← Chapters

စိတ်အေးလက်အေးနဲ့ သေကြစမ်း

Vol. 42 Ch. 583

စိတ်အေးလက်အေးနဲ့ သေကြစမ်း

Vol. 42 Ch. 583

အခန်း (၅၈၃) စိတ်အေးလက်အေးနဲ့ သေကြစမ်း

အသင်္ချေနဂါးနန်းတော်တစ်ခုလုံး ပြိုကွဲကျတော့မည့်အလား တုန်လှုပ်လာသည်။

ကြောက်မက်ဖွယ်ရာ မရဏချီများက နန်းတော်အတွင်းမှ ပြင်ပကမ္ဘာသို့ ပြင်းထန်ကြမ်းတမ်းသော စီးကြောင်းတစ်ခုပမာ ပျံ့နှံ့သွားတော့မည် ထင်မှတ်ရသည်။ မရဏချီများက ကမ္ဘာပျက်ကိန်း နောက်ဆုံးကပ်ဘေးနေ့ရက်များပမာ လောကတစ်ခုလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်သည်။

ဟိုစဉ်အချိန်က နဂါးသင်္ချိုင်းတွင် ဤသို့သောအဖြစ်အပျက်များအကြိမ်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် နဂါးသင်္ချိုင်းနှင့် အနီးဆုံးဖြစ်သော သမုဒ္ဒရာကမ္ဘာပျက်သုဉ်းစေမည့် ကပ်ဘေးကြီးများ မကြာခဏဖြစ်ပွားခဲ့ပြီး ပြန်လည်ကောင်းမွန်လာစေရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းကြရ၏။

သို့သော် နဂါးသင်္ချိုင်းအတွင်း ဝင်ရောက်လာကြသော ရတနာပစ္စည်းရှာဖွေသူများ အကန့်အသတ်နည်းပါးသဖြင့် မျိုးသုဉ်းပျောက်ကွယ်သွားစေသည်အထိ ကပ်ဘေးမကြုံရဘဲ သမုဒ္ဒရာကမ္ဘာ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။

ယခုတော့ ရန်ကျောက်ကဲ၏ ထိန်းချုပ်မှုအောင်တွင် အသင်္ချေနဂါးနန်းတော်အတွင်းဝယ် စုစည်းနေသော မရဏချီအားလုံး ထွက်ပေါ်လာခဲ့သည်။

အေးစက်သော ရှေးဟောင်းချောက်နက်ကြီးအောက်ခြေတွင် တည်ရှိသော နဂါးသင်္ချိုင်းမှ အစစ်အမှန်နဂါးရုပ်အလောင်းအများစုကို ရန်ကျောက်ကဲ သိမ်းပိုက်ခဲ့ပြီး အသင်္ချေနဂါးနန်းတော်ထဲတွင် စုစည်းထားခဲ့သည်။

ထို အစစ်အမှန်နဂါးရုပ်အလောင်းများမှထွက်ပေါ်နေသော အဖျက်စွမ်းအားများသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို မျိုးသုဉ်းပျောက်ကွယ်သွားစေသည်အထိ ပြင်းထန်လွန်းသည်။

သို့ပေသိ ရန်ကျောက်ကဲက စိတ်ပူပန်ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူက ထို မရဏချီများဖြင့် သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ပစ်ရန် ကြံစည်ထားခဲ့သည်။

တိန့်စန်းနှင့် လျိုဖုန်းတို့က ကိုယ်စားခံပေးမည်ဖြစ်သောကြောင့် မရဏချီများက အစွန်းရောက်ရှစ်ပါးကမ္ဘာကို သက်ရောက်မှု မရှိနိုင်တော့ကြောင်း ရန်ကျောက်ကဲ အတိအကျ ပြောနိုင်သည်။

