှာ ခေါင်းနပန်းကြီးနေသော်လည်း တွန့်ဆုတ်မနေဘဲ နောက်ဆုတ်လိုက်သည်။ သူ့စိတ်မှာ ကယောင်ချောက်ချားဖြစ်နေ၏။ ဤတာအိုနယ်ပယ်သားရဲသည် မွေးမြူထိန်းကျောင်းခံထားရသော သားရဲမှန်း သိသာသည့်အတွက် တာအိုနယ်ပယ်အဆင့်သားရဲတစ်ကောင်ကို ထိန်းကျောင်းနိုင်သည့် လူတစ်ယောက်တွင် သေချာပေါက် မယုံကြည်နိုင်ဖွယ် ကျင့်ကြံခြင်းအခြေခံ ရှိလိမ့်မည်။
ယန်အာ ပျောက်ကွယ်သွားသည်ကို မြင်လျှင် သွေးခွေးကြီးသည် ခေါင်းနောက်လှန်ကာ မာန်အပြည့်ဟောင်လိုက်၏။ ၎င်း၏စွမ်းအား ပေါက်ကွဲထွက်လာသည်နှင့်အမျှ သွေးခွေးကြီး၏ခန္ဓာကိုယ်မှာ ကြီးမားလာကာ သတ်လတ်ပိုင်းတာအိုစောင့်ရှောက်သူထံ တဟုန်ထိုးပြေးဝင်သွားသော သွေးနီရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့သည်။ ထိုလူ တုံ့ပင်မတုံ့ပြန်နိုင်ခင် သွေးခွေးကြီးက သူ့ကို ကိုက်၍ မြိုချလိုက်လေပြီ။
သွေးပျက်စွာ အော်သံကြီးသာ ကျန်ရစ်ခဲ့သည်။ မသေခင် နောက်ဆုံးအခိုက်အတန့်၌ပင် သူ့မှာ မဖြစ်စလောက် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ယခုလိုကပ်ဆိုက်စေနိုင်သည်ကို မယုံနိုင်သေးပေ။
မှန်သည်၊ သူနှင့် လူငယ် မီးမွှေးခဲ့သည့် ကပ်ဘေးမှာ အစသာရှိသေးကြောင်း သူ မသိနိုင်တော့ပေ။ ဂိုဏ်းတွင် သာမညကောင်ဟု သူ ထင်ခဲ့သော လူ၊ ဖန်မုဆိုသည့် အတွင်းစည်းဂိုဏ်းသား၏ သရုပ်မှန်ကိုလည်း သူ ဘယ်တော့မှ သိနိုင်တော့မည်မဟုတ်။
ယန်အာ ပျောက်သွားသည့်အခါ သွေးခွေးကြီးက ဟောင်လိုက်သည်။
အာကာပြင်ကျယ်ဂြိုဟ်၏အတွင်းရှိ တစ်ဝက်ဂြိုဟ်ပေါ်တွင် နဝမပါရာဂွန်မြို့ ရှိ၏။
ထိုနေရာတွင် မန်ဟို၏ကိုယ်အစစ်က မျက်လုံးများကို ဖွင့်လိုက်ပြီး ၎င်းတို့က ကြောက်စရာကောင်းလောက်အောင် အေးစက်နေလေသည်။
နဂါးများ၏ခန္ဓာကိုယ်ပေါ်တွင် အားနည်းသောအကြေးခွံတစ်ခွံသာ ရှိတတ်သည်။
မန်ဟို့အတွက် ထိုအားနည်းချက်က တောင်ပင်လယ်လောက၊ သူ့မိသားစုနှင့် မိတ်ဆွေများ ဖြစ်၏။ အာကာပြင်ကျယ်ဂြိုဟ်ပေါ်တွင် နေထိုင်နေစဉ်ကာလအတွင်း ထိုအားနည်းချက်သည် မန်ဟို့တွင် မရှိခဲ့ပေ။
သို့သော် ချူယွီယန်ပေါ်လာသောအခါ သူမက သူ၏အားနည်းချက်ဖြစ်ကြောင်း မန်ဟို သိလေသည်။
သူမကို ထိရဲသူသည် မန်ဟို၏ အထိမခံနိုင်ဆုံးအပိုင်းကို ထိလိုက်သည်နှင့် တူသည်။
အားနည်းချက်ကို ထိခြင်းက မိုးကောင်းကင်နှင့်မြေကြီးကိုသာမက အာကာပြင်ကျယ်စကြဝဠာကိုပင် တုန်လှုပ်စေနိုင်သော အမျက်ဒေါသကို လှုံ့ဆော်မိလိမ့်မည်။
အာကာပြင်ကျယ်ဂြိုဟ်အပေါ်ရှိ ကောင်းကင်ထက်တွင် တိမ်တိုက်များ ဆူပွက်နေသည်။ မိုးကြိုးများ ထစ်ချုန်းနေပြီး ထူးဆန်းသောအရောင်အဝါများ ကောင်းကင်၌ ပြိုးပြက်လက်နေ၏။ လေများ တဝေါဝေါ တိုက်ခတ်လာ၍ ဂြိုဟ်၏မျက်နှာပြင်တွင် နေထိုင်သော လူတိုင်း အလန့်တကြား မော့ကြည့်မိလိုက်ကြလေသည်။
