← Chapters

အပိုင်း(၃၁၇)

Vol. 22 Ch. 317

အပိုင်း(၃၁၇)

Vol. 22 Ch. 317

“ဘကြီးတော်..ဘကြီးတော်ရဲ့

သိုင်းနယ်ပယ်က အဲ့လောက်တောင်ရှိနေပြီပဲ”

ထျန်းမြောင်အင်ပါယာ၏ ဧကရာဇ်မင်းတရားဖြစ်သော

ကျင်းရွှယ်ပင်လျှင် သူ၏ဘကြီး

တော်ဖြစ်သူက သူ၏သိုင်းနယ်ပယ်အား ထုတ်ဖော်ပြောကြားလိုက်သည်ကို ကြားရသောအခါတွင်  တုန်လှုပ်အံ့အားသင့်သွားရသည်။

ထျန်းမြောင်အင်ပါယာတွင်  သူတော်စင်နယ်ပယ်တစ်ယောက် ပေါ်ထွန်းမလာခဲ့သည်မှာ  နှစ်ပေါင်းများစွာပင်ကြာမြင့်နေခဲ့ပြီဖြစ်သည်။  ကျင်းရွှယ်တစ်ယောက် ထျန်းတန့်

အဘိုးအိုအား ကြည့်လိုက်သောအခါတွင် ၎င်းသည် အလွန်ကျယ်ပြန့်သော သမုဒ္ဒရာတစ်စင်းကဲ့သို့ဖြစ်ပြီး   သူ့အနေဖြင့် ထျန်းတန့်အဘိုးအိုအား ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။ ဘကြီးတော်ဖြစ်သူ ထျန်းတန့်အဘိုးအိုမှာ ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်တစ်

ယောက်ဖြစ်နေလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့ခြင်းမရှိပေ။

“ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်…ဒီလောက်လေးပဲလား”

ထျန်းတန့်အဘိုးအို၏ ကျင့်ကြံမှုနယ်ပယ်နှင့်ပက်သက်ပြီး

အားလုံးက တုန်လှုပ်အံ့အားသင့်ထိတ်လန့်နေကြချိန်တွင် အထင်သေးမှုအပြည့်ဖြင့်အသံတစ်ခုက ဧရိယာတစ်ဝိုက်ကို ပြန့်နှံ့ထွက်ပေါ်လာသည်။

“ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်..ဒီလောက်လေးပဲလား”

ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်အား သူက ဒီလော်လေးပဲလားဟု ပြောရဲသည်။ ယင်းမှာ နတ်ဘုရားများအား စော်ကားသမှုပြုခြင်းပင်ဖြစ်သည်။

“ဒီအရူးနတ်ဆိုးရှစ်ဖုန့်က အရှက်တရားမဲ့ကို  ကိုယ်ရည်သွေးရဲတာပဲ”

“ဟမ့် သူကအရမ်းကို မောက်မာနေမယ်လို့ ဘယ်သူကများထင်မှာလဲ..သူက  ထျန်းတန့်ဘိုးဘိုးကို သူ့ကိုသတ်ဖို့အတွက်‌ စော်ကားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”

“ထျန်းတန့်ဘိုးဘိုး..သူ့ကိုသတ်ပါ…ကောင်းကင်နဲ့မြေကြီးကြားက အလွန်ကြီးမားကျယ်ပြန့်မှုကို မသိတဲ့  ဒီမောက်မာတဲ့ အရူးနတ်ဆိုးရှစ်ဖုန့်ကို သတ်ပစ်ပါ”

အချို့သောသူများက သူတို့၏

နှလုံးသားထဲ၌ပင် ဆုတောင်းနေကြသည်။

“ငါ့ရဲ့ ပါရမီစွမ်းရည်က သာမညောင်ညအဆင့်ပဲရှိတယ်…ဒါက ငါလုပ်ဆောင်နိုင်သမျှအကောင်းဆုံးပဲ…”

ထျန်းတန့်အဘိုးအိုက  ပျော်ရွှင်ခြင်းသို့မဟုတ် ဒေါသထွက်ခြင်းအလျင်းမရှိပေ။ အောက်တွင်ရှိနေသော လူအားငုံ့ကြည့်၍ပြောနေရင်းသူ၏ မျက်နှာကလည်းတည်ငြိမ်နေသည်။

“ဒီသခင်လေးသာ ခင်ဗျားရဲ့  တပည့်ဖြစ်လာပြီးတော့ ခင်ဗျားရဲ့သိုင်းလမ်းစဉ်ကို လျှောက်လှမ်းမယ်ဆိုရင် ဒီသခင်လေး အနာဂတ်မှာဘာတွေများ  ရရှိအောင်မြင်နိုင်မလဲ.”