သိုင်းသူတော်စင် တတိယအဆင့် တန်ခိုးစွမ်းအားရှင် (၂)ယောက်ကတော့ သူတို့ရှေ့မှ ကြမ်းတမ်းရိုင်းစိုင်းသော မရဏချီစီးကြောင်းများကို တွန်းလှန်ရန် ရှိသမျှစွမ်းအား အကုန်လုံး ထုတ်ဖော်အသုံးပြုလိုက်ကြသည်။ သို့သော် ကမ္ဘာပျက်လုနီးပါး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးကို တွန်းလှန်ရန် ခဲယဉ်းလှသည်။

အခြေအနေမကောင်းမှန်းရိပ်မိသည်နှင့် တိန့်စန်းက အကန့်အသတ်များကို ချိုးဖျက်ပြီး သူ၏ သိုင်းသူတော်စင် စတုတ္ထအဆင့် စွမ်းအားကို ပြန်လည်ရယူကာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် မရဏချီများ၏ တွန်းအားကြောင့် အထက်ဘုံကမ္ဘာသို့ ပြန်တက်နိုင်ခြင်းမရှိဘဲ ဖိနှိပ်ခံထားရသည်။ ထို့ပြင် သူ၏လုပ်ရပ်ကြောင့် မရဏချီများက အလွန်တရာ ပြင်းထန်သော ချေမှုန်းစွမ်းအားများဖြင့် သူ့ကို အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ကြ၏။

ကောင်းကင်နှင့် ပင်လယ်ပြင်ကို သုတ်သင်ပစ်နိုင်စွမ်းရှိသော အဖျက်စွမ်းအားများအောက်တွင် တိန့်စန်းနှင့် လျိုဖုန်းတို့၏ခန္ဓာကိုယ်များ ယိုယွင်းပျက်ဆီးလာပြီး ကြီးမားသောနာကျင်မှုကို ခံစားကြရသည်။

“ကောက်စုတ်လေး... မင်းတော့ ခွေးသေ ဝက်သေ သေရမယ်”

တိန့်စန်း ရန်ကျောက်ကဲကို ကျိန်ဆဲလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင်များတောက်ပလာသည်။ သို့သော် အဖျက်စွမ်းအားများကြောင့် ထိုအလင်းရောင်များ ချက်ချင်းပြန်လည်ပျောက်ကွယ်သွား၏။

လျိုဖုန်းမှာလည်း သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် သွေးနီရောင်အလင်းတန်းများ တဖြည်းဖြည်း လွင့်ပြယ်ပျောက်ကွယ်သွားသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကြိုက်သလို ခြယ်လှယ်နိုင်စွမ်းရှိသော ကွမ်းမင်ဂိုဏ်းမှ တန်ခိုးစွမ်းအားရှင် နှစ်ယောက်သည် ယခုတော့ ကြမ်းတမ်းသည့် အဖျက်စွမ်းအားလှိုင်းလုံးများ သူတို့ကို လွှမ်းခြုံဝါးမျိုလာကြောင်း မယုံကြည်နိုင်စွာ စူးစိုက်ကြည့်နေမိကြ၏။

အသင်္ချေနဂါးနန်းတော်အပြင်ဘက်တွင် ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်တစ်ယောက် ကျန်ရှိနေသေး၏။ ရန်ကျောက်ကဲက တိန့်စန်းနှင့် လျိုဖုန်းကို တားဆီးထားနိုင်မည်ဟု သူ မထင်ထားခဲ့ပေ။

တကယ်တော့ ယန်ကျန်းဟွာကိုသာ ကယ်တင်ရန်မလိုအပ်လျှင် မည်သူမှ နဂါးနန်းတော်အတွင်းသို့ ဝင်ရောက်ကြမည် မဟုတ်ပေ။

ယခု နန်းတော်တံခါး ရုတ်တရက်ပိတ်သွားသည့်အခါ စွန်းဟောက် ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်၏။

“တုံးလိုက်တာ...”

ထို့နောက် သူက နန်းတော်အပြင်ဘက်တွင် အေးအေးဆေးဆေး မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲကိုကြည့်ရင်း...

“အကန့်အသတ်မရှိတဲ့ကောင်းကင်ကြီးကိုမျှော်ကြည့်နေတဲ့ ရေတွင်းထဲကဖားတစ်ကောင်က ရေတွင်းအဝအထိ ခုန်တက်လာနိုင်တယ်ဆိုတာ အတော်လေး ထူးခြားတဲ့စွမ်းဆောင်မှုတစ်ခုပါပဲ ၊ ဒါပေမဲ့ ရေတွင်းဝကို တက်နိုင်တာဟာ ကမ္ဘာ့ထိပ်ဖျားကိုတက်နိုင်တယ်လို့တွေးထင်ပြီး လောကကြီး ဘယ်လောက်ကျယ်ပြန့်တယ်ဆိုတာ မသိရင်တော့ အလကားပါပဲ”

သူက ဆက်ပြောသည်။

“ဒီလောကကြီးမှာ မင်းနားမလည်နိုင်လောက်အောင် မြင့်မားပြီး စိတ်ကူးနဲ့တောင်တွေးမကြည့်ဖူးလောက်အောင် အစွမ်းထက်တဲ့သူတွေ အများကြီးရှိတယ် ၊ မင်း ရေတွင်းထဲက ခုန်ထွက်ချင်တဲ့အခါ သူတို့က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့ မင်း အသက်ပျောက်သွားနိုင်တယ် ၊ ဒါမှမဟုတ် ရေတွင်းထဲ ပြန်ကျသွားနိုင်တယ်”

စွန်းဟောက် လေသံက တည်ငြိမ်နေပြီး သူက လက်တစ်ဖက်ကို မြှောက်လိုက်သည်။

သူ၏လက်ဖဝါးထက်မှ အလင်းရောင်နှင့် အရိပ်အမှောင်တစ်ခု ထွက်ပေါ်လာပြီး နေအလင်းတစ်လှည့် ၊ လရောင်ခြည်တစ်လှည့်ဖြင့် အလင်းအမှောင် ရောယှက်နေသော စွမ်းအားတစ်ခု လွင့်ပျံလာသည်။

လက်ဝါးရိုက်ချက်တစ်ခုတည်းတွင် အလင်းနှင့်အမှောင်၏ မှော်ဆန်သောအပြောင်းအလဲများကို ခံစားနိုင်ပြီး နေထွက်ချိန်နှင့် လရောင်ခြည်တို့က အဆက်မပြတ်ပြောင်းလဲလျှက်ရှိသည်။

ရန်ကျောက်ကဲက ထူးဆန်းစွာပြုံးရင်း...

“သေချာတဲ့ ရှုထောင့်ကကြည့်ရင် ဒီစကားတွေက တကယ်မှန်တယ် ၊ လူတွေအနေနဲ့ ရေတွင်းထဲကဖားမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ခဏခဏ သတိပေးဖို့လိုတယ် ၊ ဒီစကားက ငါနဲ့သက်ဆိုင်သလို မင်းနဲ့လည်းသက်ဆိုင်တယ် ၊ ဒါကြောင့် မင်းကို ပြောပြလိုက်တာပဲ”

စွန်းဟောက်က တုန်လှုပ်မှုမရှိသောမျက်နှာထားဖြင့် အသက်မရှိသော မြေမှုန်တစ်မှုံကိုကြည့်သည့်အလား ရန်ကျောက်ကဲကို ကြည့်နေသည်။

“အထက်ဘုံကမ္ဘာကနေထွက်ခွာပြီး ဒီ အောက်ကမ္ဘာတွေကို မလာချင်ပေမယ့်... လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ခရီးထွက်ခဲ့ဖူးတယ် ၊ ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး မင်းတို့လို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့လူတွေ အများကြီး တွေ့ခဲ့ရတယ်”

