← Chapters

အပိုင်း(၃၁၆)

Vol. 22 Ch. 316

အပိုင်း(၃၁၆)

Vol. 22 Ch. 316

“ထျန်းတန့်အဘိုးအို….ဒါက ထျန်းတန့်အဘိုးအိုပဲ ဟုတ်တယ်..သူပဲ..ငါသူအရိုးပြာ

ဖြစ်သွားမယ်ဆိုရင်တောင် သူ့ကိုမှတ်မိတယ်..”

“ထျန်းတန့်အဘိုးအို..သူက အထွတ်အထိပ် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ပဲ..

ဒီနေ့တော့ အရူးနတ်ဆိုးရှစ်ဖုန့်တစ်ယောက်

သေရတော့မယ်”

“ထျန်းတန့်အဘိုးအို  …သူ့ကိုဘယ်သူကမှ  မယှဉ်ပြိုင်နိုင်ဘူး”

ထျန်းတန့်အဘိုးအိုရောက်ရှိလာသော သတင်းက   မြို့တစ်ခုလုံးအား

တောမီးကဲ့သို့ ဖြတ်သန်းပြန့်နှံ့သွားသည်။ မြို့သူမြို့သားများအားလုံးမှာ  ဤ အထွတ်အထိပ်ပြိုင်ဘက်ကင်းပုဂ္ဂိုလ်အား ကြည့်ရန်အတွက် နေထိုင်ရာ အဆောက်အဦးများအတွင်းမှ အသီးသီး ပြေးထွက်လာကြသည်။

ဟင်းလင်းပြင်ထဲရှိ  အင်မော်တယ်

တစ်ပါးကဲ့သို့ အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုအား ကြည့်ရင်း  ကြည့်ရှုသူပရိတ်သတ်များမှာ

သူတို့၏နှလုံးသားအတွင်းရှိ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်အား တွေ့လိုက်ရသကဲ့သို့   စိတ်လှုပ်ရှားမှုပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

ဤအချိန်တွင် အရောင်အဝါ

တောက်ပသော ရွှေရောင်အလင်း

တန်းတစ်ခုက အင်ပါယာမြို့တို့၏ အကွာအဝေးတစ်ခုအတွင်းမှ မြင့်တတ်လာသည်။ ထို့နောက်တွင် ၎င်းက ကောင်းကင်အား ဥက္ကာပျံတစ်ခုကဲ့သို့ ထိုးခွင်းဖြတ်သန်းလာပြီး ရွှေရောင်အလင်းကြောင်းများကိုသာ လေထဲတွင်ချန်ရစ်ထားခဲ့သည်။ မျက်စိတစ်မှိိတ်အတွင်း ၎င်းက

အဘိုးအို၏ ရှေ့မှောက်သို့ရောက်ရှိလာသည်။ ရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီး  လက်သည်းကိုးခု ရွှေရောင်နဂါးဝတ်ရုံနှင့်  သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ထွက်ပေါ်လာသည်။

“ဘကြီးတော်”

သူ၏အသံကသိပ်မကျယ်ပေ။ထို့ကြောင့် ခေါ်လိုက်သောအခေါ်အဝေါ်အား

သူတို့နှစ်ဦးသာ ကြားရသည်ဖြစ်သည်။

“အား…ဧကရာဇ်ပဲ..ဧကရာဇ်မင်းကတောင်  ထျန်းတန့် အဘိုးအိုကို ကိုယ်တိုင်ကိုယ်ကျလာကြိုဆိုတယ်”

“အရှင်မင်းကြီး သတ်တော်ရှည်လျားပါစေသော်”

“အရှင်မင်းကြီး သတ်တော်ရှည်လျားပါစေသော်”

“အရှင်မင်းကြီး သတ်တော်ရှည်လျားပါစေသော်”

အင်ပါယာမြို့တော်အတွင်းတွင်  ဧကရာဇ်ကျင်းရွှယ်တစ်ယောက် ကောင်းကင်ထက်မှသက်ဆင်း

လာသည်ကို လူများ မြင်တွေ့လိုက်ရသောအခါတွင်  သူတို့ကလျှင်မြန်စွာဒူးထောက်

ချလိုက်ကြပြီး  သူတို့၏ခေါင်း

များကို ငုံ့၍ ဂါရဝပြုလိုက်ကြသည်။ အင်ပါယာမြို့တော်အတွင်းတွင်

ကျယ်လောင်သောချီးမွန်းထော

ပနာပြုသံများဖြင့်ပြည့်နှက်နေသည်။

ယင်းမှာကျင်းမိသားစုက ပြည်သူလူထု၏နှလုံးသားအတွင်း

နှစ်ပေါင်းများစွာ ရိုက်နှိပ်ထားခဲ့သောဩဇာတိက္က တစ်ခုပင်ဖြစ်သည်။မြို့သူမြို့သား

များ၏နှလုံးသားအတွင်းတွင် ဧကရာဇ်မင်းတရားကြီးမှာ  ကောင်းကင်နှင့်မြေကြီး၏ သားတော်တစ်ပါးဖြစ်လေသည်။