ရှစ်ဖုန့်က ထျန်းတန့်အဘိုးအိုအား   အထင်သေးစွာဖြင့်မေးလိုက်သည်။

“မင်းရဲ့ပါရမီနဲ့ဆိုရင် အကယ်၍

မင်းသာငါ့ရဲ့ သိုင်းလမ်းစဉ်ကိုသင်ယူပြီးတာနဲ့ မကြာခင်ဒါမှမဟုတ်နောက်ပိုင်းမှာ  သူတော်စင်နယ်ပယ်အဆင့်ကို ဝင်ရောက်နိုင်လိမ့်မယ်”

ထျန်းတန့်အဘိုးအိုက ပြန်ဖြေလိုက်သည်။

ထျန်းတန့်အဘိုးအို၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မှာ ပို၍ပင်အထင်သေးမှုတို့ပြည့်နှက်လာသည်။

“သူတော်စင်နယ်ပယ်ကို ရောက်တာလား..ဒီလောက်ပဲလား”

“ဒီအရူး နတ်ဆိုးကတော့ သူ့အတွက် ဘာကကောင်းတယ်ဆိုတာကို မသိဘူးပဲ”

တစ်စုံတစ်ယောက်မှာရှစ်ဖုန့်၏  စကားတို့အားကြားလိုက်ရသောအခါတွင် ချက်ချင်းပဲ ဒေါသတကြီးဖြင့်

ပြောလိုက်သည်။

“ထျန်းတန့်ဘိုးဘိုးက မင်းကို ကြင်နာသနားစွာနဲ့ တပည့်တစ်ယောက်အဖြစ်လက်ခံပြီးတော့ ကောင်းမွန်တဲ့ကံတရားကို

ပေးနေတာတောင်မင်းက  ထျန်းတန့်ဘိုးဘိုးကို  ဒီလိုမျိုး မကျေမနပ်နဲ့ မေးခွန်းတွေထောက်ရဲသေးတယ်..

ငါထပ်ပြီးတော့သည်းမခံနိုင်တော့ဘူး..

ထျန်းတန့်ဘိုးဘိုးရဲ့တပည့်တစ်ယောက်ဖြစ်လာရတာကို ငါတို့ထျန်းမြောင်အင်ပါယာက ပါရမီရှင်ဘယ်လောက်များများက စုံမက်နှစ်သက်ကြလိုက်သလဲ  ဒါပေမဲ့  အဲ့လိုလုပ်နိုင်တဲ့သူက သူဖြစ်နေရတယ်လို့ကွာ”

“ငါ့ရဲသိုင်းပညာတွေကိုသင်ကြားပါ..အကယ်၍ မင်းသာ ကြိုးကြိုးစားစားနဲ့ လုပ်ဆောင်ရင် မင်းအနေနဲ့ ကြယ်လေးပွင့်သူတော်စင်နယ်ပယ်အဆင့်ကို ချိုးဖျက်ရောက်ရှိနိုင်ပြီးတော့  ငါ့ကိုတောင် သာလွန်သွားလိမ့်မယ်”

ထျန်းတန့်အဘိုးအိုက ရှစ်ဖုန့်ကို ပြန်ဖြေလိုက်သည်။

“ဟမ့် ခင်ဗျားပေးနိုင်တဲ့ အမြင့်ဆုံးသော အောင်မြင်မှုက  ကြယ်လေးပွင့်သူတော်င်နယ်ပယ်တဲ့…

ခင်ဗျားတစ်ဘဝလုံးသိုင်းပညာကို ကြိုးကြိုးစားစားနဲ့ကျင့်ကြံခဲ့တာတောင် အခုမှ ကြယ်သုံးပွင့်သူတော်စင်နယ်

ပယ်ပဲရှိသေးတယ်.. ခင်ဗျားတစ်ဘဝလုံးခွေးတစ်

ကောင်လိုကျင့်ကြံနေခဲ့တာပဲ…အကယ်၍ ခွေးတစ်ကောင်သာဒီသခင်လေး

တစ်ပည့်ဖြစ်ပြီးတော့သူ့ကို

ကျင့်ကြံခိုင်းရင်တောင်  ခင်ဗျားအသက်အရွယ်လောက်ဆို

ကြယ်ငါးပွင့် သူတော်စင်နယ်ပယ်အဆင့်

ရောက်နိုင်အုံးမယ်…”