“အဲဒီလူတွေအားလုံးက ရေတွင်းထဲကနေ ကောင်းကင်ကိုထိုင်ကြည့်နေကြတဲ့ မင်းတို့လိုလူတွေပဲ ၊ သူတို့အားလုံးက ကောင်းကင်ဘယ်လောက်မြင့်တယ် ၊ မြေကြီးဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို နားမလည်ကြဘူး ၊ ကိုယ့်ကမ္ဘာငယ်လေးမှာ စိုးမိုးနိုင်တာနဲ့ သူတို့ကိုယ်သူတို့ တန်ခိုးစွမ်းအားမြင့်မားတယ်လို့ ထင်နေကြတယ် ၊ ဘာအကန့်အသတ်မှမရှိဘဲ ကိုယ်လုပ်ချင်ရာလုပ် လွတ်လွတ်လပ်လပ်နေနိုင်တယ်လို့ ထင်နေကြတယ်”

“ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီလိုလူတွေအားလုံးက ဘာမှမဟုတ်တဲ့ မြေမှုံတစ်စလိုပါပဲ ၊ ငါ့လို အထက်ဘုံကမ္ဘာက လူတွေအတွက်တော့ မင်းတို့တွေဟာ မကြာခင်ပျောက်ကွယ်သွားတော့မယ့် လူတွေပါပဲ”

စွန်းဟောက်၏ လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် မိုးမြေတစ်ခွင် အလင်းနှင့်အမှောင်တို့ ရောယှက်ကာ လေနှင့်လတစ်ပြိုင်တည်းတောက်ပလာပုံရသည်။

ပြင်းထန်သော လက်ဝါးရိုက်ချက်က ရန်ကျောက်ကဲသာမက သူ့ခြေဖဝါးအောက်မျ ဝါဒတောင်ကိုပါ အမှုန့်ချေပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို သုတ်သင်ပစ်တော့မည့်အလား ထင်မှတ်ရသည်။

နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်မှ ကျင့်ကြံသူများအားလုံး ရန်ကျောက်ကဲကို ထိတ်လန့်စွာကြည့်နေကြသည်။

ရန်ကျောက်ကဲက ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြစတ်နိုင်ခဲ့သော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အထွတ်ထိပ်ဖြစ်သော သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူ ‘စွန်းဟောက်’ ကိုတော့ ခုခံနိုင်မည်မဟုတ်ဟု သူတို့အားလုံး တွေးထင်ကြသည်။

ထို့ပြင် ယန်ကျန်းဟွာနှင့် ကျင်းကျယ်ကို သတ်ဖြတ်ခဲ့စဉ်က အသုံးပြုခဲ့သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ရေခဲချပ်ဝတ် ၊ နဂါးအကြေးခွံလှံရှည်နှင့် ထူးဆန်းသောဝါးကိုင်းတို့သည် ယခုအချိန်တွင် သူ့ကို ကူညီနိုင်စွမ်းရှိမည် မဟုတ်ပေ။

ရန်ကျောက်ကဲက မည်မျှထူးချွန်ထက်မြက်သောပါရမီရှင် ဖြစ်ပါစေ သူက သိုင်းဆရာသခင်တစ်ယောက်မျှသာ ဖြစ်သည်။ သိုင်းဆရာသခင်ဆိုသည်က သိုင်းသူတော်စင် တတိယအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်၏ မျက်လုံးထဲတွင် မြေမှုံတစ်စမျှသာ ဖြစ်၏။

ဤလူငယ် သေခြင်းတရားမှ မည်သို့လွတ်မြောက်နိုင်ပါမည်နည်း။

ဝါဒတောင်မှလူများမှာ မည်သို့မှ မတတ်နိုင်ဘဲ မြင်ကွင်းကို ကြည့်နေခဲ့ရသည်။

စွန်းဟောက်၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော လက်ဝါးရိုက်ချက်က သူတို့အားလုံးကိုပင် အမှုံ့ဖြစ်သွားစေရန် လုံလောက်သည်။

ရန်ကျောက်ကဲက စွန်းဟောက်ကိုကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်၏။

“ဘယ်နေရာရောက်ရောက် သောင်းကြမ်းရတာကို သဘောမကျဘဲ အေးအေးဆေးဆေး နှိမ့်နှိမ့်ချချ နေတတ်တဲ့သူတွေ လောကမှာ အများကြီးရှိတယ် ၊ အဲဒီလိုလူတွေကို သာမန်လူတွေလို့ထင်မိရင်တော့ မင်း အမှားကြီးမှားသွားလိမ့်မယ် ၊ ပြီးတော့ အဲဒီလိုလူတစ်ယောက်နဲ့ ရင်ဆိုင်ရပြီဆိုရင်တော့ မင်းအနေနဲ့ စိတ်အေးလက်အေးနဲ့ သေဖို့ပဲ ရွေးချယ်ရမှာပဲ”

ရန်ကျောက်ကဲ၏ ရယ်မောသံများအဆုံးတွင် ကောင်းကင်ထက်မှ နေမင်းထက်ပင် ထွန်းလင်းသော နောက်ထပ်နေမင်းကြီးတစ်စင်း ကောင်းကင်ထက်သို့ တက်ကြွလာသည်။

နေရောင်ခြည်များထွန်းလင်းနေသည့် ကြီးမားသောအနီရောင်စည်းတံဆိပ်ကြီး၏ ကြီးကျယ်ခမ်းနားသော တန်ခိုးအာဏာသည် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့်ပင် လိုက်ဖက်မှုမရှိဟု ထင်မှတ်ရသည်။  ထိုစည်းတံဆိပ်ပေါ်လာသည်နှင့် အဆုံးမရှိ လွှမ်းမိုးချုပ်ကိုင်နိုင်သော ကြီးမားသည့်စွမ်းအားကို မခံနိုင်ဟန်ဖြင့် ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေကို ဗဟိုပြုပြီး ကမ္ဘာမြေတစ်ခုလုံး တုန်လှုပ်သွားသည်။

အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း “ထူးကဲယန်စည်းတံဆိပ်”။

ထိုစည်းတံဆိပ်ကိုမြေင်တော့ စွန်းဟောက် ထိတ်လန့်တုန်လှုပ်သွားသည်။

“ဒီရတနာပစ္စည်းက ထူးကဲယင်သရဖူနဲ့မတူဘူး ၊ သိုင်းသူတော်စင်တတိယအဆင့်တောင်မှ ဒါကို မထိန်းချုပ်နိုင်ဘူး ၊ မင်းက သိုင်းဆရာသခင်အဆင့်ပဲရှိသေးတာ ၊ ဘာလို့ ထိန်းချုပ်နိုင်ရတာလဲ”

ရန်ကျောက်ကဲက...

“ဟက်... မင်း ကံကောင်းတာက ဟိုနှစ်ယောက်လို စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ မသေရဘဲ ဒီစည်းတံဆိပ်ကြောင့် ပိုပြီး ပျော်စရာကောင်းတဲ့နည်းလမ်းနဲ့ သေရမှာပါ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တုန်ခါနေသော ‘ထူးကဲယန်စည်းတံဆိပ်’ က အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာသည်။

ထိုစည်းတံဆိပ်၏အလင်းရောင်က ကွမ်းမင်ဂိုဏ်းမှ အလင်းရောင်ထက် တောက်ပလွန်းပြီး အပူရှိန်က နေသူတော်စင်ဂိုဏ်းမှ နေစွမ်းအားထက် ပိုမိုပူပြင်းသည်။

အခြားအရာအားလုံး လွဲမှားနေပြီး ဤ စည်းတံဆိပ်သည်သာလျှင် အမှန်တရား ဖြစ်သည်။

အခြားအရာအားလုံးက အရေးမပါဘဲ ဤ စည်းတံဆိပ်တစ်ခုတည်းသာလျှင် အုပ်စိုးရှင် ဖြစ်၏။

မိုးမြေတုန်လှုပ်စေသော စွမ်းအားများကို ပိုင်ဆိုင်ထားသော ‘ထူးကဲယန်စည်းတံဆိပ်’ က စွန်းဟောက်ဆီသို့ တည့်တည့်မတ်မတ် ထိမှန်သွားလေ၏။

All Chapters