ကျင်းမိသားစုက ထျန်းမြောင်အင်ပါယာအား ထူထောင်ချိန်တွင် သူတို့အနေဖြင့် မကြုံစဖူးအထွတ်အထိပ်အဆင့်ထိကို ဆောင်ကြဉ်းနိုင်ခဲ့ရုံသာမက

ပြည်သူလူထုအား ချမ်းသာကြွယ်ဝစည်ပင်ဝပြော

မှုတို့ကိုလည်းဖြစ်တည်ခွင့်ပြုခဲ့သည်။

“မော်ဖူးကြစေ ငါကိုယ်တော်ရဲ့ ပြည်သူအပေါင်းတို့”

ကျင်းရွှယ်က များပြားသိပ်သည်း

လာသော  အရပ်သားပြည်သူများအား ငုံ့ကြည့်လိုက်သည်။ သူ၏အသံက မကျယ်သော်လည်း  ၎င်းက ကောင်းကင်နှင့်မြေပြင်တစ်ခွင်

ရိုက်ခတ်သွားပြီး  လူတိုင်း၏နားအတွင်းပ

ဲ့တင်ထပ်သွားသည်။

“ကျေးဇူးပါ အရှင်မင်းကြီး  “

ထျန်းမြောင်အင်ပါယာ၏  ပြည်သူများက  လေးစားမှုအပြည့်ဖြင့်

တုံ့ပြန်ဖြေဆိုလိုက်ကြပြီး ဖြည်းဖြည်းချင်းထရပ်လိုက်ကြသည်။

“မင်းကကျင်းရွယ်လား”

ဤအချိန်တွင်လူငယ်တစ်ယောက်၏ အသံအားကြားလိုက်ရသည်။

“ဘယ်လိုတောင်ပြေရဲဆိုရဲတာလဲကွ…

ဘယ်သူက အရှင်မင်းကြီးကို နမည်တပ်ခေါ်တာလဲ”

အင်ပါယာမြို့အတွင်းရှိလူများစွာတို့မှာ  ဤအသံအားကြားလိုက်ရသော

အခါတွင် ချက်ချင်းပဲ ဒေါသတို့ဖြင့်အော်ဟစ်လိုက်သည်။

သို့သော် သူတို့က မလှမ်းမကမ်းအဝေးတွင်ရှိနေ

ကြသောကြောင့်  ပဲ့တင်ရိုက်ခတ်သောအသံကိုသာ

ကြားရပြီး  ပြောလိုက်သူက

မည်သူဆိုသည်အား သူတို့မသိကြချေ။

ရှစ်ဖုန့်၏ဝန်းကျင်တွင်ရှိနေ

ကြသောသူများမှာ  ရှစ်ဖုန့်၏

စကားလုံးတို့အား  ကြားလိုက်

ရသောအခါတွင် ဒေါသထွက်ကုန်ကြသည်။ ရှစ်ဖုန့်အား အပြစ်တင်ဆုံးမလိုကြသော လူအချို့ပင်ရှိနေသေးသည်ဖြစ်သည်။ သူတို့ကရှစ်ဖုန့်ထံသို့ပြေးသွားကြပြီး  တိုက်ခိုက်လိုကြသော်လည်း  သူတို့ဘေးတွင်ရှိနေကြသောလူများက လျှင်မြန်စွာတားလိုက်ကြသည်။

သူတို့ကတီးတိုးပြောလိုက်ကြသည်။

“မင်းရူးနေတာလား..ဒါကအရူး

နတ်ဆိုးရှစ်ဖုန့်ကွ…မင်းကဒီနေရာ

မှာဘာလုပ်ချင်နေတာလဲ…ထျန်းတန့်အဘိုးအိုက ဒီနေရာမှာ ဒီအရူးနတ်ဆိုးရှစ်ဖုန့်ကို ကိုင်တွယ်ဖို့ရောက်နေတယ်..