ရှစ်ဖုန့်က ထျန်းတန့်အဘိုးအိုအား နှိမ့်ချရှုမြင်ခဲ့ပြီးဖြစ်ပြီး အထင်သေးစွာဖြင့်ပြောလိုက်သည်။

ဤ အဘိုးကြီးထျန်းတန့်၏ ကျင့်ကြံခြင်းနည်းလမ်းက သူ့အား သူတော်စင်နယ်ပယ်၌ တစ်ဘဝလုံးသောင်တင်

စေနိုင်ခြင်းသာဖြစ်စေသည်။ယခင်ငရဲဘုံကိုးခု ဧကရာဇ်တစ်ပါးအနေဖြင့် ဤသို့သာဆိုပါက သူသေလိုက်ရုံသာရှိသည်။

“ရိုင်းစိုင်းလိုက်တာ”

“စော်ကားလိုက်တာ”

“ဒီလိုမျိုးမောက်မာကြီး အမြင်ကျဉ်းတဲ့ကောင်မျိုးက ..ကြင်နာသနားမှုကိုဘယ်လိုမျိုး ကျေးဇူးတင်အသိအမှတ်ပြုရမယ်ဆိုတာကို မသိဘူး…..စီနီယာ ထျန်းတန့်ဘိုးဘိုး ကျေးဇူးပြုပြီးတော့  သူ့ကို အရေးယူပါ…သူ့ကိုသတ်ပါ”

“စီနီယာ ကျေးဇူးပြုပြီးတော့

သူ့ကို အရေးယူတဲ့ အနေနဲ့ သတ်ပစ်ပါ”

“ဘကြီးတော်”

ကျင်းရွှယ်က ထျန်းတန့်အဘိုးအိုအား တည်ကြည်လေးနက်စွာပြောလိုက်သည်။

“ဘကြီးတော် ကျေးဇူးပြီးတော့ ထျန်းမြောင်အင်ပါယာ၊ကျင်း

မိသားစုနဲ့ကျင်းရွှယ်အတွက်   ဒီအရူးနတ်ဆိုးကို ဖယ်ရှားသုတ်သင်ပေးပါ”

“ဟူး”

ထျန်းတန့်အဘိုးအိုက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူကရှစ်ဖုန့်ကို ကြည့်၍ ပြောလိုက်သည်။

“မင်းကအရမ်းကို  ခေါင်းမာပြီး ပြောရဆိုရခက်နေမှတော့  ကမ္ဘာကြီးအတွက် အလို့ငှာ ဒီနတ်ဆိုးကို သတ်ပစ်တာပဲ ငါလုပ်နိုင်တော့တယ်”

ထျန်းတန့်အဘိုးအိုစကားပြောပြီးသည့်နောက်တွင် ပါးလျသောရွှေရောင်အရိပ်တစ်ခုက  သူ၏ရှေ့တွင်ပေါ်လာသည်။  ထျန်းတန့်အဘိုးအိုက  လက်ကိုဆန့်ထုတ်လိုက်ပြီး ရွှေရောင်အရိပ်အား ဆုပ်ကိုင်လိုက်သည်။ ထို့နောက်  ရွှေရောင်အရိပ်က ကျစ်လျစ်သိပ်သည်းလာပြီး   နဂါးပုံသဏ္ဍန် ရွှေရောင် ကျိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

“ရွှေနဂါးကျိုင်း”

ထျန်းတန့်အဘိုးအိုလက်ထဲရှိ ရွှေရောင်ကျိုင်းအားမြင်တွေိ့

လိုက်ရသောအခါတွင် ကျင်းရွှယ်မှာ ကျင်းရွှယ်မနေနိုင်ဘဲ လွှတ်ခနဲပြောလိုက်မိသည်။

“ဒီတော့ ရွှေနဂါးကျိုင်း က

ဘကြီးတော်ရဲ့ လက်ထဲမှာပေါ့”

ရွှေနဂါးကျိုင်းမှာ  ထျန်းမြောင်အင်ပါယာ၏ကျင်း

မိသားစုမှလာခြင်းဖြစ်သည်။ ၎င်းမှာ အဆင့်ခြောက်ရွှမ်းလက်နက်

တစ်ခုဖြစ်သည်ဟု ကောကလဟာလများရှိ၏။ ထျန်းမြောင်အင်ပါယာအတွင်းတွင် ၎င်းအား  နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ပင် သုံးသပ်၍ ရနိုင်သည်ဖြစ်သည်။

ရွှေနဂါးကျိုင်းအား လက်ထဲတွင် ကိုင်ဆောင်ထားသူတစ်ယောက်အနေနှင့် နတ်ဆိုးများနှင့်မကောင်းဆိုးဝါးများအား ဆန့်ကျင်ရင်ဆိုင်နိုင်သလိုသစ္စာမဲ့သော မင်းမှုထမ်းများကိုလည်းရင်ဆိုင်

နိုင်သည်ဖြစ်သည်။၎င်းက အမြဲတမ်းသစ္စာရှိ တော်ဝင်ဦးလေးတစ်ယောက်၏ လက်ထဲတွင်သာရှိနေမြဲဖြစ်သည်။

သို့သော်  ယခင်မျိုးဆက်အချို့လက်ထက်တွင်

ရွှေနဂါးကျိုင်းမှာ‌ ပျောက်ဆုံးသွားခဲ့သည်။ မမျှော်လင့်ထားစွာဖြင့် ၎င်းက ထျန်းတန့်အဘိုးအို၏ လက်ထဲတွင်ရှိနေသည်။

ရှစ်ဖုန့်က ခေါင်းမော့၍   ကောင်းကင်ထဲရှိ  ထျန်းတန့်အဘိုးအိုအားကြည့်လိုက်သည်။

သူက ထျန်းတန့် အဘိုးအို၏ လက်ထဲရှိ ရွှေနဂါးကျိုင်းအားကြည့်လိုက်ပြီး  သူ၏မျက်နှာက တည်ကြည်လေးနက်သွားသည်။

ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်။ တိုက်ခိုက်ရေး ခွန်အားအရာတွင် သူက အဘိုးအို၏ပြိုင်ဘက်မဟုတ်ပေ။

သို့သော် ကြယ်သုံးပွင့်သူတော်စင်နယ်

ပယ်တစ်ယောက်၏  စွမ်းအားက သူ့အား အများကြီး ဆွဲဆောင်နေသည်။ အကယ်၍သူသာ ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်တစ်ဦး၏ သေခြင်းစွမ်းအင်၊သွေးတို့အား ဝါးမျိုးနိုင်ခဲ့လျှင်သူ့အနေဖြင့်  ကြယ်သုံးပွင့်အဆင့်တက်လှမ်းနိုင်ပြီး   ကြယ်ရှစ်ပွင့်ဘိုးဘေးနယ်ပယ်အဆင့်သို့ ရောက်ရှိလိမ့်မည်ဖြစ်သည်။ ဤဆွဲဆောင်ချက်က သူအတွက်အသုံးပြုရန်လုံလောက်သော အကြောင်းပြချက်ပင်ဖြစ်သည်။

ထိုထက်ပိုသည်ကား

ကောင်းကင်မီးတောက်က အစောပိုင်းကတင်အာရုံခံမိပြီး သူ့အားအသံဖြင့်ဆက်သွယ်မှုပြုခဲ့သည်။ ထျန်းတန့်အဘိုးအို၌ ရွှမ်းအဆင့်ရွှေရောင်လက်နက်အပြင် အထွတ်အထိပ်အဆင့်ကိုးမြေမီး

တောက်တစ်ခုအားပိုင်ဆိုင်ထား

သည်ဟုဆိုသည်။ အကယ်၍သူသာဤကြီးမားသော

စွမ်းအင်အားဝါးမျိုနိုင်ခဲ့လျှင်   သူ့အနေဖြင့်နောက်ထပ်ကြယ်

တစ်ပွင့်အဆင့်တက်လှမ်းနိုင်ပြီး  ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်

တစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်သည်။

အတွေးတစ်ချက်နှင့်အတူ  ရှစ်ဖုန့်၏လက်ထဲတွင်ကိုင်ဆောင်

ထားခြင်းခံထားရသော ဟိုင်ထောင်မှာရုတ်တရက်  စိတ်မချမ်းမြေ့ဖွယ်အော်သံတစ်ခုကို ကျယ်လောင်စွာဟစ်အော်လိုက်သည်။ သူ့ကိုယ်အတွင်းရှိနေသော

သွေးအားလုံးက ပြောင်းပြန်စီးဆင်းလာပြီး သူ၏ဒွာရခုနှစ်ပေါက်မှပန်းထွက်လာသည်။ ရုတ်တရက်သူသည်မကောင်း

ဆိုးဝါးဝိညာဉ်တစ်ခုကဲ့သို့ဖြစ်လာ၏။ စုပ်ယူအားတစ်ခု၏သက်ရောက်မှု

ကိုခံရပုံရပြီး  သွေးများကသူ၏ပါးစပ်မှပန်းထွက်

လာကာ နောက်တွင်ရှိနေသောရှစ်ဖုန့်ထံ

သို့အားလုံးကဦးတည်သွားသည်။ ရှစ်ဖုန့်နှင့်ထိထိချင်းပဲ ၎င်းတို့က စုပ်ယူခံလိုက်ရသည်။

“အား.အား..အား.အား..”

နာကျင်မှုနှင့်ငယ်သံပါအောင်အော်ဟစ်ရင်း  သူ၏ကိုယ်အတွင်းရှိသွေးများအားလုံး ဆုံးရှုံးလိုက်ရခြင်းကြောင့် ဟိုင်ထောင်၏ကိုယ်မှာ လေလျော့သွားသောပူဖောင်းတစ်လုံးကဲ့သို့  လျှင်မြန်စွာပင် ရှုံ့တွသွားသည်။

“ထောင်အာ”

တစ်ချိန်လုံးအေးဆေးတည်ငြိမ်စွာရှိနေခဲ့သောထျန်းတန့်အဘိုးအိုမှာ တပည့်ဖြစ်သူ၏ ငယ်သံပါအောင်အော်သံကိုကြားလိုက်ရသည်။သို့သော် မျက်စိတစ်မှိတ်အတွင်း တပည့်ဖြစ်သူက ရှုံ့တွခြောက်သွေ့သော အလောင်းတစ်ခုဖြစ်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။ နောက်ဆုံးတွင် သူ၏မျက်နှာပေါ်၌ ဒေါသတရားတို့ ထွက်ပေါ်လာသည်။ ရွှေရောင်ကျိုင်းမှ  ရွှေရောင်အလင်းတို့အားထုတ်လွှတ်ကာ ထျန်းတန့်အဘိုးအို၏ ကိုယ်အား ထွန်းလင်းသွားစေပြီး  သူ့အား ရွှေရောင်အလင်းတို့ဖြင့်တောက်ပသွားစေသည်။

“ရွှေနဂါးရိုက်ချက်”

ထျန်းတန့်အဘိုးအိုက အော်ဟစ်လိုက်ပြီး   ရွှေနဂါးကျိုင်းတုတ်အား  အောက်သို့ရိုက်ချလိုက်သည်။

“ဂါး”

ရုတ်တရက် နဂါးအော်သံတစ်ခုက ကောင်းကင်ထဲတွင် ရိုက်ခတ်ထွက်ပေါ်လာသည်။၎င်းမှာ နဂါးနတ်ဘုရားတစ်ကောင်၏ စီးနင်းတိုက်ခိုက်မှုကဲ့သို့ပင်ဖြစ်သည်။

၎င်းက ဟစ်အော်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထျန်းတန့်အဘိုးအို၏ ကျိုင်းတုတ်ရိုက်နှက်လိုက်သော လေထဲရှိနေရာ၌  ဧရာမရွှေနဂါးခေါ်င်း အရိပ်ကြီးတစ်ခုပေါ်လာသည်။

“ဂါး”

ရွှေရောင်အရိပ်ကြီးက

၎င်း၏ခေါင်းအား မော့၍ ခက်ထန်ကျယ်လောင်စွာ

အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ၎င်း၏ခေါင်းအားအောက်

သို့ထိုးစိုက်လိုက်ပြီး  အောက်ခြေသို့ သည်းကြီးမည်းကြီးဦးတည်လိုက်သည်။

“နဂါး..ရွှေနဂါး”

အောက်တွင်ရှိနေသောလူများမှာ အောက်ဘက်သို့ ပျံသန်းထိုးဆင်းလာသော ရွှေနဂါးရိပ်ကြီးအား   ကြည့်လိုက်မိကြသည်။  သူတို့အနေဖြင့်   ရွှေရောင်နဂါးရိပ်မှထုတ်လွှတ်နေသော  အလွန်ကြီးမားသော ဖိအားကို ခံစားမိနိုင်ပြီး  သူတို့၏နှလုံးသားများပင် တဆတ်ဆတ်တုန်ယင်သွားရသည်။ သူတို့အနေဖြင့် ခုခံနိုင်စွမ်းမဲ့နေကြသည်။ ယင်းမှာ ဤရွှေရောင်နဂါး၏သက်ရောက်

မှုအောက်တွင် အရာအားလုံးအားဖျက်ဆီ့းပစ်နိုင်စွမ်း ရှိနေသကဲ့သို့ပင်ဖြစ်သည်။

“ဒီစွမ်းအားက ကြယ်သုံးပွင့်သူတော်စင်

နယ်ပယ်တစ်ယောက်၏ တိုက်ခိုက်မှုစွမ်းအားလား”

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters