← Chapters

ပိုင်စုကျန်း

Vol. 2 Ch. 20

ပိုင်စုကျန်း

Vol. 2 Ch. 20

“မင်းက ပြန်မပေးနိုင်ဘူးဆိုတာ ဘာသဘောလဲ…”

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ဒေါသထွက်သောအမူအရာဖြင့် ဝိညာဉ်ကျောက်တုံးများ သွားယူရန် ထရပ်သည်။

ဟန်မူယဲ့က သူ့အား ပြန်ဆွဲခေါ်ကာ ပြောသည်။

“ကျုပ် ဂျူနီယာညီမလေးမူဝမ် ဆေးဖော်တာသွားကြည့်မလို့။ ဆေးလုံး ဝယ်မလို့ မဟုတ်ဘူး”

ထို့နောက် သူက ဓားစံအိမ်ထဲမှ ပြုံးလျှက် ထွက်လာခဲ့သည်။

“ဆေးဝယ်ဖို့မဟုတ်ဘူး… ဒါပေမဲ့…”

ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ စားပွဲပေါ်၌ ပြန်ထိုင်သည်။

“ဘယ်လိုဖြစ်ဖြစ် အကြီးအကဲက မင်းဟာ တစ်လပဲ အသက်ရှင်တော့မယ်လို့ ပြောတာပဲ။ မင်း သဘောကျတာကို လုပ်နေတာ ကောင်းတယ်”

ဟန်မူယဲ့၏နောက်ကျောကို ကြည့်ကာ ဟွမ်လောင်လျှိုက အထီးကျန်ဆန်စွာ ပြောသည်။

“ငါကရော ဘယ်လောက်အသက်ရှည်ဦးမှာလဲ…”

ဟန်မူယဲ့ ဆေးခန်းဆောင်သို့ ရောက်သောအခါ မူဝမ်ကား ဝါးအဆောက်အဦ၌ စောင့်ဆိုင်းနေပြီးဖြစ်သည်။

“အာ… စီနီယာအစ်ကို… ရှင့်ကို ကြည့်ရတာ နေကောင်းပုံမပေါ်ဘူး။ ရှင်က အသက်ဓာတ်ထိခိုက်ထားပုံရတယ်”

မူဝမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။

“ဒါက အဆင်ပြေပါတယ်။ ဒီနေ့ မနက်က ဓားကို ကြိုဆိုတာ ဓားချီတိုက်ခိုက်တာ ခံထားရတယ်”

ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ပြောသည်။

“သွားရအောင်… ညီမက ဘယ်ဆေးလုံး ဖော်ချင်တာလဲ”

“စီနီယာအစ်ကို တကယ်ပဲ အဆင်ပြေတာလား”

မူဝမ်က စိုးရိမ်စွာ မေးသည်။

ဟန်မူယဲ့ ခေါင်းယမ်းကာ ဝါးဆောင်ကလေးထဲသို့ ဝင်သွားသည်။

မူဝမ်က သူ့အား တိတ်ဆိတ်သောထောင့်တစ်နေရာသို့ ခေါ်လာ၏။

“စီနီယာအစ်ကို… ညီမက နဝမအတန်းအစားဆေးလုံးထဲက အခက်ခဲဆုံးဆေးလုံးဖြစ်တဲ့ တိမ်မြူချီဆေးလုံးကို ဖော်စပ်ချင်တယ်”

“ဆေးလုံးက သဘာဝစွမ်းအားကို ခွဲခြမ်းပြီးတော့ သွေးကြောကို ပျော့ပြောင်းစေတယ်။ ဒါက ချီစုစည်းခြင်းအဆင့်မှာ အကောင်းဆုံးဆေးလုံးပဲ”

“တိမ်မြူချီဆေးလုံးဟာ ဝိညာဉ်ကျောက်တုံး ၃၀ တန်ဖိုးရှိတယ်”

မူဝမ်က ဟန်မူယဲ့အား လှမ်းကြည့်ကာ ရှက်ပြုံးလေးဖြင့် ပြောသည်။

“ဒီဆေးလုံးနဲ့ဆိုရင် ညီမလည်း ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံး မရှိမှာ မပူရတော့ဘူး”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