ဒီနေ့ဒီအရူးနတ်ဆိုးသေချာ

ပေါက်သေလိမ့်မယ်”

“မင်းကရှစ်ဖုန့်ကိုး”

ဟင်းလင်းပြင်ထဲရှိ ကျင်းရွှယ်က   အောက်တွင်ရှိနေသောအပျက်

အဆီးများအား ငုံ့ကြည့်လိုက်သည်။ အနက်ရောင်ဝတ်ရုံနှင့်လူငယ်က ၎င်းတို့ကြားထဲတွင်ရပ်နေသည်။ သူ၏မျက်နှာက ချက်ချင်းပဲ မည်းမှောင်သွားပြီး  အသံနက်ကြီးဖြင့်အော်ပြောလိုက်သည်။

“ဟုတ်တယ်..ဒီသခင်လေးပဲ”

ရှစ်ဖုန့်က ဝင့်ကြွားစွာပင်ပြန်ဖြေလိုက်သည်။

ထို့နောက်တွင်ရှစ်ဖုန့်ကကျင်းရွယ်

၏နောက်တွင်ရှိသော  ထျန်းတန့်

အဘိုးအိုအား ကြည့်လိုက်သည်။သူကသူ့ညာ

လက်အတွင်းရှိ ဟိုင်ထောင်အား ခပ်မြင့်မြင့်မြှောက်လိုက်ပြီး

ကောင်းကင်ထဲသို့မျက်နှာမူထားလိုက်သည်။  သူကထျန်းတန့်အဘိုးအိုအား ပြောလိုက်သည်။

“ခုဏတုံးက သူ့ရဲ့စီနီယာအကိုဆိုတဲတစ်

ယောက်ပြောတာ သူတို့ရဲ့ဆရာဖြစ်သူက ဒီသခင်လေးကို ကိုင်တွယ်ဖို့အတွက်  တောင်ပေါ်ကဆင်းလာတယ်လို့ပြောတယ်… အဲ့ဆရာက ခင်ဗျားပဲဖြစ်ရမယ်”

“ငါပါပဲ”

ထျန်းတန့်အဘိုးအိုက ဖြည်းညှင်းစွာခေါင်းညိိမ့်လိုက်သည်။

ထို့နောက် ထျန်းတန့်အဘိုးအိုက ဖြည်းညှင်းစွာပြောလိုက်သည်။

“လူငယ်လေး… ငါမင်းအကြောင်းတွေကိုကြားထားတယ်.. မင်းရဲ့သတ်ချင်ဖြတ်ချင်တဲ့ အရှိန်အဝါက အရမ်းကိုအားကောင်းလွန်းတယ်….

မင်းရဲနှလုံးသားထဲက သတ်ချင်ဖြတ်ချင်တဲ့ အရှိန်အဝါတွေကို လက်လွတ်လိုက်ဖို့ဆန္ဒရှိတယ်ဆိုရင် ငါမင်းကိုထျန်းတန့်တောင်ပေါ်ကို ပြန်ခေါ်သွားပေးနိုင်ပြီးတော့ မင်းကို ငါ့ရဲ့သိုင်းပညာတွေကိုသင်ကြား

ပေးနိုင်တယ်..မင်းဘယ်လိုထင်လဲ”

“ဘာ”

“ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုး

လုပ်နိုင်ရတာလဲ”

ထျန်းတန့်အဘိုးအို၏စကားတို့က အောက်တွင်ရှိနေသောလူများအား တုန်လှုပ်အံ့အားသင့်သွားစေသည်။ တစ်စုံတစ်ယောက်ကအော်ပြောလိုက်သည်။

“စီနီယာထျန်းတန့်ဘိုးဘိုး..

စီနီယာဒီလိုမျိုးလုပ်လို့မရဘူးလေ…

ဒီလူရဲ့သတ်ချင်ဖြတ်ချင်တဲ့

အရှိန်အဝါက အရမ်းကို အားကောင်းလွန်းတယ်…စီနီယာသာသူ့ကို ထျန်းတန့်တောင်ပေါ်ကို

ပြန်ခေါ်သွားမယ်ဆိုရင် ကျားတစ်ကောင်ကိုပျိုးထောင်

ပေးနေသလိုပဲဖြစ်လိမ့်မယ်… ဒီနေ့မှာ စီနီယာအနေနဲ့ ကျွန်တော်တို့ရဲ့ထျန်းမြောင်အင်ပါယာကို ကူညီပြီးတော့ အနာဂတ်ပြဿနာတွေကိုတာဆီးဖို့အတွက် ဒီအရူးနတ်ဆိုးကို ဖယ်ရှားသုတ်သင်ပေးပါ”