တစ်ချိန်တည်းမှာပင် နဝမပါရာဂွန်တစ်မြို့လုံး၊ တစ်ဝက်ဂြိုဟ်တစ်ဂြိုဟ်လုံး၊ အတွင်းကြယ်တာရာကောင်းကင်တစ်ခုလုံးနှင့် အာကာပြင်ကျယ်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် တဂျုန်းဂျုန်း ထစ်ချုန်းသံများ ဆူညံလာသည်။
ဤသည်မှာ ထိုကဲ့သို့အရာမျိုး ဒုတိယအကြိမ် ဖြစ်ပွားခြင်းပင်။ ပထမအကြိမ်က မန်ဟို ချူယွီယန်၏ဝိညာဉ်ကို ပထမဆုံးအကြိမ်မြင်လိုက်ရသော အခိုက်အတန့်ဖြစ်သည်။ ယခုတွင် ... အရှိန်အဟုန်ကြီးမားသော အသတ်အဖြတ်စိတ်ဆန္ဒသည် ဒုတိယအကြိမ် ပေါ်ထွက်လာကာ ပါရာဂွန်များပင်အပါအဝင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ လူတိုင်းကို တုန်လှုပ်သွားစေ၏။
ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် ဂိုဏ်းချုပ်တို့လည်း မန်ဟို အပြင်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်နေကြလေသည်။
“အဲဒီအသတ်အဖြတ်အရှိန်အဝါ...” ကျင်ယွင်ရှန်းက ပင့်သက်ရှိုက်လျက် ပြောသည်။ “သူ... သူ တစ်ယောက်ယောက်ကို သွားသတ်တော့မှာပဲ” မန်ဟို၏အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် သူ၏မျက်လုံးများတွင် သတိဝီရိယတို့ ပြည့်နှက်သွားသည်။
ရှကျုံတုံးလည်း အလားတူတုံ့ပြန်ပြီး ဂိုဏ်းချုပ်ကတော့ တရားထိုင်နေရာမှ ချက်ချင်းထွက်လာသည်။ အနှစ်သာရ ၈ ခုပါရာဂွန်များရော၊ အနှစ်သာရ ၉ ခု ပါရာဂွန်များပါ တုန်လှုပ်နေကြ၏။
အဋ္ဌမဂိုဏ်းရှိ ခေါင်းဆောင်ကြီးချီဖုန်းလည်း ထိုနည်းတူ ထိတ်လန့်နေသည်။ မန်ဟို့အရှိန်အဝါကို တွေ့ရှိသွားသောအခါ ချီဖုန်းသည် သင်္ချိုင်းထဲမှာတုန်းက အဋ္ဌမပါရာဂွန်အား မန်ဟို မည်သို့ရက်ရက်စက်စက် သတ်ခဲ့သည်ကို ပြန်တွေးမိလိုက်၏။
“ဘယ်ကောင်တော့ အဲဒီအရူးကို ရန်စလိုက်တာပါလိမ့်....” သူက ခပ်တိုးတိုး ရေရွတ်လေသည်။ ထို့နောက် သူသည် ထိုကိစ္စကို ခေါင်းထဲမထားတော့ဘဲ မျက်လုံးပိတ်ကာ တရားဆက်ထိုင်နေ၏။
ထိုစဉ် အဋ္ဌမမြေထုအပေါ်က အဋ္ဌမဂိုဏ်းတွင် နေရာရွှေ့ပြောင်းခြင်းအလင်း ပြိုးပြိုးပြက်ပြက် လက်လာသည်။ ခေါင်းဆောင်ကြီးချီဖုန်း၏မြေး လူငယ်သည် ယန်အာနှင့်အတူ ထွက်လာ၏။ သူ့မှာ ရိုက်ပုတ်လွှတ်ခံလိုက်ရသကဲ့သို့ မျက်နှာဖြူဆုပ်နေသော်လည်း မျက်လုံးများကတော့ ရန်လိုခက်ထန်နေသည်။
“သောက်ကျိုးနည်းတဲ့မှ လီးလိုပဲ” သူက ဆဲသည်။ “ငါ မင်းသားကို ဘယ်ကောင် ရန်စလိုက်တာလဲ
“အဲဒီခွေးကောင်က တာအိုနယ်ပယ်အဆင့်သားရဲတစ်ကောင်ထက် မပိုဘူး။ မရရအောင် သတ်ပစ်မယ်။ မရရအောင် စားပစ်မယ် ခွေးမသား”
“ပိုင်ရှင်ဘယ်သူဖြစ်ဖြစ် ဂရုကိုမစိုက်ဘူး။ ငါ့ကို ရန်စရဲတဲ့ ဘယ်ကောင်မဆို တစ်မျိုးလုံး မျိုးဖြုတ်ခံရမယ်သာမှတ်” သူသည် မျက်နှာကလေးဖြူဖျော့လျက် ကြောက်လန့်နေသော ယန်အာကို ငုံ့ကြည့်လိုက်၏။
“နင်..နင်... ငါ့ကို ဘာလုပ်မလို့လဲ” သူမက အထစ်ထစ်အငေါ့ငေါ့ ဆိုသည်။ “ငါ့ဆရာ နင့်ကို အလွှတ်ပေးမှာမဟုတ်ဘူး။ သူ..”
“ပိတ်ထားစမ်း။ မင်းဆရာက ဘယ်သူလဲ ဖန်မုလား။ ဘာမဟုတ်တဲ့ အတွင်းစည်းဂိုဏ်းသားလေးလေ။ အဲဒီခွေးမသားက ငါ့ဖိနပ်တွေပြောင်အောင် သုတ်ပေးဖို့တောင် အရည်အချင်းမရှိဘူး” ထို့နောက် လူငယ်သည် လက်မြှောက်၍ ယန်အာကလေး၏ပါးကို ဖြန်းခနဲ ချလိုက်၏။ ပါးမို့မိုလေးခမျာ ချက်ချင်း ယောင်ကိုင်းလာပြီး သူမနှုတ်ခမ်းထောင့်လေးမှ သွေးများစီးကျလာသည်။ ယန်အာသည် တဆတ်ဆတ် တုန်လာပြီး သူမမျက်နှာထက်တွင် လုံးလုံးလျားလျားကြောက်လန့်နေသော အရိပ်အယောင်ကို မြင်ရနိုင်၏။
ယန်အာ၏ဘဝတစ်လျှောက်လုံး အပူအပင်ကင်းမဲ့ခဲ့သည့်အတွက် ယခုအဖြစ်အပျက်က အပြင်လောကကြီး မည်မျှရက်စက်ကြမ်းကြုတ်ကြောင်း သူမအား နားလည်သွားစေသည်။ သူမမှာ အကြောက်တရား၏ဝါးမြိုခြင်းခံရတော့မည့်အလား ဆောက်တည်ရာမဲ့နေတော့သည်။
လူငယ်က ဒေါသတကြီး ခေါင်းနောက်လှန်ကာ ဟိန်းဟောက်သည်။ “အစောင့်တွေ လာစမ်း
“ငါ့ကို တစ်ယောက်ယောက် သတ်ဖို့ ကြိုးစားနေတယ်။ ခေါင်းဆောင်ကြီး ကျွန်တော့်ကို ကယ်ပါဦး” လူငယ်၏အသံ ပဲ့တင်ထပ်နေစဉ် အဋ္ဌမဂိုဏ်းတစ်ဂိုဏ်းလုံး အုတ်အုတ်ကျက်ကျက် ထသွားသည်။ မရေမတွက်နိုင်သောလူများ ထွက်လာပြီး ယန်အာ့ကို မြင်လျှင် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောပေ။
“တစ်ယောက်ယောက် ငါ့ကို သတ်ဖို့ ကြိုးစားနေတယ်” သူက အသံကုန်အော်သည်။
လူငယ်၏အော်သံကို တုံ့ပြန်သူက ချီဖုန်းမဟုတ်၊ အဋ္ဌမဂိုဏ်းအတွင်းမှ ပျံထွက်လာသော တာအိုဥသျှောင်တစ်ဦးပင်။ “ဘယ်သူ ငါ့သားကို သတ်ဖို့ ကြိုးစားနေတာလဲ။ မင်း အခုလေးတင် နဝမမြေထုကို သွားတာမဟုတ်ဘူးလား”
သူ ပေါ်လာလျှင်ချင်း လူတိုင်းက လေးစားစွာ လက်ယှက်အရိုအသေပေးကြသည်။
“အဖေ၊ သား နဝမမြေထုမှာ ဒီယင်သွေးကြောကို သဘောကျတာနဲ့ ခေါ်လာတာ။ အဲဒါနဲ့ တာအိုသားရဲတစ်ကောင်က သားကို သတ်ဖို့ ကြိုးစားခဲ့တယ်။ တကယ်ကြီး သတ်ဖို့ ကြိုးစားခဲ့တာ” သူ၏တုန်ရီနေသောအသံနှင့် သူ၏အဝတ်အစားများ စုတ်ပြတ်နေသည်ကို ထည့်တွက်လျှင် အသက်လုပြေးလာခဲ့ရပြီး ခေါင်းဆောင်ကြီးမှ ပေးခဲ့သော နေရာရွှေ့ပြောင်းကိရိယာကို အသိပြုခဲ့ရကြောင်း သိသာသည်။