ဆင်းရဲခြင်းသည် သူရဲကောင်းတို့၏အဖော် ဖြစ်သည်။ ကျင့်ကြံခြင်းလောကမှာ ပိုဆိုး၏။

ကောင်းမွန်သော ကျင့်ကြံခြင်းနည်းစနစ်တစ်ခုသည် ထောင်သောင်းချီသော ဝိညာဉ်ကျောက်တုံးများ လိုအပ်၏။

ထို့အပြင် တစ်စုံတစ်ယောက်သည် အာခီမီကို လေ့ကျင့်ရာတွင် ဆေးတစ်ဖုံမျှသာ မှားယွင်းဖော်စပ်မိပါက ဆုံးရှုံးမှုမှာလည်း မနည်းပါ။

“ဟမ်…”

မူဝမ်ရှေ့တွင် မီးတောက်များ ထွက်ပေါ်လာကာ ဆေးပေါင်းဖိုထဲသို့ ဆေးပင်များ အစီအစဉ်တကျ ထည့်သွင်းသည်။

ဟန်မူယဲ့က သူမ ဆေးဖော်သည်ကို အသေအချာ ကြည့်၏။

မူဝမ်က တိမ်မြူချီဆေးလုံးကို ဖော်စပ်ခဲ့သည်မှာ တစ်ကြိမ်ထက်မကတော့သည်မှာ ထင်ရှား၏။ သူမသည် ဆေးပင် အချိုးအစပ်နှင့် မီးတောက်အပူချိန်တို့ကို ကောင်းကောင်းနားလည်နေသည်။

သို့သော်လည်း ဆေးပင်များ ထည့်သွင်းပြီးသောအခါ သူမ၏ကျင့်ကြံဆင့်မှာ မလုံလောက်သောကြောင့် သူမ၏နဖူးမှ ချွေးများ စို့ထွက်လာသည်။ သူမက ဆေးပေါင်းဖိုကို လှည့်ပတ်ရန် အနည်းငယ် ခက်ခဲနေသည်။

နာရီဝက်ခန့်ကြာပြီးနောက် ဆေးပေါင်းဖိုမှာ စတင်တုန်ခါလာ၏။

မူဝမ်က နောင်တရဟန်ဖြင့် တဖြေးဖြေး ရပ်တန့်လိုက်သည်။

သူမ လက်လျှော့လိုက်သည်။

သူမက ဟန်မူယဲ့အား မသက်မသာ ကြည့်သည်။

ထိုအခိုက်တွင် ဟန်မူယဲ့သည် မြေပြင်အထက် သုံးပေတွင် လည်ပတ်နေဆဲဖြစ်သော ဆေးပေါင်းဖိုအား စူးရှသော မျက်လုံးများဖြင့် ကြည့်နေဆဲဖြစ်သည်။

“စာပေနဲ့သိုင်းပညာချိန်ခွင်လျှာ… ယင်နဲ့ယန်တို့ မျှတမှု…”

ဟန်မူယဲ့က တီးတိုးပြောသည်။

“ဂျူနီယာညီမလေးမူဝမ်… ဒီဆေးလုံးမှာ ဆေးအကူ လိုနေတာ”

‘ဆေးအကူ…’

မူဝမ်က နားမလည်စွာ ကြည့်သည်။

ဆေးအကူဆိုသည်မှာ လူသားတို့လောကတွင်သာ သူမ ကြားဖူးသည်။ အာခီမီတွင် ဆေးအကူလိုအပ်သည်ဟု သူမ, မကြားဖူးပါ။

“စီနီယာအစ်ကို… ဆေးအကူဆိုတာ ဘာလဲ”

ဟန်မူယဲ့က မူဝမ်အား ကြည့်ကာ မေးသည်။

“ဂျူနီယာညီမလေး… မင်းက ချီစုစည်းမှုအဆင့်ကို ရောက်နေပြီမလား”

မူဝမ်က ခေါင်းညိတ်သည်။

“ညီမ ချီစုစည်းမှုအဆင့်ကိုရောက်တာ သုံးလရှိပြီ”

“ကောင်းပြီ… ချီအစလေးတစ်ခုကို ဆေးပေါင်းဖိုထဲသို့ ဆေးအကူအနေနဲ့ ထည့်လိုက်”

ဟန်မူယဲ့က ပြောသည်။

ချီအစကလေးတစ်ခု…

‘မည်သို့သော နည်းလမ်းဖြစ်သနည်း’

သံသယဖြစ်စွာဖြင့် မူဝမ်က အစိမ်းရောင်ချီအငွေ့တစ်ခုအား သူမ၏လက်ချောင်းများမှနေ၍ ဆေးပေါင်းဖိုထဲသို့ ပို့လွှတ်လိုက်သည်။

“ဟမ်…”

မူလက အဆက်မပြတ် တုန်ခါနေသော ဆေးပေါင်းဖိုသည် အနည်းငယ်ငြိမ်သက်သွား၏။ ထို့နောက် ပျံ့ကျဲနေသော ဆေးအမယ်များမှာ သမစွာ ပြန်လည်, လည်ပတ်လာသည်။

ဆေးပေါင်းဖိုထဲမှ ဆေးအမယ်များ အလုံးငယ်ကဲ့သို့ဖြစ်လာသည်ကို မူဝမ် မျက်လုံးများ ပြူးလျှက် ကြည့်နေသည်။

“ဆေးလုံး ဖွဲ့စည်းတော့လေ…”

ဟန်မူယဲ့က သူမအား သတိပေးသည်။

“အာ…အင်း…”

မူဝမ်က အလျင်အမြန်ပင် ဆေးပေါင်းဖိုအား သူမ၏လက်ဖဝါးဖြင့် ရိုက်လိုက်သည်။

ဆေးပေါင်းဖိုထဲမှ ဆေးများသည် နောက်ဆုံးတွင် စုစည်းသွားကာ အစမ်းရောင်ပဲစေ့ခန့် ဆေးလုံးတစ်လုံး ဖြစ်ပေါ်လာသည်။

“ပြီးသွားပြီ”

မူဝမ်က အလျင်အမြန်ဆေးလုံးကို ထုတ်ယူလိုက်ကာ ဝမ်းသာအားရ ရေရွက်သည်။

သူမက မော့ကြည့်သောအခါ ဟန်မူယဲ့မှာ ထွက်သွားပြီးဖြစ်သည်ကို တွေ့ရသည်။

“စီနီယာအစ်ကိုဟန်က တကယ်ထူးဆန်းတဲ့လူပဲ”

သူမက ရေရွက်ကာ လက်ထဲမှ ဆေးလုံးကို အသာအယာဆုပ်ကိုင်ထားလိုက်သည်။

…

ဆေးခန်းဆောင်မှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့သည် ဓားစံအိမ်သို့ ချက်ချင်း မပြန်ဖြစ်သေးပါ။ သူသည် လမ်းတွင်မေးမြန်းလျှက် စျေးဆိုင်တန်းသို့ ထွက်လာသည်။

ခုနက မူဝမ်ဆေးဖော်သည်ကိုကြည့်ကာ သူသည် တိမ်မြူချီဆေးလုံး ဖော်စပ်နည်းအား နားလည်ခဲ့သည်။

ထို့အပြင် သူက မူဝမ်ကို ပေးခဲ့သော အကြံကြောင့်ပင် ဟန်မူယဲ့သည် အတွေးသစ်အမြင်သစ်တချို့ ရခဲ့၏။

သူက ချီအစတစ်ခုကို ဆေးအကူအနေဖြင့် ထည့်သွင်းဖော်စပ်ပါက သူကိုယ်တိုင်လည်း ထိုဆေးလုံးကို ဖော်စပ်နိုင်ပါမည်လား။

အာခီမီဆိုသည်မှာ အကျိုးအမြတ်များစွာရသော အလုပ်ဖြစ်သည်။

စျေးတန်းကိုရောက်လျှင် ဟန်မူယဲ့ ပတ်ဝန်းကျင်ကို အကဲခတ်သည်။

ထိုနေရာတွင် ဆိုင်ခန်းငယ်လေးများ ရှိနေသည်။

တချို့သော ဆိုင်များမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဂိုဏ်းသားများ ဖွင့်ထားခြင်းဖြစ်ပြီး တချို့မှာ အပြင်မှ လာရောက်ဖွင့်လှစ်ရောင်းချနေကြခြင်း ဖြစ်သည်။

ဤနေရာမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ ရောင်းဝယ်ဖောက်ကားသော နေရာတစ်ခုလည်း ဖြစ်သည်။

ဟန်မူယဲ့က ဆိုင်များကို ကြည့်လျှင် အများအပြားမှာ အဆောင်လက်ဖွဲ့များ၊ သတ္တုများ၊ ဓားများနှင့် ဆေးလုံးများဖြစ်ကြသည်ကို တွေ့ရ၏။

အရည်အသွေးမှာ မမြင့်မားဘဲ တန်ဖိုးမှာလည်း သက်သာသည်။

မည်သို့ဆိုစေ ဤနေရာမှာ အပြင်စည်းဂိုဏ်းသားများအတွက် ပြုလုပ်ထားခြင်း မဟုတ်ပါလား။

ဂိုဏ်း၏ပင်မဂိုဏ်းသားများမှာ ဤသို့သောနေရာသို့ လာရန် မလိုပါ။ သူတို့သည် လိုအပ်သော ပစ္စည်းများအား ဂိုဏ်း၏အကျိုးဆောင်မှတ်ဖြင့် တိုက်ရိုက်လဲလှယ်နိုင်သည်။

အတွင်းစည်းဂိုဏ်းသားများမှာလည်း ဓားများကို ဓားစံအိမ်မှ ရရှိနိုင်၏။

အရေမတွက်များပြားသော အပြင်စည်းဂိုဏ်းသားများနှင့် အစေခံဂိုဏ်းသားများသာ ဤနေရာ၌ ရောင်းဝယ်ဖောက်ကားကြသည်။

အဖြူရောင်ဝတ်ဟန်မူယဲ့ကိုမြင်လျှင် ဆိုင်ရှင်အများအပြားက မျက်တောင်ပင့်ကာ ဝမ်းသာအားရ ပြုံးပြကြသည်။

အစိမ်းရောင်နှင့် မီးခိုးရောင်ဝတ်သော လူများဖြင့် ပြည့်နေသောနေရာ၌ အဖြူရောင်ဝတ်အတွင်းစည်းဂိုဏ်းသားမှာ အလွန်မျက်စိကျစရာကောင်းသည်။

ဟန်မူယဲ့ တစ်ပတ်ပတ်လိုက်ကာ ‘စုကျန်းစတိုးဆိုင်’ ဟု ရေးထားသော ဆိုင်အတွင်းသို့ ဝင်လိုက်သည်။

ဆိုင်အပြင်တွင် အာခီမီနှင့်သက်ဆိုင်သော ဆေးပင်ဆေးမြစ်များနှင့် ပစ္စည်းများကို ခင်းကြင်းထားသည်။

သူက ဆိုင်ထဲကို ဝင်လိုက်သည်နှင့် အမျိုးသမီးကျင့်ကြံသူနှစ်ဦးသည် စကားပြောနေရင်းက နောက်လှည့်လိုက်ကြသည်။

“စီနီယာအစ်ကို… ရှင် ဘာရှာနေတာလဲမသိဘူး”

ဆိုင်ရှင်ဖြစ်ဟန်တူသော အစိမ်းရောင်ဝတ်အမျိုးသမီးတစ်ဦးက ဟန်မူယဲ့အား ပြုံးလျှက်မေးသည်။

ဆိုင်ရှင်အမျိုးသမီးနှင့် စကားပြောနေသော နောက်ထပ်အမျိုးသမီးသည် ဟန်မူယဲ့အား စိတ်ဝင်တစားကြည့်သည်။ သူမက ဟန်မူယဲ့၏ပြာနှမ်းနေသော မျက်နှာကိုမြင်လျှင် မျက်မှောင်ကြုတ်၏။

“ကျုပ်က ဆေးပေါင်းဖိုတစ်အိုးနဲ့ တိမ်မြူချီဆေးလုံးအတွက် ဆေးတချို့ လိုချင်တယ်”

ခဏမျှ ရပ်လိုက်ရင်း ဟန်မူယဲ့က ဆက်ပြောသည်။

“ကျုပ်က တိမ်မြူဆေးလုံးတစ်လုံးလောက်ရရင်လည်း ပိုကောင်းတယ်”

ဟန်မူယဲ့၏စကားကိုကြားလျှင် ဆိုင်ရှင်က ပြုံးလျှက်ပြောသည်။

“သေချာတာပေါ့…”

သူမက ဖရဲသီးအရွယ်အစားခန့် ဆေးပေါင်းဖိုတစ်လုံးအား ကောင်တာတွင် တင်လိုက်ကာ ဆေးထုပ်တချို့ကို ထုတ်ယူလာသည်။

“မိန်းကလေးကျင်းယွမ်…ကျွန်မကို တိမ်မြူချီဆေးလုံးပေးပါ”

ဆိုင်ရှင်က ပြုံးလျှက် ဘေးမှ အမျိုးသမီးကို လက်ဖြန့်တောင်းသည်။

ထိုအမျိုးသမီးက ခေါင်းညိတ်ကာ ဆေးလုံးတစ်လုံး ထုတ်ပေးသည်။

ထိုဆေးလုံးမှာ သည်မတိုင်ခင် မူဝမ် ဖော်စပ်ခဲ့သော ဆေးလုံး ဖြစ်သည်။

“ဆေးလုံးအတွက် ဝိညာဉ်ကျောက်တုံး ၃၀၊ ဆေးအဖုံ ၁၀ခုစာအတွက် ဝိညာဉ်ကျောက်တုံး ၁၀၀၊ ဒီဆေးပေါင်းဖိုအတွက်ကတော့…”

သူမက တီးတိုးပြောသည်။

“ကျွန်မက ဝိညာဉ်ကျောက်တုံး ၅၀၀ ယူရလိမ့်မယ်”

ဟန်မူယဲ့က ဆေးလုံးများနှင့် ဆေးဖုံများအား ကြည့်ကာ အသာအယာပြောသည်။

“အားလုံးအတွက် ဝိညာဉ်ကျောက်တုံး ၅၀၀”

ဆိုင်ရှင်သည် အနည်းငယ် မှင်တက်သွားကာ ပြုံးလျှက်ပြောသည်။

“စီနီယာအစ်ကို… ရှင်က တကယ်ပဲ စျေးဆစ်တတ်တာပဲ”

“ကောင်းပြီ… ၅၀၀၊ တကယ်လို့ စီနီယာအစ်ကိုသာ တိမ်မြူဆေးလုံး အပိုဖော်စပ်နိုင်ရင် ကျွန်မပိုင်စုကျန်းကို ရောင်းရမယ်… ဘယ်လိုလဲ…”

‘ပိုင်စုကျန်း…’

သူမ၏ခင်ပွန်းမှာ ရှုရှင်း ဖြစ်လေမလား သူ တွေးနေသည်။

ဟန်မူယဲ့က ခေါင်းညိတ်ကာ အကျိုးဆောင်မှတ် ငါးခုအား ထုတ်ကာ ကောင်တာထက်တွင် တင်လိုက်သည်။

သူက ဆေးများအား သိမ်းဆည်းလိုက်ကာ ဆေးပေါင်းဖိုနှင့်အတူ ဆိုင်ပြင်သို့ ထွက်လာသည်။

“စီနီယာအစ်ကို… ရှင်သိပ်အသက်မရှည်တော့မှာ စိုးရတယ်”

ရုတ်တရက် ဆိုင်တွင်းမှ အမျိုးသမီးက လှမ်း၍ ပြောသည်။

ဟန်မူယဲ့က နောက်လှည့်ကြည့်သည်။

“ကျုပ်ကို ကြည့်ပါ။ အသက်ဘယ်လောက်ရှည်ဦးမလဲ”

ဟန်မူယဲ့က မေးသည်။

ထိုအမျိုးသမီးက ဟန်မူယဲ့အား အသေအချာကြည့်ကာ တီးတိုးပြောသည်။

“စီနီယာအစ်ကိုမှာ အချိန်တစ်လပဲ ကျန်တော့တယ်”

All Chapters