“စီနီယာထျန်းတန့်ဘိုးဘိုး  စီနီယာဒုတိယအကြိမ်ပြန်စဉ်းစားပါ…

အကယ်၍ ဒီအရူးနတ်ဆိုးကိုသာ

မသတ်ဖူးဆိုရင်  ကမ္ဘာကြီးကဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ပါဘူး”

ထျန်းမြောင်အင်ပါယာ၏ လူများနှင့်ကျင့်ကြံသူများမျာ ရှစ်ဖုန့်အား တပည့်အဖြစ်လက်သင့်ခံပြီး ထျန်းတန့်တောင်ပေါ်သို့ပြန်ခေါ်သွား၍ သူ၏သိုင်းပညာများကိုသင်ကြား

ပေးမည်ဟူသော ထျန်းတန့်အဘိုးအို၏ ရည်ရွယ်ချက်အား  ကြားသိလိုက်ရသောအခါတွင်

သူတို့အားလုံးမှာ ဖျောင်းဖျရန်ကြိုးစားလိုက်ကြသည်။

“တော်ဝင်ဘကြီးတော်  ဘကြီးတော် နှစ်ခါလောက်စဉ်းစားပါအုံး”

ဤအချိန်တွင် ကျင်းရွှယ်ကလည်း  စကားပြောလိုက်ပြီး  ထျန်းကျန့်အဘိုးအိုအားဖျောင်း

ဖျရန်ကြိုးစားလိုက်သည်။

“ဒီလူက သစ္စာဖောက်ပဲ…သူ့ရဲ့ဗီဇက  ရက်စက်ခက်ထန်ကြမ်းကြုတ်တယ်..သူက အပြစ်မဲ့တဲ့သူတွေကို သတ်ပစ်ခဲ့တယ်… ဒါပေမဲ့သူကမွန်းစတားဆန်တဲ့ပါရမီရှင်တစ်ယောက်ပဲ…သူသာအသက်ရှင်နေသ၍ ထျန်းမြောင်အင်ပါယာဟာ ဘယ်တော့မှငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရမှာမဟုတ်ဖူး… ကျွန်တော်တို့ ကျင်းမိသားစုရဲ့  တော်ဝင်အာဏာ

စွမ်းအားက  သူ့ရဲ့ခြိမ်းခြောက်မှုကိုခံနေရပြီ..

ဘကြီးတော်ရဲ့ တူအတွက် ထျန်းမြောင်အင်ပါယာရဲ့ငြိမ်းချမ်း

ရေးနဲ့စွမ်းအားအာဏာတည့်တံ့နိုင်ရေးအတွက် ဒီလူကို အနာဂတ်မှာဖြစ်ပေါ်လာမဲ့ ပြဿနာတွေကနောတားဆီးဖို့အလို့ငှာ  ဖယ်ရှားသုတ်သင်ပစ်ရပါမယ်”

ကျင်းရွှယ်၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူ့အနေဖြင့် ဖျောင်ရှဂိုဏ်း၏ခြေရာအား

လိုက်မနင်းလိုပေ။  ယခု ဤသူ

တောင်းစားလေး ကြီးထွားမလာသေးခင်တွင် ထျန်းတန့်အဘိုးအိုအနေဖြင့် ၎င်းအားဖိနှိပ်နိုင်သည်ဖြစ်သည်။

သို့သော် အကယ်၍များ ထျန်းတန့်အဘိုးအိုကသာ ၎င်းအား ထျန်းတန့်တောင်ပေါ်သို့ပြန်ခေါ်သွားပြီး  သိုင်းပညာများအားသင်ကြားပေး

ခဲ့ပြီးနောက် ထျန်းတန့်အဘိုးအိုသေဆုံးသွားသည့်အခါတွင် ထျန်းမြောင်အင်ပါယာအတွင်းရှိ

မည်သူကမျှ ဤသူတောင်းစား၏  ပြိုင်ဘက်ဖြစ်နိုင်တော့မည်မဟုတ်ပေ။

ထျန်းတန့်အဘိုးအိုက ကျင်းရွှယ်အား လျစ်လျူရှုထားသည်။ ယင်းမှာ

သူ့အနေဖြင့် ကျင်းရွှယ်၏ စကားများအား မကြားသကဲ့သို့ပင်ဖြစ်သည်။ ယင်းမှာသူ့အနေဖြင့် အောက်တွင်ရှိနေသော လူများ၏  စကားလုံးများအား ကြားခြင်းမရှိသကဲ့သို့ပင်ဖြစ်သည်။

သူ၏ပုံစံက ခြားနားမှုမရှိဘဲ  အပျက်အစီးများအတွင်း ဝင့်ကြွားစွာရပ်နေသော  အနက်ရောင်ပုံရိပ်ထံသို့ စိုက်ကြည့်ပြီး

၎င်း၏ ပြန်လည်ဖြေကြားမှုကို ဆိတ်ငြိမ်စွာ စောင့်ဆိုင်းနေသည်။

ထျန်းတန့်အဘိုးအို၏ စကားအား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်က   တွန့်ကွေးသွားပြီး အထင်သေးမှုအပြည့်ဖြင့်အပြုံးတစ်ခု တွဲခိုနေသည်။ သူက ထျန်းတန့်အဘိုးအိုအားမေးလိုက်သည်။

“အဘိုးကြီးထျန်းတန့်  ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က အခုဘယ်လောက်လဲ”

“ဒီအရူးနတ်ဆိုးက စီနီယာ

ထျန်းတန့်ဘိုးဘိုးကို   အဘိုးကြီးထျန်းတန့်လို့ခေါ်ရဲတယ်…

ဒီလိုမျိုးလေးစားမှုမရှိသွေဖယ်

ဖောက်ပြားနေတဲ့ လူကို အခုချက်ချင်းကို သတ်ပစ်လိုက်သင့်တယ်..

စီနီယာထျန်းတန့်ဘိုးဘိုး”

“ဟုတ်ပါတယ် စီနီယာ ….ကျေးဇူးပြုပြီး စီနီယာကူညီပါ”

“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဒီအရူးနတ်ဆိုးကိုကူသတ်ပေးပြီးတော့ ထျန်းမြောင်အင်ပါယာရဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ဆောင်ကြဉ်းပေးတော်မူပါ”

ရှစ်ဖုန့်၏ စကားအား ကြားလိုက်ရသောအခါတွင် လူများစွာက ထျန်းတန့်အဘိုးအိုအား စတင်၍ဖျောင်းဖျကြသည်။

ထျန်းတန့်အဘိုးအိုက ဤလူများအား လျစ်လျူရှုထားဆဲဖြစ်သည်။

သူကရှစ်ဖုန့်အား ကြည့်လိုက်ပြီး ထူးမခြားနားစွာပင် ပြန်ဖြေလိုက်သည်။

“ငါက ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်  တစ်ယောက်ပဲ”

“ဘာ”

ထျန်းတန့်အဘိုးအို၏ စကားတို့က တည်ငြိမ်သောပင်လယ်ပြင်တစ်ခုထက်က ထောင်ပေါင်းများစွာသော လှိုင်းလုံးများကဲ့သို့ပင်ဖြစ်သည်။ အင်ပါယာမြို့တော်တွင်ရှိနေ

ကြသောလူများအားလုံးမှာ အလွန်အံ့အားသင့်ခြင်းနှင့်မ

ယုံကြည်နိုင်ခြင်းတို့ဖြစ်နေကြသည်။လ

သူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်နေသည်ကပင်လျှင် ဒဏ္ဍာရီကဲ့သို့သော တည်ရှိမှုတစ်ခုဖြစ်နေခဲ့ပြီးဖြစ်သည်။

သို့သော်   ထျန်းတန့်အဘိုးအိုမှာ

ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်နေသည်။

ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်။

ယင်းမှာ ဒဏ္ဍာရီများကြားထဲက ဒဏ္ဍာရီတစ်ခုပင်ဖြစ်သည်။

ထျန်းတန့်အဘိုးအိုက တကယ့်ကိုထျန်းတန့်(ကောင်းကင်လှုပ်ခတ်)အဘိုးအိုပင်ဖြစ်သည်။

သူသည်တကယ့်ကို ပြိုင်ဘက်ကင်းကျွမ်းကျင်

သူတစ်ယောက်ဖြစ်လေသည်။

ထျန်းတန့်အဘိုးအိုတစ်ကြိမ်

ထွက်ပေါ်လာတိုင်းတွင် သူ့အားယှဉ်ပြိုင်နိုင်သောသူ

မည်သူများရှိနေပါသနည်း။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters